(3,5,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak - 130 Jet Fighter (1)စီး ဖြင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တစ်နေရာ၌ ယနေ့ ညနေပိုင်း (5:25) (5:29) ဝန်းကျင် အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။
⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Chin_State #AirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar

🙏1
⚜️ #EIO_Update_News
မုံရွာနယ် တောင်ခြမ်း၊ မြေနဲရွာထိပ်သို့ ရောက်ရှိနေသော စခကင်းများသည် စွမ်းရည်ထက်ဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
May 2, 6:32PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation

👍1
(3,5,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak - 130 Jet Fighter (2)စီး ဖြင့် ချင်းပြည်နယ်၊ တီးတိန်မြို့နယ် တစ်နေရာ၌ ယနေ့ ညပိုင်း (6:42) (6:45) (6:48)/(6:57) (7:03) ဝန်းကျင် အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။
⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Chin_State #AirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။
⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Chin_State #AirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
👍2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း။
📌 မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။✨
✅ သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨
🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း။
📌 သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည်။
👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း။
📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။
💻 Digital Security။
📌 သတင်းပေးပို့ပြီးနောက် စာမျက်နှာ (#Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။
🛡️ ဘေးကင်းရေး လမ်းညွှန်မှု။
📌 သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။
⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်။
📌 မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါတို့ကို ဂရုပြုပေးပါ။
📱 Two-Step Verification။
⚠️ သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် အမြဲဖွင့်ထားရန်။
🗑️ Chat Cleanup။
⚠️ သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။
👁️ Environmental Awareness။
⚠️ သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန်။
ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻
#EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics

"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"
ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻
#EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
🙏2👍1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။
ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။
⏰စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ✨
၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။
၂။ တရေးတမောအိပ်စက်အနားယူပါ။
၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။
၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။
၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။
၆။ ရေများများသောက်ပေးပါ။
၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။
⏰စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ✨
၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။
၂။ တရေးတမောအိပ်စက်အနားယူပါ။
၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။
၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။
၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။
၆။ ရေများများသောက်ပေးပါ။
၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
❤1🙏1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🕊️ အမေစုအတွက် ရပ်တည်ကြပါစို့ - "Proof of Life" တောင်းဆိုချက်
မြန်မာပြည်သူတွေရဲ့ နှလုံးသားထဲမှာ အမြဲကိန်းဝပ်နေတဲ့နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိ တိကျသေချာတဲ့ သတင်းအချက်အလက်တွေ မသိရှိရသေးတာဟာ ပြည်သူတွေအတွက် အလွန်ရင်လေးစရာ ဖြစ်နေပါတယ်။
လူထုခေါင်းဆောင် အမှန်တကယ် သက်ရှင်ထင်ရှားရှိနေကြောင်း သက်သေပြဖို့ "Proof of life" ကို ချက်ချင်းထုတ်ပြန်ပေးဖို့ ကျွန်ုပ်တို့ အလေးအနက် တောင်းဆိုလိုက်ပါတယ်။
🔍 ကျွန်ုပ်တို့ ဘာကြောင့် တောင်းဆိုရသလဲ❓
လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာအနေဖြင့် ခေါင်းဆောင်တစ်ဦးရဲ့ ကျန်းမာရေးနှင့် လုံခြုံရေးသည် အခြေခံအကျဆုံး လူ့အခွင့်အရေးဖြစ်ပြီး ၎င်းအား လျစ်လျူရှုထားမှုကို လက်မခံနိုင်ပါ။
သတင်းအမှန် သိရှိခွင့်အရ ပြည်သူများသည် မိမိတို့ လေးစားချစ်ခင်ရသူ၏ လက်ရှိအခြေအနေကို သိပိုင်ခွင့်ရှိပါသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ဤကိစ္စရပ်အပေါ် အနီးကပ်စောင့်ကြည့်ပြီး အမြန်ဆုံး အရေးယူဆောင်ရွက်ပေးရန် တိုက်တွန်းအပ်ပါသည်။
📣 ပြည်သူများသို့ မေတ္တာရပ်ခံချက်
အမေစု၏ အသက်နှင့် ကျန်းမာရေးအတွက် ကျွန်ုပ်တို့အားလုံး စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်အသံထွက်ကြပါစို့။
“အမေစု၏ အသက်အန္တရာယ်နှင့် ပတ်သက်၍ တာဝန်ခံမှု အပြည့်အဝရှိရမည်။”
#ProofOfLife
#AungSanSuuKyi
#StandWithAungSanSuuKyi
#EIO #Eagle_Information_Operator
#WhatsHappeningInMyanmar

💯2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
❤2

၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.
ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏
#AdminTeam
#Eagle Information Operator

🙏2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"
📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော ရဲဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation

🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
🙏2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚠️ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုသည်မှာ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခြင်း မဟုတ်ပါ" ⚠️
🗣️📢 ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို တည်ဆောက်တဲ့နေရာမှာ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်" (Freedom of Expression) ဟာ အခြေခံအကျဆုံး မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။
📌မိမိရဲ့ ယုံကြည်ချက်၊ အမြင်နဲ့ ခံစားချက်တွေကို ကြောက်ရွံ့မှုမရှိဘဲ ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။
⚠️ ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့်အချက်က "လွတ်လပ်ခွင့်" ဆိုတာ "ဗရမ်းဗတာ လုပ်ခွင့်" ကို ဆိုလိုတာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
✨ တာဝန်ယူမှုရှိသော လွတ်လပ်ခွင့် ✨
စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မှာ -
🕊️ လွတ်လပ်ခွင့် (Freedom) နဲ့
⚖️ တာဝန်ယူမှု (Responsibility / Accountability) ဟာ အမြဲတမ်း တွဲလျက်ရှိပါတယ်။
📌မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ ရေးလိုက်တဲ့ စာတစ်ကြောင်းသည်
❌ သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ၊
❌ အမုန်းတရား ပွားများစေတာ (Hate Speech)
❌ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေမယ့် သတင်းအမှား (Misinformation) တွေ မဖြစ်ဖို့ အရေးကြီးပါတယ်။
✨ ကျင့်ဝတ်နှင့် စည်းကမ်း (Ethics vs Chaos) ✨
စည်းကမ်းမရှိတဲ့ ထုတ်ဖော်မှုတွေဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုထက် ပဋိပက္ခကိုပဲ ဦးတည်စေပါတယ်။
📌 ဥပမာအားဖြင့် -
🕊️ ဒီမိုကရေစီနည်းကျ ထုတ်ဖော်မှု။
✅ အချက်အလက် ခိုင်ခိုင်လုံလုံဖြင့် ဝေဖန်ထောက်ပြခြင်း။
✅ အပြုသဘော အကြံပြုခြင်း။
✅ အတွေးအမြင်များ ဆွေးနွေးဖလှယ်ခြင်း။
❌ ဗရမ်းဗတာ ထုတ်ဖော်မှု။
🚫 ဆဲဆိုခြင်း။ 🤬
🚫 ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း။ 🗡️
🚫 အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်း 📛 တို့ဖြစ်ပါတယ်။
🕊️ ဖက်ဒရယ်စနစ်နှင့် အပြန်အလှန် လေးစားမှု ✨
ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရက "မတူကွဲပြားမှုတွေကို စုစည်းခြင်း" ဖြစ်ပါတယ်။
👂🏻 မတူညီတဲ့ အယူအဆတွေကို လက်ခံနားထောင်ပေးခြင်း၊
🤝 တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားခြင်း
🧩 မတူကွဲပြားမှုများကို လက်ခံခြင်း မှသာ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာပါ။
နိဂုံးချုပ်အနေဖြင့် မိမိတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို၊ ထိုပြောဆိုချက်တွေဟာလည်း ကျင့်ဝတ်နဲ့ တာဝန်ယူမှုအပေါ်မှာ အခြေခံရပါမယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး စည်းမဲ့ကမ်းမဲ့ ပြုမူခြင်းဟာ ဒီမိုကရေစီလမ်းကြောင်းကို နှောင့်နှေးစေရုံသာမကဘဲ လူ့အဖွဲ့အစည်းကိုလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေနိုင်ပါတယ်။
✨ "စည်းကမ်းရှိသော လွတ်လပ်ခွင့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ လှမ်းချီကြပါစို့" လို့ တိုက်တွန်းရင်း။✊🏻
#FreedomOfExpression #FederalDemocracy #FreedomOfSpeech #EthicsAndResponsibility #InformationIntegrity #Eagle_Information_Operator #EIO

🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️
📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"
အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။
📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။
👂 အသံကို နားစွင့်ပါ။
ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။
🚫 ရှောင်ပါ။
လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။
🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။
📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။
ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။
🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။
မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။
"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"✨
"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻
#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar

“အကောင်းဆုံးသော နေထိုင်နည်း”
🔳 တစ်ခါတလေ စိတ်ဓါတ်ကျတဲ့အခါ၊ လမ်းပျောက်တဲ့အခါ၊ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူး ထင်လာတဲ့အခါ ငါ့ဘဝကို ဘယ်လိုနေရ၊ ထိုင်ရမလဲ ဆိုတဲ့ Guideline တစ်ခုခုကို ပြန်နားထောင်ချင်လာတယ်။ တိုက်ကြည့်ချင်လာတယ်။ ဗုဒ္ဓတရားတော်တွေထဲကနေ ရှာဖွေကြည့်တယ်။ အဲဒီလိုနဲ့ ဒီတရားကို နာမိတယ်။
🔳 သာဓုတရား ၄ ပါးလို့ ခေါ်ပါတယ်။ သာဓု ရဲ့ အဓိပ္ပါယ်က အကောင်းဆုံး၊ အမြတ်ဆုံးလို့ ဆိုလိုတယ်။ တန်ဖိုးရှိတဲ့ လူ့ဘဝတစ်ခုကို ရဖို့ အကောင်းဆုံးနေထိုင်နည်း ၄ ခုလို့ပဲ ဆိုပါတော့။
🔹️ ၁။ ဘဝရပ်တည်ရေးအတွက် အသိပညာနဲ့ ပြည့်စုံအောင် ကြိုးစားအားထုတ်ရမယ်။
🔹️ ၂။ ကိုယ်ရလာတဲ့ ပစ္စည်းဥစ္စာတွေ၊ အခွင့်အရေးတွေကို မျှဝေသုံးစွဲရမယ်။ အများကို အကျိုးပြန်ပြုရမယ်။
🔹️ ၃။ အောင်မြင်တဲ့အခါ ဘဝင်မမြင့်ဘဲ နှိမ့်ချတတ်ရမယ်။
🔹️ ၄။ ကျရှုံးမှုတွေနဲ့ ကြုံတဲ့အခါ မတုန်လှုပ်ဘဲ တည်ငြိမ်မှု ရှိရမယ်။
တိုအောင် ချုပ်ပြောရရင်တော့ အတ္တနဲ့ ပရ မျှရမယ်။ အကောင်းအဆိုး လောကဓံတွေနဲ့ ကြုံတဲ့အခါ ဥပေက္ခာတရား ထားနိုင်ရမယ်။ ဒီ ၂ ချက်ပေါ့။ ဒါဆို တန်ဖိုးရှိတဲ့ ဘဝတစ်ခု ရနိုင်ပြီလို့ ဆိုပါတယ်။
🔳 တစ်ချက်ချင်းစီ ပြောကြည့်ရရင် -
🔹️ ၁။ အတ္တနှင့် ပရ မျှတဖို့
🩶 မကြာခဏ ရေးဖူးသလို၊ သူများကို ‘တစ်ခုခု’ ပေးချင်တဲ့သူက ကိုယ့်မှာ ပေးစရာ ဘာမှမရှိလို့ မရဘူး။ ပေးစရာ ‘တစ်ခုခု’ ရှိနေအောင် အရင်လုပ်ရတယ်။ သူများရေနစ်တာကို ကယ်မယ့်သူက အရင်ရေနစ်နေလို့တော့ မရဘူးပေါ့။
ခေတ်တွေကလည်း ပြောင်းနေတော့ မနေ့က သိထားတာနဲ့ ဒီနေ့အတွက်က မလုံလောက်တော့ဘူး။ ဒါကြောင့် “အသိပညာနဲ့ ပြည့်စုံအောင်” ဆိုတာမှာ Willingness to learn ဆိုတဲ့ သင်ယူလိုစိတ်ဟာ သိပ်အရေးကြီးတယ်။
အဲဒါ မရှိရင်၊ ကိုယ့်ကိုယ်ကိုယ် လုံလောက်ပြီထင်ပြီး ပိတ်ထားရင် ဒီဘက်ခေတ်မှာ ရပ်တည်ရေးအတွက် ခက်သွားတတ်ပါတယ်။
🩶 အဲဒီလို ကြိုးစားလို့ ပစ္စည်းတွေ၊ ငွေကြေးတွေ၊ ဥစ္စာဓနတွေ ပိုင်ဆိုင်လာတဲ့အခါ ကိုယ့်တစ်ဖို့တည်းပဲ မစဉ်းစားနဲ့။ လိုအပ်နေသူတွေကို မျှဝေကူညီဖို့ လိုမယ်။ ဒီလိုကူညီတာကလည်း ရသေ့စိတ်ဖြေ မဖြစ်ဖို့ လိုပြန်တယ်။
ဥပမာ ကိုယ်က မတရားတဲ့နည်းနဲ့ ပိုက်ဆံတွေ ရှာခဲ့တယ်။ နာမည်ပျက်မှာ၊ ငရဲကြီးမှာ ကြောက်တယ်။ ဒီတော့ တစ်ဖက်ကနေ ပြန်လှူပေးတယ်။ ရတာက သိန်း ၃ သောင်း၊ ပြန်လှူတာက သိန်း ၃၀၀။ ကိုယ့်ကြောင့် ထမင်းဝသွားတာက တစ်ရက်။ ပျက်ကုန်ကြတဲ့ ဘဝတွေက အများကြီး။ ဒီလိုမဖြစ်ဖို့လည်း လိုသေးတယ်။
တန်ဖိုးရှိတဲ့ လူ့ဘဝရဖို့မှာ သမ္မာအာဇီဝကျကျ အသက်မွေးဖို့ သိပ်အရေးကြီးမှန်း ခရိုနီတွေ၊ အဘတွေ သိပ်ပေါတဲ့၊ သူတို့လုပ်ရပ်တွေရဲ့ ဆိုးကျိုးသက်ရောက်မှုဒဏ်ကို ကောင်းကောင်းမြင်ထားရတဲ့ မြန်မာနိုင်ငံက လူတစ်ယောက်အနေနဲ့ ပိုပိုပြီး နားလည်လာရပါတယ်။
🩶 နည်းနည်းဖြည့်ပြောချင်သေးတာက “အခွင့်အရေးကို မျှဝေရမယ်” ဆိုတဲ့စကား။ အတော်လေး သဘောကျစရာ ကောင်းတယ်။ အထူးသဖြင့် ကျွန်တော်တို့လို လူမျိုးကြောင့်၊ မွေးဖွားကြီးပြင်းရာ ဒေသကြောင့်၊ နာမည်ကျော်ကြားမှုကြောင့် အခွင့်အရေးတွေ ပိုရနေတဲ့သူတွေအတွက်ပေါ့။
ဗမာတိုင်းရင်းသား ဖြစ်တယ်။ ရန်ကုန်မှာ မွေးတယ်။ အတိုင်းအတာတစ်ခုထိ ပြည့်စုံတဲ့ မိဘဆီမှာ လူဖြစ်ရတယ်။ ဒါနဲ့တောင် နိုင်ငံတွင်းက လူတော်တော်များများထက် အခွင့်အရေး သာနေပြီ။
🩶 အဲဒါကို ကိုယ်တော်လို့၊ တတ်လို့ ထင်ပြီး ကိုယ့်ကိုယ်ကိုယ် အဟုတ်မှတ်၊ ကိုယ့်လောက်မှ အခွင့်အရေး မရခဲ့လို့ ကိုယ့်လို ဖြစ်မလာတဲ့သူတွေကို ဆရာပြန်လုပ်၊ ငွေရှာ၊ နာမည်တည်ဆောက်တာတွေ တော်သင့်ပြီ။
ဗမာမဟုတ်တဲ့ တခြားတိုင်းရင်းသားတွေအတွက်၊ ရန်ကုန်မှာ မမွေးဘဲ ကရင်နီမှာ မွေးတဲ့ကလေးလည်း တူညီသော ပညာရေး၊ ကျန်းမာရေး အခွင့်အလမ်းရစေဖို့အတွက် ကိုယ့်မှာ လက်ရှိရနေတဲ့ အားသာချက်တွေကို အသုံးချသင့်တယ်။
🩶 ပရဟိတ ဆိုတာ “အများအတွက် ကောင်းမွန်တဲ့ အကြောင်းတရားတွေ ဖန်တီးပေးခြင်း” လို့ အဓိပ္ပါယ်ရတယ်။ အကျိုးပြုတာ မဟုတ်ဘူးနော်။ ကောင်းတဲ့အကြောင်းတရားတွေ ဖန်တီးပေးလိုက်တော့ အကျိုးတရားက သူ့အလိုလို ဖြစ်သွားတာ။
ဒါကြောင့်လည်း နိုင်ငံရေးစနစ် ကောင်းမွန်လာအောင် လုပ်ဆောင်ခြင်းဟာ အနာဂတ် လူ့အဖွဲ့အစည်းအတွက် ပရဟိတ လုပ်ပေးလိုက်တာဖြစ်တယ်လို့ နားလည်ထားနိုင်ပါတယ်။
🔹️ ၂။ နှိမ့်ချတတ်ခြင်းနှင့် မတုန်လှုပ်ခြင်း
🩶 ကိုယ့်ရဲ့ ငယ်ရွယ်နုပျိုမှု၊ ကျန်းမာမှု၊ အောင်မြင်မှု၊ ငွေကြေးချမ်းသာမှု၊ နာမည်ကျော်ကြားမှု စတာတွေအပေါ် မာန်တက်တတ်ကြတာ လူ့သဘာဝပါပဲ။ အဲဒီမှာ ပျက်စီးခြင်း၊ မာန်မာန ထောင်လွှားခြင်း၊ အလွဲသုံးခြင်းတွေ စလာတော့တာပဲ ဖြစ်ပါတယ်။
တကယ်က မိုးပေါ် ထောင်ပစ်လိုက်တဲ့ ခဲလုံးလို အချိန်တန်ရင် အောက်ပြန်ကျလာမယ့် အရာတွေချည်းပါပဲ။ ဒါကို နှလုံးသွင်းထားရင် ဒီအရာတွေရဖို့ မဟုတ်တဲ့နည်းနဲ့၊ သူတပါးကို ထိခိုက်စေမယ့်နည်းတွေနဲ့ မကြိုးစားမိတော့ဘူး။ ရလာတုန်းမှာလည်း မာန်မတက်တော့ဘူး။ နှိမ့်ချနိုင်သွားတယ်။ ပြန်ဆုံးရှုံးရတဲ့အခါမှာလည်း လိုတာထက်ပိုပြီး မပူဆွေးရတော့ဘူး။ မတုန်လှုပ်ရတော့ဘူး။
ဒါကြောင့် ဒီနှစ်ခုက ဆက်စပ်နေတယ်လို့ ပြောရတာပါ။ အကောင်းလောကဓံတွေအပေါ် သာယာလွန်းခဲ့တဲ့သူဟာ အဆိုးလောကဓံနဲ့ ကြုံရတဲ့အခါ ဘယ်လိုမှ မတည်ငြိမ်နိုင်ဘူး။

🩶 လက်ခုပ်သံတွေ၊ ချီးကျူးသံတွေ၊ လူအများရဲ့ ချစ်ခင်မှုတွေကို မက်မောတောင့်တရင် ကဲ့ရဲ့သံ၊ ဆဲဆိုသံတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခံနိုင်ရည် မရှိတော့ဘူး။ ပိုပြီး ပြိုလဲရတယ်။
ဒီတော့ အကောင်းတွေနဲ့ ကြုံလည်း လောကဓံလို့ မှတ်။ အဆိုးတွေနဲ့ ကြုံလည်း လောကဓံလို့ မှတ်။ သစ်ပင်မှာ လာနားကြတဲ့ ငှက်ကလေးတွေလို ဝင်လာလိုက်၊ ထွက်သွားလိုက် လုပ်နေကြမှာ။ သူတို့နဲ့ လိုက်ပြီး ကိုယ်ဆိုတဲ့ သစ်ပင်ကြီးက ယိမ်းထိုးမနေဖို့ လိုတယ်။
🩶 “လောကဓံ” ဆိုတာ လောကဓမ္မ ဆိုတဲ့ စကားလုံးကနေ လာတာမို့ လူတိုင်းကြုံကြရတဲ့ သဘာဝတရားတွေပါပဲ။ အနည်းနဲ့အများပဲ ကွာကြလိမ့်မယ်။ ရှောင်လွှဲလို့ မရတာဖြစ်လို့ ကိုယ် ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကိုသာ ရွေးချယ်နိုင်ကြမှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၄.၅.၂၀၂၅

🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်
(၄.၅.၂၀၂၆ မှ (၁၀.၅.၂၀၂၆ အထိ)
အလေးပေးတင်ပြချက်များ
••••••••••••••••••••••••
☁️ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။
⛈️မိုးအခြေအနေမှာ အရှေ့ဘက်နှင့် အနောက်ဘက်မှ လာသော လေပွေလှိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊မကွေးတိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္လာရီတိုင်း ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ပါသည်။
⚡မိုးလေဝသဖြစ်စဉ်များအနေဖြင့် ဒေသအလိုက် နေ့အပူချိန်များတိုးလာသောကြောင့် မွန်းလွဲ နင့် ညနေပိုင်း အချိန်များတွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးတိမ်တောင်ကြီးများဖြစ်ပေါ်တတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ မိုးသီးများကြွေကျခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း စသည့် ဘေးအန္တရယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ပိုမိုဂရုပြုကြရန် လိုအပ်ပါသည်။
🌡️နေ့အပူချိန်များမှာ မြန်မာနိုင်ငံတဝှမ်းလုံးတွင် နေ့အပူချိန်များမှာ ပုံမှန်အပူချိန်ခန့်သာရှိနိုင်ပါသည်။
🗓️ နေ့အလိုက်တပတ်စာ မိုးလေဝသ အခြေအနေ များကို ဆက်လက်တင်ပြသွားပါမည်။
🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️
#မိုးလေဝသသတင်း
#WeatherForecast
#MOHADM

🥰2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် (၄.၅.၂၀၂၆ မှ (၁၀.၅.၂၀၂၆ အထိ) အလေးပေးတင်ပြချက်များ •••••••••••••••••••••••• ☁️ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပါသည်။ ⛈️မိုးအခြေအနေမှာ…»