EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️

ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။

🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။

၁။ Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️

လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။

၂။ Aerodynamic Noise (လေထုတိုးဝှေ့သံ) 💨

ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။

⚠️ အထူးသတိပြုရန်။

ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar
🙏1
⚜️ #EIO_Update_News

ယင်းမာပင်နယ်၊ ဘန့်ဘွေးပျူရွာမှ ထွက်လာသော စခပခများသည် ကံစုရွာ၏ တောတိုက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 4:37PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News ယင်းမာပင်နယ်၊ ဘန့်ဘွေးပျူရွာမှ ထွက်လာသော စခပခများသည် ကံစုရွာ၏ တောတိုက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Apr 26, 4:37PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉
⚜️ #EIO_Update_News

ယင်းမာပင်နယ်၊ ဘန့်ဘွေးပျူရွာမှ ထွက်လာသော စခပခများသည် ကံစုရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 4:42PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
⚠️ အရေးကြီးသတိပေးချက်- ဆိုရှယ်မီဒီယာပေါ်မှ ငွေကြေးလိမ်လည်မှုနှင့် သတင်းနှိုက်ခြင်းများကို သတိပြုရန်။

ယခုနောက်ပိုင်းတွင် တော်လှန်ရေးအမည်ခံ၍ #Facebook ပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် လိမ်လည်ခြင်းနှင့် သတင်းစုဆောင်းခြင်းများ ပိုမိုများပြားလာပါသည်။

မိမိတို့၏ လုံခြုံရေးနှင့် စေတနာအလှူငွေများ လေလွင့်မှုမရှိစေရန် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန် နှိုးဆော်အပ်ပါသည်။

🚩 သတိပြုရမည့် အကောင့်တုများ၏ ဝိသေသလက္ခဏာများ။

⚠️ ပုံရိပ်အလွဲသုံးစားလုပ်ခြင်း။

ဆွဲဆောင်မှုရှိသော မိန်းကလေးပုံများ သို့မဟုတ် လူထုခေါင်းဆောင်၏ ပုံများကို အသုံးပြု၍ လူယုံကြည်အောင် ဖန်တီးထားခြင်း။

⚠️ Followers တိုးအောင် လုပ်ဆောင်ခြင်း။

စိတ်ဝင်စားဖွယ် သတင်းအမှား/အမှန်များကို ရောနှောတင်ပြီး လူကြည့်များအောင် ဦးတည်လုပ်ဆောင်ခြင်း။

⚠️ Messenger မှ တိုက်ရိုက်ဆက်သွယ်ခြင်း။

မသိကျွမ်းသည့် အကောင့်များမှ Messenger သို့ လာရောက်၍ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုခုအတွက်ဟု အကြောင်းပြကာ အလှူခံခြင်း။

ဆောင်ရန်နှင့် ရှောင်ရန်များ။ (Dos and Don'ts)

⚠️ စိစစ်ပါ။

အလှူခံသည့် အကောင့်သည် သက်ဆိုင်ရာအဖွဲ့အစည်း၏ #Official Page မှ ဟုတ်မဟုတ် သေချာစွာ စစ်ဆေးပါ။

🚫 မယုံပါနှင့်။

Messenger သို့ လာရောက်အလှူခံသော အကောင့်မှန်သမျှကို အလွယ်တကူ မယုံကြည်ပါနှင့်။

⚠️ သတင်းလုံခြုံရေး။

မိမိနှင့် နီးစပ်ရာ တော်လှန်ရေးသတင်းများကို မည်သူ့ကိုမျှ အလွယ်တကူ မပြောပါနှင့်။

⚠️ သတင်းမပေးပါနှင့်။

အကောင့်ပိုင်ရှင်ကို လူကိုယ်တိုင် သေချာမသိဘဲ မိမိဒေသတွင်း အခြေအနေများကို မဆွေးနွေးပါနှင့်။

Report ထုပါ။

သံသယဖြစ်ဖွယ် အကောင့်တုများကို တွေ့ရှိပါက ဝိုင်းဝန်း Report ထုပြီး အများသိအောင် လူသိရှင်ကြား (Public) တင်၍ သတိပေးပါ။

🚫 Link များမနှိပ်ပါနှင့်။

Messenger မှ ပေးပို့လာသော သံသယဖြစ်ဖွယ် Link များကို နှိပ်ခြင်းမှ ရှောင်ကြဉ်ပါ။

💡 ထိရောက်သော အကြံပြုချက်။

တော်လှန်ရေးအတွက် အမှန်တကယ် လှူဒါန်းလိုပါက မိမိတို့ယုံကြည်စိတ်ချရသော၊ ချိတ်ဆက်မှုရှိပြီးသားဖြစ်သော တရားဝင်အလှူခံ #Channel များ (သို့မဟုတ်) #Official Page များမှ တစ်ဆင့်သာ တိုက်ရိုက်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

"သတိတစ်ချက် လွတ်ရုံဖြင့် မိမိလုံခြုံရေးသာမက တော်လှန်ရေးအတွက်ပါ ထိခိုက်နိုင်သည်ကို သတိပြုပါ။"

#Eagle_Information_Operator #EIO #EmergencyAlert #SocialMediaSafety #Awareness #FakeAccounts #ScamAlert
🙏3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News ယင်းမာပင်နယ်၊ ဘန့်ဘွေးပျူရွာမှ ထွက်လာသော စခပခများသည် ကံစုရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Apr 26, 4:42PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http:/…
⚜️ #EIO_Update_News

ယင်းမာပင်နယ်၊ ဘန့်ဘွေးပျူရွာမှ ထွက်လာသော စခပခများသည် ကံစုရွာတွင် (၁)ဖွဲ့၊တ‌ရော်ကျင်းရွာတွင် (၁)ဖွဲ့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 5:59PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️

📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။

📌 မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။

🛡️ ၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း။

📌 မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။

သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။

📌 မိတ်‌ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။


🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း။

📌 သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည်။

👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း။

📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။

💻 Digital Security။

📌 သတင်းပေးပို့ပြီးနောက် စာမျက်နှာ (#Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။

🛡️ ဘေးကင်းရေး လမ်းညွှန်မှု။

📌 သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။

⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်။

📌 မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါတို့ကို ဂရုပြုပေးပါ

📱 Two-Step Verification။

⚠️ သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် အမြဲဖွင့်ထားရန်။

🗑️ Chat Cleanup။

⚠️ သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။

👁️ Environmental Awareness။

⚠️ သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန်။

"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"


ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻

#EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
🙏1
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။

ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။

စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ

၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။

၂။ တရေးတမောအိပ်စက်အနားယူပါ။

၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။

၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။

၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။

၆။ ရေများများသောက်ပေးပါ။

၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🥰1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News ယင်းမာပင်နယ်၊ ဘန့်ဘွေးပျူရွာမှ ထွက်လာသော စခပခများသည် ကံစုရွာတွင် (၁)ဖွဲ့၊တ‌ရော်ကျင်းရွာတွင် (၁)ဖွဲ့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Apr 26, 5:59PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleI…
⚜️ #EIO_Update_News

ယင်းမာပင်နယ်၊ ဘန့်ဘွေးပျူရွာမှ ထွက်လာသော စခပခများသည် ကံစုရွာမှ ပြည်သူပိုင်ပစ္စည်းများအား လှည်းများဖြင့် သယ်ဆောင်၍ ဘန့်ဘွေးပျူရွာသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

Apr 26, 8:36PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်‌ ပေလမ်းမသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 8:38PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ တောင်ပုံရွာသို့ စခများ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 8:38PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
ခရီးသွားလာကြသော တော်လှန်ရေး ရဲဘော်ရဲဘက်များခင်ဗျား -

ယခုအချိန်ကာလသည် ဒေသမရွေး၊ နယ်မြေတိုင်းတွင် အကြမ်းဖက်စစ်ရှုံးကောင်စီ၏ စစ်ဆေးရေးဂိတ်များ၊ စစ်ကြောင်းများနှင့် ကင်းပုန်းများဖြင့် စစ်ရေးအခြေအနေ အထူးရှုပ်ထွေးနေသော အချိန်ကာလဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ခရီးသွားလာရာတွင် ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် ကြိုတင်ချိတ်ဆက်၍ မိမိသွားလာမည့် ခရီးလမ်းကြောင်းကို သက်ဆိုင်ရာ နယ်မြေခံ၊တာဝန်ခံများ ထံသို့ ကြိုတင်ဆက်သွယ်ပါ။လမ်းကြောင်းအခြေအနေကို အတည်ပြုပြီး သတင်းပို့ ချိတ်ဆက်မှု ပြုလုပ်ပြီးမှသာ ခရီးစဉ်ကို စတင်ပါ။ ဒေသခံအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်နှင့် စစ်ရေးသတိကို အမြဲရှိနေစေရန်တိုက်တွန်းအပ်ပါသည်။

မိမိတို့၏ အသက်ဘေးကင်းလုံခြုံရေးသည် တော်လှန်ရေးအတွက် အဓိကကျသဖြင့် စနစ်တကျ ချိတ်ဆက်သွားလာပေးကြပါရန် ဒေသခံအဖွဲ့အစည်းများကိုယ်စား #EIO Admin Team မှ အသိပေး ပန်ကြားအပ်ပါသည်။

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပို့ရန်-
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
📧 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၁)စီးသည် မုံရွာမြို့၊ ကားလေးကွင်း ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 8:57PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚠️ စစ်ကိုင်းမြို့သူ၊ မြို့သားများအတွက် အထူးသတိပေးချက် - မိမိကိုယ်ကို ကာကွယ်ခြင်းသည် အကောင်းဆုံးသော ဘေးကင်းလုံခြုံရေးဖြစ်သည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၁ ရက် ယနေ့ ဧပြီလ ၂၁ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်၌ အကြမ်းဖက် စစ်ကောင်စီသည် လူငယ် (၁၂၀) ခန့်အား အတင်းအဓမ္မ ဖမ…
⚠️ စစ်ကိုင်းမြို့သူ၊ မြို့သားများအတွက် အထူးသတိပေးချက် - မိမိကိုယ်ကို ကာကွယ်ခြင်းသည် အကောင်းဆုံးသော ဘေးကင်းလုံခြုံရေးဖြစ်သည်။

၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၆ ရက်

စစ်ကိုင်းမြို့ပေါ်၌ အကြမ်းဖက် စစ်ကောင်စီသည် လူငယ်၊လူရွယ်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် ပေါ်တာဆွဲခြင်းကို ဆက်လက်၍ ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းအချက်အလက်များ ရရှိထားပါသည်။

⚠️"အထူးသတိပြုရန်အချက်များ"⚠️

စစ်ကိုင်းမြို့နေ မိဘပြည်သူများအနေဖြင့် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🚫 မလိုအပ်ဘဲ အပြင်မထွက်ပါနှင့်။

အရေးကြီးကိစ္စ မရှိပါက လမ်းပေါ်သို့ သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

🚫 လူစုလူဝေးရှိရာနေရာများ ရှောင်ပါ။

ဘီယာဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လူစည်ကားရာ နေရာများတွင် ထိုင်ခြင်း၊ အချိန်ဖြုန်းခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန်။

⚠️ သတင်းနားစွင့်ပါ။

မိမိတို့၏ ပတ်ဝန်းကျင်နှင့် လမ်းကြောင်းများတွင် လုံခြုံရေးအခြေအနေ မည်သို့ရှိသည်ကို နီးစပ်ရာ အိမ်နီးချင်းများ၊ သတင်းကွန်ရက်များမှတစ်ဆင့် အမြဲမပြတ် နားစွင့်ထားပါ။

🛡️ မိဘများသို့ အကြံပြုချက်။

မိမိတို့၏ သားငယ်၊ သမီးငယ်များနှင့် လူငယ်များအား မလိုအပ်ဘဲ အပြင်မထွက်စေရန် ထိန်းသိမ်းပေးကြပါ။ ယခုကဲ့သို့ အခြေအနေမျိုးတွင် "ခဏလေးပဲ သွားလိုက်မယ်" ဆိုသည့် ပေါ့ဆမှုသည် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများကို ဖိတ်ခေါ်ရာ ရောက်နိုင်ပါသည်။

#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) အနေဖြင့် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို ရှေးရှု၍ မြေပြင်သတင်းများကို အချိန်နှင့်တပြေးညီ တင်ဆက်ပေးနေခြင်း ဖြစ်ပါသည်။ သတင်းအမှန်ကို သိရှိခြင်းသည် မိမိကိုယ်မိမိ ကာကွယ်ရာတွင် အထိရောက်ဆုံးသော လက်နက်တစ်ခု ဖြစ်သည်။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး ဘေးကင်းလုံခြုံသော နေ့ရက်များကို ဖြတ်သန်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဆော်ဩအပ်ပါသည်။ 🙏🏻

#EIO_Update_News #PublicSafety #EmergencyAlert #StaySafe #Sagaing #BasicRecruitTraining #MilitaryServiceTraining #RejectMilitaryCoup #UnlawfulArrest #CivilianMilitaryServiceLaw
👍1🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News ယင်းမာပင်နယ်၊ ဘန့်ဘွေးပျူရွာမှ ထွက်လာသော စခပခများသည် ကံစုရွာမှ ပြည်သူပိုင်ပစ္စည်းများအား လှည်းများဖြင့် သယ်ဆောင်၍ ဘန့်ဘွေးပျူရွာသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ Apr 26, 8:36PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) …
⚜️ #EIO_Update_News

ယင်းမာပင်နယ်၊ ဘန့်ဘွေးပျူရွာမှ ထွက်လာသော စခပခ(၁)ဖွဲ့သည် ကံစုရွာတွင် ရှိနေသေးကြောင်း သတင်းရရှိထားပါသည်။

Apr 26, 10:02PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
2
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏1
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော ရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏2
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
🙏1