EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️

📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"

အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့်
#Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်စစ်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာစက်တပ်လေထီးများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှု လုပ်ရပ်သာ ဖြစ်ပါသည်။

📌 အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းအသိ၊သတိ" များကို အထူးဂရုပြု လိုက်နာကြပါရန် #EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။

👂 အသံကို နားစွင့်ပါ။

ဒရုန်းများ(#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။

🚫 ရှောင်ပါ။

လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။

🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။

လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။

📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။

ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း #Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။

🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။

မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့် #Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။

"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ "လေကြောင်းအသိ၊ လေကြောင်းသတိ" အမြဲရှိကြပါစို့။"

"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻

#EIO_Update_News #MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
🙏2
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါ (သံပြားကာကား ၆ စီး ၊၆ ဘီးကား ၂စီး ၊၁၂ ဘီးကား ၂ စီး ) စခကားယာဉ်တန်းသည် ချင်းတွင်းတံတားဖြတ်၍ အနောက်ဘက်သို့ ဆက်လက်ဦးတည်ကြောင်း သတင်းရရှိထားပါသည်။

Update - ယင်းမာပင်နယ်၊အောင်ဇေယျမြို့သစ်သို့ရောက်ရှိကြောင်း သတင်းရရှိထားပါသည်။(7:31)AM

Apr 26, 7:28AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါ (သံပြားကာကား ၆ စီး ၊၆ ဘီးကား ၂စီး ၊၁၂ ဘီးကား ၂ စီး ) စခကားယာဉ်တန်းသည် ချင်းတွင်းတံတားဖြတ်၍ အနောက်ဘက်သို့ ဆက်လက်ဦးတည်ကြောင်း သတင်းရရှိထားပါသည်။ Update - ယင်းမာပင်နယ်၊အောင်ဇေယျမြို့သစ်သို့ရောက်ရှိကြောင်း သ…»
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 8:26AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
💥 လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ မိမိတို့နေအိမ်တွင် ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) အကာအကွယ်ရနိုင်မည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။ပစ်ခတ်သံများကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဝပ်နေပါ။

🚨 .5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။

📢 ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် လေကြောင်း/မြေပြင် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။အရေးပေါ် တိမ်းရှောင်ရပါက ယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများကို အထုပ်အပိုး အသင့်ပြင်ထားပါ။အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် ပစ်မှတ်ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီး သုံးခြင်းနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။

🚨 ပစ်ခတ်သံများကြားရသည့် အရပ်သို့ စူးစမ်းကြည့်ရှုခြင်း (သို့မဟုတ်) အပြင်ထွက်ခြင်း မပြုပါနှင့်။ ကျည်လွတ်နိုင်သည့် နေရာ၌သာ ငြိမ်သက်စွာ နေပါ။အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် အထူးသတိပြုပါ။

မှတ်ချက်။   ။အထူးသဖြင့် .5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက "ငါတို့ရွာ၊ငါတို့အနား မဟုတ်သေးပါဘူး" ဟုတွေးပြီး ပေါ့ပေါ့တန်တန် မနေဘဲ အကာအကွယ်ယူရန် လိုအပ်ပါသည်။

🚨🚨 စစ်ဘေးရှောင် ပြည်သူလူထုတွေအနေနှင့် မိမိရဲ့ နဂိုမူလရပ်ရွာတွေကို ပြန်ဖို့ စဉ်းစားသည့်အခါ မိမိအိမ်၊မိမိရပ်ရွာကို အလျင်စလို မပြန်မိဖို့ လိုပါတယ်။ မိမိနဂိုမူလရပ်ရွာတွေသည် စခစစ်ကြောင်းများဖြတ်သန်းခြင်းနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသတွေ ဖြစ်ခြင်းကြောင့် သင့် အိမ်အတွင်း (သို့မဟုတ်) သင့် အိမ်အနီးနားပတ်ဝန်းကျင်တွင် (မြေမြှုပ်မိုင်း)နှင့် အခြားသော (ပေါက်ကွဲ)လက်နက် ပစ္စည်းများကျန်ရှိနေနိုင်ပါသည်။

💡 သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီမှ တတ်နိုင်သမျှ ပေါက်ကွဲလက်နက်ပစ္စည်းအန္တရာယ်နှင့် ပတ်သက်လို့ မေးမြန်းစုံစမ်းကြပါ။ ဘေးကင်းလုံခြုံပြီ၊သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဆိုမှသာလျှင် မိမိနေရပ်ကို ပြန်ပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot , @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါ (သံပြားကာကား ၆ စီး ၊၆ ဘီးကား ၂စီး ၊၁၂ ဘီးကား ၂ စီး ) စခကားယာဉ်တန်းသည် ချင်းတွင်းတံတားဖြတ်၍ အနောက်ဘက်သို့ ဆက်လက်ဦးတည်ကြောင်း သတင်းရရှိထားပါသည်။ Update - ယင်းမာပင်နယ်၊အောင်ဇေယျမြို့သစ်သို့ရောက်ရှိကြောင်း သ…
⚜️ #EIO_Update_News

ယင်းမာပင်နယ်၊ အောင်ဇေယျ အကျိူးကန်းကုန်းသို့ ဝင်ရောက်ထား‌သော စခအအများသည် ကွေ့ချောင်းရွာ တောင်ဘက်မှ အနောက်ဘက်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 8:37AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2👍1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ အောင်သာ)လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 9:32AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2👍1
⚜️ #EIO_Update_News

ယင်းမာပင်နယ်၊ အောင်ဇေယျ အကျိူးကန်းကုန်းမှ ထွက်လာသော စခများမှ ပထမဆုံးပွိုင့်သည် ယင်းမာပင်နယ်၊ နဘူးတောရွာသို့ ဝင်ရောက်နေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 9:49AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2👍1
⚜️ #EIO_Update_News

ချောင်းဦးနယ်၊ မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိ‌နေပြီး လက်နက်ငယ်များရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 11:02AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များရမ်းသမ်းပစ်ဖောက်ကြောင်း သတင်းရရှိထားပါသည်။

Apr 26, 11:03AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(1)စီးသည် မုံရွာမြို့၊ နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 11:08AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(1)စီးသည် မုံရွာမြို့၊ နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Apr 26, 11:08AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInform…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(1)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 11:11AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။

​ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါသည်။

​ကျွန်ုပ်တို့တွင် လိုအပ်ချက်များ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်သူ့ထံမှ တပြားတချပ်မျှ အလှူခံခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ပါ။

🛡️ သိက္ခာရှိသော ရပ်တည်ချက်နှင့် ပေးဆပ်မှု။

#EIO တွင် ပါဝင်နေသော #Admin များသည် ကိုယ်ပိုင်အလုပ်အကိုင်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြသူများဖြစ်ပြီး မိမိတို့၏ အိတ်စိုက်ငွေများဖြင့်သာ ပြည်သူ့အကျိုးအတွက် ရှေ့ရှုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

🚫မျောက်ပြဆန်တောင်းခြင်း လုံးဝမရှိပါ

တော်လှန်ရေးအမည်ခံကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ အလှူခံထွက်ခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒမဟုတ်ပါ။

ပြန်လည်မျှဝေခြင်းသာရှိသည်

အမှန်တကယ် လိုအပ်နေသူများနှင့် အခက်အခဲကြုံနေရသူများအတွက် အထိုင်ဖုန်း၊ အိုင်ကွန်စကားပြောစက်၊ ဆက်သွယ်ရေးတိုင်နှင့် ဖုန်းဘေလ်များအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို (၄/၅) ဆယ်သိန်းအထိ မိမိတို့ အိတ်စိုက်ဝင်ငွေထဲမှ ပြန်လည်ဝေမျှပေးကမ်းလျက် ရှိပါသည်။

📢 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်။

"တော်လှန်ရေးအတွက် အောက်ကျခံပြီး အလှူလိုက်ခံနေရမယ်ဆိုရင် လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ၊ မျောက်ပြပြီး ဆန်တောင်းတဲ့အလုပ်မျိုး မိမိတို့ #EIO ဘယ်တော့မှ မလုပ်ဘူး"


မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။

​"ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻

#EIO_Admin_Team #Eagle_Information_Operator #Stand_With_Truth #Technological_Revolution #No_Donation_Accepted #RevolutionaryEthics #HonorableRevolution
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned « အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။ ​ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း…»
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များရမ်းသမ်းပစ်ဖောက်ကြောင်း သတင်းရရှိထားပါသည်။ Apr 26, 11:03AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် ကြေးမုံရွာအ‌တွင်း၌ ကင်းပတ်‌နေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 11:21AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(1)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Apr 26, 11:11AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(1)စီးသည် မုံရွာနယ်၊ တောင်ခြမ်း မအူဂိတ်သို့ ရောက်ရှိ၍ စခအအချထားခဲ့ပြီး မုံရွာမြို့တွင်း ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း သတင်းရရှိထားပါသည်။

Apr 26, 11:24AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
🚨 အရေးကြီး သတိပေးချက် 🚨

⚠️ မုံရွာ - စစ်ကိုင်း - မန္တလေး လမ်းပိုင်း ခရီးသွားလာ ပြည်သူများ အထူးသတိပြုရန်။

နှစ်စဉ်သင်္ကြန်ကာလ ဖြစ်သော ဧပရယ်လသည် (မုံရွာ - စစ်ကိုင်း - မန္တလေး) လမ်းမကြီး တစ်လျှောက်တွင် အကြမ်းဖက် စစ်ကောင်စီမှ လုံခြုံရေးအခြေအနေများ ပိုမိုတင်းမာမှုများရှိပါသည်။

မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ အကြမ်းဖက်စစ်ကောင်စီ အထိုင်ဂိတ်များနှင့် လမ်းပိုင်းကင်းများတွင် တစ်နယ်တစ်ကျေးမှ အလုပ်လုပ်ကိုင်ပြီး မိမိမွေးရပ်မြေသို့ ပြန်လာ‌ကြ‌သော လူငယ်၊ လူရွယ်များကို အဓိက ပစ်မှတ်ထား၍ ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများ ခပ်စိပ်စိပ် ပြုလုပ်နေကြောင်း သိရှိရပါသည်။

အကြမ်းဖက် စစ်ကောင်စီမှ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခြင်းခံရသော လူငယ်၊လူရွယ်များ၏ မိခင်များ၊ဆွေမျိုးပေါက်ဖော်များမှ ငိုကြွေးသံများနှင့် မိမိတို့ #EIO_Admin_Team ထံသို့ ရင်ဖွင့်ပြောဆိုမှုများကိုလည်း အလွန်ပင် ထပ်တူဝမ်းနည်းခြင်းဖြစ်မိပါသည်။

⚠️မဖြစ်မနေ ခရီးသွားလာ‌နေကြရပါသော မိဘပြည်သူ၊ညီအစ်ကို‌မောင်နှမများအနေဖြင့် အောက်ပါ "ဆောင်ရန်/ရှောင်ရန်" အချက်များကို အထူးဂရုပြု လိုက်နာကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။🙏🏻


🛡️ ဆောင်ရန်များ။ (Do's)

🔷သတင်းကြိုတင်နားစွင့်ပါ။

ခရီးမထွက်ခွာမီ လမ်းကြောင်းပေါ်ရှိ မြေပြင်အခြေအနေနှင့် ဂိတ်များ၏ အခြေအနေကို သတင်းပြန်ကြားရေး Page များ၊ချန်နယ်များနှင့် သက်ဆိုင်ရာ နယ်မြေခံများတွင် အမြဲမပြတ် စစ်ဆေးပါ။

🔷မှတ်ပုံတင်ဆောင်ထားပါ။

မလိုအပ်ဘဲ စစ်ဆေးမေးမြန်းခံရမှု သက်သာစေရန် မိမိ၏ မှတ်ပုံတင် (မူရင်း) ကို အမြဲဆောင်ထားပါ။

🔷ဖုန်းအတွင်းရှိ အချက်အလက်များရှင်းလင်းပါ။

ဖုန်းထဲတွင် အရေးကြီးသည့် အချက်အလက်များ၊ ဓာတ်ပုံများနှင့် လူမှုထူးခြားဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကြိုတင်ရှင်းလင်းထားပါ။

🔷လူစုလူဝေးဖြင့် သွားလာပါ။

ဖြစ်နိုင်ပါက တစ်ဦးတည်းသွားလာခြင်းထက် မိသားစု (သို့မဟုတ်) ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းများဖြင့် သွားလာပါ။

⚠️ ရှောင်ရန်များ။ (Don'ts)

♦️ညဘက်ခရီးမသွားပါနှင့်။

မဖြစ်မနေကိစ္စမှလွဲ၍ ညဦးပိုင်းနှင့် ညဖက် ခရီးသွားလာခြင်းကို အပြည့်အဝ ရှောင်ကြဉ်ပါ။

♦️ယူနီဖောင်း/စစ်ဘက်သုံးပစ္စည်းများ ရှောင်ပါ။

စစ်ဘက်နှင့် ဆက်စပ်နိုင်သည့် အရောင်များ (ဥပမာ- သံလွင်ရောင်၊ ကာကီရောင်) နှင့် အဝတ်အစားများကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။

♦️စကားအပြောအဆို ဆင်ခြင်ပါ။

ခရီးသွားစဉ်အတွင်း ဘေးပတ်ဝန်းကျင်ရှိ မသိကျွမ်းသူများနှင့် နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်း မပြုပါနှင့်။

♦️စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် မတွန့်ဆုတ်ပါနှင့်။

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များသို့ ရောက်ရှိပါက ပုံမှန်အတိုင်း တည်ငြိမ်စွာ ဆက်ဆံပါ။ တုံ့ဆိုင်းနေခြင်းက ပိုမိုသံသယပွားစေနိုင်ပါသည်။

🛑 [STOP] - မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ခေတ္တဆိုင်းငံ့ထားကြပါ။‼️

ခရီးသွားမိဘပြည်သူ ညီအကို မောင်နှမများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိမိတို့၏ ခရီးစဉ်များကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ကြပါစေကြောင်း မိမိတို့ #EIO_Admin_Teamမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🏻

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)

🔵 https://www.facebook.com/eagleinformation
🌐 https://t.me/eagleinformationoperator

#Eagle_Information_Operator #EIO #GroundInfo #EmergencyAlert #CivilianMilitaryServiceLaw #MilitaryServiceTraining #UnlawfulArrest #HumanRightsViolation #Public_Safety #TravelSafely
🙏1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူတံတားဖြူသို့ ရောက်ရှိနေပြီး ဘူဒိုဇာကား(၁)စီးသည်လည်း လမ်းဘေးဝဲယာ ချုံများအား ရှင်းလင်းနေကြောင်း သတင်းရရှိထားပါသည်။

Apr 26, 11:52AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator