EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကားများသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 25, 7:01PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကားများသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Apr 25, 7:01PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://ww…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကားများသည် ချင်းတွင်းတံတားဖြတ်၍ ယင်းမာပင်နယ်၊ အောင်ဇေယျ အကျိူးကန်းကုန်းသို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။

Update - ဟောင်ဝပ်ဇာ လက်နက်ကြီး(၁)လက်ပါရှိကြောင်းထပ်မံသိရ။(7:56)PM

Apr 25, 7:33PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကားများသည် ချင်းတွင်းတံတားဖြတ်၍ ယင်းမာပင်နယ်၊ အောင်ဇေယျ အကျိူးကန်းကုန်းသို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။ Update - ဟောင်ဝပ်ဇာ လက်နက်ကြီး(၁)လက်ပါရှိကြောင်းထပ်မံသိရ။(7:56)PM Apr 25, 7:33PM #EIO…»
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️

📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။

📌 မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။

🛡️ ၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း။

📌 မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။

သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။

📌 မိတ်‌ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။


🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း။

📌 သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည်။

👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း။

📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။

💻 Digital Security။

📌 သတင်းပေးပို့ပြီးနောက် စာမျက်နှာ (#Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။

🛡️ ဘေးကင်းရေး လမ်းညွှန်မှု။

📌 သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။

⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်။

📌 မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါတို့ကို ဂရုပြုပေးပါ

📱 Two-Step Verification။

⚠️ သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် အမြဲဖွင့်ထားရန်။

🗑️ Chat Cleanup။

⚠️ သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။

👁️ Environmental Awareness။

⚠️ သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန်။

"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"


ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻

#EIO_Admin_Team #Eagle_Information_Operator #Civilian_Intelligence #DigitalSecurity #Revolution_News #Ethics
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကားများသည် ချင်းတွင်းတံတားဖြတ်၍ ယင်းမာပင်နယ်၊ အောင်ဇေယျ အကျိူးကန်းကုန်းသို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။ Update - ဟောင်ဝပ်ဇာ လက်နက်ကြီး(၁)လက်ပါရှိကြောင်းထပ်မံသိရ။(7:56)PM Apr 25, 7:33PM #EIO…
⚜️ #EIO_Update_News

ယင်းမာပင်နယ်၊ အောင်ဇေယျ အကျိူးကန်းကုန်းသို့ ဝင်ရောက်ထား‌သော စခအအအများအပြားသည် အနောက်ဘက်သို့ စတင်ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။

Apr 25, 8:05PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News ယင်းမာပင်နယ်၊ အောင်ဇေယျ အကျိူးကန်းကုန်းသို့ ဝင်ရောက်ထား‌သော စခအအအများအပြားသည် အနောက်ဘက်သို့ စတင်ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။ Apr 25, 8:05PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInform…
⚜️ #EIO_Update_News

ယင်းမာပင်နယ်၊ အောင်ဇေယျ အကျိူးကန်းကုန်းသို့ ဝင်ရောက်ထား‌သော စခအအအများအပြားသည် အနောက်ဘက်သို့ စတင်ထွက်ခွာလာရာ ယင်းမာပင်နယ်၊ ကွေ့ချောင်းရွာ သစ်‌တောရုံးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 25, 8:59PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News ယင်းမာပင်နယ်၊ အောင်ဇေယျ အကျိူးကန်းကုန်းသို့ ဝင်ရောက်ထား‌သော စခအအအများအပြားသည် အနောက်ဘက်သို့ စတင်ထွက်ခွာလာရာ ယင်းမာပင်နယ်၊ ကွေ့ချောင်းရွာ သစ်‌တောရုံးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Apr 25, 8:59PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)…
⚜️ #EIO_Update_News

ယင်းမာပင်နယ်၊ အောင်ဇေယျ အကျိူးကန်းကုန်းသို့ ဝင်ရောက်ထား‌သော စခအအအများအပြားသည် အနောက်ဘက်သို့ စတင်ထွက်ခွာလာရာ ယင်းမာပင်နယ်၊ ကွေ့ချောင်းရွာ တောင်ဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 25, 9:08PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏2
💥 လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ မိမိတို့နေအိမ်တွင် ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) အကာအကွယ်ရနိုင်မည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။ပစ်ခတ်သံများကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဝပ်နေပါ။

🚨 .5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။

📢 ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် လေကြောင်း/မြေပြင် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။အရေးပေါ် တိမ်းရှောင်ရပါက ယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများကို အထုပ်အပိုး အသင့်ပြင်ထားပါ။အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် ပစ်မှတ်ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီး သုံးခြင်းနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။

🚨 ပစ်ခတ်သံများကြားရသည့် အရပ်သို့ စူးစမ်းကြည့်ရှုခြင်း (သို့မဟုတ်) အပြင်ထွက်ခြင်း မပြုပါနှင့်။ ကျည်လွတ်နိုင်သည့် နေရာ၌သာ ငြိမ်သက်စွာ နေပါ။အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် အထူးသတိပြုပါ။

မှတ်ချက်။   ။အထူးသဖြင့် .5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက "ငါတို့ရွာ၊ငါတို့အနား မဟုတ်သေးပါဘူး" ဟုတွေးပြီး ပေါ့ပေါ့တန်တန် မနေဘဲ အကာအကွယ်ယူရန် လိုအပ်ပါသည်။

🚨🚨 စစ်ဘေးရှောင် ပြည်သူလူထုတွေအနေနှင့် မိမိရဲ့ နဂိုမူလရပ်ရွာတွေကို ပြန်ဖို့ စဉ်းစားသည့်အခါ မိမိအိမ်၊မိမိရပ်ရွာကို အလျင်စလို မပြန်မိဖို့ လိုပါတယ်။ မိမိနဂိုမူလရပ်ရွာတွေသည် စခစစ်ကြောင်းများဖြတ်သန်းခြင်းနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသတွေ ဖြစ်ခြင်းကြောင့် သင့် အိမ်အတွင်း (သို့မဟုတ်) သင့် အိမ်အနီးနားပတ်ဝန်းကျင်တွင် (မြေမြှုပ်မိုင်း)နှင့် အခြားသော (ပေါက်ကွဲ)လက်နက် ပစ္စည်းများကျန်ရှိနေနိုင်ပါသည်။

💡 သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီမှ တတ်နိုင်သမျှ ပေါက်ကွဲလက်နက်ပစ္စည်းအန္တရာယ်နှင့် ပတ်သက်လို့ မေးမြန်းစုံစမ်းကြပါ။ ဘေးကင်းလုံခြုံပြီ၊သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဆိုမှသာလျှင် မိမိနေရပ်ကို ပြန်ပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot , @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏2
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။

ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။

စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ

၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။

၂။ တရေးတမောအိပ်စက်အနားယူပါ။

၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။

၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။

၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။

၆။ ရေများများသောက်ပေးပါ။

၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
2
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏2
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate #CivilianMilitaryServiceLaw #MilitaryServiceTraining #BasicRecruitTraining #MilitaryCommission #UnlawfulArrest #HumanRightsViolation
🙏2