EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
🛡 ပြောက်ကျားစစ်ရဲ့ အခြေခံသဘောတရား (၃) ရပ် 🛡

တော်လှန်ရေးခရီးမှာ အောင်မြင်မှုရဖို့ဆိုရင် စည်းကမ်းနဲ့ လျှို့ဝှက်မှုကို အထူးဂရုပြုကြရမှာ ဖြစ်ပါတယ်။ အောင်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့ "လ၊ စ၊ အ" (၄) လုံးဖြစ်ပါတယ်။

🔐 (လ) ၄ လုံး - လုံခြုံရေးအတွက်

၁။ လျှို့ဝှက် (အရာရာကို လျှို့ဝှက်ပါ)
၂။ လျင်မြန် (လုပ်ဆောင်ချက်တိုင်း ထက်မြက်ပါ)
၃။ လုံ့လ (ဇွဲရှိရှိ ကြိုးစားပါ)
၄။ လုံခြုံ (စနစ်တကျ ကာကွယ်ပါ)

"မိဘ၊ သားမယား၊ သူစိမ်းမဆို အရာရာကို လျှို့ဝှက်အပ်ရာ၏"

(စ) ၄ လုံး - စုစည်းမှုအတွက်

၁။ စည်းကမ်း
၂။ စနစ်
၃။ စည်းရုံး
၄။ စုစည်း

✊🏻 (အ) ၄ လုံး - အောင်ပွဲအတွက်

၁။ အင်အား
၂။ အားအင်
၃။ အားပြု
၄။ အပြီး

ဒါကြောင့် ထင်ပေါ်လိုစိတ်တွေကို ဘေးဖယ်ပြီး စနစ်တကျနဲ့ တိတ်တဆိတ် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

"သမိုင်းက ပြည်သူ - တော်လှန်ရမှာက ကျွန်ုပ်တို့" ဖြစ်ပါတယ်။

#AdminTeam
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📧 Email: eagleinformationoperators@gmail.com
🔵 Facebook: https://www.facebook.com/eagleinformation
🌐 Telegram Channel: https://t.me/eagleinformationoperator
👍2
⚠️ အပူချိန်မြင့်တက်မှုသည် ပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်ဆိုင်ရာ ကျန်းမာရေးအတွက် ကြီးမားသော အန္တရာယ်တစ်ခုဖြစ်ပါသည်။

အပူဒဏ်ကို ထိတွေ့ခြင်းကြောင့် ပင်ပန်းနွမ်းနယ်ခြင်းနှင့် ပိုမိုပြင်းထန်လာပါက သတိလစ်ခြင်း (ခန္ဓာကိုယ် အပူချိန်အလွန်အကျွံမြင့်တက်ခြင်းကြောင့် အရေပြားပူ၍ခြောက်သွေ့ခြင်း (သို့) ချွေးအလွန်အကျွံထွက်ခြင်း၊ မူးဝေခြင်း၊ သတိလစ်ခြင်း) တို့ကို ဖြစ်စေနိုင်ပါသည်။

အခြားသော အပူဒဏ်ကို ထိတွေ့ခြင်းကြောင့် ဖြစ်ပေါ်တတ်သော လက္ခဏာများမှာ ကြွက်တက်ခြင်း၊ ခေါင်းကိုက်ခြင်း ၊ ပျို့ခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း ၊ စိတ်ရှုပ်ထွေးခြင်း၊ နုံးချည့်ခြင်းတို့ ဖြစ်ပါသည်။

နေ့စဉ် ဆေးသောက်နေရသော နာတာရှည်ရောဂါရှိသူများ၊ သက်ကြီးရွယ်အိုများနဲ့ ကလေးငယ်များသည် အပူချိန်မြင့်တက်မှုကာလအတွင်း နောက်ဆက်တွဲဆိုးကျိုးတွေနဲ့ သေဆုံးနိုင်ခြေ ပိုများပါသည်။

📌 အပူဒဏ်ကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများကို ကာကွယ်ရန်နှင့် ဘေးကင်းစွာနေထိုင်ရန် နည်းလမ်းများမှာ-
• ရေပုံမှန်သောက်ခြင်းဖြင့် ရေဓာတ်လုံလောက်အောင် ဖြည့်ပါ။
• နေအပူရှိန်ပြင်းထန်နေပါက အပြင်ထွက်ခြင်းမှ ရှောင်ရှားပါ။
• အပြင်ထွက်ရလျှင် လည်းအရိပ်ရပြီးအေးမြသည့်နေရာတွင်နေထိုင်ပါ။
• ပေါ့ပါးပြီးပွပွ ချောင်ချောင်အဝတ်အစားများကိုသာဝတ်ဆင်ပါ။

တစ်စုံတစ်ယောက် အပူဒဏ်လက္ခဏာတွေ ခံစားရပါက-
• လူနာကို အရိပ်ရပြီး လေဝင်လေထွက်ကောင်းသော နေရာတွင်ထားပါ။
• ရေနဲ့ဓာတ်ဆားဖြည့်ပေးပါ။
• ရေပတ်တိုက်ပါ။
• နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွင်သွားရောက်ပြီး ဆေးဝါးကုသမှုခံယူပါ။

📢 အပူချိန်မြင့်တက်သည့်ကာလအတွင်း အပူဒဏ်ကာကွယ်နေထိုင်ရန်နည်းလမ်းများနှင့် အပူဒဏ်ကြောင့်ဖြစ်ပွားသော ကျန်းမာရေး ပြဿနာများအား ကာကွယ်ဖြေရှင်းရန် နည်းလမ်းများ စသည်တို့ကို အခြားသူများသို့ အသိပညာမျှဝေပေးပါ။

#HeatSafety #StayCool #beattheheat #WHOMyanmar
🙏2