EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။

​ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါသည်။

​ကျွန်ုပ်တို့တွင် လိုအပ်ချက်များ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်သူ့ထံမှ တပြားတချပ်မျှ အလှူခံခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ပါ။

🛡️ သိက္ခာရှိသော ရပ်တည်ချက်နှင့် ပေးဆပ်မှု။

#EIO တွင် ပါဝင်နေသော #Admin များသည် ကိုယ်ပိုင်အလုပ်အကိုင်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြသူများဖြစ်ပြီး မိမိတို့၏ အိတ်စိုက်ငွေများဖြင့်သာ ပြည်သူ့အကျိုးအတွက် ရှေ့ရှုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

🚫မျောက်ပြဆန်တောင်းခြင်း လုံးဝမရှိပါ

တော်လှန်ရေးအမည်ခံကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ အလှူခံထွက်ခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒမဟုတ်ပါ။

ပြန်လည်မျှဝေခြင်းသာရှိသည်

အမှန်တကယ် လိုအပ်နေသူများနှင့် အခက်အခဲကြုံနေရသူများအတွက် အထိုင်ဖုန်း၊ အိုင်ကွန်စကားပြောစက်၊ ဆက်သွယ်ရေးတိုင်နှင့် ဖုန်းဘေလ်များအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို (၄/၅) ဆယ်သိန်းအထိ မိမိတို့ အိတ်စိုက်ဝင်ငွေထဲမှ ပြန်လည်ဝေမျှပေးကမ်းလျက် ရှိပါသည်။

📢 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်။

"တော်လှန်ရေးအတွက် အောက်ကျခံပြီး အလှူလိုက်ခံနေရမယ်ဆိုရင် လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ၊ မျောက်ပြပြီး ဆန်တောင်းတဲ့အလုပ်မျိုး မိမိတို့ #EIO ဘယ်တော့မှ မလုပ်ဘူး"


မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။

​"ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻

#EIO_Admin_Team #Eagle_Information_Operator #Stand_With_Truth #Technological_Revolution #No_Donation_Accepted #RevolutionaryEthics #HonorableRevolution
1👍1
⚠️ အရေးကြီးသတိပေးချက်- ဆိုရှယ်မီဒီယာပေါ်မှ ငွေကြေးလိမ်လည်မှုနှင့် သတင်းနှိုက်ခြင်းများကို သတိပြုရန်။

ယခုနောက်ပိုင်းတွင် တော်လှန်ရေးအမည်ခံ၍ #Facebook ပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် လိမ်လည်ခြင်းနှင့် သတင်းစုဆောင်းခြင်းများ ပိုမိုများပြားလာပါသည်။

မိမိတို့၏ လုံခြုံရေးနှင့် စေတနာအလှူငွေများ လေလွင့်မှုမရှိစေရန် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန် နှိုးဆော်အပ်ပါသည်။

🚩 သတိပြုရမည့် အကောင့်တုများ၏ ဝိသေသလက္ခဏာများ။

⚠️ ပုံရိပ်အလွဲသုံးစားလုပ်ခြင်း။

ဆွဲဆောင်မှုရှိသော မိန်းကလေးပုံများ သို့မဟုတ် လူထုခေါင်းဆောင်၏ ပုံများကို အသုံးပြု၍ လူယုံကြည်အောင် ဖန်တီးထားခြင်း။

⚠️ Followers တိုးအောင် လုပ်ဆောင်ခြင်း။

စိတ်ဝင်စားဖွယ် သတင်းအမှား/အမှန်များကို ရောနှောတင်ပြီး လူကြည့်များအောင် ဦးတည်လုပ်ဆောင်ခြင်း။

⚠️ Messenger မှ တိုက်ရိုက်ဆက်သွယ်ခြင်း။

မသိကျွမ်းသည့် အကောင့်များမှ Messenger သို့ လာရောက်၍ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုခုအတွက်ဟု အကြောင်းပြကာ အလှူခံခြင်း။

ဆောင်ရန်နှင့် ရှောင်ရန်များ။ (Dos and Don'ts)

⚠️ စိစစ်ပါ။

အလှူခံသည့် အကောင့်သည် သက်ဆိုင်ရာအဖွဲ့အစည်း၏ #Official Page မှ ဟုတ်မဟုတ် သေချာစွာ စစ်ဆေးပါ။

🚫 မယုံပါနှင့်။

Messenger သို့ လာရောက်အလှူခံသော အကောင့်မှန်သမျှကို အလွယ်တကူ မယုံကြည်ပါနှင့်။

⚠️ သတင်းလုံခြုံရေး။

မိမိနှင့် နီးစပ်ရာ တော်လှန်ရေးသတင်းများကို မည်သူ့ကိုမျှ အလွယ်တကူ မပြောပါနှင့်။

⚠️ သတင်းမပေးပါနှင့်။

အကောင့်ပိုင်ရှင်ကို လူကိုယ်တိုင် သေချာမသိဘဲ မိမိဒေသတွင်း အခြေအနေများကို မဆွေးနွေးပါနှင့်။

Report ထုပါ။

သံသယဖြစ်ဖွယ် အကောင့်တုများကို တွေ့ရှိပါက ဝိုင်းဝန်း Report ထုပြီး အများသိအောင် လူသိရှင်ကြား (Public) တင်၍ သတိပေးပါ။

🚫 Link များမနှိပ်ပါနှင့်။

Messenger မှ ပေးပို့လာသော သံသယဖြစ်ဖွယ် Link များကို နှိပ်ခြင်းမှ ရှောင်ကြဉ်ပါ။

💡 ထိရောက်သော အကြံပြုချက်။

တော်လှန်ရေးအတွက် အမှန်တကယ် လှူဒါန်းလိုပါက မိမိတို့ယုံကြည်စိတ်ချရသော၊ ချိတ်ဆက်မှုရှိပြီးသားဖြစ်သော တရားဝင်အလှူခံ #Channel များ (သို့မဟုတ်) #Official Page များမှ တစ်ဆင့်သာ တိုက်ရိုက်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

"သတိတစ်ချက် လွတ်ရုံဖြင့် မိမိလုံခြုံရေးသာမက တော်လှန်ရေးအတွက်ပါ ထိခိုက်နိုင်သည်ကို သတိပြုပါ။"

#Eagle_Information_Operator #EIO #EmergencyAlert #SocialMediaSafety #Awareness #FakeAccounts #ScamAlert
🙏1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 23, 12:12PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
(23,4,2026) မကွေးတိုင်း၊ ကလခ အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော Jet Fighter (5)စီးဖြင့် ပေါက်နယ် တစ်‌နေရာသို့ ယနေ့ နံနက်ပိုင်း (11:03) မှ (11:37) ဝန်းကျင်အချိန်ခန့်ထိ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Magway_Region #HeavyAirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
🙏1
(23,4,2026) မကွေးတိုင်း၊ ကလခ အကြမ်းဖက် လေတပ်ဌာနချုပ် မှ ထပ်မံ၍ တက်လာသော (6)စီးမြောက် Jet Fighter (1)စီးဖြင့် ပေါက်နယ် တစ်‌နေရာသို့ ယနေ့ နံနက်ပိုင်း (11:39) မှ (11:40) ဝန်းကျင်အချိန်ခန့်ထိ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Magway_Region #HeavyAirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
😢1🙏1
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၄)စီးနှင့်တင့်ကား(၁)စီးသည် ယင်းမာပင်နယ်၊ အကျိုးကန်းကုန်းသို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။

Apr 23, 1:10PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် #Hexacopter ဒရုန်းများကို ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်မြေပြင်အခြေအနေများအရ ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာသည်ကို တွေ့ရပါသည်။

တရုတ်နိုင်ငံထုတ် စစ်ဘက်သုံး #Hexacopter ဒရုန်းများသည် များသောအားဖြင့် ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ ဤဒရုန်းများတွင် အဆင့်မြင့် အာရုံခံကိရိယာများ၊ လေဆာလမ်းညွှန်စနစ်များ နှင့် လက်နက်ငယ်များ (သို့မဟုတ်) ဗုံးများ တပ်ဆင်နိုင်သည့် စနစ်များ ပါဝင်လေ့ရှိသည်။

📌 ၎င်းတို့ အသုံးပြုနေသော #Hexacopter များ၏ အကြောင်းကို အောက်ပါအတိုင်း အပိုင်း ၃ ပိုင်းဖြင့် ခွဲခြားကြည့်နိုင်ပါသည်။

၁။ အသုံးပြုနေသော အမျိုးအစားများနှင့် ရရှိရာလမ်းကြောင်း။

အကြမ်းဖက် စစ်ကောင်စီသည် #Hexacopter များကို နည်းလမ်းနှစ်မျိုးဖြင့် ရရှိအသုံးပြုနေသည်။

♦️စိုက်ပျိုးရေးသုံး ဒရုန်းများကို ပြုပြင်အသုံးပြုခြင်း။

တရုတ်နိုင်ငံထုတ် #DJI_Agras (#T-Series) ကဲ့သို့သော စိုက်ပျိုးရေးသုံး ဒရုန်းများကို ဝယ်ယူပြီး ဗုံးကြဲနိုင်သည့် စနစ်များ တပ်ဆင်ကာ စစ်ရေးတွင် အသုံးပြုခြင်းဖြစ်သည်။ ၎င်းတို့သည် အလေးချိန်များစွာ သယ်ဆောင်နိုင်သောကြောင့် အကြမ်းဖက်စစ်ကောင်စီက အကြိုက်တွေ့သော အမျိုးအစားများ ဖြစ်သည်။

♦️စစ်ဘက်သုံး အထူးထုတ်ဒရုန်းများ။

တရုတ်နိုင်ငံထုတ် စစ်ဘက်သုံး (သို့မဟုတ်) လုပ်ငန်းသုံး ဒရုန်းများကို ကုမ္ပဏီအမျိုးမျိုးမှတစ်ဆင့် ဝယ်ယူအသုံးပြုခြင်း ဖြစ်သည်။

၂။ စစ်ရေးအရ အသုံးပြုပုံနှင့် နည်းဗျူဟာ။

အကြမ်းဖက် စစ်ကောင်စီသည် #Hexacopter များကို အောက်ပါနေရာများတွင် အဓိက အသုံးပြုလေ့ရှိသည်။

♦️ဗုံးကြဲတိုက်ခိုက်ခြင်း (#Drone_Bombing)။

၆၀ မမ (60mm) (သို့မဟုတ်) ၈၁ မမ (81mm) မော်တာကျည်များကို ဒရုန်းတွင် ချိတ်ဆွဲပြီး အပေါ်စီးမှ ကြဲချခြင်း ဖြစ်သည်။ #Hexacopter များသည် အင်အားကောင်းသဖြင့် တစ်ခါပျံလျှင် အများအပြား သယ်ဆောင်နိုင်ပါသည်

♦️ကင်းထောက်ခြင်းနှင့် လမ်းပြခြင်း။

မြေပြင်စစ်ကြောင်းများ ရှေ့မတိုးမီ လမ်းကြောင်းရှင်းမရှင်း ကင်းထောက်ခြင်းနှင့် အမြောက်တပ်များ ပစ်ခတ်ရာတွင် ပစ်မှတ်တိကျစေရန် လေပေါ်မှ လမ်းညွှန်ပေးခြင်းတို့တွင်လည်း အသုံးပြုသည်။

♦️ထောက်ပံ့ပို့ဆောင်ရေး။

ဝေးလံပြီး သွားလာရခက်ခဲသော တောင်ကုန်းစခန်းများသို့ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိသည်။

၃။ ယင်းဒရုန်းများ၏ ထူးခြားချက်နှင့် အားနည်းချက်။

♦️တည်ငြိမ်မှု။

#Hexacopter များသည် ပန်ကာ ၆ ခု ပါဝင်သဖြင့် ပစ်မှတ်ကို အပေါ်စီးမှ ငြိမ်သက်စွာ ချိန်ရွယ်နိုင်ပြီး ဗုံးကြဲရာတွင် ပိုမိုတိကျစေပါသည်။

♦️အချက်ပြနှောင့်ယှက်မှု (#Jamming)

အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့၏ ဒရုန်းများကို နည်းပညာအရ ကာကွယ်ရန် ကြိုးစားသော်လည်း၊ မြေပြင်တွင် အသုံးပြုနေသော ဒရုန်းအများစုမှာ လူသုံးကုန် (#Commercial) ဒရုန်းများ ဖြစ်သဖြင့် #Drone_Jammer များဖြင့် အချက်ပြဖြတ်တောက်ခံရနိုင်သည့် အားနည်းချက် ရှိသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့၏ ကိုယ်ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များတွင်လည်း ဒရုန်းနည်းပညာနှင့် ဗုံးသီးထုတ်လုပ်မှုများကို မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း သတင်းအချက်အလက်များအရ သိရှိရပါသည်။

#Hexacopter များကို အသုံးပြု၍ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် မြေပြင်စစ်ကြောင်းများ၏ အထိအခိုက်ကို လျှော့ချရန်အတွက် ၎င်းတို့ ကျင့်သုံးနေသော နည်းဗျူဟာသစ် တစ်ခုလည်း ဖြစ်ပါသည်။

အကြမ်းဖက် စစ်ကောင်စီ၏ #Hexacopter ဒရုန်းများသည် အပေါ်စီးမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ကင်းထောက်ခြင်းတို့တွင် အဓိကအသုံးပြုနေသဖြင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို ဆောင်ရန်/ရှောင်ရန် အကြံပြုအပ်ပါသည်။

၁။ ဆောင်ရန်အချက်များ (Dos)

👂🏻နားစွင့်ပါ။

ဒရုန်းများ၏ မော်တာသံသည် ဝိန်းဝိန်းနှင့် ကျယ်လောင်စွာ မြည်တတ်ပါသည်။ ထူးခြားသော အသံကြားရပါက သတိပြုပြီး အကာအကွယ်ယူပါ။

🛡️ ခိုင်မာသော အကာအကွယ်ယူပါ။

ဒရုန်းမှကြဲချသော ဗုံးသီးများသည် မြေပြင်နှင့် ထိတွေ့မှ ပေါက်ကွဲတတ်သဖြင့် ကွန်ကရစ်အဆောက်အဦအောက်၊ ဗုံးခိုကျင်း (သို့မဟုတ်) သစ်ပင်ကြီးများ၏ အောက်ခြေတွင် အကာအကွယ်ယူပါ။

⚠️ လူစုခွဲပါ။

လူစုလူဝေးရှိသော နေရာများသည် ဒရုန်းပစ်မှတ်ဖြစ်ရန် ပိုမိုလွယ်ကူသဖြင့် အမြဲတစေ လူစုခွဲ၍ နေထိုင်ပါ။

🛡️ ဖုံးကွယ်ပါ။

အပေါ်စီးမှ ကြည့်ပါက မမြင်နိုင်စေရန် သစ်ကိုင်းသစ်ရွက်များ၊ ပိုက်ကွန်များ (သို့မဟုတ်) ပတ်ဝန်းကျင်နှင့် တစ်ရောင်တည်းဖြစ်သော အမိုးအကာများကို အသုံးပြု၍ လူနှင့် ပစ္စည်းများကို ဖုံးအုပ်ထားပါ။

၂။ ရှောင်ရန်အချက်များ (Don'ts)

🚫 အပြင်သို့ ထွက်မကြည့်ပါနှင့်။

ဒရုန်းသံကြားရပါက မည်သည့်အမျိုးအစားလဲဆိုသည်ကို သိလိုစိတ်ဖြင့် ကောင်းကင်သို့ မော့ကြည့်ခြင်း၊ အပြင်ထွက်ကြည့်ခြင်းများကို လုံးဝရှောင်ကြဉ်ပါ။ လူ၏ မျက်နှာပြင်သည် အပေါ်စီးမှ ကြည့်လျှင် အဖြူကွက်အဖြစ် ထင်ရှားစွာ မြင်ရတတ်ပါသည်။
⚠️ ဖုန်းနှင့် မီးရောင်များကို သတိထားပါ။

ညဘက်တွင် ဖုန်းစခရင်မီးရောင်၊ လက်နှိပ်ဓာတ်မီးရောင်နှင့် မီးဖိုမီးခိုးများသည် ဒရုန်းရှိ အပူဖမ်းကင်မရာ (Thermal Camera) များအတွက် ထင်ရှားသော ပစ်မှတ်များ ဖြစ်စေနိုင်သဖြင့် ရှောင်ကြဉ်ပါ။

🚫 လမ်းမပေါ်တွင် အုပ်စုလိုက် မသွားပါနှင့်။

ဒရုန်းများသည် လမ်းမပေါ်တွင် သွားလာနေသော လူများနှင့် မော်တော်ယာဉ်များကို အလွယ်တကူ ထောက်လှမ်းနိုင်သဖြင့် ကွင်းပြင်နှင့် လမ်းမများပေါ်တွင် သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။

🚫 ထူးဆန်းသော ပစ္စည်းများကို မကိုင်ပါနှင့်။

ဒရုန်းမှ ကျလာပြီး မပေါက်ကွဲသေးသော ဗုံးသီးများ (သို့မဟုတ်) ထူးဆန်းသော ပစ္စည်းများကို တွေ့ရှိပါက လက်ဖြင့် ကိုင်တွယ်ခြင်း၊ ရွှေ့ပြောင်းခြင်း လုံးဝမပြုလုပ်ပါနှင့်။

၃။ ကြိုတင်ပြင်ဆင်မှုများ။

👂🏻သတင်းနားစွင့်ပါ။

ဒေသတွင်း ဒရုန်းသတင်းပေးပို့သည့် သတင်းချန်နယ်များနှင့် သတိပေးချက်များကို အမြဲမပြတ် စောင့်ကြည့်ပါ။

🛡️ပုန်းခိုကျင်းပြင်ထားပါ။

မိမိအိမ်နှင့် လုပ်ငန်းခွင်အနီးတွင် ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) အကာအကွယ်ယူနိုင်မည့် နေရာကို ကြိုတင်ပြင်ဆင်ထားပါ။

🛰️ ဒရုန်းများသည် အမြင်အာရုံကို အဓိကထား၍ တိုက်ခိုက်ခြင်းဖြစ်သောကြောင့် "မိမိကိုယ်ကို အပေါ်စီးမှ မမြင်အောင် နေထိုင်ခြင်း" သည် အကောင်းဆုံး ကာကွယ်နည်းဖြစ်ပါသည်။ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အချိန်နှင့်တစ်ပြေးညီ သတင်းများကို စောင့်ကြည့်ပြီး ဘေးကင်းရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရန် အမြဲသတိရှိနေဖို့ လိုအပ်ပါသည်။

#Eagle_Information_Operator #EIO #PublicSafety #DroneAwareness #WarCrimes #MiliitaryAtrocities #MilitaryTerrorists #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
🙏1
(23,4,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နမခ အကြမ်းဖက် စစ်ကောင်စီ အထိုင်စခန်းမှ တက်လာသော Gyrocopter (2)စီးသည် စစ်ကိုင်းတိုင်း၊ ကလေးဝနယ် တစ်နေရာတွင် ယနေ့ ညနေပိုင်း (4:04) (4:09) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ Gyrocopter နှင့် Paramoter စက်တပ်လေထီးများသည် အနိမ့်ပျံသန်းနိုင်သည့်အတွက် သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏1
📌 ပညာတတ်ရုံတင်မကဘဲ ဆင်ခြင်တုံတရားရှိဖို့ ဘာကြောင့် လိုအပ်သလဲ⁉️

ကျွန်တော်တို့ ရှင်သန်နေထိုင်တဲ့ လူမှုပတ်ဝန်းကျင်မှာ "ပညာ" ဆိုတာ အင်မတန် အရေးကြီးပါတယ်။ ဒါပေမဲ့ ပညာရှိတိုင်းလည်း ဆင်ခြင်တုံတရား ရှိကြတာ မဟုတ်ပါဘူး။ ဗုဒ္ဓအဘိဓမ္မာအရဖြစ်စေ၊ လောကီပညာအရဖြစ်စေ ပညာကို အကြမ်းဖျင်း (၃) မျိုး ခွဲခြားနိုင်ပါတယ်။

📖 ၁။ သုတမယပညာ (#Learning)

သူတစ်ပါးထံမှ နာယူခြင်း၊ စာအုပ်စာပေ ဖတ်ရှုခြင်းနှင့် သင်ယူလေ့လာခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဒါဟာ ပညာရှာခြင်းရဲ့ ပထမဆုံး အခြေခံအဆင့် ဖြစ်ပါတယ်။

🤔 ၂။ စိန္တာမယပညာ (#Thinking)

ရရှိလာတဲ့ အချက်အလက်တွေကို မိမိဘာသာ ပြန်လည် ကြံစည်တွေးတောခြင်း၊ ဟုတ်မဟုတ် ဆင်ခြင်သုံးသပ်ခြင်းက ရလာတဲ့ ပညာမျိုးပါ။ ဝေဖန်ပိုင်းခြားနိုင်စွမ်း ရှိလာတဲ့ အဆင့်ဖြစ်ပါတယ်။

🙏 ၃။ ဘာဝနာမယပညာ (#Practice/#Meditation)

သင်ယူထားတာတွေ၊ တွေးတောထားတာတွေကို လက်တွေ့ကျင့်ကြံ အားထုတ်မှုကြောင့် ရရှိလာတဲ့ ကိုယ်ပိုင် အသိဉာဏ်ဖြစ်ပါတယ်။ ဒါဟာ အမြင့်ဆုံးနဲ့ အစစ်မှန်ဆုံး ပညာရပ်ဖြစ်ပါတယ်။

⚠️ "သင်လို့မရတဲ့ လူစားမျိုး"

လောကမှာ ဘယ်အလုပ်မျိုးမဆို လုပ်တတ်သည်ဖြစ်စေ၊ မလုပ်တတ်သေးသည်ဖြစ်စေ သင်ယူလိုစိတ် ရှိရင် သင်ပေးလို့ရပါတယ်။ နည်းပညာတွေ၊ အတတ်ပညာတွေကို လက်ဆင့်ကမ်းလို့ ရပါတယ်။

ဒါပေမဲ့...
ကိုယ်ကျင့်တရား ညံ့ဖျင်းသူ
ပျင်းရိငြီးငွေ့လွန်းသူ (ငပျင်းများ)
ဒီလိုလူစားမျိုးတွေကိုတော့ ဘယ်လိုမှ လက်ဆွဲခေါ်လို့ မရနိုင်ပါဘူး။


ဘယ်လောက်ပဲ တော်နေပါစေ ကိုယ်ကျင့်တရား မရှိရင် အဲဒီပညာဟာ ဘေးဥပါဒ် ဖြစ်စေနိုင်သလို၊ ပျင်းရိသူအတွက်လည်း ပညာဆိုတာ အပိုပစ္စည်းသာ ဖြစ်နေပါလိမ့်မယ်။

ပညာသင်ရင် "အဓိက" အချက်က ဘာလဲ⁉️

ပညာသင်ကြားရာမှာ အဓိကအချက်က "နှလုံးသားနှင့် စာရိတ္တ" ပါပဲ။ အတတ်ပညာတစ်ခုကို မသင်ယူခင် လူပီသဖို့နဲ့ စည်းကမ်းရှိဖို့က အခြေခံအကျဆုံး "အဓိက" အချက် ဖြစ်ပါတယ်။

"ပညာ မတတ်လေ... ဆင်ခြင်တုံတရား နည်းလေပဲ..."

တကယ်တော့ ပညာဆိုတာ စာတတ်ရုံသက်သက် မဟုတ်ပါဘူး။ ဘယ်အရာက အမှား၊ ဘယ်အရာက အမှန်၊ ဘယ်ဟာက အကျိုးရှိပြီး ဘယ်ဟာက အကျိုးမဲ့လဲဆိုတာကို ခွဲခြားနိုင်တဲ့ "ဆင်ခြင်တုံတရား" ရှိမှသာ ပညာတတ်လို့ ခေါ်ဆိုထိုက်တာပါ။ ဆင်ခြင်တုံတရား ကင်းမဲ့တဲ့ ပညာဟာ အလင်းမပါတဲ့ မီးအိမ်နဲ့ တူပါတယ်။

မိမိကိုယ်တိုင်ရော မိမိတို့ရဲ့ ဝန်းကျင်ကိုပါ အကျိုးပြုနိုင်တဲ့ ဆင်ခြင်တုံတရားရှိသောသူများ ဖြစ်ကြပါစေ။🙏🏻

#EIO #EagleInformationOperator #PublicEducation #Learning #Wisdom #Ethics #Myanmar
🙏2
(23,4,2026) မန္တလေးတိုင်း၊ မိထ္ထီလာ အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော Mig-29 Jet Fighter (1)စီးဖြင့် ချင်းပြည်နယ်၊ ဖလမ်း တစ်‌နေရာသို့ ယနေ့ ညနေပိုင်း (6:15) ဝန်းကျင်အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Falam #Chin_State #AirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
🙏2
(23,4,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော Yak-130 Jet Fighter (2)စီးဖြင့် ချင်းပြည်နယ်၊ ဖလမ်း တစ်‌နေရာသို့ ယနေ့ ညနေပိုင်း (6:20) မှ (6:23) ဝန်းကျင်အချိန်ခန့်ထိ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Falam #Chin_State #AirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
🙏21
⚜️ #EIO_Update_News

မန္တ‌လေးမှ ထွက်လာသော လက်နက်ကြီးများနှင့် စခအအအပြည့်ပါ စခကားကြီး(၁၅)စီးသည် စစ်ကိုင်း၊ တမခ (၃၃)သို့ ရောက်ရှိကြောင်းသိရပြီး စစ်ကိုင်းမြို့ စခ ဘက်စုံ မွေးမြူရေးတွင် စခအင်အား(၇၀)ခန့် ရောက်ရှိ၍ ကင်းပုန်းများလည်း ဝပ်နေကြောင်း မြေပြင်သတင်းပေးပို့မှု ရရှိထားပါသည်။

Apr 23, 7:10PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏3👍1
🔇 "တိုးတိုးလေး ငိုပေးကြပါ... ကျယ်ကျယ်လေး ပျော်နေသူတွေ စိတ်အနှောက်အယှက် ဖြစ်မှာစိုးလို့ပါ" 🔇

ဒီနေ့ခေတ်ကြီးမှာ ကျွန်တော်တို့အားလုံးဟာ "ပျော်ရွှင်ခြင်းတွေ" ကိုပဲ အပြိုင်အဆိုင် ပြသနေကြရတဲ့ လောကကြီးထဲ ရောက်နေကြပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကြည့်လိုက်ရင် အားလုံးက ပြုံးလို့၊ ရယ်လို့၊ အောင်မြင်လို့။ ဒါပေမဲ့ အဲဒီပြုံးရယ်သံတွေရဲ့ နောက်ကွယ်မှာ... တစ်ဖက်ကမ္ဘာမှာတော့ "တိတ်တိတ်လေး ကြိတ်ငိုနေရသူတွေ" အများကြီး ရှိနေပါတယ်။

🥀 ပျော်ရွှင်သံတွေကြားက အသံတိတ် ငိုရှိုက်သံများ။

လောကကြီးက တစ်ခါတလေ အရမ်းရက်စက်တတ်ပါတယ်။ ကိုယ်က အရမ်းဝမ်းနည်းနေချိန်မှာ ဘေးနားကလူက အားရပါးရ ရယ်မောနေတာမျိုး၊ ကိုယ်က ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တစ်ဖက်လူက အောင်ပွဲခံနေတာမျိုးတွေဟာ ရှောင်လွှဲလို့မရတဲ့ တိုက်ဆိုင်မှုတွေပါ။

ဒါပေမဲ့ စိတ်ထားနုနယ်တဲ့သူတွေကတော့ သူတို့ရဲ့ ဝမ်းနည်းမှုကိုတောင် လွတ်လပ်စွာ ထုတ်မပြရဲကြပြန်ဘူး။ "ငါ့ကြောင့် သူတို့ ပျော်နေတာလေး ပျက်သွားမလား"၊ "ငါ့ရဲ့ ဝမ်းနည်းရိပ်တွေက သူတို့ရဲ့ ကြည်နူးမှုကို အနှောက်အယှက် ဖြစ်စေမလား" ဆိုတဲ့ စာနာစိတ်နဲ့တင် သူတို့ဟာ...

"မျက်ရည်ကို အသံတိတ်အောင် သုတ်ကြတယ်၊
ရှိုက်သံကို ခေါင်းအုံးအောက်မှာ မြှုပ်နှံကြတယ်၊
ပြီးတော့... တိုးတိုးလေးပဲ ငိုကြတယ်။"

🕯️ ကျွန်တော်တို့ ဘာကြောင့် တိုးတိုးလေး ငိုနေရတာလဲ⁉️

၁။ စာနာမှုကြောင့် - ကိုယ့်ရဲ့ ပြဿနာတွေက တခြားသူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့။

၂။ အားနာမှုကြောင့် - ပျော်နေတဲ့ပတ်ဝန်းကျင်ကို ကိုယ့်ရဲ့ အမည်းစက်တွေနဲ့ မကူးစက်စေချင်လို့။

၃။ မာနကြောင့် - ကိုယ့်ရဲ့ အားနည်းချက်ကို ဘယ်သူ့ကိုမှ မမြင်စေချင်တဲ့ သံမဏိစိတ်ဓာတ်ကြောင့်။

မိမိတို့ #EIO_Admin_Team မှ တိုးတိုးလေး ငိုနေရတဲ့သူတွေကို တစ်ခုပဲ ပြောချင်ပါတယ်။ သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ တိတ်ဆိတ်စွာ ငိုကြွေးခြင်းဟာ အားနည်းတာမဟုတ်သလို၊ သူတစ်ပါးကို အားနာတတ်တဲ့ သင့်ရဲ့စိတ်ထားဟာ တကယ်တော့ အလွန်လှပလွန်းပါတယ်။

ဒါပေမဲ့... အမြဲတမ်းတော့ တိုးတိုးလေး ငိုမနေပါနဲ့ဦး။ သင်လည်းပဲ အားရပါးရ ပျော်ရွှင်ခွင့်ရှိသလို၊ တစ်ခါတစ်လေမှာတော့ သင့်ရဲ့ ဝမ်းနည်းမှုကို နားလည်ပေးနိုင်မယ့် ရင်ခွင်တစ်ခုမှာ အသံထွက်ပြီး ငိုချလိုက်ဖို့ လိုအပ်ပါတယ်။

"ပျော်နေသူတွေရဲ့ ရယ်သံကို မဖျက်ချင်လို့...
အမှောင်ထဲမှာ တိုးတိုးလေး ရှိုက်နေရတဲ့ သူအားလုံးအတွက်..." 🤍

#Eagle_Information_Operator #EIO #MentalHealth #Empathy #QuietTears #LifeReflections #စာနာမှု #စိတ်ခွန်အား
😢2👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🔇 "တိုးတိုးလေး ငိုပေးကြပါ... ကျယ်ကျယ်လေး ပျော်နေသူတွေ စိတ်အနှောက်အယှက် ဖြစ်မှာစိုးလို့ပါ" 🔇 ဒီနေ့ခေတ်ကြီးမှာ ကျွန်တော်တို့အားလုံးဟာ "ပျော်ရွှင်ခြင်းတွေ" ကိုပဲ အပြိုင်အဆိုင် ပြသနေကြရတဲ့ လောကကြီးထဲ ရောက်နေကြပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကြည့်လိုက်ရင်…»
⚜️ #EIO_Update_News

စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား စခအထိုင်သို့ စခပခ များသည် အိမ်စီးကား (၁၀)စီးဖြင့်ဝင်ရောက်ထားကြောင်း သတင်းရရှိထားပါသည်။

Apr 23, 8:02PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား စခအထိုင်သို့ စခပခ များသည် အိမ်စီးကား (၁၀)စီးဖြင့်ဝင်ရောက်ထားကြောင်း သတင်းရရှိထားပါသည်။ Apr 23, 8:02PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

စစ်ကိုင်းမြို့ ငါးထပ်ကြီးဘုရား စခအထိုင်သို့ စခပခ များသည် အိမ်စီးကား (၁၀)စီးဖြင့်ဝင်ရောက်ထားပြီး အရှေ့အရပ်သို့ ကင်းပတ်၍ ပြန်လည်ထွက်သွားကြောင်း သတင်းရရှိထားပါသည်။

Apr 23, 8:23PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
2🙏1
ယနေ့ခေတ်ကာလတွင် စာသင်ကျောင်းဆိုသည်မှာ ကလေးငယ်များအတွက် လုံခြုံဘေးကင်းရာ မဟုတ်တော့ဘဲ ကြောက်လန့်တုန်လှုပ်ဖွယ်ရာ ကွင်းပြင်တစ်ခု ဖြစ်လာနေပါတော့သည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်ကြားနေသည့် အပြစ်မဲ့ကလေးငယ်များစွာ အသက်ဆုံးရှုံးနေရခြင်းသည် လူသားမဆန်သော လုပ်ရပ်ဖြစ်ပြီး လုံးဝ-လုံးဝ လက်ခံနိုင်စရာ မရှိပါ။

ကျေးလက်ရှိ ကျောင်းစာသင်ခန်းများသည် စစ်မြေပြင်မဟုတ်သလို၊ ခလေးငယ်များသည်လည်း စစ်ရေးပစ်မှတ်များ မဟုတ်ကြပါ။

မိမိတို့၏ အနာဂတ်များကို ရက်စက်စွာ ဖျက်ဆီးနေသည့် ဤလုပ်ရပ်များအပေါ်
#EIO_Admin_Team မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်းနှင့် ယနေ့အချိန်ထိ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု‌ကြောင့် ကျဆုံး၊ထိခိုက် ဒဏ်ရာရသည့် သားငယ် သမီးငယ်များ၊ ကျန်ရစ်သူမိသားစုများနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

ကျွန်ုပ်တို့ တောင်းဆိုသည်မှာ -
အပြစ်မဲ့အရပ်သားများနှင့် စာသင်ကျောင်းများရှိ ခလေးသူငယ်များကို လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်နေမှုများသည် စစ်ရာဇဝတ်မှုဖြစ်ပြီး ချက်ချင်းရပ်တန့်ရန်။


ကလေးသူငယ်များ၏ လုံခြုံစွာ ပညာသင်ကြားခွင့်ကို လေးစားလိုက်နာရန်။
ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများအတွက် ထိုက်တန်သော တရားမျှတမှု ပြန်လည်ရရှိရန်။


ကလေးငယ်တိုင်း လေယာဉ်သံကို ကြောက်လန့်စရာမလိုဘဲ စာသင်ခန်းထဲမှာ အေးချမ်းစွာ ပညာသင်ကြားနိုင်မည့်နေ့ကို ကျွန်ုပ်တို့ အတူတူ မျှော်လင့်ကြပါစို့။🙏🏻

#EIO #Eagle_Information_Operator #StopBombingSchools #StopBombingCivilians #StopKillingCivilians #WarsCrimes #RejectMilitaryCoup #SaveTheChildren #JusticeForCivilians #WhatsHappeningInMyanmar
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «ယနေ့ခေတ်ကာလတွင် စာသင်ကျောင်းဆိုသည်မှာ ကလေးငယ်များအတွက် လုံခြုံဘေးကင်းရာ မဟုတ်တော့ဘဲ ကြောက်လန့်တုန်လှုပ်ဖွယ်ရာ ကွင်းပြင်တစ်ခု ဖြစ်လာနေပါတော့သည်။ မြန်မာနိုင်ငံတစ်ဝန်းတွင် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်ကြားနေသည့် အပြစ်မဲ့ကလေးငယ်များစွာ…»