EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
လစာမရပဲ အသ၊ က်ပေးပြီး တာဝန်ထမ်းတုန်းက ထမ်းပေးခဲ့ပြီး ခုကျမှ တပ်ပြေးသတ်မှတ်တာမျိုး မလုပ်ချင်ပေမယ့် စစ်ဘက်ရေးရာ ရဲဘော်တွေမို့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များကို မဖြစ်မနေ လိုက်နာရမှာဖြစ်သောကြောင့် ထုတ်ပြန်လိုက်ရပါတယ်

ဝေဖန်အကြံပြုလိုပါက ထုတ်ပြန်ချက်ကို အစအဆုံးဖတ်ပြီးမှ ဝေဖန်အကြံပြုပေးကြပါခင်ဗျာ

#မတ္တရာမြို့နယ်ပကဖ

https://www.facebook.com/share/17HZddNwWU/
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအိမ်စီးကား(၁)စီးသံပြားကာကား(၃)စီးနှင့်ယာဥ်တန်းသည် မုံရွာမြို့၊ အိုးရှင်းဇက်ဆိပ်မှ ညောင်ပင်ကြီး ဇက်ဆိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Apr 23, 9:07AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအိမ်စီးကား(၁)စီးသံပြားကာကား(၃)စီးနှင့်ယာဥ်တန်းသည် ဆားလင်းကြီးနယ်၊ ညောင်ပင်ကြီး ဇက်ဆိပ်မှ ဝမ်ပေါင်ကုမဏ္ဏီသို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 23, 9:18AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအိမ်စီးကား(၁)စီးသံပြားကာကား(၃)စီးနှင့်ယာဥ်တန်းသည် ဆားလင်းကြီးနယ်၊ ညောင်ပင်ကြီး ဇက်ဆိပ်မှ ဝမ်ပေါင်ကုမဏ္ဏီသို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Apr 23, 9:18AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအိမ်စီးကား(၁)စီးသံပြားကာကား(၃)စီးနှင့်၁၂ဘီးကား(၁၁)စီး ယာဥ်တန်းသည် ဆားလင်းကြီးနယ်၊ ညောင်ပင်ကြီး ဇက်ဆိပ်မှ ဝမ်ပေါင်ကုမဏ္ဏီသို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။

Apr 23, 9:28AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍1
⚜️ #EIO_Update_News

ဆားလင်းကြီးနယ်၊ ညောင်ပင်ကြီး ဇက်ဆိပ်မှ စခသံပြားကာကား(2)စီးသည် မုံရွာမြို့၊အိုးရှင်းဇက်ဆိပ်ဘက်သို့ ပြန်လည်ကူးနေကြောင်း သတင်းရရှိထားပါသည်။

Apr 23, 10:02AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍2
(23,4,2026) မန္တလေးတိုင်း၊ နေပြည်တော် အေလာ အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော Yak-130 Jet Fighter (1) စီးဖြင့် စစ်ကိုင်းတိုင်း၊ ကလေးဝနယ် တစ်‌နေရာသို့ ယနေ့ နံနက် (9:45) (9:48) ဝန်းကျင် အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏2
(23,4,2026)၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ နမခ အကြမ်းဖက် စစ်ကောင်စီ အထိုင်စခန်းမှ တက်လာသော Gyrocopter (2)စီးသည် စစ်ကိုင်းတိုင်း၊ ကလေးဝနယ် တစ်နေရာတွင် (10:02) (10:07) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ Gyrocopter နှင့် Paramoter စက်တပ်လေထီးများသည် အနိမ့်ပျံသန်းနိုင်သည့်အတွက် သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Region #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
😢2🙏2
(23,4,2026) မန္တလေးတိုင်း၊ မိထ္ထီလာ ရှမ်းတဲ အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော JF-17 Thunder Jet Fighter (1) စီးဖြင့် ဖလမ်းနယ် တစ်‌နေရာသို့ ယနေ့ နံနက်ပိုင်း (10:36) (10:38) (10:42) (10:45) (10:47) ဝန်းကျင်အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု (5) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Falam #Chin_State #AirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
😢1🙏1
(23,4,2026) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော Yak-130 Jet Fighter (1) စီးဖြင့် ဖလမ်းနယ် တစ်‌နေရာသို့ ယနေ့ နံနက်ပိုင်း (10:30) ဝန်းကျင်အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Falam #Chin_State #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏2
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Apr 23, 11:15AM

📌 ရွှေဘို၊ ခလရ (၄၂) မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Shwebo #WhatsHappeningInMyanmar #SecurityUpdate
🙏1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်၍ အသွားအလာပြည်သူများကို မိုင်းရှင်းလင်းခိုင်းနေကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်။

Apr 23, 11:26AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ မိုးညှင်း)ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 23, 11:39AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ရွာထိပ် လမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 23, 11:39AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🚨 အရေးကြီး သတိပေးချက် 🚨

⚠️ မုံရွာ - စစ်ကိုင်း - မန္တလေး လမ်းပိုင်း ခရီးသွားလာ ပြည်သူများ အထူးသတိပြုရန်။

နှစ်စဉ်သင်္ကြန်ကာလ ဖြစ်သော ဧပရယ်လသည် (မုံရွာ - စစ်ကိုင်း - မန္တလေး) လမ်းမကြီး တစ်လျှောက်တွင် အကြမ်းဖက် စစ်ကောင်စီမှ လုံခြုံရေးအခြေအနေများ ပိုမိုတင်းမာမှုများရှိပါသည်။

မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ အကြမ်းဖက်စစ်ကောင်စီ အထိုင်ဂိတ်များနှင့် လမ်းပိုင်းကင်းများတွင် တစ်နယ်တစ်ကျေးမှ အလုပ်လုပ်ကိုင်ပြီး မိမိမွေးရပ်မြေသို့ ပြန်လာ‌ကြ‌သော လူငယ်၊ လူရွယ်များကို အဓိက ပစ်မှတ်ထား၍ ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများ ခပ်စိပ်စိပ် ပြုလုပ်နေကြောင်း သိရှိရပါသည်။

အကြမ်းဖက် စစ်ကောင်စီမှ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခြင်းခံရသော လူငယ်၊လူရွယ်များ၏ မိခင်များ၊ဆွေမျိုးပေါက်ဖော်များမှ ငိုကြွေးသံများနှင့် မိမိတို့ #EIO_Admin_Team ထံသို့ ရင်ဖွင့်ပြောဆိုမှုများကိုလည်း အလွန်ပင် ထပ်တူဝမ်းနည်းခြင်းဖြစ်မိပါသည်။

⚠️မဖြစ်မနေ ခရီးသွားလာ‌နေကြရပါသော မိဘပြည်သူ၊ညီအစ်ကို‌မောင်နှမများအနေဖြင့် အောက်ပါ "ဆောင်ရန်/ရှောင်ရန်" အချက်များကို အထူးဂရုပြု လိုက်နာကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။🙏🏻


🛡️ ဆောင်ရန်များ။ (Do's)

🔷သတင်းကြိုတင်နားစွင့်ပါ။

ခရီးမထွက်ခွာမီ လမ်းကြောင်းပေါ်ရှိ မြေပြင်အခြေအနေနှင့် ဂိတ်များ၏ အခြေအနေကို သတင်းပြန်ကြားရေး Page များ၊ချန်နယ်များနှင့် သက်ဆိုင်ရာ နယ်မြေခံများတွင် အမြဲမပြတ် စစ်ဆေးပါ။

🔷မှတ်ပုံတင်ဆောင်ထားပါ။

မလိုအပ်ဘဲ စစ်ဆေးမေးမြန်းခံရမှု သက်သာစေရန် မိမိ၏ မှတ်ပုံတင် (မူရင်း) ကို အမြဲဆောင်ထားပါ။

🔷ဖုန်းအတွင်းရှိ အချက်အလက်များရှင်းလင်းပါ။

ဖုန်းထဲတွင် အရေးကြီးသည့် အချက်အလက်များ၊ ဓာတ်ပုံများနှင့် လူမှုထူးခြားဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကြိုတင်ရှင်းလင်းထားပါ။

🔷လူစုလူဝေးဖြင့် သွားလာပါ။

ဖြစ်နိုင်ပါက တစ်ဦးတည်းသွားလာခြင်းထက် မိသားစု (သို့မဟုတ်) ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းများဖြင့် သွားလာပါ။

⚠️ ရှောင်ရန်များ။ (Don'ts)

♦️ညဘက်ခရီးမသွားပါနှင့်။

မဖြစ်မနေကိစ္စမှလွဲ၍ ညဦးပိုင်းနှင့် ညဖက် ခရီးသွားလာခြင်းကို အပြည့်အဝ ရှောင်ကြဉ်ပါ။

♦️ယူနီဖောင်း/စစ်ဘက်သုံးပစ္စည်းများ ရှောင်ပါ။

စစ်ဘက်နှင့် ဆက်စပ်နိုင်သည့် အရောင်များ (ဥပမာ- သံလွင်ရောင်၊ ကာကီရောင်) နှင့် အဝတ်အစားများကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။

♦️စကားအပြောအဆို ဆင်ခြင်ပါ။

ခရီးသွားစဉ်အတွင်း ဘေးပတ်ဝန်းကျင်ရှိ မသိကျွမ်းသူများနှင့် နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်း မပြုပါနှင့်။

♦️စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် မတွန့်ဆုတ်ပါနှင့်။

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များသို့ ရောက်ရှိပါက ပုံမှန်အတိုင်း တည်ငြိမ်စွာ ဆက်ဆံပါ။ တုံ့ဆိုင်းနေခြင်းက ပိုမိုသံသယပွားစေနိုင်ပါသည်။

🛑 [STOP] - မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ခေတ္တဆိုင်းငံ့ထားကြပါ။‼️

ခရီးသွားမိဘပြည်သူ ညီအကို မောင်နှမများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိမိတို့၏ ခရီးစဉ်များကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ကြပါစေကြောင်း မိမိတို့ #EIO_Admin_Teamမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🏻

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)

🔵 https://www.facebook.com/eagleinformation
🌐 https://t.me/eagleinformationoperator

#Eagle_Information_Operator #EIO #GroundInfo #EmergencyAlert #CivilianMilitaryServiceLaw #MilitaryServiceTraining #UnlawfulArrest #HumanRightsViolation #Public_Safety #TravelSafely
🙏1
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Apr 23, 11:40AM

📌 ပေါက်နယ် ကပစ (24) မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #WhatsHappeningInMyanmar #SecurityUpdate
🙏1
⚜️ #EIO_Update_News

ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံနှင့် မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာသို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။

Apr 23, 11:42AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက် Eagle Information Operator (#EIO) Date - Apr 23, 11:40AM 📌 ပေါက်နယ် ကပစ (24) မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။…»
🚨မုံရွာ-ချောင်းဦး🚨

(မုံရွာတောင် -‌ ချောင်းဦး) လမ်းမကြီးတလျှောက်တွင် စခများသည် လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူထားပြီး ခြေရှုပ်နေကြောင်း သတင်းရရှိထားပါသည်။

ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် ဘေးကင်းလုံခြုံရေးကို ဦးစားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
📲 သတင်းပေးပို့ရန် -
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Monywa #SecurityTips #StaySafe
🙏2
အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။

​ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါသည်။

​ကျွန်ုပ်တို့တွင် လိုအပ်ချက်များ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်သူ့ထံမှ တပြားတချပ်မျှ အလှူခံခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ပါ။

🛡️ သိက္ခာရှိသော ရပ်တည်ချက်နှင့် ပေးဆပ်မှု။

#EIO တွင် ပါဝင်နေသော #Admin များသည် ကိုယ်ပိုင်အလုပ်အကိုင်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြသူများဖြစ်ပြီး မိမိတို့၏ အိတ်စိုက်ငွေများဖြင့်သာ ပြည်သူ့အကျိုးအတွက် ရှေ့ရှုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

🚫မျောက်ပြဆန်တောင်းခြင်း လုံးဝမရှိပါ

တော်လှန်ရေးအမည်ခံကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ အလှူခံထွက်ခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒမဟုတ်ပါ။

ပြန်လည်မျှဝေခြင်းသာရှိသည်

အမှန်တကယ် လိုအပ်နေသူများနှင့် အခက်အခဲကြုံနေရသူများအတွက် အထိုင်ဖုန်း၊ အိုင်ကွန်စကားပြောစက်၊ ဆက်သွယ်ရေးတိုင်နှင့် ဖုန်းဘေလ်များအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို (၄/၅) ဆယ်သိန်းအထိ မိမိတို့ အိတ်စိုက်ဝင်ငွေထဲမှ ပြန်လည်ဝေမျှပေးကမ်းလျက် ရှိပါသည်။

📢 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်။

"တော်လှန်ရေးအတွက် အောက်ကျခံပြီး အလှူလိုက်ခံနေရမယ်ဆိုရင် လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ၊ မျောက်ပြပြီး ဆန်တောင်းတဲ့အလုပ်မျိုး မိမိတို့ #EIO ဘယ်တော့မှ မလုပ်ဘူး"


မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။

​"ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻

#EIO_Admin_Team #Eagle_Information_Operator #Stand_With_Truth #Technological_Revolution #No_Donation_Accepted #RevolutionaryEthics #HonorableRevolution
1👍1
⚠️ အရေးကြီးသတိပေးချက်- ဆိုရှယ်မီဒီယာပေါ်မှ ငွေကြေးလိမ်လည်မှုနှင့် သတင်းနှိုက်ခြင်းများကို သတိပြုရန်။

ယခုနောက်ပိုင်းတွင် တော်လှန်ရေးအမည်ခံ၍ #Facebook ပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် လိမ်လည်ခြင်းနှင့် သတင်းစုဆောင်းခြင်းများ ပိုမိုများပြားလာပါသည်။

မိမိတို့၏ လုံခြုံရေးနှင့် စေတနာအလှူငွေများ လေလွင့်မှုမရှိစေရန် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန် နှိုးဆော်အပ်ပါသည်။

🚩 သတိပြုရမည့် အကောင့်တုများ၏ ဝိသေသလက္ခဏာများ။

⚠️ ပုံရိပ်အလွဲသုံးစားလုပ်ခြင်း။

ဆွဲဆောင်မှုရှိသော မိန်းကလေးပုံများ သို့မဟုတ် လူထုခေါင်းဆောင်၏ ပုံများကို အသုံးပြု၍ လူယုံကြည်အောင် ဖန်တီးထားခြင်း။

⚠️ Followers တိုးအောင် လုပ်ဆောင်ခြင်း။

စိတ်ဝင်စားဖွယ် သတင်းအမှား/အမှန်များကို ရောနှောတင်ပြီး လူကြည့်များအောင် ဦးတည်လုပ်ဆောင်ခြင်း။

⚠️ Messenger မှ တိုက်ရိုက်ဆက်သွယ်ခြင်း။

မသိကျွမ်းသည့် အကောင့်များမှ Messenger သို့ လာရောက်၍ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုခုအတွက်ဟု အကြောင်းပြကာ အလှူခံခြင်း။

ဆောင်ရန်နှင့် ရှောင်ရန်များ။ (Dos and Don'ts)

⚠️ စိစစ်ပါ။

အလှူခံသည့် အကောင့်သည် သက်ဆိုင်ရာအဖွဲ့အစည်း၏ #Official Page မှ ဟုတ်မဟုတ် သေချာစွာ စစ်ဆေးပါ။

🚫 မယုံပါနှင့်။

Messenger သို့ လာရောက်အလှူခံသော အကောင့်မှန်သမျှကို အလွယ်တကူ မယုံကြည်ပါနှင့်။

⚠️ သတင်းလုံခြုံရေး။

မိမိနှင့် နီးစပ်ရာ တော်လှန်ရေးသတင်းများကို မည်သူ့ကိုမျှ အလွယ်တကူ မပြောပါနှင့်။

⚠️ သတင်းမပေးပါနှင့်။

အကောင့်ပိုင်ရှင်ကို လူကိုယ်တိုင် သေချာမသိဘဲ မိမိဒေသတွင်း အခြေအနေများကို မဆွေးနွေးပါနှင့်။

Report ထုပါ။

သံသယဖြစ်ဖွယ် အကောင့်တုများကို တွေ့ရှိပါက ဝိုင်းဝန်း Report ထုပြီး အများသိအောင် လူသိရှင်ကြား (Public) တင်၍ သတိပေးပါ။

🚫 Link များမနှိပ်ပါနှင့်။

Messenger မှ ပေးပို့လာသော သံသယဖြစ်ဖွယ် Link များကို နှိပ်ခြင်းမှ ရှောင်ကြဉ်ပါ။

💡 ထိရောက်သော အကြံပြုချက်။

တော်လှန်ရေးအတွက် အမှန်တကယ် လှူဒါန်းလိုပါက မိမိတို့ယုံကြည်စိတ်ချရသော၊ ချိတ်ဆက်မှုရှိပြီးသားဖြစ်သော တရားဝင်အလှူခံ #Channel များ (သို့မဟုတ်) #Official Page များမှ တစ်ဆင့်သာ တိုက်ရိုက်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

"သတိတစ်ချက် လွတ်ရုံဖြင့် မိမိလုံခြုံရေးသာမက တော်လှန်ရေးအတွက်ပါ ထိခိုက်နိုင်သည်ကို သတိပြုပါ။"

#Eagle_Information_Operator #EIO #EmergencyAlert #SocialMediaSafety #Awareness #FakeAccounts #ScamAlert
🙏1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 23, 12:12PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator