EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
🚨 သင်္ကြန်အလွန်မှ ပေါ်ထွက်လာသော မျက်နှာဖုံးများနှင့် ပြည်သူ့ဘေးကင်းရေး သတိပေးချက်။ ⚠️

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကြီး ပြီးဆုံးသွားသည်နှင့်အမျှ မြို့ပြနှင့် ကျေးလက်ဒေသ အသီးသီးတွင် ကြားသိနေရသည့် သတင်းစကားများမှာ ရင်လေးဖွယ်ရာ အတိဖြစ်နေသည်။ သင်္ကြန်ပွဲတော် မတိုင်မီက "မဖမ်းပါဘူး၊ မဆွဲပါဘူး" ဟူသော ချိုသာသည့် ကတိကဝတ်များ၊ ပွဲတော်တွင် လူစည်ကားစေရန် အုပ်ချုပ်ရေးမှူးများ၏ ဆွဲဆောင်စည်းရုံးမှုများမှာ ယခုအခါ နေပူရှိန်အောက်တွင် အငွေ့ပျံပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

♦️မျက်နှာဖုံးစွပ်များ ကွာကျလာခြင်း။

သင်္ကြန်ကာလအတွင်း အတုအယောင် ပျော်ပွဲရွှင်ပွဲများဖြင့် ပြည်သူကို လှည့်စားခဲ့သည့် အစီအစဉ်များနောက်ကွယ်တွင် မရိုးသားသည့် ရည်ရွယ်ချက်များ ရှိနေခဲ့သည်မှာ ယခုအခါ ထင်ရှားလာသည်။ ပွဲတော်အပြီး ရက်ပိုင်းအတွင်းမှာပင် မြို့နယ်အသီးသီး၌ လူငယ်လူရွယ်များကို ပစ်မှတ်ထားကာ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်း လုပ်ရပ်များ ပြန်လည်စိပ်လာသည်ကို မြင်တွေ့နေရသည်။

၎င်းသည် လူငယ်များကို ပွဲတော်ကာလအတွင်း အသုံးချခဲ့ရုံသက်သက်သာ ဖြစ်ကြောင်းနှင့် သင်္ကြန်အပြီးတွင်မူ မူလရည်မှန်းချက်ဖြစ်သည့် စစ်အင်အားဖြည့်တင်းရေးအတွက် အကြမ်းဖက် နည်းလမ်းများကို ပြန်လည်အသုံးပြုလာခြင်း ဖြစ်သည်။ "သင်္ကြန်မှာ ပျော်ခဲ့ရင်... အခုတော့ ပြန်ပေးဆပ်ရတော့မယ်" ဟူသော အငြိုးအတေးဖြင့် လုပ်ဆောင်နေသကဲ့သို့ ခံစားရသည်ဟု မိဘပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

♦️လက်ရှိအခြေအနေနှင့် ပစ်မှတ်ထားမှုများ။

ယခုရက်ပိုင်းအတွင်း လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများနှင့် ရပ်ကွက်အဝင်အထွက်များတွင် ရှောင်တခင် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသည်။ အထူးသဖြင့် အသက်အရွယ်အပိုင်းအခြားအလိုက် လူငယ်များကို ပစ်မှတ်ထားကာ အကြောင်းပြချက်မရှိ အကြမ်းဖက် စစ်ကောင်စီများမှ ဖမ်းဆီးခေါ်ဆောင်သွားမှုများက မိသားစုများအတွက် စိုးရိမ်ပူပန်မှု အကြီးအကျယ် ဖြစ်စေပါသည်။

⚠️ ပြည်သူများအတွက် အရေးပေါ် လုံခြုံရေးလမ်းညွှန်ချက်။

ယခုကဲ့သို့ အန္တရာယ်ရှိသော အခြေအနေတွင် မိမိကိုယ်ကိုနှင့် မိမိပတ်ဝန်းကျင်ကို အကာအကွယ်ပေးနိုင်ရန် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြပါရန် တိုက်တွန်းလိုပါသည်။


၁။ သတင်းအချက်အလက်ကို မျက်ခြေမပြတ် စောင့်ကြည့်ပါ။

မိမိတို့ နေထိုင်ရာ ရပ်ကွက်၊ မြို့နယ်အတွင်းရှိ Local Information Group များ၊ လူမှုကွန်ရက် သတင်းစာမျက်နှာများကို အမြဲမပြတ် စောင့်ကြည့်ပါ။ မည်သည့်နေရာတွင် စစ်ဆေးမှုများရှိနေသည်၊ မည်သည့်လမ်းကြောင်းမှာ အန္တရာယ်ရှိနိုင်သည်ကို ကြိုတင်သိရှိထားခြင်းက ဘေးကင်းဖို့ ပထမဆုံးခြေလှမ်း ဖြစ်သည်။

၂။ သွားလာမှုတွင် အထူးသတိထားပါ။

မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် ည‌နေပိုင်၊အလုပ်သိမ်း အိမ်ပြန်ချိန်နှင့် မနက်စောစော အချိန်များတွင် ပိုမိုသတိထားပါ။ လမ်းမကြီးများထက် ဘေးကင်းသည်ဟု စိတ်ချရသော လမ်းကြိုလမ်းကြားများကို အသုံးပြုပါ (သို့သော် လမ်းကြိုလမ်းကြားများတွင်လည်း ကင်းပုန်းများ ရှိနိုင်သည်ကို သတိပြုပါ)။

၃။ အပြန်အလှန် သတင်းပေးစနစ် ကျင့်သုံးပါ။

မိမိတို့ ပတ်ဝန်းကျင်တွင် ထူးခြားသည့် လှုပ်ရှားမှုများ၊ အမည်မသိ ယာဉ်များ (သို့မဟုတ်) အကြမ်းဖက် စစ်ကောင်စီ၏ စစ်ဆေးရေးများကို တွေ့ရှိပါက နီးစပ်ရာ မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်များကို ချက်ချင်း အသိပေး လက်ဆင့်ကမ်းပါ။ ဖုန်းဆက်သွယ်ရာတွင်လည်း လုံခြုံသော စကားလုံးများကို အသုံးပြုရန် လိုအပ်ပါသည်။

၄။ နည်းပညာနှင့် ဖုန်းလုံခြုံရေး။

လမ်းခရီးတွင် ဖုန်းစစ်ဆေးခံရနိုင်ခြေရှိသဖြင့် ဖုန်းအတွင်းရှိ အထိခိုက်မခံသော အချက်အလက်များ၊ သတင်းစကားများကို ပုံမှန်ရှင်းလင်းထားပါ။ လိုအပ်ပါက အရေးပေါ် ဆက်သွယ်နိုင်မည့် နံပါတ်များကို အလွတ်မှတ်ထားပါ။

သင်္ကြန်အလွန်ကာလသည် ပိုမိုသတိထားရမည့် အချိန်ဖြစ်လာသည်။ အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်လျှင် ၎င်းတို့၏ ကတိကဝတ်များသည် ယုံကြည်စိတ်ချရမှု မရှိကြောင်း ပြသနေပါသည်။

ထို့ကြောင့် မိဘပြည်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များအနေဖြင့် အစစအရာရာ အစွန်းရောက် သတိရှိရှိဖြင့် နေထိုင်သွားလာကြပါရန် #Eagle_Information_Operator အဖွဲ့သားများမှ လေးနက်စွာ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

"သတိဟူသည် အပိုမရှိပါ။ ဘေးကင်းလုံခြုံကြပါစေ"။🙏🏻

#EIO #Eagle_Information_Operator #PublicSafety #Alert #SecurityUpdate #SafeGuardYouth #EmergencyAlert #StaySafe #CivilianMilitaryServiceLaw #MilitaryServiceTraining
#BasicRecruitTraining #MilitaryCommission #UnlawfulArrest
#HumanRightsViolation
1🙏1
Forwarded from MMWeather
ချောက်မြို့ ၄၃.၇°C နှင့် မင်းဘူးမြို့ ၄၃.၄°C ၁၁၃၀ နာရီမှာ အပူဆုံးမြို့များစာရင်းဝင်လာပါတယ်။ နွေရာသီမှာ မကွေးတိုင်းရဲ့ ပူနေကျ ပုံမှန်အပူချိန်တွေပါဘဲ၊
အပူလှိုင်းဖြတ်မယ်တို့ အပူလွန်ကဲမယ်တို့ တောင်စဉ်ရေမရပြောနေကြတာတွေအတွက် ဦးဏှောက်ပါတဲ့ မိတ်ဆွေများ ကိုယ်တိုင်စဉ်းစားချင့်ချိန်သုံးသပ်ကြပါ၊ အပြင်က သတင်းတွေလဲ ဒီမှာ လာပြီး share မနေကြပါနဲ့။
🙏1
(၂၁,၄,၂၀၂၆)၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နမခ အကြမ်းဖက် စစ်ကောင်စီ အထိုင်စခန်းမှ တက်လာသော #Kamikaze Sucide Drone (၃)စီးသည် အရာတော်နယ်တွင် ယနေ့ နံနက်ပိုင်း (၁၁:၂၉) (၁၁:၃၂) (၁၁:၃၄)အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ #UAV Scout Drone နှင့် #Kamikaze Sucide Drone များသည် အနိမ့်ပျံသန်းနိုင်သည့်အတွက် သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Ayadaw #Sagaing_Division #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏2
(၂၁,၄,၂၀၂၆) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော Yak-130 Jet Fighter (၁) စီးဖြင့် တန့်ဆည်နယ် တစ်‌နေရာသို့ ယနေ့ နေ့လည်ပိုင်း (၁၂:၁၅)ဝန်းကျင် အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Division #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
👍1🙏1
(၂၁,၄,၂၀၂၆) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ ဒုတိယအကြိမ် တက်လာသော Yak-130 Jet Fighter (၁) စီးဖြင့် တန့်ဆည်နယ် တစ်‌နေရာသို့ ယနေ့ နေ့လည်ပိုင်း (၁၂:၂၅)ဝန်းကျင် အချိန်ခန့်တွင်လည်း လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Division #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏1
(၂၁,၄,၂၀၂၆) မန္တလေးတိုင်း၊ မိထ္ထီလာ အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော JF-17 Thunder Jet Fighter (၁) စီးဖြင့် တန့်ဆည်နယ် တစ်‌နေရာသို့ ယနေ့ နေ့လည်ပိုင်း (၁၂:၂၆) မှ (၁၂:၃၅)ဝန်းကျင် အချိန်ခန့်ထိ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု (၇)ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Division #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏1
(၂၁,၄,၂၀၂၆) မန္တလေးတိုင်း၊ မိထ္ထီလာ အကြမ်းဖက် လေတပ်ဌာနချုပ် မှ ထပ်မံ၍ တက်လာသော JF-17 Thunder Jet Fighter (၁) စီးဖြင့် တန့်ဆည်နယ် တစ်‌နေရာသို့ ယနေ့ နေ့လည်ပိုင်း (၂:၅၆) မှ (၃:၀၃) ဝန်းကျင် အချိန်ခန့်ထိ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု (၄)ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Sagaing_Division #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏1
⚜️ #EIO_Update_News

မုံရွာမြို့၊ စက်မှုဇုန် သုံးထောင့်ချွန်း အနီးတွင် စခအိမ်စီးကား(၄)စီး၊ဒိုင်နာကား(၁)စီး ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

Apr 21, 4:45PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
Forwarded from MMWeather
“အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းနှင့်မြောက်ပိုင်းပင်လယ်ပြင်များတွင် ထူးခြားသောမိုးလေဝသအခြေအနေဖြစ်ပေါ်ရန်မရှိပါ၊ ‘summer-storm’ ဟုခေါ်သော ‘နွေရာသီတွင်ဖြစ်ပေါ်တတ်သည့်မိုးသက်လေပြင်းများ’ကို သတိပြုကြရပါမယ်၊ နွေရာသီကာလအတွင်း ပုံမှန်ဖြစ်မြဲအပူချိန်များမှအပ အပူလွန်ကဲခြင်း အပူလှိုင်းဖြတ်ခြင်းများမရှိနိုင်ပါ”
(ဧပြီလ ၂၁ ရက် ညနေ ၄ နာရီ Update)
====

• ဧပြီလ ၂၂ ရက် မှ ၂၈ ရက်အတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော် စသည့်ပြည်နယ်/တိုင်းဒေသအချို့တွင် နေ့အပူချိန်အမြင့်ဆုံး ၃၉°C မှ ၄၂°C အထိရှိနေနိုင်ပြီး မကွေးတိုင်းမြို့နယ်အချို့တွင် ၄၃°C မှ ၄၄°C ရှိနိုင်ပါတယ်။ နွေရာသီ၏ ပုံမှန်ဖြစ်မြဲနေ့အပူချိန်များသာဖြစ်နိုင်ပြီး အပူလွန်ကဲသည့် အပူချိန်များအထိမရောက်နိုင်ပါ။

• ဧပြီလ ၂၅ ရက် နံနက်ပိုင်းမှစတင်ပြီး မြန်မာ-ထိုင်း-လာအိုနယ်စပ်ကိုဖြတ်ကျော်ဝင်ရောက်လာနိုင်သည့် မိုးတိမ်များကြောင့် တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်တွေမှာ မိုးအနည်းငယ်မှ မိုးအသင်အတင့် ထစ်ချုန်းရွာနိုင်ပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်တွေမှာ မိုးရွာနိုင်မည့်အခြေအနေ အလွန်နည်းနိုင်ပါမယ်။

• ယခုတပတ်အတွင်း ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာ မိုးရေချိန်အများဆုံးရရှိနိုင်ပြီး၊ ကျန်ပြည်နယ်တိုင်းတွေမှာတော့ နေရာကွက်၍မိုးသည်းထန်နိုင်သည့်ဒေသများမှအပ မိုးရေချိန်အနည်းငယ်သာရရှိနိုင်၊ မိုးရွာနှုန်းအလွန်နည်းနေပါမယ်။

• အနောက်တောင်မုတ်သုံလေကို အစပျိုးဖြစ်ပေါ်စေသည့် ဆိုမာလီယာဂျက်(ခေါ်)FINDLATER JET သည် မေလ ၃ ရက်နေ့မှ မေလ ၆ ရက်နေ့အတွင်း စတင်ဖြစ်ပေါ်ရန် တာစူနေသော်လည်း၊ အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း မာဒါဂတ်စကားကျွန်းအနီးမှ Mascarene ကျွန်းစုအနီးဖြစ်ပေါ်သည့် လေဖိအားများရပ်ဝန်းကြီး ‘H’ မဖြစ်သေး၍ အားကောင်းခြင်းမရှိသေးပါ။

မြန်မာနိုင်ငံပြည်နယ်တိုင်း ၁၅ ခုမှ မြို့/မြို့နယ်ပေါင်း ၃၅၀ ကျော်၏ ၄ ရက်စာ မိုးလေဝသအခြေအနေ widget များနှင့် ကြည့်နည်း - https://www.mmweather.org/divisional-cities-weather
🙏1
ဒဏ်ခတ်ပိတ်ဆို့
သပိတ်မှောက်
ဖိအားပေး
ဖော်ထုတ်
ရင်းနှီးမြှုပ်နှံမှုရုပ်သိမ်း
စစ်ရာဇဝတ်ဂိုဏ်းအား ဖြိုချဖျက်သိမ်း

ထိုခြေလှမ်းများက နိုင်ငံတကာရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်နိုင်ဖို့အတွက် အသုံးပြုတဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်နဲ့ စက်ပစ္စည်းကိရိယာတွေအပေါ် စစ်ရာဇဝတ်ဂိုဏ်းရဲ့ ချုပ်ကိုင်မှုကို ရိုက်ချိုးဖျက်ဆီးနိုင်မှာ ဖြစ်ပါတယ်။ ဖိအားပေးထိုးနှက်မှုကို အရှိန်မြှင့်စို့ ✊🏽

မြန်မာစစ်ရာဇဝတ်ဂိုဏ်းအား မုချ ဖျက်သိမ်းရမည်။

#JusticeForMyanmar

EXPOSE.
PRESSURE.
BOYCOTT.
SANCTION.
DIVEST.
DISMANTLE.

These steps can break the military cartel’s grip on funds, arms and equipment that it needs to continue carrying out its campaign of terror against the Myanmar people.

The Myanmar military cartel must be dismantled! ✊🏽

#JusticeForMyanmar
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
🙏1
🚨 အရေးကြီးသတိပေးချက် - သင့်ရဲ့ Post ဟာ ရန်သူ့အတွက် အခွင့်အရေး မဖြစ်ပါစေနဲ့ 🚫

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် ဟာ ပြည်သူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။

လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း (သို့မဟုတ်) ဖြစ်ပွားပြီးပြီးချင်း အသေးစိတ်ကို လူမှုကွန်ရက်ပေါ် တင်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုး ကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

🚫 ဘာကြောင့် (ချက်ချင်း) မတင်သင့်သလဲ⁉️ ⚠️

♦️၁။ ရန်သူကို ကူညီရာရောက်ခြင်း (Real-time Feedback) 🎯

⚠️ ပစ်မှတ်ညှိခြင်း။

"ဘယ်နေရာကို ကျသွားပြီ" လို့ တင်လိုက်တာဟာ ၎င်းတို့အတွက် #Live Feedback ပေးလိုက်တာနဲ့ တူပါတယ်။ ပစ်မှတ်လွဲသွားရင် နောက်တစ်ကြိမ်မှာ တည့်အောင် ပြန်ညှိဖို့ အချက်အလက်ပေးသလို ဖြစ်စေပါတယ်။

⚠️ ထိရောက်မှုစစ်ဆေးခြင်း။

သေဆုံး/ဒဏ်ရာရ စာရင်းတွေဟာ ၎င်းတို့ရဲ့ စစ်ဆင်ရေး အောင်မြင်မှု ရှိ/မရှိကို အခမဲ့ သတင်းပေးလိုက်တာ ဖြစ်ပါတယ်။

♦️၂။ ကယ်ဆယ်ရေးအဖွဲ့များကို အန္တရာယ်ဖြစ်စေခြင်း။ (#Double Tap Attack) 🚑

ပထမအကြိမ် ဗုံးကြဲပြီးနောက် လူစုဝေးလာချိန် (သို့မဟုတ်) ကယ်ဆယ်ရေးလုပ်နေချိန်မှာ အကြမ်းဖက် စစ်ကောင်စီသည် #UAV Scout Drone များပျံဝဲကင်း‌ထောက်ပြီး ဒုတိယအကြိမ် ထပ်မံဗုံးကြဲတဲ့ "Double Tap" နည်းဗျူဟာကို အများဆုံး သုံးလေ့ရှိပါတယ်။ သတင်းချက်ချင်းတင်ခြင်းက လူစုလူဝေးကို ဖြစ်စေပြီး အသေအပျောက် ပိုများစေနိုင်ပါတယ်။

♦️၃။ နောက်ဆက်တွဲ ပစ်မှတ်များကို လမ်းညွှန်ပေးခြင်း။ 📍

ဓာတ်ပုံ/ဗီဒီယိုတွေမှာပါတဲ့ ဘုရား၊ ကျောင်း၊ ဆေးရုံ စတဲ့ အထင်ကရနေရာတွေဟာ အကြမ်းဖက် စစ်ကောင်စီအတွက် နောက်ထပ်ပစ်မှတ်ထားရမယ့် Coordinates (တည်နေရာပြအမှတ်အသား) တွေကို အလကားပေးလိုက်သလို ဖြစ်စေပါတယ်။

♦️၄။ မြေပြင်သတင်းပေး (ဒလန်) များအတွက် အချက်အလက်ဖြစ်ခြင်း။ 🕵️‍♂️

အွန်လိုင်းပေါ်က အချက်အလက်တွေကို စုစည်းပြီး ပိုမိုတိကျတဲ့ သတင်းအချက်အလက်တွေ ရရှိသွားစေပါတယ်။

♦️၅။ မိသားစုဝင်များ၏ လုံခြုံရေးနှင့် စိတ်ဒဏ်ရာ 💔

ရုပ်အလောင်း ဒါမှမဟုတ် ဒဏ်ရာရပုံတွေကို မိသားစုဝင်တွေ အင်တာနက်မှာ အရင်မြင်တွေ့ရခြင်းက ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ဖြစ်စေပါတယ်။

ဒဏ်ရာရသူတွေရှိတဲ့ နေရာကို သတင်းပေါက်ကြားခြင်းက အဆိုပါနေရာ (ဥပမာ-ဆေးရုံဆေးခန်း) ကို ထပ်မံတိုက်ခိုက်ဖို့ လမ်းပြသလို ဖြစ်နိုင်ပါတယ်။

💡 ပြည်သူသို့ အကြံပြုချက် - ဘယ်လိုလုပ်ဆောင်ကြမလဲ? ⁉️

၁။ အချိန်ဆိုင်းပါ။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အနည်းဆုံး (၃) နာရီမှ (၆) နာရီ ခန့် ကြာမှသာ သတင်းကို ထုတ်ပြန်ပါ။ မလောပါနဲ့-မြေပြင်သတင်းကို မြေပြင်က ပြည်သူများသာ သိဖို့ အဓိကဖြစ်ပါတယ်။

၂။ တည်နေရာ အတိအကျကို ရှောင်ပါ။

"ဘယ်ရွာ၊ ဘယ်လမ်း" စတဲ့ အသေးစိတ်တွေအစား "ဘယ်မြို့နယ်အတွင်း" စသဖြင့် ယေဘုယျသာ ရေးသားပါ။

၃။ ဓာတ်ပုံနှင့် ဗီဒီယို။

ပတ်ဝန်းကျင် အမှတ်အသားတွေ မပါအောင် သတိထားပါ။ သွေးပျက်ဖွယ် ပုံရိပ်တွေကို လုံးဝမတင်ပါနဲ့။

၄။ တရားဝင် သတင်းဌာနများကိုသာ ပို့ပါ။

မိမိ Account မှာ တင်မယ့်အစား #Media_Ethics ရှိတဲ့ သတင်းဌာနတွေ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေဆီကိုသာ လုံခြုံတဲ့ Channel (ဥပမာ - Signal) ကနေ ပေးပို့ပါ။

📢 သတိပြုရန်။ ⚠️

သင်တင်လိုက်တဲ့ #Post တစ်ခုဟာ ရန်သူ့အတွက် နောက်တစ်ဖန် အခွင့်အရေး ဖြစ်သွားနိုင်သလို၊ သင့်ရဲ့ ဆင်ခြင်တုံတရားက ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။🙏🏻

#Eagle_Information_Operator #EIO #Air_Raid_Safety #StopKillingCivilians #StopBombingCivilians #MilitaryTerrorists #MiliitaryAtrocities #WarCrimes #WhatsHappeningInMyanmar #RejectMilitaryCoup #JusticeForMyanmar
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨 အရေးကြီးသတိပေးချက် - သင့်ရဲ့ Post ဟာ ရန်သူ့အတွက် အခွင့်အရေး မဖြစ်ပါစေနဲ့ 🚫 မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် ဟာ ပြည်သူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း (သို့မဟုတ်)…»
(၂၁,၄,၂၀၂၆)၊ စစ်ကိုင်းတိုင်း၊ ရွှေဘို ခလရ(၄၂) အကြမ်းဖက် စစ်ကောင်စီ အထိုင်စခန်းမှ တက်လာသော #Kamikaze Sucide Drone (၁)စီးသည် ရွှေဘိုနယ် တစ်နေရာတွင် ယနေ့ နေ့လည်ပိုင်း (၃:၃၉) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ #UAV Scout Drone နှင့် #Kamikaze Sucide Drone များသည် အနိမ့်ပျံသန်းနိုင်သည့်အတွက် သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Shwebo #Sagaing_Division #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
"မေတ္တာတရား၏ အင်အားနှင့် ပြည်သူ့ရင်ခွင်သို့ ကျန်းမာစွာဖြင့် အမြန်ဆုံးပြန်လာစေလိုသော ဆုတောင်းလွှာ"

ယနေ့ကဲ့သို့ ခက်ခဲနက်ရှိုင်းသော အချိန်ကာလများအတွင်း မြန်မာပြည်သူပြည်သားများ၏ ရင်ထဲတွင် တူညီသော မျှော်လင့်ချက်တစ်ခု၊ တစ်သားတည်းကျသော ဆုတောင်းသံတစ်ခုက ဟိန်းဟိန်းတောက် ပဲ့တင်ထပ်လျက်ရှိပါသည်။ ထိုဆုတောင်းသံမှာ အခြားမဟုတ်၊ ကျွန်ုပ်တို့အားလုံး လေးစားချစ်ခင်ရသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာဘေးကင်းစွာဖြင့် အချုပ်အနှောင်မှ ကျန်းမာစွာ အမြန်ဆုံး လွတ်မြောက်လာပါစေကြောင်းပင် ဖြစ်ပါသည်။ 🕊️

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတွင်သာမက ပြည်သူတို့၏ နှလုံးသားထဲတွင်ပါ ခိုင်မာသော စိတ်ဓာတ်နှင့် မေတ္တာတရား၏ ပြယုဂ်တစ်ခုအဖြစ် ရပ်တည်ခဲ့သူ ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ စွန့်လွှတ်အနစ်နာခံမှုများ၊ ခိုင်ကြည်သော ရပ်တည်ချက်များဖြင့် တိုင်းပြည်နှင့် လူမျိုးအတွက် ရှေ့တန်းက ရပ်တည်ပေးခဲ့သည့် သူမ၏ ကျေးဇူးတရားမှာ ဖော်ပြ၍ မကုန်နိုင်အောင်ပင် ရှိလှပါသည်။ 🙏

ယခုကဲ့သို့သော အချိန်တွင် သူမ၏ ကျန်းမာရေးနှင့် ပတ်သက်၍ ပြည်သူအပေါင်းက စိုးရိမ်ပူပန်နေကြသည်မှာ မြတ်နိုးမှု၏ သက်သေပင် ဖြစ်ပါသည်။ အေးချမ်းသာယာပြီး တရားမျှတသော လူ့အဖွဲ့အစည်းကို ဖော်ဆောင်လိုသည့် သူမ၏ ဆန္ဒများ မပျက်မယွင်းဘဲ ပြည်သူ့ရင်ခွင်သို့ ကျန်းကျန်းမာမာဖြင့် ပြန်လည်ရောက်ရှိလာရန်မှာ တစ်မျိုးသားလုံး၏ အလိုအပ်ဆုံးသော ဆန္ဒတစ်ခု ဖြစ်နေပါသည်။ 🕯️💪

မိမိတို့ #EIO (#Eagle_Information_Operator) အနေဖြင့်လည်း သတင်းနှင့် ပြန်ကြားရေးကဏ္ဍတွင် အစဉ်တစိုက် ရပ်တည်လျက်ရှိသကဲ့သို့ပင်၊ အမှန်တရားနှင့် တရားမျှတမှုအတွက် အမြဲတစေ ဆုတောင်းမေတ္တာ ပို့သလျက် ရှိပါသည်။

မိခင်ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် -

ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းပါစေ။ ❤️
ဘေးအန္တရာယ် ခပ်သိမ်းမှ ကင်းဝေးပါစေ။ 🛡️
အချုပ်အနှောင်မှ အမြန်ဆုံး လွတ်မြောက်ပါစေ။ 🙏🏻

အမှန်တရားသည် တစ်နေ့တွင် အောင်ပွဲခံမည်မှာ ဧကန်မလွဲပင် ဖြစ်ပါသည်။ စိတ်ရှည်သည်းခံမှု၊ မေတ္တာတရားနှင့် သစ္စာတရားတို့၏ စွမ်းအားဖြင့် မိခင်ဒေါ်အောင်ဆန်းစုကြည်သည် မကြာမီအချိန်အတွင်း ကျွန်ုပ်တို့နှင့်အတူ ပြန်လည်ရှိမည်ဟု ယုံကြည်ပါသည်။

"အမေစု ကျန်းမာပါစေ၊ အမြန်ဆုံး လွတ်မြောက်ပါစေ"။ 🙏🕊️

#FreeDawAungSanSuuKyi #EIO #Eagle_Information_Operator #PublicService #Myanmar #Justice #StayHealthy #MotherSuu
🙏1