EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
ရန်ကုန်လေဆိပ်တွင် ပြည်တွင်းခရီးစဉ်ပြေးဆွဲနေသော မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် -MNA လေယာဉ် ဘရိတ်ချို့ယွင်းပြီး MAI လေယာဉ်ကို ဝင်တိုက်မိ

ရန်ကုန်၊ ဧပြီ ၂၀

ရန်ကုန်လေဆိပ်တွင် ပြည်တွင်းခရီးစဉ်ပြေးဆွဲနေသော မြန်မာအမျိုးသားလေကြောင်းလိုင်း -MNA ပိုင်လေယာဉ် ၁ စီးသည် ဘရိတ်ချို့ယွင်းပြီး ရပ်နားထားသည့် MAI Airbus A319 လေယာဉ်ကို ဝင်တိုက်မိသွားကြောင်း ရန်ကုန်လေဆိပ်သတင်းရင်းမြစ်၊ စစ်တပ်လော်ဘီ သတင်းဌာနများနှင့် ခရီးသည်တချို့ထံမှ သိရှိရသည်။

ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာအမျိုးသားလေ ကြောင်းလိုင်း (MNA) မှ ပြည်တွင်းခရီးစဉ်ပြေးဆွဲနေသော ATR-72 လေယာဉ်သည် ပျံသန်းရန်အတွက် လေယာဉ်ပြေးလမ်းဆီသို့ ထွက်ခွာစဉ် ဘရိတ်စနစ်ချို့ယွင်းကာ ရပ်နားထားသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) လေယာဉ်ကို ဝင်ရောက်တိုက်မိသည့် မြေပြင်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်လေဆိပ်မှ ပျံတက်ရန်အတွက် ပြေးလမ်းဆီသို့ မောင်းနှင်ထွက်ခွာရန် (Taxiing) ပြင်ဆင်နေသည့် MNA လေကြောင်းလိုင်းမှ ATR-72 လေယာဉ်သည် ဘရိတ်စနစ် (Break System) ရုတ်တရက်ချို့ယွင်းသွားခဲ့ကြောင်း၊ ထိုသို့ ချို့ယွင်းမှုကြောင့် လေယာဉ်ကို ထိန်းချုပ်၍မရဘဲ ဖြစ်သွားကာ အနီးနားတွင် ရပ်နားထားသည့် MAI လေကြောင်းလိုင်းမှ Airbus A319 လေယာဉ်၏ အမြီးပိုင်းကို ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှီရသည်။

MNA လေယာဉ်သည် MAI လေယာဉ်ကို တိုက်မိပြီးနောက် အရှိန်ဖြင့် ချာလည်ထွက်သွားကာ အနီးရှိ ကုန်ပစ္စည်းအတင်အချပြုလုပ်သည့် လှည်း (Baggage Cart) ကိုပါ ထပ်မံတိုက်မိပြီးမှ ရပ်တန့်သွားခဲ့ကြောင်း၊ ယခုဖြစ်စဉ်ကြောင့် လေယာဉ်နှစ်စင်းလုံး၏ ကိုယ်ထည်ပိုင်းတွင် ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့သော်လည်း လေယာဉ်ပေါ်ပါ ခရီးသည်များနှင့် မြေပြင်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရှိရသည်။

အဆိုပါ မတော်တဆမှုကြောင့် လေယာဉ် ၂ စင်းလုံးကို စစ်ဆေးပြင်ဆင်ရန်အတွက် ခေတ္တရပ်နားထားရပြီး၊ လေဆိပ်တာဝန်ရှိသူများက ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။

#KTM
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️

📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။

📌 မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။

🛡️ ၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း။

📌 မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။

သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။

📌 မိတ်‌ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။


🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း။

📌 သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည်။

👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း။

📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။

💻 Digital Security။

📌 သတင်းပေးပို့ပြီးနောက် စာမျက်နှာ (#Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။

🛡️ ဘေးကင်းရေး လမ်းညွှန်မှု။

📌 သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။

⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်။

📌 မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါတို့ကို ဂရုပြုပေးပါ

📱 Two-Step Verification။

⚠️ သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် အမြဲဖွင့်ထားရန်။

🗑️ Chat Cleanup။

⚠️ သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။

👁️ Environmental Awareness။

⚠️ သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန်။

"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"


ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻

#EIO_Admin_Team
#Eagle_Information_Operator
#Civilian_Intelligence
#DigitalSecurity
#Revolution_News
🙏2
"မပြန့်နှံ့သင့်တဲ့အရာတွေ သင့်ကြောင့် ပိုမပြန့်ပါစေနဲ့" 🚫⚠️

ယနေ့ခေတ်လို ဆိုရှယ်မီဒီယာ အသုံးပြုမှု မြင့်မားနေတဲ့ ကာလမှာ သတင်းအချက်အလက်တွေဟာ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားနိုင်ပါတယ်။

သာမန်သတင်းတွေအတွက် ပြဿနာမရှိပေမဲ့ "စစ်ရေးသတင်း" တွေနဲ့ ပတ်သက်လာရင်တော့ ဖုန်းမျက်နှာပြင်ပေါ်က ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့တင် မြေပြင်မှာရှိနေတဲ့ လူပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အထိ အကျိုးသက်ရောက်မှု ကြီးမားနိုင်ပါတယ်။ 📱💥


၁။ သိလိုစိတ်ထက် လုံခြုံရေးကို ဦးစားပေးရပါမယ်။ 🛡️

စစ်ရေးသတင်းတွေမှာ "ဘယ်သူက ဘယ်ကို သွားနေပြီလဲ"၊ "ဘယ်နေရာမှာ ဘာတွေ ရှိနေသလဲ" ဆိုတဲ့ အချက်အလက်တွေဟာ အင်မတန် အရေးကြီးပါတယ်။ ကိုယ်က စေတနာနဲ့ဖြစ်စေ၊ သိချင်စိတ်နဲ့ဖြစ်စေ တင်လိုက်တဲ့ သတင်းတစ်ခုဟာ ရန်သူ့အတွက် အဖိုးတန်တဲ့ ထောက်လှမ်းရေးသတင်း (#Military Intelligence) ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သိသမျှကို ပြန်ဖြန့်ဖို့ထက် ဒီသတင်းက ဘယ်သူ့ကို ထိခိုက်စေနိုင်သလဲဆိုတာကို အရင်စဉ်းစားဖို့ လိုပါတယ်။ 🧠🔍

၂။ သတင်းမှားနဲ့ သတင်းပေး။ (Information War) ⚔️

သေချာခွဲခြားတတ်ရပါမယ်။ စစ်ပွဲတွေမှာ လက်နက်နဲ့ တိုက်ခိုက်တာတင်မကဘဲ စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။ သတင်းမှားတွေ၊ ကောလာဟလတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေပြီး လူထုကို ထိတ်လန့်အောင် လုပ်တတ်ကြပါတယ်။ အချက်အလက် မခိုင်လုံတဲ့ သတင်းတွေကို "ဒါတကယ်လား" ဆိုပြီး ပြန်မျှဝေခြင်း (#Share) ဟာလည်း သတင်းမှားကို ကူညီဖြန့်ဝေပေးရာ ရောက်သွားစေပါတယ်။ 📢

၃။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေရဲ့ အန္တရာယ်။ 📸📹

အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ စစ်ရေးလှုပ်ရှားမှု ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို တင်တဲ့အခါမှာ Metadata လို့ခေါ်တဲ့ တည်နေရာအချက်အလက်တွေ၊ နောက်ခံ အဆောက်အအုံတွေနဲ့ လမ်းအမှတ်အသားတွေကနေတစ်ဆင့် ရန်သူက တည်နေရာကို အတိအကျ တွက်ချက်နိုင်ပါတယ်။ ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံဟာ မိတ်ဆွေအဖွဲ့အစည်းတွေရဲ့ စခန်းတည်နေရာ ဒါမှမဟုတ် လှုပ်ရှားမှုလမ်းကြောင်းကို ဖော်ပြလိုက်သလို ဖြစ်မသွားဖို့ အထူးသတိပြုရပါမယ်။📍🌐

၄။ ဘာတွေက မပြန့်နှံ့သင့်တာလဲ⁉️

(လုံးဝ မတင်သင့်သော အချက်များ)

ဆိုရှယ်မီဒီယာပေါ်မှာ ဓါတ်ပုံကအစ လုံးဝ (လုံးဝ) မတင်သင့်တဲ့အချက်အလက်တွေကတော့ -

🪖 တပ်ဖွဲ့ဝင်တွေရဲ့ အရေအတွက်နဲ့ လက်နက်အင်အား။

တပ်ဖြန့်ထားတဲ့ တည်နေရာနဲ့ စခန်းချရာနေရာများ။

🗺️ အနာဂတ် စစ်ဆင်ရေး အစီအစဉ်များနှင့် ခရီးသွားလာမှု လမ်းကြောင်းများ။

⚠️ သတင်းကို မြန်မြန်ဆန်ဆန် သိရတာထက် "သတင်းကို မှန်မှန်ကန်ကန်နဲ့ ဘေးကင်းအောင် ကိုင်တွယ်တတ်ဖို့" က ပိုအရေးကြီးပါတယ်။ သင့်ရဲ့ လက်ချောင်းလေးတွေကနေတစ်ဆင့် မတော်တဆ ဖြန့်ဝေမိလိုက်တဲ့ သတင်းတစ်ခုဟာ ရဲဘော်ရဲဘက်တွေနဲ့ ပြည်သူတွေရဲ့ အသက်ကို ရင်းနှီးရတာမျိုး မဖြစ်ပါစေနဲ့။ 🤝🩸

⚠️ "မပြန့်နှံ့သင့်တဲ့အရာတွေ သင့်ကြောင့် ပိုမပြန့်ပါစေနဲ့။" တာဝန်သိတဲ့ သတင်းသုံးစွဲသူတစ်ယောက်အဖြစ် စစ်ရေးသတိ၊ စစ်ရေးအမြင်နဲ့ လုံခြုံရေးကို "အမြဲဦးထိပ်ထားကြပါစို့" လို့ တိုက်တွန်းရင်း။🙏🏻

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📧 eagleinformationoperators@gmail.com
🔵 facebook.com/eagleinformation
🌐 t.me/eagleinformationoperator
🙏2👍1
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 20, 7:36PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍2
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Apr 20, 8:19PM

📌 မြင်းမူနယ်၊ ပျော့ရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myinmu #WhatsHappeningInMyanmar #SecurityUpdate
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Apr 20, 8:21PM

📌 စစ်ကိုင်းနယ် နုန်းတွင်း အထိုင်စခန်းမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Sagaing #WhatsHappeningInMyanmar #SecurityUpdate
🚨 သင်္ကြန်အလွန်မှ ပေါ်ထွက်လာသော မျက်နှာဖုံးများနှင့် ပြည်သူ့ဘေးကင်းရေး သတိပေးချက်။ ⚠️

မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကြီး ပြီးဆုံးသွားသည်နှင့်အမျှ မြို့ပြနှင့် ကျေးလက်ဒေသ အသီးသီးတွင် ကြားသိနေရသည့် သတင်းစကားများမှာ ရင်လေးဖွယ်ရာ အတိဖြစ်နေသည်။ သင်္ကြန်ပွဲတော် မတိုင်မီက "မဖမ်းပါဘူး၊ မဆွဲပါဘူး" ဟူသော ချိုသာသည့် ကတိကဝတ်များ၊ ပွဲတော်တွင် လူစည်ကားစေရန် အုပ်ချုပ်ရေးမှူးများ၏ ဆွဲဆောင်စည်းရုံးမှုများမှာ ယခုအခါ နေပူရှိန်အောက်တွင် အငွေ့ပျံပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

♦️မျက်နှာဖုံးစွပ်များ ကွာကျလာခြင်း။

သင်္ကြန်ကာလအတွင်း အတုအယောင် ပျော်ပွဲရွှင်ပွဲများဖြင့် ပြည်သူကို လှည့်စားခဲ့သည့် အစီအစဉ်များနောက်ကွယ်တွင် မရိုးသားသည့် ရည်ရွယ်ချက်များ ရှိနေခဲ့သည်မှာ ယခုအခါ ထင်ရှားလာသည်။ ပွဲတော်အပြီး ရက်ပိုင်းအတွင်းမှာပင် မြို့နယ်အသီးသီး၌ လူငယ်လူရွယ်များကို ပစ်မှတ်ထားကာ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်း လုပ်ရပ်များ ပြန်လည်စိပ်လာသည်ကို မြင်တွေ့နေရသည်။

၎င်းသည် လူငယ်များကို ပွဲတော်ကာလအတွင်း အသုံးချခဲ့ရုံသက်သက်သာ ဖြစ်ကြောင်းနှင့် သင်္ကြန်အပြီးတွင်မူ မူလရည်မှန်းချက်ဖြစ်သည့် စစ်အင်အားဖြည့်တင်းရေးအတွက် အကြမ်းဖက် နည်းလမ်းများကို ပြန်လည်အသုံးပြုလာခြင်း ဖြစ်သည်။ "သင်္ကြန်မှာ ပျော်ခဲ့ရင်... အခုတော့ ပြန်ပေးဆပ်ရတော့မယ်" ဟူသော အငြိုးအတေးဖြင့် လုပ်ဆောင်နေသကဲ့သို့ ခံစားရသည်ဟု မိဘပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

♦️လက်ရှိအခြေအနေနှင့် ပစ်မှတ်ထားမှုများ။

ယခုရက်ပိုင်းအတွင်း လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများနှင့် ရပ်ကွက်အဝင်အထွက်များတွင် ရှောင်တခင် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသည်။ အထူးသဖြင့် အသက်အရွယ်အပိုင်းအခြားအလိုက် လူငယ်များကို ပစ်မှတ်ထားကာ အကြောင်းပြချက်မရှိ အကြမ်းဖက် စစ်ကောင်စီများမှ ဖမ်းဆီးခေါ်ဆောင်သွားမှုများက မိသားစုများအတွက် စိုးရိမ်ပူပန်မှု အကြီးအကျယ် ဖြစ်စေပါသည်။

⚠️ ပြည်သူများအတွက် အရေးပေါ် လုံခြုံရေးလမ်းညွှန်ချက်။

ယခုကဲ့သို့ အန္တရာယ်ရှိသော အခြေအနေတွင် မိမိကိုယ်ကိုနှင့် မိမိပတ်ဝန်းကျင်ကို အကာအကွယ်ပေးနိုင်ရန် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြပါရန် တိုက်တွန်းလိုပါသည်။


၁။ သတင်းအချက်အလက်ကို မျက်ခြေမပြတ် စောင့်ကြည့်ပါ။

မိမိတို့ နေထိုင်ရာ ရပ်ကွက်၊ မြို့နယ်အတွင်းရှိ Local Information Group များ၊ လူမှုကွန်ရက် သတင်းစာမျက်နှာများကို အမြဲမပြတ် စောင့်ကြည့်ပါ။ မည်သည့်နေရာတွင် စစ်ဆေးမှုများရှိနေသည်၊ မည်သည့်လမ်းကြောင်းမှာ အန္တရာယ်ရှိနိုင်သည်ကို ကြိုတင်သိရှိထားခြင်းက ဘေးကင်းဖို့ ပထမဆုံးခြေလှမ်း ဖြစ်သည်။

၂။ သွားလာမှုတွင် အထူးသတိထားပါ။

မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် ည‌နေပိုင်၊အလုပ်သိမ်း အိမ်ပြန်ချိန်နှင့် မနက်စောစော အချိန်များတွင် ပိုမိုသတိထားပါ။ လမ်းမကြီးများထက် ဘေးကင်းသည်ဟု စိတ်ချရသော လမ်းကြိုလမ်းကြားများကို အသုံးပြုပါ (သို့သော် လမ်းကြိုလမ်းကြားများတွင်လည်း ကင်းပုန်းများ ရှိနိုင်သည်ကို သတိပြုပါ)။

၃။ အပြန်အလှန် သတင်းပေးစနစ် ကျင့်သုံးပါ။

မိမိတို့ ပတ်ဝန်းကျင်တွင် ထူးခြားသည့် လှုပ်ရှားမှုများ၊ အမည်မသိ ယာဉ်များ (သို့မဟုတ်) အကြမ်းဖက် စစ်ကောင်စီ၏ စစ်ဆေးရေးများကို တွေ့ရှိပါက နီးစပ်ရာ မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်များကို ချက်ချင်း အသိပေး လက်ဆင့်ကမ်းပါ။ ဖုန်းဆက်သွယ်ရာတွင်လည်း လုံခြုံသော စကားလုံးများကို အသုံးပြုရန် လိုအပ်ပါသည်။

၄။ နည်းပညာနှင့် ဖုန်းလုံခြုံရေး။

လမ်းခရီးတွင် ဖုန်းစစ်ဆေးခံရနိုင်ခြေရှိသဖြင့် ဖုန်းအတွင်းရှိ အထိခိုက်မခံသော အချက်အလက်များ၊ သတင်းစကားများကို ပုံမှန်ရှင်းလင်းထားပါ။ လိုအပ်ပါက အရေးပေါ် ဆက်သွယ်နိုင်မည့် နံပါတ်များကို အလွတ်မှတ်ထားပါ။

သင်္ကြန်အလွန်ကာလသည် ပိုမိုသတိထားရမည့် အချိန်ဖြစ်လာသည်။ အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်လျှင် ၎င်းတို့၏ ကတိကဝတ်များသည် ယုံကြည်စိတ်ချရမှု မရှိကြောင်း ပြသနေပါသည်။

ထို့ကြောင့် မိဘပြည်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များအနေဖြင့် အစစအရာရာ အစွန်းရောက် သတိရှိရှိဖြင့် နေထိုင်သွားလာကြပါရန် #Eagle_Information_Operator အဖွဲ့သားများမှ လေးနက်စွာ နှိုးဆော်တိုက်တွန်းအပ်ပါသည်။

"သတိဟူသည် အပိုမရှိပါ။ ဘေးကင်းလုံခြုံကြပါစေ"။🙏🏻

#EIO #Eagle_Information_Operator #PublicSafety #Alert #SecurityUpdate #SafeGuardYouth #EmergencyAlert #StaySafe #CivilianMilitaryServiceLaw #MilitaryServiceTraining
#BasicRecruitTraining #MilitaryCommission #UnlawfulArrest
#HumanRightsViolation
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨 သင်္ကြန်အလွန်မှ ပေါ်ထွက်လာသော မျက်နှာဖုံးများနှင့် ပြည်သူ့ဘေးကင်းရေး သတိပေးချက်။ ⚠️ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကြီး ပြီးဆုံးသွားသည်နှင့်အမျှ မြို့ပြနှင့် ကျေးလက်ဒေသ အသီးသီးတွင် ကြားသိနေရသည့် သတင်းစကားများမှာ ရင်လေးဖွယ်ရာ အတိဖြစ်နေသည်။ သင်္ကြန်ပွဲတော်…»
This media is not supported in your browser
VIEW IN TELEGRAM
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။

ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။

စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ

၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။

၂။ တရေးတမောအိပ်စက်အနားယူပါ။

၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။

၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။

၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။

၆။ ရေများများသောက်ပေးပါ။

၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။


"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ"🙏

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🥰1🙏1
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

     ဒေါ်အောင်ဆန်းစုကြည် 
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation