EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️ 📢 "လေကြောင်းအသိ၊လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့" အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet_Fighters (ဂျက်တိုက်လေယာဉ်များ)၊ #Mi_35P_Attack_Helicopters…»
(၂၀,၄,၂၀၂၆) နေပြည်တော်၊ အေလာ အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော Yak-130 Jet Fighter (၁) စီးဖြင့် ချင်းပြည်နယ်၊ ဖလမ်းနယ် တစ်နေရာသို့ ယနေ့ နေ့လည်ပိုင်း (၂:၄၆) မှ (၂:၅၀) ဝန်းကျင်အချိန်ခန့်ထိ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။
⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Chin_State #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

👍1😢1
“အကြပ်အတည်းကြားက ရှင်သန်ခြင်းဆိုတာ”
🔳 တိုင်းပြည်အခြေအနေ ဘယ်လိုဖြစ်ဖြစ် ကိုယ် Survive ဖြစ်အောင်တော့ ရုန်းရမှာပဲတဲ့။
မှန်သင့်သလောက် မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်အတွက်ပဲ အမြဲကြည့်၊ ကိုယ့်တစ်ကိုယ်စာ ကောင်းစားရေးကိုပဲ အမြဲရှေ့တန်းတင်နေလို့တော့ မသင့်ပါဘူး။
တချို့ကျ သူ့အလုပ်ပဲ သူလုပ်ရုံတင် မဟုတ်တော့ဘူး။ ဒုက္ခရောက်နေနှင့်ပြီးသား သူတွေကိုပါ အမြတ်ထုတ်တဲ့အဆင့် ဖြစ်သွားတယ်။ တောမီးလောင် တောကြောင် လက်ခမောင်းခတ် ဆိုသလိုပေါ့။ မတည်မြဲတဲ့ ပစ္စည်းဥစ္စာတွေအတွက် သံသရာပါမယ့် အကုသိုလ်အလုပ်တွေကို လုပ်နိုင်ရက်ကြတာ။ သူများမျက်ရည်နဲ့မှ ထမင်းစားဝင်နိုင်ကြတာ။
🔳 နောက်ထပ် အစွန်းတစ်ဖက်ကတော့ Positive vibe only ဆိုပြီး ငိုသံတွေကို မျက်ကွယ်ပြု လျစ်လျူရှုလာကြတာပဲ။ ပိုပြီးတောင် အတွေ့ရများလာတယ် ပြောရမယ်။ ဒါကျ ပိုလည်း သိမ်မွေ့တာကိုး။ ကာယကံရှင်ကိုယ်တိုင်တောင် သူ့ကိုယ်သူ ညာနေမိမှန်း သတိထားမိမှာ မဟုတ်ဘူး။
အနိဌာရုံသတင်းတွေဆို မကြားချင်ဘူး။ မမြင်ချင်ဘူး။ မသိချင်ဘူး။ နိုင်ငံရေးတွေ လာမပြောနဲ့၊ အမြန်ငြိမ်းချမ်းချင်ပြီ၊ စစ်ပွဲတွေ ရပ်စေချင်ပြီ၊ ဒါပဲ သူတို့သိတယ်။ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေရဲ့ အကြောင်းရင်းခံဟာ ဘာလဲ သူတို့ မပြောဘူး။ မရေးဘူး။
ဒီလိုနဲ့ ငိုကြွေးသံတွေ၊ ညည်းတွားသံတွေကနေ တဖြည်းဖြည်း ဝေးကွာလာတယ်။ ဒီအကြောင်းတွေ ပြောနေ၊ ရေးနေတဲ့ အကောင့်တွေ၊ ပေ့ချ်တွေဆို Unfollow လုပ်ရင်း လုပ်ရင်း ကိုယ့် Newsfeed မှာ အပျော်အပျက်တွေပဲ ကျန်တော့တယ်။
🔳 “မီးဝေး ချိတ်ပမာ” ဆိုတဲ့ စကားရှိတယ်။ မီးနဲ့ဝေးလေလေ၊ ချိတ်က မာလာလေလေ။ အခုလည်း အဲဒီလိုပဲ။ ဒီသတင်းတွေ၊ ဒီအကြောင်းအရာတွေ၊ ကိုယ့်ပြည်တွင်းထဲက လူတွေရဲ့ ဆင်းရဲဒုက္ခတွေနဲ့ ဝေးကွာပါ များလာတဲ့အခါ နှလုံးသားတွေ မာကြောလာတယ်။ ကိုယ်ချင်းမစာနိုင်တော့ဘူး။ ပျော်ပြနိုင်လာတယ်။ ပျော်ပြရက်လာတယ်။ မဆိုင်သလို နေတတ်လာတယ်။
မတရားလုပ်နေသူတွေအပေါ်မှာလည်း သဘောထားကြီးနိုင်လာတယ်။ လက်ခံနိုင်လာတယ်။ သူတို့ကို အမြစ်ပြတ်စေချင်သူတွေကိုလည်း “အမုန်းပွားတယ်၊ အငြိုးထားတယ်၊ အစွန်းရောက်တယ်” စသဖြင့် မြင်လာကြတော့တယ်။
🔳 နောက်ဆုံးတစ်ချက်က လက်တွေ့ကျကျ အားစိုက်မထုတ်ဘဲ နှုတ်ဖျားကလေးနဲ့ အားပေးတာပဲ။
မေတ္တာပို့ပေးတယ် ဆိုတာ ကောင်းပါတယ်။ တကယ်တမ်းက ကိုယ့်ရဲ့ စိတ်မှာ မေတ္တာ၊ ကရုဏာတရားတွေ အားကောင်းလာတဲ့အခါ လုပ်ရပ်ကောင်းတွေ ပိုလုပ်ချင်လာတာ။ ကူညီချင်လာတာ။ မျှဝေချင်လာတာ။ ဒီအတွက် မေတ္တာပွားများကြတာ ဖြစ်ပါတယ်။
စိတ်ကနေ မေတ္တာပို့တယ်၊ ပို့တယ် ထိုင်အော်နေပြီး လက်တွေ့ကျ ဘာမှ ပါမလာဘူးဆို အဲဒါ မေတ္တာပို့တာ မဟုတ်ဘူး။ မေတ္တာပွားတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ ပျက်ကွက်မှုတွေအတွက် စိတ်အာသာဖြေနေတယ်ပဲ ပြောရမယ်။
🔳 တကယ်တော့ အခက်အခဲကြားမှာ ရှင်သန်ခြင်းဆိုတာ အခုပြောခဲ့တဲ့ အချက်တွေ တစ်ခုမှ မဟုတ်ပါဘူး။
ကိုယ့်ဟာကိုယ် ရှင်သန်အောင် နေမယ်။ အလုပ်လုပ်မယ်။ ငွေရှာမယ်။ ကြိုးစားမယ်။ ကိုယ့်ရဲ့ ရုပ်ရော၊ စိတ်ပါ ကျန်းမာနေအောင် ဂရုစိုက်မယ်။
တစ်ဖက်မှာလည်း ကိုယ်ချင်းစာတရားထားမယ်။ မေတ္တာ၊ ကရုဏာထားမယ်။ အပြန်အလှန် မျှဝေမယ်။ စောင့်ရှောက်မယ်။ ကူညီမယ်။
ငိုကြွေးသံ၊ အော်ဟစ်အကူအညီတောင်းသံတွေ၊ အနိဌာရုံမြင်ကွင်းတွေ အစရှိတဲ့ မီးတွေနဲ့ ဝေးအောင် မနေဘဲ ခပ်နီးနီးပဲ အမြဲနေမယ်။ ကိုယ့်နှလုံးသားတွေ မာကျောမသွားစေဖို့အတွက် ဖြစ်ပါတယ်။
ဒါ ကျွန်တော် နားလည်ထားတဲ့ အကြပ်အတည်းကြားက ရှင်သန်ခြင်းပါပဲ။
🔳 တိုင်းပြည်က မုန်တိုင်းထန်တယ် ဆိုတဲ့အဆင့်ထက် အများကြီးပိုတဲ့ အနေအထားကို ကြုံနေရတာပါ။ လူပေါင်းများစွာဟာလည်း အတိဒုက္ခရောက်နေကြပါတယ်။ ပြောရရင် တကယ့်ဘဝထဲက လောကငရဲခန်းကို ကြုံနေကြရတာပါ။
ဒီလိုအချိန်မှာ သူများဒုက္ခကို ကိုယ့်ဒုက္ခလုပ်ပြီး ခံစားတတ်တဲ့သူတွေ၊ လျော့ကျသက်သာသွားအောင် ကူညီပေးမယ့်သူတွေ ခပ်များများ လိုအပ်နေပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၂၀.၄.၂၀၂၅
#EIO
#Eagle_Information_Operator
#Old_Memories

🙏1
(၂၀,၄,၂၀၂၆)၊ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း အကြမ်းဖက် စစ်ဌာနချုပ် (နမခ) မှ တက်လာသော Gyrocopter (၂)စီးသည် ယင်းမာပင်နယ် တစ်နေရာသို့ ယနေ့ နေ့လည်ပိုင်း (၃:၂၅) နှင့် (၃:၂၈) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
📡 မိဘပြည်သူများသို့ အသိပေးချက်။
⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ #Gyrocopter သည် အနိမ့်ပျံသန်းနိုင်သည့်အတွက် သတိထားစောင့်ကြည့်ကြပါ။
⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻
#Yinmabin_Division #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar

ဂျပန်မြောက်ပိုင်း ကမ်းလွန်မှာ မဂ္ဂနီကျု ၇.၅ ငလျင်လှုပ်၊ ဆူနာမီ အန္တရာယ် သတိပေးချက် ထုတ်ပြန်ထား
ဧပြီ - ၂၀ ၊၂၀၂၆
ဂျပန်နိုင်ငံ မြောက်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
ကနဦး တိုင်းတာချက်တွေအရ ငလျင်ရဲ့ ပြင်းအားဟာ မဂ္ဂနီကျု ၇.၅ အဆင့်ထိ ရှိနိုင်ပြီး ဂျပန်နိုင်ငံ မြောက်ပိုင်း၊ ဆန်ရီကူ ကမ်းရိုးတန်း အလွန်မှာ ဧပြီ ၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့ခင်း ၂း၂၃ နာရီ ဝန်းကျင်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ငလျင်ဟာ မြေအနက် ၆ မိုင်ကျော်ကို ဗဟိုပြုခဲ့တာလို့ ဆိုပါတယ်။ အဲဒီ အနက်ဝန်းကျင် ငလျင်တွေကို မြေတိမ်ငလျင်လို့ သတ်မှတ်လေ့ရှိပြီး မြေမျက်နှာပြင်ပေါ်မှာ ထိခိုက်မှုတွေ ပိုမို ပြင်းထန်တတ်ပါတယ်။
ဂျပန်ရဲ့ ငလျင်တိုင်းတာရေး အေဂျင်စီက ငလျင်နောက်ဆက်တွဲ ဆူနာမီရေလှိုင်း ဖြစ်ပေါ်နိုင်ခြေ သတိပေးချက်တွေကို နိုင်ငံမြောက်ပိုင်း ကမ်းရိုးတန်း ဒေသတွေဆီ အရေးပေါ် ထုတ်ပြန်ထားပါတယ်။
ဂျပန်ရဲ့ NHK သတင်းဌာနကလည်း ၁၀ ပေလောက်ထိ မြင့်မားတဲ့ ဆူနာမီလှိုင်းတွေ ရိုက်ခတ်နိုင်ခြေရှိကြောင်း သတိပေးထားပြီး ကမ်းရိုးတန်း ဧရိယာတွေမှာ အရေးပေါ် ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။
အထူးသဖြင့် အီဝါတာ၊ အွမ်မိုရီနဲ့ ဟော့ကိုင်းဒိုး ကမ်းရိုးတန်း ဒေသတွေမှာ အကြီးမားဆုံး ရေလှိုင်းတွေ ရိုက်ခတ်နိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ငလျင်နဲ့ နီးကပ်တဲ့ ဟော့ကိုင်းဒိုးနဲ့ တိုဟိုကူတို့မှာ လောလောဆယ် လည်ပတ်နေတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ မရှိပါဘူး။ ဒါပေမဲ့ လည်ပတ်မှု ရပ်နားထားတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံတချို့ကတော့ အဲဒီဒေသတွေမှာ ရှိနေကြောင်း သိရပါတယ်။
တိုဟိုကူ ဓာတ်အားပေး ကော်ပိုရေးရှင်းက အိုနာဂါဝါ နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ငလျင်နဲ့ ဆူနာမီကြောင့် သက်ရောက် ထိခိုက်မှုတွေ ရှိမရှိ ဆိုတာကို စစ်ဆေးနေတယ်လို့ ကြေညာထားပါတယ်။
၂၀၁၁ ခုနှစ်တုန်းက ဂျပန်နိုင်ငံ မြောက်ပိုင်းမှာ မဂ္ဂနီကျု ၉.၀ အဆင့် ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေဒဏ်ကြောင့် အပျက်အစီးတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်ခဲ့သလို လူပေါင်း ၂၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
အဲဒီ ငလျင်နဲ့ ဆူနာမီ ရေလှိုင်းတွေကြောင့် ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံ ဓာတ်ပေါင်းဖိုတွေ ကွဲအက်ရာက လူ့သမိုင်းတလျှောက် အဆိုးဆုံး စာရင်းဝင် ရေဒီယို ဓာတ်သတ္တိကြွ ယိုစိမ့်မှုတွေနဲ့ပါ ကြုံတွေ့ခဲ့ရပါတယ်။
ကိုးကား - AP ၊ ဓာတ်ပုံ - Reuters

ရန်ကုန်လေဆိပ်တွင် ပြည်တွင်းခရီးစဉ်ပြေးဆွဲနေသော မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် -MNA လေယာဉ် ဘရိတ်ချို့ယွင်းပြီး MAI လေယာဉ်ကို ဝင်တိုက်မိ
ရန်ကုန်၊ ဧပြီ ၂၀
ရန်ကုန်လေဆိပ်တွင် ပြည်တွင်းခရီးစဉ်ပြေးဆွဲနေသော မြန်မာအမျိုးသားလေကြောင်းလိုင်း -MNA ပိုင်လေယာဉ် ၁ စီးသည် ဘရိတ်ချို့ယွင်းပြီး ရပ်နားထားသည့် MAI Airbus A319 လေယာဉ်ကို ဝင်တိုက်မိသွားကြောင်း ရန်ကုန်လေဆိပ်သတင်းရင်းမြစ်၊ စစ်တပ်လော်ဘီ သတင်းဌာနများနှင့် ခရီးသည်တချို့ထံမှ သိရှိရသည်။
ယနေ့ နံနက် ၉ နာရီဝန်းကျင်အချိန် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ မြန်မာအမျိုးသားလေ ကြောင်းလိုင်း (MNA) မှ ပြည်တွင်းခရီးစဉ်ပြေးဆွဲနေသော ATR-72 လေယာဉ်သည် ပျံသန်းရန်အတွက် လေယာဉ်ပြေးလမ်းဆီသို့ ထွက်ခွာစဉ် ဘရိတ်စနစ်ချို့ယွင်းကာ ရပ်နားထားသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI) လေယာဉ်ကို ဝင်ရောက်တိုက်မိသည့် မြေပြင်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်လေဆိပ်မှ ပျံတက်ရန်အတွက် ပြေးလမ်းဆီသို့ မောင်းနှင်ထွက်ခွာရန် (Taxiing) ပြင်ဆင်နေသည့် MNA လေကြောင်းလိုင်းမှ ATR-72 လေယာဉ်သည် ဘရိတ်စနစ် (Break System) ရုတ်တရက်ချို့ယွင်းသွားခဲ့ကြောင်း၊ ထိုသို့ ချို့ယွင်းမှုကြောင့် လေယာဉ်ကို ထိန်းချုပ်၍မရဘဲ ဖြစ်သွားကာ အနီးနားတွင် ရပ်နားထားသည့် MAI လေကြောင်းလိုင်းမှ Airbus A319 လေယာဉ်၏ အမြီးပိုင်းကို ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရှီရသည်။
MNA လေယာဉ်သည် MAI လေယာဉ်ကို တိုက်မိပြီးနောက် အရှိန်ဖြင့် ချာလည်ထွက်သွားကာ အနီးရှိ ကုန်ပစ္စည်းအတင်အချပြုလုပ်သည့် လှည်း (Baggage Cart) ကိုပါ ထပ်မံတိုက်မိပြီးမှ ရပ်တန့်သွားခဲ့ကြောင်း၊ ယခုဖြစ်စဉ်ကြောင့် လေယာဉ်နှစ်စင်းလုံး၏ ကိုယ်ထည်ပိုင်းတွင် ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့သော်လည်း လေယာဉ်ပေါ်ပါ ခရီးသည်များနှင့် မြေပြင်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရှိရသည်။
အဆိုပါ မတော်တဆမှုကြောင့် လေယာဉ် ၂ စင်းလုံးကို စစ်ဆေးပြင်ဆင်ရန်အတွက် ခေတ္တရပ်နားထားရပြီး၊ လေဆိပ်တာဝန်ရှိသူများက ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရှိရသည်။
#KTM

Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️
📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။ ✨
📌 မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။ ✨
🛡️ ၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း။
📌 မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။✨
✅ သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။ ✨
📌 မိတ်ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။ ✨
🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း။
📌 သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည်။
👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း။
📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။
💻 Digital Security။
📌 သတင်းပေးပို့ပြီးနောက် စာမျက်နှာ (#Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။
🛡️ ဘေးကင်းရေး လမ်းညွှန်မှု။
📌 သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။
⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်။
📌 မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါတို့ကို ဂရုပြုပေးပါ။
📱 Two-Step Verification။
⚠️ သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် အမြဲဖွင့်ထားရန်။
🗑️ Chat Cleanup။
⚠️ သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။
👁️ Environmental Awareness။
⚠️ သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန်။
ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻
#EIO_Admin_Team
#Eagle_Information_Operator
#Civilian_Intelligence
#DigitalSecurity
#Revolution_News

"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"
ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻
#EIO_Admin_Team
#Eagle_Information_Operator
#Civilian_Intelligence
#DigitalSecurity
#Revolution_News
🙏2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
"မပြန့်နှံ့သင့်တဲ့အရာတွေ သင့်ကြောင့် ပိုမပြန့်ပါစေနဲ့" 🚫⚠️
ယနေ့ခေတ်လို ဆိုရှယ်မီဒီယာ အသုံးပြုမှု မြင့်မားနေတဲ့ ကာလမှာ သတင်းအချက်အလက်တွေဟာ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားနိုင်ပါတယ်။
သာမန်သတင်းတွေအတွက် ပြဿနာမရှိပေမဲ့ "စစ်ရေးသတင်း" တွေနဲ့ ပတ်သက်လာရင်တော့ ဖုန်းမျက်နှာပြင်ပေါ်က ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့တင် မြေပြင်မှာရှိနေတဲ့ လူပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အထိ အကျိုးသက်ရောက်မှု ကြီးမားနိုင်ပါတယ်။ 📱💥
၁။ သိလိုစိတ်ထက် လုံခြုံရေးကို ဦးစားပေးရပါမယ်။ 🛡️
စစ်ရေးသတင်းတွေမှာ "ဘယ်သူက ဘယ်ကို သွားနေပြီလဲ"၊ "ဘယ်နေရာမှာ ဘာတွေ ရှိနေသလဲ" ဆိုတဲ့ အချက်အလက်တွေဟာ အင်မတန် အရေးကြီးပါတယ်။ ကိုယ်က စေတနာနဲ့ဖြစ်စေ၊ သိချင်စိတ်နဲ့ဖြစ်စေ တင်လိုက်တဲ့ သတင်းတစ်ခုဟာ ရန်သူ့အတွက် အဖိုးတန်တဲ့ ထောက်လှမ်းရေးသတင်း (#Military Intelligence) ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သိသမျှကို ပြန်ဖြန့်ဖို့ထက် ဒီသတင်းက ဘယ်သူ့ကို ထိခိုက်စေနိုင်သလဲဆိုတာကို အရင်စဉ်းစားဖို့ လိုပါတယ်။ 🧠🔍
၂။ သတင်းမှားနဲ့ သတင်းပေး။ (Information War) ⚔️
သေချာခွဲခြားတတ်ရပါမယ်။ စစ်ပွဲတွေမှာ လက်နက်နဲ့ တိုက်ခိုက်တာတင်မကဘဲ စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။ သတင်းမှားတွေ၊ ကောလာဟလတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေပြီး လူထုကို ထိတ်လန့်အောင် လုပ်တတ်ကြပါတယ်။ အချက်အလက် မခိုင်လုံတဲ့ သတင်းတွေကို "ဒါတကယ်လား" ဆိုပြီး ပြန်မျှဝေခြင်း (#Share) ဟာလည်း သတင်းမှားကို ကူညီဖြန့်ဝေပေးရာ ရောက်သွားစေပါတယ်။ ❌📢
၃။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေရဲ့ အန္တရာယ်။ 📸📹
အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ စစ်ရေးလှုပ်ရှားမှု ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို တင်တဲ့အခါမှာ Metadata လို့ခေါ်တဲ့ တည်နေရာအချက်အလက်တွေ၊ နောက်ခံ အဆောက်အအုံတွေနဲ့ လမ်းအမှတ်အသားတွေကနေတစ်ဆင့် ရန်သူက တည်နေရာကို အတိအကျ တွက်ချက်နိုင်ပါတယ်။ ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံဟာ မိတ်ဆွေအဖွဲ့အစည်းတွေရဲ့ စခန်းတည်နေရာ ဒါမှမဟုတ် လှုပ်ရှားမှုလမ်းကြောင်းကို ဖော်ပြလိုက်သလို ဖြစ်မသွားဖို့ အထူးသတိပြုရပါမယ်။📍🌐
၄။ ဘာတွေက မပြန့်နှံ့သင့်တာလဲ⁉️
(လုံးဝ မတင်သင့်သော အချက်များ) ⛔
ဆိုရှယ်မီဒီယာပေါ်မှာ ဓါတ်ပုံကအစ လုံးဝ (လုံးဝ) မတင်သင့်တဲ့အချက်အလက်တွေကတော့ -
🪖 တပ်ဖွဲ့ဝင်တွေရဲ့ အရေအတွက်နဲ့ လက်နက်အင်အား။
⛺ တပ်ဖြန့်ထားတဲ့ တည်နေရာနဲ့ စခန်းချရာနေရာများ။
🗺️ အနာဂတ် စစ်ဆင်ရေး အစီအစဉ်များနှင့် ခရီးသွားလာမှု လမ်းကြောင်းများ။
⚠️ သတင်းကို မြန်မြန်ဆန်ဆန် သိရတာထက် "သတင်းကို မှန်မှန်ကန်ကန်နဲ့ ဘေးကင်းအောင် ကိုင်တွယ်တတ်ဖို့" က ပိုအရေးကြီးပါတယ်။ သင့်ရဲ့ လက်ချောင်းလေးတွေကနေတစ်ဆင့် မတော်တဆ ဖြန့်ဝေမိလိုက်တဲ့ သတင်းတစ်ခုဟာ ရဲဘော်ရဲဘက်တွေနဲ့ ပြည်သူတွေရဲ့ အသက်ကို ရင်းနှီးရတာမျိုး မဖြစ်ပါစေနဲ့။ 🤝🩸
⚠️ "မပြန့်နှံ့သင့်တဲ့အရာတွေ သင့်ကြောင့် ပိုမပြန့်ပါစေနဲ့။" တာဝန်သိတဲ့ သတင်းသုံးစွဲသူတစ်ယောက်အဖြစ် စစ်ရေးသတိ၊ စစ်ရေးအမြင်နဲ့ လုံခြုံရေးကို "အမြဲဦးထိပ်ထားကြပါစို့" လို့ တိုက်တွန်းရင်း။🙏🏻
#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📧 eagleinformationoperators@gmail.com
🔵 facebook.com/eagleinformation
🌐 t.me/eagleinformationoperator

🙏2👍1
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
Apr 20, 7:36PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation

👍2
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်
Eagle Information Operator (#EIO)
Date - Apr 20, 8:19PM
📌 မြင်းမူနယ်၊ ပျော့ရွာမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။
⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။
⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။
⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။
"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏
⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Myinmu #WhatsHappeningInMyanmar #SecurityUpdate

Date - Apr 20, 8:21PM
📌 စစ်ကိုင်းနယ် နုန်းတွင်း အထိုင်စခန်းမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

#EIO #EmergencyAlert #StaySafe #Sagaing #WhatsHappeningInMyanmar #SecurityUpdate

🚨 သင်္ကြန်အလွန်မှ ပေါ်ထွက်လာသော မျက်နှာဖုံးများနှင့် ပြည်သူ့ဘေးကင်းရေး သတိပေးချက်။ ⚠️
မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်ကြီး ပြီးဆုံးသွားသည်နှင့်အမျှ မြို့ပြနှင့် ကျေးလက်ဒေသ အသီးသီးတွင် ကြားသိနေရသည့် သတင်းစကားများမှာ ရင်လေးဖွယ်ရာ အတိဖြစ်နေသည်။ သင်္ကြန်ပွဲတော် မတိုင်မီက "မဖမ်းပါဘူး၊ မဆွဲပါဘူး" ဟူသော ချိုသာသည့် ကတိကဝတ်များ၊ ပွဲတော်တွင် လူစည်ကားစေရန် အုပ်ချုပ်ရေးမှူးများ၏ ဆွဲဆောင်စည်းရုံးမှုများမှာ ယခုအခါ နေပူရှိန်အောက်တွင် အငွေ့ပျံပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
♦️မျက်နှာဖုံးစွပ်များ ကွာကျလာခြင်း။
သင်္ကြန်ကာလအတွင်း အတုအယောင် ပျော်ပွဲရွှင်ပွဲများဖြင့် ပြည်သူကို လှည့်စားခဲ့သည့် အစီအစဉ်များနောက်ကွယ်တွင် မရိုးသားသည့် ရည်ရွယ်ချက်များ ရှိနေခဲ့သည်မှာ ယခုအခါ ထင်ရှားလာသည်။ ပွဲတော်အပြီး ရက်ပိုင်းအတွင်းမှာပင် မြို့နယ်အသီးသီး၌ လူငယ်လူရွယ်များကို ပစ်မှတ်ထားကာ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်း လုပ်ရပ်များ ပြန်လည်စိပ်လာသည်ကို မြင်တွေ့နေရသည်။
၎င်းသည် လူငယ်များကို ပွဲတော်ကာလအတွင်း အသုံးချခဲ့ရုံသက်သက်သာ ဖြစ်ကြောင်းနှင့် သင်္ကြန်အပြီးတွင်မူ မူလရည်မှန်းချက်ဖြစ်သည့် စစ်အင်အားဖြည့်တင်းရေးအတွက် အကြမ်းဖက် နည်းလမ်းများကို ပြန်လည်အသုံးပြုလာခြင်း ဖြစ်သည်။ "သင်္ကြန်မှာ ပျော်ခဲ့ရင်... အခုတော့ ပြန်ပေးဆပ်ရတော့မယ်" ဟူသော အငြိုးအတေးဖြင့် လုပ်ဆောင်နေသကဲ့သို့ ခံစားရသည်ဟု မိဘပြည်သူများအကြား ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
♦️လက်ရှိအခြေအနေနှင့် ပစ်မှတ်ထားမှုများ။
ယခုရက်ပိုင်းအတွင်း လမ်းမကြီးများ၊ လမ်းဆုံလမ်းခွများနှင့် ရပ်ကွက်အဝင်အထွက်များတွင် ရှောင်တခင် စစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာသည်။ အထူးသဖြင့် အသက်အရွယ်အပိုင်းအခြားအလိုက် လူငယ်များကို ပစ်မှတ်ထားကာ အကြောင်းပြချက်မရှိ အကြမ်းဖက် စစ်ကောင်စီများမှ ဖမ်းဆီးခေါ်ဆောင်သွားမှုများက မိသားစုများအတွက် စိုးရိမ်ပူပန်မှု အကြီးအကျယ် ဖြစ်စေပါသည်။
⚠️ ပြည်သူများအတွက် အရေးပေါ် လုံခြုံရေးလမ်းညွှန်ချက်။
၁။ သတင်းအချက်အလက်ကို မျက်ခြေမပြတ် စောင့်ကြည့်ပါ။
မိမိတို့ နေထိုင်ရာ ရပ်ကွက်၊ မြို့နယ်အတွင်းရှိ Local Information Group များ၊ လူမှုကွန်ရက် သတင်းစာမျက်နှာများကို အမြဲမပြတ် စောင့်ကြည့်ပါ။ မည်သည့်နေရာတွင် စစ်ဆေးမှုများရှိနေသည်၊ မည်သည့်လမ်းကြောင်းမှာ အန္တရာယ်ရှိနိုင်သည်ကို ကြိုတင်သိရှိထားခြင်းက ဘေးကင်းဖို့ ပထမဆုံးခြေလှမ်း ဖြစ်သည်။
၂။ သွားလာမှုတွင် အထူးသတိထားပါ။
မလိုအပ်ဘဲ အပြင်ထွက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် ညနေပိုင်၊အလုပ်သိမ်း အိမ်ပြန်ချိန်နှင့် မနက်စောစော အချိန်များတွင် ပိုမိုသတိထားပါ။ လမ်းမကြီးများထက် ဘေးကင်းသည်ဟု စိတ်ချရသော လမ်းကြိုလမ်းကြားများကို အသုံးပြုပါ (သို့သော် လမ်းကြိုလမ်းကြားများတွင်လည်း ကင်းပုန်းများ ရှိနိုင်သည်ကို သတိပြုပါ)။
၃။ အပြန်အလှန် သတင်းပေးစနစ် ကျင့်သုံးပါ။
မိမိတို့ ပတ်ဝန်းကျင်တွင် ထူးခြားသည့် လှုပ်ရှားမှုများ၊ အမည်မသိ ယာဉ်များ (သို့မဟုတ်) အကြမ်းဖက် စစ်ကောင်စီ၏ စစ်ဆေးရေးများကို တွေ့ရှိပါက နီးစပ်ရာ မိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုဝင်များကို ချက်ချင်း အသိပေး လက်ဆင့်ကမ်းပါ။ ဖုန်းဆက်သွယ်ရာတွင်လည်း လုံခြုံသော စကားလုံးများကို အသုံးပြုရန် လိုအပ်ပါသည်။
၄။ နည်းပညာနှင့် ဖုန်းလုံခြုံရေး။
လမ်းခရီးတွင် ဖုန်းစစ်ဆေးခံရနိုင်ခြေရှိသဖြင့် ဖုန်းအတွင်းရှိ အထိခိုက်မခံသော အချက်အလက်များ၊ သတင်းစကားများကို ပုံမှန်ရှင်းလင်းထားပါ။ လိုအပ်ပါက အရေးပေါ် ဆက်သွယ်နိုင်မည့် နံပါတ်များကို အလွတ်မှတ်ထားပါ။
သင်္ကြန်အလွန်ကာလသည် ပိုမိုသတိထားရမည့် အချိန်ဖြစ်လာသည်။ အခြေအနေအရပ်ရပ်ကို သုံးသပ်ကြည့်လျှင် ၎င်းတို့၏ ကတိကဝတ်များသည် ယုံကြည်စိတ်ချရမှု မရှိကြောင်း ပြသနေပါသည်။
ထို့ကြောင့် မိဘပြည်သူများ၊ အထူးသဖြင့် လူငယ်လူရွယ်များအနေဖြင့် အစစအရာရာ အစွန်းရောက် သတိရှိရှိဖြင့် နေထိုင်သွားလာကြပါရန် #Eagle_Information_Operator အဖွဲ့သားများမှ လေးနက်စွာ နှိုးဆော်တိုက်တွန်းအပ်ပါသည်။✨
"သတိဟူသည် အပိုမရှိပါ။ ဘေးကင်းလုံခြုံကြပါစေ"။🙏🏻
#EIO #Eagle_Information_Operator #PublicSafety #Alert #SecurityUpdate #SafeGuardYouth #EmergencyAlert #StaySafe #CivilianMilitaryServiceLaw #MilitaryServiceTraining
#BasicRecruitTraining #MilitaryCommission #UnlawfulArrest
#HumanRightsViolation

ယခုကဲ့သို့ အန္တရာယ်ရှိသော အခြေအနေတွင် မိမိကိုယ်ကိုနှင့် မိမိပတ်ဝန်းကျင်ကို အကာအကွယ်ပေးနိုင်ရန် အောက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြပါရန် တိုက်တွန်းလိုပါသည်။ ✨