EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
👍1🙏1
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
🙏1
⚠️ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုသည်မှာ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခြင်း မဟုတ်ပါ" ⚠️

🗣️📢 ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို တည်ဆောက်တဲ့နေရာမှာ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်" (Freedom of Expression) ဟာ အခြေခံအကျဆုံး မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။

📌မိမိရဲ့ ယုံကြည်ချက်၊ အမြင်နဲ့ ခံစားချက်တွေကို ကြောက်ရွံ့မှုမရှိဘဲ ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။

⚠️ ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့်အချက်က "လွတ်လပ်ခွင့်" ဆိုတာ "ဗရမ်းဗတာ လုပ်ခွင့်" ကို ဆိုလိုတာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တာဝန်ယူမှုရှိသော လွတ်လပ်ခွင့်

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မှာ -

🕊️ လွတ်လပ်ခွင့် (Freedom) နဲ့
⚖️ တာဝန်ယူမှု (Responsibility / Accountability) ဟာ အမြဲတမ်း တွဲလျက်ရှိပါတယ်။

📌မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ ရေးလိုက်တဲ့ စာတစ်ကြောင်းသည်

သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ၊
အမုန်းတရား ပွားများစေတာ (Hate Speech)
ပြည်သူလူထုကို အန္တရာယ်ဖြစ်စေမယ့် သတင်းအမှား (Misinformation) တွေ မဖြစ်ဖို့ အရေးကြီးပါတယ်။

ကျင့်ဝတ်နှင့် စည်းကမ်း (Ethics vs Chaos)

စည်းကမ်းမရှိတဲ့ ထုတ်ဖော်မှုတွေဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုထက် ပဋိပက္ခကိုပဲ ဦးတည်စေပါတယ်။

📌 ဥပမာအားဖြင့် -

🕊️ ဒီမိုကရေစီနည်းကျ ထုတ်ဖော်မှု။

အချက်အလက် ခိုင်ခိုင်လုံလုံဖြင့် ဝေဖန်ထောက်ပြခြင်း။

အပြုသဘော အကြံပြုခြင်း။

အတွေးအမြင်များ ဆွေးနွေးဖလှယ်ခြင်း။


ဗရမ်းဗတာ ထုတ်ဖော်မှု။

🚫 ဆဲဆိုခြင်း။ 🤬

🚫 ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း။ 🗡️

🚫 အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်း 📛 တို့ဖြစ်ပါတယ်။


🕊️ ဖက်ဒရယ်စနစ်နှင့် အပြန်အလှန် လေးစားမှု

ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရက "မတူကွဲပြားမှုတွေကို စုစည်းခြင်း" ဖြစ်ပါတယ်။

👂🏻 မတူညီတဲ့ အယူအဆတွေကို လက်ခံနားထောင်ပေးခြင်း၊
🤝 တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားခြင်း
🧩 မတူကွဲပြားမှုများကို လက်ခံခြင်း မှသာ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာပါ။

နိဂုံးချုပ်အနေဖြင့် မိမိတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို၊ ထိုပြောဆိုချက်တွေဟာလည်း ကျင့်ဝတ်နဲ့ တာဝန်ယူမှုအပေါ်မှာ အခြေခံရပါမယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး စည်းမဲ့ကမ်းမဲ့ ပြုမူခြင်းဟာ ဒီမိုကရေစီလမ်းကြောင်းကို နှောင့်နှေးစေရုံသာမကဘဲ လူ့အဖွဲ့အစည်းကိုလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေနိုင်ပါတယ်။

"စည်းကမ်းရှိသော လွတ်လပ်ခွင့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ လှမ်းချီကြပါစို့" လို့ တိုက်တွန်းရင်း။✊🏻

#FreedomOfExpression #FederalDemocracy #FreedomOfSpeech #EthicsAndResponsibility #InformationIntegrity #Eagle_Information_Operator #EIO
👍1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ GTC ကျောင်းတွင်းမှ ထွက်လာသော စခများသည် မိုးညင်းဘုရားအရှေ့သို ရောက်ရှိနေ‌ကြောင်း သတင်းရရှိထားပါသည်။

Apr 20, 6:34AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ GTC ကျောင်းတွင်းမှ ထွက်လာသော စခများသည် မိုးညင်းဘုရားအရှေ့သို ရောက်ရှိနေ‌ကြောင်း သတင်းရရှိထားပါသည်။ Apr 20, 6:34AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မိုးညင်းဘုရားအရှေ့သို ရောက်ရှိနေ‌သော စခများသည် Gtc ကျောင်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

Apr 20, 9:00AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍1🙏1
⚜️ #EIO_Update_News

စစ်ကိုင်းမြို့၊ မြို့မစျေးမြောက်ထောင့် အင်တာနယ် ထော်လာဂျီ အပိုပစ္စည်းဆိုင်အနီးဝန်းကျင်တွင် စခ ပခ ရခ အင်အားအများအပြားရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

Apr 20, 9:29AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍2🙏1
(၂၀,၄,၂၀၂၆) ချင်းပြည်နယ်၊ ကလေး လေဆိပ် မှ တက်လာသော #Y-12 Military Transport Aircraft (၁) စီးဖြင့် ချင်းပြည်နယ်၊ ဖလမ်း တစ်နေရာသို့ ယနေ့ နံနက်ပိုင်း (၈:၂၀) ဝန်းကျင်အချိန်မှ စ၍ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်း၊တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ်သို့ ဆင်းသက်သွားကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Chin_State #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
👍1🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News စစ်ကိုင်းမြို့၊ မြို့မစျေးမြောက်ထောင့် အင်တာနယ် ထော်လာဂျီ အပိုပစ္စည်းဆိုင်အနီးဝန်းကျင်တွင် စခ ပခ ရခ အင်အားအများအပြားရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 Apr 20, 9:29AM #EIO (ဆက်သ…
⚜️ #EIO_Update_News

စစ်ကိုင်းမြို့၊ မြို့မစျေးမြောက်ထောင့် အင်တာနယ် ထော်လာဂျီ အပိုပစ္စည်းဆိုင်အနီးဝန်းကျင်တွင် ရောက်ရှိနေသော စခ ပခ ရခ အင်အားအများအပြားသည် ပြည်သူအသွားအလာ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးပေါ်တာဆွဲသွားကြောင်း သတင်းရရှိထားပါသည်။။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

Apr 20, 10:54AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
👍1🙏1
မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် #Hexacopter ဒရုန်းများကို ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်မြေပြင်အခြေအနေများအရ ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာသည်ကို တွေ့ရပါသည်။

တရုတ်နိုင်ငံထုတ် စစ်ဘက်သုံး #Hexacopter ဒရုန်းများသည် များသောအားဖြင့် ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ ဤဒရုန်းများတွင် အဆင့်မြင့် အာရုံခံကိရိယာများ၊ လေဆာလမ်းညွှန်စနစ်များ နှင့် လက်နက်ငယ်များ (သို့မဟုတ်) ဗုံးများ တပ်ဆင်နိုင်သည့် စနစ်များ ပါဝင်လေ့ရှိသည်။

📌 ၎င်းတို့ အသုံးပြုနေသော #Hexacopter များ၏ အကြောင်းကို အောက်ပါအတိုင်း အပိုင်း ၃ ပိုင်းဖြင့် ခွဲခြားကြည့်နိုင်ပါသည်။

၁။ အသုံးပြုနေသော အမျိုးအစားများနှင့် ရရှိရာလမ်းကြောင်း။

အကြမ်းဖက် စစ်ကောင်စီသည် #Hexacopter များကို နည်းလမ်းနှစ်မျိုးဖြင့် ရရှိအသုံးပြုနေသည်။

♦️စိုက်ပျိုးရေးသုံး ဒရုန်းများကို ပြုပြင်အသုံးပြုခြင်း။

တရုတ်နိုင်ငံထုတ် #DJI_Agras (#T-Series) ကဲ့သို့သော စိုက်ပျိုးရေးသုံး ဒရုန်းများကို ဝယ်ယူပြီး ဗုံးကြဲနိုင်သည့် စနစ်များ တပ်ဆင်ကာ စစ်ရေးတွင် အသုံးပြုခြင်းဖြစ်သည်။ ၎င်းတို့သည် အလေးချိန်များစွာ သယ်ဆောင်နိုင်သောကြောင့် အကြမ်းဖက်စစ်ကောင်စီက အကြိုက်တွေ့သော အမျိုးအစားများ ဖြစ်သည်။

♦️စစ်ဘက်သုံး အထူးထုတ်ဒရုန်းများ။

တရုတ်နိုင်ငံထုတ် စစ်ဘက်သုံး (သို့မဟုတ်) လုပ်ငန်းသုံး ဒရုန်းများကို ကုမ္ပဏီအမျိုးမျိုးမှတစ်ဆင့် ဝယ်ယူအသုံးပြုခြင်း ဖြစ်သည်။

၂။ စစ်ရေးအရ အသုံးပြုပုံနှင့် နည်းဗျူဟာ။

အကြမ်းဖက် စစ်ကောင်စီသည် #Hexacopter များကို အောက်ပါနေရာများတွင် အဓိက အသုံးပြုလေ့ရှိသည်။

♦️ဗုံးကြဲတိုက်ခိုက်ခြင်း (#Drone_Bombing)။

၆၀ မမ (60mm) (သို့မဟုတ်) ၈၁ မမ (81mm) မော်တာကျည်များကို ဒရုန်းတွင် ချိတ်ဆွဲပြီး အပေါ်စီးမှ ကြဲချခြင်း ဖြစ်သည်။ #Hexacopter များသည် အင်အားကောင်းသဖြင့် တစ်ခါပျံလျှင် အများအပြား သယ်ဆောင်နိုင်ပါသည်

♦️ကင်းထောက်ခြင်းနှင့် လမ်းပြခြင်း။

မြေပြင်စစ်ကြောင်းများ ရှေ့မတိုးမီ လမ်းကြောင်းရှင်းမရှင်း ကင်းထောက်ခြင်းနှင့် အမြောက်တပ်များ ပစ်ခတ်ရာတွင် ပစ်မှတ်တိကျစေရန် လေပေါ်မှ လမ်းညွှန်ပေးခြင်းတို့တွင်လည်း အသုံးပြုသည်။

♦️ထောက်ပံ့ပို့ဆောင်ရေး။

ဝေးလံပြီး သွားလာရခက်ခဲသော တောင်ကုန်းစခန်းများသို့ ရိက္ခာနှင့် ခဲယမ်းများ ပို့ဆောင်ရာတွင် အသုံးပြုလေ့ရှိသည်။

၃။ ယင်းဒရုန်းများ၏ ထူးခြားချက်နှင့် အားနည်းချက်။

♦️တည်ငြိမ်မှု။

#Hexacopter များသည် ပန်ကာ ၆ ခု ပါဝင်သဖြင့် ပစ်မှတ်ကို အပေါ်စီးမှ ငြိမ်သက်စွာ ချိန်ရွယ်နိုင်ပြီး ဗုံးကြဲရာတွင် ပိုမိုတိကျစေပါသည်။

♦️အချက်ပြနှောင့်ယှက်မှု (#Jamming)

အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့၏ ဒရုန်းများကို နည်းပညာအရ ကာကွယ်ရန် ကြိုးစားသော်လည်း၊ မြေပြင်တွင် အသုံးပြုနေသော ဒရုန်းအများစုမှာ လူသုံးကုန် (#Commercial) ဒရုန်းများ ဖြစ်သဖြင့် #Drone_Jammer များဖြင့် အချက်ပြဖြတ်တောက်ခံရနိုင်သည့် အားနည်းချက် ရှိသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီသည် ၎င်းတို့၏ ကိုယ်ပိုင် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) များတွင်လည်း ဒရုန်းနည်းပညာနှင့် ဗုံးသီးထုတ်လုပ်မှုများကို မြှင့်တင်ရန် ကြိုးပမ်းနေကြောင်း သတင်းအချက်အလက်များအရ သိရှိရပါသည်။

#Hexacopter များကို အသုံးပြု၍ တိုက်ခိုက်မှုများ ပြုလုပ်ခြင်းသည် မြေပြင်စစ်ကြောင်းများ၏ အထိအခိုက်ကို လျှော့ချရန်အတွက် ၎င်းတို့ ကျင့်သုံးနေသော နည်းဗျူဟာသစ် တစ်ခုလည်း ဖြစ်ပါသည်။

အကြမ်းဖက် စစ်ကောင်စီ၏ #Hexacopter ဒရုန်းများသည် အပေါ်စီးမှ ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ကင်းထောက်ခြင်းတို့တွင် အဓိကအသုံးပြုနေသဖြင့် ပြည်သူများအနေဖြင့် ၎င်းတို့၏ဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန် အောက်ပါအချက်များကို ဆောင်ရန်/ရှောင်ရန် အကြံပြုအပ်ပါသည်။

၁။ ဆောင်ရန်အချက်များ (Dos)

👂🏻နားစွင့်ပါ။

ဒရုန်းများ၏ မော်တာသံသည် ဝိန်းဝိန်းနှင့် ကျယ်လောင်စွာ မြည်တတ်ပါသည်။ ထူးခြားသော အသံကြားရပါက သတိပြုပြီး အကာအကွယ်ယူပါ။

🛡️ ခိုင်မာသော အကာအကွယ်ယူပါ။

ဒရုန်းမှကြဲချသော ဗုံးသီးများသည် မြေပြင်နှင့် ထိတွေ့မှ ပေါက်ကွဲတတ်သဖြင့် ကွန်ကရစ်အဆောက်အဦအောက်၊ ဗုံးခိုကျင်း (သို့မဟုတ်) သစ်ပင်ကြီးများ၏ အောက်ခြေတွင် အကာအကွယ်ယူပါ။

⚠️ လူစုခွဲပါ။

လူစုလူဝေးရှိသော နေရာများသည် ဒရုန်းပစ်မှတ်ဖြစ်ရန် ပိုမိုလွယ်ကူသဖြင့် အမြဲတစေ လူစုခွဲ၍ နေထိုင်ပါ။

🛡️ ဖုံးကွယ်ပါ။

အပေါ်စီးမှ ကြည့်ပါက မမြင်နိုင်စေရန် သစ်ကိုင်းသစ်ရွက်များ၊ ပိုက်ကွန်များ (သို့မဟုတ်) ပတ်ဝန်းကျင်နှင့် တစ်ရောင်တည်းဖြစ်သော အမိုးအကာများကို အသုံးပြု၍ လူနှင့် ပစ္စည်းများကို ဖုံးအုပ်ထားပါ။

၂။ ရှောင်ရန်အချက်များ (Don'ts)

🚫 အပြင်သို့ ထွက်မကြည့်ပါနှင့်။

ဒရုန်းသံကြားရပါက မည်သည့်အမျိုးအစားလဲဆိုသည်ကို သိလိုစိတ်ဖြင့် ကောင်းကင်သို့ မော့ကြည့်ခြင်း၊ အပြင်ထွက်ကြည့်ခြင်းများကို လုံးဝရှောင်ကြဉ်ပါ။ လူ၏ မျက်နှာပြင်သည် အပေါ်စီးမှ ကြည့်လျှင် အဖြူကွက်အဖြစ် ထင်ရှားစွာ မြင်ရတတ်ပါသည်။
⚠️ ဖုန်းနှင့် မီးရောင်များကို သတိထားပါ။

ညဘက်တွင် ဖုန်းစခရင်မီးရောင်၊ လက်နှိပ်ဓာတ်မီးရောင်နှင့် မီးဖိုမီးခိုးများသည် ဒရုန်းရှိ အပူဖမ်းကင်မရာ (Thermal Camera) များအတွက် ထင်ရှားသော ပစ်မှတ်များ ဖြစ်စေနိုင်သဖြင့် ရှောင်ကြဉ်ပါ။

🚫 လမ်းမပေါ်တွင် အုပ်စုလိုက် မသွားပါနှင့်။

ဒရုန်းများသည် လမ်းမပေါ်တွင် သွားလာနေသော လူများနှင့် မော်တော်ယာဉ်များကို အလွယ်တကူ ထောက်လှမ်းနိုင်သဖြင့် ကွင်းပြင်နှင့် လမ်းမများပေါ်တွင် သွားလာခြင်းကို တတ်နိုင်သမျှ ရှောင်ပါ။

🚫 ထူးဆန်းသော ပစ္စည်းများကို မကိုင်ပါနှင့်။

ဒရုန်းမှ ကျလာပြီး မပေါက်ကွဲသေးသော ဗုံးသီးများ (သို့မဟုတ်) ထူးဆန်းသော ပစ္စည်းများကို တွေ့ရှိပါက လက်ဖြင့် ကိုင်တွယ်ခြင်း၊ ရွှေ့ပြောင်းခြင်း လုံးဝမပြုလုပ်ပါနှင့်။

၃။ ကြိုတင်ပြင်ဆင်မှုများ။

👂🏻သတင်းနားစွင့်ပါ။

ဒေသတွင်း ဒရုန်းသတင်းပေးပို့သည့် သတင်းချန်နယ်များနှင့် သတိပေးချက်များကို အမြဲမပြတ် စောင့်ကြည့်ပါ။

🛡️ပုန်းခိုကျင်းပြင်ထားပါ။

မိမိအိမ်နှင့် လုပ်ငန်းခွင်အနီးတွင် ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) အကာအကွယ်ယူနိုင်မည့် နေရာကို ကြိုတင်ပြင်ဆင်ထားပါ။

🛰️ ဒရုန်းများသည် အမြင်အာရုံကို အဓိကထား၍ တိုက်ခိုက်ခြင်းဖြစ်သောကြောင့် "မိမိကိုယ်ကို အပေါ်စီးမှ မမြင်အောင် နေထိုင်ခြင်း" သည် အကောင်းဆုံး ကာကွယ်နည်းဖြစ်ပါသည်။ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အချိန်နှင့်တစ်ပြေးညီ သတင်းများကို စောင့်ကြည့်ပြီး ဘေးကင်းရာသို့ အချိန်မီ ရွှေ့ပြောင်းနိုင်ရန် အမြဲသတိရှိနေဖို့ လိုအပ်ပါသည်။

#Eagle_Information_Operator #EIO #PublicSafety #DroneAwareness #WarCrimes #MiliitaryAtrocities #MilitaryTerrorists #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
🙏1
မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် #Hexacopter ဒရုန်းများကို ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်မြေပြင်အခြေအနေများအရ ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာသည်ကို တွေ့ရပါသည်။

တရုတ်နိုင်ငံထုတ် စစ်ဘက်သုံး #Hexacopter ဒရုန်းများသည် များသောအားဖြင့် ထောက်လှမ်းရေးနှင့် တိုက်ခိုက်ရေး နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်ထားပါသည်။ ဤဒရုန်းများတွင် အဆင့်မြင့် အာရုံခံကိရိယာများ၊ လေဆာလမ်းညွှန်စနစ်များ နှင့် လက်နက်ငယ်များ (သို့မဟုတ်) ဗုံးများ တပ်ဆင်နိုင်သည့် စနစ်များ ပါဝင်လေ့ရှိသည်။

📌 ၎င်းတို့ အသုံးပြုနေသော #Hexacopter များ၏ အကြောင်းအသေးစိတ် 👇🏻

- https://t.me/eagleinformationoperator/22248
- https://t.me/eagleinformationoperator/22249

🛰️ ဒရုန်းများသည် အမြင်အာရုံကို အဓိကထား၍ တိုက်ခိုက်ခြင်းဖြစ်သောကြောင့် "မိမိကိုယ်ကို အပေါ်စီးမှ မမြင်အောင် နေထိုင်ခြင်း" သည် အကောင်းဆုံး ကာကွယ်နည်းဖြစ်ပါသည်။

#Eagle_Information_Operator #EIO #PublicSafety #DroneAwareness #WarCrimes #MiliitaryAtrocities #MilitaryTerrorists #StopKillingCivilians #StopBombingCivilians #WhatsHappeningInMyanmar
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် #Hexacopter ဒရုန်းများကို ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်မြေပြင်အခြေအနေများအရ ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာသည်ကို တွေ့ရပါသည်။ တရုတ်နိုင်ငံထုတ် စစ်ဘက်သုံး #Hexacopter ဒရုန်းများသည် များသောအားဖြင့် ထောက်လှမ်းရေးနှင့်…»
Forwarded from Brave Heart Army - BHA
Media is too big
VIEW IN TELEGRAM
တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
နေ့ရက်--------15.4.2026
တိုက်ပွဲဖြစ်စဉ်မှာ----- စစ်ကိုင်တိုင်းမုံရွာခရိုင် မုံရွာမြို့နယ် မုံရွေးတိုးဂိတ်တွင်-အအ45ဝန်းကျင်ဖြင့်အထိုင်ချ တပ်ဆွဲထားသော စခများထည်းမှ lighttruckကားတစ်စီး-အအ20ခန့်ဖြင့် မိုင်းရှာ-ဆက်ကြေးကောက်ရန်ထွတ်လာသောစခများအား 15.4.2026ရက် မြန်မာ့မဂ်လာနှစ်သစ် အကျတ်နေ့ နံနက်10နာရီဝန်းကျင်ခန့်တွင်..... မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ ထိတွေ့တိုက်ပွဲ25မိနစ်ကြာဖြစ်ခဲ့ပြီးပခတစ်ကောင်နှင့်ရခတစ်ကောင်2ကောင်တေဆုံးပြီး 3ကောင်ထိခိုက်ဒဏ်ရာရခဲ့ပါသည်။

1.အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ်-တပ်ရင်း 7 မှဦးဆောင်ပြီး
2.BRAVE HEART ARMY-BHA
3.Monywa Special ဒိတ်ဒိတ်ကြဲ
4.Special Force 11. SF11(pdf)
5. Anyar Defense Force.(အညာကာကွယ်ရေးအင်အားစု)
6.Monywa Dynamite.STFတို့မှ လက်တွဲညီညီ တိုက်ခိုက်ပါသည်။အဆိုပါတိုက်ခိုက်မှုတွင် ကျွန်တော်တို့ဘက်မှ ရဲဘော်တစ်ဦး မဆိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။
#အရေးတော်ပုံအောင်ကို အောင်ရမည်။