EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.9K links
Download Telegram
(၁၈,၄,၂၀၂၆)၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း နမခ အကြမ်းဖက် စစ်ဌာချုပ်မှ တက်လာသော #Kamikaze Sucide Drone (၂)စီးသည် အရာတော်နယ် တစ်နေရာသို့ ယနေ့ ညပိုင်း (၉:၅၃) (၉:၅၄) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သတင်းရရှိထားပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ #UAV Scout Drone နှင့် #Kamikaze Sucide Drone များသည် အနိမ့်ပျံသန်းနိုင်သည့်အတွက် သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Monywa #Ayadaw #Sagaing_Division #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
🙏3
(၁၈,၄,၂၀၂၆) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော Yak-130 Jet Fighter (၁) စီးဖြင့် ချင်းပြည်နယ်၊ ဖလမ်းတစ်‌နေရာသို့ ယနေ့ ညပိုင်း (၁၀:၂၀) (၁၀:၂၁) ဝန်းကျင်အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Chin_State #AirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
(၁၈,၄,၂၀၂၆) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ ထပ်မံ၍ တက်လာသော #Yak-130 Jet Fighter (၁) စီးဖြင့် ချင်းပြည်နယ်၊ ဖလမ်းတစ်‌နေရာသို့ ယနေ့ ညပိုင်း (၁၀:၅၂) ဝန်းကျင်အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Chin_State #AirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
🚨 "အရေးပေါ် လေကြောင်းသတိပေးချက်နှင့် တိုက်တွန်းချက်" (#EIO) ⚠️

📢 "လေကြောင်းအသိ၊‌လေကြောင်းသတိဖြင့် မိမိနှင့် မိမိပတ်ဝန်းကျင်ကို ကာကွယ်စို့"

အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်စခန်းများနှင့် ဌာနချုပ်များမှတစ်ဆင့် #Jet _Fighters (ဂျက်တိုက်လေယာဉ်များ)၊
#Mi_35P_Attack_Helicopters (တိုက်ခိုက်ရေးရဟတ်ယာဉ်များ)၊ #Y_12_Y_8_Military_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့လေယာဉ်များ)၊ #UVP_L_410_Military_Light_Transport_Aircraft (ဗုံးကျဲနှင့်ထောက်ပို့ အပေါ့စားလေယာဉ်များ)၊ #Paramotors (ပါရာမော်တာများ)၊ #Gyrocopters (ဂျိုင်ရိုကော့ပတာများ) နှင့် လူသတ်လက်နက်များဖြစ်သော #Kamikaze_Suicide_Drones (စွမ်းအားမြင့်အသေခံဒရုန်းများ)၊ #Attack_Drones (တိုက်ခိုက်ရေးဒရုန်းများ) ကို အသုံးပြုကာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေခြင်းသည် လုံးဝမဖြစ်သင့်သည့် အကြမ်းဖက်မှုလုပ်ရပ်သာ ဖြစ်ပါသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များသည် လျော့ပါးသွားခြင်းမရှိဘဲ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားတွင် ရှိနေပါသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် ဘေးကင်းမှုကို ရှေးရှုကာ အောက်ပါ "လေကြောင်းသတိ" များကို အထူးဂရုပြု လိုက်နာကြပါရန်
#EIO_Admin_Team မှ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါသည်။


🛡️ လိုက်နာရန် အရေးကြီးသည့် လမ်းညွှန်ချက်များ။

👂 အသံကို နားစွင့်ပါ။

ဒရုန်းများ(
#Kamikaze_Sucide_Drone/#Attack_Drone)နှင့် အပေါ့စားလေယာဉ်များ (#Paramotor/#Gyrocopter) သည် ပုံမှန်ဂျက်လေယာဉ်များထက် အသံတိုးသော်လည်း နီးကပ်လာပါက ပန်ကာရိုက်ခတ်သံကို ကြားနိုင်ပါသည်။ ထူးခြားသောအသံကြားရပါက လူစုလူဝေးမှ ချက်ချင်းခွာပါ။

🚫 ရှောင်ပါ။

လူစုလူဝေးရှိရာနေရာများသည် အဓိက ပစ်မှတ်များ ဖြစ်လာနိုင်သဖြင့် အထူးဂရုစိုက် နားစွင့်၍ နေထိုင်ကြပါ။ဆူညံသံများဖြစ်သော အသံချဲ့စက်၊ဘောက်များဖွင့်ခြင်းကို လုံးဝ(လုံးဝ) ရှောင်ကြဉ်ကြပါ။

🛖 ခိုင်ခံ့သော နေရာတွင် ခိုလှုံပါ။

လေကြောင်းတိုက်ခိုက်မှု သတိပေးချက်ရသည်နှင့် တစ်ပြိုင်နက် သစ်ပင်ကြီးများအောက်တွင် မနေဘဲ ခိုင်ခံ့သော အဆောက်အအုံ (သို့မဟုတ်) မြေကျင်းများအတွင်း အမြန်ဆုံး ခိုလှုံပါ။

📱 သတင်းအချက်အလက်ကို စောင့်ကြည့်ပါ။

ဒေသတွင်း လေကြောင်း သတင်းပြန်ကြားရေးမှ သတိပေးချက်များ၊ အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးနေသော လေကြောင်းသတင်း
#Channel များကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ပြီး အချင်းချင်း ဖုန်းဖြင့် သတင်းအား လက်ဆင့်ကမ်းခြင်း၊ နယ်မြေခံဆက်သွယ်ရေးကွန်ယက်များသို့ ဝေမျှပါ။လေကြောင်းသတင်းကို အမြဲမပြတ် နားစွင့်နေပါ။

🚫 တားမြစ်ချက်နှင့် မေတ္တာရပ်ခံချက်။

မိမိတို့ဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပါက ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးခြင်းနှင့်
#Social_Media ပေါ်တွင် ချက်ချင်းတင်ခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ထိုသို့တင်ခြင်းသည် တိုက်ခိုက်သူများအတွက် #Target မှန်၊ မမှန် #Feedback ပေးသကဲ့သို့ ဖြစ်စေပြီး နောက်ထပ်တိုက်ခိုက်မှုများ ပြုလုပ်ရန် လမ်းညွှန်ပေးရာ ရောက်ပါသည်။

"မိဘပြည်သူတို့ရဲ့ အသက်ပေါင်းများစွာကို အကာအကွယ်ပေးနိုင်ဖို့ လေကြောင်းအသိ၊ လေကြောင်းသတိ အမြဲရှိကြပါစို့။"

"မိဘပြည်သူအားလုံး ဘေးအန္တရာယ်ကင်းပြီး ကျန်းမာကြပါစေ"🙏🏻


#MiliitaryAtrocities #MilitaryTerrorists #StopBombingCivilians #StopKillingCivilians #AirSecurityAlert #StaySafeMyanmar #SafetyAwareness #WhatsHappeningInMyanmar
🙏1
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Apr 18, 11:32PM

📌အရာတော်နယ်၊လေ့ကျင့်ရေး(၁၀)မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Ayadaw #WhatsHappeningInMyanmar #SecurityUpdate
🙏2
‼️ရာသီဥတုဆိုးရွားတဲ့အချိန်မှာ ခရီးသွားလေယာဉ်များဖြတ်သန်းသည့်အခါ လေခွင်းသံတွေ ကြမ်းတမ်းနေတတ်တာဟာ သဘာဝဖြစ်စဉ်တစ်ခုပဲ ဖြစ်ပါတယ်။

ဒီအခြေအနေကို ဖြစ်ပေါ်စေတဲ့ အဓိကအချက်တွေကို အောက်မှာ ရှင်းပြပေးထားပါတယ်။

၁။ Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း)

လေယာဉ်ဟာ မတူညီတဲ့ အပူချိန်၊ ဖိအားနဲ့ လေတိုက်နှုန်းရှိတဲ့ လေထုအလွှာတွေကို ဖြတ်သန်းရတဲ့အခါ Turbulence လို့ခေါ်တဲ့ လေထုမငြိမ်သက်မှုကို ကြုံတွေ့ရပါတယ်။ ဒါဟာ ကားတစ်စီးက ချိုင့်ခွက်ရှိတဲ့ လမ်းပေါ်မှာ မောင်းနှင်ရသလိုမျိုး လေယာဉ်ကို တုန်ခါစေပြီး လေခွင်းသံကိုလည်း ပိုကျယ်လာစေပါတယ်။

၂။ လေတိုက်နှုန်းနှင့် လေယာဉ်ကိုယ်ထည်

ရာသီဥတုမကောင်းတဲ့အခါ လေတိုက်နှုန်းက ပုံမှန်ထက် ပိုပြင်းထန်ပါတယ်။ လေထုဟာ လေယာဉ်ရဲ့ ကိုယ်ထည်နဲ့ တောင်ပံတွေကို အရှိန်ပြင်းပြင်းနဲ့ တိုးဝှေ့ဖြတ်သန်းသွားတဲ့အတွက် "ဝူးဝူး" လို့ မြည်တဲ့ လေခွင်းသံ (Aerodynamic Noise) တွေ ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားရတာဖြစ်ပါတယ်။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏2
(၁၉,၄,၂၀၂၆) မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော #Yak-130 Jet Fighter (၁) စီးဖြင့် စစ်ကိုင်းတိုင်း၊ မင်းကင်းနယ် တစ်‌နေရာသို့ ယနေ့ နံနက်ပိုင်း (၁၂:၄၅) ဝန်းကျင်အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။

⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Minging #Sagaing_Division #AirStrike #MiliitaryAtrocities #PublicSafety #NAS #EIO #WhatsHappeningInMyanmar
⚜️စစ်မှန်သော အောင်နိုင်သူ⚜️

အဓမ္မ က လက်ရုံးရည် သုံးပြီး
အုတ်တံတိုင်းတွေ မြင့်အောင် ခတ်ထားပါစေ...
ဓမ္မ ကတော့ နှလုံးရည် သုံးပြီး
လူတွေရဲ့ ရင်ဘတ်ထဲမှာ အမြစ်တွယ်တတ်တယ်။

ဟိန်းဟောက်သံတွေနဲ့ မတရားမှု က
ခဏတာ ကြောက်လန့်အောင် ခြောက်နိုင်ပေမဲ့
ငြိမ်သက်ခြင်းနဲ့ တရားမျှတမှု က
ထာဝရ တည်တံ့တဲ့ အင်အားကို ပေးစွမ်းတယ်။

လက်နက်နဲ့ နိုင်တာဟာ... ခေတ္တ
လက်ခံမှုနဲ့ နိုင်တာဟာ... ထာဝရ။
သံကွင်းစပ်တွေ ဘယ်လောက် ခိုင်မြဲပါစေ
အမှန်တရားရဲ့ လွှစာရှေ့မှာတော့
တဖြည်းဖြည်းနဲ့ ကြေမွသွားရမှာပဲ။

မတရားမှုကို တရားနဲ့ နှိမ်နင်းဖို့
နှလုံးသားမှာ သစ္စာ ကို လက်နက်လုပ်
အမှောင်ထုကို အလင်းနဲ့ ဖြိုခွဲဖို့
လက်ထိပ်မှာ ပညာ ကို ဆီမီးထွန်း။

အမှန်တရားဟာ နေမင်းကြီးလိုပဲ
တိမ်တိုက်တွေ ခဏဖုံးလို့ ညှိုးငယ်ရပေမဲ့
အချိန်တန်ရင်တော့...
ကမ္ဘာမြေကို အလင်းပြန်ပေးဖို့ အောင်ပွဲခံလာလိမ့်မယ်။

#Admin Team
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။

​ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါသည်။

​ကျွန်ုပ်တို့တွင် လိုအပ်ချက်များ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်သူ့ထံမှ တပြားတချပ်မျှ အလှူခံခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ပါ။

🛡️ သိက္ခာရှိသော ရပ်တည်ချက်နှင့် ပေးဆပ်မှု။

#EIO တွင် ပါဝင်နေသော #Admin များသည် ကိုယ်ပိုင်အလုပ်အကိုင်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြသူများဖြစ်ပြီး မိမိတို့၏ အိတ်စိုက်ငွေများဖြင့်သာ ပြည်သူ့အကျိုးအတွက် ရှေ့ရှုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

🚫မျောက်ပြဆန်တောင်းခြင်း လုံးဝမရှိပါ

တော်လှန်ရေးအမည်ခံကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ အလှူခံထွက်ခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒမဟုတ်ပါ။

ပြန်လည်မျှဝေခြင်းသာရှိသည်

အမှန်တကယ် လိုအပ်နေသူများနှင့် အခက်အခဲကြုံနေရသူများအတွက် အထိုင်ဖုန်း၊ အိုင်ကွန်စကားပြောစက်၊ ဆက်သွယ်ရေးတိုင်နှင့် ဖုန်းဘေလ်များအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို (၄/၅) ဆယ်သိန်းအထိ မိမိတို့ အိတ်စိုက်ဝင်ငွေထဲမှ ပြန်လည်ဝေမျှပေးကမ်းလျက် ရှိပါသည်။

📢 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်။

"တော်လှန်ရေးအတွက် အောက်ကျခံပြီး အလှူလိုက်ခံနေရမယ်ဆိုရင် လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ၊ မျောက်ပြပြီး ဆန်တောင်းတဲ့အလုပ်မျိုး မိမိတို့ #EIO ဘယ်တော့မှ မလုပ်ဘူး"


မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။

​"ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻

#EIO_Admin_Team
#Eagle_Information_Operator
#Stand_With_Truth
#Technological_Revolution
#No_Donation_Accepted
#RevolutionaryEthics
#HonorableRevolution
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️

📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။

📌 မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။

🛡️ ၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း။

📌 မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။

သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။

📌 မိတ်‌ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။


🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း။

📌 သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည်။

👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း။

📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။

💻 Digital Security။

📌 သတင်းပေးပို့ပြီးနောက် စာမျက်နှာ (#Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။

🛡️ ဘေးကင်းရေး လမ်းညွှန်မှု။

📌 သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။

⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်။

📌 မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါတို့ကို ဂရုပြုပေးပါ

📱 Two-Step Verification။

⚠️ သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် အမြဲဖွင့်ထားရန်။

🗑️ Chat Cleanup။

⚠️ သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။

👁️ Environmental Awareness။

⚠️ သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန်။

"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"


ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻

#EIO_Admin_Team
#Eagle_Information_Operator
#Civilian_Intelligence
#DigitalSecurity
#Revolution_News
⚠️ အရေးကြီးသတိပေးချက်- ဆိုရှယ်မီဒီယာပေါ်မှ ငွေကြေးလိမ်လည်မှုနှင့် သတင်းနှိုက်ခြင်းများကို သတိပြုရန်။

ယခုနောက်ပိုင်းတွင် တော်လှန်ရေးအမည်ခံ၍ #Facebook ပေါ်တွင် ပုံစံအမျိုးမျိုးဖြင့် လိမ်လည်ခြင်းနှင့် သတင်းစုဆောင်းခြင်းများ ပိုမိုများပြားလာပါသည်။

မိမိတို့၏ လုံခြုံရေးနှင့် စေတနာအလှူငွေများ လေလွင့်မှုမရှိစေရန် အောက်ပါအချက်များကို အထူးဂရုပြုကြပါရန် နှိုးဆော်အပ်ပါသည်။

🚩 သတိပြုရမည့် အကောင့်တုများ၏ ဝိသေသလက္ခဏာများ။

⚠️ ပုံရိပ်အလွဲသုံးစားလုပ်ခြင်း။

ဆွဲဆောင်မှုရှိသော မိန်းကလေးပုံများ သို့မဟုတ် လူထုခေါင်းဆောင်၏ ပုံများကို အသုံးပြု၍ လူယုံကြည်အောင် ဖန်တီးထားခြင်း။

⚠️ Followers တိုးအောင် လုပ်ဆောင်ခြင်း။

စိတ်ဝင်စားဖွယ် သတင်းအမှား/အမှန်များကို ရောနှောတင်ပြီး လူကြည့်များအောင် ဦးတည်လုပ်ဆောင်ခြင်း။

⚠️ Messenger မှ တိုက်ရိုက်ဆက်သွယ်ခြင်း။

မသိကျွမ်းသည့် အကောင့်များမှ Messenger သို့ လာရောက်၍ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုခုအတွက်ဟု အကြောင်းပြကာ အလှူခံခြင်း။

ဆောင်ရန်နှင့် ရှောင်ရန်များ။ (Dos and Don'ts)

⚠️ စိစစ်ပါ။

အလှူခံသည့် အကောင့်သည် သက်ဆိုင်ရာအဖွဲ့အစည်း၏ #Official Page မှ ဟုတ်မဟုတ် သေချာစွာ စစ်ဆေးပါ။

🚫 မယုံပါနှင့်။

Messenger သို့ လာရောက်အလှူခံသော အကောင့်မှန်သမျှကို အလွယ်တကူ မယုံကြည်ပါနှင့်။

⚠️ သတင်းလုံခြုံရေး။

မိမိနှင့် နီးစပ်ရာ တော်လှန်ရေးသတင်းများကို မည်သူ့ကိုမျှ အလွယ်တကူ မပြောပါနှင့်။

⚠️ သတင်းမပေးပါနှင့်။

အကောင့်ပိုင်ရှင်ကို လူကိုယ်တိုင် သေချာမသိဘဲ မိမိဒေသတွင်း အခြေအနေများကို မဆွေးနွေးပါနှင့်။

Report ထုပါ။

သံသယဖြစ်ဖွယ် အကောင့်တုများကို တွေ့ရှိပါက ဝိုင်းဝန်း Report ထုပြီး အများသိအောင် လူသိရှင်ကြား (Public) တင်၍ သတိပေးပါ။

🚫 Link များမနှိပ်ပါနှင့်။

Messenger မှ ပေးပို့လာသော သံသယဖြစ်ဖွယ် Link များကို နှိပ်ခြင်းမှ ရှောင်ကြဉ်ပါ။

💡 ထိရောက်သော အကြံပြုချက်။

တော်လှန်ရေးအတွက် အမှန်တကယ် လှူဒါန်းလိုပါက မိမိတို့ယုံကြည်စိတ်ချရသော၊ ချိတ်ဆက်မှုရှိပြီးသားဖြစ်သော တရားဝင်အလှူခံ #Channel များ (သို့မဟုတ်) #Official Page များမှ တစ်ဆင့်သာ တိုက်ရိုက်လှူဒါန်းကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

"သတိတစ်ချက် လွတ်ရုံဖြင့် မိမိလုံခြုံရေးသာမက တော်လှန်ရေးအတွက်ပါ ထိခိုက်နိုင်သည်ကို သတိပြုပါ။"

#Eagle_Information_Operator #EIO #EmergencyAlert #SocialMediaSafety #Awareness #FakeAccounts #ScamAlert
🙏1
🚨မြန်မာနိုင်ငံတွင် အကြမ်းဖက် စစ်ကောင်စီ အသုံးပြုနေသော Kamikaze Drone (သို့မဟုတ်) Suicide Drone များသည် အဓိကအားဖြင့် အီရန် (Iran) နှင့် ရုရှား (Russia) တို့၏ နည်းပညာဒီဇိုင်းများကို အတုယူ/အခြေခံထားခြင်း ဖြစ်ပါသည်။⚠️

⚠️ အသေးစိတ်ဖတ်ရှု့လေ့လာရန် - 👇🏻

♦️ https://t.me/eagleinformationoperator/21557

♦️ https://t.me/eagleinformationoperator/21558

#Scout_Drone များနှင့် ပါတ်သတ်ပြီး လေ့လာတွေ့ရှိချက်များကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသဖြင့် မိမိတို့၏ #EIO_Facebook_Page နှင့် #EIO_Telegram ချန်နယ်ကို #Like & #Follow လုပ်ထားနိုင်ပါသည်။

🔵 https://www.facebook.com/eagleinformation
🌐 https://t.me/eagleinformationoperator

#DroneSafetyTips #SurvivalTactics #StayHidden #SafeMovement #Airstrike #EmergencyAlert #MilitaryTerrorists #WhatsHappeningInMyanmar #Eagle_Information_Operator #EIO
🛰️ CH-4 (Caihong-4) (သို့မဟုတ်) Rainbow-4။

CH-4 သည် တရုတ်နိုင်ငံ CASC မှ ထုတ်လုပ်သော အလတ်စား အမြင့်ပျံ၊ ကြာရှည်ပျံသန်းနိုင်သည့် (MALE - Medium-Altitude, Long-Endurance) မောင်းသူမဲ့ လေယာဉ် (UAV) ဖြစ်သည်။ ၎င်းကို အမေရိကန်၏ MQ-1 Predator နှင့် MQ-9 Reaper တို့နှင့် ပုံစံတူ ဒီဇိုင်းထုတ်ထားပါသည်။

⚠️ အသေးစိတ်ဖတ်ရှုလေ့လာရန် 👇🏻

https://t.me/eagleinformationoperator/21496

#DroneSafetyTips #SurvivalTactics #StayHidden #EmergencyAlert #MilitaryTerrorists #MilitaryTerrorists #SafeMovement #WhatsHappeningInMyanmar #Eagle_Information_Operator #EIO
This media is not supported in your browser
VIEW IN TELEGRAM
🚨လေကြောင်းတိုက်ခိုက်မှုအပြီးတွင် ဒရုန်းသံကြားရပါက -

⚠️လှုပ်ရှားမှု ရပ်တန့်ပါ။

အရိပ်ရသော နေရာ (သို့မဟုတ်) သစ်ပင်အောက်များတွင် ငြိမ်သက်စွာ ခိုလှုံပါ။

⚠️တောက်ပသောအရောင်များ ရှောင်ပါ။

ဒရုန်းကင်မရာမှ အလွယ်တကူ မြင်နိုင်သော အဖြူရောင် (သို့မဟုတ်) တောက်ပသော အဝတ်အစားများကို ဖုံးကွယ်ထားပါ။

⚠️အလင်းပြန်ခြင်းကို ထိန်းပါ။

ဖုန်းစခရင်၊ မှန် သို့မဟုတ် နာရီများမှ အလင်းပြန်ခြင်းသည် ဒရုန်းကို အချက်ပေးသလို ဖြစ်စေနိုင်ပါသည်။

⚠️အရေးကြီးသော မှတ်ချက်။

လေကြောင်းရန် သတိပေးသံ ထပ်မံကြားရပါက ယခင်ခိုလှုံရာနေရာသို့ ချက်ချင်းပြန်သွားပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏


📌အသေးစိတ်ဖတ်ရှု့‌လေ့လာရန် - https://t.me/eagleinformationoperator/19433

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📧 http://www.eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 https://t.me/eagleinformationoperator
🚨အထူးသတိပြု‌နေထိုင်ကြပါရန်⚠️

📌 မြို့နယ်ပေါင်းစုံ၊နယ်ပေါင်းစုံတွင် စခ၊ပခများ၏ အထိုင်ချစခန်းများမှ နေ့/ည အချိန်၌ Spy Balloon၊UAV Scout drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။သို့ဖြစ်ပါ၍ တလရရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။


⚠️ #SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104

⚠️ #VTOL 370 Scout Drone အကြောင်း‌လေ့လာရန် - https://t.me/eagleinformationoperator/17105

⚠️ #Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752

⚠️ #Gyrocopter နှင့် #Paramotor တို့ကိုတန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ - https://t.me/eagleinformationoperator/17807

🚨အထူးသတိပြုရန် နှိုးဆော်ချက် - https://t.me/eagleinformationoperator/19369

#EIO #Eagle_Information_Operator #SafeMovement #MilitaryTerrorists #WarCrimes #SaveMyanmar #WhatsHappeningInMyanmar
#Scout_Drone_Thermal များနှင့် ပါတ်သတ်ပြီး လေ့လာတွေ့ရှိချက်များကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသဖြင့် မိမိတို့၏ #EIO_Facebook_Page နှင့် #EIO_Telegram ချန်နယ်ကို #Like & #Follow လုပ်ထားနိုင်ပါသည်။

#Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၁) - https://t.me/eagleinformationoperator/21164

#Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၂) - https://t.me/eagleinformationoperator/21191

#Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၃) - https://t.me/eagleinformationoperator/21277

#Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၄) - https://t.me/eagleinformationoperator/21362

🔵 https://www.facebook.com/eagleinformation
🌐 https://t.me/eagleinformationoperator

#DroneSafetyTips #SurvivalTactics #StayHidden #CombatSurveillance #ThermalStealth #UAVDetection #DigitalDefense #FieldSecurity #CounterSurveillance #SafeMovement #ThermalProtection #Eagle_Information_Operator #EIO