EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.56K photos
185 videos
25 files
5.95K links
Download Telegram
🛡 ပြောက်ကျားစစ်ရဲ့ အခြေခံသဘောတရား (၃) ရပ် 🛡

တော်လှန်ရေးခရီးမှာ အောင်မြင်မှုရဖို့ဆိုရင် စည်းကမ်းနဲ့ လျှို့ဝှက်မှုကို အထူးဂရုပြုကြရမှာ ဖြစ်ပါတယ်။ အောင်ပွဲအတွက် မရှိမဖြစ်လိုအပ်တဲ့ "လ၊ စ၊ အ" (၄) လုံးဖြစ်ပါတယ်။

🔐 (လ) ၄ လုံး - လုံခြုံရေးအတွက်

၁။ လျှို့ဝှက် (အရာရာကို လျှို့ဝှက်ပါ)
၂။ လျင်မြန် (လုပ်ဆောင်ချက်တိုင်း ထက်မြက်ပါ)
၃။ လုံ့လ (ဇွဲရှိရှိ ကြိုးစားပါ)
၄။ လုံခြုံ (စနစ်တကျ ကာကွယ်ပါ)

"မိဘ၊ သားမယား၊ သူစိမ်းမဆို အရာရာကို လျှို့ဝှက်အပ်ရာ၏"

(စ) ၄ လုံး - စုစည်းမှုအတွက်

၁။ စည်းကမ်း
၂။ စနစ်
၃။ စည်းရုံး
၄။ စုစည်း

✊🏻 (အ) ၄ လုံး - အောင်ပွဲအတွက်

၁။ အင်အား
၂။ အားအင်
၃။ အားပြု
၄။ အပြီး

ဒါကြောင့် ထင်ပေါ်လိုစိတ်တွေကို ဘေးဖယ်ပြီး စနစ်တကျနဲ့ တိတ်တဆိတ် လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

"သမိုင်းက ပြည်သူ - တော်လှန်ရမှာက ကျွန်ုပ်တို့" ဖြစ်ပါတယ်။

#AdminTeam
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📧 Email: eagleinformationoperators@gmail.com
🔵 Facebook: https://www.facebook.com/eagleinformation
🌐 Telegram Channel: https://t.me/eagleinformationoperator
🙏2
(၁၇,၄,၂၀၂၆) ခုနှစ် နှစ်ဆန်း တစ်ရက်နေ့တွင် မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော Yak-130 Jet Fighter (၁) စီးဖြင့် စစ်ကိုင်းတိုင်း၊ အရာ‌တော်နယ် တစ်‌နေရာသို့ ယနေ့ ညနေပိုင်း (၄:၅၆) ဝန်းကျင်အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

မြန်မာတို့၏ နှစ်သစ်ကူး အခါသမယဖြစ်ပြီး အေးချမ်းပျော်ရွှင်ရမည့် အချိန်ဖြစ်သော်လည်း၊ ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် စိတ်မကောင်းဖွယ်ရာ အမင်္ဂလာပင် ဖြစ်ပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။💦 ငြိမ်းချမ်းသော နှစ်သစ်ကို မျှော်လင့်နေသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Ayadaw #Sagaing_Division #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
(၁၇,၄,၂၀၂၆) ခုနှစ် နှစ်ဆန်း တစ်ရက်နေ့တွင် မန္တလေးတိုင်း၊ မိထ္ထီလာ အကြမ်းဖက် လေတပ်ဌာနချုပ် မှ တက်လာသော JF-17 Thunder Jet Fighter (၁) စီးဖြင့် စစ်ကိုင်းတိုင်း၊ အရာ‌တော်နယ် တစ်‌နေရာသို့ ယနေ့ ညနေပိုင်း (၅:၀၃) ၊ (၅:၀၆) ၊ (၅:၀၉) ဝန်းကျင်အချိန်ခန့်ထိ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

မြန်မာတို့၏ နှစ်သစ်ကူး အခါသမယဖြစ်ပြီး အေးချမ်းပျော်ရွှင်ရမည့် အချိန်ဖြစ်သော်လည်း၊ ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် စိတ်မကောင်းဖွယ်ရာ အမင်္ဂလာပင် ဖြစ်ပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။💦 ငြိမ်းချမ်းသော နှစ်သစ်ကို မျှော်လင့်နေသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Ayadaw #Sagaing_Division #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
(၁၇,၄,၂၀၂၆) ခုနှစ် နှစ်ဆန်း တစ်ရက်နေ့တွင် မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ တတိယအကြိမ် တက်လာသော #Mi-35P Attack Helicopter (၁) စီးဖြင့် စစ်ကိုင်းတိုင်း၊ အရာ‌တော်နယ် တစ်‌နေရာသို့ ယနေ့ ညနေပိုင်း (၄:၁၈) ဝန်းကျင်အချိန်ခန့်တွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး မုံရွာ-နမခ မှ အရာတော် (၅၀၀၄) တပ်နယ်သို့ နှစ်ကြိမ်လာရောက်၍ စခအအဖြည့်သော Mi-17 Military Transport (၁)စီးအား ယနေ့ ညနေပိုင်း (၄:၄၀) နှင့် (၅:၁၄) အချိန်တွင် အကာကွယ်ပေးခဲ့ကြောင်း သိရှိရပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။💦 ငြိမ်းချမ်းသော နှစ်သစ်ကို မျှော်လင့်နေသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Ayadaw #Sagaing_Division #AirStrike #MiliitaryAtrocities #PublicSafety #EIO #WhatsHappeningInMyanmar
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တော်လှန်ရေး ရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေတို့၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻


#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏2
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Apr 17, 8:47PM

📌အရာတော်နယ်၊လေ့ကျင့်ရေး(၁၀)မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ညအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Ayadaw #WhatsHappeningInMyanmar #SecurityUpdate
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက် Eagle Information Operator (#EIO) Date - Apr 17, 8:47PM 📌အရာတော်နယ်၊လေ့ကျင့်ရေး(၁၀)မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ညအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။…»
⚜️စစ်မှန်သော အောင်နိုင်သူ⚜️

အဓမ္မ က လက်ရုံးရည် သုံးပြီး
အုတ်တံတိုင်းတွေ မြင့်အောင် ခတ်ထားပါစေ...
ဓမ္မ ကတော့ နှလုံးရည် သုံးပြီး
လူတွေရဲ့ ရင်ဘတ်ထဲမှာ အမြစ်တွယ်တတ်တယ်။

ဟိန်းဟောက်သံတွေနဲ့ မတရားမှု က
ခဏတာ ကြောက်လန့်အောင် ခြောက်နိုင်ပေမဲ့
ငြိမ်သက်ခြင်းနဲ့ တရားမျှတမှု က
ထာဝရ တည်တံ့တဲ့ အင်အားကို ပေးစွမ်းတယ်။

လက်နက်နဲ့ နိုင်တာဟာ... ခေတ္တ
လက်ခံမှုနဲ့ နိုင်တာဟာ... ထာဝရ။
သံကွင်းစပ်တွေ ဘယ်လောက် ခိုင်မြဲပါစေ
အမှန်တရားရဲ့ လွှစာရှေ့မှာတော့
တဖြည်းဖြည်းနဲ့ ကြေမွသွားရမှာပဲ။

မတရားမှုကို တရားနဲ့ နှိမ်နင်းဖို့
နှလုံးသားမှာ သစ္စာ ကို လက်နက်လုပ်
အမှောင်ထုကို အလင်းနဲ့ ဖြိုခွဲဖို့
လက်ထိပ်မှာ ပညာ ကို ဆီမီးထွန်း။

အမှန်တရားဟာ နေမင်းကြီးလိုပဲ
တိမ်တိုက်တွေ ခဏဖုံးလို့ ညှိုးငယ်ရပေမဲ့
အချိန်တန်ရင်တော့...
ကမ္ဘာမြေကို အလင်းပြန်ပေးဖို့ အောင်ပွဲခံလာလိမ့်မယ်။

#Admin Team
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏1
အလုပ်ဖြင့်သက်သေပြမည်၊ သိက္ခာဖြင့် ရပ်တည်မည် - ဤသည်မှာ #EIO ဖြစ်သည်။

​ခေတ်မီစက်ပစ္စည်းများနှင့် စနစ်တကျလည်ပတ်နေသော #EIO (Communication & Information Operator) သည် စတင်တည်ထောင်ချိန်မှ ယနေ့ထက်တိုင် "ကိုယ်ထူကိုယ်ထ" စနစ်ဖြင့်သာ ခိုင်ခိုင်မာမာ ရပ်တည်နေခြင်း ဖြစ်ပါသည်။

​ကျွန်ုပ်တို့တွင် လိုအပ်ချက်များ ရှိကောင်းရှိနိုင်ပါသည်။ သို့သော် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ပြည်သူ့ထံမှ တပြားတချပ်မျှ အလှူခံခြင်း၊ ဝန်ထုပ်ဝန်ပိုးဖြစ်စေခြင်းမျိုး လုံးဝ (လုံးဝ) မပြုလုပ်ခဲ့ပါ။

🛡️ သိက္ခာရှိသော ရပ်တည်ချက်နှင့် ပေးဆပ်မှု။

#EIO တွင် ပါဝင်နေသော #Admin များသည် ကိုယ်ပိုင်အလုပ်အကိုင်၊ ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေကြသူများဖြစ်ပြီး မိမိတို့၏ အိတ်စိုက်ငွေများဖြင့်သာ ပြည်သူ့အကျိုးအတွက် ရှေ့ရှုလုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

🚫မျောက်ပြဆန်တောင်းခြင်း လုံးဝမရှိပါ

တော်လှန်ရေးအမည်ခံကာ ကိုယ်ကျိုးအတွက်ဖြစ်စေ၊ အဖွဲ့အစည်းအတွက်ဖြစ်စေ အလှူခံထွက်ခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒမဟုတ်ပါ။

ပြန်လည်မျှဝေခြင်းသာရှိသည်

အမှန်တကယ် လိုအပ်နေသူများနှင့် အခက်အခဲကြုံနေရသူများအတွက် အထိုင်ဖုန်း၊ အိုင်ကွန်စကားပြောစက်၊ ဆက်သွယ်ရေးတိုင်နှင့် ဖုန်းဘေလ်များအပြင် တော်လှန်ရေးအဖွဲ့အစည်းအချို့အတွက် လိုအပ်သည့် ထောက်ပံ့မှုများကို (၄/၅) ဆယ်သိန်းအထိ မိမိတို့ အိတ်စိုက်ဝင်ငွေထဲမှ ပြန်လည်ဝေမျှပေးကမ်းလျက် ရှိပါသည်။

📢 ကျွန်ုပ်တို့၏ ခိုင်မာသော ကတိကဝတ်။

"တော်လှန်ရေးအတွက် အောက်ကျခံပြီး အလှူလိုက်ခံနေရမယ်ဆိုရင် လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေ၊ မျောက်ပြပြီး ဆန်တောင်းတဲ့အလုပ်မျိုး မိမိတို့ #EIO ဘယ်တော့မှ မလုပ်ဘူး"


မိမိတို့ #EIO သည် အလှူခံအဖွဲ့အစည်းမဟုတ်ပါ။ နည်းပညာနှင့် သတင်းအချက်အလက်ဖြင့် ပြည်သူ့အကျိုးကို မျက်နှာမူကာ အမှန်တရားဘက်မှ ရပ်တည်နေသည့် စက်မှုနှင့်နည်းပညာအခြေပြု အော်ပရေတာ တစ်ခုသာ ဖြစ်ပါသည်။

​"ပြည်သူ့အပေါ် ဝန်မဖြစ်စေဘဲ မိမိတို့ တတ်စွမ်းသမျှသော အရင်းအမြစ်များကိုသာ အသုံးချ၍ အောင်ပွဲဆီသို့ ဆက်လက်ချီတက်သွားပါမည်"✊🏻

#EIO_Admin_Team
#Eagle_Information_Operator
#Stand_With_Truth
#Technological_Revolution
#No_Donation_Accepted
#RevolutionaryEthics
#HonorableRevolution
🙏1
⚜️ #EIO_Update_News

ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံနှင့် မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာသို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။

Apr 18, 6:33AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️

📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။

📌 မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။

🛡️ ၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း။

📌 မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။

သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။

📌 မိတ်‌ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။


🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း။

📌 သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည်။

👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း။

📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။

💻 Digital Security။

📌 သတင်းပေးပို့ပြီးနောက် စာမျက်နှာ (#Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။

🛡️ ဘေးကင်းရေး လမ်းညွှန်မှု။

📌 သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။

⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်။

📌 မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါတို့ကို ဂရုပြုပေးပါ

📱 Two-Step Verification။

⚠️ သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် အမြဲဖွင့်ထားရန်။

🗑️ Chat Cleanup။

⚠️ သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။

👁️ Environmental Awareness။

⚠️ သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန်။

"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"


ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻

#EIO_Admin_Team
#Eagle_Information_Operator
#Civilian_Intelligence
#DigitalSecurity
#Revolution_News
🙏1
🛑 ကောင်းကင်ယံမှ အကြမ်းဖက် သေမင်းတမန်များ နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အကြမ်းဖက်စစ်ကောင်စီ၏ ရာဇဝတ်မှု

"အခါကြီးရက်ကြီးမရှိ၊ နေ့ရက်မရွေး၊ အချိန်မရွေး လုပ်မြဲတိုင်း လုပ်‌နေဆဲဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းအန္တရယ် ကောင်းကင်ယံကို ကြည့်ပြီး စိုးရိမ်နေရတဲ့ ဘဝမျိုးကို စဉ်းစားကြည့်ဖူးပါသလား"⁉️

ယနေ့ မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေဟာ ဒီလိုကြောက်မက်ဖွယ်ရာ အခြေအနေဆိုးကြီးကို နေ့စဉ်နဲ့အမျှ ရင်ဆိုင်နေကြရပါတယ်။ စစ်အာဏာရှင်ဟောင်းများ၏ အစဉ်အလာအတိုင်း အာဏာသိမ်းစစ်ကောင်စီသည် ၎င်းတို့အား ဆန့်ကျင်သည့် မည်သည့်နေရာကိုမဆို "စစ်ရေးပစ်မှတ်" ဟု ခေါင်းစဉ်တပ်ကာ လေကြောင်းကနေ ရက်ရက်စက်စက် ဗုံးကျဲတိုက်ခိုက်နေခြင်းဟာ အထွတ်အထိပ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ⚠️

### ၁။ စစ်ရေးပစ်မှတ်မဟုတ်သော အရပ်သားနယ်မြေများ 🏥🏫

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) အရ စစ်မက်ဖြစ်ပွားရာတွင် အရပ်သားများနှင့် စစ်မက်နှင့်မသက်ဆိုင်သော အဆောက်အအုံများကို အကာအကွယ်ပေးရမည်ဟု အတိအလင်း ပြဋ္ဌာန်းထားပါတယ်။ ⚖️

သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် -

* 🚸 ကလေးငယ်များ ပညာသင်ကြားနေသည့် စာသင်ကျောင်းများ

* 🏥 လူနာများ အသက်လုနေရသည့် ဆေးရုံ၊ ဆေးခန်းများ

* ⛪️ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ ဘုရားကျောင်းကန်များ

* 🏠 မိသားစုများ အိပ်မောကျနေသည့် လူနေအိမ်ခြေများ

ကိုရည်ရွယ်ချက်ရှိရှိ စစ်ရေးပစ်မှတ်ထားကာ ဖျက်အားပြင်း ဗုံးများ၊ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းမှာ စစ်ရေးအရ အနိုင်ရလိုခြင်းထက် ပြည်သူကို ကြောက်ရွံ့ထိတ်လန့်စေရန် ပြုလုပ်သည့် "နိုင်ငံတော်အဆင့် အကြမ်းဖက်မှု" သာ ဖြစ်သည်။ 💣🔥

### ၂။ ရက်မရွေး၊ လမရွေး ကျူးလွန်နေသည့် ရက်စက်မှုများ 🗓️🚫

ဘာသာရေးပွဲလမ်းသဘင်များ၊ ရိုးရာသင်္ကြန်ကာလများ၊ ဝမ်းနည်းပူဆွေးနေရသည့် နာရေးကိစ္စများမှာပင် လေကြောင်းတိုက်ခိုက်မှုတွေဟာ ရပ်တန့်သွားခြင်း မရှိခဲ့ပါဘူး။

လူစုလူဝေးရှိရာကို သိလျက်နှင့် ဗုံးကျဲခြင်းဟာ တစ်ဖက်သတ် သတ်ဖြတ်မှု (#Massacre) ဖြစ်ပြီး၊ ဒါဟာ စစ်မြေပြင်က တိုက်ပွဲမဟုတ်ဘဲ လက်နက်မဲ့ပြည်သူတွေကို ဦးတည်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုသာ ဖြစ်ပါတယ်။ 💔

ကောင်းကင်ယံမှာ ဂျက်ဖိုက်တာသံ (သို့မဟုတ်) ဒရုန်းသံ ကြားလိုက်ရတိုင်း ကလေးငယ်တွေရဲ့ တုန်လှုပ်ခြောက်ခြားမှု၊ မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေဟာ ဘယ်လိုမှ ကုစားလို့မရနိုင်တဲ့ စိတ်ဒဏ်ရာ (#Trauma) တွေကို ဖြစ်ပေါ်စေပါတယ်။ 🚁✈️

### ၃။ ကမ္ဘာက သိစေရမည့် စစ်ရာဇဝတ်မှု (#War Crimes) 🌍📢

ဒီလိုလုပ်ရပ်တွေဟာ သာမန်တိုက်ပွဲတွေမဟုတ်ဘဲ "လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (#Crimes Against Humanity)" မြောက်ပါတယ်။ ကိုယ့်နိုင်ငံသား၊ ကိုယ့်ပြည်သူကို လေယာဉ်များဖြင့် ပြန်လည်သတ်ဖြတ်နေသည့် လုပ်ရပ်မျိုးဟာ ကမ္ဘာ့သမိုင်းမှာ အလွန်တရာ ရှက်ဖွယ်ကောင်းသော ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ကျန်ရစ်မှာ ဖြစ်ပါတယ်။ 📜🩸

### ၄။ ကျွန်ုပ်တို့၏ ရပ်တည်ချက် 🛡️

#EIO (#Eagle_Information_Operator) အနေဖြင့် အပြစ်မဲ့ အရပ်သား ပြည်သူများအပေါ် လေကြောင်းဖြင့် တိုက်ခိုက်သတ်ဖြတ်နေသည့် အကြမ်းဖက်လုပ်ရပ်မှန်သမျှကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါတယ်။ မိမိတို့ #EIO_Admin_Team သည် အမှန်တရားဘက်မှ ရပ်တည်ကာ ဤရက်စက်မှုများကို မှတ်တမ်းတင်ခြင်း၊ ဖော်ထုတ်ခြင်းနှင့် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းအချက်အလက်များကို အစဉ်တစိုက် ဖြန့်ဝေပေးသွားမည် ဖြစ်သည်။ 📡🛰️

လက်နက်အားကိုးဖြင့် ကောင်းကင်ယံကနေ လူသတ်နေခြင်းဖြင့် ပြည်သူ့စိတ်ဓာတ်ကို မချိုးနှိမ်နိုင်ပါ။ အပြစ်မဲ့သွေးတွေ စွန်းပေနေတဲ့ ကောင်းကင်ယံဟာ တစ်နေ့မှာတော့ တရားမျှတမှုရဲ့ အလင်းရောင်နဲ့ ပြန်လည်သာယာလာမှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုမှန်သမျှ အဆုံးသတ်ရမည်။ 🕊️

#MilitaryTerrorists #MiliitaryAtrocities #StopKillingCivilians #StopBombingCivilians #SaveMyanmar #WarCrimes #EIO #Eagle_Information_Operator #JusticeForMyanmar
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🛑 ကောင်းကင်ယံမှ အကြမ်းဖက် သေမင်းတမန်များ နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အကြမ်းဖက်စစ်ကောင်စီ၏ ရာဇဝတ်မှု "အခါကြီးရက်ကြီးမရှိ၊ နေ့ရက်မရွေး၊ အချိန်မရွေး လုပ်မြဲတိုင်း လုပ်‌နေဆဲဖြစ်တဲ့ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းအန္တရယ် ကောင်းကင်ယံကို ကြည့်ပြီး စိုးရိမ်နေရတဲ့…»
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 18, 6:51AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1