EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.96K links
Download Telegram
Forwarded from MMWeather
၂၀၂၆ မိုးရာသီကာလအတွင်း မိုးအခြေအနေကြိုတင်ခန့်မှန်း
2026 Rainy Seasonal Forecast; Reference Meteoblue AUTO SA-ENSEMBLE MODELS
==============

၂၀၂၆ ခုနှစ် မိုးကြိုကာလ (ဧပြီ ၁၆ မှ မေ ၁၅)
ENSO လာနီညာမှ ENSO NEUTRAL ပုံမှန်ကြားနေရာသီဥတုသို့ အကူးအပြောင်းကာလအတွင်း
မေလတွင် - ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်လာမည့် လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းများအရှိန်သက်ရောက်မှု မရှိလျှင်၊ မိုးအားနည်းနေနိုင်မည်။

၂၀၂၆ ခုနှစ် မိုးဦးကာလ (မေ ၁၆ မှ ဇွန် ၃၀)
ENSO NEUTRAL ပုံမှန်ကြားနေရာသီဥတုအတွင်း
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်လာမည့် လေဖိအားနည်းရပ်ဝန်း၊ မုန်တိုင်းများအရှိန်သက်ရောက်မှု မရှိလျှင်၊ မိုးအားနည်းနေနိုင်မည်။
ဇွန်လတွင် - တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် -
နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာမှ ၆၀ မီလီမီတာအထိ(၀.၄ လက်မမှ ၂.၄ လက်မအထိ) မိုးရေချိန် ပိုမိုရရှိနိုင်သည်။

၂၀၂၆ ခုနှစ် မိုးလယ်ကာလ (ဇူလိုင် ၁ မှ ဩဂုတ် ၃၁)
ENSO NEUTRAL ပုံမှန်ကြားနေရာသီဥတုအတွင်း
ဇူလိုင်လတွင် - တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် အရှေ့ပိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း တို့တွင် -
နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာမှ ၆၀ မီလီမီတာအထိ(၀.၄ လက်မမှ ၂.၄ လက်မအထိ) မိုးရေချိန် ပိုမိုရရှိနိုင်သည်။

၂၀၂၆ ခုနှစ် မိုးလယ်ကာလ (ဇူလိုင် ၁ မှ ဩဂုတ် ၃၁)
ENSO NEUTRAL ပုံမှန်ကြားနေရာသီဥတုအတွင်း
ဩဂုတ်လတွင် - တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကချင်ပြည်နယ်တောင်ပိုင်း တို့တွင် -
နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာမှ ၁၀၀ မီလီမီတာအထိ(၀.၄ လက်မမှ ၄ လက်မခန့်အထိ) မိုးရေချိန် ပိုမိုရရှိနိုင်သည်
ENSO Neutral မှ ENSO အယ်နီညိုသို့ကူးပြောင်းချိန်အတွင်း မိုးရေချိန်ရရှိမှုအနည်း/အများအပေါ် သက်ရောက်မှုများမည်မဟုတ်ပါ။

၂၀၂၆ ခုနှစ် မိုးနှောင်းကာလ (စက်တင်ဘာ ၁ မှ အောက်တိုဘာ ၁၀)
ENSO NEUTRAL ပုံမှန်ကြားနေရာသီဥတုအတွင်း
စက်တင်ဘာလတွင် - တနင်္သာရီတိုင်းနှင့် ကချင်ပြည်နယ်တွင် မိုးအားလျော့နည်းသွားနိုင်ပြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းတောင်ပိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တောင်ပိုင်း တို့တွင် -
နှစ်စဉ်ရွာသွန်းမြဲမိုးရေချိန်အထက် ၁၀ မီလီမီတာမှ ၂၀ မီလီမီတာအထိ(၀.၄ လက်မမှ ၀.၈ လက်မခန့်အထိ) မိုးရေချိန် ပိုမိုရရှိနိုင်သည်။
ENSO Neutral မှ ENSO အယ်နီညိုသို့ကူးပြောင်းချိန်အတွင်း မိုးရေချိန်ရရှိမှုအနည်း/အများအပေါ် သက်ရောက်မှုများမည်မဟုတ်ပါ။

အချုပ်အားဖြင့် -
• ၂၀၂၆ ခုနှစ် ဧပြီလအတွင်း ENSO La Niña to ENSO Neutral (လာနီညာမှ ပုံမှန်ကြားနေရာသီဥတု)သို့ ကူးပြောင်းမည်ဖြစ်ပြီး ကြားနေရာသီဥတုသည် ၂၀၂၆ခုနှစ် ဇူလိုင်လဆက်လက်ရှိနေနိုင်ပါသည်။

• ဇူလိုင်-ဩဂုတ်လအတွင်း ENSO Neutral to ENSO El Niño (ပုံမှန်ကြားနေရာသီဥတုမှ အယ်နီညိုရာသီဥတုသို့) ကူးပြောင်းခြင်းစတင်နိုင်ပြီး စက်တင်ဘာ/အောက်တိုဘာလအတွင်း ENSO El Niño (အယ်လ်နီညိုရာသီဥတု)သို့ ကူးပြောင်းရောက်ရှိလာနိုင်ကာ၊ နိုဝင်ဘာ/ဒီဇင်ဘာလများအတွင်း အားကောင်းသော အယ်လ်နီညိုဖြစ်လာနိုင်ကြောင်း၊ အားအလွန်ကောင်းသော အယ်လ်နီညိုဖြစ်လာရန် သေချာမှု ၁၃% သာ ရှိနေကြောင်း ကမ္ဘာ့ရာသီဥတုလေ့လာခန့်မှန်းရေးအဖွဲ့များက ခန့်မှန်းထားကြပါသည်။

• ထို့ကြောင့် ပုံမှန်ကြားနေရာသီဥတုမှ အယ်လ်နီညိုရာသီဥတုသို့ကူးပြောင်းချိန်အတွင်း မြန်မာ့မိုးဥတုအပေါ်သိသာသောသက်ရောက်မှု ရှိနိုင်မည်မဟုတ်ပဲ ၂၀၂၇ ခုနှစ်၏ ၁ နှစ်တာ ရာသီဥတုအခြေအနေများအပေါ်တွင်သာ သိသာသောသက်ရောက်မှုရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းတင်ပြလိုက်ပါသည်။
1🥰1
တိုက်ပွဲသတင်းထုတ်ပြန်ချက်

ရန်သူ့စစ်စခန်း (၂) ခုကို PDF နှင့် ပူးပေါင်းတပ် သိမ်းပိုက်ရရှိ၊ ဒုတပ်ရင်းမှူးကို ဖမ်းဆီးရရှိ

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၃) ရက်နေ့

စစ်တောင်းမြစ်ဝှမ်း၊ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက်စစ်တပ် လက်ယက်စခန်း (ပွိုင့် ၁၂၈ စခန်း) နှင့် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် လေးကေစခန်းတို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေး နယ်မြေ၊ အထူးတိုင်းစစ်ဌာန တပ်ရင်း၊ စစ်ကြောင်းများ၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပဲခူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက် ရရှိခဲ့ပါသည်။

လက်ယက်စခန်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ပြီး ဧပြီလ (၇) ရက်နေ့ မနက် (၆) နာရီအချိန်တွင် အပြီးသတ် သိမ်းဆည်းရှင်းလင်းနိုင်ခဲ့ကာ ရန်သူသေဆုံး အလောင်း (၈) လောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ (၃၀) ရှိခဲ့သည်။

အဆိုပါ တိုက်ပွဲအတွင်း ၆၀ မမ (၁) လက်၊ MA-11 (၄) လက်၊ MA-1 (၁) လက်၊ MA-4 ပူးတွဲ (၁) လက်၊ RPG အသီး (၇) စုံ၊ စက်လက်ကျည် (၆၀၀) တောင့်၊ ၅.၅၆ ကျည် (၅၀၀) တောင့်၊ ၆၀ မမ အသီး (၅) လုံး၊ ကျည်ဘောက် (၁၂) ခုနှင့် စစ်သုံးပစ္စည်းများ၊ ဂျန်မာစက် (၂)စုံ၊ မီးစက် (၂) လုံး သိမ်းဆည်းရမိခဲ့သည်။

လက်ယက်စခန်းသိမ်းတိုက်ပွဲအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ရန်ကုန်တိုင်း စစ်ဌာနကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၆) ကွပ်ကဲမှုအောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ SOG ဒရုန်းတပ်ဖွဲ့၊ KNLA တပ်ရင်း (၇)၊ တပ်ခွဲ (၁) က ပူးပေါင်းသိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ လေးကေ စစ်စခန်းကို ၂၀၂၆ ခုနှစ်၊ ဧပြီလ (၇) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဆင်ရေး နယ်မြေ၊ အထူးတိုင်းစစ်ဌာနက စတင်တိုက်ခိုက်ခဲ့ပြီး ဧပြီလ (၁၂) ရက်နေ့၊ မနက် (၈) နာရီတွင် အပြီးသတ် သိမ်းဆည်းရှင်းလင်းနိုင်ခဲ့သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်တပ်မှ ဒုတပ်ရင်းမှူး အောင်သော် နှင့် အခြား အဆင့် (၁) ဦးကို အရှင်ဖမ်းဆီးမိခဲ့ပြီး ရန်သူ သေဆုံး (၅) ဦး ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ (၁၀) ဦးခန့် ရှိခဲ့သည်။

တိုက်ပွဲအတွင်း ငါးကြင်းမြီး (၁) လက်၊ MA-2 (၁) လက်၊ ၆၀ မမ (၁) လက်၊ ၆၀ မမသီး (၂၉) လုံး၊ ၄၀ မမသီး (၇၅) လုံး၊ ၅.၅၆ကျည် (၄၀၀၀) တောင့်၊ ဂျန်မာစက် (၃) လုံး၊ ဆက်သွယ်ရေးအထိုင်စက် (၄) လုံး၊ မီးစက် (၁) လုံးနှင့် စစ်သုံးပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

လေးကေစခန်းသိမ်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ နည်းဗျူဟာ (၂၇) ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF၊ ရန်ကုန်တိုင်း ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ KRF ဒရုန်းတပ်ဖွဲ့၊ KNU တပ်မဟာ (၁) ရှိ KNLA တပ်ရင်းများ၊ ABSDF တပ်တို့ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲ (၂) ခုအတွင်း ရန်သူ့ ဒုတပ်ရင်းမှူး အပါအဝင် (၂) ဦးကို အရှင်ဖမ်းမိခဲ့ပြီး ရန်သူ့ဘက်မှ (၁၃) ဦး သေဆုံး၊ (၄၀) ဦး ဒဏ်ရာရရှိခဲ့ကာ ၆၀ မမ (၂) လက်၊ လက်နက်ငယ်မျိုးစုံ (၇) လက်၊ ငါးကြင်းမှီး (၁) လက်၊ ကျည်မျိုးစုံ (၅၀၀၀) ကျော် အပါအဝင် စစ်သုံးပစ္စည်းအသီးသီး သိမ်းပိုက်ရရှိခဲ့ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
2
(၁၃,၄,၂၀၂၆) ခုနှစ် သင်္ကြန်ကာလ အကြိုနေ့တွင် မန္တလေးတိုင်း၊ မိထ္ထီလာ အကြမ်းဖက် လေတပ်ဌာနချုပ် မှ JF-17 Thunder Jet Fighter (၁) စီးဖြင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုနယ် တစ်‌နေရာသို့ နေ့လည် (၃:၂၁) အချိန်မှ စ၍ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှု (၅)ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အတာသင်္ကြန်ကာလသည် မြန်မာတို့၏ နှစ်သစ်ကူး အခါသမယဖြစ်ပြီး အေးချမ်းပျော်ရွှင်ရမည့် အချိန်ဖြစ်သော်လည်း၊ ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် စိတ်မကောင်းဖွယ်ရာ အမင်္ဂလာပင် ဖြစ်ပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။💦 ငြိမ်းချမ်းသော နှစ်သစ်ကို မျှော်လင့်နေသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Shwebo #Sagaing #AirStrike #PublicSafety #EIO #WhatsHappeningInMyanmar
😢2
Media is too big
VIEW IN TELEGRAM
💔 သင်္ကြန်အကြိုနေ့မှာ ပျော်ရွှင်သံတွေအစား ပြာပုံထဲက ငိုကြွေးသံတွေပဲ ကြားနေရတယ်👂🏻

ဒီနေ့ဟာ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၃) ရက် - သင်္ကြန်အကြိုနေ့။

မြန်မာပြည်သူတွေအတွက်တော့ အတာရေနဲ့ အညစ်အကြေးတွေကို ဆေးကြောရမယ့်ရက် မဟုတ်ဘဲ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ မီးတောက်တွေအောက်မှာ စစ်ကြောင်းအထွက် တောမီးလောင်ရာကနေ မီးကူးခြင်းဟု နယ်မြေခံအဖွဲ့အစည်းထံမှ သိရပြီးသဘာဝမီးကြောင့် ဘဝတွေ ပြာကျခဲ့ရတဲ့ နေ့တစ်နေ့ ဖြစ်သွားခဲ့ပြန်ပါပြီ။

💦 အတာအိုးအစား မျက်ရည်အိုးတွေနဲ့ ကြိုဆိုရတဲ့ သင်္ကြန် 💔

လူမဆန်တဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့ အကြိုနေ့မတိုင်ခင် ကျေးရွာတွေကအထွက် ဝင်ရောက်စီးနင်းပြီး ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို စစ်ကြောင်းအထွက်တွင် တောမီးလောင်ရာကနေ မီးကူးခြင်းကြောင့် ဖြစ်သည်ဟု နယ်မြေခံ တော်လှန်ရေး အဖွဲ့အစည်းထံမှ သိရှိရပါသည်။

#Video by (လူမှုကွန်ယက်)

#WarCrimes #WhatsHappeningInMyanmar #HumanRightsViolation #Thingyan2026 #MyanmarNewYear #Eagle_Information_Operator #EIO
😢2
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Apr 13, 7:05PM

📌 ချောင်းဦးနယ်၊ ကင်မွန်း‌တော် ပျူရွာ မှ အကြမ်းဖက် ပျူခွေးများသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Chaung_U #Myanmar #SecurityUpdate
🙏1
💡 စနစ်သစ်မှာ အရေးကြီးတဲ့ "ဉာဏမူပိုင်ခွင့်" အကြောင်း သိကောင်းစရာ

စနစ်ဆိုးကို မကြိုက်လို့ တော်လှန်နေပြီး စနစ်သစ်တခုကို ဖော်ဆောင်နေတဲ့အချိန်မှာ မသိမဖြစ် သိထားရမယ့် အခြေခံကျင့်ဝတ်ဆိုပြီး (၂) မျိုး ရှိပါတယ်။ ⚖️

၁။ 🚫 Plagiarism (ခိုးကူးမှု) ဆိုတာ ဘာလဲ

သူတစ်ပါးရဲ့ ကိုယ်ပိုင်အာဘော်၊ ကိုယ်ပိုင်ဟန်နဲ့ ကြိုးစားအားထုတ်ထားတဲ့ အရေးအသား၊ အိုင်ဒီယာတွေကို မိမိကိုယ်ပိုင်ဖြစ်သယောင် ခိုးယူအသုံးပြုခြင်းကို ဆိုလိုပါတယ်။ ဒါဟာ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ရှောင်ကြဉ်ရမယ့်အချက် ဖြစ်ပါတယ်။

၂။ Intellectual Property Right (ဉာဏမူပိုင်ခွင့်) ဆိုတာ ဘာလဲ

လူတစ်ယောက်ရဲ့ ဉာဏ်ပညာနဲ့ ဖန်တီးထားတဲ့အရာ (စာပေ၊ အနုပညာ၊ နည်းပညာ) တွေသည် အဖွဲ့အစည်းများမှ အသိအမှတ်ပြုထားတဲ့ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပါတယ်။ ဒါကို လေးစားခြင်းဟာ ဖန်တီးသူရဲ့ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားခြင်းပါပဲ။

🌍 ဘာကြောင့် အရေးကြီးတာလဲ

နောင်လူငယ်တွေအနေနဲ့ တကမ္ဘာလုံးနဲ့ ရင်ဘောင်တန်းနိုင်ဖို့နဲ့ ကိုယ်ပိုင်တီထွင်နိုင်စွမ်းကို မြှင့်တင်နိုင်ဖို့ ဒီအလေ့အထကို အခုကတည်းက ပျိုးထောင်သင့်ပါပြီ။

မှတ်ချက်။။      ။။ မင်းသုတ (ဒီဇင်ဘာ ၇၊ ၂၀၂၃)၏ "ဉာဏမူပိုင်ခွင့်" အကြောင်းကို မှီငြမ်း၍ မိမိတို့ #Eagle_Information_Operator မှ ကိုးကား၍ အသေးစိတ် ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

( EIO_Founder )

#AdminTeam
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)

🔗 ဆက်သွယ်ရန် -
👉🏻 Telegram : @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook: https://www.facebook.com/eagleinformation
🌐 Telegram: t.me/eagleinformationoperator

#KnowledgeSharing #Education #Ethics #Intellectual_Property_Right #Plagiarism #Eagle_Information_Operator
နှစ်ကူးဆုတောင်း (၁) - “ဝီရီယအား ကောင်းတဲ့သူတွေ ဖြစ်ကြပါစေ”

ဗုဒ္ဓဘာသာအကြောင်း ပြောကြရင် ဒါနအကြောင်း ပါမယ်။ သီလအကြောင်း ပါမယ်။ သတိအကြောင်း ပါမယ်။ မေတ္တာ၊ ကရုဏာတွေအကြောင်း ကြားရမယ်။ အဲဒါတွေထက်စာရင် အနည်းငယ် တိမ်မြုပ်နေတာ ဘာလဲဆိုတော့ “အားထုတ်မှု ဝီရိယ” ပဲ။

တကယ်တော့ ရှေ့မှာ ပြောခဲ့တဲ့ အရာအားလုံးကလည်း ဝီရိယ မပါဘဲနဲ့ မရဘူး။ လူရယ်လို့ ဖြစ်လာရင် အရင်ဦးဆုံး လုပ်ရတာက ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ဖို့ပဲ။ ခန္ဓာကိုယ်ကလည်း ကြီးထွားလာရတယ်။ အသိဉာဏ် ဖွံ့ဖြိုးလာရတယ်။ အစားစားတာ၊ အညစ်အကြေးစွန့်တာ၊ သန့်ရှင်းရေးလုပ်တာတွေကနေစလို့ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်အောင် ကြိုးစားရတယ်။ နောက်ဆုံး၊ ကိုယ့်ဝင်ငွေ ကိုယ်ရှာ၊ ကိုယ့်အသက် ကိုယ်မွေးနိုင်သည်အထိပေါ့။

အဲဒါတွေမှာ ဝီရိယ မပါဘဲ မဖြစ်နိုင်ဘူး။ ဝီရိယ မပါဘဲ တူတူတန်တန် ဘဝတစ်ခု မရနိုင်ဘူး။ ဒါကြောင့် အားစိုက်ထုတ်မှု (Effort) ဟာ အင်မတန်မှကို အရေးကြီးတယ်။

ပညာရှာဖို့လည်း အားစိုက်ထုတ်ရတယ်။ ငွေရှာဖို့လည်း အားစိုက်ထုတ်ရတယ်။ ကျန်းမာဖို့လည်း အားစိုက်ထုတ်ရတယ်။ ဆက်ဆံရေးတွေ ခိုင်မာဖို့လည်း အားထုတ်ရတယ်။ စိတ်တွေအဆင်ပြေဖို့၊ သတိအားကောင်းဖို့လည်း အားထုတ်ရတယ်။

ကိုယ့်ဟာကိုယ်မှ တာဝန်မယူနိုင်တဲ့သူဟာ သူများကို တာဝန်ယူဖို့ မဖြစ်နိုင်ဘူး။ ပျင်းနေတဲ့သူ၊ လုံ့လဝီရိယ မရှိတဲ့သူဟာ ပညာတော်ဖို့၊ ပစ္စည်းဥစ္စာ ပြည့်စုံဖို့ မပြောနဲ့၊ ကျန်းမာဖို့လည်း မလွယ်ဘူး။ တရားရှိဖို့လည်း မလွယ်ဘူး။ ဒါကြောင့်လည်း မဂ္ဂင် ၈ ပါးထဲမှာ သမ္မာသင်္ကပ္ပ (Right Effort) ဆိုတာကို ထည့်ထားတာ။

ဒီအတွက် သင်္ကြန်အကြိုနေ့မှာ ပြောချင်တဲ့ ကျွန်တော့်ရဲ့ ဆုတောင်းစကားကတော့ -

“ဘဝတိုးတက်ရေးအတွက်ဖြစ်ဖြစ်၊ ကျန်းမာဖို့အတွက်ဖြစ်ဖြစ်၊ စိတ်ငြိမ်းချမ်းဖို့အတွက်ဖြစ်ဖြစ်၊ နောက်ဆုံး တိုင်းပြည်အတွက်ဖြစ်ဖြစ်၊ မပျင်းမရိ မထိုင်းမမှိုင်း မလေးမလံ စိတ်ခွန်အားတွေအပြည့်နဲ့ မှန်သောလုံ့လစိုက်ထုတ်မှုကို လုပ်နိုင်သူတွေ ဖြစ်ကြပါစေ” ဆိုတာပါပဲ။

ဒေါက်တာ ဖြိုးသီဟ
၁၃.၄.၂၀၂၆
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «နှစ်ကူးဆုတောင်း (၁) - “ဝီရီယအား ကောင်းတဲ့သူတွေ ဖြစ်ကြပါစေ” ဗုဒ္ဓဘာသာအကြောင်း ပြောကြရင် ဒါနအကြောင်း ပါမယ်။ သီလအကြောင်း ပါမယ်။ သတိအကြောင်း ပါမယ်။ မေတ္တာ၊ ကရုဏာတွေအကြောင်း ကြားရမယ်။ အဲဒါတွေထက်စာရင် အနည်းငယ် တိမ်မြုပ်နေတာ ဘာလဲဆိုတော့ “အားထုတ်မှု ဝီရိယ” ပဲ။ တကယ်တော့…»
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «💡 စနစ်သစ်မှာ အရေးကြီးတဲ့ "ဉာဏမူပိုင်ခွင့်" အကြောင်း သိကောင်းစရာ စနစ်ဆိုးကို မကြိုက်လို့ တော်လှန်နေပြီး စနစ်သစ်တခုကို ဖော်ဆောင်နေတဲ့အချိန်မှာ မသိမဖြစ် သိထားရမယ့် အခြေခံကျင့်ဝတ်ဆိုပြီး (၂) မျိုး ရှိပါတယ်။ ⚖️ ၁။ 🚫 Plagiarism (ခိုးကူးမှု) ဆိုတာ ဘာလဲ သူတစ်ပါးရဲ့…»
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Apr 13, 7:58PM

📌 ချောင်းဦးမြို့ ၊ မြပုလဲအထိုင်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Chaung_U #Myanmar #SecurityUpdate
🔇 "တိုးတိုးလေး ငိုပေးကြပါ... ကျယ်ကျယ်လေး ပျော်နေသူတွေ စိတ်အနှောက်အယှက် ဖြစ်မှာစိုးလို့ပါ" 🔇

ဒီနေ့ခေတ်ကြီးမှာ ကျွန်တော်တို့အားလုံးဟာ "ပျော်ရွှင်ခြင်းတွေ" ကိုပဲ အပြိုင်အဆိုင် ပြသနေကြရတဲ့ လောကကြီးထဲ ရောက်နေကြပါတယ်။ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ကြည့်လိုက်ရင် အားလုံးက ပြုံးလို့၊ ရယ်လို့၊ အောင်မြင်လို့။ ဒါပေမဲ့ အဲဒီပြုံးရယ်သံတွေရဲ့ နောက်ကွယ်မှာ... တစ်ဖက်ကမ္ဘာမှာတော့ "တိတ်တိတ်လေး ကြိတ်ငိုနေရသူတွေ" အများကြီး ရှိနေပါတယ်။

🥀 ပျော်ရွှင်သံတွေကြားက အသံတိတ် ငိုရှိုက်သံများ။

လောကကြီးက တစ်ခါတလေ အရမ်းရက်စက်တတ်ပါတယ်။ ကိုယ်က အရမ်းဝမ်းနည်းနေချိန်မှာ ဘေးနားကလူက အားရပါးရ ရယ်မောနေတာမျိုး၊ ကိုယ်က ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ တစ်ဖက်လူက အောင်ပွဲခံနေတာမျိုးတွေဟာ ရှောင်လွှဲလို့မရတဲ့ တိုက်ဆိုင်မှုတွေပါ။

ဒါပေမဲ့ စိတ်ထားနုနယ်တဲ့သူတွေကတော့ သူတို့ရဲ့ ဝမ်းနည်းမှုကိုတောင် လွတ်လပ်စွာ ထုတ်မပြရဲကြပြန်ဘူး။ "ငါ့ကြောင့် သူတို့ ပျော်နေတာလေး ပျက်သွားမလား"၊ "ငါ့ရဲ့ ဝမ်းနည်းရိပ်တွေက သူတို့ရဲ့ ကြည်နူးမှုကို အနှောက်အယှက် ဖြစ်စေမလား" ဆိုတဲ့ စာနာစိတ်နဲ့တင် သူတို့ဟာ...

"မျက်ရည်ကို အသံတိတ်အောင် သုတ်ကြတယ်၊
ရှိုက်သံကို ခေါင်းအုံးအောက်မှာ မြှုပ်နှံကြတယ်၊
ပြီးတော့... တိုးတိုးလေးပဲ ငိုကြတယ်။"

🕯️ ကျွန်တော်တို့ ဘာကြောင့် တိုးတိုးလေး ငိုနေရတာလဲ⁉️

၁။ စာနာမှုကြောင့် - ကိုယ့်ရဲ့ ပြဿနာတွေက တခြားသူတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်မှာစိုးလို့။

၂။ အားနာမှုကြောင့် - ပျော်နေတဲ့ပတ်ဝန်းကျင်ကို ကိုယ့်ရဲ့ အမည်းစက်တွေနဲ့ မကူးစက်စေချင်လို့။

၃။ မာနကြောင့် - ကိုယ့်ရဲ့ အားနည်းချက်ကို ဘယ်သူ့ကိုမှ မမြင်စေချင်တဲ့ သံမဏိစိတ်ဓာတ်ကြောင့်။

မိမိတို့ #EIO_Admin_Team မှ တိုးတိုးလေး ငိုနေရတဲ့သူတွေကို တစ်ခုပဲ ပြောချင်ပါတယ်။ သင်ဟာ တစ်ယောက်တည်း မဟုတ်ပါဘူး။ တိတ်ဆိတ်စွာ ငိုကြွေးခြင်းဟာ အားနည်းတာမဟုတ်သလို၊ သူတစ်ပါးကို အားနာတတ်တဲ့ သင့်ရဲ့စိတ်ထားဟာ တကယ်တော့ အလွန်လှပလွန်းပါတယ်။

ဒါပေမဲ့... အမြဲတမ်းတော့ တိုးတိုးလေး ငိုမနေပါနဲ့ဦး။ သင်လည်းပဲ အားရပါးရ ပျော်ရွှင်ခွင့်ရှိသလို၊ တစ်ခါတစ်လေမှာတော့ သင့်ရဲ့ ဝမ်းနည်းမှုကို နားလည်ပေးနိုင်မယ့် ရင်ခွင်တစ်ခုမှာ အသံထွက်ပြီး ငိုချလိုက်ဖို့ လိုအပ်ပါတယ်။

"ပျော်နေသူတွေရဲ့ ရယ်သံကို မဖျက်ချင်လို့...
အမှောင်ထဲမှာ တိုးတိုးလေး ရှိုက်နေရတဲ့ သူအားလုံးအတွက်..." 🤍

#Eagle_Information_Operator #EIO #MentalHealth #Empathy #QuietTears #LifeReflections #စာနာမှု #စိတ်ခွန်အား
😢2👍1
📌အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

🚨အသေးစိတ်ဖတ်ရှုရန်👇🏻
https://t.me/eagleinformationoperator/19834

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Myanmar #SecurityTips #StaySafe
🙏1
🚨 အရေးကြီးသတိပေးချက် - သင့်ရဲ့ Post ဟာ ရန်သူ့အတွက် အခွင့်အရေး မဖြစ်ပါစေနဲ့ 🚫

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် ဟာ ပြည်သူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း (သို့မဟုတ်) ဖြစ်ပွားပြီးပြီးချင်း အသေးစိတ်ကို လူမှုကွန်ရက်ပေါ် တင်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုး ကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

🚫 ဘာကြောင့် (ချက်ချင်း) မတင်သင့်သလဲ⁉️ ⚠️

♦️၁။ ရန်သူကို ကူညီရာရောက်ခြင်း (Real-time Feedback) 🎯

⚠️ ပစ်မှတ်ညှိခြင်း။

"ဘယ်နေရာကို ကျသွားပြီ" လို့ တင်လိုက်တာဟာ ၎င်းတို့အတွက် #Live Feedback ပေးလိုက်တာနဲ့ တူပါတယ်။ ပစ်မှတ်လွဲသွားရင် နောက်တစ်ကြိမ်မှာ တည့်အောင် ပြန်ညှိဖို့ အချက်အလက်ပေးသလို ဖြစ်စေပါတယ်။

⚠️ ထိရောက်မှုစစ်ဆေးခြင်း။

သေဆုံး/ဒဏ်ရာရ စာရင်းတွေဟာ ၎င်းတို့ရဲ့ စစ်ဆင်ရေး အောင်မြင်မှု ရှိ/မရှိကို အခမဲ့ သတင်းပေးလိုက်တာ ဖြစ်ပါတယ်။

♦️၂။ ကယ်ဆယ်ရေးအဖွဲ့များကို အန္တရာယ်ဖြစ်စေခြင်း။ (#Double Tap Attack) 🚑

ပထမအကြိမ် ဗုံးကြဲပြီးနောက် လူစုဝေးလာချိန် (သို့မဟုတ်) ကယ်ဆယ်ရေးလုပ်နေချိန်မှာ အကြမ်းဖက် စစ်ကောင်စီသည် #UAV Scout Drone များပျံဝဲကင်း‌ထောက်ပြီး ဒုတိယအကြိမ် ထပ်မံဗုံးကြဲတဲ့ "Double Tap" နည်းဗျူဟာကို အများဆုံး သုံးလေ့ရှိပါတယ်။ သတင်းချက်ချင်းတင်ခြင်းက လူစုလူဝေးကို ဖြစ်စေပြီး အသေအပျောက် ပိုများစေနိုင်ပါတယ်။

♦️၃။ နောက်ဆက်တွဲ ပစ်မှတ်များကို လမ်းညွှန်ပေးခြင်း။ 📍

ဓာတ်ပုံ/ဗီဒီယိုတွေမှာပါတဲ့ ဘုရား၊ ကျောင်း၊ ဆေးရုံ စတဲ့ အထင်ကရနေရာတွေဟာ အကြမ်းဖက် စစ်ကောင်စီအတွက် နောက်ထပ်ပစ်မှတ်ထားရမယ့် Coordinates (တည်နေရာပြအမှတ်အသား) တွေကို အလကားပေးလိုက်သလို ဖြစ်စေပါတယ်။

♦️၄။ မြေပြင်သတင်းပေး (ဒလန်) များအတွက် အချက်အလက်ဖြစ်ခြင်း။ 🕵️‍♂️

အွန်လိုင်းပေါ်က အချက်အလက်တွေကို စုစည်းပြီး ပိုမိုတိကျတဲ့ သတင်းအချက်အလက်တွေ ရရှိသွားစေပါတယ်။

♦️၅။ မိသားစုဝင်များ၏ လုံခြုံရေးနှင့် စိတ်ဒဏ်ရာ 💔

ရုပ်အလောင်း ဒါမှမဟုတ် ဒဏ်ရာရပုံတွေကို မိသားစုဝင်တွေ အင်တာနက်မှာ အရင်မြင်တွေ့ရခြင်းက ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ဖြစ်စေပါတယ်။

ဒဏ်ရာရသူတွေရှိတဲ့ နေရာကို သတင်းပေါက်ကြားခြင်းက အဆိုပါနေရာ (ဥပမာ-ဆေးရုံဆေးခန်း) ကို ထပ်မံတိုက်ခိုက်ဖို့ လမ်းပြသလို ဖြစ်နိုင်ပါတယ်။

💡 ပြည်သူသို့ အကြံပြုချက် - ဘယ်လိုလုပ်ဆောင်ကြမလဲ? ⁉️

၁။ အချိန်ဆိုင်းပါ။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အနည်းဆုံး (၃) နာရီမှ (၆) နာရီ ခန့် ကြာမှသာ သတင်းကို ထုတ်ပြန်ပါ။ မလောပါနဲ့-မြေပြင်သတင်းကို မြေပြင်က ပြည်သူများသာ သိဖို့ အဓိကဖြစ်ပါတယ်။

၂။ တည်နေရာ အတိအကျကို ရှောင်ပါ။

"ဘယ်ရွာ၊ ဘယ်လမ်း" စတဲ့ အသေးစိတ်တွေအစား "ဘယ်မြို့နယ်အတွင်း" စသဖြင့် ယေဘုယျသာ ရေးသားပါ။

၃။ ဓာတ်ပုံနှင့် ဗီဒီယို။

ပတ်ဝန်းကျင် အမှတ်အသားတွေ မပါအောင် သတိထားပါ။ သွေးပျက်ဖွယ် ပုံရိပ်တွေကို လုံးဝမတင်ပါနဲ့။

၄။ တရားဝင် သတင်းဌာနများကိုသာ ပို့ပါ။

မိမိ Account မှာ တင်မယ့်အစား #Media_Ethics ရှိတဲ့ သတင်းဌာနတွေ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေဆီကိုသာ လုံခြုံတဲ့ Channel (ဥပမာ - Signal) ကနေ ပေးပို့ပါ။

📢 သတိပြုရန်။ ⚠️

သင်တင်လိုက်တဲ့ #Post တစ်ခုဟာ ရန်သူ့အတွက် နောက်တစ်ဖန် အခွင့်အရေး ဖြစ်သွားနိုင်သလို၊ သင့်ရဲ့ ဆင်ခြင်တုံတရားက ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။🙏🏻

#Eagle_Information_Operator #EIO #Air_Raid_Safety #Civilian_Protection #WarCrimes #MilitaryTerrorists #WhatsHappeningInMyanmar #SaveMyanmar
🙏1
(၁၃,၄,၂၀၂၆) ခုနှစ် သင်္ကြန်ကာလ အကြိုနေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း အကြမ်းဖက် စစ်ဌာနချုပ် (နမခ) မှ Sucide Drone (၄)စီး အနက် (၃)စီးသည် အရာတော်နယ် တစ်‌နေရာသို့ ည (၈:၅၀) အချိန်မှ ည (၉:၀၁) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ကျန် Sucide Drone (‌၁)စီးသည် မြင်းမူနယ် တစ်နေရာသို့ ည(၉:၁၆) အချိန်ဝန်းကျင်ခန့်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အတာသင်္ကြန်ကာလသည် မြန်မာတို့၏ နှစ်သစ်ကူး အခါသမယဖြစ်ပြီး အေးချမ်းပျော်ရွှင်ရမည့် အချိန်ဖြစ်သော်လည်း၊ ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် စိတ်မကောင်းဖွယ်ရာ အမင်္ဂလာပင် ဖြစ်ပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ #Sucide_Drone ကဲ့သို့သော အသေခံ ဒရုန်းများသည် အနိမ့်ပျံသန်းနိုင်သည့်အတွက် သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။💦 ငြိမ်းချမ်းသော နှစ်သစ်ကို မျှော်လင့်နေသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Ayadaw #Myinmu #Sagaing_Division #DroneAttack #AirStrike #PublicSafety #EIO #WhatsHappeningInMyanmar
"ဖိနှိပ်မှုအပေါင်းမှ ကင်းဝေးပြီး ဘေးကင်းလုံခြုံသော နှစ်သစ်ဆီသို့" 🕊️

၁၃၈၇ ခုနှစ်ကုန်ဆုံး၍ ၁၃၈၈ ခုနှစ် (၂၀၂၆ ခုနှစ်) သို့ ကူးပြောင်းမည့် မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်ကူးအချိန်ခါသမယတွင် #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) မှ မိဘပြည်သူ လူထုတစ်ရပ်လုံးကို ရိုသေလေးစားစွာဖြင့် နှုတ်ခွန်းဆက်သအပ်ပါသည်။ 🙏


ယခုကဲ့သို့ အခါသမယတွင် ကျွန်ုပ်တို့ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အဖက်ဖက်မှ ဖိနှိပ်ချုပ်ချယ်မှုများ၊ နယ်မြေမအေးချမ်းမှုများနှင့် သဘာဝဘေးအန္တရာယ် စိန်ခေါ်မှုများကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြရသည်ကို မိမိတို့ #EIO အနေဖြင့် အထူးပင် ကိုယ်ချင်းစာ စာနာမိပါသည်။ 🤝💔

ထို့ကြောင့် ဤနှစ်သစ်ကူး ကာလတွင် မိဘပြည်သူ လူထုတစ်ရပ်လုံးအတွက် မိမိတို့ #EIO_Admin_Team မှ ဆုမွန်ကောင်းများ တောင်းဆုပြုလိုက်ပါသည်။🙏🏻


🛡️ ဘေးကင်းလုံခြုံရေး။

အကြမ်းဖက်စစ်ကောင်စီ၏ ရန်ပြုမှုအပေါင်းမှ ကင်းဝေးကြပါစေ။ လမ်းခရီးသွားလာရာတွင်လည်း ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ချရသော အခြေအနေများသာ ကြုံတွေ့ရပါစေ။ 🛣️🚩

🩺 ကျန်းမာရေး။

ပူပြင်းလှသော ရာသီဥတုဒဏ်နှင့် သဘာဝဘေးအန္တရာယ်များကြားတွင် ကိုယ်စိတ်နှစ်ပါး ကျန်းမာကြံ့ခိုင်ပြီး ရောဂါဘယကင်းဝေးကြပါစေ။ 🌡️💪

💪 စိတ်ဓာတ်ခွန်အား။

ခက်ခဲကြမ်းတမ်းသော အခြေအနေများအောက်တွင် တစ်ဦးကိုတစ်ဦး ဖေးမကူညီရင်း၊ အမှန်တရားနှင့် ငြိမ်းချမ်းရေးအတွက် ခိုင်မာသော စိတ်ဓာတ်ခွန်အားများ ဆက်လက်ပိုင်ဆိုင်နိုင်ကြပါစေ။ ❤️

နှစ်ဟောင်းမှ အညစ်အကြေးများနှင့် ဖိနှိပ်မှုများကို အတာရေစင်ဖြင့် ဆေးကြောသန့်စင်ကာ၊ နှစ်သစ်တွင် ပြည်သူများ လိုလားတောင့်တသော လွတ်လပ်မှုနှင့် ဘေးကင်းလုံခြုံမှုများ မုချလက်ဝယ်ပိုင်ဆိုင်နိုင်ကြပါစေကြောင်း လေးနက်စွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 💦🌸


"ပြည်သူ့အသံကို ဖော်ဆောင်၍ အမှန်တရားဘက်မှ အစဉ်ရပ်တည်မည့်" #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)

#Admin_Team #Eagle_Information_Operator #EIO #StopBombingCivilians #SafetyFirst #Thingyan2026 #MyanmarNewYear #Freedom
🙏1
Media is too big
VIEW IN TELEGRAM
"ပိတောက်တွေ ပွင့်ပြီ အမေ"
"ပန်နေကျဆံထုံးလေးတော့ လွမ်းတာပေါ့"
(ကဗျာဆရာ - ဆန်းကျော်စွာဝင်း)

"အမြန်ဆုံး အချုပ်အနှောင်မှ လွတ်မြောက်ပါစေကြောင်း" 🙏

#EIO_Admin_Team
#Eagle_Information_Operator
#Thingyan2026
#MyanmarNewYear
#FreeTheLeaders
#FreeAllPoliticalPrisoners
#WhatsHappeninginMyanmar
#SaveMyanmar
#JusticeForMyanmar
1🕊1
“ ခေတ်အပျက်နဲ့ နွေသင်္ကြန် "

ဘီဘူးဆိုင်းနဲ့ ပူဇော်တဲ့ပွဲကို ခင်များတို့ ........ ပျော်ချင် ပျော်ကြ ..!

ဘယ်ရိုးရာဓလေ့ပွဲဖြစ်ပါစေ....

ဘီလူးဆိုင်းနဲ့တော့ ကျုပ် ... ဇာတ်မကနိင်ဘူး..။

(ငြိမ်းချမ်းအောင်)

#2024, Apr - 14
#OldMemories
#EIO #Eagle_Information_Operator
#WarCrimes #AirStrike #WhatsHappeningInMyanmar
😢1
(၁၄,၄,၂၀၂၆) ခုနှစ် သင်္ကြန်ကာလ အကျနေ့တွင်လည်း မန္တလေးတိုင်း၊ တံတားဦး အကြမ်းဖက် လေတပ်ဌာနချုပ် မှ Yak -130 Jet Fighter (၂) စီးဖြင့် ချင်းပြည်နယ်၊ ဖလမ်းနယ် တစ်‌နေရာသို့ ယနေ့နံနက် (၇:၂၃) အချိန်မှ စ၍ (၇:၃၂) ဝန်းကျင် အချိန်ထိ လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အတာသင်္ကြန်ကာလသည် မြန်မာတို့၏ နှစ်သစ်ကူး အခါသမယဖြစ်ပြီး အေးချမ်းပျော်ရွှင်ရမည့် အချိန်ဖြစ်သော်လည်း၊ ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် စိတ်မကောင်းဖွယ်ရာ အမင်္ဂလာပင် ဖြစ်ပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ လေကြောင်းဖြတ်သန်းမှုများကိုလည်း သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။💦 ငြိမ်းချမ်းသော နှစ်သစ်ကို မျှော်လင့်နေသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Chin_State #AirStrike #PublicSafety #EIO #WhatsHappeningInMyanmar
🙏3