EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.95K links
Download Telegram
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးရွာပေါက်မှ မြောက်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 13, 11:26AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးရွာပေါက်မှ မြောက်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Apr 13, 11:26AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInfor…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးရွာပေါက်မှ မုံ‌ရွေးရွာလယ် နတ်စင်ကွင်းသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 13, 11:29AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
PDF ရဲဘော်တွေ သင်္ကြန်ကာလအတွင်း လိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ပြန်။

ဧပြီ ၁၃ ၊ ၂၀၂၆

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တွေ သင်္ကြန်ကာလအတွင်း လိုက်နာရမယ့် စည်းကမ်း ချက်တွေကို တပ်ရင်း ၊ တပ်ဖွဲ့တွေက ထုတ်ပြန်ခဲ့ကြတာတွေ့ရပါတယ်။

အဲဒီစည်းကမ်းချက်တွေကတော့ ပြည်သူလူထု စိုးရိမ်ကြောင့်ကြမှုမရှိစေရေးနဲ့စစ်ဖက်ဆိုင်ရာ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေတဲ့ စစ်သည် ရဲဘော်တွေမှအပ မလိုအပ်တဲ့နေရာတွေမှာ ယူနီဖောင်းဝတ်ဆင်တာ ၊ လက်နက်ကိုင် ဆောင်ပြီး သွားလာလည်ပတ်တာ မပြုလုပ်ရ ၊ တာဝန်ထမ်း ဆောင်နေချိန်အတွင်း ဖြစ်ပါကလည်း အရက်သေစာ သောက်စားတာ၊သရုပ်ပျက်ပျော်ပါးတာနဲ့ တာဝန်ပေါ့လျော့တာမဖြစ်စေရ လို့ အသိပေးထားပါတယ်။

ဒါအပြင် သင်္ကြန်ကာလအတွင်း ခိုက်ရန်ဖြစ်ပွါးမှုတွေမှာ ပါဝင်ပက်သက်တာလုံးဝ မရှိစေရ ၊ စစ်ဝတ် တန်ဆာ အပြည့်အစုံဝတ်ဆင်ပြီး ဖြစ်စေ၊ အရပ်ဝတ်နဲ့ဖြစ်စေ အရက်ဆိုင်၊ ဘီယာဆိုင်တွေ မှာ ဝင်ရောက် စားသောက်တာမပြုလုပ်ရ နဲ့ မိမိ တာဝန်ကျနေရာပြင်ပကို သွားလာဖို့ရှိပါက သက်ဆိုင်ရာ အထက်အဆင့်ဆင့် တပ်မှူးများထံ တင်ပြ ခွင့်ပြုချက်တောင်းခံပြီးမှသာ သွားလာရမှာဖြစ်တယ်လို့ လည်း ဖော်ပြထားပါတယ်။

သင်္ကြန်ကာလအတွင်း PDF ရဲဘော်တွေ အနေနဲ့ မိမိရောက်ရှိနေတဲ့ ပတ်ဝန်းကျင်မှာ ထူးခြားဖြစ်စဉ်တွေဖြစ်ပွားလာပါကလည်း သက်ဆိုင်ရာ အထက် တပ်မှူးအဆင့်ဆင့်ထံအချိန်နဲ့ တပြေးညီ သတင်းပို့ရမယ် ဆိုတာနဲ့ အစုအဖွဲ့လိုက် သွားလာတာပြုလုပ်ပါက အဆိုပါ စစ်သည် ရဲဘော်များကို ထိန်းသိမ်းကွပ်ကဲဖို့ အနည်းဆုံး အရာရှိတစ်ဦး နဲ့ တာဝန်ကျ တပ်ရဲ(MP) တစ်ဦး ပါဝင်ရမှာဖြစ်တယ်လို့ စည်းကမ်းချက်တွေမှာ ဖော်ပြထားပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ စည်းကမ်းချက်တွေကို ပျက်ကွပ်ပါက ထိရောက်စွာအရေးယူသွားမှာ ဖြစ်တယ်လို့လည်း အသိပေးဖော်ပြထားပါတယ်။

အခုဖော်ပြထားတဲ့ စည်းကမ်းချက်တွေကို နေပြည်တော်တိုင်း စစ်ဌာန ၊ အမှတ် ၉၀၂ တပ်ရင်း နဲ့ အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာန တို့ ထုတ်ပြန်ထားတာ တွေ့ရှိရပါတယ်။

#PVTV
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «PDF ရဲဘော်တွေ သင်္ကြန်ကာလအတွင်း လိုက်နာရမယ့် စည်းကမ်းချက်တွေ ထုတ်ပြန်။ ဧပြီ ၁၃ ၊ ၂၀၂၆ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တွေ သင်္ကြန်ကာလအတွင်း လိုက်နာရမယ့် စည်းကမ်း ချက်တွေကို တပ်ရင်း ၊ တပ်ဖွဲ့တွေက ထုတ်ပြန်ခဲ့ကြတာတွေ့ရပါတယ်။ အဲဒီစည်းကမ်းချက်တွေကတော့…»
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထပ်မံထွက်လာသော စခကင်းများသည် မုံ‌ရွေးရွာလယ် နတ်စင်ကွင်းသို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 13, 11:39AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံ‌ရွေးရွာလယ် မီးသတ်ရုံးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 13, 12:00PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ အောင်သာ)လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 13, 12:02PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်း(၁)ဖွဲ့သည် (မြေနဲ မိုးညင်း)လမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 13, 12:02PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🚨 အရေးကြီးသတိပေးချက် - သင့်ရဲ့ Post ဟာ ရန်သူ့အတွက် အခွင့်အရေး မဖြစ်ပါစေနဲ့ 🚫

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန် ဟာ ပြည်သူတွေအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားနေစဉ်အတွင်း (သို့မဟုတ်) ဖြစ်ပွားပြီးပြီးချင်း အသေးစိတ်ကို လူမှုကွန်ရက်ပေါ် တင်ခြင်းဟာ ကောင်းကျိုးထက် ဆိုးကျိုး ကို ပိုမိုဖြစ်ပေါ်စေနိုင်ပါတယ်။

🚫 ဘာကြောင့် (ချက်ချင်း) မတင်သင့်သလဲ⁉️ ⚠️

♦️၁။ ရန်သူကို ကူညီရာရောက်ခြင်း (Real-time Feedback) 🎯

⚠️ ပစ်မှတ်ညှိခြင်း။

"ဘယ်နေရာကို ကျသွားပြီ" လို့ တင်လိုက်တာဟာ ၎င်းတို့အတွက် #Live Feedback ပေးလိုက်တာနဲ့ တူပါတယ်။ ပစ်မှတ်လွဲသွားရင် နောက်တစ်ကြိမ်မှာ တည့်အောင် ပြန်ညှိဖို့ အချက်အလက်ပေးသလို ဖြစ်စေပါတယ်။

⚠️ ထိရောက်မှုစစ်ဆေးခြင်း။

သေဆုံး/ဒဏ်ရာရ စာရင်းတွေဟာ ၎င်းတို့ရဲ့ စစ်ဆင်ရေး အောင်မြင်မှု ရှိ/မရှိကို အခမဲ့ သတင်းပေးလိုက်တာ ဖြစ်ပါတယ်။

♦️၂။ ကယ်ဆယ်ရေးအဖွဲ့များကို အန္တရာယ်ဖြစ်စေခြင်း။ (#Double Tap Attack) 🚑

ပထမအကြိမ် ဗုံးကြဲပြီးနောက် လူစုဝေးလာချိန် (သို့မဟုတ်) ကယ်ဆယ်ရေးလုပ်နေချိန်မှာ အကြမ်းဖက် စစ်ကောင်စီသည် #UAV Scout Drone များပျံဝဲကင်း‌ထောက်ပြီး ဒုတိယအကြိမ် ထပ်မံဗုံးကြဲတဲ့ "Double Tap" နည်းဗျူဟာကို အများဆုံး သုံးလေ့ရှိပါတယ်။ သတင်းချက်ချင်းတင်ခြင်းက လူစုလူဝေးကို ဖြစ်စေပြီး အသေအပျောက် ပိုများစေနိုင်ပါတယ်။

♦️၃။ နောက်ဆက်တွဲ ပစ်မှတ်များကို လမ်းညွှန်ပေးခြင်း။ 📍

ဓာတ်ပုံ/ဗီဒီယိုတွေမှာပါတဲ့ ဘုရား၊ ကျောင်း၊ ဆေးရုံ စတဲ့ အထင်ကရနေရာတွေဟာ အကြမ်းဖက် စစ်ကောင်စီအတွက် နောက်ထပ်ပစ်မှတ်ထားရမယ့် Coordinates (တည်နေရာပြအမှတ်အသား) တွေကို အလကားပေးလိုက်သလို ဖြစ်စေပါတယ်။

♦️၄။ မြေပြင်သတင်းပေး (ဒလန်) များအတွက် အချက်အလက်ဖြစ်ခြင်း။ 🕵️‍♂️

အွန်လိုင်းပေါ်က အချက်အလက်တွေကို စုစည်းပြီး ပိုမိုတိကျတဲ့ သတင်းအချက်အလက်တွေ ရရှိသွားစေပါတယ်။

♦️၅။ မိသားစုဝင်များ၏ လုံခြုံရေးနှင့် စိတ်ဒဏ်ရာ 💔

ရုပ်အလောင်း ဒါမှမဟုတ် ဒဏ်ရာရပုံတွေကို မိသားစုဝင်တွေ အင်တာနက်မှာ အရင်မြင်တွေ့ရခြင်းက ပြင်းထန်တဲ့ စိတ်ဒဏ်ရာ ဖြစ်စေပါတယ်။

ဒဏ်ရာရသူတွေရှိတဲ့ နေရာကို သတင်းပေါက်ကြားခြင်းက အဆိုပါနေရာ (ဥပမာ-ဆေးရုံဆေးခန်း) ကို ထပ်မံတိုက်ခိုက်ဖို့ လမ်းပြသလို ဖြစ်နိုင်ပါတယ်။

💡 ပြည်သူသို့ အကြံပြုချက် - ဘယ်လိုလုပ်ဆောင်ကြမလဲ? ⁉️

၁။ အချိန်ဆိုင်းပါ။

လေကြောင်းတိုက်ခိုက်မှုဖြစ်ပြီး အနည်းဆုံး (၃) နာရီမှ (၆) နာရီ ခန့် ကြာမှသာ သတင်းကို ထုတ်ပြန်ပါ။ မလောပါနဲ့-မြေပြင်သတင်းကို မြေပြင်က ပြည်သူများသာ သိဖို့ အဓိကဖြစ်ပါတယ်။

၂။ တည်နေရာ အတိအကျကို ရှောင်ပါ။

"ဘယ်ရွာ၊ ဘယ်လမ်း" စတဲ့ အသေးစိတ်တွေအစား "ဘယ်မြို့နယ်အတွင်း" စသဖြင့် ယေဘုယျသာ ရေးသားပါ။

၃။ ဓာတ်ပုံနှင့် ဗီဒီယို။

ပတ်ဝန်းကျင် အမှတ်အသားတွေ မပါအောင် သတိထားပါ။ သွေးပျက်ဖွယ် ပုံရိပ်တွေကို လုံးဝမတင်ပါနဲ့။

၄။ တရားဝင် သတင်းဌာနများကိုသာ ပို့ပါ။

မိမိ Account မှာ တင်မယ့်အစား #Media_Ethics ရှိတဲ့ သတင်းဌာနတွေ ဒါမှမဟုတ် တော်လှန်ရေးအင်အားစုတွေဆီကိုသာ လုံခြုံတဲ့ Channel (ဥပမာ - Signal) ကနေ ပေးပို့ပါ။

📢 သတိပြုရန်။ ⚠️

သင်တင်လိုက်တဲ့ #Post တစ်ခုဟာ ရန်သူ့အတွက် နောက်တစ်ဖန် အခွင့်အရေး ဖြစ်သွားနိုင်သလို၊ သင့်ရဲ့ ဆင်ခြင်တုံတရားက ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။🙏🏻

#Eagle_Information_Operator #EIO #Air_Raid_Safety #Civilian_Protection #WarCrimes #MilitaryTerrorists #WhatsHappeningInMyanmar #SaveMyanmar
🙏1
(၁၃,၄,၂၀၂၆) ခုနှစ် သင်္ကြန်ကာလ အကြိုနေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ Gyrocopter (၃) စီးအသုံးပြုကာ ယင်းမာပင်နယ် တစ်‌နေရာသို့ နေ့လည် (၁၂:၃၀)အချိန်ဝန်းကျင်ခန့်တွင် လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အတာသင်္ကြန်ကာလသည် မြန်မာတို့၏ နှစ်သစ်ကူး အခါသမယဖြစ်ပြီး အေးချမ်းပျော်ရွှင်ရမည့် အချိန်ဖြစ်သော်လည်း၊ ယခုကဲ့သို့ တိုက်ခိုက်ခြင်းသည် စိတ်မကောင်းဖွယ်ရာ အမင်္ဂလာပင် ဖြစ်ပါသည်။

📡 မိဘပြည်သူများသို့ အသိပေးချက်။ ⚠️ လေကြောင်းအန္တရာယ် သတိပေးချက်များကို အမြဲမပြတ် နားစွင့်ထားကြပါ။ Gyrocopter ကဲ့သို့သော ယာဉ်ငယ်များသည် အနိမ့်ပျံသန်းနိုင်သည့်အတွက် သတိထားစောင့်ကြည့်ကြပါ။

⚠️ တိုက်ခိုက်မှုများ ရှိလာပါက ခိုင်လုံသော ဘေးလွတ်ရာနေရာများတွင် ခိုလှုံကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။💦 ငြိမ်းချမ်းသော နှစ်သစ်ကို မျှော်လင့်နေသည့် ပြည်သူများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ပါစေကြောင်း ဆုတောင်းလျက်။ 🙏🏻

#Monywa #Sagaing #Yinmabin #AirStrike #PublicSafety #EIO #Myanmar
🥰1😢1🙏1