EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.55K photos
184 videos
25 files
5.93K links
Download Telegram
🚨 အရေးကြီး သတိပေးချက် 🚨

⚠️ မုံရွာ - စစ်ကိုင်း - မန္တလေး လမ်းပိုင်း ခရီးသွားလာ ပြည်သူများ အထူးသတိပြုရန်။

နှစ်စဉ်သင်္ကြန်ကာလ နီးကပ်လာသည်နှင့်အမျှ (မုံရွာ - စစ်ကိုင်း - မန္တလေး) လမ်းမကြီး တစ်လျှောက်တွင် အကြမ်းဖက် စစ်ကောင်စီမှ လုံခြုံရေးအခြေအနေများ ပိုမိုတင်းမာလာနေပါသည်။

မြေပြင်သတင်းရင်းမြစ်များ၏ အဆိုအရ အကြမ်းဖက်စစ်ကောင်စီ အထိုင်ဂိတ်များနှင့် လမ်းပိုင်းကင်းများတွင် တစ်နယ်တစ်ကျေးမှ အလုပ်လုပ်ကိုင်ပြီး မိမိမွေးရပ်မြေသို့ ပြန်လာ‌ကြ‌သော လူငယ်၊ လူရွယ်များကို အဓိက ပစ်မှတ်ထား၍ ပေါ်တာဆွဲခြင်းနှင့် ဖမ်းဆီးစစ်ဆေးခြင်းများ ခပ်စိပ်စိပ် ပြုလုပ်နေကြောင်း သိရှိရပါသည်။

အကြမ်းဖက် စစ်ကောင်စီမှ စစ်မှုထမ်းရန် အဓမ္မဖမ်းဆီးခြင်းခံရသော လူငယ်၊လူရွယ်များ၏ မိခင်များ၊ဆွေမျိုးပေါက်ဖော်များမှ ငိုကြွေးသံများနှင့် မိမိတို့ #EIO_Admin_Team ထံသို့ ရင်ဖွင့်ပြောဆိုမှုများကိုလည်း အလွန်ပင် ထပ်တူဝမ်းနည်းခြင်းဖြစ်မိပါသည်။

⚠️မဖြစ်မနေ ခရီးသွားလာ‌နေကြရပါသော မိဘပြည်သူ၊ညီအစ်ကို‌မောင်နှမများအနေဖြင့် အောက်ပါ "ဆောင်ရန်/ရှောင်ရန်" အချက်များကို အထူးဂရုပြု လိုက်နာကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။🙏🏻


🛡️ ဆောင်ရန်များ။ (Do's)

🔷သတင်းကြိုတင်နားစွင့်ပါ။

ခရီးမထွက်ခွာမီ လမ်းကြောင်းပေါ်ရှိ မြေပြင်အခြေအနေနှင့် ဂိတ်များ၏ အခြေအနေကို သတင်းပြန်ကြားရေး Page များ၊ချန်နယ်များနှင့် သက်ဆိုင်ရာ နယ်မြေခံများတွင် အမြဲမပြတ် စစ်ဆေးပါ။

🔷မှတ်ပုံတင်ဆောင်ထားပါ။

မလိုအပ်ဘဲ စစ်ဆေးမေးမြန်းခံရမှု သက်သာစေရန် မိမိ၏ မှတ်ပုံတင် (မူရင်း) ကို အမြဲဆောင်ထားပါ။

🔷ဖုန်းအတွင်းရှိ အချက်အလက်များရှင်းလင်းပါ။

ဖုန်းထဲတွင် အရေးကြီးသည့် အချက်အလက်များ၊ ဓာတ်ပုံများနှင့် လူမှုထူးခြားဖြစ်စဉ်နှင့် ပတ်သက်သည့် အကြောင်းအရာများကို ကြိုတင်ရှင်းလင်းထားပါ။

🔷လူစုလူဝေးဖြင့် သွားလာပါ။

ဖြစ်နိုင်ပါက တစ်ဦးတည်းသွားလာခြင်းထက် မိသားစု (သို့မဟုတ်) ယုံကြည်စိတ်ချရသည့် အဖွဲ့အစည်းများဖြင့် သွားလာပါ။

⚠️ ရှောင်ရန်များ။ (Don'ts)

♦️ညဘက်ခရီးမသွားပါနှင့်။

မဖြစ်မနေကိစ္စမှလွဲ၍ ညဦးပိုင်းနှင့် ညဖက် ခရီးသွားလာခြင်းကို အပြည့်အဝ ရှောင်ကြဉ်ပါ။

♦️ယူနီဖောင်း/စစ်ဘက်သုံးပစ္စည်းများ ရှောင်ပါ။

စစ်ဘက်နှင့် ဆက်စပ်နိုင်သည့် အရောင်များ (ဥပမာ- သံလွင်ရောင်၊ ကာကီရောင်) နှင့် အဝတ်အစားများကို ဝတ်ဆင်ခြင်းမှ ရှောင်ကြဉ်ပါ။

♦️စကားအပြောအဆို ဆင်ခြင်ပါ။

ခရီးသွားစဉ်အတွင်း ဘေးပတ်ဝန်းကျင်ရှိ မသိကျွမ်းသူများနှင့် နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခြင်း မပြုပါနှင့်။

♦️စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များတွင် မတွန့်ဆုတ်ပါနှင့်။

စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များသို့ ရောက်ရှိပါက ပုံမှန်အတိုင်း တည်ငြိမ်စွာ ဆက်ဆံပါ။ တုံ့ဆိုင်းနေခြင်းက ပိုမိုသံသယပွားစေနိုင်ပါသည်။

🛑 [STOP] - မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ခေတ္တဆိုင်းငံ့ထားကြပါ။‼️

ခရီးသွားမိဘပြည်သူ ညီအကို မောင်နှမများအားလုံး ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် မိမိတို့၏ ခရီးစဉ်များကို အဆင်ပြေချောမွေ့စွာ သွားလာနိုင်ကြပါစေကြောင်း မိမိတို့ #EIO_Admin_Teamမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🏻

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)

🔵 https://www.facebook.com/eagleinformation
🌐 https://t.me/eagleinformationoperator

#Eagle_Information_Operator #EIO #GroundInfo #EmergencyAlert #CivilianMilitaryServiceLaw #MilitaryServiceTraining #UnlawfulArrest #HumanRightsViolation #Public_Safety #TravelSafely
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨 အရေးကြီး သတိပေးချက် 🚨 ⚠️ မုံရွာ - စစ်ကိုင်း - မန္တလေး လမ်းပိုင်း ခရီးသွားလာ ပြည်သူများ အထူးသတိပြုရန်။ နှစ်စဉ်သင်္ကြန်ကာလ နီးကပ်လာသည်နှင့်အမျှ (မုံရွာ - စစ်ကိုင်း - မန္တလေး) လမ်းမကြီး တစ်လျှောက်တွင် အကြမ်းဖက် စစ်ကောင်စီမှ လုံခြုံရေးအခြေအနေများ ပိုမိုတင်းမာလာနေပါသည်။…»
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 10, 6:43AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
"မိဘပြည်သူများခင်ဗျား"........👋🏻

📌လက်ရှိတွင် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) ၏ တင်ဆက်မှုပုံစံများ၊ အမှတ်အသားများနှင့် ဆင်တူယိုးမှား ပြုလုပ်ထားသော သတင်းစာမျက်နှာအချို့ ပေါ်ပေါက်နေသည်ကို စီစစ်တွေ့ရှိရပါသည်။

📌မိဘပြည်သူများ ဘေးကင်းစေဖို့ရန်အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်၊ မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံ၊ခရိုင်ပေါင်းစုံမှ အိုင်အိုများ၊သတင်းပြန်ကြားရေးများ၊အဖွဲ့အစည်းတာဝန်ခံများနှင့် အတူတကွပူးပေါင်း၍ မြေပြင်သတင်း၊လေကြောင်းသတင်းများကို (သတင်းပေးပို့၊သတင်းယူ)ခြင်းဖြင့်သာ #Admin_Team သည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ စနစ်တကျ၊ သတင်း(ကျင့်ဝတ်-စည်းကမ်း)နှင့်အညီ "ကိုယ်ထူကိုယ်ထ" ပြည်သူ့အကျိုးကိုသာ မျက်နှာမူ၍ ကြိုးစားလုပ်ကိုင်နေကြသူများသာ ဖြစ်ပါသည်။

📌#EIO သည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ မည်သည့်ပုဂ္ဂိုလ်၊မည်သည့်တလရအဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်းမဟုတ်သလို၊မည်သည့်အကြောင်းကိစ္စမှ အလှူခံခြင်းလည်း (လုံးဝ၊လုံးဝ) အလျင်းမရှိပါ။

📌မိမိတို့ #EIO နှင့် တင်ဆက်မှုပုံစံများ၊ အမှတ်အသားများနှင့် ဆင်တူယိုးမှား ပြုလုပ်ပြီး #EIO_logo များအသုံးပြု၍သော်လည်းကောင်း၊ #EIO အမည်နာမသုံးစွဲ၍ အလှူငွေကောက်ခံခြင်းများကိုလည်း မိမိတို့ #EIO_Admin_Teamမှ (လုံးဝ၊လုံးဝ) တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါ။

📌သတင်းအချက်အလက် မှန်ကန်မှုနှင့် မိဘပြည်သူများ ဝေဝါးမှုမရှိစေရန်အတွက် မိမိတို့ #EIO_Admin_Team မှ တင်ဆက်မှုပုံစံသစ်များ၊ ပိုမိုဆန်းသစ်သော ဖန်တီးမှုများဖြင့် အဆင့်မြှင့်တင် တင်ဆက်‌နေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

⚜️ #EIO ၏ ပြောင်းလဲမှုများ‼️

၁။သတင်းတင်ဆက်မှုပုံစံသစ်။

ရိုးအိုင်နေသော ပုံစံများမှ ခွဲထွက်ပြီး ကြည့်ရှုသူအတွက် ရှင်းလင်းပြတ်သားကာ ဆွဲဆောင်မှုရှိသော Layout အသစ်များဖြင့် တင်ဆက်ပါမည်။

၂။Creative Visuals။

သတင်းတစ်ပုဒ်ချင်းစီ၏ အနှစ်သာရကို ဖော်ပြနိုင်မည့် ကိုယ်ပိုင်သီးသန့် Infographics နှင့် ဒီဇိုင်းသစ်များကို အသုံးပြုပါမည်။

၃။စနစ်တကျ စိစစ်မှု။

သတင်းစီးဆင်းမှု မြန်ဆန်ရုံသာမက အချက်အလက် တိကျမှန်ကန်မှုကို ပိုမိုဦးစားပေးဆောင်ရွက်သွားပါမည်။

⚠️မိဘပြည်သူများအနေဖြင့် မိမိတို့၏ #EIO မှ တင်ဆက်မှုများကို ယုံကြည်စိတ်ချစွာ စောင့်ကြည့်အားပေးကြပါရန်နှင့် အတုအယောင်များကို သတိပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

📡 မိမိတို့၏ ကိုယ်စွမ်း ဉာဏ်စွမ်း ရှိသမျှ ဖန်တီးမှုအသစ်များ၊လေ့လာတွေရှိချက်များ၊ဆောင်ရန်၊ရှောင်ရန်များကို တင်ဆက်နေပြီဖြစ်၍ #EIO_Facebook_Page နှင့် #EIO_Telegram ချန်နယ်အား Like & Follow လုပ်ထားပြီး စောင့်မျှော်ကြည့်ရှုပေးကြပါဦးလို့ တိုက်တွန်းရင်း🙏🏻

(#EIO_Founder)

📧 http://www.eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 https://t.me/eagleinformationoperator

#AdminTeam #EIO #Eagle_Information_Operator #Communication_and_Information #NewPerspective #StayTuned #Media_Ethics #GroundInfo
👍1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 10, 7:07AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
⚜️ #EIO_Update_News

ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံနှင့် မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။

Apr 10, 7:05AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🚨မုံရွာ-ချောင်းဦး🚨

(မုံရွာတောင် -‌ ချောင်းဦး) လမ်းမကြီးတလျှောက်တွင် စခများသည် လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူထားပြီး ခြေရှုပ်နေကြောင်း သတင်းရရှိထားပါသည်။

ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် ဘေးကင်းလုံခြုံရေးကို ဦးစားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
📲 သတင်းပေးပို့ရန် -
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Monywa #SecurityTips #StaySafe
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «"မိဘပြည်သူများခင်ဗျား"........👋🏻 📌လက်ရှိတွင် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) ၏ တင်ဆက်မှုပုံစံများ၊ အမှတ်အသားများနှင့် ဆင်တူယိုးမှား ပြုလုပ်ထားသော သတင်းစာမျက်နှာအချို့ ပေါ်ပေါက်နေသည်ကို စီစစ်တွေ့ရှိရပါသည်။ 📌မိဘပြည်သူများ ဘေးကင်းစေဖို့ရန်အတွက်…»
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 10, 7:16AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
📌အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

🚨အသေးစိတ်ဖတ်ရှုရန်👇🏻
https://t.me/eagleinformationoperator/19834

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Myanmar #SecurityTips #StaySafe
👍1🙏1
⚜️ #EIO_Update_News

မြင်းမူနယ် ၊ဒို့မြန်မာကျော်ဆီဆိုင်မှ ထွက်လာသော စခကင်းများသည် အလ္လကပ္ပကျေးရွာ ကိုးဆူဘုရားအနီးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 10, 7:45AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
"စစ်အရာရှိဟောင်းတွေ ကြီးစိုးထားတဲ့ ပုံစံပြောင်း အာဏာသိမ်းအစိုးရ"

ရွေးကောက်ခံအစိုးရသဖွယ် ပုံဖော်ဖို့ ကြိုးစားနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဟာ သူ့ကိုယ်သူ သမ္မတအဖြစ် ဒီကနေ့ အေပြီလ ၁၀ ရက်နေ့ ကျမ်းကျိန်မှာ ဖြစ်ပါတယ်။

အာဏာသိမ်းအစိုးရကို ပုံစံပြောင်းထားတဲ့ မင်းအောင်လှိုင်ရဲ့ ထူးမခြားနား အစိုးရအဖွဲ့ အခင်းအကျင်းမှာလည်း စစ်အရာရှိဟောင်းတွေ အများစုနဲ့ပဲ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ ဝန်ကြီးစာရင်းတွင် စစ်အရာရှိဟောင်း (၂၁) ဦးဖြစ်ပြီး (၇၀) ရာခိုင်နှုန်းထိ ဖြစ်ပါတယ်။

အလားတူ နေပြည်တော်ကောင်စီ ဥက္ကဌ နဲ့ တိုင်း/ပြည်နယ်အဆင့် ဝန်ကြီးချုပ်အများစုကိုလည်း စစ်အရာရှိဟောင်းများအား ဆက်လက်ခန့်ထားပြီး အရပ်သား (၂) ဦးသာ ပါဝင်ပါတယ်။ အဆိုပါ (၂) ဦးကလည်း အာဏာသိမ်းအစိုးရလက်အောက် တိုင်း/ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူများ ဖြစ်ပါတယ်။

ထို့အပြင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင်လည်း စစ်အရာရှိဟောင်းများကိုပဲ ရွေးချယ်ခန့်အပ်ထားတာ တွေ့ရှိရပါတယ်။

ရွေးကောက်ခံအစိုးရသဖွယ် ပုံဖော်နေတဲ့ စစ်ခေါင်းဆောင် သမ္မတမင်းအောင်လှိုင်ဟာ သူစေခိုင်းရာ နာတော်ခံမယ့် တပည့်ရင်း စစ်အရာရှိတွေနဲ့ပဲ အခြေပြုထားခြင်းဟာ အာဏာကို အလုံးစုံ ချုပ်ကိုင်ထားနိုင်ဖို့အတွက် ဆက်လက်ရည်ရွယ်နေတာ ဖြစ်ပါတယ်။

#ပုံစံပြောင်းအာဏာသိမ်းအစိုးရ #မင်းအောင်လှိုင်
#ပြည်ထောင်စုအစိုးရအဖွဲ့ #စစ်အရာရှိဟောင်း

https://www.facebook.com/mdsi001
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၇)စီးသည် အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 10, 9:27AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၇)စီးသည် အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Apr 10, 9:27AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…»
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Apr 10, 6:40AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိပြီး လက်နက်ငယ်များလည်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

Apr 10, 9:39AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၇)စီးသည် အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Apr 10, 9:27AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၇)စီးသည် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 10, 9:41AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၇)စီးသည် မုံရွာမြို့၊ ဒေါနခြံရပ်ကွက်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Apr 10, 9:41AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @Eagle…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၇)စီးသည် မုံရွာမြို့၊ ဘုရားနီလမ်းဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 10, 9:46AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၇)စီးသည် မုံရွာမြို့၊ ဘုရားနီလမ်းဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Apr 10, 9:46AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInf…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခအအပါ သံပြားကာကား(၇)စီးသည် မုံရွာမြို့၊ ကားလေးကွင်းဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 10, 9:49AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo