EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.96K links
Download Telegram
🔔 ကိုယ့်ကိုကိုယ်ပေးရမယ့် တာဝန်✊🏻

" ကျဆုံးရဲဘော်တွေနဲ့ ကိုယ်လက်အင်္ဂါဒဏ်ရာရ ရဲဘော်တွေဟာ
ခု တက်ရမယ့် လှေခါးတွေ မဟုတ်ဘူး၊ ဂျမ်းတုံးတွေမဟုတ်ဘူး။ "

📢 " ဒီစကားဟာ 'အာဏာရှင် ကျဆုံးရေး' ဆိုတဲ့ ခေါင်းစဉ်အောက်
တကိုယ်စာ အ,မင်္ဂလာ စားပွဲဝိုင်းတွေ ဝှက်ထားတဲ့
နိုင်ငံရေးသမား၊ စီးပွားရေးသမားတွေအတွက် တပ်လှန့်သံပါ "🔔

#Htay Lynn Ko (4/2024)
💯1
⚠️ လမ်းပိုင်းဆိုင်ရာ အသိပေး ထုတ်ပြန်ချက် ⚠️

👉 ၂၀၂၆ ခုနှစ်၊ ဧပရယ်လ (၈) ရက်နေ့ ယခုအချိန်မှစ၍

📢 အရာတော်မြို့နယ်၊ တောင်ပိုင်းနှင့် မြောက်ပိုင်း လမ်းပိုင်းအား ပြန်လည်၍ အသုံးပြု ဖြတ်သန်းသွားလာနိုင်ပြီ ဖြစ်ကြောင်း ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ ကိုယ်စား ခရီးသွား မိဘပြည်သူများအား အကြောင်းကြားအပ်ပါသည်။

ပူးပေါင်းပါဝင် အကူအညီပေးကြသော ခရီးသွား မိဘပြည်သူများအား တော်လှန်ရေးအဖွဲ့အစည်းများ၏ ကိုယ်စား အထူးပင် ကျေးဇူးတင်ရှိပါသည်။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)
📲 ဆက်သွယ်ရန်
👉🏻 @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook: https://www.facebook.com/eagleinformation
🌐 Telegram: t.me/eagleinformationoperator

#AdminTeam #EIO #PublicSafety #RoadClosure #EagleInformationOperator
🙏1
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Apr 8, 9:30AM

📌ရွှေဘို ခလရ(၄၂)မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

မိဘပြည်သူများအနေဖြင့် မိမိတို့ #EIO မှ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်မှုများကို ယုံကြည်စွာ #Like & #Sharing လုပ်ပေးခြင်းဖြင့် မျှဝေ၊ကူညီပါ🙏🏻

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Shwebo #SecurityUpdate
🙏1
🚫 "မျက်ကွယ်ပြုခြင်း၏ ရာဇဝတ်မှု" (သို့မဟုတ်) "အမှန်တရားကို ကျောခိုင်း၍ ဖိနှိပ်သူနောက် လိုက်နေကြသူများ" 🚫

မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာများတွင် အမှောင်မိုက်ဆုံးသော ကာလတစ်ခုကို ကျွန်ုပ်တို့ ဖြတ်သန်းနေကြရသည်။ နေ့စဉ်နှင့်အမျှ ကြားသိနေရသော သတင်းများမှာ..............

🔥 ရွာလုံးကျွတ် မီးရှို့ခံရမှု။

🚀 လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု။


အပြစ်မဲ့ ပြည်သူတို့၏ အသက်ပေါင်းများစွာ ကြွေလွင့်နေရမှုများပင် ဖြစ်သည်။
ဤလုပ်ရပ်များသည် လူမျိုးတုန်း သတ်ဖြတ်မှုအသွင်သို့ ဦးတည်နေသည်ကို ကမ္ဘာက မြင်သော်လည်း၊ ပြည်တွင်းရှိ လူတစ်စုမှာမူ ယနေ့တိုင် မျက်စိမှိတ်၊ နားပိတ်ကာ ဖိနှိပ်သူ အကြမ်းဖက်စစ်ကောင်စီတို့၏ ဖိနပ်ကို နမ်းရှုတ်နေကြဆဲ ဖြစ်သည်။ 👞👅

💰 ၁။ အမှန်တရားကို ငွေကြေးနှင့် အခွင့်အရေးဖြင့် လဲလှယ်သူများ။

အကြမ်းဖက် စစ်အာဏာရှင်၏ ယန္တရားအောက်တွင် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်နေသော ထိုလူတစ်စုသည် မိမိတို့၏ အခွင့်အထူးခံ အနေအထားကို လက်မလွှတ်နိုင်ကြပေ။

ပြည်သူတို့၏ သွေးစက်များဖြင့် တည်ဆောက်ထားသော စည်းစိမ်ကို မက်မောခြင်း။
လက်နက်အားကိုး အကြမ်းဖက် ဗိုလ်ကျသူများကို "မျိုးချစ်" ဟု ခေါင်းစဉ်တပ် ကာကွယ်ခြင်း။

၎င်းတို့အတွက်မူ တိုင်းပြည်ပျက်စီးခြင်းထက် မိမိတို့၏ အိတ်ကပ်ဖောင်းနေဖို့က ပို၍ အရေးကြီးနေပုံရသည်။ 💸

📢 ၂။ လူ့ကျင့်ဝတ် ပျောက်ဆုံးနေသော ဝါဒဖြန့်ချိရေး ယန္တရား။

ဆိုရှယ်မီဒီယာများပေါ်တွင် ဖိနှိပ်သူ အကြမ်းဖက် စစ်ကောင်တို့၏ လုပ်ရပ်ကို အမွှမ်းတင်ခြင်း၊ အမှန်တရားကို လိုရာဆွဲကာ သတင်းမှားများ ဖြန့်ဝေခြင်းတို့သည် ထိုလူစု(အကြမ်းဖက် စစ်ကောင်စီ၏ကျွန် ဘောမတစ်သိုက်)၏ အဓိက အလုပ်တစ်ခု ဖြစ်လာသည်။

⚠️ မိမိနှင့် လူမျိုးတူ၊ ပြည်သူချင်း ဒုက္ခရောက်နေသည်ကို မြင်ပါလျက်နှင့်...

⚠️ "မင်းတို့ဖြစ်တာ မင်းတို့ခံ" ဆိုသည့် သဘောထားမျိုးဖြင့် လှောင်ပြောင် သရော်နေကြခြင်းမှာ လူသားဆန်မှု ကင်းမဲ့ခြင်း၏ အထွတ်အထိပ်ပင် ဖြစ်ပါသည်။ 👹

🤐 ၃။ နှုတ်ဆိတ်နေခြင်းသည်ပင် အားပေးကူညီရာ ရောက်သည်။

"ငါတို့နဲ့မဆိုင်ဘူး" ဟု ဆိုကာ ဘေးထိုင်နေသူများထက်၊ အမှားကို အမှန်ဟု ဇွတ်မှိတ် ပြောနေကြသော 'အကြမ်းဖက် စစ်ကောင်စီ၏ကျွန် ဘောမတစ်သိုက် ဘောအလွန်မချင်သူ' များ၏ လုပ်ရပ်မှာ ပို၍ ဆိုးရွားလှသည်။ ၎င်းတို့သည် အကြမ်းဖက်စစ်အာဏာရှင်၏ ရာဇဝတ်မှုများကို တရားဝင်မှု (Legitimacy) ရရှိအောင် နောက်ကွယ်မှ ထောက်တိုင် လုပ်ပေးနေသူများ ဖြစ်သည်။

⚖️ သမိုင်းဆိုသည်မှာ မှတ်တမ်းတင်လေ့ရှိသည်။

နောင်တစ်ချိန်တွင် သားသမီးမြေးမြစ်များ၏ မေးခွန်းထုတ်မှုကို ၎င်းတို့ မည်သို့ ရင်ဆိုင်မည်နည်း⁉️

⚖️ ၄။ သမိုင်း၏ တရားစီရင်မှုကို မလွတ်ကင်းနိုင်။

အာဏာဆိုသည်မှာ အမြဲထာဝရ မဟုတ်သော်လည်း၊ ပြုခဲ့သည့် ကံနှင့် ကျန်ရစ်မည့် သမိုင်းကမူ ထာဝရ ဖြစ်သည်။

📉 အပြစ်မဲ့ ပြည်သူတို့၏ ငိုကြွေးသံများကို လျစ်လျူရှုသူများသည် သမိုင်း၏ တရားခံများအဖြစ်သာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။ လူမျိုးတုန်း သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်ကောင်စီ၏ လုပ်ရပ်ကို အားပေးအားမြှောက် ပြုနေခြင်းသည် မိမိတို့၏ ကိုယ်ကျင့်သိက္ခာကိုပါ သတ်ဖြတ်နေခြင်းပင် ဖြစ်သည်။

အမှန်တရားသည် တစ်နေ့တွင် ပေါ်ပေါက်လာမည် ဖြစ်သည်။ ထိုအချိန်တွင် အကြမ်းဖက် စစ်အာဏာရှင်၏ နောက်ကွယ်၌ ခိုကပ်ကာ ပြည်သူကို ရန်သူလို သဘောထားခဲ့သူများအတွက် ပုန်းခိုစရာ နေရာ ရှိလိမ့်မည်မဟုတ်ပေ။

👁️ မျက်စိကို ဖွင့်ကြည့်ကြပါ။

❤️ နှလုံးသားဖြင့် ခံစားကြည့်ကြပါ။

အမှားကို အမှားဟု မြင်နိုင်သည့် သတ္တိသည် လူသားတစ်ယောက်၏ အနိမ့်ဆုံးသော အရည်အချင်းပင် ဖြစ်သည်။

#Eagle_Information_Operator #EIO #StandWithJustice #WhatsHappeningInMyanmar #SocialAccountability #TruthMatters #NoToDictatorship #Airstrike #MilitaryTerrorists
💯2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚫 "မျက်ကွယ်ပြုခြင်း၏ ရာဇဝတ်မှု" (သို့မဟုတ်) "အမှန်တရားကို ကျောခိုင်း၍ ဖိနှိပ်သူနောက် လိုက်နေကြသူများ" 🚫 မြန်မာနိုင်ငံ၏ သမိုင်းစာမျက်နှာများတွင် အမှောင်မိုက်ဆုံးသော ကာလတစ်ခုကို ကျွန်ုပ်တို့ ဖြတ်သန်းနေကြရသည်။ နေ့စဉ်နှင့်အမျှ ကြားသိနေရသော သတင်းများမှာ..............…»
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 8, 11:10AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်သို့ ရောက်ရှိနေပြီး လက်နက်ငယ်များရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

Apr 8, 11:13AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ အောင်သာ)လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 8, 11:14AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 8, 11:20AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Apr 8, 11:28AM

📌ရွှေဘိုမြို့‌ပေါ် မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

မိဘပြည်သူများအနေဖြင့် မိမိတို့ #EIO မှ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်မှုများကို ယုံကြည်စွာ #Like & #Sharing လုပ်ပေးခြင်းဖြင့် မျှဝေ၊ကူညီပါ🙏🏻

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Shwebo #SecurityUpdate
"မပြန့်နှံ့သင့်တဲ့အရာတွေ သင့်ကြောင့် ပိုမပြန့်ပါစေနဲ့" 🚫⚠️

ယနေ့ခေတ်လို ဆိုရှယ်မီဒီယာ အသုံးပြုမှု မြင့်မားနေတဲ့ ကာလမှာ သတင်းအချက်အလက်တွေဟာ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားနိုင်ပါတယ်။

သာမန်သတင်းတွေအတွက် ပြဿနာမရှိပေမဲ့ "စစ်ရေးသတင်း" တွေနဲ့ ပတ်သက်လာရင်တော့ ဖုန်းမျက်နှာပြင်ပေါ်က ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့တင် မြေပြင်မှာရှိနေတဲ့ လူပေါင်းများစွာရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရတဲ့အထိ အကျိုးသက်ရောက်မှု ကြီးမားနိုင်ပါတယ်။ 📱💥


၁။ သိလိုစိတ်ထက် လုံခြုံရေးကို ဦးစားပေးရပါမယ်။ 🛡️

စစ်ရေးသတင်းတွေမှာ "ဘယ်သူက ဘယ်ကို သွားနေပြီလဲ"၊ "ဘယ်နေရာမှာ ဘာတွေ ရှိနေသလဲ" ဆိုတဲ့ အချက်အလက်တွေဟာ အင်မတန် အရေးကြီးပါတယ်။ ကိုယ်က စေတနာနဲ့ဖြစ်စေ၊ သိချင်စိတ်နဲ့ဖြစ်စေ တင်လိုက်တဲ့ သတင်းတစ်ခုဟာ ရန်သူ့အတွက် အဖိုးတန်တဲ့ ထောက်လှမ်းရေးသတင်း (#Military Intelligence) ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သိသမျှကို ပြန်ဖြန့်ဖို့ထက် ဒီသတင်းက ဘယ်သူ့ကို ထိခိုက်စေနိုင်သလဲဆိုတာကို အရင်စဉ်းစားဖို့ လိုပါတယ်။ 🧠🔍

၂။ သတင်းမှားနဲ့ သတင်းပေး။ (Information War) ⚔️

သေချာခွဲခြားတတ်ရပါမယ်။ စစ်ပွဲတွေမှာ လက်နက်နဲ့ တိုက်ခိုက်တာတင်မကဘဲ စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုတွေလည်း ပါဝင်ပါတယ်။ သတင်းမှားတွေ၊ ကောလာဟလတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေပြီး လူထုကို ထိတ်လန့်အောင် လုပ်တတ်ကြပါတယ်။ အချက်အလက် မခိုင်လုံတဲ့ သတင်းတွေကို "ဒါတကယ်လား" ဆိုပြီး ပြန်မျှဝေခြင်း (#Share) ဟာလည်း သတင်းမှားကို ကူညီဖြန့်ဝေပေးရာ ရောက်သွားစေပါတယ်။ 📢

၃။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေရဲ့ အန္တရာယ်။ 📸📹

အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ စစ်ရေးလှုပ်ရှားမှု ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို တင်တဲ့အခါမှာ Metadata လို့ခေါ်တဲ့ တည်နေရာအချက်အလက်တွေ၊ နောက်ခံ အဆောက်အအုံတွေနဲ့ လမ်းအမှတ်အသားတွေကနေတစ်ဆင့် ရန်သူက တည်နေရာကို အတိအကျ တွက်ချက်နိုင်ပါတယ်။ ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံဟာ မိတ်ဆွေအဖွဲ့အစည်းတွေရဲ့ စခန်းတည်နေရာ ဒါမှမဟုတ် လှုပ်ရှားမှုလမ်းကြောင်းကို ဖော်ပြလိုက်သလို ဖြစ်မသွားဖို့ အထူးသတိပြုရပါမယ်။📍🌐

၄။ ဘာတွေက မပြန့်နှံ့သင့်တာလဲ⁉️

(လုံးဝ မတင်သင့်သော အချက်များ)

ဆိုရှယ်မီဒီယာပေါ်မှာ ဓါတ်ပုံကအစ လုံးဝ (လုံးဝ) မတင်သင့်တဲ့အချက်အလက်တွေကတော့ -

🪖 တပ်ဖွဲ့ဝင်တွေရဲ့ အရေအတွက်နဲ့ လက်နက်အင်အား။

တပ်ဖြန့်ထားတဲ့ တည်နေရာနဲ့ စခန်းချရာနေရာများ။

🗺️ အနာဂတ် စစ်ဆင်ရေး အစီအစဉ်များနှင့် ခရီးသွားလာမှု လမ်းကြောင်းများ။

⚠️ သတင်းကို မြန်မြန်ဆန်ဆန် သိရတာထက် "သတင်းကို မှန်မှန်ကန်ကန်နဲ့ ဘေးကင်းအောင် ကိုင်တွယ်တတ်ဖို့" က ပိုအရေးကြီးပါတယ်။ သင့်ရဲ့ လက်ချောင်းလေးတွေကနေတစ်ဆင့် မတော်တဆ ဖြန့်ဝေမိလိုက်တဲ့ သတင်းတစ်ခုဟာ ရဲဘော်ရဲဘက်တွေနဲ့ ပြည်သူတွေရဲ့ အသက်ကို ရင်းနှီးရတာမျိုး မဖြစ်ပါစေနဲ့။ 🤝🩸

⚠️ "မပြန့်နှံ့သင့်တဲ့အရာတွေ သင့်ကြောင့် ပိုမပြန့်ပါစေနဲ့။" တာဝန်သိတဲ့ သတင်းသုံးစွဲသူတစ်ယောက်အဖြစ် စစ်ရေးသတိ၊ စစ်ရေးအမြင်နဲ့ လုံခြုံရေးကို "အမြဲဦးထိပ်ထားကြပါစို့" လို့ တိုက်တွန်းရင်း။🙏🏻

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📧 eagleinformationoperators@gmail.com
🔵 facebook.com/eagleinformation
🌐 t.me/eagleinformationoperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «"မပြန့်နှံ့သင့်တဲ့အရာတွေ သင့်ကြောင့် ပိုမပြန့်ပါစေနဲ့" 🚫⚠️ ယနေ့ခေတ်လို ဆိုရှယ်မီဒီယာ အသုံးပြုမှု မြင့်မားနေတဲ့ ကာလမှာ သတင်းအချက်အလက်တွေဟာ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံးကို ပျံ့နှံ့သွားနိုင်ပါတယ်။ သာမန်သတင်းတွေအတွက် ပြဿနာမရှိပေမဲ့ "စစ်ရေးသတင်း" တွေနဲ့ ပတ်သက်လာရင်တော့…»
မိမိကိုကိုယ် ထိခိုက်အောင် ပြုလုပ်ရန် အတွေးရှိနေသူများ
Zero Suicide hotlines များသို့ ဆက်သွယ်နိုင်ပါသည်။

စိတ်ပိုင်းဆိုင်ရာအကူအညီရယူနိုင်ရန်

Zero Suicide Hotlines
https://t.me/zeroscbot

နှင့် တယ်လီကျန်းမာ online clinic
https://m.me/telehealthmm
https://t.me/TLKMReception

တိုင်ပင်ဖော် စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/taingpinphaw

Mind Healers စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/share/18u1Cg5ejy/?mibextid=wwXIfr

စသည့် Messenger, Telegram များသို့ ဆက်သွယ်ပြီး အကူအညီ အခမဲ့ရယူနိုင်ပါပြီ။
🥰1🙏1