EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.56K photos
185 videos
25 files
5.95K links
Download Telegram
ဒီတိုက်ပွဲက ကျွန်တော်တို့အတွက်ပဲမဟုတ်ပါဘူး။
မျိုးဆက်အတွက်ပါ။

ကျွန်တော်တို့ ရပ်နေသေးတယ်
ကျွန်တော်တို့ ဆက်တိုက်နေသေးတယ်

ဒါပေမယ့်
မင်းတို့ရဲ့ ပံ့ပိုးမှုမရှိရင်
ရှေ့ဆက်ဖို့ မလွယ်ပါဘူး။

ယုံကြည်မှုတစ်ခုနဲ့
အတူတူ ရပ်တည်ပေးပါ။

-ကျနော်တို့ဝရဇိန်တပ်ဖွဲ့ရဲ့ နောက်ထပ် special operations တွေ ၊ မြေမြင်ဝေဟင် တွဲဖက် mission တွေ နဲ့ Anti jamming Drone တွေ ပိုမိုထုတ်လုပ်နိုင်ရန် R&D ကိစ္စများ ထပ်မံတိုးချဲ့လုပ်ဆောင်ရန်အတွက်

"ဝေဟင်စိုးမိုးဖို့ ဝရဇိန်မိုးကြိုးကိုကူကြစို့"

ဆိုတဲ့သိန်း(၃၀၀၀) ကမ်ပိန်းလေးကို April 3 2026 မှ June 3 2026 ထိ (၂ )လတာ ပြုလုပ်ထားပါတယ်ခင်ဗျာ။

(ကမ်ပိန်းရည်ရွယ်ချက်)

-တိုက်ခိုက်ရေးဌာနအတွက် ကျည်မျိုးစုံ ၊ ခဲ ယမ်း များဖြည့်တင်းရန်
-ဒရုန်းဌာနအတွက် ဒရုန်းသီး နှင့် ဒရုန်း လိုအပ်ချက်များဖြည့်တင်းရန်
-နည်းပညာနှင့် ပတ်သက်သော စမ်းသက်ချက်များအတွက် လိုအပ်သော နည်းပညာပစ္စည်းများဖြည့်တင်းရန်

-ကမ်ပိန်း link 🔗 - https://m.facebook.com/story.php?story_fbid=122306482358200892&id=61556026772715

Trust us. Stand with us.
👉 Support & Donate.
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Apr 4, 8:15PM

📌 မြင်းမူနယ် ဂွေးပင်တော အထိုင်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

⚠️ လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

⚠️ မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

⚠️ အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

မိဘပြည်သူများအနေဖြင့် မိမိတို့ #EIO မှ အချိန်နဲ့တပြေးညီ ကြိုးစားတင်ဆက်မှုများကို ယုံကြည်စွာ #Like & #Sharing လုပ်ပေးခြင်းဖြင့် မျှဝေ၊ကူညီပါ🙏🏻

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myinmu #Myanmar #SecurityUpdate
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ  ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။


     ဒေါ်အောင်ဆန်းစုကြည် 🌹
1🥰1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏1
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
🙏2
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️

📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။

📌 မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။

🛡️ ၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း။

📌 မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။

သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။

📌 မိတ်‌ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။


🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း။

📌 သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည်။

👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း။

📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။

💻 Digital Security။

📌 သတင်းပေးပို့ပြီးနောက် စာမျက်နှာ (#Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။

🛡️ ဘေးကင်းရေး လမ်းညွှန်မှု။

📌 သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။

⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်။

📌 မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါတို့ကို ဂရုပြုပေးပါ

📱 Two-Step Verification။

⚠️ သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် အမြဲဖွင့်ထားရန်။

🗑️ Chat Cleanup။

⚠️ သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။

👁️ Environmental Awareness။

⚠️ သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန်။

"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"


ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻

#EIO_Admin_Team
#Eagle_Information_Operator
#Civilian_Intelligence
#DigitalSecurity
#Revolution_News
🙏1
🚨အထူးသတိပြု‌နေထိုင်ကြပါရန်⚠️

📌 မြို့နယ်ပေါင်းစုံ၊နယ်ပေါင်းစုံတွင် စခ၊ပခများ၏ အထိုင်ချစခန်းများမှ နေ့/ည အချိန်၌ Spy Balloon၊UAV Scout drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။သို့ဖြစ်ပါ၍ တလရရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။


⚠️ #SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104

⚠️ #VTOL 370 Scout Drone အကြောင်း‌လေ့လာရန် - https://t.me/eagleinformationoperator/17105

⚠️ #Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752

⚠️ #Gyrocopter နှင့် #Paramotor တို့ကိုတန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ - https://t.me/eagleinformationoperator/17807

🚨အထူးသတိပြုရန် နှိုးဆော်ချက် - https://t.me/eagleinformationoperator/19369

#EIO #Eagle_Information_Operator #SafeMovement #MilitaryTerrorists #WarCrimes #SaveMyanmar #WhatsHappeningInMyanmar
🙏3
📌အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

🚨အသေးစိတ်ဖတ်ရှုရန်👇🏻
https://t.me/eagleinformationoperator/19834

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Myanmar #SecurityTips #StaySafe
🙏3
📌အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

📌ဘာကြောင့် လက်နက်ကြီးသံနဲ့ လေကြောင်းရန်သံတွေကို မကြားရသလဲဆိုတဲ့ အချက်တွေကို နားလည်လွယ်အောင် အောက်မှာ ရှင်းပြပေးထားပါတယ်။

၁။ Masking Effect (အသံဖုံးလွှမ်းသွားခြင်း)

ဒါက အဓိကအချက်ပါ။ လူ့နားဟာ အသံနှစ်ခုပြိုင်တူကြားရတဲ့အခါ ပိုကျယ်တဲ့အသံ (သို့) ပိုနီးတဲ့အသံ ကိုပဲ အာရုံစိုက်မိတတ်ပါတယ်။
Speaker ကထွက်တဲ့အသံက သင့်နားနဲ့ အလွန်နီးကပ်နေတဲ့အတွက် အဝေးကလာတဲ့ လက်နက်ကြီးသံ ဒါမှမဟုတ် လေယာဉ်သံထက် ပိုကျယ်သယောင် ခံစားရစေပါတယ်။
ရလဒ်အနေနဲ့ ဦးနှောက်က အရေးကြီးတဲ့ အချက်ပေးသံတွေကို "Background Noise" (နောက်ခံဆူညံသံ) အဖြစ် သတ်မှတ်ပြီး ပယ်ဖျက်လိုက်တာမျိုး ဖြစ်တတ်ပါတယ်။

၂။ Frequency Overlap (လှိုင်းနှုန်းချင်း ထပ်တူကျခြင်း)

လက်နက်ကြီးသံနဲ့ ဗုံးသံတွေဟာ Low-frequency (အသံနိမ့်/တုန်ခါမှုပြင်းတဲ့အသံ) တွေဖြစ်ပါတယ်။
Bluetooth Speaker တွေမှာ Bass (ဘေ့စ်) သံ အလေးပေးထားတဲ့ သီချင်းတွေဖွင့်ထားရင် အဲ့ဒီ Bass သံတွေက အပြင်ကလာတဲ့ ပေါက်ကွဲသံတွေကို ဖုံးအုပ်သွားစေပါတယ်။
အသံချင်းလှိုင်းနှုန်းတူနေတဲ့အတွက် ခွဲခြားရခက်သွားတာပါ။

၃။ Psychological Immersion (အာရုံနစ်ဝင်သွားခြင်း)

သီချင်းနားထောင်နေတဲ့အခါ ဒါမှမဟုတ် ရုပ်ရှင်ကြည့်နေတဲ့အခါ လူ့ရဲ့အာရုံစိုက်မှုက အဲ့ဒီအရာပေါ်မှာပဲ ရောက်နေတတ်ပါတယ်။
ဒီလို အာရုံစိုက်နေတဲ့အချိန်မှာ ပတ်ဝန်းကျင်က အပြောင်းအလဲတွေကို သတိထားမိဖို့ တုံ့ပြန်မှုနှုန်း (Reaction Time) သိသိသာသာ လျော့နည်းသွားပါတယ်။

၄။ အသံလုံသော ဝန်းကျင်ကို ဖန်တီးမိခြင်း

အသံချဲ့စက်ကို အခန်းပိတ်ပြီး ဖွင့်ထားတဲ့အခါ အခန်းထဲက အသံကပဲ ပြန်ဟိန်းနေပြီး အပြင်ကလာတဲ့ အသံလှိုင်းတွေကို တားဆီးသလို ဖြစ်သွားစေပါတယ်။

🚨သတိပြုရန် - > လက်နက်ကြီးသံနဲ့ လေယာဉ်သံတွေဟာ အမြဲတမ်း "ဒိုင်း" ခနဲ ကျယ်ကျယ်လောင်လောင် ကြားရတာမျိုးမဟုတ်ဘဲ အဝေးကလာတဲ့ "ဝူးဝူး" သံ ဒါမှမဟုတ် "တုန်ခါမှု" အနေနဲ့ အရင်လာတတ်တာပါ။ Speaker ဖွင့်ထားခြင်းက အဲ့ဒီလို ကြိုတင်သတိပေးတဲ့ အသံအသေးစားလေးတွေကို လုံးဝမကြားရအောင် လုပ်ပစ်လိုက်ပါတယ်။

အကြံပြုချက်။။ ။။
အခြေအနေ မငြိမ်မသက်ဖြစ်နေချိန်မှာ Speaker တွေ၊ နားကြပ်တွေကို အသံကုန်ဖွင့်ပြီး သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။
ပတ်ဝန်းကျင်က ထူးခြားတဲ့ အသံတွေကို အမြဲနားစွင့်ထားနိုင်ဖို့ အသံကို အသင့်အတင့်ပဲ ထားရှိပါ။

အကယ်၍ သင်က လေကြောင်းရန်အတွက် ကြိုတင်သတိပေးတဲ့ App တွေ ဒါမှမဟုတ် Telegram Channel တွေ သုံးနေတယ်ဆိုရင် အဲ့ဒီ Notification သံတွေကို Speaker အသံထက် ပိုကျယ်အောင် ထားပါ။

လေကြောင်းရန် ဒါမှမဟုတ် လက်နက်ကြီးအန္တရာယ်တွေကို ကြိုတင်သတိပြုမိဖို့ အသံတွေကို ခွဲခြားတတ်ဖို့က အရေးကြီးပါတယ်။ အဓိကအားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ် -

၁။ လေကြောင်းရန် အချက်ပေးဥဩသံ (Siren)

ဒါကတော့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပေးတဲ့အသံပါ။

တက်သံ/ကျသံ (Wailing Tone)-အသံက နိမ့်လိုက် မြင့်လိုက်နဲ့ လှိုင်းထနေတာမျိုးပါ။ ဒါဟာ "အန္တရာယ်ရှိပြီ၊ အကာအကွယ်ယူပါ" လို့ အဓိပ္ပာယ်ရပါတယ်။
အသံရှည် (Steady Tone)-အသံတစ်သံတည်းကို တောက်လျှောက် အရှည်ကြီးဆွဲထားတာမျိုးပါ။ ဒါကတော့ "အန္တရာယ်ကင်းသွားပြီ" လို့ အချက်ပေးတာ ဖြစ်တတ်ပါတယ်။

၂။ ဂျက်လေယာဉ်သံ (Jet Engine Sound)

ဝူးဝူး (သို့) ဟိန်းသံ-အဝေးကလာရင် "ဝူး" ခနဲ အသံအက်အက်ကြီးကို အရင်ကြားရပါတယ်။ လေယာဉ်က ကိုယ့်အပေါ်တည့်တည့် ရောက်ခါနီးရင် အသံက ပိုကျယ်လာပြီး လေထုကို ဖြတ်သန်းတဲ့ တုန်ခါမှုကိုပါ ခံစားရပါတယ်။

အရေးကြီးချက်-လေယာဉ်သံ ပျောက်သွားတာ (သို့မဟုတ်) အသံက ကိုယ့်အပေါ်ကနေ ကျော်သွားသလိုဖြစ်တာဟာ ဗုံးကြဲဖို့ ပြင်နေတာ ဖြစ်နိုင်ပါတယ်။

၃။ လက်နက်ကြီးသံ (Artillery / Mortar)

ထွက်သံ (The Out-going)-လက်နက်ကြီး ပစ်လိုက်တဲ့အခါ "ဘုန်း" ဆိုတဲ့ အသံအက်အက်ကို အဝေးက ကြားရပါတယ်။

ဝီခနဲသံ (The Whistle)-ကျည်ဆန်က ကိုယ့်ဆီ လာနေပြီဆိုရင် လေထုကို တိုးထွက်လာတဲ့ "ဝီ... ဝီ..." ဆိုတဲ့ လေတိုးသံ (Whistling sound) ကို ကြားရပါမယ်။

ကျသံ (The Impact)-ပေါက်ကွဲတဲ့အသံသည် အလွန်ကျယ်ပါတယ်။

🚨အသံကြားရင် ဘာလုပ်မလဲ?

အသံချဲ့စက်/ဖုန်းကို ချက်ချင်းပိတ်ပါ-အပြင်က အသံကို ပိုသဲသဲကွဲကွဲ ကြားနိုင်အောင်ပါ။

မြေနိမ့်ရာကို ရှာပါ-ဗုံးခိုကျင်းရှိရင် ဝင်ပါ၊ မရှိရင် ခိုင်ခံ့တဲ့ အဆောက်အအုံရဲ့ အောက်ထပ် (သို့မဟုတ်) နံရံထောင့်တွေမှာ ဝပ်နေပါ။

ပါးစပ်ကို အနည်းငယ်ဟထားပါ- ပေါက်ကွဲမှုကြောင့်ဖြစ်တဲ့ လေဖိအားကြောင့် နားစည်မပေါက်အောင် ကာကွယ်ပေးပါတယ်။

ဗုံးခိုကျင်းထဲမှာ ဖုန်းကို တုန်ခါမှု (Vibrate) ပဲ ထားပါ-အရေးပေါ် သတင်းစကားတွေကို နားစွင့်နိုင်ဖို့ပါ။

မှတ်ချက်။။ ။ အခုခေတ်မှာ Telegram Channel တွေကနေ "လေယာဉ်တက်ပြီ"၊ "လေယာဉ်ဦးတည်ရာ" စသဖြင့် Real-time သတင်းပေးတာတွေ ရှိပါတယ်။ အဲ့ဒီ Notification သံတွေကို အခြားသီချင်းသံတွေထက် ပိုကြားရအောင် သီးသန့် Ringtone ပေးထားတာမျိုး လုပ်သင့်ပါတယ်။
ဒီအသံတွေကြားရရင် ဘေးကင်းလုံခြုံတဲ့ နေရာ (Safe Zone) တွေမှာ ပုန်းရပါတယ်။

📌အကယ်၍ အရေးပေါ်အခြေအနေဖြစ်လာလို့ အပြင်က ဗုံးခိုကျင်းဆီ သွားဖို့အချိန်မရတော့ဘူးဆိုရင် အိမ်ထဲမှာပဲ အသက်ဘေးကင်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ အချက်အလက် (၅) ချက်နဲ့ ရှင်းပြပေးပါမယ်။

၁။ "အိမ်ရဲ့ အလယ်ဗဟို" ကို ရွေးချယ်ပါ

အိမ်ရဲ့ အပြင်ဘက်နံရံတွေနဲ့ အဝေးဆုံးဖြစ်တဲ့ အိမ်အလယ်က အခန်းငယ် (သို့မဟုတ်) လှေကားအောက် နေရာမျိုးဟာ အလုံခြုံဆုံးပါ။

အပြင်က လက်နက်ကြီးကျည် အပိုင်းအစတွေ (Shrapnel) ဖောက်ဝင်လာရင် နံရံအဆင့်ဆင့်က ကာကွယ်ပေးနိုင်လို့ ဖြစ်ပါတယ်။

၂။ ပြတင်းပေါက်တွေနဲ့ ဝေးဝေးနေပါ

ဒါဟာ အရေးကြီးဆုံး အချက်ပါ။ ဗုံးပေါက်ကွဲတဲ့အခါ ဖြစ်ပေါ်လာတဲ့ လေဖိအားကြောင့် မှန်တွေဟာ အက်ကွဲပြီး လွင့်စင်လာတတ်ပါတယ်။
မှန်စင်တာကြောင့် ထိခိုက်ဒဏ်ရာရတာဟာ ဗုံးစထိတာထက်တောင် ပိုများတတ်ပါတယ်။
အခန်းထဲမှာရှိနေရင် မှန်နဲ့ဝေးတဲ့ နံရံထောင့်မှာ ဝပ်နေပါ။

၃။ အနိမ့်ဆုံးနေရာမှာ နေပါ (Get Low)

လက်နက်ကြီးကျည်နဲ့ ဗုံးစတွေဟာ များသောအားဖြင့် အပေါ်ဘက်ကို စင်ထွက်တတ်ပါတယ်။
အိမ်ရဲ့ အောက်ထပ် (Ground Floor) က အပေါ်ထပ်ထက် ပိုလုံခြုံပါတယ်။

ကြမ်းပြင်ပေါ်မှာ မှောက်ရက်ဝပ်နေတာ ဒါမှမဟုတ် ခိုင်ခံ့တဲ့ စားပွဲအောက်မှာ ပုန်းနေတာက အကောင်းဆုံးပါ။

၄။ နံရံထောင့် (Corners) ကို အားကိုးပါ

အဆောက်အအုံတစ်ခုမှာ နံရံနှစ်ခုဆုံတဲ့ ထောင့်နေရာ တွေဟာ တိုင်တွေလိုပဲ အခိုင်ခံ့ဆုံး နေရာတွေဖြစ်ပါတယ်။
နံရံအလယ်မှာ ကပ်နေတာထက် ထောင့်မှာ ကပ်နေတာက အမိုးပြိုကျရင်တောင် ရှင်သန်နိုင်ခြေ ပိုများပါတယ်။

၅။ ကိုယ်ဟန်အနေအထား (The Drop and Cover)

အသံကြားတာနဲ့ ချက်ချင်း-မှောက်ရက်ဝပ်ပါ-ဗိုက်ကို ကြမ်းပြင်နဲ့ မထိစေဘဲ လက်တောင်ဆစ်နဲ့ ဒူးနဲ့ ထောက်ထားရင် တုန်ခါမှုဒဏ်ကို လျော့ပါးစေပါတယ်။
နားကိုပိတ်ပါ-လက်နှစ်ဖက်နဲ့ နားကို အုပ်ထားပါ။
ပါးစပ်ကို ဟထားပါ-ဒါက ကိုယ်တွင်းနဲ့ ကိုယ်ပြင် လေဖိအား ညီမျှသွားစေပြီး နားစည်မပေါက်အောင် ကာကွယ်ပေးပါတယ်။

🎒 အရေးပေါ်အိတ် (Go Bag) ကို အသင့်ထားပါ
အသံကြားလို့ ပုန်းနေရတဲ့အချိန်မှာ ကိုယ့်နားမှာ အသင့်ရှိနေသင့်တာတွေကတော့-
ရေဘူးနဲ့ အသင့်စားနိုင်တဲ့ မုန့်အနည်းငယ်။
အားသွင်းထားတဲ့ ဖုန်းနဲ့ Power Bank။
ရှေးဦးသူနာပြု ဆေးသေတ္တာ။
ဓာတ်မီး (သို့မဟုတ်) ဖယောင်းတိုင်။
အရေးကြီးသတိပေးချက်-အသံတွေ ငြိမ်သွားရင်တောင် ချက်ချင်း အပြင်မထွက်ပါနဲ့ဦး။ နောက်ဆက်တွဲ ဗုံးကြဲတာ ဒါမှမဟုတ် လက်နက်ကြီး ထပ်ပစ်တာမျိုး ရှိနိုင်လို့ အနည်းဆုံး မိနစ် ၃၀ ခန့် ငြိမ်သက်သွားတဲ့အထိ စောင့်ဆိုင်းဖို့ အကြံပြုပါတယ်။

📌ကျေးရွာတာဝန်ခံ ဒါမှမဟုတ် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိသူတွေအနေနဲ့ အခုလို စစ်ဘေးအန္တရာယ်ရှိတဲ့ ကာလမျိုးမှာ ရွာသူရွာသားတွေရဲ့ အသက်အန္တရာယ် ကာကွယ်ရေးအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။

အဓိကထား လုပ်ဆောင်သင့်တဲ့ တာဝန်တွေကို အောက်ပါအတိုင်း (၅) ပိုင်း ခွဲခြားနိုင်ပါတယ် -

၁။ ကြိုတင်သတိပေးစနစ် (Early Warning System) တည်ဆောက်ခြင်း

ဒါက အရေးကြီးဆုံး တာဝန်ပါ။ ရွာသားတွေ အသံချဲ့စက်ဆောင်ဘောက်တွေ၊ Bluetooth Speaker ဖွင့်ထားလို့ပဲဖြစ်ဖြစ်၊ အိပ်ပျော်နေလို့ပဲဖြစ်ဖြစ် အချက်ပေးသံကို ကြားအောင် လုပ်ပေးရပါမယ်။

အချက်ပေးကိရိယာ-ရွာလယ်မှာ သံချောင်းခေါက်တာ၊ ဥဩဆွဲတာ ဒါမှမဟုတ် လက်ကိုင်အသံချဲ့စက် (Megaphone) သုံးပြီး အချက်ပေးရပါမယ်။

သတင်းစီးဆင်းမှု-လေကြောင်းရန် ပြန်ကြားရေးသတင်းပေးတဲ့ စကားပြောစက်တွေ၊ Telegram Channel တွေ၊ နီးစပ်ရာ ရွာတွေက သတင်းတွေကို အမြဲနားစွင့်ပြီး ရွာသားတွေကို ချက်ချင်း အသိပေးရပါမယ်။

၂။ ဘေးကင်းရာသို့ ရွှေ့ပြောင်းခြင်းဆိုင်ရာ စီမံခန့်ခွဲမှု

ဗုံးခိုကျင်းများ စစ်ဆေးခြင်း-အိမ်တိုင်းမှာ ဗုံးခိုကျင်းရှိမရှိ၊ ခိုင်ခံ့မှု ရှိမရှိ လိုက်လံစစ်ဆေးပြီး မရှိသူတွေကို ဝိုင်းဝန်းကူညီ တူးပေးဖို့ စည်းရုံးရပါမယ်။

စုပေါင်းဗုံးခိုကျင်း-အိမ်မှာ ဗုံးခိုကျင်းတူးဖို့ ခက်ခဲတဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေအတွက် ရွာထဲက ခိုင်ခံ့တဲ့နေရာတွေမှာ စုပေါင်းဗုံးခိုကျင်း (Community Shelter) တွေ ပြင်ဆင်ပေးထားရပါမယ်။

၃။ အသိပညာပေးခြင်းနှင့် လမ်းညွှန်ခြင်း

အလင်းရောင်နှင့် အသံ ထိန်းသိမ်းခြင်း-ညဘက်တွေမှာ အလင်းရောင် အပြင်မထွက်ဖို့ (Blackout) နဲ့ နေ့/ညအသံချဲ့စက်တွေ၊Bluetooth Speaker ဖွင့်တာ‌တွေကို ကျယ်ကျယ်မဖွင့်ဖို့ ရွာသားတွေကို အသိပေး၊ပညာပေးလုပ်ဆောင်ပြီး မေတ္တာရပ်ခံ၊ စည်းကမ်းထုတ်ရပါမယ်။

ဇာတ်တိုက်လေ့ကျင့်ခြင်း-အရေးပေါ်အသံကြားတာနဲ့ ဘယ်လိုပြေးရမယ်၊ ဘယ်မှာပုန်းရမယ်ဆိုတာကို ရွာသားတွေ သိအောင် ကြိုတင်ပြောပြထားရပါမယ်။

၄။ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့များ ဖွဲ့စည်းထားခြင်း

အန္တရာယ်ဖြစ်လာတဲ့အခါ ချက်ချင်းတုံ့ပြန်နိုင်ဖို့ အဖွဲ့ငယ်လေးတွေ ခွဲထားသင့်ပါတယ် -
မီးသတ်အဖွဲ့-ဗုံးကြောင့် မီးလောင်ရင် ငြှိမ်းသတ်ဖို့။
ရှေးဦးသူနာပြုအဖွဲ့-ဒဏ်ရာရသူတွေကို ဆေးကုသပေးဖို့။
သတင်းပို့အဖွဲ့-ထိခိုက်မှုစာရင်းကို အထက်ကိုသတင်းပို့ဖို့နဲ့ ပြင်ပအကူအညီတောင်းဖို့။
၅။ စိတ်ဓာတ်မြှင့်တင်ရေးနှင့် တည်ငြိမ်မှု

အန္တရာယ်ဖြစ်နေချိန်မှာ ကောလာဟလတွေကြောင့် ရွာသားတွေ ထိတ်လန့်တုန်လှုပ် (Panic) မဖြစ်အောင် တည်တည်ငြိမ်ငြိမ်နဲ့ မှန်ကန်တဲ့သတင်းကိုပဲ ထုတ်ပြန်ပေးရပါမယ်။

အကြံပြုချက်။။ ။။ ရွာတာဝန်ခံတွေအနေနဲ့ "အသံချဲ့စက် မဖွင့်ရ" ဆိုတဲ့ စည်းကမ်းကို ထုတ်ပြန်တဲ့အခါ အထက်မှာ ဆွေးနွေးခဲ့တဲ့ "လက်နက်ကြီးအသံ၊ လေကြောင်းအသံ မကြားရနိုင်တဲ့ အန္တရာယ်" ကို သေချာရှင်းပြရင် ရွာသားတွေက ပိုပြီး ပူးပေါင်းဆောင်ရွက်လာပါလိမ့်မယ်။

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပို့ရန်
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
⚠️ လုံခြုံရေး အထူးသတိပြုရန် (DigitalSecurity)

လက်ရှိတွင် စစ်ကောင်စီဘက်မှ အကောင့်တုများ (Spies/Informants) အသုံးပြု၍ တယ်လီဂရမ် Group များ၊ သတင်းချန်နယ်များ၊တော်လှန်ရေး #Facebook_Page မန့်များ၊ မိတ်ဆွေတို့၏ #Facebook_account ရှိ ပို့စ်များ၏ မန့်များအတွင်း ရုပ်ဖျက်ဝင်ရောက်ကာ သတင်းနှိုက်ခြင်းနှင့် ထောက်လှမ်းခြင်းများ ပြုလုပ်နေပါသည်။

"မိမိနှင့်တကွ မြေပြင်ရှိ ရဲဘော်များ၊ ပြည်သူများ ဘေးကင်းစေရန် အထူးဂရုပြုလိုက်နာကြပါ"🙏🏻

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 သတင်းပေးပို့ရန်-

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#Revolution_News #DigitalSecurity #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏1