EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.56K photos
185 videos
25 files
5.95K links
Download Telegram
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏1
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
🙏1
📢 သတင်းပေးပို့သူများသို့ အသိပေးချက် ⚠️

📌 သတင်းပေးပို့သူ (#Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။

📌 မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။

🛡️ ၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း။

📌 မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။

သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။

📌 မိတ်‌ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။


🔐 ၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း။

📌 သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည်။

👤 သတင်းရင်းမြစ် ဖုံးကွယ်ခြင်း။

📌 ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။

💻 Digital Security။

📌 သတင်းပေးပို့ပြီးနောက် စာမျက်နှာ (#Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။

🛡️ ဘေးကင်းရေး လမ်းညွှန်မှု။

📌 သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။

⚠️ ၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်။

📌 မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် အောက်ပါတို့ကို ဂရုပြုပေးပါ

📱 Two-Step Verification။

⚠️ သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် အမြဲဖွင့်ထားရန်။

🗑️ Chat Cleanup။

⚠️ သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။

👁️ Environmental Awareness။

⚠️ သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန်။

"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"


ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အထူးပင်ကျေးဇူးတင်ရှိပါသည်။🙏🏻

#EIO_Admin_Team
#Eagle_Information_Operator
#Civilian_Intelligence
#DigitalSecurity
#Revolution_News
1🙏1
“မနက် မနက်ကို ငါ ဘာအတွက် နိုးထလာတာလဲ”

🔳 အခုကာလဟာ ကျွန်တော်တို့အားလုံးအတွက် မရေရာ မသေချာတဲ့အချိန် ဖြစ်ပါတယ်။ ပြည်တွင်းမှာပဲ ရှိနေနေ၊ နယ်စပ်ကိုပဲ အထောက်အထားမဲ့ (တည့်တည့်ပြောရရင် ခိုးဝင်အဖြစ်) ရောက်နေနေ၊ လွတ်မြောက်နယ်မြေ ဆိုတာမှာလည်း အခေါ်အဝေါ်အရသာ လွတ်မြောက်နေတာ၊ အချိန်မရွေး အသက်နဲ့ကိုယ် အိုးစားကွဲသွားနိုင်တဲ့ နေရာဖြစ်တယ်။

ဒီလိုအခြေအနေမှာ ရှေ့အနာဂတ်ကို ကြိုစဉ်းစားဖို့ဆိုတာ အတော်ခက်တယ်။ အဲဒီ Uncertainty က ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။

🔳 ဆိုပါစို့၊ နောက်တစ်နှစ်နေရင် အကုန်ပြီးသွားမယ်လို့ သေချာသိနေရင် အဲဒီတစ်နှစ်ကို ဘယ်လိုပဲဖြစ်ဖြစ် ကြိတ်မှိတ်ပြီး နေလို့ရတယ်။ အခုကျ တစ်နှစ်ကြာဦးမလားလည်း မသိ၊ ဘယ်တော့မှ ပြီးဆုံးမယ်လည်း မသိတဲ့ အခြေအနေကို ဖြတ်ကျော်နေကြရတဲ့အတွက် ပိုပင်ပန်းတယ်။

မီးဖြတ်ခံရတဲ့အခါ လာချင်တဲ့အချိန် လာ၊ ပျက်ချင်တဲ့အချိန် ပျက်တဲ့ရပ်ကွက်နဲ့၊ လာချိန် ပျက်ချိန် တိတိကျကျ သိတဲ့ရပ်ကွက်၊ ခံစားချက်ချင်း မတူကြဘူး။ တနေကုန် မီးလာတဲ့ အချိန်စုစုပေါင်းချင်း တူနေရင်တောင်မှပေါ့။ ရေရာသေချာမှု ရှိရင် လုပ်စရာတွေရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ ကြိုပြင်ဆင်ထားလို့ ရတယ်။ ဒီလောက်ဆို Uncertainty ရဲ့ နှိပ်စက်မှုကို သဘောပေါက်နိုင်မယ် ထင်ပါတယ်။

🔳 ဒါဆို ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုရှင်သန်ကြမလဲ။

အဓိကက “Sense of purpose လို့ ခေါ်တဲ့ ရှင်သန်ရခြင်း ရည်ရွယ်ချက်” ပျောက်မသွားဖို့ပါပဲ။

🔳 အနာဂတ်က မရေမရာနဲ့ မှောင်မိုက်နေတော့ ဘဝတစ်ခုလုံးစာ ရည်ရွယ်ချက်က ပျောက်ချင် ပျောက်နေနိုင်တယ်။ လတ်တလော အကောင်အထည် ဖော်မရတာမျိုး ဖြစ်ရင် ဖြစ်နေနိုင်တယ်။ ကိုယ်က ကျောင်းဆရာမ ဖြစ်ပေမဲ့ အခြေအနေအရ အခုချိန်မှာ အွန်လိုင်းကနေ ဈေးရောင်းနေရတာမျိုးပေါ့။

ဒါကြောင့် ဘဝတစ်ခုလုံးစာ၊ ဒါမှမဟုတ် နောက် ၄-၅ နှစ်စာ ဆိုတာတွေအစား ပိုပြီး တိုတောင်းတဲ့ ကာလတွေအတွက် Purpose ကို ရှာဖွေစေချင်တယ်။

🔳 ဒီ ၃ လအတွင်း ဘာဖြစ်လာရမယ်၊ ဒီတစ်လအတွင်း ငါ ဘာတွေလုပ်မယ်၊ ဒီနေ့ ငါဘာလုပ်မယ် ဆိုတဲ့ ရည်ရွယ်ချက်မျိုး ရှိဖို့ လိုပါတယ်။

မနက် မနက်ကို ငါဘာအတွက် နိုးထလာတာလဲ ဆိုတဲ့ အကြောင်းရင်းကို သိနေဖို့ပေါ့။

🔳 သိပ်ကြီးကြီးကျယ်ကျယ် ဖြစ်နေစရာ မလိုဘူး။ သို့သော် ရည်ရွယ်ချက်တော့ ပါရမယ်။ “ပန်းတိုင်တစ်ခုခုဆီ ဦးတည်လျှောက်လှမ်းနေတာမျိုး” ဖြစ်ရမယ်။

တစ်နေ့ နာရီဝက် စာဖတ်မယ်အစား ဘာစာကို ဖတ်မှာလဲပေါ့။ စိတ်ပျော်ဖို့အတွက် ဘာစာဖတ်ဖတ် ရတယ်နော်။ ဒါပေမဲ့ ဘာသာရပ်တစ်ခုခုကို ဦးတည်ပြီး လေ့လာနေတာမျိုးလည်း ပါသင့်တယ်။ ဒီနေ့ခေတ်က စာပေအပြင် ဗီဒီယိုတွေ၊ အသံဖိုင်တွေကတဆင့် လေ့လာလို့ရတာတွေ အများကြီး ဖြစ်နေပါပြီ။ တစ်ဖက်ကလည်း ကောင်းတယ်၊ လွယ်တယ်။ တစ်ဖက်မှာလည်း သေချာအာရုံစိုက်ပြီးသာ မလုပ်ရင် ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အချိန်ကုန်နေတတ်တယ်။

အားကစားလုပ်မယ်ဆိုလည်း သေချာကျကျနန လုပ်။ တစ်လ ဘယ်နှပေါင်ကျရမယ် ဆိုတာမျိုး မဟုတ်တောင် တစ်ပတ် ဘယ်နှကြိမ်လုပ်မယ်၊ ဘယ်လိုလေ့ကျင့်ခန်းတွေ လုပ်မယ်၊ ဘာတွေစားမယ် စသဖြင့် ပြင်ဆင်ပြီး စနစ်တကျ လုပ်။

🔳 မည်ကာမတ္တ သာမန်ကာလျှံကာ လုပ်နေတာတွေထက် သိသိသာသာ နေလို့ ပိုကောင်းတယ်။ မနက်ကို နိုးထလာရတာ အဓိပ္ပါယ်တစ်ခုခု ရှိနေသလို၊ ဦးတည်ရာတစ်ခုခု ရှိနေသလို ခံစားနေရလိမ့်မယ်။

ဒါကြောင့် ကျောင်းပဲ နားထား၊ လေ့လာမှုကို နားမထားနဲ့။ ယုံကြည်ချက်ကြောင့်သာ Career ကို ခဏရပ်ထားရတာ၊ ကိုယ့်လေ့လာသင်ယူမှုကိုတော့ ရပ်မထားနဲ့။

ရေရှည် ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းအတွက်လည်း အထောက်အကူ ဖြစ်သလို ချက်ချင်းလက်ငင်း ရမဲ့ အကျိုးကျေးဇူးကတော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာလာခြင်းပဲ ဖြစ်ပါတယ်။

🔳 အရင်ကလည်း မကြာခဏ ပြောဖူးတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပျောက်ဆုံးနေတဲ့သူတွေဟာ ပြဿနာ အရှာဆုံးပဲ။

ပင်စင်ယူလိုက်တဲ့ ဖခင်တစ်ယောက်။ သူ့ကိုယ်သူ အလုပ်မရှိတော့ဘူး၊ ငွေမရှာနိုင်တော့ဘူး၊ မိန်းမနဲ့ သားသမီးတွေက မလေးစားတော့ဘူးလို့ ထင်နေတယ်။ ဒီအခါ သူ့ကို နှုတ်မဆက်ဘဲ အိမ်ထဲ ဝင်သွားမိတာ၊ သူ့ကို မစောင့်ဘဲ ထမင်းစားမိလိုက်တာလေးကအစ ပြဿနာ ဖြစ်နေတတ်တယ်။ ဘာပြောပြောလည်း သူ့ကို မလေးစားလို့ ပြောနေတာ ဆိုပြီး ထင်နေတတ်တယ်။

အလုပ်မရှိ၊ ဝင်ငွေမရှိတော့တဲ့ ယောက်ျားတစ်ယောက်။ အရင်ထက် ပိုပြီး သဝန်တိုလာတယ်။ ဘာမဟုတ်တာလေးကအစ ပြဿနာ ရှာလာတယ်။ သူ့ရှေ့မှာ တခြားယောက်ျားတစ်ယောက်အကြောင်း ပြောလိုက်တာနဲ့ကို သူ့ရင်ထဲက သိမ်ငယ်စိတ်က ထကြွလာတယ်။

ကိုယ်တိုင်ရော မဖြစ်ဖူးဘူးလားဆို ဖြစ်တာပါပဲ။ အဲဒီလိုအချိန်တွေဆို ဆိုရှယ်မီဒီယာ များများသုံးမိတယ်။ သူများတွေနဲ့ နှိုင်းယှဉ်မိလာတယ်။ ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူး ထင်လာတယ်။ နီးစပ်ရာ လူတွေကို ပြဿနာရှာမိတယ်။

🔳 တကယ်က သူတို့ရဲ့ ဆက်ဆံပုံမှာ ပြဿနာ ရှိနေတာ မဟုတ်ဘူး။ ကိုယ့်မှာ ပြဿနာ ရှိနေတာ။ အဲဒါကို သတိထားမိဖို့ လိုတယ်။ အရင်ကလည်း သူတို့ ဒီစကားတွေပဲ ကိုယ့်ကို ပြောခဲ့တာပဲ။ တခြားလူတွေကိုလည်း ဒီလိုပဲ ပြောနေ၊ ဆက်ဆံနေကြတာပဲ။ ကိုယ်ကသာ စိတ်အခြေအနေက အရင်လို မဟုတ်တော့တဲ့အတွက် ဒါကို ခံယူတဲ့ပုံစံ (Perceive လုပ်တဲ့ပုံစံ) မတူတော့တာသာ ဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် လေးစားမှု ပျောက်မသွားဖို့အတွက်ဆို Sense of purpose အရေးကြီးတယ်။ မနက်နိုးလာတဲ့အခါ ငါ ဒီနေ့ ဘာလုပ်မှာလဲ၊ ဘာအတွက် နိုးထနေတာလဲ သိဖို့ လိုတယ်။

🔳 ကိုယ့်ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး စတာတွေအပြင် နည်းနည်းကလေး ထပ်ဖြည့်စေချင်တာကတော့ “အများအတွက် ကူညီခြင်း၊ ကောင်းတဲ့ကိစ္စတွေ လုပ်ဆောင်ခြင်း” ပါပဲ။

လူသိများထင်ရှားမှ၊ လွှမ်းမိုးနိုင်တဲ့သူဖြစ်မှ၊ ပိုက်ဆံချမ်းသာမှ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင် အဝန်းအဝိုင်းလေးကို အလှဆင်ပေးဖို့ဟာ ဘယ်သူမဆို တတ်နိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ ကိုယ့်ဘဝကိုလည်း ပိုပြီး အဓိပ္ပါယ်ရှိစေတယ်။

အခုကာလက အားလုံးရဲ့ ရင်ထဲမှာ ဆူးတွေနဲ့ ပြည့်နေကြတဲ့အချိန်မို့ မေတ္တာ၊ ကရုဏာ၊ ကိုယ်ချင်းစာ တရားတွေကို များများဖြန့်ဝေကြရမဲ့အချိန်လို့ ထင်ပါတယ်။

🔳 ဒီတော့ တစ်နေ့ တစ်နေ့ ကိုယ့်ကိုယ်ကိုယ် အအားမထားနဲ့။ အနာဂတ်ကိုလည်း သိပ်တွေးမပူနဲ့။ ပန်းတိုင်တစ်ခုခုဆီ ဦးတည်ပြီးသာ ချီတက်နေ။ ကိုယ့်ထက် ပိုခက်ခဲနေသူတွေကိုလည်း နိုင်သလောက် ကူညီပေး။

ဒါသည် မှောင်မိုက်တဲ့ ကာလကို ဖြတ်ကျော်နေကြရတဲ့အချိန်မှာ ကျင့်သုံးသင့်တဲ့ ဘဝနေနည်းတစ်ခု ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂.၄.၂၀၂၄
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကားများသည် ဇလုပ်အဝိုင်းပတ်မှ မြို့ရှောင်လမ်းအတိုင်း တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 2, 8:25AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
📱 နည်းပညာခေတ်နှင့် ယနေ့တော်လှန်ရေး (လက်ဖျားထိပ်က အောင်ပွဲများ)

​ယနေ့ခေတ် တော်လှန်ရေးဟာ သေနတ်သံ၊ ဗုံးသံတွေတင်မကဘဲ " #Digital_Battlefield" လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်စစ်မျက်နှာပြင်ထက်မှာပါ ပြင်းထန်စွာ ဖြစ်ပွားနေတာပါ။ နည်းပညာဟာ တော်လှန်ရေးရဲ့ အင်ဂျင်တစ်လုံးလို အရှိန်အဟုန်ကို မြှင့်တင်ပေးနေပါတယ်။ 🚀

၁။ သတင်းအချက်အလက်သည် လက်နက်ဖြစ်သည် ( #Information as a Weapon)။ 🛡️

​အရင်ခေတ်တွေနဲ့မတူတာက အဖြစ်အပျက်တစ်ခုကို စက္ကန့်ပိုင်းအတွင်း ကမ္ဘာသိအောင် ချပြနိုင်ခြင်းပါ။ စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ မြေပြင်က သတင်းမှန်တွေကို အချိန်နဲ့တစ်ပြေးညီ စီးဆင်းစေပြီး ဝါဒဖြန့်မှုတွေကို တန်ပြန်နိုင်ခဲ့ပါတယ်။ "Citizen Journalism" ဟာ ယနေ့တော်လှန်ရေးရဲ့ အားအကောင်းဆုံး ဒေါက်တိုင်တစ်ခု ဖြစ်လာပါတယ်။ 📢

၂။ လုံခြုံရေးနှင့် သတိပြုရန် ( #Security & Awareness)။ 🔒

​နည်းပညာက အကျိုးပြုသလိုပဲ #Digital_Security ကလည်း အလွန်အရေးကြီးပါတယ်။

🌐 #VPN အသုံးပြုမှုနှင့် လိုင်းစနစ်များအား နားလည်ခြင်း။

📍 မိမိတို့ရဲ့ တည်နေရာ (#Metadata) များ ဖုံးကွယ်ခြင်း။

🚫 သတင်းအမှား (#Fake News) များကို ခွဲခြားစိတ်ဖြာနိုင်စွမ်း ရှိခြင်း။

​ဒါတွေဟာ တော်လှန်ရေးသမားတိုင်း၊ ပြည်သူတိုင်း လေ့လာပြီး သင်ယူတတ်မြောက်ထားသင့်တဲ့ နည်းပညာစစ်ပညာရပ် တွေပဲ ဖြစ်ပါတယ်။

​၃။ နည်းပညာမြင့် ကိရိယာများ၏ အခန်းကဏ္ဍ။ 🛰️

​ယနေ့မြေပြင်မှာ #Drone နည်းပညာတွေ၊ အဆင့်မြင့် ဆက်သွယ်ရေး စနစ်တွေဟာ အလှည့်အပြောင်းတွေကို ဖန်တီးနေပါတယ်။ ရန်သူ့လှုပ်ရှားမှုကို ကြိုတင်သိရှိနိုင်ဖို့နဲ့ တိကျတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် နည်းပညာကို အမိအရ ဆုပ်ကိုင်ထားနိုင်သူက အသာစီးရမြဲ ဖြစ်ပါတယ်။

၄။ ပြည်သူ့အင်အားနှင့် နည်းပညာ။( #People_Power)

​အွန်လိုင်းပေါ်ကနေ ရန်ပုံငွေ ရှာဖွေခြင်း၊ လိုအပ်တဲ့ အကူအညီတွေကို ချိတ်ဆက်ပေးခြင်းနဲ့ စိတ်ဓာတ်ခွန်အား ပေးခြင်းတို့ဟာ နည်းပညာကြောင့် ပိုမိုထိရောက်လာပါတယ်။ ကျွန်တော်တို့အားလုံးဟာ ကိုယ့်လက်ထဲက ဖုန်းတစ်လုံးနဲ့တင် တော်လှန်ရေးကို တစ်ဖက်တစ်လမ်းက ပါဝင်ကူညီနေကြတာပါ။✊🏻

နည်းပညာကို ကျွမ်းကျင်စွာ အသုံးချခြင်းဟာ အောင်ပွဲကို အနီးဆုံး ရောက်အောင် ဆွဲခေါ်ခြင်းပါပဲ။ သတိရှိရှိ၊ အသိရှိရှိနဲ့ နည်းပညာကို တော်လှန်ရေးရဲ့ အထောက်အကူပြု လက်နက်တစ်ခုအဖြစ် ဆက်လက် အသုံးချသွားကြပါစို့။ 💪🔥

#TechnologyAndRevolution #DigitalFrontier #InformationAge #MyanmarRevolution #DigitalSecurity #Eagle_Information_Operator #EIO
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «📱 နည်းပညာခေတ်နှင့် ယနေ့တော်လှန်ရေး (လက်ဖျားထိပ်က အောင်ပွဲများ)။ ​ယနေ့ခေတ် တော်လှန်ရေးဟာ သေနတ်သံ၊ ဗုံးသံတွေတင်မကဘဲ " #Digital_Battlefield" လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်စစ်မျက်နှာပြင်ထက်မှာပါ ပြင်းထန်စွာ ဖြစ်ပွားနေတာပါ။ နည်းပညာဟာ တော်လှန်ရေးရဲ့ အင်ဂျင်တစ်လုံးလို…»
⚠️ လုံခြုံရေး အထူးသတိပြုရန် (DigitalSecurity)

လက်ရှိတွင် စစ်ကောင်စီဘက်မှ အကောင့်တုများ (Spies/Informants) အသုံးပြု၍ တယ်လီဂရမ် Group များ၊ သတင်းချန်နယ်များ၊တော်လှန်ရေး #Facebook_Page မန့်များ၊ မိတ်ဆွေတို့၏ #Facebook_account ရှိ ပို့စ်များ၏ မန့်များအတွင်း ရုပ်ဖျက်ဝင်ရောက်ကာ သတင်းနှိုက်ခြင်းနှင့် ထောက်လှမ်းခြင်းများ ပြုလုပ်နေပါသည်။

"မိမိနှင့်တကွ မြေပြင်ရှိ ရဲဘော်များ၊ ပြည်သူများ ဘေးကင်းစေရန် အထူးဂရုပြုလိုက်နာကြပါ"🙏🏻

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 သတင်းပေးပို့ရန်-

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#Revolution_News #DigitalSecurity #EmergencyAlert #StaySafe #Myanmar #SecurityUpdate
1🙏1
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော စခအအပါ သံပြားကာကား(၁)စီးသည် ကားလေးကွင်းဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Apr 2, 4:59PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအအပါ သံပြားကာကား(၁)စီးသည် ကားလေးကွင်းဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Apr 2, 4:59PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော စခအအပါ သံပြားကာကား(၁)စီးသည် မုံရွာမြို့ ၊စက်မှုဇုန် တောရကျောင်းသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Apr 2, 6:09PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
‼️အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန်‼️

ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။

📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။

🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား

စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။

🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။

#Eagle_Information_Operator #EIO #Media_Literacy #Media_Ethics #Stay_Safe
📌အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

🚨အသေးစိတ်ဖတ်ရှုရန်👇🏻
https://t.me/eagleinformationoperator/19834

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Myanmar #SecurityTips #StaySafe
⚜️"လေကြောင်းသတင်းဆိုင်ရာ တယ်လီဂရမ်ချန်နယ်များ စုစည်းမှု"⚜️

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် ကြိုတင်သတိပြုနိုင်စေရန် မိဘပြည်သူများနှင့် တလရရဲဘော်များအတွက် အသုံးဝင်ပြီး ယုံကြည်စိတ်ချရသော ပြည်သူ့အကျိုးပြု လေကြောင်းသတင်း တယ်လီဂရမ်ချန်နယ်ကြီးများကို #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ စုစည်းတင်ပြလိုက်ပါသည်။

🌐 ယုံကြည်စိတ်ချရသော လေကြောင်းသတင်း #TelegramChannelsLinks များ -

🔹 https://t.me/WaiHin
🔹 https://t.me/earorg
🔹 https://t.me/nasairscoutteam
🔹 https://t.me/witnessenemyairscout

(မှတ်ချက်။။     ။။ မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)သည် လေကြောင်းသတင်းနှင့်သက်ဆိုင်သော အထက်ပါချန်နယ်များအား ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါသည်။)

တလရရဲဘော်များနှင့် မိဘပြည်သူများအားလုံး ကျန်းမာပြီး ဘေးကင်းကြပါစေ🙏🏻

📲 သတင်းပေးပို့ရန် -
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate #AirScout #AviationNews