EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.96K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🛡️ အကြမ်းဖက် စစ်ကောင်စီ၏ Thermal (အပူဖမ်း) Drone များအကြောင်း သိကောင်းစရာ 🛡️ အကြမ်းဖက် စစ်ကောင်စီတပ်များက UAV (Unmanned Aerial Vehicle) ကင်းထောက်ဒရုန်းများတွင် Thermal ကင်မရာများ တပ်ဆင်အသုံးပြုရခြင်းမှာ အဓိကအားဖြင့် "မျက်စိဖြင့် မမြင်နိုင်သော အခြေအနေများတွင်…»
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Mar 31, 10:33AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မအူဆီတန်းနှင့်‌တံတားဖြူသို့ ရောက်ရှိနေသော စခကင်းများသည် မအူဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

Mar 31, 3:18PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
⚜️ #EIO_Update_News

မုံရွာမြို့၊ ဇလုပ်အဝိုင်းပတ်တွင် စခများ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

Mar 31, 4:13PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာမြို့၊ ဇလုပ်အဝိုင်းပတ်တွင် စခများ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 Mar 31, 4:13PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInforma…
⚜️ #EIO_Update_News

မုံရွာမြို့၊ ဇလုပ်အဝိုင်းပတ်တွင် ရောက်ရှိနေသော စခများသည် အီကိုကျောင်းအတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။။

Mar 31, 4:24PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
“လုံခြုံတယ်ဆိုတဲ့ ခံစားချက်”

🔳 Sense of security ဟာ လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးအတွက် သိပ်အရေးကြီးတယ်လို့ မြင်မိတယ်။

ခုဆို တကမ္ဘာလုံး ဆီပြဿနာ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ ထိုင်းမှာ ရောက်နေတဲ့သူနဲ့ ပြည်တွင်းမှာ ကျန်နေခဲ့တဲ့သူရဲ့ စိတ်ခံစားချက်ချင်း မတူဘူး။ နိုင်ငံသား မဟုတ်တာတောင်မှ ဒီနယ်နိမိတ်ထဲ ရှိနေသူ ဖြစ်တဲ့အတွက် အစိုးရက အဆင်ပြေအောင် စီစဉ်ပေးမှာပဲ ဆိုတဲ့ စိတ်ချလုံခြုံမှုက ရှိနေတာ။ မှောင်ခိုပြန်ရောင်းမယ့်လူလည်း မရှိဘူး။ ဝစ်သောက်ကားက ဆီတွေ ဝင်ဖြည့်သွားတာလည်း မကြားမိဘူး။ မတန်တဆ ဈေးတင်ရင်လည်း အစိုးရက အရေးယူလိမ့်မယ် ဆိုပြီးတော့ပေါ့။

ပြည်တွင်းက လူတွေခမျာတော့ တူညီသော အခက်အခဲကို ရင်ဆိုင်နေရရင်တောင် အဲဒီခံစားချက် ရှိမနေဘူး။ ဒါကြောင့်လည်း စိတ်ပိုင်းဆိုင်ရာ ပိုပင်ပန်းရလိမ့်မယ်လို့ တွေးမိတယ်။

🔳 ကိုယ့်အနာဂတ်နဲ့ ပတ်သက်လို့လည်း စဉ်းစားကြည့်။ အရင်ကဆို ရှေ့ကို ခန့်မှန်းထားလို့ ရတယ်။ တွက်ချက်ထားလို့ ရတယ်။ အခုတော့ အများစုဟာ ဒီနေ့ အသက်ရှင်နေရင် ပြီးရော ဆိုတာမျိုးနဲ့ပဲ တစ်နေ့တာချင်းစီကို ဖြတ်သန်းနေရတယ်။ အနာဂတ်က ဘာမှ မှန်းဆထားလို့ကို မရဘူး။ ကြိုးစားလိုစိတ်တွေလည်း နည်းလာတယ်။ မျှော်လင့်ချက်ရယ်လို့လည်း ရှိမနေတော့ဘူး။

ကိုယ့်ဟာကိုယ်လည်း ပြန်တွေးမိတယ်။ ငါ အရင်လို ဘာလို့ မတက်ကြွတော့တာလဲ၊ အရင်လောက် လုပ်ချင်ကိုင်ချင်စိတ်တွေ မရှိတော့တာလဲဆို “Hopelessness” ကို သွားတွေ့ရတယ်။ မရေရာမှုတွေကနေ ဖြစ်လာတဲ့ ခံစားချက်ပေါ့။ ဒါကြောင့်လည်း Sense of security က သိပ်အရေးကြီးတယ်လို့‌ ပြောတာ။

🔳 ပြည်တွင်းက လူတွေ၊ အထူးသဖြင့် မတည်ငြိမ်နေတဲ့ အရပ်ဒေသက ပြည်သူတွေဆိုရင်တော့ အနာဂတ် မပြောနဲ့။ ကိုယ့်အသက်တောင် မရေရာဘူး။ ဘယ်နေ့ ဘယ်တော့ မတရား ဖမ်းဆီးခံရမလဲ ပူပန်နေရတယ်။ ညအိပ်ရင်တောင် ဖြောင့်ဖြောင့်မအိပ်ရဲဘူး။ အိပ်နေတုန်း ဘဝကူးသွားရမှာစိုးလို့။

စီးပွားရေးတွေက ကြပ်တည်းလာ၊ ဥပဒေစိုးမိုးမှုကလည်း မရှိလေတော့ အမှုအခင်းတွေ ပေါလာတယ်။ နေ့ခင်းကြောင်တောင်တောင် အလုအယက် ခံရတဲ့ သတင်းတွေ ခပ်စိပ်စိတ် ကြားလာရတယ်။

ပြောရရင် ပညာရေး၊ အလုပ်အကိုင်၊ ငွေကြေး၊ ဘဝအနာဂတ်၊ နေထိုင်ရတဲ့ ပတ်ဝန်းကျင်၊ နောက်ဆုံး အသက်ကအစ လုံခြုံမနေတဲ့ အနေအထားမျိုးမှာ ရှိနေကြရတာ။ ဒီပင်ပန်းမှုတွေဟာ ဘယ်လောက်တောင် လေးလံမလဲ တွေးကြည့်လို့တောင် မရဘူး။

🔳 တစ်ခါ လူမှုအကူအညီ (Social Support) နဲ့ ပတ်သက်ရင်လည်း အဲဒီလိုပဲ။ အရင်ကဆို ကိုယ် အဆင်မပြေရင် ကူညီမယ့်သူတွေ ရှိသေးတယ်။ ခုကကျ သူလည်း ဒုက္ခရောက်၊ ကိုယ်လည်း ဒုက္ခရောက်နေတာမို့ ဘယ်သူ့ ဘယ်သူကမှ မကူညီနိုင်ကြဘူး။ ငါ အဆင်မပြေရင် တစ်ယောက်ယောက်တော့ ရှိမှာပဲ ဆိုတဲ့ စိတ်လုံခြုံမှုပါ ပျောက်လာကြတာ။

ငွေကြေးအကူအညီကို ခဏထားလိုက်ဦး။ တစ်ယောက်ယောက်ဆီ ရင်ဖွင့်ဖို့တောင် မလွယ်တော့ဘူး။ အပူကိုယ်စီနဲ့မို့ သွားမပြောရက်တော့တာပေါ့။ ဆိုရှယ်မီဒီယာပေါ် တက်လိုက်ပြန်တော့လည်း အပူကိုယ်စီနဲ့ လူတွေ သုံးနေကြတာမို့ တစ်ယောက်ကိုတစ်ယောက် ဖေးမတာတွေ၊ စာနာတာတွေ အရမ်းနည်းလာတယ်။ အပြစ်တင်တာ၊ ထေ့ငေါ့တာတွေပဲ မြင်နေကြရတယ်။ အဲဒီအခါ လုံခြုံတယ် ဆိုတဲ့ ခံစားချက်က ထပ်ပျောက်လာပြန်ရော။

🔳 ဒီလိုအခြေအနေမှာ စိတ်ကို အဆင်ပြေအောင် ထားနိုင်ဖို့ရာ တော်တော်လေး ခက်လာတယ်။ ကိုယ့်နိုင်ငံ အခြေအနေနဲ့တင် မဟုတ်ဘဲ ကမ္ဘာ့နိုင်ငံရေး အခြေအနေပါ ပါလာတာကိုး။ တစ်ရက် တစ်မနက်နဲ့ ပြေလည်သွားနိုင်တဲ့ အရာမျိုး မဟုတ်ဘူး။ ကြံဖန်ပြီး Sense of security ကို ရှာဖွေကြရမှာပါပဲ။

ကျွန်တော့်အတွက် အလုပ်ဖြစ်တဲ့ နည်းတွေကတော့ -

📌 ၁။ ကိုယ်ခံအား ကောင်းအောင်လုပ်ပါ။

ဘာကိုဆိုလိုတာလဲ ဆိုတော့ ရောဂါပိုးတစ်ခု ပျံ့ရင် ကိုယ်ခံအားကောင်းတဲ့သူက ဆိုးဆိုးရွားရွား သိပ်မဖြစ်ဘူး။ ခုလို စီးပွားရေးတွေ ထိခိုက်ရင် နဂိုက စုထားဆောင်းထား ရှိသူက ခံနိုင်ရည် ပိုရှိတယ်။

သဘောက ပညာရပ်တွေ သင်ယူမယ်၊ ကိုယ့် Skill တွေကို မြှင့်ထားမယ်၊ ငွေစုမယ်၊ မလိုဘဲ သုံးနေတာတွေ လျှော့မယ်ဆို၊ ကျန်းမာတဲ့ လူတစ်ယောက်က တော်ရုံရောဂါကို ရင်ဆိုင်နိုင်သလို၊ ကိုယ်ခံပညာ တတ်ကျွမ်းသူက တော်ရုံရန်သူကို မမှုတော့သလို၊ ကိုယ့်စိတ်မှာ လုံခြုံတယ်ဆိုတဲ့ ခံစားချက်ကလေး နည်းနည်းဖြစ်ဖြစ် ရလာလိမ့်မယ်။

📌 ၂။ ကိုယ်ထိန်းချုပ်လို့ရတာတွေကို အာရုံစိုက်။

ကျွန်တော်တို့ မတတ်နိုင်တဲ့အရာတွေ လောကမှာ တပုံကြီး။ စိုးရိမ်ပူပန်နေလို့သာ ပြေလည်စတမ်း ဆိုရင်တော့ ဒါတွေအကုန် ပြေလည်သွားတာ ကြာပြီပေါ့။

ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ စိတ်ဖိစီးခြင်း စတဲ့ Negative emotions တွေဟာ ဒီပြဿနာတွေ အရေးကြီးတယ် ဆိုတဲ့အကြောင်း ကိုယ့်ကို သတိပေးနေရုံအပြင် မပိုဘူး။ ဖြေရှင်းရမှာက ကိုယ်တိုင်ပဲ။

ဒါကြောင့် မတတ်နိုင်တာတွေကို အရမ်းတွေးမပူနဲ့။ သတင်းတွေလည်း လိုတာထက်ပိုပြီး မစားသုံးနဲ့။ ကိုယ့်ထိန်းချုပ်မှုအောက်မှာ ရှိနေတာတွေကို အဓိက အာရုံစိုက်။ ဒါဆို စိုးရိမ်ပူပန်တာတွေလည်း သက်သာသွားလိမ့်မယ်။

📌 ၃။ ပစ္စုပ္ပန်မှာ နေနိုင်အောင် ကြိုးစား
ကာလ ၃ ပါး ရှိတဲ့အထဲ အငြိမ်းချမ်းစေဆုံးက ပစ္စပ္ပုန်။ ထားရအခက်ဆုံးကလည်း ပစ္စုပ္ပန်ပဲ။ တွေးပူတယ် ဆိုတာ ဘာလဲ။ မရောက်သေးတဲ့ အနာဂတ်ကို စိတ်က သွားရောက်နေတာ။ အဲဒီကနေ ဖြစ်လာတဲ့ ခံစားချက်။

ဒါကြောင့် ပစ္စုပ္ပန်ကို ပြန်ပြန်ဆွဲခေါ်။ အချိန်ပြည့်တော့ တရားထိုင်မနေနိုင်ဘူး။ ဒါဖြင့် ဘာလုပ်လို့ရသလဲ။ ကိုယ့်အတွေးတွေကို တစ်ခုခုမှာ နစ်ဝင်နေပါစေ။ ကိုယ့်ဖုန်းနဲ့ သူ့ဖုန်း Engaged ဖြစ်နေရင် နောက်ဖုန်းက ခေါ်လို့မရဘူး။ ခုလည်း ဒီလိုပဲ။ ပန်းချီဆွဲတာ၊ စာရေးတာ၊ အနုပညာတစ်ခုခု ဖန်တီးတာ၊ သစ်ပင်စိုက်တာ စသဖြင့် တစ်ခုခုမှာ နစ်ဝင်နေတယ်ဆို တောင်တွေး မြောက်တွေး မတွေးမိတော့ဘူး။

တစ်ဖက်မှာလည်း Productive ဖြစ်သလို၊ အရှေ့ကို ရွေ့နေသလို၊ တိုးတက်နေသလို ခံစားလာရတယ်။ အဲဒီကနေတဆင့်လည်း လုံခြုံတယ်ဆိုတဲ့ ခံစားမှုကို ပေးနိုင်ပါတယ်။

📌 ၄။ တပါးသူတွေ စိတ်ချလုံခြုံမှုကို ပေးပါ။

If you are not feeling safe, make other people feel safe.

ကိုယ့်ပတ်ဝန်းကျင်က လူတွေကို ကိုယ့်အားဖြင့် လုံခြုံနေတယ်လို့ ခံစားရစေဖို့ပေါ့။

ကိုယ်နဲ့ တွဲဖက်အလုပ်လုပ်သူတွေကို ကိုယ်ဟာ ဘယ်တော့မှ နောက်ကျောကို ဓါးနဲ့ထိုးမယ့်သူ မဟုတ်ကြောင်း ခံစားနေရပါစေ။ ကိုယ်သိထားတဲ့ အတွင်းရေးတွေဟာ တစ်ဦးတစ်ယောက်ရဲ့ နားထဲ၊ ဒါမှမဟုတ် ဖေ့စ်ဘွတ်စာမျက်နှာပေါ် ဘယ်တော့မှ ပြန်ရောက်လာမှာ မဟုတ်ကြောင်း သေချာနေပါစေ။ အကူအညီလိုအပ်နေသူတွေကို ကိုယ်ဟာ အဆင်ပြေနေလို့ကတော့ မရရအောင် ကူညီပေးမယ့်သူဖြစ်ကြောင်း သိနေပါစေ။

အဲဒါကလည်း ကိုယ့်အဝန်းအဝိုင်းထဲက ဆက်နွယ်မှုတွေကို ပိုနက်ရှိုင်းလာစေတယ်။ ကိုယ်တိုင်ပါ လုံခြုံတယ်လို့ ခံစားလာရလိမ့်မယ်။

ဘယ်သူ့မှ မယုံရဲတော့ဘူး ဆိုတဲ့ ခံစားချက်ဟာ ဘယ်လောက်ဆိုးမှန်း ကြုံဖူးသူတွေ သိပါတယ်။ မယုံရဲဘူး။ အဲဒီလို မယုံရဲတာကိုလည်း မကြိုက်နေဘူး။ လုံခြုံတယ်လို့ မခံစားနေရဘူး။ ဒါပေမဲ့ ယုံပါ ဆိုတော့လည်း မရပြန်ဘူး။

ဒါကြောင့် ငွေတွေအများကြီး ကူညီနိုင်မှ မဟုတ်ပါဘူး။ တစ်ဦးတစ်ယောက်အတွက် ယုံကြည်ရတဲ့ ရပ်ဝန်းကလေး ဖြစ်ပေးခြင်းကလည်း သူ့စိတ်ကို အများကြီး အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၃၁.၃.၂၀၂၆
Media is too big
VIEW IN TELEGRAM
"နေရာလုတဲ့ ကိစ္စတွေ မလုပ်နဲ့တော့။ နေရာလုတဲ့ ကိစ္စဆိုတာ အင်မတန်မှ ဆိုးတယ်။ အဲ့တော့ တစ်ယောက်နဲ့တစ်ယောက် နေရာပေးချင်တဲ့ စိတ်နဲ့ လုပ်သွားမယ်ဆိုရင် အေးအေးချမ်းချမ်း ဖြစ်သွားမှာပါ။

အဲ့ဒီ နေရာလုတဲ့ ပြဿနာပဲ... ဒီမိုကရေစီစနစ်ဆိုတာဟာ နေရာမလုရအောင်လို့ ထွင်ထားတဲ့ စနစ်ဖြစ်တယ်။ ပြည်သူက ပေးတဲ့နေရာပဲ ယူရတယ်။

ကိုယ်က အာဏာရှိတိုင်း၊ လက်နက်ရှိတိုင်း၊ ပိုက်ဆံရှိတိုင်း နေရာလုလို့ မရတဲ့စနစ် ဖြစ်ပါတယ်လို့ ကျွန်မ ပြောချင်ပါတယ်။"

"ဒေါ်အောင်ဆန်းဆုကြည်"
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)
1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏1
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏1
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
🙏1
⚜️သတင်းပေးပို့သူများသို့ အသိပေးချက်⚠️

သတင်းပေးပို့သူ (Informant) တစ်ဦးချင်းစီ၏ သတ္တိနှင့် ပေးဆပ်မှုကို #EIO Admin Team မှ အစဉ်တစိုက် တန်ဖိုးထားလျက်ရှိပါသည်။ မိမိတို့ဒေသအတွင်းရှိ စစ်ကောင်စီတပ်များ၏ လှုပ်ရှားမှု၊ တပ်တည်နေရာနှင့် ယာဉ်တန်းသတင်းများကို အချိန်နှင့်တပြေးညီ ပေးပို့ခြင်းသည် တော်လှန်ရေးအတွက် အရေးပါသော "မျက်စိနှင့် နား" ဖြစ်သည့်အပြင် ပြည်သူ့အသက်ပေါင်းများစွာကို ကယ်တင်ရာလည်း ရောက်ပါသည်။

၁။ သတင်းပေးပို့သူများကို တန်ဖိုးထားခြင်း

မိမိတို့ #EIO_Admin_Team အနေဖြင့် သတင်းပေးပို့သူများ၏ ဘေးကင်းလုံခြုံရေးကို ပထမဦးစားပေး (Top Priority) အဖြစ် သတ်မှတ်ထားပါသည်။ သတင်းတစ်ခုရရှိရန် မည်မျှအန္တရာယ်များကြောင်း နားလည်ပြီးသားဖြစ်သည့်အတွက် ပေးပို့လာသော သတင်းအချက်အလက်တိုင်းကို အလေးအနက်ထား စိစစ်အသုံးချလျက်ရှိပါသည်။မိတ်‌ဆွေတို့၏ ကြိုးပမ်းမှုသည် တော်လှန်ရေးအောင်ပွဲအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ကြောင်း မှတ်တမ်းတင်အပ်ပါသည်။

၂။ လုံခြုံရေးနှင့် လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း

သတင်းပေးပို့သူများ စိတ်ချလက်ချရှိစေရန် အောက်ပါအချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ပေးနေပါသည် -

သတင်းရင်းမြစ် ဖုံးကွယ်ခြင်း - ပေးပို့သူ၏ အမည်၊ အကောင့်နှင့် တည်နေရာတို့ကို မည်သည့်အခြေအနေတွင်မှ ထုတ်ဖော်ခြင်းမပြုဘဲ လျှို့ဝှက်ချက်အဆင့် (၁) အနေဖြင့် ထိန်းသိမ်းပါသည်။

Digital Security - သတင်းပေးပို့ပြီးနောက် စာမျက်နှာ (Chat log) များအား စနစ်တကျ ဖျက်သိမ်းခြင်းနှင့် အကာအကွယ်ပေးခြင်းများကို နည်းပညာအရ ဆောင်ရွက်ထားပါသည်။

ဘေးကင်းရေး လမ်းညွှန်မှု - သတင်းပေးပို့ရာတွင် သတိထားရမည့်အချက်များနှင့် ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင်ရာ အသိပညာပေးမှုများကိုလည်း ပံ့ပိုးပေးလျက်ရှိပါသည်။

၃။ သတင်းပေးပို့သူများသို့ မေတ္တာရပ်ခံချက်

⚠️ မိမိကိုယ်တိုင် လုံခြုံမှုရှိမှသာ တော်လှန်ရေးအတွက် ဆက်လက်ကူညီနိုင်မည်ဖြစ်သောကြောင့် -

သတင်းပေးပို့သည့် ဖုန်း/စက်ပစ္စည်းများတွင် Two-Step Verification ခံထားရန်။
သတင်းပေးပို့ပြီးတိုင်း Chat အား Delete လုပ်ရန် (သို့မဟုတ်) Vanish Mode အသုံးပြုရန်။သတင်းရယူရာတွင် မိမိ၏ ပတ်ဝန်းကျင်အခြေအနေကို အမြဲမျက်ခြေမပြတ် စောင့်ကြည့်ရန် 🙏🏻

"လူထုရဲ့ မျက်စိ၊ လူထုရဲ့ နား... အောင်ပွဲဆီသို့ အရောက်လှမ်းဖို့ သင်တို့ရဲ့ သတင်းစကားက အရေးကြီးဆုံးပါ"

ပြည်သူနှင့်အတူ ရပ်တည်ပေးနေသော သတင်းပေးပို့သူတစ်ဦးချင်းစီကို အထူးကျေးဇူးတင်ရှိပါသည်။

#EIO_Admin_Team
#Civilian_Intelligence
#DigitalSecurity
#Revolution_News
1🙏1
📢 "ဆေးရုံမသွားဝံ့၊ ကျောင်းမတက်ရဲ၊ ဘုရားမဖူးနိုင် - ကောင်းကင်ယံမှ အကြမ်းဖက်မှုအပေါင်း သရဖူဆောင်းသည့်နေ့ရက်များ"

"စာသင်ခန်းတွေဟာ သုသာန်ဖြစ်ခဲ့ရပြီ... 🏫🥀
ဘုရားကျောင်းကန်တွေဟာ သွေးစွန်းခဲ့ရပြီ... 🛕🩸
ဆေးရုံဆေးခန်းတွေဟာ အလောင်းပြင်ရုံ ဖြစ်ခဲ့ရပြီ..." 🏥⚰️

ယနေ့ မြန်မာပြည်အနှံ့အပြားမှာ အကြမ်းဖက်စစ်ကောင်စီဟာ လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့စွာနဲ့ ရက်စက်ယုတ်မာမှုအပေါင်း သရဖူဆောင်းလို့ အပြစ်မဲ့ပြည်သူတွေအပေါ် လေကြောင်းကနေ အကြောင်းမဲ့ ဗုံးမိုးရွာသွန်းနေပါတယ်။

🛩️💣 အကြမ်းဖက် စစ်ကောင်စီရဲ့ ယုတ်မာရက်စက်မှုဟာ အကန့်အသတ်မရှိတော့ဘဲ ကလေးငယ်တွေရဲ့ ပညာရေး၊ လူကြီးသူမတွေရဲ့ ဘာသာရေးနဲ့ နာမကျန်းသူတွေရဲ့ အသက်ရှင်သန်ခွင့်တွေကိုပါ ရက်ရက်စက်စက် နင်းချေဖျက်ဆီးနေတာ ဖြစ်ပါတယ်။

၁။ စာသင်ခန်းကို စွန့်ခွာပြီး ဗုံးကျင်းထဲ ခိုလှုံနေရသည့် ရင်သွေးငယ်များ။ 🧒🎒

နောင်တခေတ်ရဲ့ ကြယ်ပွင့်လေးတွေဖြစ်တဲ့ ကလေးငယ်တွေဟာ စာအုပ်ကိုင်ရမယ့်အစား ဗုံးခိုကျင်းထဲမှာ တုန်ရီနေကြရပါတယ်။ 📉 စာသင်ကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် ကလေးငယ်တွေဟာ ကျောင်းမသွားရဲတော့ဘဲ ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရပါတယ်။ သူတို့ရဲ့ ကလေးဘဝဟာ ကောင်းကင်က ကြားရတဲ့ လေယာဉ်သံတွေကြောင့် ခြောက်ခြားနေရပြီး ကစားကွင်းတွေထက် ဗုံးကျင်းတွေထဲမှာပဲ အချိန်ကုန်ဆုံးနေရတာဟာ ရင်နာစရာကောင်းလှပါတယ်။ 💔

၂။ ဘုရားကျောင်းကန်တောင် မချန်သည့် သာသနာဖျက် လုပ်ရပ်များ။ 🛕🔥

ဘာသာတရားကို အလေးထားတဲ့ မိဘပြည်သူတွေဟာ ဥပုဒ်သီလယူဖို့ နေနေသာသာ၊ ဘုရားကျောင်းကန်နဲ့ ဘုန်းကြီးကျောင်းတွေထဲကိုတောင် မသွားဝံ့တော့တဲ့ အခြေအနေကို ရောက်နေပါပြီ။ သာသနာ့နယ်မြေတွေကိုပါ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲဖျက်ဆီးနေတာဟာ လူသားမျိုးနွယ်ကိုသာမက ဘာသာသာသနာကိုပါ အမြစ်ဖြတ်ချေမှုန်းနေတဲ့ သာသနာဖျက်လုပ်ရပ်ပဲ ဖြစ်ပါတယ်။ အသက်ကြီးရင့်သူတွေဟာ သူတို့ရဲ့ နောက်ဆုံးအချိန်မှာ အေးချမ်းစွာ တရားဘာဝနာပွားများခွင့်တောင် မရရှိတော့ပါဘူး။ 🙏🕯️

၃။ ဆေးကုသခွင့်မဲ့ပြီး သေဆုံးနေရသည့် ပြည်သူများ၏ အသက်ဇီဝိန်။ 🏥🚑

ကိုယ်ထူကိုယ်ထ စနစ်နဲ့ ခက်ခဲစွာ ရုန်းကန်နေရတဲ့ ကျေးလက်ဆေးပေးခန်းတွေနဲ့ ဆေးရုံတွေကိုပါ လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။ ဆေးရုံသွားဖို့ ကြောက်လန့်နေရတဲ့ ပြည်သူတွေဟာ ဆေးကုသခွင့်မရဘဲ အသက်ဆုံးရှုံးနေကြရပါတယ်။ လူနာတင်ယာဉ်တွေ၊ ဆေးရုံတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှု (War Crime) ကို အထင်အရှား ကျူးလွန်နေတာဖြစ်ပြီး ဒါဟာ တကယ့်ကို တိရစ္ဆာန်ထက်ဆိုးတဲ့ ယုတ်မာမှု ဖြစ်ပါတယ်။ 🚫🩸

📣 ပြည်သူ့အသံကို နားထောင်ပါ၊ ပြည်သူ့ဒုက္ခကို မြင်အောင်ကြည့်ပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ ဒီလိုမိုက်မဲရက်စက်တဲ့ လုပ်ရပ်တွေကြောင့် ကျဆုံးသွားရတဲ့ အပြစ်မဲ့ပြည်သူတွေ၊ ကလေးငယ်တွေနဲ့ သံဃာတော်တွေအတွက် တရားမျှတမှုဟာ တနေ့ ပြန်လည်ရောက်ရှိလာရပါမယ်။ ⚖️

မိဘပြည်သူများအနေနဲ့ လေကြောင်းအန္တရာယ်ကို အထူးဂရုပြုကြဖို့နဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ လက်တွဲပြီး ဒီအမှောင်ထုကို အမြန်ဆုံး ကျော်လွှားကြပါစို့။ 🤝🌑➡️🌅

#MilitaryTerrorists #AirStrike #SaveMyanmar #WhatsHappeningInMyanmar #WarCrimes #SpringRevolution #Eagle_Information_Operator #EIO
🙏1
📌အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

🚨အသေးစိတ်ဖတ်ရှုရန်👇🏻
https://t.me/eagleinformationoperator/19834

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Myanmar #SecurityTips #StaySafe
🙏1