EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
24 files
5.9K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «"မိုးပြာရောင်အောက်က ငိုရှိုက်သံနဲ့ ဆူညံပွဲတော်များ" (သို့မဟုတ်) "အညာက ကိုယ်ချင်းစာတရား ရှာပုံတော်"⁉️ အညာမြေဟာ တစ်ချိန်က ရိုးသားခြင်း၊ စာနာခြင်းနဲ့ စည်းလုံးခြင်းတို့ရဲ့ ပြယုဂ်ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းရန်က ကောင်းကင်ယံထက်မှာ အမြဲတမ်း…»
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် ကြာပိုင်ရွာ တောင်ဘက်ရှိ ချုံများအားမီးရှို့နေကြောင်း သတင်းရရှိထားပါသည်။

Mar 29, 1:07PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨စစ်ကောင်စီတပ်များ အဓိကအသုံးပြုနေသည့် UAV Scout Drone Thermal အမျိုးအစားများ⚠️ စစ်ကောင်စီတပ်များမှ အဓိကအသုံးပြုနေသည့် UAV Scout Drone Thermal အမျိုးအစားများသည် ကင်းထောက်ရန်နှင့် ပစ်မှတ်ရှာဖွေရန်အတွက် အထူးထုတ်လုပ်ထားသော ဒရုန်းများဖြစ်သည်။ ၎င်းတို့သည် သာမန…
🛡️ Thermal Drone များ၏ အန္တရာယ်မှ မိမိကိုယ်ကို မည်သို့ ကာကွယ်မလဲ🛡️

⚠️စစ်ကောင်စီတပ်များ အဓိကအသုံးပြုနေသည့် Thermal (အပူဖမ်း) ကင်မရာပါသော UAV Scout Drone များသည် ညဘက်နှင့် မြင်ကွင်းမကြည်လင်သည့် အချိန်များတွင် လူ၊ သတ္တဝါနှင့် စက်ပစ္စည်းများမှ ထွက်ရှိသော "အပူ" (Heat Signature) ကို အခြေခံ၍ ထောက်လှမ်းခြင်း ဖြစ်သည်။

ဤဒရုန်းများ၏ နည်းပညာနှင့် မိမိကိုယ်ကို ကာကွယ်ရန် ဆောင်ရန်/ရှောင်ရန် အချက်များကို အသေးစိတ် ဖော်ပြပေးလိုက်ပါသည်။


🧐 ၁။ Thermal Drone များ၏ အလုပ်လုပ်ပုံ အကျဉ်းချုပ်။

Thermal ကင်မရာသည် သာမန်မျက်စိဖြင့် မြင်ရသော "အလင်း" ကို မကြည့်ဘဲ အရာဝတ္ထုများမှ ထုတ်လွှတ်သော Infrared Radiation (အပူလှိုင်း) ကို ဖမ်းယူသည်။

Contrast (ခြားနားချက်)။

ပတ်ဝန်းကျင် အပူချိန်ထက် ပိုပူသော လူခန္ဓာကိုယ် (37°C ခန့်) သို့မဟုတ် လက်နက်/စက်အင်ဂျင်များကို အဖြူရောင် (သို့မဟုတ်) အဝါတောက်တောက် အစက်အပြောက်များအဖြစ် မျက်နှာပြင်ပေါ်တွင် ထင်ရှားစွာ မြင်ရသည်။

🌑 ညဘက်ထောက်လှမ်းခြင်း။

အလင်းရောင် လုံးဝမရှိသော ညဉ့်နက်ပိုင်းများတွင် ပိုမို ကြည်လင်ပြတ်သားစွာ မြင်ရသည်။

၂။ ဆောင်ရန်အချက်များ (ကာကွယ်ရေး နည်းလမ်းများ)။

Thermal ဒရုန်း၏ အပူဖမ်းစနစ်ကို လှည့်စားရန်အတွက် အပူချိန် ဖုံးအုပ်ခြင်း (Thermal Masking) ကို ပြုလုပ်ရပါမည်။

🛌 အပူကာ စောင်/အကာအကွယ်များ အသုံးပြုပါ။

Space Blanket (သို့မဟုတ်) အရေးပေါ် အပူကာ စောင်များကို အသုံးပြုပါ။ ၎င်းသည် ခန္ဓာကိုယ်မှ ထွက်သော အပူကို အပြင်မထွက်အောင် ပိတ်ဆို့ပေးနိုင်သည်။ (သတိပြုရန် - စောင်ကိုယ်တိုင် ပူမလာစေရန် အပေါ်မှ သစ်ကိုင်း သို့မဟုတ် ရွှံ့များဖြင့် ထပ်အုပ်ပါ)

🌳 သဘာဝ အတားအဆီးများအောက်တွင် ခိုလှုံပါ။

သစ်ပင်ကြီးများ၊ ထူထပ်သော သစ်ကိုင်းများအောက်တွင် နေခြင်းသည် အပူလှိုင်းကို အထိုက်အလျောက် ကွယ်ပေးနိုင်သည်။ သို့သော် သစ်ရွက်ကျဲလျှင် အပူစက်ကို မြင်နိုင်သေးသည်။

🪨 အပူချိန်တူညီသော နေရာများတွင် နေပါ။

ကျောက်ဆောင်များ၊ အုတ်တံတိုင်းဟောင်းများ သို့မဟုတ် နေပူရှိန်ကြောင့် ပူနေသော မြေပြင်များအနီးတွင် ကပ်နေခြင်းဖြင့် မိမိခန္ဓာကိုယ်အပူနှင့် ပတ်ဝန်းကျင်အပူ ရောထွေးသွားအောင် လုပ်ဆောင်ပါ။

🌫️ ရေစိုနေသော အဝတ်အစား/ရွှံ့များ။

ခန္ဓာကိုယ် သို့မဟုတ် အကာအကွယ် ပစ္စည်းပေါ်တွင် ရွှံ့အေးများ သုတ်လိမ်းခြင်းသည် ခဏတာ အပူချိန်ကို လျှော့ချပေးနိုင်သည်။

၃။ ရှောင်ရန်အချက်များ (သတိပြုရမည့် အချက်များ)

📵 အလင်းရောင်နှင့် မီး။

ညဘက်တွင် မီးဖိုခြင်း၊ စီးကရက်သောက်ခြင်း၊ လက်နှိပ်ဓာတ်မီး သုံးခြင်းနှင့် ဖုန်းမျက်နှာပြင် အလင်းများကို လုံးဝရှောင်ကြဉ်ပါ။ ၎င်းတို့သည် Thermal ကင်မရာတွင် အလွန်တောက်ပသော အမှတ်အသားများအဖြစ် ပေါ်နေပါလိမ့်မည်။

🏍️ အင်ဂျင်နှင့် စက်ပစ္စည်းများ။

ဆိုင်ကယ်၊ ကား အင်ဂျင်များ သတ်ထားသော်လည်း အင်ဂျင်အပူရှိန်သည် နာရီဝက်ခန့်အထိ ထင်ရှားနေတတ်သဖြင့် ဒရုန်းသံကြားလျှင် အင်ဂျင်ပူနေသော ယာဉ်များနှင့် ဝေးဝေးနေပါ။

👥 လူစုလူဝေး ရှောင်ပါ။

လူအများအပြား တစ်နေရာတည်းတွင် စုနေခြင်းသည် အပူစိုင်ကြီး တစ်ခုအဖြစ် မြင်ရစေသဖြင့် ဒရုန်းရှိနိုင်သော နေရာများတွင် ခပ်ခွာခွာ နေထိုင်ပါ။

🏃‍♂️ လွင်ပြင်တွင် လှုပ်ရှားခြင်း။

ကွင်းပြင်အလယ်တွင် လှုပ်ရှားနေပါက အပူစက်သည် ရွေ့လျားနေသဖြင့် ပို၍ သိသာစေသည်။ မလှုပ်မယှက် ငြိမ်နေခြင်းက ပတ်ဝန်းကျင်နှင့် ရောနှောရန် ပိုလွယ်ကူသည်။

🔥 ၄။ အရေးပေါ် အကြံပြုချက်။

Thermal ဒရုန်းများသည် ဖန် (Glass) ကို ဖောက်၍ မမြင်နိုင်ပါ။ ထို့ကြောင့် မှန်ပြတင်းပေါက်များ နောက်ကွယ်တွင် ရှိနေခြင်း သို့မဟုတ် အထူစား ပလတ်စတစ်စများ နောက်ကွယ်တွင် ရှိနေခြင်းသည် အပူလှိုင်းကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်ပါသည်။


📢 မှတ်ချက်။ ။ဒရုန်းသံ ကြားရသည်နှင့် အပူချိန် မြင့်မားသော မည်သည့်အရာကိုမဆို (မီးဖို၊ ဖုန်း၊ ယာဉ်) ချက်ချင်း ငြှိမ်းသတ်ပြီး အပူကာနိုင်သော အရာတစ်ခုခုအောက်တွင် ငြိမ်သက်စွာ ခိုလှုံရန် အရေးကြီးပါသည်။

မိမိတို့‌နေထိုင်သော ဒေသ၏ မြေပြင်အခြေအနေပေါ် မူတည်၍ ဤအချက်များကို လိုက်လျောညီထွေစွာ အသုံးချနိုင်ပါစေ။ 🙏

#Scout_Drone_Thermal များနှင့် ပါတ်သတ်ပြီး လေ့လာတွေ့ရှိချက်များကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသဖြင့် မိမိတို့၏ #EIO_Facebook_Page နှင့် #EIO_Telegram ချန်နယ်ကို #Like & #Follow လုပ်ထားနိုင်ပါသည်။

🔵 Facebook: https://www.facebook.com/eagleinformation
🌐 Telegram: https://t.me/eagleinformationoperator

#DroneSafetyTips #SurvivalTactics #StayHidden #CombatSurveillance #ThermalStealth #UAVDetection #DigitalDefense #FieldSecurity #CounterSurveillance #SafeMovement #ThermalProtection #Eagle_Information_Operator #EIO
🙏51
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🛡️ Thermal Drone များ၏ အန္တရာယ်မှ မိမိကိုယ်ကို မည်သို့ ကာကွယ်မလဲ🛡️ ⚠️စစ်ကောင်စီတပ်များ အဓိကအသုံးပြုနေသည့် Thermal (အပူဖမ်း) ကင်မရာပါသော UAV Scout Drone များသည် ညဘက်နှင့် မြင်ကွင်းမကြည်လင်သည့် အချိန်များတွင် လူ၊ သတ္တဝါနှင့် စက်ပစ္စည်းများမှ ထွက်ရှိသော "အပူ"…»
Forwarded from BPLA
အခြေခံနိုင်ငံရေးဘောဂဗေဒနှင့် စိုက်ပျိုးရေးသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲပြုလုပ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ နိုင်ငံရေးဌာနမှ ဦးဆောင်ဖွင့်လှစ်သည့် "အခြေခံနိုင်ငံရေးဘောဂဗေဒနှင့် စိုက်ပျိုးရေးသင်တန်း အပတ်စဉ် (၁)" သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ (၁)ရက်နေ့က အညာစစ်ဒေသ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းကို တော်လှန်ရေးရဲဘော်များ၏ နိုင်ငံရေးအမြင်နှင့် စိုက်ပျိုးထုတ်လုပ်မှုစွမ်းရည် မြှင့်တင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး BPLA၊ ရွှေဘိုခရိုင် တပ်ရင်း (၁၂)၊ BLDF၊ TRI ဗျူဟာနှင့် တောင်သူလွတ်မြောက်ရေးအင်အားစုတို့မှ ရဲဘော်များ တက်ရောက်ခဲ့ကြသည်။ သင်တန်းကာလ (၂) လဝန်းကျင်အတွင်း အော်ဂဲနစ်စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာတွေ့ လက်တွေ့သင်ခန်းစာများ၊ နိုင်ငံရေးဘောဂဗေဒ၊ လူငယ်နှင့်နိုင်ငံရေး၊ လက်ရှိတော်လှန်ရေးအရွေ့စသည့် အကြောင်းအရာများကို ကျွမ်းကျင်ပညာရှင်များက ပို့ချဆွေးနွေးခဲ့ကြပြီး သင်တန်းသားရဲဘော်များကို အဖွဲ့လိုက် ဆွေးနွေးတင်ပြစေခြင်းနှင့် အပတ်စဉ်အလိုက် တတ်မြောက်မှုစစ်ဆေးအကဲဖြတ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် BPLA နိုင်ငံရေးမှူး ရိုးအံ့မင်းနှင့် တာဝန်ရှိတပ်မှူးများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဗျူဟာ၊ ပြည်သူ့ဆက်ဆံရေးဌာန၊ ဌာနမှူး၊ ရွှေဘိုခရိုင် တပ်ရင်း (၁၂) ဒု-တပ်ရင်းမှူး၊ တောင်သူလွတ်မြောက်ရေးအင်အားစု တာဝန်ခံနှင့် မဟာမိတ်ဧည့်သည်တော်များ တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

အခမ်းအနားတွင် နိုင်ငံရေးမှူးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မဟာမိတ်အင်အားစုများက ဂုဏ်ပြုကျေးဇူးတင်စကားများ ပြောကြားခဲ့ကြပါသည်။ ထို့နောက် သင်တန်းကာလအတွင်း ထူးချွန်စွာ ကြိုးပမ်းခဲ့သည့် ရဲဘော်များအား "တိုးတက်မှုဆု"နှင့် "ဇွဲဆု" များ အသီးသီးချီးမြှင့်ပေးခဲ့သည်။ သင်တန်းဆင်းရဲဘော်များကလည်း စိုက်ပျိုးရေးနည်းစနစ်များကို အဖွဲ့လိုက်တင်ပြဆွေးနွေးခြင်း (Group Presentation) ပြုလုပ်ခဲ့ကြပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် ဆွေးနွေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)အနေဖြင့် တော်လှန်ရေးရဲဘော်များ၏ အရည်အသွေး မြှင့်တင်ရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားတူသင်တန်းများကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

-သတင်းနှင့်ပြန်ကြားရေးအဖွဲ့
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)
4🫡2
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Mar 29, 3:18PM

📌 ရွှေဘိုနယ်၊ လေ့ကျင့်ရေး(၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

🚨လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

🚨မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

🚨အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram - @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Shwebo #Myanmar #SecurityUpdate
🙏5
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော စခ အာရာဖတ်ကား(၁)စီးသည် မုံရွာနယ် တောင်ခြမ်း၊မအူဂိတ်သို့ ဝင်ရောက်ထားကြောင်း သတင်းရရှိထားပါသည်။

Mar 29, 5:11PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
1
⚜️ #EIO_Update_News

ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံနှင့် မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။

Mar 29, 7:52PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
⚜️ #EIO_Update_News

အရာတော်မြို့ပေါ်မှ စခများသည် အနောက်ဘက်သို့ ဦးတည်၍ ထွက်နေကြောင်း သတင်းရရှိထားပါသည်။။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

Mar 30, 3:17AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News အရာတော်မြို့ပေါ်မှ စခများသည် အနောက်ဘက်သို့ ဦးတည်၍ ထွက်နေကြောင်း သတင်းရရှိထားပါသည်။။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 Mar 30, 3:17AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleI…
⚜️ #EIO_Update_News

အရာတော်မြို့ပေါ်မှ အနောက်ဘက် ထွက်လာသော စခများသည် ကမ်းပြူရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

Mar 30, 4:08AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News အရာတော်မြို့ပေါ်မှ အနောက်ဘက် ထွက်လာသော စခများသည် ကမ်းပြူရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 Mar 30, 4:08AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot…
⚜️ #EIO_Update_News

အရာတော်မြို့ပေါ်မှ ထွက်လာသော စခများသည် ကမ်းပြူရွာမှ အနောက်အရပ်သို့ လက်နက်ငယ်များပစ်ဖောက်၍ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

Mar 30, 4:33AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍3
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
3