EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
⚜️ #EIO_Update_News

စခသံပြားကာကား(၃)စီးသည် ဗိုလ်ချုပ်လမ်းအတိုင်း မြောက်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Mar 28, 11:49AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍1
"သတင်းသမားစစ်စစ် ဖြစ်ပေးကြပါ / စစ်ဆေးပေးကြပါ" (အတွေးအမြင်)

အခုလထဲ သတင်းမီဒီယာအမည်ခံ၊ သတင်းသမားအမည်ခံတချို့ကြောင့် “မင်းတို့ သတင်းမီဒီယာတွေ၊ သတင်းသမားတွေ” ဆိုပြီး ဝါးလုံး မစင်သုပ်အရမ်းခံရတဲ့အဖြစ် ဆက်တိုက်ကြုံနေရတယ်။ ဒီလိုရမ်းကားခံရရင် ဂျာနယ်လစ်အလုပ်၊ သတင်းစာ၊ သတင်းသမားအလုပ်ကို ပရော်ဖက်ရှင်နယ်လုပ်နေကြသူတွေ ဘယ်လောက်နာတယ်ဆိုတာ ခံစားရသူအသိဆုံး။

ပြီးခဲ့တဲ့ရက်က ထိုင်းမှာ ဧရာဝတီလင်းပိုင်တွေ တွေ့တဲ့ကိစ္စမှာ တတ်ကျွမ်းနားလည်သူတစ်ဦးက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ သေချာရှင်းပြပေးသွားရင်း တစ်နေရာအရောက်မှာ သတင်းတစ်ပုဒ်ကို ဥပမာပြပြီး “ ဒီလို သတင်းရေးမယ်ဆိုရင်လည်း နည်းနည်းလေး အရင်လေ့လာပြီးမှ လုပ်စေချင်တယ်။” လို့ ပြောသွားတာကြားလိုက်ရတော့ စိတ်ထဲ ကျွဲမြီးတို မိတယ်။

သူကတော့ သတင်းမီဒီယာ၊ သတင်းထောက်ရယ်လို့ ပြောသွားတာမဟုတ်ပေမယ့် သတင်းရေးခြင်းဆိုတာ ကြားလိုက်ရတော့ သတင်းအလုပ်လုပ်တဲ့ ကိုယ်တွေကိုပြောသလို ခံစားမိလိုက်ရတယ်။ နေ့စဉ်ဝင်ကြည့်ဖြစ်တဲ့ သတင်းဌာနတွေမှာ လင်းပိုင်နဲ့ပတ်သက်ပြီး ဘယ်လိုဖော်ပြကြသလဲဆိုတာ လိုက်ကြည့်မိတယ်။

သူပြသွားတဲ့ပုံစံမျိုးဖော်ပြတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုတွေ့တယ်။ သတင်းဌာနမဟုတ်ဘူး။ လူကြိုက်မယ်ထင်တဲ့အကြောင်းအရာတွေကို စုစည်းပြီး သတင်းပုံစံမျိုးတင်ဆက်နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု။ သတင်းတွေကို ရေးသားတင်ဆက်ထားတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အထက်ပါပုဂ္ဂိုလ်ပြောသွားတဲ့အထဲမှာ “ဒီလို သတင်းရေးမယ်ဆိုရင်လည်း နည်းနည်းလေး အရင်လေ့လာပြီးမှ လုပ်စေချင်တယ်” ဆိုတာကို ကြားလိုက်ရတဲ့အခါ သတင်းသမားတွေ ကြုံသလိုရေးနေကြတယ်၊ သတင်းသမားတွေ အလကားပဲဆိုတာမျိုး ပရိသတ်ကဘာသာပြန်သွားမှာ အတော်စိတ်ပူသွားတယ်။

အဲဒါနဲ့ မရှေးမနှောင်းပဲ မြို့တစ်မြို့မှာဖြစ်နေတဲ့ ယာဉ်တိုက်မှု၊ ဖမ်းဆီးမှုတွေကို ဓာတ်ပုံရိုက်၊ ရုပ်သံရိုက်၊ ဝါကျ လေးငါးကြောင်းလောက်ရေးပြီး နေ့စဉ်ပို့စ်တင်နေသူတစ်ဦးက သူ့ကိုယ်သူ “အလွတ်တန်းသတင်းထောက်” လို့ ခပ်တည်တည်နဲ့ အမည်ခံလိုက်တာကို မြင်လိုက်ရတဲ့အခါ မျက်လုံးပြူးသွားရတယ်။

၂၀၁၅ ဝန်းကျင်လောက်က Citizen Journalist (CJ) နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ဟောပြောသူကို မေးခွန်းတစ်ခုမေးဖူးတယ်။ သတင်းအရင်းအမြစ်၊ သတင်းပေးသူနဲ့ CJ ဘာကွာလဲ၊ ဘယ်အချိန်မှာ CJ ဖြစ်ပြီး ဘယ်အချိန်မှာဂျာနယ်လစ်ဖြစ်လဲလို့ မေးဖူးတယ်။ အဖြေမရခဲ့ဘူး။

သတင်းဌာနတစ်ခုကထုတ်တဲ့ CJ လက်စွဲဆိုတဲ့စာအုပ်ကို ဖတ်ဖူးတယ်။ စကားလုံးကို မြန်မာလို ဘာသာပြန်ထားတဲ့ အဓိပ္ပါယ်အပေါ်မှာ လိုရာဆွဲရေးထားတဲ့အလွဲတွေ တော်တော်များတယ်။ အဲဒီစာအုပ်ဖတ်ကြည့်တော့ CJ တွေသာ တကယ့်ပြည်သူ့ သတင်းသမားတွေဖြစ်ပြီး ရုံးခန်းထဲမှာ သတင်းတွေရေးသား/တည်းဖြတ်နေသူတွေဟာ ဘာမှသုံးမရတော့တဲ့ သတင်းသမားဘဝ ရောက်သွားတယ်။

CJ ကို သတင်းသမား၊ သတင်းစာဆရာ၊ ဂျာနယ်လစ်လို့ သတင်းသမားတချို့နဲ့ သတင်းဌာနတချို့က ယူဆနေမှတော့ နေ့စဉ်မြင်သမျှ ဖြစ်ရပ်တွေကို ဓာတ်ပုံရိုက်၊ ပို့စ်တင်နေသူ သာမန်ပြည်သူက သူ့ဘာသာ အလွတ်တန်းသတင်းထောက်လို့ အထင်ရှိသွားတာလည်း မလွန်ဘူးလို့ ဆိုရမှာပဲ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုံနှိပ်သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ ပျောက်ကုန်ကြတယ်။ အွန်လိုင်း သတင်းဌာနတွေ အပြိုင်းအရိုင်းပေါ်လာကြတယ်။ တချို့ပုံနှိပ်သတင်းမီဒီယာတချို့ဟာ အွန်လိုင်းသတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်ကြသလို တချို့ကလည်း ပျောက်သွားကြတယ်။ သတင်းသမားတွေဆိုရင်လည်း တချို့ က အလုပ်နားလိုက်ကြတယ်။ တချို့က သတင်းအလုပ်နဲ့ဆက်သွားကြတယ်။

အွန်လိုင်းသတင်းမီဒီယာတွေ အများအပြားပေါ်လာတဲ့အခါ သတင်းမီဒီယာစံနူန်းတွေနဲ့ တင်ဆက်ကြတဲ့ သတင်းဌာနတွေရှိသလို တချို့ကလည်း ပြောင်းလဲသွားတဲ့ခေတ်နဲ့အညီ သတင်းမီဒီယာစံနူန်းတွေထက် ကိုယ့်ရပ်တည်ရေးအတွက် ဦးစားပေးလုပ်ကြတာတွေ များလာကြတယ်။

ထို့နည်းတူပဲ သတင်းသမားအဖြစ် ခိုင်ခိုင်မာမာဆက်လက်ရပ်တည်နေကြတဲ့သူတွေရှိသလို စစ်တပ်အာဏာသိမ်းမှုအလွန်မှာ တော်လှန်ရေးထဲ၊ နိုင်ငံရေးထဲ ရောက်သွားကြတာတွေ ရှိတယ်။

ဒီအထဲမှာ တချို့ဟာ သတင်းသမားအလုပ်ကို စွန့်လွှတ်ပြီး ပြတ်ပြတ်သားသား သူပုန်လုပ်သွားကြတယ်။ တချို့ ကလည်း သတင်းသမားဘဝကိုစွန့်ပြီး ထောက်ပို့အလုပ်တွေလုပ်ရင်း တော်လှန်ရေးကို လက်တွေ့ကျကျ ဝိုင်းကူကြတယ်။

ဒါပေမဲ့ သတင်းသမားတချို့ကျတော့ နိုင်ငံရေးသမားလား၊ သူပုန်လား၊ သတင်းသမားလား၊ လူ့အခွင့်အရေး သမားလား၊ တက်ကြွလှုပ်ရှားသူလားဆိုတာ မသဲကွဲဘူး။ ဘာကြောင့်ဆို အဲဒီသူတွေဟာ အရင်က သတင်းသမားလုပ်ခဲ့လေတော့ သတင်းသမားအမည်ခံပြီး (အထင်ခံရတာရှိတယ်၊ တချို့က တမင်သတင်းသမားအရေခြုံပြီး) နိုင်ငံရေးလိုလို၊ လူ့အခွင့်ရေးလိုလို၊ ပရဟိတလိုလိုနဲ့ သတင်းလောကထဲကို ဝင်ချီထွက်ချီလုပ်နေတတ်လို့။

အဖွဲ့အစည်းတစ်ခုရဲ့ ဝါဒဖြန့်ဆိုလည်း ဝါဒဖြန့်အနေနဲ့ ပြတ်ပြတ်သားသားလုပ်လိုက်သင့်တယ်။ ပရဟိတလုပ်မယ်၊ ငွေရှာမယ်ဆိုလည်း ပြတ်ပြတ်သားသား ရပ်တည်လိုက်တာကောင်းမယ်။ ဂျာနယ်လစ်လို့ အမည်ခံထားရင်လည်း သတင်းသမားစစ်စစ်အဖြစ်ရပ်တည်လိုက်တာ ပိုကောင်းတယ်။
နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆက်စပ်တယ်ဆိုပေမယ့် သတင်းသမားဟာ သတင်းစာအလုပ်၊ ဂျာနယ်လစ်ဇင်အလုပ်အပြင် နိုင်ငံရေးလုပ်တာ၊ တော်လှန်ရေးလုပ်တာ၊ လက်နက်ကိုင်တာမျိုးတော့ မသင့်တော်ဘူးလို့ မြင်တယ်။

အခုအချိန်မှာ ကျင့်ဝတ်တွေအရေးမကြီးဘူး၊ ငါတို့လုပ်ချင်တာလုပ်မယ်ဆိုရင် မြန်မာသတင်းမီဒီယာအပေါ်၊ မြန်မာသတင်းသမားတွေပေါ်မှာ စာဖတ်သူတွေက မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်။ ပြည်သူယုံကြည်အားကိုးရတဲ့ သတင်းမီဒီယာဆိုတာ ပျောက်ဆုံးသွားလိမ့်မယ်။

အခုလိုပြောရင် သတင်းသမားတချို့က မင်းဘယ်လောက်သတင်းရေးဖူးလဲ၊ မင်းက သတင်းလုပ်သက် ဘယ်လောက်ရှိလို့လဲ၊ သတင်းစာဆရာကြီး ဘယ်သူ့ကိုသိလား ဆိုတာမျိုး တလွဲဆံပင်ကောက် ရန်ထောင်တတ်တယ်။ တကယ်က လုပ်သက်တွေ၊ အတွေ့အကြုံတွေထက် လက်ရှိလုပ်ရပ်နဲ့ ခံယူချက်ကသာ အရေးကြီးတယ်။

မျိုးစုံသော တော်လှန်ရေးအဖွဲ့အစည်းတွေမှာ သတင်းသမားတချို့ ဝိုင်းကူလုပ်ပေးကြတဲ့အခါ သတင်းခန်းတွေမှာ လုပ်နေကြတဲ့ သတင်းသမားတွေ ကြုံရတဲ့အဖြစ်တစ်ခုရှိတယ်။ အဲဒါက တော်လှန်ရေးသမားတချို့က သတင်းထောက်တွေကို မင်းတို့က တော်လှန်ရေးဘက်က မရပ်တည်ကြဘူးလား၊ တော်လှန်ရေးမလုပ်ကြဘူးလားလို့ မကြာခဏ မေးခွန်းထုတ်ခံရတယ်။

ဒီထက်ဆိုးတာက တော်လှန်ရေးအင်အားစုတွေကြားက မတရားမှုတွေကို ဖော်ထုတ်ရေးသားလိုက်ရင် မင်းတို့သတင်းမီဒီယာတွေက တော်လှန်ရေးကို အရှိန်ပျက်အောင်လုပ်တယ်၊ မင်းတို့တွေ အချင်းချင်းကြား သွေးခွဲတယ်၊ မင်းတို့တွေ တော်လှန်ရေးဘက်တော်သားတွေ မဟုတ်ဘူးလား၊ စစ်တပ်ရဲ့ ဒလန်တွေလားဆိုတဲ့အထိ မေးခွန်းထုတ် စွပ်စွဲခံရတယ်။

ဒီလိုမေးတဲ့သူတွေဟာ သတင်းမီဒီယာရဲ့သဘော၊ သဘာဝကို သေချာမသိလို့ ဆိုပြီး နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ တတ်သိနားလည်တဲ့ သတင်းသမားတွေက သတင်းသမားကျင့်ဝတ်တွေကို ချိုးဖောက်နေတာမျိုးကို ဆင်ခြင်ဖို့ ကောင်းတယ်။ သတင်းသမားတွေရဲ့ သဘောသဘာဝကို ကိုယ်တိုင်ကတောင် ဝေမျှပေးဖို့ကောင်းတယ်။

သတင်းဌာနလား၊ အဖွဲ့အစည်းတစ်ခုရဲ့ ဝါဒဖြန့်မီဒီယာလား၊ ကိုယ့်အကျိုးစီးပွားအတွက် ကြိုးပမ်းအားထုတ်နေတဲ့ မီဒီယာလားဆိုတာ ရောထွေးနေတဲ့ အခုလိုကာလမှာ သတင်းသမားတွေဟာ သတင်းသမားပီသဖို့ ပိုပြီးလိုအပ်လာတယ်။

တစ်ဖက်မှာလည်း သတင်းသမားလုပ်ခဲ့ဖူးရုံ၊ သတင်းသမားအဖြစ်အမည်ခံထားရုံနဲ့ သတင်းသမား၊ သတင်း မီဒီယာမဟုတ်ဘူးဆိုတာ သူတို့ရဲ့လုပ်ရပ်တွေကို ကြည့်ပြီး စာဖတ်ပရိသတ်တွေအနေနဲ့ စစ်ဆေးအကဲဖြတ်နိုင်တယ်။ ဘယ်လိုပင် မေတ္တာရှင်လို့ ခံယူထားသော်လည်း စေတနာတစ်စက်မှ မရှိတဲ့ လုပ်ရပ်တွေကို ကြည့်ခြင်းဖြင့် မေတ္တာရှင် မဟုတ်ဘူးဆိုတာ အလွယ်တကူသိနိုင်သလိုမျိုး။

သတင်းသမားတွေမှာ သတင်းရေးသားဖော်ပြပုံ၊ ဆောင်းပါးရေးသားတင်ဆက်ပုံ နည်းနာတွေရှိတယ်။ သတင်းလား၊ ဆောင်းပါးလား၊ အတွေးအမြင်လား၊ အင်တာဗျူးလားစသဖြင့် သူ့အင်္ဂါရပ်နဲ့သူ၊ သူ့တင်ဆက်မှုနဲ့သူ၊ ရေးသားရတာရှိတယ်၊ လိုက်နာရတာတွေရှိတယ်၊ တာဝန်ခံရတာတွေရှိတယ်။

အချက်အလက် စိစစ်ရတာတွေရှိတယ်၊ ဖြစ်လာနိုင်မယ့် အကျိုးဆက်ကို ထည့်သွင်းစဉ်းစားရတာရှိတယ်၊ ဆောင်ရန်၊ ရှောင်ရန် ကျင့်ဝတ်တွေရှိတယ်၊ ဘက်လိုက်မှုကင်းတယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာရှိတယ်၊ လိုအပ်လို့ ပြင်ဆင်ရမယ့် အမှားပြင်ဆင်မှုတွေအတွက် သူတို့မှာ မူဝါဒတွေရှိတယ်။ ပြင်ဆင်ချက်မပေးနိုင်ဘူးဆိုရင်လည်း သူတို့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိတယ်။

ဒီလိုစံနူန်းတွေနဲ့ မညီညွတ်ဘူးဆိုရင်တော့ သတင်းမီဒီယာလို့ ဘယ်လိုပဲ ခေါင်းစဉ်တပ်တပ်၊ သတင်းသမားရယ်လို့ ဘယ်လိုပဲအမည်ခံခံ သတင်းမီဒီယာ၊ သတင်းသမားမဟုတ်ဘူးဆိုတာ ပြည်သူတွေအနေနဲ့ စစ်ဆေးကြည့်ရှု ချင့်ချိန် ယုံကြည်ကြပါ၊ ဝေဖန်ထောက်ပြကြပါ။

သတင်းသမားလို့ခံယူထားသူတွေကလည်း ကိုယ့်ကြောင့် တခြားသောသတင်းသမားတွေ ဝါးလုံးမစင်သုတ် အရမ်းခံရတာမျိုးမဖြစ်စေအောင် ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်ကို တန်ဖိုးထားပြီး သတင်းသမားစစ်စစ်ဖြစ်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။

မဏ္ဍိုင်၊ ဇန်နဝါရီ ၂၃၊ ၂၀၂၆။ လင်းဇေ ရေးသားမှုအား ကူးယူ၍ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။

#မီဒီယာ #အမည်ခံ #သတင်းသမား #CJ #ချင့်ချိန်
👍1
“ဓားသွားထက် ထက်သောစကားများ”

🔹လူသာ

လောကမှာ စကားလုံးတွေဟာ တစ်ခါတလေ ဓားသွားထက် ပိုထက်တတ်ကြပါတယ်။ ကျွန်တော် စကားဝိုင်းတစ်ခုမှာ မတော်တဆ ကြားလိုက်ရတဲ့ "ဘာအခြေအမြစ်မှ မရှိတဲ့သူတွေ" ဆိုတဲ့ စကားတစ်ခွန်းက ရင်ဘတ်ထဲကို နင့်ခနဲ ဖြစ်သွား‌စေခဲ့တယ်။ သူကတော့ ဘာရယ်မဟုတ်ဘဲ ခပ်လွယ်လွယ် ပြောလိုက်ပေမယ့် ဒီစကားကို ကြားလိုက်ရတဲ့ ကျွန်တော့်အတွက်ကတော့ ဝမ်းနည်းရုံတင်မကဘဲ စိတ်ထဲမှာ အထပ်ထပ်အခါခါ ကြားယောင်နေမိခဲ့ပါတယ်။

တကယ်ပဲ ကျွန်တော်တို့ဟာ အခြေအမြစ်မရှိတော့တဲ့ သူတွေ လားပေါ့။
"အခြေ" ဆိုတာ ဘာလဲ”
လူတစ်ယောက်အတွက် အခြေဆိုတာ သူဖြတ်သန်းခဲ့တဲ့ ပတ်ဝန်းကျင်၊ ပညာရေး၊ သူတည်ဆောက်ခဲ့တဲ့ ရာထူးဌာနန္တရ၊ သူရရှိနေတဲ့ လစာနဲ့ တည်ငြိမ်တဲ့ လူမှုစီးပွားဘဝကို ဆိုလိုတယ် ဆိုရင်တော့ ဟုတ်ပါတယ် CDM တွေဟာ အဲ့ဒီအခြေတွေကို ရိုက်ချိုးပြီးသားသူတွေပါ။ တကယ်တော့ ကျွန်တော်တို့ စွန့်လွှတ်ခဲ့ရတဲ့ "အခြေ" တွေဆိုတာ ဒါတွေပါပဲ။

• ဆရာဝန်တစ်ယောက်အတွက် - သူအသက်ပေးကယ်တင်မှု လုပ်ဆောင်ရာ "ဆေးရုံ" ဟာ အခြေဖြစ်ခဲ့ပါတယ်။
• ကျောင်းဆရာမတစ်ယောက်အတွက် - အနာဂတ်တွေကို ပုံဖော်ပေးရာ "စာသင်ခန်း" ဟာ အခြေ ဖြစ်ခဲ့ပါတယ်။
• စစ်သားတစ်ယောက်အတွက် - သူ့ရဲ့ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေရှိရာ "တပ်ရင်းတပ်ဖွဲ့နဲ့ ရာထူး" ဟာ အခြေဖြစ်ခဲ့ပါတယ်။
• ကျောင်းသားတစ်ယောက်အတွက် - သူ့ရဲ့လှပတဲ့အိပ်မက်တွေနဲ့ "ဘွဲ့လက်မှတ်" တွေဟာ အခြေ ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီအခြေတွေကို ဘာကြောင့် စွန့်လွှတ်ခဲ့သလဲဆိုတဲ့ "အမြစ်" ကိုတော့ မေ့ထားလို့ မရပါဘူးခင်ဗျာ။ အဲ့ဒီအခြေတွေကို စွန့်လွှတ်ပြီး မြေပြင်မှာ ဖုန်တထောင်းထောင်း၊ ကျည်ဆန်တွေကြားထဲ ဘဝကို ပုံအောလိုက်ရတဲ့ အကြောင်းရင်းကတော့ "အမှန်တရား" ဆိုတဲ့ အမြစ်တစ်ခုတည်းကြောင့် ဖြစ်ပါတယ်။

"အခြေအမြစ်မရှိသူတွေ" လို့ သတ်မှတ်နေကြတဲ့အပေါ် ကျွန်တော် ဒီလိုပြန်ပြီး မေးခွန်းထုတ်ချင်ပါတယ်။
• အလုပ်အကိုင်နဲ့ ရာထူးတွေ မရှိတော့လို့ အခြေမရှိဘူးလို့ ဆိုလိုတာလား၊
• ပညာသင်ဆုတွေနဲ့ အနာဂတ်အခွင့်အရေးတွေ ဆုံးရှုံးသွားလို့ အခြေမရှိဘူးလို့ ပြောတာလား၊
• မိသားစုနဲ့ ဝေးကွာပြီး တောထဲတောင်ထဲမှာ ဘဝကို ရင်းနေရလို့ အခြေမရှိဘူးလို့ မြင်တာလား၊
• အာဏာရှင်ရဲ့ လက်အောက်မှာ အခွင့်အရေး မယူဘဲ ရုန်းကန်နေရလို့ အခြေမရှိဘူးလို့ သတ်မှတ်တာလား။

တကယ်တော့ CDM တွေဟာ ဒီတော်လှန်ရေးရဲ့ အခိုင်မာဆုံးသော အုတ်မြစ်တွေပါ။ သူတို့သာ အခြေအမြစ်မရှိတဲ့သူတွေဆိုရင် ဒီတော်လှန်ရေးဟာ ဒီလောက်အထိ ကြာရှည်ခံမှာ မဟုတ်သလို၊ ဒီလောက်ထိလည်း သန့်စင်နေမှာ မဟုတ်ပါဘူး။

သူတို့မှာရှိတဲ့ အမြစ်က သာမန်လူတွေ မြင်နိုင်တဲ့ မြေပြင်ပေါ်က အပင်စည်ပိုင်းလို မဟုတ်ဘဲ ရင်ဘတ်ထဲက နက်ရှိုင်းတဲ့ ယုံကြည်ချက် အမြစ်တွေဖြစ်နေလို့ အပေါ်ယံကြည့်သူတွေ မမြင်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။

"အမြစ်" ဆိုတာ ဘာလဲ။
CDM တစ်ယောက်ရဲ့ အမြစ်ဆိုတာ "အမှန်တရား" ပါ။ မတရားမှုကို လက်မခံချင်တဲ့ စိတ်ဓာတ်၊ နောင်လာနောက်သားတွေအတွက် ကောင်းမွန်တဲ့ စနစ်တစ်ခု ချန်ထားပေးချင်တဲ့ စေတနာ၊ ဒါတွေဟာ သူတို့ဘဝကို မြေမှာ ခိုင်ခိုင်မာမာ စွဲမြဲထားစေတဲ့ အမြစ်တွေပဲ ဖြစ်ပါတယ်။

ဘဝရဲ့ အသီးအပွင့်တွေကို စွန့်လွှတ်ပြီး အမြစ်ကိုပဲ သစ္စာရှိရှိ ဆုပ်ကိုင်ထားကြတဲ့သူတွေကိုမှ "အခြေအမြစ်မရှိသူတွေ" လို့ သတ်မှတ်ကြမယ်ဆိုရင် ဒီကမ္ဘာမှာ တန်ဖိုးထားခြင်းဆိုတာ ဘာလဲလို့ ပြန်ပြီး မေးခွန်းထုတ်ရပါလိမ့်မယ်။

ဘဝတစ်ခုကို သုညကနေ ပြန်စဖို့ဆိုတာ ပြောသလောက် မလွယ်ကူခဲ့ပါဘူး။ တိုက်ပွဲဝင်နေတဲ့ ကာလတစ်လျှောက်လုံးမှာ အငတ်ဘေး၊ အန္တရာယ်၊ ကဲ့ရဲ့ရှုံ့ချမှုနဲ့ လျစ်လျူရှုခံရမှုတွေကို ရင်ဆိုင်ရင်း သူတို့ ဆုပ်ကိုင်ထားတဲ့ တစ်ခုတည်းသော အမြစ်ကတော့ "လူပီသမှု" ပါပဲ။

"အခြေအမြစ်မရှိသူတွေ" လို့ ကင်ပွန်းတပ်ခံရတဲ့အခါ ဝမ်းနည်းမိပါတယ်။ ဒါပေမဲ့ အဲ့ဒီဝမ်းနည်းမှုကနေပဲ ပိုပြီး ခိုင်မာတဲ့ မေးခွန်းတစ်ခုကို ဖြစ်လာစေပါတယ်။ "အမှန်တရားအတွက် အရာအားလုံးကို ရင်းဝံ့တဲ့ စိတ်ဓာတ်ထက် ပိုခိုင်မာတဲ့ အခြေအမြစ်ဆိုတာ ဒီလောကမှာ ရှိဦးမလား" ဆိုတာပါပဲ။

ကျွန်တော်တို့ဟာ အမြစ်မရှိသူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အမှန်တရားဆိုတဲ့ မြေဆီလွှာမှာ ကိုယ့်ဘဝကို အမြစ်တွယ်ပြီး တော်လှန်ရေးကို ထောက်တိုင်လုပ်ပေးထားတဲ့ "လူသားစံနှုန်း" တွေသာ ဖြစ်ပါတယ်။

[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

#People's Goal
🫡2
⚜️ #EIO_Update_News

ချောင်းဦးနယ် ကင်မွန်းတော်ပျူရွာမှ စခပခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

Mar 28, 1:25PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ မိုးညှင်း)ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 28, 1:25PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🚨စစ်ကောင်စီတပ်များ အဓိကအသုံးပြုနေသည့် UAV Scout Drone Thermal အမျိုးအစားများ⚠️

စစ်ကောင်စီတပ်များမှ အဓိကအသုံးပြုနေသည့် UAV Scout Drone Thermal အမျိုးအစားများသည် ကင်းထောက်ရန်နှင့် ပစ်မှတ်ရှာဖွေရန်အတွက် အထူးထုတ်လုပ်ထားသော ဒရုန်းများဖြစ်သည်။ ၎င်းတို့သည် သာမန်ဒရုန်းများကဲ့သို့ Optical Zoom သာမက Thermal Sensor (အပူဖမ်းအာရုံခံစနစ်) ပါဝင်ခြင်းကြောင့် နေ့ညမရွေး အလုပ်လုပ်နိုင်သည်။


အဆိုပါ ဒရုန်းများ၏ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်များကို အောက်တွင် အသေးစိတ် ခွဲခြားဖော်ပြပေးလိုက်ပါသည်။

၁။ အဓိက အသုံးပြုသည့် ဒရုန်းအမျိုးအစားများ။

စစ်ကောင်စီသည် များသောအားဖြင့် အောက်ပါ ဒရုန်းအမျိုးအစားများကို Thermal စနစ်တပ်ဆင်၍ အသုံးပြုလေ့ရှိသည်။

Commercial High-End Drones - တရုတ်နိုင်ငံထုတ် DJI Mavic 3 Thermal (M3T) (သို့မဟုတ်) Matrice Series များဖြစ်သည်။ ၎င်းတို့သည် သယ်ဆောင်ရလွယ်ကူပြီး အပူဖမ်းပုံရိပ် အလွန်ကြည်လင်သည်။


⚠️ "DJI Mavic 3 Thermal ဒရုန်းအမျိုးအစား"

ဤဒရုန်းအမျိုးအစားသည် အပူချိန်တိုင်းတာနိုင်သော Thermal ကင်မရာ ပါဝင်သည့်အတွက် ညဘက် (သို့မဟုတ်) တောတောင်ထူထပ်သော နေရာများတွင် လူနှင့် အရာဝတ္ထုများကို ရှာဖွေထောက်လှမ်းရန် အဓိက အသုံးပြုကြသည်။ စစ်ရေးဖော်ဆောင်မှုများတွင် ကင်းထောက်ခြင်း၊ ပစ်မှတ်ရှာဖွေခြင်းနှင့် နယ်မြေလုံခြုံရေး စောင့်ကြည့်ခြင်းတို့အတွက် အသုံးများသော နည်းပညာမြင့် ဒရုန်းအမျိုးအစား ဖြစ်ပါသည်။

Military Grade Fixed-wing Drones - ဥပမာ - CH-3 (သို့မဟုတ်) Orlan-10 ကဲ့သို့သော အဝေးထိန်း လေယာဉ်ပုံစံ ဒရုန်းများဖြစ်ပြီး အမြင့်ပေ ထောင်ချီမှနေ၍ နာရီပေါင်းများစွာ ကင်းထောက်နိုင်သည်။


⚠️ "CH-3 (Rainbow-3) လူမဲ့လေယာဉ် (UAV) ဒရုန်းအမျိုးအစား"

CH-3 သည် တရုတ်နိုင်ငံထုတ် အလတ်စား တိုက်ခိုက်ရေးနှင့် ကင်းထောက်ဒရုန်း အမျိုးအစား ဖြစ်သည်။ ၎င်းသည် တာဝေးပျံသန်းနိုင်စွမ်းရှိပြီး ကင်းထောက်ခြင်းအပြင် လေကြောင်းမှ မြေပြင်သို့ ပစ်ခတ်နိုင်သည့် ဒုံးကျည်များကိုပါ တပ်ဆင်အသုံးပြုနိုင်သော နည်းပညာပါဝင်သည့်အတွက် စစ်ဆင်ရေးနယ်မြေများတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလျက်ရှိသည်။


⚠️ "Orlan-10 လူမဲ့လေယာဉ် (UAV) ဒရုန်းအမျိုးအစား"

Orlan-10 သည် ရုရှားနိုင်ငံထုတ် ကင်းထောက်ဒရုန်း အမျိုးအစားဖြစ်ပြီး စစ်ဆင်ရေးနယ်မြေများအတွင်း ကင်းထောက်ခြင်း၊ ပစ်မှတ်ရှာဖွေခြင်းနှင့် အမြောက်တပ်များအတွက် ပစ်မှတ်လမ်းညွှန်ပေးခြင်းတို့တွင် အဓိကအသုံးပြုသည်။ ၎င်းသည် တာဝေးပျံသန်းနိုင်စွမ်းရှိပြီး အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပေးပို့နိုင်သည့် စနစ်များ ပါဝင်ပါသည်။


⚠️ "VTOL (Vertical Take-Off and Landing) Scout Drone အမျိုးအစား"

VTOL ဒရုန်းများသည် လေယာဉ်ကွင်း သို့မဟုတ် ပြေးလမ်းမလိုဘဲ ရဟတ်ယာဉ်ကဲ့သို့ ဒေါင်လိုက်တက်ဆင်းနိုင်စွမ်းရှိပြီး ပျံသန်းသည့်အခါတွင် လေယာဉ်ကဲ့သို့ တာဝေးပျံသန်းနိုင်သည့် အားသာချက်ရှိသည်။ ဤဒရုန်းအမျိုးအစားများကို စစ်ဆင်ရေးနယ်မြေအတွင်း အနီးကပ်ကင်းထောက်ခြင်း၊ ပစ်မှတ်ထောက်လှမ်းခြင်းနှင့် သတင်းအချက်အလက် စုဆောင်းခြင်းတို့တွင် ထိရောက်စွာ အသုံးပြုကြသည်။


Custom-built Drones - နည်းပညာအကူအညီဖြင့် ပြုပြင်မွမ်းမံထားသော Thermal ကင်မရာတပ် ဒရုန်းများဖြစ်ကြသည်။

၂။ Thermal Sensor ၏ စွမ်းဆောင်ရည် (Technical Specs)။

Thermal ဒရုန်းများတွင် ပါဝင်သော Sensor များသည် အောက်ပါအတိုင်း အလုပ်လုပ်သည်။

♦️Uncooled Radiometric Sensors

ပတ်ဝန်းကျင် အပူချိန်နှင့် အရာဝတ္ထုများ၏ အပူချိန် ကွာခြားချက်ကို ဖမ်းယူသည်။

♦️Resolution

များသောအားဖြင့် 640 \times 512 resolution ရှိသော Thermal Sensor များ ပါဝင်တတ်ပြီး ပေထောင်ချီ အမြင့်မှနေ၍ လူတစ်ဦး၏ အပူရှိန်ကို သိရှိနိုင်သည်။

♦️Color Palettes

အော်ပရေတာက "White Hot" (အပူကို အဖြူရောင်ပြခြင်း)၊ "Black Hot" (အပူကို အမည်းရောင်ပြခြင်း) (သို့မဟုတ်) "Ironbow" (အပူချိန်အလိုက် အရောင်အမျိုးမျိုးပြခြင်း) စသည့် Modes များကို ပြောင်းလဲကြည့်ရှုနိုင်သည်။

၃။ အထိုင်ချနေရာများမှ လွှတ်တင်ပုံ (Operational Tactics)။

♦️Launch Zones - စစ်ကောင်စီ အထိုင်ချစခန်းများ၊ ဗျူဟာကုန်းများနှင့် အချက်အချာကျသော ကုန်းမြင့်များမှ လွှတ်တင်သည်။

♦️Monitoring Radius - စက်မှုထုတ် ဒရုန်းငယ်များဖြစ်ပါက ၅ ကီလိုမီတာမှ ၁၀ ကီလိုမီတာအတွင်း၊ စစ်ဘက်သုံး ဒရုန်းကြီးများဖြစ်ပါက ကီလိုမီတာ ၅၀ ကျော်အထိ ထောက်လှမ်းနိုင်သည်။

♦️Patrol Patterns - အဓိကအားဖြင့် လမ်းဆုံလမ်းခွများ၊ တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်သည့် တောတောင်လျှိုမြောင်များနှင့် မြစ်ကြောင်းများကို စဉ်ဆက်မပြတ် ဝဲပျံကြည့်ရှုတတ်သည်။

၄။ သိထားသင့်သည့် အချက်များ (Key Insights)။

♦️Zoom Capability - Thermal စနစ်တွင် Digital Zoom ပါဝင်သဖြင့် အဝေးမှနေ၍ ပစ်မှတ်ကို ချဲ့ကြည့်နိုင်သည်။

♦️Dual Vision - ဒရုန်းအော်ပရေတာသည် သာမန်မြင်ကွင်း (RGB) နှင့် အပူဖမ်းမြင်ကွင်း (Thermal) ကို တစ်ပြိုင်တည်း ယှဉ်ကြည့်နိုင်သဖြင့် အကာအကွယ်ယူထားသည်ကို ပိုမိုလွယ်ကူစွာ သိနိုင်သည်။
🙏1
♦️Coordinates (GPS) - ဒရုန်းသည် ပစ်မှတ်တစ်ခုကို တွေ့ရှိပါက ၎င်းနေရာ၏ GPS ကို အတိအကျ တွက်ချက်ပေးနိုင်သဖြင့် လက်နက်ကြီးများဖြင့် တိကျစွာ ပစ်ခတ်နိုင်စေသည်။

#Scout_Drone များနှင့် ပါတ်သတ်ပြီး မြေပြင်အခြေနေနှင့်ပေါင်းစပ်၍ လေ့လာတွေ့ရှိချက်များကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသဖြင့် မိမိတို့၏ #EIO_Facebook_Page နှင့် #EIO_Telegram ချန်နယ်ကို #Like & #Follow လုပ်ထားနိုင်ပါသည်။


🔵 https://www.facebook.com/eagleinformation
🌐 https://t.me/eagleinformationoperator

#DroneSafetyTips #SurvivalTactics #StayHidden #CombatSurveillance #ThermalStealth #UAVDetection #DigitalDefense #FieldSecurity #CounterSurveillance #SafeMovement #ThermalProtection #Eagle_Information_Operator #EIO
🙏1
#Scout_Drone_Thermal များနှင့် ပါတ်သတ်ပြီး လေ့လာတွေ့ရှိချက်များကို ဆက်လက်တင်ပြပေးသွားဦးမည် ဖြစ်ပါသဖြင့် မိမိတို့၏ #EIO_Facebook_Page နှင့် #EIO_Telegram ချန်နယ်ကို #Like & #Follow လုပ်ထားနိုင်ပါသည်။

#Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၁) - https://t.me/eagleinformationoperator/21164

#Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၂) - https://t.me/eagleinformationoperator/21191

#Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၃) - https://t.me/eagleinformationoperator/21277

#Scout_Drone_Thermal အကြောင်းလေ့လာရန် အပိုင်း(၄) - https://t.me/eagleinformationoperator/21362

🔵 https://www.facebook.com/eagleinformation
🌐 https://t.me/eagleinformationoperator

#DroneSafetyTips #SurvivalTactics #StayHidden #CombatSurveillance #ThermalStealth #UAVDetection #DigitalDefense #FieldSecurity #CounterSurveillance #SafeMovement #ThermalProtection #Eagle_Information_Operator #EIO
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «♦️Coordinates (GPS) - ဒရုန်းသည် ပစ်မှတ်တစ်ခုကို တွေ့ရှိပါက ၎င်းနေရာ၏ GPS ကို အတိအကျ တွက်ချက်ပေးနိုင်သဖြင့် လက်နက်ကြီးများဖြင့် တိကျစွာ ပစ်ခတ်နိုင်စေသည်။ #Scout_Drone များနှင့် ပါတ်သတ်ပြီး မြေပြင်အခြေနေနှင့်ပေါင်းစပ်၍ လေ့လာတွေ့ရှိချက်များကို ဆက်လက်တင်ပြပေးသွားဦးမည်…»
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်ဘက်မှ စွမ်းရည်ထက်ဂိတ်သို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်း သတင်းရရှိထားပါသည်။

Mar 28, 1:41PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
5
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏5
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏5