Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"
📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻
#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation

🙏3
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨
လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။
မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
⚠️ သတိပြုရန် အချက်များ
🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။
🚫 လုံးဝ မပြုလုပ်ရ
❌ စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
❌ စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
❌ စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။
🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။
🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။
⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။
📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်
🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator
#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation

Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation

🙏2
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚠️ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုသည်မှာ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခြင်း မဟုတ်ပါ" ⚠️
🗣️📢 ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို တည်ဆောက်တဲ့နေရာမှာ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်" (Freedom of Expression) ဟာ အခြေခံအကျဆုံး မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။
📌မိမိရဲ့ ယုံကြည်ချက်၊ အမြင်နဲ့ ခံစားချက်တွေကို ကြောက်ရွံ့မှုမရှိဘဲ ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။
⚠️ ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့်အချက်က "လွတ်လပ်ခွင့်" ဆိုတာ "ဗရမ်းဗတာ လုပ်ခွင့်" ကို ဆိုလိုတာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။
✨ တာဝန်ယူမှုရှိသော လွတ်လပ်ခွင့် ✨
စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မှာ -
🕊️ လွတ်လပ်ခွင့် (Freedom) နဲ့
⚖️ တာဝန်ယူမှု (Responsibility / Accountability) ဟာ အမြဲတမ်း တွဲလျက်ရှိပါတယ်။
📌မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ ရေးလိုက်တဲ့ စာတစ်ကြောင်းသည်
❌ သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ၊
❌ အမုန်းတရား ပွားများစေတာ (Hate Speech)
❌ ပြည်သူလူထုကို အန္တရာယ်ဖြစ်စေမယ့် သတင်းအမှား (Misinformation) တွေ မဖြစ်ဖို့ အရေးကြီးပါတယ်။
✨ ကျင့်ဝတ်နှင့် စည်းကမ်း (Ethics vs Chaos) ✨
စည်းကမ်းမရှိတဲ့ ထုတ်ဖော်မှုတွေဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုထက် ပဋိပက္ခကိုပဲ ဦးတည်စေပါတယ်။
📌 ဥပမာအားဖြင့် -
🕊️ ဒီမိုကရေစီနည်းကျ ထုတ်ဖော်မှု။
✅ အချက်အလက် ခိုင်ခိုင်လုံလုံဖြင့် ဝေဖန်ထောက်ပြခြင်း။
✅ အပြုသဘော အကြံပြုခြင်း။
✅ အတွေးအမြင်များ ဆွေးနွေးဖလှယ်ခြင်း။
❌ ဗရမ်းဗတာ ထုတ်ဖော်မှု။
🚫 ဆဲဆိုခြင်း။ 🤬
🚫 ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း။ 🗡️
🚫 အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်း 📛 တို့ဖြစ်ပါတယ်။
🕊️ ဖက်ဒရယ်စနစ်နှင့် အပြန်အလှန် လေးစားမှု ✨
ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရက "မတူကွဲပြားမှုတွေကို စုစည်းခြင်း" ဖြစ်ပါတယ်။
👂🏻 မတူညီတဲ့ အယူအဆတွေကို လက်ခံနားထောင်ပေးခြင်း၊
🤝 တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားခြင်း
🧩 မတူကွဲပြားမှုများကို လက်ခံခြင်း မှသာ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာပါ။
နိဂုံးချုပ်အနေဖြင့် မိမိတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို၊ ထိုပြောဆိုချက်တွေဟာလည်း ကျင့်ဝတ်နဲ့ တာဝန်ယူမှုအပေါ်မှာ အခြေခံရပါမယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး စည်းမဲ့ကမ်းမဲ့ ပြုမူခြင်းဟာ ဒီမိုကရေစီလမ်းကြောင်းကို နှောင့်နှေးစေရုံသာမကဘဲ လူ့အဖွဲ့အစည်းကိုလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေနိုင်ပါတယ်။
✨ "စည်းကမ်းရှိသော လွတ်လပ်ခွင့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ လှမ်းချီကြပါစို့" လို့ တိုက်တွန်းရင်း။✊🏻
#FreedomOfExpression #FederalDemocracy #FreedomOfSpeech #EthicsAndResponsibility #InformationIntegrity #Eagle_Information_Operator #EIO

👍3
📣📣 လေထုညစ်ညမ်းမှုအန္တရာယ် ကာကွယ်ရေးအတွက် အကြံပြုချက်များ
🔆 မြန်မာနိုင်ငံမြို့ကြီးအများစုတွင် နေ့အပူချိန်များမြင့်တက်လျှက်ရှိပြီး ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် လေထုအတွင်းအမှုန်အမွှားပါဝင်မှုသည် ထိခိုက်လွယ်အုပ်စုများအတွက်ကျန်းမာရေးအန္တရာယ်များကျရောက်နိုင်သည့်အခြေအနေသို့ရောက်ရှိနေပါသည်။
🔆 ကျန်းမာရေးဆိုင်ရာနောက်ဆက်တွဲအန္တရာယ်များ
လေထုထဲတွင် PM2.5ကဲ့သို့သောအမှုန်အမွှားများနှင့်လေထုညစ်ညမ်းမှုကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများဖြစ်သည့် နှာခေါင်းနှင့် လည်ချောင်းတွင် ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ ရင်ကျပ်ရောဂါ နှင့် ဓါတ်မတည့်မှုရောဂါများ ပိုမိုပြင်းထန်လာနိုင်ပါသည်။ ထို့အပြင် မျက်လုံးနီခြင်း၊ မျက်လုံးယားယံခြင်း၊ မျက်ရည်ကျခြင်းနှင့် အခြားသော ကျန်းမာရေးပြဿနာများဖြစ်သည့် ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် ကိုယ်လက် မအီမသာဖြစ်ခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။
🔆 လေထုတွင်းအမှုန်အမွှားများပါဝင်မှုနှင့်လေထုညစ်ညမ်းမှုတို့ကြောင့် နာတာရှည်ရောဂါသည်များ၊ အဆုတ်ရောဂါအခံရှိသူများ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ရုတ်တရက်နှလုံးဖောက်ခြင်း နှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်ခြေ ပိုမိုမြင့်တက်လာနိုင်သည်။ ထို့အပြင် PM 2.5 ဖုန်မှုန့်များကြောင့် အဆုတ်အတွင်း ရောင်ရမ်းမှုများ မြင့်တက်လာနိုင်ပြီး အဆုတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ တိုးပွားနိုင်ပါသည်။
🔆 ထိခိုက်လွယ်အုပ်စုများအပေါ်သက်ရောက်နိုင်ခြေ
ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများအပါအဝင် ကိုယ်ခံ အားနည်းနေသူများသည် လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးပြဿနာများ ပိုမို ဖြစ်ပွားလွယ်ပါသည်။
🔆 ကိုယ်ဝန်ဆောင်မိခင်များတွင် ကိုယ်ဝန်ဆောင်စဥ်ဖြစ်ပွားတတ်သည့်ရောဂါလက္ခဏာများပိုဆိုးနိုင်ခြင်း၊ ကိုယ်အလေးချိန်ပေါင်မပြည့်ဘဲ ကလေးမွေးဖွားခြင်း၊ အချိန်မတိုင်မီ မွေးဖွားခြင်းတို့ ဖြစ်နိုင်သည့်အပြင် ကလေးများ၏ အဆုတ်နှင့် ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုအပေါ်လည်း ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်။
🔆 အန္တရာယ်ကျရောက်နိုင်ခြေလျှော့ချရေးနည်းလမ်းများ
လေထုတွင်းအမှုန်အမွှားများပါဝင်မှုနှင့် လေထုညစ်ညမ်းမှုအန္တရာယ်က ကာကွယ်ရန်အတွက် N95 သို့မဟုတ် N99 စသည့် အရည်အသွေးကောင်းသော Maskများ အသုံးပြုတပ်ဆင်ပါ။ ဖုန်မှုန့်များ အိမ်အတွင်း ဝင်ရောက်မလာစေရန် ပြတင်းပေါက်နှင့် တံခါးပေါက်များကို သေချာစွာ ပိတ်ထားပါ။ လေသန့်စင်စက် (air purifier) တပ်ဆင်အသုံးပြုခြင်းကလည်း အိမ်အတွင်း လေထုအရည်အသွေးကို တိုးတက်စေနိုင်သည်။
🔆အထူးအားဖြင့် မနက်ပိုင်းနှင့် ညနေခင်းများတွင် လေထုအတွင်း ဖုန်မှုန့်ပါဝင်မှုအဆင့် မြင့်တက်လေ့ရှိသဖြင့် မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက လေဝင်လေထွက်ကောင်းသော နေရာများတွင် နေထိုင်ပြီး Maskကို မဖြစ်မနေ တပ်ဆင်ထားပါ။
🔆 အိမ်ပြန်လာသောအခါ မျက်နှာနှင့် လက်များကို စင်ကြယ်စွာ ဆေးကြော၍ ရေချိုးပါ။ အာဟာရပြည့်ဝသော အစားအစာများစားခြင်း၊ ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်းနှင့် လုံလောက်စွာအနားယူအိပ်စက်ခြင်းအားဖြင့် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်ပါသည်။
🔆 လေထုအတွင်း PM 2.5 ဖုန်မှုန့်ပါဝင်မှုနှင့် လေထုညစ်ညမ်းမှုပြဿနာသည် ရှောင်ရှားရန် ခက်ခဲသော်လည်း စနစ်တကျ ကာကွယ်နိုင်ပါက ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချနိုင်ပါသည်။
🔆 လေထုညစ်ညမ်းမှုနှင့်ဆက်စပ်သည့် ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် အမြန်ဆုံး သွားရောက် စစ်ဆေးကုသမှုခံယူသင့်ကြောင်း အကြံပြုအပ်ပါသည်။
Source - https://www.facebook.com/share/1K6hmmjWBr/

Facebook
Log in or sign up to view
See posts, photos and more on Facebook.
🥰1
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(၂)စီး၊ဒိုင်နာကား(၁)စီး၊စက်လက်ပါ DCကား(၁)စီးယာဥ်တန်းသည် မအူဂိတ်သို့ ဝင်ရောက်ထားကြောင်း သတင်းရရှိထားပါသည်။
Mar 28, 11:25AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #GroundInfo
မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(၂)စီး၊ဒိုင်နာကား(၁)စီး၊စက်လက်ပါ DCကား(၁)စီးယာဥ်တန်းသည် မအူဂိတ်သို့ ဝင်ရောက်ထားကြောင်း သတင်းရရှိထားပါသည်။
Mar 28, 11:25AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #GroundInfo
Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
👍1
Forwarded from EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚠️နေအပူရှိန်အောက်က စက်သုံးဆီတန်းစီခြင်း ဒုက္ခနှင့် သတိပြုရန် ဆောင်ရန်/ရှောင်ရန်များ⚠️
လက်ရှိကာလတွင် မိဘပြည်သူများအနေဖြင့် အထွေထွေအကျပ်အတည်းများကြားမှ နေ့စဉ်ဘဝရှင်သန်ရေးအတွက် စက်သုံးဆီဆိုင်များတွင် နာရီပေါင်းများစွာ ပင်ပန်းဆင်းရဲစွာ တန်းစီစောင့်ဆိုင်းနေကြရပါသည်။ တစ်ဖက်တွင်လည်း ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနှင့်အတူ မြန်မာနိုင်ငံတဝှမ်း အလွန်အမင်း ပူပြင်းသည့် အပူဒဏ်ကို ရင်ဆိုင်နေရသဖြင့် ဆီတန်းစီနေစဉ်အတွင်း ကျန်းမာရေး ထိခိုက်မှုမရှိစေရန် အထူးသတိပြုဖို့ လိုအပ်လာပါသည်။
အပူရှိန်ပြင်းပြင်းအောက်တွင် ဆီတန်းစီနေရသည့် ပြည်သူများအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)မှ စုစည်းဖော်ပြပေးလိုက်ပါသည်။
၁။ ကျန်းမာရေးအတွက် ဆောင်ရန်များ။
⚠️ရေဓာတ်ကို အလုံအလောက်ဖြည့်တင်းပါ။
အပူဒဏ်ကြောင့် ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration) မဖြစ်စေရန် ရေဗူးဆောင်ထားပါ။ ရေကို နည်းနည်းနှင့် ခပ်စိပ်စိပ် သောက်ပေးပါ။
⚠️နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။
ဖြစ်နိုင်ပါက ထီး၊ ဦးထုပ် သို့မဟုတ် လက်ရှည်အင်္ကျီများ ဝတ်ဆင်ပါ။ မျက်မှန်အမည်း တပ်ဆင်ခြင်းကလည်း မျက်စိပင်ပန်းမှုကို လျော့ကျစေပါသည်။
⚠️အာဟာရဖြစ်စေမည့် အစားအစာ စားပါ။
ဗိုက်ဟောင်းလောင်းဖြင့် နေပူထဲ တန်းစီခြင်းက သွေးပေါင်ကျခြင်းနှင့် မူးဝေခြင်းကို ဖြစ်စေနိုင်သဖြင့် အစာအနည်းငယ် စားထားသင့်ပါသည်။ ဓာတ်ဆားထုတ်များ ဆောင်ထားခြင်းက ပို၍ကောင်းမွန်ပါသည်။
⚠️အရိပ်ရမည့်နေရာကို ရှာဖွေပါ။
မိမိအလှည့်မရောက်မီ စောင့်ဆိုင်းနေစဉ်အတွင်း ဆိုင်ကယ်/ကားပေါ်တွင် အမြဲမနေဘဲ အနီးအနားရှိ အဆောက်အအုံရိပ် သို့မဟုတ် သစ်ပင်ရိပ်များတွင် ခေတ္တနားခိုပါ။
၂။ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရှောင်ရန်များ။
🚨ကားအတွင်း ကလေးနှင့် သက်ကြီးရွယ်အိုများကို တစ်ဦးတည်း မထားခဲ့ပါနှင့်။
အပြင်ဘက်ထက် ကားအတွင်းပိုင်း အပူချိန်သည် မိနစ်ပိုင်းအတွင်း အဆမတန် မြင့်တက်လာနိုင်သဖြင့် အသက်အန္တရာယ်အထိ စိုးရိမ်ရပါသည်။
🚨အပူဒဏ်ကြောင့် စိတ်တိုဒေါသထွက်ခြင်းကို ထိန်းချုပ်ပါ။
အပူရှိန်ကြောင့် လူတိုင်း စိတ်ဖိစီးမှု များနေနိုင်ပါသည်။ အချင်းချင်း နားလည်မှုပေးခြင်းဖြင့် ခိုက်ရန်ဖြစ်ပွားမှုများကို ရှောင်ကြဉ်ပါ။
🚨မူးဝေခြင်း၊ ပျို့အန်ခြင်းရှိပါက ချက်ချင်းနားပါ။
အပူလျှပ်ခြင်း (Heatstroke) လက္ခဏာများဖြစ်သည့် ခေါင်းကိုက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ရင်တုန်ခြင်းများ ခံစားရပါက ချက်ချင်း အရိပ်ထဲသို့သွား၍ အကူအညီတောင်းခံပါ။
၃။ စက်သုံးဆီနှင့် ပတ်သက်၍ သတိပြုရန်။
⚠️မီးဘေးအန္တရာယ် သတိပြုပါ
ဆီတန်းစီနေစဉ်အတွင်း ဆေးလိပ်သောက်ခြင်း၊ ဖုန်းအလွန်အကျွံသုံးစွဲခြင်းနှင့် အင်ဂျင်အပူလွန်ကဲနေသည့် အခြေအနေများကို ဂရုစိုက်ပါ။
⚠️ပလတ်စတစ်ဗူးများဖြင့် ဆီဝယ်ယူခြင်း။
ပူပြင်းသည့် နေရောင်အောက်တွင် ပလတ်စတစ်ဗူးအတွင်း ဆီထည့်ထားခြင်းသည် အန္တရာယ်ရှိနိုင်သဖြင့် အရိပ်ရသည့်နေရာတွင်သာ ထားရှိပါ။
ခက်ခဲကြမ်းတမ်းသော ကာလကို ဖြတ်သန်းနေရသည့် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီကြကာ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဤအကျပ်အတည်းကို ကျော်လွှားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။
#EIO #Eagle_Information_Operator #PublicSafety #FuelCrisis #WhatsHappeningInMyanmar

⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(၂)စီး၊ဒိုင်နာကား(၁)စီး၊စက်လက်ပါ DCကား(၁)စီးယာဥ်တန်းသည် မအူဂိတ်သို့ ဝင်ရောက်ထားကြောင်း သတင်းရရှိထားပါသည်။ Mar 28, 11:25AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉…
⚜️ #EIO_Update_News
မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(၂)စီး၊ဒိုင်နာကား(၁)စီး၊စက်လက်ပါ DCကား(၁)စီးယာဥ်တန်းသည် မအူဂိတ်မှ မုံရွာမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
Mar 28, 11:42AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #GroundInfo
မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(၂)စီး၊ဒိုင်နာကား(၁)စီး၊စက်လက်ပါ DCကား(၁)စီးယာဥ်တန်းသည် မအူဂိတ်မှ မုံရွာမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။
Mar 28, 11:42AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
#EIO #GroundInfo
Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
#NoNeedDictator
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
#RejectOfMilitary
#Eagle_Information_Operator
သတင်းပေးပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.facebook.com/eagleinformation
❤1👍1
⚜️ #EIO_Update_News
စခသံပြားကာကား(၃)စီးသည် ဗိုလ်ချုပ်လမ်းအတိုင်း မြောက်အရပ်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။
Mar 28, 11:49AM

"သတင်းသမားစစ်စစ် ဖြစ်ပေးကြပါ / စစ်ဆေးပေးကြပါ" (အတွေးအမြင်)
အခုလထဲ သတင်းမီဒီယာအမည်ခံ၊ သတင်းသမားအမည်ခံတချို့ကြောင့် “မင်းတို့ သတင်းမီဒီယာတွေ၊ သတင်းသမားတွေ” ဆိုပြီး ဝါးလုံး မစင်သုပ်အရမ်းခံရတဲ့အဖြစ် ဆက်တိုက်ကြုံနေရတယ်။ ဒီလိုရမ်းကားခံရရင် ဂျာနယ်လစ်အလုပ်၊ သတင်းစာ၊ သတင်းသမားအလုပ်ကို ပရော်ဖက်ရှင်နယ်လုပ်နေကြသူတွေ ဘယ်လောက်နာတယ်ဆိုတာ ခံစားရသူအသိဆုံး။
ပြီးခဲ့တဲ့ရက်က ထိုင်းမှာ ဧရာဝတီလင်းပိုင်တွေ တွေ့တဲ့ကိစ္စမှာ တတ်ကျွမ်းနားလည်သူတစ်ဦးက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ သေချာရှင်းပြပေးသွားရင်း တစ်နေရာအရောက်မှာ သတင်းတစ်ပုဒ်ကို ဥပမာပြပြီး “ ဒီလို သတင်းရေးမယ်ဆိုရင်လည်း နည်းနည်းလေး အရင်လေ့လာပြီးမှ လုပ်စေချင်တယ်။” လို့ ပြောသွားတာကြားလိုက်ရတော့ စိတ်ထဲ ကျွဲမြီးတို မိတယ်။
သူကတော့ သတင်းမီဒီယာ၊ သတင်းထောက်ရယ်လို့ ပြောသွားတာမဟုတ်ပေမယ့် သတင်းရေးခြင်းဆိုတာ ကြားလိုက်ရတော့ သတင်းအလုပ်လုပ်တဲ့ ကိုယ်တွေကိုပြောသလို ခံစားမိလိုက်ရတယ်။ နေ့စဉ်ဝင်ကြည့်ဖြစ်တဲ့ သတင်းဌာနတွေမှာ လင်းပိုင်နဲ့ပတ်သက်ပြီး ဘယ်လိုဖော်ပြကြသလဲဆိုတာ လိုက်ကြည့်မိတယ်။
သူပြသွားတဲ့ပုံစံမျိုးဖော်ပြတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုတွေ့တယ်။ သတင်းဌာနမဟုတ်ဘူး။ လူကြိုက်မယ်ထင်တဲ့အကြောင်းအရာတွေကို စုစည်းပြီး သတင်းပုံစံမျိုးတင်ဆက်နေတဲ့ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု။ သတင်းတွေကို ရေးသားတင်ဆက်ထားတဲ့ ပုံစံမျိုးလည်း မဟုတ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် အထက်ပါပုဂ္ဂိုလ်ပြောသွားတဲ့အထဲမှာ “ဒီလို သတင်းရေးမယ်ဆိုရင်လည်း နည်းနည်းလေး အရင်လေ့လာပြီးမှ လုပ်စေချင်တယ်” ဆိုတာကို ကြားလိုက်ရတဲ့အခါ သတင်းသမားတွေ ကြုံသလိုရေးနေကြတယ်၊ သတင်းသမားတွေ အလကားပဲဆိုတာမျိုး ပရိသတ်ကဘာသာပြန်သွားမှာ အတော်စိတ်ပူသွားတယ်။
အဲဒါနဲ့ မရှေးမနှောင်းပဲ မြို့တစ်မြို့မှာဖြစ်နေတဲ့ ယာဉ်တိုက်မှု၊ ဖမ်းဆီးမှုတွေကို ဓာတ်ပုံရိုက်၊ ရုပ်သံရိုက်၊ ဝါကျ လေးငါးကြောင်းလောက်ရေးပြီး နေ့စဉ်ပို့စ်တင်နေသူတစ်ဦးက သူ့ကိုယ်သူ “အလွတ်တန်းသတင်းထောက်” လို့ ခပ်တည်တည်နဲ့ အမည်ခံလိုက်တာကို မြင်လိုက်ရတဲ့အခါ မျက်လုံးပြူးသွားရတယ်။
၂၀၁၅ ဝန်းကျင်လောက်က Citizen Journalist (CJ) နဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ဟောပြောသူကို မေးခွန်းတစ်ခုမေးဖူးတယ်။ သတင်းအရင်းအမြစ်၊ သတင်းပေးသူနဲ့ CJ ဘာကွာလဲ၊ ဘယ်အချိန်မှာ CJ ဖြစ်ပြီး ဘယ်အချိန်မှာဂျာနယ်လစ်ဖြစ်လဲလို့ မေးဖူးတယ်။ အဖြေမရခဲ့ဘူး။
သတင်းဌာနတစ်ခုကထုတ်တဲ့ CJ လက်စွဲဆိုတဲ့စာအုပ်ကို ဖတ်ဖူးတယ်။ စကားလုံးကို မြန်မာလို ဘာသာပြန်ထားတဲ့ အဓိပ္ပါယ်အပေါ်မှာ လိုရာဆွဲရေးထားတဲ့အလွဲတွေ တော်တော်များတယ်။ အဲဒီစာအုပ်ဖတ်ကြည့်တော့ CJ တွေသာ တကယ့်ပြည်သူ့ သတင်းသမားတွေဖြစ်ပြီး ရုံးခန်းထဲမှာ သတင်းတွေရေးသား/တည်းဖြတ်နေသူတွေဟာ ဘာမှသုံးမရတော့တဲ့ သတင်းသမားဘဝ ရောက်သွားတယ်။
CJ ကို သတင်းသမား၊ သတင်းစာဆရာ၊ ဂျာနယ်လစ်လို့ သတင်းသမားတချို့နဲ့ သတင်းဌာနတချို့က ယူဆနေမှတော့ နေ့စဉ်မြင်သမျှ ဖြစ်ရပ်တွေကို ဓာတ်ပုံရိုက်၊ ပို့စ်တင်နေသူ သာမန်ပြည်သူက သူ့ဘာသာ အလွတ်တန်းသတင်းထောက်လို့ အထင်ရှိသွားတာလည်း မလွန်ဘူးလို့ ဆိုရမှာပဲ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပုံနှိပ်သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်တွေ ပျောက်ကုန်ကြတယ်။ အွန်လိုင်း သတင်းဌာနတွေ အပြိုင်းအရိုင်းပေါ်လာကြတယ်။ တချို့ပုံနှိပ်သတင်းမီဒီယာတချို့ဟာ အွန်လိုင်းသတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်ကြသလို တချို့ကလည်း ပျောက်သွားကြတယ်။ သတင်းသမားတွေဆိုရင်လည်း တချို့ က အလုပ်နားလိုက်ကြတယ်။ တချို့က သတင်းအလုပ်နဲ့ဆက်သွားကြတယ်။
အွန်လိုင်းသတင်းမီဒီယာတွေ အများအပြားပေါ်လာတဲ့အခါ သတင်းမီဒီယာစံနူန်းတွေနဲ့ တင်ဆက်ကြတဲ့ သတင်းဌာနတွေရှိသလို တချို့ကလည်း ပြောင်းလဲသွားတဲ့ခေတ်နဲ့အညီ သတင်းမီဒီယာစံနူန်းတွေထက် ကိုယ့်ရပ်တည်ရေးအတွက် ဦးစားပေးလုပ်ကြတာတွေ များလာကြတယ်။
ထို့နည်းတူပဲ သတင်းသမားအဖြစ် ခိုင်ခိုင်မာမာဆက်လက်ရပ်တည်နေကြတဲ့သူတွေရှိသလို စစ်တပ်အာဏာသိမ်းမှုအလွန်မှာ တော်လှန်ရေးထဲ၊ နိုင်ငံရေးထဲ ရောက်သွားကြတာတွေ ရှိတယ်။
ဒီအထဲမှာ တချို့ဟာ သတင်းသမားအလုပ်ကို စွန့်လွှတ်ပြီး ပြတ်ပြတ်သားသား သူပုန်လုပ်သွားကြတယ်။ တချို့ ကလည်း သတင်းသမားဘဝကိုစွန့်ပြီး ထောက်ပို့အလုပ်တွေလုပ်ရင်း တော်လှန်ရေးကို လက်တွေ့ကျကျ ဝိုင်းကူကြတယ်။
ဒါပေမဲ့ သတင်းသမားတချို့ကျတော့ နိုင်ငံရေးသမားလား၊ သူပုန်လား၊ သတင်းသမားလား၊ လူ့အခွင့်အရေး သမားလား၊ တက်ကြွလှုပ်ရှားသူလားဆိုတာ မသဲကွဲဘူး။ ဘာကြောင့်ဆို အဲဒီသူတွေဟာ အရင်က သတင်းသမားလုပ်ခဲ့လေတော့ သတင်းသမားအမည်ခံပြီး (အထင်ခံရတာရှိတယ်၊ တချို့က တမင်သတင်းသမားအရေခြုံပြီး) နိုင်ငံရေးလိုလို၊ လူ့အခွင့်ရေးလိုလို၊ ပရဟိတလိုလိုနဲ့ သတင်းလောကထဲကို ဝင်ချီထွက်ချီလုပ်နေတတ်လို့။
အဖွဲ့အစည်းတစ်ခုရဲ့ ဝါဒဖြန့်ဆိုလည်း ဝါဒဖြန့်အနေနဲ့ ပြတ်ပြတ်သားသားလုပ်လိုက်သင့်တယ်။ ပရဟိတလုပ်မယ်၊ ငွေရှာမယ်ဆိုလည်း ပြတ်ပြတ်သားသား ရပ်တည်လိုက်တာကောင်းမယ်။ ဂျာနယ်လစ်လို့ အမည်ခံထားရင်လည်း သတင်းသမားစစ်စစ်အဖြစ်ရပ်တည်လိုက်တာ ပိုကောင်းတယ်။

နိုင်ငံရေးဆိုတာ လူတိုင်းနဲ့ဆက်စပ်တယ်ဆိုပေမယ့် သတင်းသမားဟာ သတင်းစာအလုပ်၊ ဂျာနယ်လစ်ဇင်အလုပ်အပြင် နိုင်ငံရေးလုပ်တာ၊ တော်လှန်ရေးလုပ်တာ၊ လက်နက်ကိုင်တာမျိုးတော့ မသင့်တော်ဘူးလို့ မြင်တယ်။
အခုအချိန်မှာ ကျင့်ဝတ်တွေအရေးမကြီးဘူး၊ ငါတို့လုပ်ချင်တာလုပ်မယ်ဆိုရင် မြန်မာသတင်းမီဒီယာအပေါ်၊ မြန်မာသတင်းသမားတွေပေါ်မှာ စာဖတ်သူတွေက မေးခွန်းထုတ်စရာ ဖြစ်လာပါလိမ့်မယ်။ ပြည်သူယုံကြည်အားကိုးရတဲ့ သတင်းမီဒီယာဆိုတာ ပျောက်ဆုံးသွားလိမ့်မယ်။
အခုလိုပြောရင် သတင်းသမားတချို့က မင်းဘယ်လောက်သတင်းရေးဖူးလဲ၊ မင်းက သတင်းလုပ်သက် ဘယ်လောက်ရှိလို့လဲ၊ သတင်းစာဆရာကြီး ဘယ်သူ့ကိုသိလား ဆိုတာမျိုး တလွဲဆံပင်ကောက် ရန်ထောင်တတ်တယ်။ တကယ်က လုပ်သက်တွေ၊ အတွေ့အကြုံတွေထက် လက်ရှိလုပ်ရပ်နဲ့ ခံယူချက်ကသာ အရေးကြီးတယ်။
မျိုးစုံသော တော်လှန်ရေးအဖွဲ့အစည်းတွေမှာ သတင်းသမားတချို့ ဝိုင်းကူလုပ်ပေးကြတဲ့အခါ သတင်းခန်းတွေမှာ လုပ်နေကြတဲ့ သတင်းသမားတွေ ကြုံရတဲ့အဖြစ်တစ်ခုရှိတယ်။ အဲဒါက တော်လှန်ရေးသမားတချို့က သတင်းထောက်တွေကို မင်းတို့က တော်လှန်ရေးဘက်က မရပ်တည်ကြဘူးလား၊ တော်လှန်ရေးမလုပ်ကြဘူးလားလို့ မကြာခဏ မေးခွန်းထုတ်ခံရတယ်။
ဒီထက်ဆိုးတာက တော်လှန်ရေးအင်အားစုတွေကြားက မတရားမှုတွေကို ဖော်ထုတ်ရေးသားလိုက်ရင် မင်းတို့သတင်းမီဒီယာတွေက တော်လှန်ရေးကို အရှိန်ပျက်အောင်လုပ်တယ်၊ မင်းတို့တွေ အချင်းချင်းကြား သွေးခွဲတယ်၊ မင်းတို့တွေ တော်လှန်ရေးဘက်တော်သားတွေ မဟုတ်ဘူးလား၊ စစ်တပ်ရဲ့ ဒလန်တွေလားဆိုတဲ့အထိ မေးခွန်းထုတ် စွပ်စွဲခံရတယ်။
ဒီလိုမေးတဲ့သူတွေဟာ သတင်းမီဒီယာရဲ့သဘော၊ သဘာဝကို သေချာမသိလို့ ဆိုပြီး နားလည်ပေးနိုင်တယ်။ ဒါပေမဲ့ တတ်သိနားလည်တဲ့ သတင်းသမားတွေက သတင်းသမားကျင့်ဝတ်တွေကို ချိုးဖောက်နေတာမျိုးကို ဆင်ခြင်ဖို့ ကောင်းတယ်။ သတင်းသမားတွေရဲ့ သဘောသဘာဝကို ကိုယ်တိုင်ကတောင် ဝေမျှပေးဖို့ကောင်းတယ်။
သတင်းဌာနလား၊ အဖွဲ့အစည်းတစ်ခုရဲ့ ဝါဒဖြန့်မီဒီယာလား၊ ကိုယ့်အကျိုးစီးပွားအတွက် ကြိုးပမ်းအားထုတ်နေတဲ့ မီဒီယာလားဆိုတာ ရောထွေးနေတဲ့ အခုလိုကာလမှာ သတင်းသမားတွေဟာ သတင်းသမားပီသဖို့ ပိုပြီးလိုအပ်လာတယ်။
တစ်ဖက်မှာလည်း သတင်းသမားလုပ်ခဲ့ဖူးရုံ၊ သတင်းသမားအဖြစ်အမည်ခံထားရုံနဲ့ သတင်းသမား၊ သတင်း မီဒီယာမဟုတ်ဘူးဆိုတာ သူတို့ရဲ့လုပ်ရပ်တွေကို ကြည့်ပြီး စာဖတ်ပရိသတ်တွေအနေနဲ့ စစ်ဆေးအကဲဖြတ်နိုင်တယ်။ ဘယ်လိုပင် မေတ္တာရှင်လို့ ခံယူထားသော်လည်း စေတနာတစ်စက်မှ မရှိတဲ့ လုပ်ရပ်တွေကို ကြည့်ခြင်းဖြင့် မေတ္တာရှင် မဟုတ်ဘူးဆိုတာ အလွယ်တကူသိနိုင်သလိုမျိုး။
သတင်းသမားတွေမှာ သတင်းရေးသားဖော်ပြပုံ၊ ဆောင်းပါးရေးသားတင်ဆက်ပုံ နည်းနာတွေရှိတယ်။ သတင်းလား၊ ဆောင်းပါးလား၊ အတွေးအမြင်လား၊ အင်တာဗျူးလားစသဖြင့် သူ့အင်္ဂါရပ်နဲ့သူ၊ သူ့တင်ဆက်မှုနဲ့သူ၊ ရေးသားရတာရှိတယ်၊ လိုက်နာရတာတွေရှိတယ်၊ တာဝန်ခံရတာတွေရှိတယ်။
အချက်အလက် စိစစ်ရတာတွေရှိတယ်၊ ဖြစ်လာနိုင်မယ့် အကျိုးဆက်ကို ထည့်သွင်းစဉ်းစားရတာရှိတယ်၊ ဆောင်ရန်၊ ရှောင်ရန် ကျင့်ဝတ်တွေရှိတယ်၊ ဘက်လိုက်မှုကင်းတယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတာရှိတယ်၊ လိုအပ်လို့ ပြင်ဆင်ရမယ့် အမှားပြင်ဆင်မှုတွေအတွက် သူတို့မှာ မူဝါဒတွေရှိတယ်။ ပြင်ဆင်ချက်မပေးနိုင်ဘူးဆိုရင်လည်း သူတို့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိတယ်။
ဒီလိုစံနူန်းတွေနဲ့ မညီညွတ်ဘူးဆိုရင်တော့ သတင်းမီဒီယာလို့ ဘယ်လိုပဲ ခေါင်းစဉ်တပ်တပ်၊ သတင်းသမားရယ်လို့ ဘယ်လိုပဲအမည်ခံခံ သတင်းမီဒီယာ၊ သတင်းသမားမဟုတ်ဘူးဆိုတာ ပြည်သူတွေအနေနဲ့ စစ်ဆေးကြည့်ရှု ချင့်ချိန် ယုံကြည်ကြပါ၊ ဝေဖန်ထောက်ပြကြပါ။
သတင်းသမားလို့ခံယူထားသူတွေကလည်း ကိုယ့်ကြောင့် တခြားသောသတင်းသမားတွေ ဝါးလုံးမစင်သုတ် အရမ်းခံရတာမျိုးမဖြစ်စေအောင် ကိုယ့်ရဲ့ပရော်ဖက်ရှင်နယ်ကို တန်ဖိုးထားပြီး သတင်းသမားစစ်စစ်ဖြစ်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
မဏ္ဍိုင်၊ ဇန်နဝါရီ ၂၃၊ ၂၀၂၆။ လင်းဇေ ရေးသားမှုအား ကူးယူ၍ ပြန်လည်ဖော်ပြခြင်းဖြစ်ပါသည်။
#မီဒီယာ #အမည်ခံ #သတင်းသမား #CJ #ချင့်ချိန်

“ဓားသွားထက် ထက်သောစကားများ”
🔹လူသာ
လောကမှာ စကားလုံးတွေဟာ တစ်ခါတလေ ဓားသွားထက် ပိုထက်တတ်ကြပါတယ်။ ကျွန်တော် စကားဝိုင်းတစ်ခုမှာ မတော်တဆ ကြားလိုက်ရတဲ့ "ဘာအခြေအမြစ်မှ မရှိတဲ့သူတွေ" ဆိုတဲ့ စကားတစ်ခွန်းက ရင်ဘတ်ထဲကို နင့်ခနဲ ဖြစ်သွားစေခဲ့တယ်။ သူကတော့ ဘာရယ်မဟုတ်ဘဲ ခပ်လွယ်လွယ် ပြောလိုက်ပေမယ့် ဒီစကားကို ကြားလိုက်ရတဲ့ ကျွန်တော့်အတွက်ကတော့ ဝမ်းနည်းရုံတင်မကဘဲ စိတ်ထဲမှာ အထပ်ထပ်အခါခါ ကြားယောင်နေမိခဲ့ပါတယ်။
တကယ်ပဲ ကျွန်တော်တို့ဟာ အခြေအမြစ်မရှိတော့တဲ့ သူတွေ လားပေါ့။
"အခြေ" ဆိုတာ ဘာလဲ”
လူတစ်ယောက်အတွက် အခြေဆိုတာ သူဖြတ်သန်းခဲ့တဲ့ ပတ်ဝန်းကျင်၊ ပညာရေး၊ သူတည်ဆောက်ခဲ့တဲ့ ရာထူးဌာနန္တရ၊ သူရရှိနေတဲ့ လစာနဲ့ တည်ငြိမ်တဲ့ လူမှုစီးပွားဘဝကို ဆိုလိုတယ် ဆိုရင်တော့ ဟုတ်ပါတယ် CDM တွေဟာ အဲ့ဒီအခြေတွေကို ရိုက်ချိုးပြီးသားသူတွေပါ။ တကယ်တော့ ကျွန်တော်တို့ စွန့်လွှတ်ခဲ့ရတဲ့ "အခြေ" တွေဆိုတာ ဒါတွေပါပဲ။
• ဆရာဝန်တစ်ယောက်အတွက် - သူအသက်ပေးကယ်တင်မှု လုပ်ဆောင်ရာ "ဆေးရုံ" ဟာ အခြေဖြစ်ခဲ့ပါတယ်။
• ကျောင်းဆရာမတစ်ယောက်အတွက် - အနာဂတ်တွေကို ပုံဖော်ပေးရာ "စာသင်ခန်း" ဟာ အခြေ ဖြစ်ခဲ့ပါတယ်။
• စစ်သားတစ်ယောက်အတွက် - သူ့ရဲ့ဂုဏ်သိက္ခာနဲ့ ရပိုင်ခွင့်တွေရှိရာ "တပ်ရင်းတပ်ဖွဲ့နဲ့ ရာထူး" ဟာ အခြေဖြစ်ခဲ့ပါတယ်။
• ကျောင်းသားတစ်ယောက်အတွက် - သူ့ရဲ့လှပတဲ့အိပ်မက်တွေနဲ့ "ဘွဲ့လက်မှတ်" တွေဟာ အခြေ ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒီအခြေတွေကို ဘာကြောင့် စွန့်လွှတ်ခဲ့သလဲဆိုတဲ့ "အမြစ်" ကိုတော့ မေ့ထားလို့ မရပါဘူးခင်ဗျာ။ အဲ့ဒီအခြေတွေကို စွန့်လွှတ်ပြီး မြေပြင်မှာ ဖုန်တထောင်းထောင်း၊ ကျည်ဆန်တွေကြားထဲ ဘဝကို ပုံအောလိုက်ရတဲ့ အကြောင်းရင်းကတော့ "အမှန်တရား" ဆိုတဲ့ အမြစ်တစ်ခုတည်းကြောင့် ဖြစ်ပါတယ်။
"အခြေအမြစ်မရှိသူတွေ" လို့ သတ်မှတ်နေကြတဲ့အပေါ် ကျွန်တော် ဒီလိုပြန်ပြီး မေးခွန်းထုတ်ချင်ပါတယ်။
• အလုပ်အကိုင်နဲ့ ရာထူးတွေ မရှိတော့လို့ အခြေမရှိဘူးလို့ ဆိုလိုတာလား၊
• ပညာသင်ဆုတွေနဲ့ အနာဂတ်အခွင့်အရေးတွေ ဆုံးရှုံးသွားလို့ အခြေမရှိဘူးလို့ ပြောတာလား၊
• မိသားစုနဲ့ ဝေးကွာပြီး တောထဲတောင်ထဲမှာ ဘဝကို ရင်းနေရလို့ အခြေမရှိဘူးလို့ မြင်တာလား၊
• အာဏာရှင်ရဲ့ လက်အောက်မှာ အခွင့်အရေး မယူဘဲ ရုန်းကန်နေရလို့ အခြေမရှိဘူးလို့ သတ်မှတ်တာလား။
တကယ်တော့ CDM တွေဟာ ဒီတော်လှန်ရေးရဲ့ အခိုင်မာဆုံးသော အုတ်မြစ်တွေပါ။ သူတို့သာ အခြေအမြစ်မရှိတဲ့သူတွေဆိုရင် ဒီတော်လှန်ရေးဟာ ဒီလောက်အထိ ကြာရှည်ခံမှာ မဟုတ်သလို၊ ဒီလောက်ထိလည်း သန့်စင်နေမှာ မဟုတ်ပါဘူး။
သူတို့မှာရှိတဲ့ အမြစ်က သာမန်လူတွေ မြင်နိုင်တဲ့ မြေပြင်ပေါ်က အပင်စည်ပိုင်းလို မဟုတ်ဘဲ ရင်ဘတ်ထဲက နက်ရှိုင်းတဲ့ ယုံကြည်ချက် အမြစ်တွေဖြစ်နေလို့ အပေါ်ယံကြည့်သူတွေ မမြင်နိုင်တာလည်း ဖြစ်နိုင်ပါတယ်။
"အမြစ်" ဆိုတာ ဘာလဲ။
CDM တစ်ယောက်ရဲ့ အမြစ်ဆိုတာ "အမှန်တရား" ပါ။ မတရားမှုကို လက်မခံချင်တဲ့ စိတ်ဓာတ်၊ နောင်လာနောက်သားတွေအတွက် ကောင်းမွန်တဲ့ စနစ်တစ်ခု ချန်ထားပေးချင်တဲ့ စေတနာ၊ ဒါတွေဟာ သူတို့ဘဝကို မြေမှာ ခိုင်ခိုင်မာမာ စွဲမြဲထားစေတဲ့ အမြစ်တွေပဲ ဖြစ်ပါတယ်။
ဘဝရဲ့ အသီးအပွင့်တွေကို စွန့်လွှတ်ပြီး အမြစ်ကိုပဲ သစ္စာရှိရှိ ဆုပ်ကိုင်ထားကြတဲ့သူတွေကိုမှ "အခြေအမြစ်မရှိသူတွေ" လို့ သတ်မှတ်ကြမယ်ဆိုရင် ဒီကမ္ဘာမှာ တန်ဖိုးထားခြင်းဆိုတာ ဘာလဲလို့ ပြန်ပြီး မေးခွန်းထုတ်ရပါလိမ့်မယ်။
ဘဝတစ်ခုကို သုညကနေ ပြန်စဖို့ဆိုတာ ပြောသလောက် မလွယ်ကူခဲ့ပါဘူး။ တိုက်ပွဲဝင်နေတဲ့ ကာလတစ်လျှောက်လုံးမှာ အငတ်ဘေး၊ အန္တရာယ်၊ ကဲ့ရဲ့ရှုံ့ချမှုနဲ့ လျစ်လျူရှုခံရမှုတွေကို ရင်ဆိုင်ရင်း သူတို့ ဆုပ်ကိုင်ထားတဲ့ တစ်ခုတည်းသော အမြစ်ကတော့ "လူပီသမှု" ပါပဲ။
"အခြေအမြစ်မရှိသူတွေ" လို့ ကင်ပွန်းတပ်ခံရတဲ့အခါ ဝမ်းနည်းမိပါတယ်။ ဒါပေမဲ့ အဲ့ဒီဝမ်းနည်းမှုကနေပဲ ပိုပြီး ခိုင်မာတဲ့ မေးခွန်းတစ်ခုကို ဖြစ်လာစေပါတယ်။ "အမှန်တရားအတွက် အရာအားလုံးကို ရင်းဝံ့တဲ့ စိတ်ဓာတ်ထက် ပိုခိုင်မာတဲ့ အခြေအမြစ်ဆိုတာ ဒီလောကမှာ ရှိဦးမလား" ဆိုတာပါပဲ။
ကျွန်တော်တို့ဟာ အမြစ်မရှိသူတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အမှန်တရားဆိုတဲ့ မြေဆီလွှာမှာ ကိုယ့်ဘဝကို အမြစ်တွယ်ပြီး တော်လှန်ရေးကို ထောက်တိုင်လုပ်ပေးထားတဲ့ "လူသားစံနှုန်း" တွေသာ ဖြစ်ပါတယ်။
[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]
#People's Goal

🫡2
⚜️ #EIO_Update_News
ချောင်းဦးနယ် ကင်မွန်းတော်ပျူရွာမှ စခပခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။
Mar 28, 1:25PM