EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
"အငတ်ပြဿနာ"

ကားတွေကဆီငတ်သလို
လူတွေရဲ့အသက်ဓါတ်က
တရားမျှတမှုကိုငတ်တယ်..

ကားတွေက
ပေးသမျှလက်ဝေခံဆီတောင်းသလို
လူတွေက
ဓမ္မကိုလက်ဝေခံမတောင်း
အဓမ္မကိုမောင်းထုတ်ပြီးအပိုင်သိမ်း
ငြိမ်းချမ်းမှအဆာပြေမယ်...

မောင်စိန်ဝင်း (ပုတီးကုန်း)
27/3/26
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊မအူဂိတ်မှ စခကင်းများသည် မအူရွာတွင်းသို့ ဝင်ရောက်၍ ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။ Mar 27, 2:31PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http:…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊မအူဂိတ်မှ စခကင်းများသည် မအူရွာတွင်းသို့ ဝင်ရောက်၍ ကင်းပတ်ပြီး မအူဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

Mar 27, 3:39PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
"မတ်လ (၂၇) နဲ့ ပုန်းတမ်းကစားပွဲ (သို့မဟုတ်) ကာချုပ်သက်တမ်းနောက်ဆုံးခရီး"

"ကာ" တတ်တဲ့ ပညာ

မြို့ထဲမှာ ဂိတ်တွေကလည်း များလိုက်တာမှ လမ်းမမြင်ရတော့ဘူး။ စစ်ဆေးရေးဂိတ်ဆိုတာထက် "ခံတပ်ပြိုင်ပွဲ" လုပ်နေသလား အောက်မေ့ရတယ်။ သဲအိတ်တွေကလည်း လူတစ်ရပ်ကျော်၊ သံဆူးကြိုးတွေကလည်း ပိုက်ကွန်ပစ်ထားသလားမှတ်ရတယ်။ ဒါတင်မကသေးဘူး၊ မြို့အဝင်မှာ "ကာ"၊ လမ်းထိပ်မှာ "ကာ"၊ နောက်ဆုံး စခန်းထဲမှာတောင် အိပ်ယာဘေးကို သဲအိတ်နဲ့ ထပ် "ကာ" နေရတဲ့အဖြစ်။😆

"သက်တော်စောင့်လား၊ သက်ပျောက်စောင့်လား"

အကြမ်းဖက်ခေါင်းဆောင်ကြီးက "နောက်ဆုံးခရီး" ဆိုတဲ့ စကားလုံးကြားတာနဲ့တင် ချွေးပြန်နေပြီ။ လုံခြုံရေးယူပေးရတဲ့ ကျွန်တွေကလည်း "လာရင် ငါ့အရင်ထိမှာလား" ဆိုတဲ့မျက်နှာပေးနဲ့။ တစ်ဖက်ကကြည့်ရင်လည်း ဂိတ်တွေ၊ စခန်းတွေကို အခိုင်အမာ ကာထားတာက အလုပ်ခံမှာကို ကာတာထက် "ငါတို့ ဒီထဲမှာရှိတယ်နော်၊ လာမလုပ်နဲ့ဦး" လို့ တောင်းပန်တိုးလျှိုးပြီး ပုန်းနေတဲ့ပုံစံပေါက်နေတာပဲ။🤣🤣🤣

"အကာအကွယ်လွန်ကဲမှု ရောဂါ"

ခေတ်သစ်ဗျူဟာကတော့ အတော်ဆန်းတယ်။
လမ်းသွားလမ်းလာကို ကြည့်ရင် "စစ်ဆေးမယ်" (ကြောက်လို့)။
ငှက်ပျံသွားရင် "ဒရုန်းလား" (လန့်လို့)။
ရှဉ့်ပြေးသွားရင် "ကင်းထောက်လား" (ထင်ယောင်ထင်မှားဖြစ်လို့)။😂

နောက်ဆုံးတော့ မြို့တွေ၊ လမ်းတွေ၊ စခန်းတွေကို အထပ်ထပ် "ကာ" ရင်းနဲ့ မိမိကိုယ်မိမိလည်း အပြင်မထွက်ရဲတဲ့ "သံတိုင်မပါတဲ့ ထောင်" ထဲမှာ ပိတ်မိနေသလိုပါပဲ။ မတ်လ ၂၇ ဆိုတာ ဂုဏ်ပြုခံရမယ့်နေ့ထက် "ဘယ်အချိန် အလုပ်ခံရမလဲ" ဆိုပြီး ဗေဒင်မေးမေးပြီး ယတြာချေနေရတဲ့နေ့ ဖြစ်နေရှာတယ်။😆

"ကာ" တာမှ အကုန် "ကာ" တယ်၊ နောက်ဆုံး မျက်နှာကိုတောင် အောက်ကနေ မော့မကြည့်ရဲအောင် 'ကာ' ထားရတဲ့ဘဝ။ 🫢

၂၇ ရက်နေ့က 'စစ်ရေးပြ' တာလား၊ 'ပုန်းရေးပြ' တာလား ဝေခွဲမရတော့ဘူး။
ဘယ်လောက်ပဲ ကာကာ... လူထုရဲ့ 'မေတ္တာ' ကတော့ ဘယ်တော့မှ ရမှာမဟုတ်ပါ။

#TheFinalParade (Double meaning intended)
#ParadeOrHideAndSeek
#ScaredToStepOut
#SecurityBlanketOrSandbags
#HeavyIsTheHeadThatHides
#March27RealityCheck
#WhatsHappeningInMyanmar
#MyanmarSpringRevolution
#FreedomFromFear
#VoicesOfMyanmar
"မတ်လ (၂၇) နဲ့ ပုန်းတမ်းကစားပွဲ (သို့မဟုတ်) ကာချုပ်သက်တမ်းနောက်ဆုံးခရီး"
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «"မတ်လ (၂၇) နဲ့ ပုန်းတမ်းကစားပွဲ (သို့မဟုတ်) ကာချုပ်သက်တမ်းနောက်ဆုံးခရီး" "ကာ" တတ်တဲ့ ပညာ မြို့ထဲမှာ ဂိတ်တွေကလည်း များလိုက်တာမှ လမ်းမမြင်ရတော့ဘူး။ စစ်ဆေးရေးဂိတ်ဆိုတာထက် "ခံတပ်ပြိုင်ပွဲ" လုပ်နေသလား အောက်မေ့ရတယ်။ သဲအိတ်တွေကလည်း လူတစ်ရပ်ကျော်၊ သံဆူးကြိုးတွေကလည်း…»
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ မိုးညှင်း)ပေလမ်းဆုံနှင့် (မြေနဲ-အောင်သာ)လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 27, 4:01PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏1
⚠️နေအပူရှိန်အောက်က စက်သုံးဆီတန်းစီခြင်း ဒုက္ခနှင့် သတိပြုရန် ဆောင်ရန်/ရှောင်ရန်များ⚠️

လက်ရှိကာလတွင် မိဘပြည်သူများအနေဖြင့် အထွေထွေအကျပ်အတည်းများကြားမှ နေ့စဉ်ဘဝရှင်သန်ရေးအတွက် စက်သုံးဆီဆိုင်များတွင် နာရီပေါင်းများစွာ ပင်ပန်းဆင်းရဲစွာ တန်းစီစောင့်ဆိုင်းနေကြရပါသည်။ တစ်ဖက်တွင်လည်း ကမ္ဘာ့အပူချိန် မြင့်တက်လာမှုနှင့်အတူ မြန်မာနိုင်ငံတဝှမ်း အလွန်အမင်း ပူပြင်းသည့် အပူဒဏ်ကို ရင်ဆိုင်နေရသဖြင့် ဆီတန်းစီနေစဉ်အတွင်း ကျန်းမာရေး ထိခိုက်မှုမရှိစေရန် အထူးသတိပြုဖို့ လိုအပ်လာပါသည်။

အပူရှိန်ပြင်းပြင်းအောက်တွင် ဆီတန်းစီနေရသည့် ပြည်သူများအတွက် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)မှ စုစည်းဖော်ပြပေးလိုက်ပါသည်။

၁။ ကျန်းမာရေးအတွက် ဆောင်ရန်များ။

⚠️ရေဓာတ်ကို အလုံအလောက်ဖြည့်တင်းပါ။

အပူဒဏ်ကြောင့် ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်ခြင်း (Dehydration) မဖြစ်စေရန် ရေဗူးဆောင်ထားပါ။ ရေကို နည်းနည်းနှင့် ခပ်စိပ်စိပ် သောက်ပေးပါ။

⚠️နေရောင်ခြည်ဒဏ်မှ ကာကွယ်ပါ။

ဖြစ်နိုင်ပါက ထီး၊ ဦးထုပ် သို့မဟုတ် လက်ရှည်အင်္ကျီများ ဝတ်ဆင်ပါ။ မျက်မှန်အမည်း တပ်ဆင်ခြင်းကလည်း မျက်စိပင်ပန်းမှုကို လျော့ကျစေပါသည်။

⚠️အာဟာရဖြစ်စေမည့် အစားအစာ စားပါ။

ဗိုက်ဟောင်းလောင်းဖြင့် နေပူထဲ တန်းစီခြင်းက သွေးပေါင်ကျခြင်းနှင့် မူးဝေခြင်းကို ဖြစ်စေနိုင်သဖြင့် အစာအနည်းငယ် စားထားသင့်ပါသည်။ ဓာတ်ဆားထုတ်များ ဆောင်ထားခြင်းက ပို၍ကောင်းမွန်ပါသည်။

⚠️အရိပ်ရမည့်နေရာကို ရှာဖွေပါ။

မိမိအလှည့်မရောက်မီ စောင့်ဆိုင်းနေစဉ်အတွင်း ဆိုင်ကယ်/ကားပေါ်တွင် အမြဲမနေဘဲ အနီးအနားရှိ အဆောက်အအုံရိပ် သို့မဟုတ် သစ်ပင်ရိပ်များတွင် ခေတ္တနားခိုပါ။

၂။ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ရှောင်ရန်များ။

🚨ကားအတွင်း ကလေးနှင့် သက်ကြီးရွယ်အိုများကို တစ်ဦးတည်း မထားခဲ့ပါနှင့်။

အပြင်ဘက်ထက် ကားအတွင်းပိုင်း အပူချိန်သည် မိနစ်ပိုင်းအတွင်း အဆမတန် မြင့်တက်လာနိုင်သဖြင့် အသက်အန္တရာယ်အထိ စိုးရိမ်ရပါသည်။

🚨အပူဒဏ်ကြောင့် စိတ်တိုဒေါသထွက်ခြင်းကို ထိန်းချုပ်ပါ။

အပူရှိန်ကြောင့် လူတိုင်း စိတ်ဖိစီးမှု များနေနိုင်ပါသည်။ အချင်းချင်း နားလည်မှုပေးခြင်းဖြင့် ခိုက်ရန်ဖြစ်ပွားမှုများကို ရှောင်ကြဉ်ပါ။

🚨မူးဝေခြင်း၊ ပျို့အန်ခြင်းရှိပါက ချက်ချင်းနားပါ။

အပူလျှပ်ခြင်း (Heatstroke) လက္ခဏာများဖြစ်သည့် ခေါင်းကိုက်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ ရင်တုန်ခြင်းများ ခံစားရပါက ချက်ချင်း အရိပ်ထဲသို့သွား၍ အကူအညီတောင်းခံပါ။

၃။ စက်သုံးဆီနှင့် ပတ်သက်၍ သတိပြုရန်။

⚠️မီးဘေးအန္တရာယ် သတိပြုပါ

ဆီတန်းစီနေစဉ်အတွင်း ဆေးလိပ်သောက်ခြင်း၊ ဖုန်းအလွန်အကျွံသုံးစွဲခြင်းနှင့် အင်ဂျင်အပူလွန်ကဲနေသည့် အခြေအနေများကို ဂရုစိုက်ပါ။

⚠️ပလတ်စတစ်ဗူးများဖြင့် ဆီဝယ်ယူခြင်း။

ပူပြင်းသည့် နေရောင်အောက်တွင် ပလတ်စတစ်ဗူးအတွင်း ဆီထည့်ထားခြင်းသည် အန္တရာယ်ရှိနိုင်သဖြင့် အရိပ်ရသည့်နေရာတွင်သာ ထားရှိပါ။

ခက်ခဲကြမ်းတမ်းသော ကာလကို ဖြတ်သန်းနေရသည့် ပြည်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီကြကာ ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဤအကျပ်အတည်းကို ကျော်လွှားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

#EIO #Eagle_Information_Operator #PublicSafety #FuelCrisis #WhatsHappeningInMyanmar
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «⚠️နေအပူရှိန်အောက်က စက်သုံးဆီတန်းစီခြင်း ဒုက္ခနှင့် သတိပြုရန် ဆောင်ရန်/ရှောင်ရန်များ⚠️ လက်ရှိကာလတွင် မိဘပြည်သူများအနေဖြင့် အထွေထွေအကျပ်အတည်းများကြားမှ နေ့စဉ်ဘဝရှင်သန်ရေးအတွက် စက်သုံးဆီဆိုင်များတွင် နာရီပေါင်းများစွာ ပင်ပန်းဆင်းရဲစွာ တန်းစီစောင့်ဆိုင်းနေကြရပါသည်။…»
🔳BWM Mission 54 🔳

သံတောင်ကြီးရှိ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း (ဘုရင့်နောင်) ၏ ခွေးတပ်မတော်နေ့ အခန်းအနား ကျင်းပရာ ကို ၁၀၇ မမ များဖြင့် တိုက်ခိုက်ခြင်း



ရက်စွဲ ။ ။ မတ်လ ၂၇ ရက်နေ့ ၂၀၂၆


ပထမဆုံး ပြောကြားလိုသည်က မြန်မာ့နိုင်ငံ သမိုင်း ၏ အထင်ကရနေ့ ဖြစ်သည့် ဖက်ဆစ်တော်လှန်ရေး နေ့ကို
BWM နှင့် မဟာမိတ် အဖွဲ့ များက အသိအမှတ်ပြုပါသည်။


ထို ဖက်ဆစ်တော်လှန်ရေးနေ့ကို ခွေးတပ်မတော်နေ့ အဖြစ် စစ်ကောင်စီက အပိုင်စီးပြီး ပုံဖော်ထားသည်ကိုလည်း လက်ခံ၍မရပါ။

တော်လှန်ရေး အောင်မြင်ပြီး ပြည်သူ့အစိုးရပေါ်ပေါက်သည့် အခါ ယခုလို မြန်မာ့သမိုင်း အမှတိတယ နေ့ကို မှန်ကန်သည့် နည်းလမ်းဖြင့် အမှတ်တရနေ့အဖြစ် ကျင်းပနိုင်ရန် မျှော်လင့်ပါသည်။

ယခုကာလတွင်တော့ စစ်ရှုံးကောင်စီ၏ သန္ဓေစစ် စစ်ခွေးများဦးစီးကျင်းပသည့် သံတောင်ကြီး ရှိ ခွေး တပ်မတော် တိုက်ခိုက်ရေးသင်တန်းကျောင်း ဘုရင့်နောင်၏ အခမ်းအနားတွင်စစ်ခွေးများ အထိနာစေရန် BWM နှင့် မဟာမိတ်အဖွဲ့ များက ကြိုးစား၍ မစ်ရှင်ဖော်ဆောင်ထားပါသည်။


BWM ၏ Page 1 နှင့် 2 တွင်လည်း ကြည့်ရှုနိုင်ပါသည်။
1🫡1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ မိုးညှင်း)ပေလမ်းဆုံနှင့် (မြေနဲ-အောင်သာ)လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Mar 27, 4:01PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာပြီး (မြေနဲ-အောင်သာ)လမ်းကူးသို့ ရောက်ရှိနေသော စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

Mar 27, 4:47PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏1
"တိုက်ပွဲသတင်းထုတ်ပြန်ချက်"

ရက်စွဲ - ၂၇.၃.၂၀၂၆

19.3.2026 ရက်နေ့တွင် ကင်မွန်းတော် ပျူစောထီးရွာသို့ ရိက္ခာပို့လာသော စစ်ကြောင်းနှင့် တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ၎င်းခွေးစစ်ကြောင်းသည် 19.3.2026 ရက် နံနက်ပိုင်း (၆း၃၀)နာရီ ဝန်းကျင်မှ ချောင်းဦးမြို့ပေါ်ခွေးစခန်းမှ ချောင်းဦး-အမြင့်လမ်း အတိုင်း အနောက်သို့ ခြေလျင်စစ်ကြောင်းဖြင့် ထွက်လာခဲ့သည်။

ခွေးစစ်ကြောင်းသည် ချောင်းဦး-အမြင့် လမ်းပေါ်ရှိ ကြေးနီတံတားအနီးသို့ ရောက်ရှိချိန်တွင် BLDF တပ်ဖွဲ့ဝင် ရဲဘော်များ၏ မိုင်းဆွဲတိုက်ခိုက်မှု ဖြင့် ခွေးအင်အား (၉) ကောင်ခန့် သေဆုံးခဲ့သည်။ နံနက် (၇း၃၀) နာရီ အချိန်တွင် မြို့ပေါ်မှ ရိက္ခာပို့ရန် လာသော စစ်ကြောင်းအား ထွက်ကြိုသည့် ကင်မွန်းတော်ပျူရွာမှ ထွက်လာသည့် ခွေးအင်အား (၆၀) ခန့် ပါဝင်သည့် စစ်ကြောင်းနှင့် တိုက်ခိုက်ရန်စောင့်ဆိုင်းနေသည့် တော်လှန်ရေးအင်အားစုများ ထပ်မံထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ၎င်းထိတွေ့တိုက်ပွဲတွင် ခွေးအင်အား (၃) ကောင်သည် ရှမ်းထူးနှင့် ကင်မွန်းတော်ပျူရွာ အကြားရှိ ရွာကူးတံတားပေါ်တွင် သေဆုံးခဲ့ကြောင်း ရဲဘော်များမှ မျက်မြင်တွေ့ရှိခဲ့သည်။

ချောင်းဦးမြို့ပေါ်မှ ထွက်လာသော အင်အား (၁၅၀) ခန့်ပါ စစ်ကြောင်းအား တော်လှန်‌ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့များမှ ဟန့်တားနှောက်ယှက်တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့သည်။ မိုင်းဆွဲခြင်း၊ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။ ထိုရန်သူ့စစ်ကြောင်းသည် Counter လုံးဝမပြန်ရဲဘဲ တော်လှန်ရေးအင်အားစုရဲဘော်များ၏ အနီးကပ် ပစ်ခတ်တိုက်ခိုက်မှုများကြောင့်သာ ထိတွေ့မှုများ ဖြစ်ပွားခဲ့ရသည်။ ရဲဘော်များ၏ အနီးကပ် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပျူခွေးနှင့် စစ်ခွေးများ ငိုယိုနေကြပြီး ၊ အော်ဟစ်သံများနှင့် ငိုယိုသံများကို ရဲဘော်များမှ ကြားသိခဲ့ရသည်။ တိုက်ပွဲဖြစ်ပွားစဉ် စစ်ကြောင်းအတွင်းမှ စစ်ခွေးများသည် ၆၀ မမ (၁) လုံးနှင့် RPG (၂) လုံး တို့ဖြင့် တန်ပြန် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းအပြင် ချောင်းဦးမြို့ပေါ်အတွင်းမှ ၁၂၀ မမ လက်နက်ကြီး Counter များ တရစပ် ပစ်ခတ်၍ ပစ်ကူပေးခဲ့သည်။ Gyrocopter (၃) စီးဖြင့်လည်း လေကြောင်းတိူက်ခိုက်၍ ပစ်ကူပေးခဲ့သည်။ ထို့အပြင် Drone ဖြင့် ဗုံးသီးကြဲ၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ၎င်းတိုက်ခိုက်မှုကြောင့် ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ ကျေးရွာပကဖ တာဝန်ခံတစ်ဦး မြင့်မြတ်စွာ အသက်ပေးလှူ၍ ကျဆုံးခဲ့ပြီး ပြည်သူ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကင်မွန်းတော်ပျူရွာသို့ ရိက္ခာပို့ရန်လာသည့် ၎င်းစစ်ကြောင်းသည် ရဲဘော်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ညနေ (၅း၀၀) နာရီခန့် ဝန်းကျင်မှသာ ကင်မွန်းတော်ပျူရွာသို့ ရောက်ရှိနိုင်ခဲ့သည်။

၎င်းနောက် ခွေးစစ်ကြောင်းသည် ခိုးကြောင်ခိုးဝှက်ဖြင့် 21.3.2026 ရက် ညပိုင်းတွင် ချောင်းဦးမြို့ပေါ်အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားခဲ့သည်။ ချောင်းဦးမြို့ပေါ်အတွင်းသို့ ခွေးစစ်ကြောင်း ပြန်လည်ဆုတ်ခွာသွားပြီးနောက်တွင် ရှမ်းထူးကျေးရွာအတွင်းသို့ အထိုင်ချ ကျန်ရှိနေခဲ့သော စစ်ခွေး၊ ရဲခွေးနှင့် ပျူခွေးများအား 23.3.2026 ရက်နေ့ နံနက် (၉း၃၀) နာရီခန့် အချိန်တွင် ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်များနှင့်အတူ မဟာမိတ် ပူးပေါင်းတပ်များက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်။ ၈ နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ရှမ်းထူးကျေးရွာအတွင်း စစ်ခွေးများ ခြေကုပ်ယူထားသော နေရာများအား တော်လှန်ရေးအင်အားစုများက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကာ စစ်ခွေး၊ ရဲခွေးနှင့် ပျူခွေးများ ခွေးပြေး ဝက်ပြေး ပြေးကာ ဆုတ်ခွာသွားခဲ့ကြသည်။ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သော ရဲခွေးတစ်ကောင် အရှင်ဖမ်းဆီးရမိခဲ့ကာ စစ်ခွေး အများအပြား ထိခိုက်သေဆုံးခဲ့သည်။ မိမိတို့ တော်လှန်ရေးအင်အားစုများဘက်မှ ကျေးရွာ ပကဖ တစ်ဦး ကျဆုံးခဲ့ကာ (၂) ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျန်ရဲဘော်များ အထိခိုက် ကင်းရှင်းစွာဖြင့် အောင်မြင်စွာ တိုက်ပွဲဝင်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ဤစစ်ဆင်ရေးအား -
- ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် (CHU PDF)
- ချောင်းဦးမြို့နယ် ပကဖ၊ တိုက်နယ်(၁)
- ချောင်းဦးမြို့နယ် ပကဖ၊ တိုက်နယ်(၄)
- ချောင်းဦးမြို့နယ် ပကဖ၊ တိုက်နယ်(၆)
- မုံရွာခရိုင် ပကဖ
- ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)
- နယ်စည်းမခြား စစ်ကိုင်းသား
- Monywa Special Force – 11 တို့ ပူးပေါင်း တိုက်ပွဲဖော်ဆောင်ခဲ့ပါသည်။
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် ရွာသာအေးရွာဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 27, 6:11PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
⚜️{ ၂၀၂၁ ခုနှစ်၊ မတ်လ၊ ၂၇ ရက် } - "သမိုင်းဝင်သွေးသစ္စာနေ့"ကို ပြန်လည်အောက်မေ့သတိရခြင်း✊🏻

ဒီပုံရိပ်ကိုကြည့်လိုက်တိုင်း၊ ကျွန်တော်တို့အားလုံးကိုယ်စီရဲ့ ရင်ထဲမှာ တစ်ခါက တောက်လောင်ခဲ့တဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်လိုစိတ်တွေ တရိပ်ရိပ်ပြန်ပေါ်လာမှာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ( ၅ )နှစ်ကျော်၊ ၂၀၂၁ ခုနှစ်ရဲ့ နွေဦးတစ်ရက်မှာ... ကျွန်တော်တို့တွေ ဒီလိုပဲ၊ ဦးထုပ်ဆောင်း၊ မျက်နှာဖုံးစွပ်၊ လက်ထဲမှာရှိရာကို ကိုင်စွဲပြီး လမ်းမပေါ်ထွက်ခဲ့ကြတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ယုတ်မာရက်စက်မှုတွေကို မကြောက်မရွံ့ဘဲ၊ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၊ တစ်ယောက်လက် တစ်ယောက်တွဲပြီး ကျွန်တော်တို့ပြသခဲ့ကြတဲ့ "စိတ်ဓာတ်" ကို ဘယ်တော့မှမေ့လို့မရပါဘူး။

🔸 အဲ့ဒီတုန်းက... ကျွန်တော်တို့မှာ "သတ္တိ" ရှိခဲ့ကြတယ်။

သေနတ်ပြောင်းဝတွေကို ရင်ဆိုင်ဖို့ သံဦးထုပ်ရိုးရိုးလေးတွေဆောင်းပြီး၊ နောက်မဆုတ်တမ်း ရှေ့ဆက်ခဲ့ကြတဲ့ သတ္တိ။

🔸 အဲ့ဒီတုန်းက... ကျွန်တော်တို့မှာ "စည်းလုံးညီညွတ်မှု" ရှိခဲ့ကြတယ်။

လူမျိုး၊ ဘာသာ၊ အသက်အရွယ်မရွေး၊ အားလုံးက "ဒီမိုကရေစီ" ဆိုတဲ့ တူညီတဲ့ပန်းတိုင်တစ်ခုတည်းအတွက် တစ်သွေးတည်း၊ တစ်သားတည်း ဖြစ်ခဲ့ကြတယ်။

🔹 ဒီနေ့မှာရော................

📌ငါတို့ ဘာတွေ လိုနေကြသလဲ
📌ငါတို့ ဘာတွေ လုပ်နေကြသလဲ

ဒီကနေ့ ရုန်းကန်နေရတဲ့ကာလမှာ၊ ကျွန်တော်တို့ အဲ့ဒီနေ့ကလို စိတ်ဓာတ်မျိုး၊ သတ္တိမျိုးနဲ့ စည်းလုံးမှုမျိုးကို ပိုပြီးလိုအပ်နေပါတယ်။ ပုံထဲကလို၊ ရှေ့ကလူလဲရင် နောက်ကလူက တွဲထူ၊ အားလုံးအတူတူ ရှေ့ဆက်တိုးခဲ့ကြတဲ့ အားမာန်တွေကို ပြန်လည်နှိုးဆွရပါမယ်။

🔔စိတ်မပျက်ကြပါနဲ့။ လက်မလျှော့ကြပါနဲ့။💪🏻

ကျွန်တော်တို့ လမ်းပေါ်ထွက်ခဲ့ကြတာဟာ အလကားမဖြစ်စေရပါဘူး။ ကျွန်တော်တို့ရဲ့ အုံကြွမှု၊ ကျွန်တော်တို့ရဲ့ ပေးဆပ်မှုတွေဟာ တော်လှန်ရေးရဲ့ အသက်ဝိညာဉ်ပါပဲ။
သွေးသစ္စာကို စောင့်သိကြစို့။

"အဲ့ဒီနေ့ကလို စိတ်ဓာတ်မျိုးနဲ့ တော်လှန်ရေးကို ကဏ္ဍအသီးသီးမှာ အတူတူ ဆက်လက်တိုက်ပွဲဝင်ကြပါစို့" လို့တိုက်တွန်းရင်း။ 🫡

"တော်လှန်ရေး မုချ ဧကန် အောင်ရမည်" ✊🏻

(#EIO_Founder)

#March27 #Monywa #NwayOoRevolution #FreedomFromFear #VoicesOfMyanmar #MyanmarProtest #UnityIsStrength #NeverForget #WhatsHappeningInMyanmar
🫡2
⚜️{ ၂၀၂၁ ခုနှစ်၊ မတ်လ၊ ၂၇ ရက် } - "သမိုင်းဝင်သွေးသစ္စာနေ့"ကို ပြန်လည်အောက်မေ့သတိရခြင်း✊🏻

"တော်လှန်ရေး မုချ ဧကန် အောင်ရမည်" ✊🏻

(#EIO_Founder)

#March27 #Monywa #NwayOoRevolution #FreedomFromFear #VoicesOfMyanmar #MyanmarProtest #UnityIsStrength #NeverForget #WhatsHappeningInMyanmar
2💯1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «⚜️{ ၂၀၂၁ ခုနှစ်၊ မတ်လ၊ ၂၇ ရက် } - "သမိုင်းဝင်သွေးသစ္စာနေ့"ကို ပြန်လည်အောက်မေ့သတိရခြင်း✊🏻 ဒီပုံရိပ်ကိုကြည့်လိုက်တိုင်း၊ ကျွန်တော်တို့အားလုံးကိုယ်စီရဲ့ ရင်ထဲမှာ တစ်ခါက တောက်လောင်ခဲ့တဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်လိုစိတ်တွေ တရိပ်ရိပ်ပြန်ပေါ်လာမှာပဲ ဖြစ်ပါတယ်။…»
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၁)စီးသည် မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်သို့ ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။

Mar 27, 7:22PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
⚜️ #EIO_Update_News

ချောင်းဦးမြို့ဘက်မှ လာသော စခပါ ဒိုင်နာကား(၁)စီးသည် ချောင်းဦးနယ်၊ ခင်မွန်ရွာထိပ်တွင် စခ အအများ ချထားခဲ့ကြောင်း သတင်းရရှိထားပါသည်။

Mar 27, 7:23PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
အမျိုးသားညီညွတ်ရေးအစိုးရက (၈၁) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အတွက် သဝဏ်လွှာ ပေးပို့
မတ် ၂၇ ၊ ၂၀၂၆

အမျိုးသားညီညွတ်ရေးအစိုးရက ဒီနေ့ကျရောက်တဲ့ (၈၁) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အတွက် သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။

သဝဏ်လွှာထဲမှာ တော်လှန်ရေးရဲ့ အဆုံးသတ်ပန်းတိုင်က နီးကပ်လာတာနဲ့အမျှ မိမိတို့ရဲ့ စည်းလုံးမှု က ပိုမိုခိုင်မာရန် လိုအပ်တယ်ဆိုတာနဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်မယ် အဓိက လက်နက်မှာ ပြည်သူလူထုရဲ့ ညီညွတ်မှုအင်အားသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါအပြင် အမှောင်ထုက အလင်းကို မအုပ်စိုးနိုင် သကဲ့သို့ ပြည်သူတို့ရဲ့ မတုန်မလှုပ်သော သန္နိဋ္ဌာန် နဲ့ စည်းလုံးမှုစွမ်းအားကြောင့် အောင်ပွဲက လက်တစ်ကမ်းအကွာကို ဆိုက်ရောက်လာနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

တော်လှန်ရေးအင်အားစုများနဲ့ နိုင်ငံရေးအင်အားစုများ အားလုံးအနေဖြင့် အတိတ်သမိုင်း သင်ခန်းစာ များကို စံနမူနာယူပြီး အနာဂတ် မျိုးဆက်သစ်များအတွက် လွတ်လပ်ပြီး တရားမျှတသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနဲ့ ဟန်ချက်ညီညီ လက်တွဲကာ ဇွဲမလျှော့ဘဲ ဆက်လက်တိုက်ပွဲဝင်သွားကြရန် အလေးအနက် တိုက်တွန်းအပ်တယ်လို့ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားမဟာမိတ် တော်လှန်ရေး အင်အားစုများ နဲ့ ယုံကြည်မှု တည်ဆောက်ကာ လက်တွဲညီစွာဖြင့် ဖက်ဆစ်ဝါဒရဲ့ လက္ခဏာရပ်များဖြစ်သော ပြည်သူ့အာဏာကို အဓမ္မလုယူခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှုများကို မြန်မာ့မြေပေါ်မှ အပြီးတိုင် မောင်းထုတ်သုတ်သင်သွားမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

မကြာမီကာလမှာ ပြည်သူများအတွက် အောင်ပွဲများဆွတ်ခူး ဖက်ဆစ်သန္ဓေဆိုးကင်းစင်ပြီး ပြည်သူ ကို အလေးထား ကာကွယ်ပေးသော ပြည်သူ့တပ်မတော် တစ်ရပ်အဖြစ် ခိုင်မာစွာ ထူထောင်သွားမှာ ဖြစ်တယ်လို့လည်း လေးနက်စွာ သန္နိဋ္ဌာန်ပြုအပ်တယ်လို့ဖော်ပြထားပါတယ်။

ဒါအပြင် ပြည်သူသာလျှင် အဓိကဖြစ်ပြီး ပြည်သူ့ဆန္ဒသာ အဆုံးအဖြတ်ဖြစ်တဲ့ ဒီမိုကရေစီ ရဲ့ အနှစ်သာရနဲ့အညီ ညီညွတ်မှုအင်အားဖြင့် စိန်ခေါ်မှုများကို ကျော်ဖြတ်ပြီး လွတ်လပ်ခြင်း၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိခြင်း၊ ငြိမ်းချမ်းခြင်း၊ တန်းတူညီမျှခြင်းတို့ဖြင့် ပြည့်စုံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်နိုင်တဲ့ အထိ တိုင်းရင်းသား ပြည်သူတရပ်လုံး ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်သွားကြရန်အတွက်လည်း သဝဏ်လွှာမှာ တိုက်တွန်းထားပါ တယ်။

#SpringRevolution
#PVTV
🫡1