EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီး၊ဒိုင်နာကား(၂)စီးသည် သာစည်လမ်းမအတိုင်း အရှေ့အရပ်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Mar 26, 7:39PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInf…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီး၊ဒိုင်နာကား(၂)စီးသည် သာစည်လမ်း၊ ကန်သာဘုန်းကြီးကျောင်းသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

Mar 26, 7:56PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍1
🚨🚨 ၂၀၂၆ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၇း၃၇ နာရီအချိန်ခန့်တွင် မန္တလေးတိုင်း၊ မန္တလေးမြို့အရှေ့-အရှေ့တောင်ဘက် ၃၀ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၂ အဆင့်ဖြင့် အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။

🚧🚧 ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

မှတ်ချက်။ မြေငလျင်တိုင်းတာစက်များကအသုံးပြုသည့် စကေးနှင့်တိုင်းတာသည့်နည်းလမ်းတို့အပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ပါသည်။

#2026MyanmarEarthquake
#MyanmarEarthquake
#RebuildMyanmar
#NUGEarthquakeassist
🙏4
📌အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

https://t.me/eagleinformationoperator/19834

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Myanmar #SecurityTips #StaySafe
🙏4
⚜️"လေကြောင်းသတင်းဆိုင်ရာ တယ်လီဂရမ်ချန်နယ်များ စုစည်းမှု"⚜️

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် ကြိုတင်သတိပြုနိုင်စေရန် မိဘပြည်သူများနှင့် တလရရဲဘော်များအတွက် အသုံးဝင်ပြီး ယုံကြည်စိတ်ချရသော ပြည်သူ့အကျိုးပြု လေကြောင်းသတင်း တယ်လီဂရမ်ချန်နယ်ကြီးများကို #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ စုစည်းတင်ပြလိုက်ပါသည်။

🌐 ယုံကြည်စိတ်ချရသော လေကြောင်းသတင်း #TelegramChannelsLinks များ -

🔹 https://t.me/WaiHin
🔹 https://t.me/earorg
🔹 https://t.me/nasairscoutteam
🔹 https://t.me/witnessenemyairscout

(မှတ်ချက်။။     ။။ မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)သည် လေကြောင်းသတင်းနှင့်သက်ဆိုင်သော အထက်ပါချန်နယ်များအား ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါသည်။)

တလရရဲဘော်များနှင့် မိဘပြည်သူများအားလုံး ကျန်းမာပြီး ဘေးကင်းကြပါစေ🙏🏻

📲 သတင်းပေးပို့ရန် -
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate #AirScout #AviationNews
🙏4🫡1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီး၊ဒိုင်နာကား(၂)စီးသည် သာစည်လမ်း၊ ကန်သာဘုန်းကြီးကျောင်းသို့ ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။ Mar 26, 7:56PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @Eagl…
⚜️ #EIO_Update_News

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၂)စီးသည် သာစည်လမ်း၊ ကန်သာဘုန်းကြီးကျောင်းမှ မုံရွာမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

Mar 26, 8:20PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2
ထုတ်ပြန်ချက်။ ။လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် စစ်ရာဇဝတ်မှုများ ဆိုးရွားစွာ ဆက်လက်ကျူးလွန်နေသော တရားမဝင် မြန်မာစစ်အုပ်စု လေယာဉ်ဆီ ရရှိနေမှု အရေးတကြီး ပိတ်ဆို့ရန် လိုအပ်နေ

၂၆ မတ်လ ၂၀၂၆ ခုနှစ်

မြန်မာနိုင်ငံတွင် အတုအယောင်ရွေးကောက်ပွဲအပြီး အကြမ်းဖက်စစ်အုပ်စုက အမည်ခံ လွှတ်တော်ခေါ်ယူနေသည်။ တဖက်တွင်လည်း အရပ်သားပစ်မှတ် ဦးတည်သော လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများနှင့် စစ်ရာဇဝတ်မှုများလည်း တိုးမြှင့် ကျူးလွန်နေသည်။

၂၀၂၆ ဖေဖော်ဝါရီ ၂၈ တွင် အမေရိကန်နှင့် ဖက်ဆစ် အစ္စရေးစစ်တပ်မှ စတင်ခဲ့သည့် ရှေ့အလယ်ပိုင်း (ပင်လယ်ကွေ့ဒေသများ) စစ်ပဋိပက္ခနောက်ဆက်တွဲအနေဖြင့် အီရန်၏ ဟောမုဇ်ရေလက်ကြား ပိတ်ဆို့ တုံပြန့်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရေနံစိမ်း (ကုန်ကြမ်း) ရရှိမှု အခက်ခဲကြုံတွေ့နေရသည်။ ရလဒ်အနေဖြင့် လေယာဉ်ဆီအပါအဝင် စက်သုံးဆီအကြပ်အတည်း ရင်ဆိုင်နေရသော နိုင်ငံများသည် လောင်စာဆီ ဖူလုံရေး ကြိုးပမ်းနေချိန်တွင် အာဏာလုယူထားသည့် တရားမဝင် မြန်မာစစ်အုပ်စုက အရပ်ဘက်သုံး လေယာဉ်ဆီများကို အဓမ္မသိမ်းယူပြီး နိုင်ငံအဝှမ်းတွင် အရပ်သားများကို လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများ ဆက်လက်ကျူးလွန်နေသည်။

၂၀၂၆ မတ်လ ၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ ရေတွင်းကုန်း၊ ခရုကုန်း နှင့် ကျောင်းကုန်း ကျေးရွာများမှ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဂျက်ဖိုက်တာ၊ ဒရုန်းတို့ဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုတွင် အသက် ၁၀ နှစ်အောက် ကလေးငယ် ၅ ဦး အပါအဝင် ပြည်သူ (၂၅) ဦးထက်မနည်း သေဆုံးခဲ့ရသည်။ မတ်လ ၈ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းများ ထားရှိရာ အကျဉ်းစခန်းတစ်ခုကို တိုက်လေယာဉ် လေးစီး၊ Y-12 ထောက်ပို့ လေယာဉ် လေးစီးတို့ဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများထဲမှ ပြစ်ဒဏ်ကျခံရသူအများအပါအဝင် စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့သည်။

မတ်လ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနောက်ဘက် စင်းခန်းကျေးရွာအနီး ရွှောမျှောလုပ်ကွက်ကို တိုက်လေယာဉ်တစီးနှင့် Y-12 တစီးတို့ဖြင့် အချိန်အတန်ကြာ ဝဲပျံတိုက်ခိုက်မှုကြောင့် (၃၀) ဦးထက်မနည်း သေဆုံးပြီး (၂၀) ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။ မတ်လ ၂၀ ရက်နေ့တွင် စစ်ကိုင်းအထက်ပိုင်း ကသာမြို့ ရပ်ကွက်(၃) ရှိ စစ်ဘေးရှောင်ပြည်သူများရှိရာ မဟာလေးထပ် ဘုန်းကြီးကျောင်းကို ဘုန်းကြီးများ ဆွမ်းဘုန်းနေချိန် နံနက် ၁၁ နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းဗုံးကြဲမှုကြောင့် သံဃာတော်များ၊ ကလေးငယ်များအပါအဝင် စစ်ရှောင်ပြည်သူ (၅၀) ထက်မနည်း အသက်ဆုံးရှုံးခဲ့ရသည်။

ရာဇဝတ်ဂိုဏ်း စစ်အုပ်စုသည် ဖေဖော်ဝါရီလ ၂၀၂၁ မှ ၁၉ရက် မတ်လ ၂၀၂၆ ခုနှစ်ထိ ၅ နှစ်ကျော်အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၆.၉၀၀ ကျော် (၆,၉၈၆) ကြိမ်ရေ ပြုလုပ်ခဲ့ပြီး မွေးကင်းစ ကလေးအပါအဝင် အရပ်သားပြည်သူ ၄၂၀၀ ကျော် (၄,၂၉၉) ကို သတ်ဖြတ်ခဲ့သည်။ ၂၀၂၆ မတ်လ တလထဲပင် အရပ်သားများ အနည်းဆုံး ဦးရေ ၂၀ အစုအလိုက်အပြုံလိုက် သေဆုံးခဲ့သော လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့မှုကြောင့် ကလေးငယ်များ၊ အမျိုးသမီးများ၊ သံဃာတော်များအပါအဝင် လူဦးရေ (၂၀၀) ထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

တရားမဝင် မြန်မာ စစ်အုပ်စုသည် နိုင်ငံတကာ အစိုးရများမှ ချမှတ်ထားသော အရေးယူမှုများကို ကျော်လွန်ပြီး နိုင်ငံတကာမှ ၎င်းတို့ ဝယ်ယူရရှိထားသော လေယာဉ်ဆီများအပြင် အရပ်ဘက် လေကြောင်းလိုင်းများမှ လေယာဉ်ဆီများကိုပါ အဓမ္မလုယူပြီး လေယာဉ်ဗုံးကြဲမှုများ ဆက်လက်လုပ်ဆောင်နေသည်။ ထိုလေကြောင်းတိုက်ခိုက်မှုများသည် နိုင်ငံတကာ အစိုးရများ၏ ထိရောက်သော အရေးယူမှု မရှိခြင်းနှင့် နိုင်ငံများအကြား ညှိနှိုင်းချမှတ်လုပ်ဆောင်ရမည့် ဒဏ်ခတ်ပိတ်ဆို့မှုများ လှစ်ဟာနေခြင်းကို မီးမောင်းထိုးပြနေပါသည်။ တချိန်တည်းတွင် ရာဇဝတ်ဂိုဏ်း စစ်အုပ်စုသည် နိုင်ငံတကာ မျက်နှာစာတွင် တရားဝင်မှု ပြန်လည်ရရှိနိုင်ရေး စစ်ယူနီဖောင်းသာချွတ်သည့် အတုအယောင် လွှတ်တော် ခေါ်ယူနေပြီး အာဏာရှင်အစိုးရယန္တရားကိုလည်း ဖော်ဆောင်နေလျက်ရှိသည်။

အာဆီယံ၊ အီးယူ အပါအဝင် ယူကေနှင့် နိုင်ငံတကာ အစိုးရများအနေဖြင့် ရာဇဝတ်ဂိုဏ်း စစ်အုပ်စုကို မြန်မာနိုင်ငံ၏ တရားဝင် အစိုးရတရပ်အနေဖြင့် လုံးဝ (လုံးဝ) အသိအမှတ် မပြုရန် နှင့် အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသော စစ်အုပ်စု၏ လေကြောင်းဗုံးကြဲမှုများနှင့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရန် နိုင်ငံတကာအစိုးရများအားလုံးအနေဖြင့် တစုတစည်းတည်း ပြစ်ဒဏ်ပေး အရေးယူရမည်။ မြန်မာစစ်အုပ်စု၏ နိုင်ငံတကာ ကုမ္ပဏီများမှ လေယာဉ်ဆီနှင့် ရေကြောင်းအာမခံဝန်ဆောင်မှုရရှိနေခြင်းကို နိုင်ငံများအကြား ညှိနှိုင်းချမှတ်ပြီး အရေးပေါ်ဒဏ်ခတ်ပိတ်ဆို့ရန် ထပ်မံအလေးအနက်ထား တောင်းဆိုလိုက်သည်။

သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့

ထုတ်ပြန်ချက် ကို ဒေါင်းလုပ်ရယူရန် – https://drive.google.com/file/d/18_EWS28qqqFZgZXyszie00zktnoIJ76z/view?usp=sharing
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Mar 27, 12:28AM

📌 ချောင်းဦးနယ်၊ ငါးယှန်အထိုင်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

🚨လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

🚨မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

🚨အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Chaung_U #Myanmar #SecurityUpdate
🙏3
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
3
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏3
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏3