EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.53K photos
184 videos
24 files
5.88K links
Download Telegram
⚠️ "လွတ်လပ်စွာ ထုတ်ဖော်ခွင့်ဆိုသည်မှာ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခြင်း မဟုတ်ပါ" ⚠️

🗣️📢 ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို တည်ဆောက်တဲ့နေရာမှာ "လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်" (Freedom of Expression) ဟာ အခြေခံအကျဆုံး မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။

📌မိမိရဲ့ ယုံကြည်ချက်၊ အမြင်နဲ့ ခံစားချက်တွေကို ကြောက်ရွံ့မှုမရှိဘဲ ပွင့်ပွင့်လင်းလင်း ဖော်ပြနိုင်တာဟာ ဒီမိုကရေစီရဲ့ အနှစ်သာရပါ။

⚠️ ဒါပေမဲ့ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့်အချက်က "လွတ်လပ်ခွင့်" ဆိုတာ "ဗရမ်းဗတာ လုပ်ခွင့်" ကို ဆိုလိုတာ မဟုတ်ဘူးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

တာဝန်ယူမှုရှိသော လွတ်လပ်ခွင့်

စစ်မှန်တဲ့ ဒီမိုကရေစီစနစ်မှာ -

🕊️ လွတ်လပ်ခွင့် (Freedom) နဲ့
⚖️ တာဝန်ယူမှု (Responsibility / Accountability) ဟာ အမြဲတမ်း တွဲလျက်ရှိပါတယ်။

📌မိမိပြောလိုက်တဲ့ စကားတစ်ခွန်း၊ ရေးလိုက်တဲ့ စာတစ်ကြောင်းသည်

သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာ၊
အမုန်းတရား ပွားများစေတာ (Hate Speech)
ပြည်သူလူထုကို အန္တရာယ်ဖြစ်စေမယ့် သတင်းအမှား (Misinformation) တွေ မဖြစ်ဖို့ အရေးကြီးပါတယ်။

ကျင့်ဝတ်နှင့် စည်းကမ်း (Ethics vs Chaos)

စည်းကမ်းမရှိတဲ့ ထုတ်ဖော်မှုတွေဟာ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုထက် ပဋိပက္ခကိုပဲ ဦးတည်စေပါတယ်။

📌 ဥပမာအားဖြင့် -

🕊️ ဒီမိုကရေစီနည်းကျ ထုတ်ဖော်မှု။

အချက်အလက် ခိုင်ခိုင်လုံလုံဖြင့် ဝေဖန်ထောက်ပြခြင်း။

အပြုသဘော အကြံပြုခြင်း။

အတွေးအမြင်များ ဆွေးနွေးဖလှယ်ခြင်း။


ဗရမ်းဗတာ ထုတ်ဖော်မှု။

🚫 ဆဲဆိုခြင်း။ 🤬

🚫 ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း။ 🗡️

🚫 အခြေအမြစ်မရှိသော ကောလာဟလများ ဖြန့်ဝေခြင်း 📛 တို့ဖြစ်ပါတယ်။


🕊️ ဖက်ဒရယ်စနစ်နှင့် အပြန်အလှန် လေးစားမှု

ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရက "မတူကွဲပြားမှုတွေကို စုစည်းခြင်း" ဖြစ်ပါတယ်။

👂🏻 မတူညီတဲ့ အယူအဆတွေကို လက်ခံနားထောင်ပေးခြင်း၊
🤝 တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားတန်ဖိုးထားခြင်း
🧩 မတူကွဲပြားမှုများကို လက်ခံခြင်း မှသာ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မှာပါ။

နိဂုံးချုပ်အနေဖြင့် မိမိတို့ လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ လူတိုင်း လွတ်လပ်စွာ ပြောဆိုခွင့်ရှိသလို၊ ထိုပြောဆိုချက်တွေဟာလည်း ကျင့်ဝတ်နဲ့ တာဝန်ယူမှုအပေါ်မှာ အခြေခံရပါမယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးစားလုပ်ပြီး စည်းမဲ့ကမ်းမဲ့ ပြုမူခြင်းဟာ ဒီမိုကရေစီလမ်းကြောင်းကို နှောင့်နှေးစေရုံသာမကဘဲ လူ့အဖွဲ့အစည်းကိုလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲစေနိုင်ပါတယ်။

"စည်းကမ်းရှိသော လွတ်လပ်ခွင့်ဖြင့် ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ လှမ်းချီကြပါစို့" လို့ တိုက်တွန်းရင်း။✊🏻

#FreedomOfExpression #FederalDemocracy #FreedomOfSpeech #EthicsAndResponsibility #InformationIntegrity #Eagle_Information_Operator #EIO
🙏5
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 25, 7:28AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍4🙏1
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ GTC ကျောင်းမှ ထွက်လာသော စခကင်းများသည် မိုးညင်းဘုရား ဆင်ကြီးနှစ်ကောင်ရှေ့သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 25, 9:10AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏3👍2
‼️အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန်‼️

ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။

📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။

🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား

စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။

🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။

#Eagle_Information_Operator #EIO #Media_Literacy #Media_Ethics #Stay_Safe
🙏5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌ GTC ကျောင်းမှ ထွက်လာသော စခကင်းများသည် မိုးညင်းဘုရား ဆင်ကြီးနှစ်ကောင်ရှေ့သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Mar 25, 9:10AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleI…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ GTC ကျောင်းမှ ထွက်လာသော စခကင်းများသည် မိုးညင်းဘုရား အရှေ့လမ်းခွဲမှ GTC ကျောင်းသို့ ပြန်လည်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Mar 25, 9:30AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌ GTC ကျောင်းမှ ထွက်လာသော စခကင်းများသည် မိုးညင်းဘုရား ဆင်ကြီးနှစ်ကောင်ရှေ့သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Mar 25, 9:10AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleI…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ GTC ကျောင်းမှ ထွက်လာသော စခကင်းများသည် မိုးညင်းဘုရား ဆင်ကြီးနှစ်ကောင်ရှေ့သို့ ရောက်ရှိနေခြင်းမှာ မဟုတ်ပါခင်ဗျာ။ မိမိတို့ #EIO မှ သတင်းအမှားကို ‌ကူးယူ၍ မိမိကိုယ်တိုင်လိုက်ယူသလိုမျိုးဖြင့် ပြန်လည်ဖြန့်ဝေနေကြပါသော သတင်းချန်နယ်အားလုံးကို အထူးတောင်းပန်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။

Mar 25, 9:30AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊‌ GTC ကျောင်းမှ ထွက်လာသော စခကင်းများသည် မိုးညင်းဘုရား ဆင်ကြီးနှစ်ကောင်ရှေ့သို့ ရောက်ရှိနေခြင်းမှာ မဟုတ်ပါခင်ဗျာ။ မိမိတို့ #EIO မှ သတင်းအမှားကို ‌ကူးယူ၍ မိမိကိုယ်တိုင်လိုက်ယူသလိုမျိုးဖြင့် ပြန်လည်ဖြန့်ဝေနေကြပါသော သ…»
🚨အထူးသတိပြုရန်🚨

မြို့နယ်ပေါင်းစုံ၊နယ်ပေါင်းစုံတွင် စခ၊ပခများ၏ အထိုင်ချစခန်းများမှ နေ့အချိန်၌ Spy Balloon၊UAV Scout drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်း၊ညအချိန်တွင်လည်း UAV Scout Drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။သို့ဖြစ်ပါ၍ တလရရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိကြပါရန် #EIO မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104

#VTOL 370 Scout Drone အကြောင်း‌လေ့လာရန် - https://t.me/eagleinformationoperator/17105

#Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752

#Gyrocopter နှင့် #Paramotor တို့ကိုတန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ - https://t.me/eagleinformationoperator/17807

🚨အထူးသတိပြုရန် နှိုးဆော်ချက် - https://t.me/eagleinformationoperator/19369

#EIO_Admin_Team #Eagle_Information_Operator #SecurityUpdate #StaySafe
🙏3
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူရွာအတွင်းသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 25, 3:46PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍3🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူရွာအတွင်းသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။ Mar 25, 3:46PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 ht…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ စခအိမ်စီးကား(၄)စီးဖြင့် ထွက်လာသော စခကင်းများသည် မအူရွာအတွင်း ကင်းပတ်ပြီး မအူဂိတ်သို့ ပြန်လည်ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။

Mar 25, 4:10PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍4
(၂၀၂၅ - ၂၀၂၆) ခုနှစ်၏ လက်ရှိတော်လှန်ရေး အခင်းအကျင်းတွင် တော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ "တပ်ပြေး" (Desertion) ကြေညာချက်များ ခပ်စိပ်စိပ် ထွက်ပေါ်လာနေခြင်းသည် သတိပြုရမည့် ဖြစ်စဉ်တစ်ခု ဖြစ်ပါသည်။ ဤအခြေအနေသည် တော်လှန်ရေးကာလ ရှည်ကြာလာသည်နှင့်အမျှ ဖြစ်ပေါ်လာတတ်သော စိန်ခေါ်မှုများ၊ အဖွဲ့အစည်းတွင်း စီမံခန့်ခွဲမှုနှင့် လုံခြုံရေးဆိုင်ရာ အားနည်းချက်များကို မီးမောင်းထိုးပြနေပါသည်။တပ်ပြေးများပြားလာရခြင်း အကြောင်းရင်းများနှင့် ယင်းကြောင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်များကို သုံးသပ်တင်ပြထားပါသည်။

"တော်လှန်ရေးအင်အားစုများအတွင်း တပ်ပြေးများပြားလာရခြင်းနှင့် ယင်း၏ အကျိုးဆက်များ"

(၂၀၂၅ - ၂၀၂၆) ခုနှစ်အတွင်း တော်လှန်ရေးနယ်မြေအသီးသီးရှိ အဖွဲ့အစည်းများထံမှ မိမိတို့အဖွဲ့ဝင်အချို့သည် ခွင့်မဲ့ပျက်ကွက်ခြင်း၊ တပ်မှ စွန့်ခွာခြင်းနှင့် တပ်ပြေးအဖြစ် သတ်မှတ်ထုတ်ပြန်ခြင်းများ ပိုမိုများပြားလာသည်ကို တွေ့ရှိနေရပါသည်။ ဤဖြစ်စဉ်သည် တော်လှန်ရေး၏ အရှိန်အဟုန်အပေါ် သက်ရောက်မှုရှိနိုင်သဖြင့် အဘက်ဘက်မှ ဆန်းစစ်ရန် အဓိကလိုအပ်သော အခြေအနေဖြစ်ပါသည်။

"တပ်ပြေးများပြားလာရခြင်း၏ အဓိကအကြောင်းရင်းများ"

၁။ ကာလရှည် စစ်ပွဲဒဏ်နှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှု (Combat Fatigue)

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး သပိတ်အစမှ ယခုအချိန်ထိ တော်လှန်ရေးကာလ နှစ်ချီကြာမြင့်လာသည်နှင့်အမျှ ရှေ့တန်းတိုက်ပွဲဝင် ရဲဘော်များနှင့် သက်ဆိုင်ရာ တော်လှန်ရေး အဖွဲ့အစည်း ကဏ္ဍအသီးသီး မှ အဖွဲ့ဝင်များတွင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများ ဖြစ်ပေါ်လာတတ်ပါသည်။ အနားယူချိန် နည်းပါးခြင်း၊ မိသားစုနှင့် ဝေးကွာခြင်းနှင့် အနာဂတ်အပေါ် စိုးရိမ်ပူပန်မှုများက စိတ်ဓာတ်ခိုင်မာမှုကို လျော့ပါးစေပြီး တော်လှန်ရေးကို စွန့်ခွာလိုစိတ်ကို ဖြစ်ပေါ်စေပါသည်။

၂။ အဖွဲ့အစည်းတွင်း စီမံခန့်ခွဲမှုနှင့် စည်းကမ်းပိုင်းဆိုင်ရာ အားနည်းချက်များ

တော်လှန်ရေးအဖွဲ့အစည်းအချို့တွင် ခေါင်းဆောင်မှုပိုင်းများ အားနည်းခြင်း၊ တရားမျှတမှု မရှိခြင်း (သို့မဟုတ်) အောက်ခြေရဲဘော်များ၊အဖွဲ့ဝင်များ၏ စားဝတ်နေရေးနှင့် ကျန်းမာရေး လိုအပ်ချက်များကို ပြည့်စုံအောင် မဖြည့်ဆည်းပေးနိုင်ခြင်းတို့က တပ်ပြေးဖြစ်စေသည့် (သို့မဟုတ်) မိမိအဖွဲ့အစည်းကို စွန့်ခွာ‌စေသည့် တွန်းအားများ ဖြစ်လာကြပါသည်။

၃။ ရန်သူ၏ စိစစ်ထိုးဖောက်မှုနှင့် ဝါဒဖြန့်ချိရေး

အကြမ်းဖက် စစ်ကောင်စီဘက်မှ စည်းရုံးသိမ်းသွင်းမှု၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဆိုသော မက်လုံးများ (သို့မဟုတ်) မိသားစုဝင်များကို အသုံးချ၍ ဖိအားပေးမှုများကြောင့် မိခင်တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့များနှင့် မည်သည့်တော်လှန်ရေးအဖွဲ့အစည်းကိုမဆို စွန့်ခွာမှုများ ရှိလာကြပါသည်။

⚠️တော်လှန်ရေး "အဖွဲ့အစည်းများ" ရင်ဆိုင်ရနိုင်သည့် အန္တရာယ်များ⚠️

တပ်ပြေးများပြားလာခြင်းနှင့် အဖွဲ့အစည်းကို စွန့်ခွာသည့်သူများပြားလာခြင်းသည် တော်လှန်ရေး အဖွဲ့အစည်းတစ်ခုအတွက် သာမန်အင်အား လျော့နည်းသွားခြင်းထက် ပိုမိုကြီးမားသော အန္တရာယ်များကို သယ်ဆောင်လာနိုင်ပါသည်။

"သတင်းအချက်အလက် ပေါက်ကြားမှု (Intelligence Leak)"

တပ်ပြေးတစ်ဦး(သို့မဟုတ်) အဖွဲ့အစည်းကို စွန့်ခွာသွားသူ တစ်ဦးဦးသည် မိမိရှိခဲ့သည့် နေထိုင်ခဲ့သည့် စခန်း၏ တည်နေရာ၊ အင်အားဖြန့်ကျက်မှု၊ ဆက်သွယ်ရေး လျှို့ဝှက်ကုဒ်များ၊ ရိက္ခာလမ်းကြောင်းများနှင့် ခေါင်းဆောင်ပိုင်း၏ သွားလာမှု အစီအစဉ်များကို သိရှိထားသူလည်း ဖြစ်သည်။ ထိုသူသည် စစ်ကောင်စီထံ လက်နက်ချခြင်း (သို့မဟုတ်) ဖမ်းဆီးခံရခြင်းမျိုး ဖြစ်ခဲ့ပါက တော်လှန်ရေးအဖွဲ့အစည်းတစ်ခုလုံး၏ လုံခြုံရေးသည် ချက်ချင်း အန္တရာယ် ကျရောက်နိုင်ပါသည်။

"အတွင်းလူမှတစ်ဆင့် တိုက်ခိုက်ခံရခြင်း (Inside Threat)"

တပ်ရင်းတပ်ဖွဲ့နှင့် အဖွဲ့အစည်းကို စွန့်ခွာသွားသူသည် စစ်ကောင်စီဘက်မှ လမ်းပြအဖြစ် ပြန်လည်ပါဝင်လာပါက တော်လှန်ရေးစခန်းများ၊အဖွဲ့အစည်းများကို အလစ်အငိုက် တိုက်ခိုက်ခံရခြင်းနှင့် မြေပြင်မြေပုံ အတိအကျဖြင့် စီးနင်းခံရခြင်းမျိုး ဖြစ်ပေါ်လာနိုင်ပါသည်။

"အဖွဲ့တွင်း ယုံကြည်မှုနှင့် စိတ်ဓာတ်ရေးရာ ထိခိုက်မှု"

တပ်ပြေးများ၊အဖွဲ့အစည်းကိုစွန့်ခွာသူများ ရှိလာခြင်းသည် ကျန်ရှိနေသည့် တော်လှန်ရေးရဲဘော်များအကြား၊အဖွဲ့အစည်းအတွင်းကြား သံသယများ ဖြစ်ပေါ်စေပြီး အချင်းချင်း အပြန်အလှန် ယုံကြည်မှု လျော့နည်းသွားစေပါသည်။ ယင်းက တိုက်ပွဲဝင်လိုစိတ်၊ဆက်လက်လုပ်ကိုင် ပါ‌ဝင်လို "စိတ်" ကို ကျဆင်းစေကာ အဖွဲ့အစည်း၏ စုစည်းမှုကို ပျက်ပြားစေပါသည်။

"လူထု၏ ယုံကြည်မှု လျော့နည်းခြင်း"

တော်လှန်ရေး အဖွဲ့အစည်းတစ်ခုတွင် တပ်ပြေးနှင့် စွန့်ခွာလာသူ များပြားနေခြင်းသည် ထိုအဖွဲ့၏ စည်းကမ်းနှင့် ထိန်းချုပ်မှုကို မေးခွန်းထုတ်စရာ ဖြစ်လာစေပြီး ထောက်ခံအားပေးနေသည့် ပြည်သူများ၏ ယုံကြည်မှုကိုပါ ထိခိုက်စေနိုင်ပါသည်။

နိဂုံးနှင့် အကြံပြုချက်။
တပ်ပြေးနှင့် အဖွဲ့အစည်းကိုစွန့်ခွာသူများပြားလာခြင်း ပြဿနာကို ဖြေရှင်းရန်မှာ တော်လှန်ရေး မည်သည့်အဖွဲ့အစည်းတိုင်းတွင်မဆို စနစ်ကျသော စည်းကမ်းထိန်းသိမ်းရေးယန္တရား ရှိရန် လိုအပ်သလို၊ တော်လှန်ရေးရဲဘော်များ၊အဖွဲ့အစည်းမှ အဖွဲ့ဝင်သူများ၏ စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှု (Mental Support) ကိုလည်း အလေးအနက်ထားသင့်ပါသည်။ ထို့အပြင် သတင်းအချက်အလက် လုံခြုံရေး (Operational Security) ကို အမြဲတမ်း အဆင့်မြှင့်တင်နေပြီး တပ်ရင်းတပ်ဖွဲ့ (သို့မဟုတ်) တော်လှန်ရေးအဖွဲ့အစည်းများမှ အဖွဲ့ဝင်တစ်ဦး စွန့်ခွာသွားသည်နှင့် တပြိုင်နက် လုံခြုံရေးဆိုင်ရာ ပြောင်းလဲမှုများကို ချက်ချင်း ပြုလုပ်ရမည် ဖြစ်ပါသည်။

ဤဆောင်းပါးသည် စာရေးသူ၏ အပြုသဘောဆောင်သည့် ကိုယ်ပိုင်အာဘော်သာဖြစ်ပြီး လက်ရှိမြေပြင် အခြေအနေကို သုံးသပ်တင်ပြထားခြင်း ဖြစ်ပါသည်။

#2025_2026_Revolution #RevolutionarySecurity #InternalThreats #MilitaryDesertion #OPSEC #RevolutionaryUnity #InformationSafety #TacticalAwareness #MyanmarRevolution #StabilityAndDiscipline #Eagle_Information_Operator #EIO
💯3👍2
"လိပ်ပြာလုံခြင်း"

ပေါ်ပင်တွေကြားမှာ
တော်ဝင်မဖြစ်ချင်ဘူး။

အတုတွေကြားမှာ
ရွှေရည်စိမ်မဖြစ်ချင်ဘူး။

ရေပေါ်ဆီတွေကြားမှာ
မလိုင်ခဲမဖြစ်ချင်ဘူး။

အနှစ်မဲ့တဲ့တောမှာ
ကြက်ဆူပင်မဖြစ်ချင်ဘူး။

တုံးတိုက်တိုက်
ကျားကိုက်ကိုက်
ခပ်မိုက်မိုက်လုပ်ပေမယ့်
လူယုတ်မာတော့မဟုတ်ဘူး။ ။

ကိုမှူး(ဆေးတက္ကသိုလ်)
👍5
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ မြောက်ဘက်ထွက်လာသော စခကင်းများသည် မုံရွေး ဗောဓိလမ်းထိပ် ပေလမ်းမသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 25, 5:16PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍3🙏2
Forwarded from BPLA
“အညာစစ်ဒေသရဲဘော်များအတွက် ဂုဏ်ပြုပွဲကျင်းပ”

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ အညာစစ်ဒေသမှ ရဲဘော်များအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ပဲခူးအနောက်ခြမ်း၊ ပြည်ခရိုင်အတွင်းရှိ ပန်းတောင်းနယ်မြေစစ်ဆင်ရေးနှင့် ကပစ(၁၆)အနီးတိုက်ပွဲများအတွင်း အာရက္ခတပ်တော်(AA)နှင့်အတူ တိုက်ပွဲဝင်ခဲ့ကြသည့် BPLA၊ အညာစစ်ဒေသ၊ အမှတ်(၃၀၈)ဗျူဟာမှ တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေးနှင့် အမိန့်နာခံမှု ကောင်းမွန်သည့်ရဲဘော်များအား ထူးချွန်ဆုပေးအပ်ခြင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသည့် ရဲဘော်များအား သူရဲကောင်းဆုပေးအပ်ခြင်း၊ ကျဆုံးသွားခဲ့ရသည့်ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မှတ်တမ်းတင်ကာ ၎င်းတို့၏ သက်ဆိုင်ရာမိသားစုဝင်များထံသို့ ဂုဏ်ပြုမှတ်တမ်းနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

လက်ရှိအချိန်တွင် အာရက္ခတပ်တော်(AA)နှင့်အတူ ပြုလုပ်နေသည့် ကပစ(၁၆)အနီး စစ်ဆင်ရေးများတွင် BPLA၊ မြေလတ်စစ်ဒေသ၊ အမှတ်(၂၀၃)ဗျူဟာမှ ဆက်လက်ပါဝင်တိုက်ခိုက်လျက်ရှိပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပွိုင့် ၆၆၆ စခန်းကုန်းကို ထပ်မံသိမ်းပိုက်ရာတွင် ပါဝင်ခဲ့သည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)အနေဖြင့် တောင်ပိုင်းစစ်ဒေသ၊ မြေလတ်စစ်ဒေသနှင့် အညာစစ်ဒေသ ဟူ၍ စစ်ဒေသ(၃)ခု ဖွဲ့စည်းတည်ဆောက်ထားပြီး မဟာမိတ်တပ်များနှင့်အတူ ဖက်ဆစ်စစ်တပ်ကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

-သတင်းနှင့် ပြန်ကြားရေးအဖွဲ့
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)
🫡5