EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်ဇောက် လဝကရုံးဟောင်း အနီးတွင် စခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးကြမ်းနေကြောင်း သတင်းရရှိထားပါသည်။။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 Mar 24, 9:20AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်…
⚜️ #EIO_Update_News

မုံရွာမြို့၊ ညောင်ပင်ဇောက် လဝကရုံးဟောင်း အနီးတွင် စခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးကြမ်းနေကြောင်း သတင်းရရှိထားပါသည်။။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

Mar 24, 5:05PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏1
⚜️ #EIO_Update_News

မုံရွာမြို့၊ ရေဦးဆန်ဆိုင်ဂိတ်တွင် စခအိမ်စီးကား(၅)စီးရောက်ရှိနေပြီး ပြည်သူအသွားအလာများနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဖမ်းဆီး၍ အစစ်ဆေးကြမ်းနေကြောင်း သတင်းရရှိထားပါသည်။။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

Mar 24, 5:07PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «⚜️ #EIO_Update_News မုံရွာမြို့၊ ရေဦးဆန်ဆိုင်ဂိတ်တွင် စခအိမ်စီးကား(၅)စီးရောက်ရှိနေပြီး ပြည်သူအသွားအလာများနှင့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဖမ်းဆီး၍ အစစ်ဆေးကြမ်းနေကြောင်း သတင်းရရှိထားပါသည်။။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 Mar…»
ခရီးသွားလာကြသော တော်လှန်ရေး ရဲဘော်ရဲဘက်များခင်ဗျား -

ယခုအချိန်ကာလသည် ဒေသမရွေး၊ နယ်မြေတိုင်းတွင် အကြမ်းဖက်စစ်ရှုံးကောင်စီ၏ စစ်ဆေးရေးဂိတ်များ၊ စစ်ကြောင်းများနှင့် ကင်းပုန်းများဖြင့် စစ်ရေးအခြေအနေ အထူးရှုပ်ထွေးနေသော အချိန်ကာလဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ခရီးသွားလာရာတွင် ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် ကြိုတင်ချိတ်ဆက်၍ မိမိသွားလာမည့် ခရီးလမ်းကြောင်းကို သက်ဆိုင်ရာ နယ်မြေခံ၊တာဝန်ခံများ ထံသို့ ကြိုတင်ဆက်သွယ်ပါ။လမ်းကြောင်းအခြေအနေကို အတည်ပြုပြီး သတင်းပို့ ချိတ်ဆက်မှု ပြုလုပ်ပြီးမှသာ ခရီးစဉ်ကို စတင်ပါ။ ဒေသခံအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်နှင့် စစ်ရေးသတိကို အမြဲရှိနေစေရန်တိုက်တွန်းအပ်ပါသည်။

မိမိတို့၏ အသက်ဘေးကင်းလုံခြုံရေးသည် တော်လှန်ရေးအတွက် အဓိကကျသဖြင့် စနစ်တကျ ချိတ်ဆက်သွားလာပေးကြပါရန် ဒေသခံအဖွဲ့အစည်းများကိုယ်စား #EIO Admin Team မှ အသိပေး ပန်ကြားအပ်ပါသည်။

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပို့ရန်-
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
📧 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာမြို့၊ ညောင်ပင်ဇောက် လဝကရုံးဟောင်း အနီးတွင် စခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးကြမ်းနေကြောင်း သတင်းရရှိထားပါသည်။။ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻 Mar 24, 5:05PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်…
⚜️ #EIO_Update_News

မုံရွာမြို့၊ ညောင်ပင်ဇောက် လဝကရုံးဟောင်းမှ စခများသည် ညောင်ပင်ဇောက်ရပ်ကွက်အတွင်း ကင်းပတ်နေကြောင်း သတင်းရရှိထားပါသည်။။

Mar 24, 7:49PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏1
⚜️ #EIO_Update_News

ချောင်းဦးနယ် ကင်မွန်းတော် ပျူရွာမှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

Mar 24, 7:49PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍1
"မြို့ပြဘဝ၏ မမြင်ရသော ဖိအားများ"

လက်ရှိ နယ်ပေါင်းများစွာ၏ မြို့ပြညများသည် တိတ်ဆိတ်ခြောက်ကပ်ခြင်းနှင့် စိုးရိမ်ထိတ်လန့်ခြင်းများဖြင့် အစားထိုးခံလိုက်ရပြီဖြစ်သည်။ မြို့ပြနေ ပြည်သူလူထု၏ မျက်နှာများပေါ်တွင် ပြုံးရယ်သံများထက် ငြိမ်သက်ခြင်းနှင့် ပူပန်ခြင်းအရိပ်အယောင်များက ပိုမိုထင်ဟပ်နေသည်။

ပညာရေးကဏ္ဍတွင်လည်း ပျောက်ဆုံးနေသော အနာဂတ်နှင့် လမ်းပျောက်နေသည့် လူငယ်များသည် မြို့ပြနေ မိဘများနှင့် ကျောင်းသားလူငယ်များအတွက် ပညာရေးသည် ယခုအခါ ကြီးမားသော စိန်ခေါ်မှုတစ်ခု ဖြစ်လာသည်။

စိုးရိမ်ထိတ်လန့်မှုနဲ့ စာသင်ကျောင်းများသို့ သွားရောက်ရန် လုံခြုံရေးအရ စိုးရိမ်ရခြင်းနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေနဲ့ မတရားဖမ်းဆီးပေါ်တာဆွဲမှုကြောင့် အသက်အရွယ်မရွေး လူငယ်များ လမ်းပေါ်ထွက်ရန်ပင် ကြောက်ရွံ့နေကြရသည်။

ယုံကြည်မှု ကင်းမဲ့ခြင်းစိတ်အခြေနေဖြစ်ပေါ်နေပြီး လက်ရှိ စစ်ကောင်စီ၏ ပညာရေးစနစ်အပေါ် ယုံကြည်မှု လျော့နည်းလာခြင်းနှင့် အနာဂတ် အသက်မွေးဝမ်းကျောင်းအတွက် အာမခံချက်မရှိခြင်းတို့ကြောင့် လူငယ်အများစုမှာ "စာသင်ရမှာလား၊ ထွက်ပြေးရမှာလား" ဆိုသည့် ဒွိဟစိတ်ဖြင့် မွန်းကျပ်နေကြရပါသည်။

ငွေကြေးဝန်ထုပ်ဝန်ပိုးများဖြစ်ပေါ်နေပြီး ပုဂ္ဂလိကကျောင်းများနှင့် ပြင်ပသင်တန်းများအပေါ် မှီခိုရမှု ပိုများလာသော်လည်း ကုန်ဈေးနှုန်းကြောင့် မိဘများမှာ သားသမီးပညာရေးအတွက် ရုန်းကန်နေရသည့် "ရင်တွင်းအပူ" များ ရှိနေကြသည်။

ကျန်းမာရေးနှင့်ပတ်သတ်ပြီး အသက်နှင့်ရင်း၍ ဝယ်ယူနေရသော ဆေးဝါးများ၊ကျန်းမာရေးကဏ္ဍတွင်လည်း မြို့နေပြည်သူများမှာ အားကိုးရာမဲ့သည့် အခြေအနေသို့ ဆိုက်ရောက်နေသည်။

ဆေးဝါးရှားပါးမှုနှင့် ဈေးနှုန်းမြင့်မားလာမှုကြောင့် အခြေခံအိမ်သုံးဆေးဝါးများမှအစ နာတာရှည်ရောဂါသည်များအတွက် အရေးကြီးသော ဆေးဝါးများအထိ ဈေးနှုန်းများ အဆမတန် မြင့်တက်နေခြင်းက လူနာရှင်များအတွက် သောကဖြစ်စေသည်။ "ဆေးဖိုးမတတ်နိုင်လို့ အသက်လက်လွှတ်ရမလား" ဆိုသည့် ကြောက်စိတ်က မြို့ပြလူထုကို ခြိမ်းခြောက်နေသည်။

ဝန်ဆောင်မှု အခက်အခဲများရှိခြင်းကြောင့် စစ်ကောင်စီဖွင့်လှစ်ထားသော အစိုးရဆေးရုံများတွင် ကျွမ်းကျင်ဝန်ထမ်း ရှားပါးမှုနှင့် ပုဂ္ဂလိကဆေးရုံများ၏ မြင့်မားသော ကုန်ကျစရိတ်များအကြား ပြည်သူများမှာ ကြားညပ်နေသည်။ အရေးပေါ်အခြေအနေများတွင် လုံခြုံရေးအရ သွားလာရခက်ခဲမှုကလည်း လူနာများအတွက် အသက်အန္တရာယ် စိုးရိမ်ရသည့်အထိ အချက်ဖြစ်လာခဲ့ရသည်။

လက်ရှိ စက်သုံးဆီဈေး၊ ကုန်ဈေးနှုန်းနှင့် စားဝတ်နေရေး ဖိအားသည် နိုင်ငံရေး မတည်ငြိမ်မှုနှင့်အတူ ကပ်ပါလာသော ကုန်ဈေးနှုန်း ကြီးမြင့်မှုဖြစ်ပြီး မြို့ပြနေလူလတ်တန်းစားနှင့် လက်လုပ်လက်စားများအဖို့ ငရဲကျသကဲ့သို့ ခံစားနေရသည်။ "ရှာသမျှ စားစရိတ်နှင့်တင် မလောက်ငတော့ဘူး" ဟူသော ညည်းတွားသံများသည် မြို့ပြ၏ မိသားစုအိမ်တိုင်းတွင် ကြားနေရသည်။ လျှပ်စစ်မီး ပုံမှန်မရရှိခြင်းကလည်း လူနေမှုဘဝကို ပိုမိုကျပ်တည်းစေပြီး လုပ်ငန်းခွင်များအပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါသည်။

မလုံခြုံမှုနှင့် ထွက်ပေါက်မဲ့သော စိတ်မွန်းကျပ်မှုများဖြင့် မြို့ပြနေလူထုအတွက် အကြီးမားဆုံးသော ရင်တွင်းခံစားချက်မှာ "မလုံခြုံမှု" ပင်ဖြစ်သည်။ အိမ်ပြင်ထွက်လျှင် လမ်းဘေးစစ်‌ကောင်စီစစ်ဆေးရေးဂိတ်များကို ရင်တထိတ်ထိတ်ဖြင့် ဖြတ်သန်းရခြင်း၊ ဖုန်းအတွင်းရှိ အချက်အလက်များကြောင့် အချိန်မရွေး အဖမ်းခံရနိုင်ခြင်းနှင့် ညဘက်အိပ်စက်ချိန်တွင်လည်း စစ်ကောင်စီမှ ဧည့်စာရင်းစစ်ဆေးခြင်း (သို့မဟုတ်) အကြောင်းမဲ့ ဝင်ရောက်စီးနင်းခံရမည်ကို စိုးရိမ်ရခြင်းတို့က ပြည်သူတို့၏ စိတ်ကျန်းမာရေးကို များစွာထိခိုက်စေပါသည်။

နိဂုံးချုပ်အားဖြင့် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြို့ပြနေပြည်သူများသည် အပြင်ပန်းအားဖြင့် ပုံမှန်လည်ပတ်နေသကဲ့သို့ ထင်ရသော်လည်း၊ အတွင်းစိတ်တွင်မူ မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှု၊ သည်းခံခြင်းနှင့် နာကျည်းမှု တို့ကြားတွင် ဗျာများနေကြသည်။ သူတို့ တောင့်တနေသည်မှာ အခြားမဟုတ်၊ ဂုဏ်သိက္ခာရှိစွာဖြင့် အေးချမ်းစွာ အိပ်စက်ခွင့်ရမည့် ညများနှင့် လုံခြုံစိတ်ချရသော မနက်ခင်းများသာ ဖြစ်ပါသည်။

ဤဆောင်းပါးသည် စာရေးသူကိုယ်တိုင် မြို့ပြနေပြည်သူတို့အား မေးမြန်း၍ ရေးသားဖော်ပြခြင်းဖြစ်ပါသည်။ကိုယ်ပိုင်အာ‌ဘော် ဖြစ်၍ ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။
စစ်ကောင်စီလက်ထက် မြို့ပြနေပြည်သူလူထု၏ ခံစားချက်များ ခေါင်းစဉ်အနေဖြင့် ဖြစ်ပေါ်နေသော အခြေအနေများအပေါ် တွင် အကြံပြုစာများ၊ရင်တွင်းခံစားချက်များအား #EIO Facebook Page Messenger သို့ လုံခြုံစိတ်ချစွာ လာရောက် အကြံပြု ပြောကြားနိူင်ပါကြောင်း ဖိတ်ခေါ်လိုက်ပါသည်။

🗞️ မြို့ပြနေပြည်သူများ၏ အသံများကို မိမိတို့ #EIO မှ ဆက်လက် တင်ပြပေးသွားမည် ဖြစ်ပါသည်။

#WhatsHappeningInMyanmar #HumanRightsViolations #MilitaryTerrorists #EconomicCrisis #UrbanCityLife #MyanmarInstability #DailyStruggles #Eagle_Information_Operator #EIO
🥰2
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာဘက်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 24, 8:14PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍1
📌အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

https://t.me/eagleinformationoperator/19834

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Myanmar #SecurityTips #StaySafe
🙏3
⚜️"လေကြောင်းသတင်းဆိုင်ရာ တယ်လီဂရမ်ချန်နယ်များ စုစည်းမှု"⚜️

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် ကြိုတင်သတိပြုနိုင်စေရန် မိဘပြည်သူများနှင့် တလရရဲဘော်များအတွက် အသုံးဝင်ပြီး ယုံကြည်စိတ်ချရသော ပြည်သူ့အကျိုးပြု လေကြောင်းသတင်း တယ်လီဂရမ်ချန်နယ်ကြီးများကို #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ စုစည်းတင်ပြလိုက်ပါသည်။

🌐 ယုံကြည်စိတ်ချရသော လေကြောင်းသတင်း #TelegramChannelsLinks များ -

🔹 https://t.me/WaiHin
🔹 https://t.me/earorg
🔹 https://t.me/nasairscoutteam
🔹 https://t.me/witnessenemyairscout

(မှတ်ချက်။။     ။။ မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)သည် လေကြောင်းသတင်းနှင့်သက်ဆိုင်သော အထက်ပါချန်နယ်များအား ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါသည်။)

တလရရဲဘော်များနှင့် မိဘပြည်သူများအားလုံး ကျန်းမာပြီး ဘေးကင်းကြပါစေ🙏🏻

📲 သတင်းပေးပို့ရန် -
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate #AirScout #AviationNews
🙏3
‼️အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန်‼️

ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။

📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။

🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား

စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။

🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။

#Eagle_Information_Operator #EIO #Media_Literacy #Media_Ethics #Stay_Safe
🙏4
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
4🥰1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏5
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏5