EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.9K links
Download Telegram
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မင်းရွာသို့ ရောက်ရှိနေပြီး လက်နက်ငယ်များလည်း ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

Mar 23, 7:36PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊မအူဂိတ်မှ ထွက်လာသော စခများသည် မအူရွာထဲတွင် ရှိနေဆဲဖြစ်ကြောင်း သတင်းရရှိထားပါသည်။ Mar 23, 7:07PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉 http://www…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊မအူဂိတ်မှ ထွက်လာသော စခများသည် မအူရွာထဲမှ ပြည်သူတချို့လည်း ဖမ်းဆီးထားကြောင်း သတင်းရရှိထားပါသည်။

Mar 23, 7:49PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏4
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊မအူဂိတ်မှ ထွက်လာသော စခများသည် မအူရွာထဲမှ ပြည်သူတချို့လည်း ဖမ်းဆီးထားကြောင်း သတင်းရရှိထားပါသည်။ Mar 23, 7:49PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊မအူဂိတ်မှ ထွက်လာသော စခများသည် မအူရွာထဲမှ ပြည်သူ(၂)ဦးအား ဖမ်းဆီး၍ မအူဂိတ်သို့ ပြန်လည်ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။

Mar 23, 8:15PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍1
“မျှော်လင့်ချက်တွေကို ဘယ်လိုအသက်ပြန်သွင်းမလဲ”

🔳 ဘဝမှာ မျှော်လင့်ချက် ကင်းမဲ့နေတယ်လို့ ခံစားရတဲ့အချိန်တွေ ရှိဖူးသလား။ ရှိဖူးမယ်လို့ ထင်တယ်။ ကျွန်တော့်မှာလည်း ရှိဖူးတယ်။

ဒါကို အသက်ပြန်သွင်းဖို့ဆို အချက် ၃ ချက် အရေးကြီးမယ်။

• Positive mindset - အပြုသဘောဆောင်တဲ့ အတွေး
• Positive action - အပြုသဘောဆောင်တဲ့ လုပ်ရပ်
• Positive people - အပြုသဘောဆောင်တဲ့ လူပုဂ္ဂိိုလ်တွေ

🔳 မျှော်လင့်ချက်တွေ ကင်းမဲ့ပြီး လောကကို နှုတ်ဆက်စွန့်ခွာသွားကြသူတွေ ရှိတယ်။ လိင်အကြမ်းဖက်ခံရလို့၊ စီးပွားပျက်သွားလို့၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးသွားလို့ စတဲ့ အကြောင်းရင်းပေါင်းစုံနဲ့ပေါ့။

တစ်ဖက်မှာလည်း အဲဒီလို လိင်အကြမ်းဖက်ခံရပြီး၊ စီးပွားပျက်သွားပြီး၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ရပြီး ဆက်ရှင်သန်နေသူတွေ ရှိတယ်။

ဒါဆို သေချာပြီ။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာ ဒီအကြောင်းရင်းတွေကြောင့်တော့ မဟုတ်ဘူး။ ဒါဆို ဘာကြောင့်လဲ။ ဘယ်အရာက မျှော်လင့်ချက် ကင်းမဲ့စေတာလဲ။

🔳 Marty Seligman နဲ့ Steve Maier ဆိုတဲ့ စိတ်ပညာရှင်နှစ်ယောက်က သူတို့ရဲ့ သုတေသနတစ်ခုကနေ တွေ့ရှိချက်ကို ပြောပြတယ်။

“လူတွေကို မျှော်လင့်ချက် ကင်းမဲ့စေတာ ဆင်းရဲဒုက္ခတွေ မဟုတ်ဘူး။ ဒီဆင်းရဲဒုက္ခတွေကနေ လွန်မြောက်အောင် ငါ ဘာမှလည်း မတတ်နိုင်တော့ပါလား ဆိုတဲ့ အသိကသာ မျှော်လင့်ချက် ကင်းမဲ့စေတာ” တဲ့။

🔳 ဘယ်လိုအခက်အခဲ ပြဿနာတွေပဲ ကြုံကြုံပါ။ ငါ ဖြေရှင်းနိုင်သေးတယ်၊ လွန်မြောက်အောင် ကြိုးစားနိုင်သေးတယ်၊ ရပ်တန့်နိုင်သေးတယ်၊ မနေ့ကထက် ဒီနေ့မှာ ပိုကောင်းအောင် လုပ်နိုင်သေးတယ် ဆိုတဲ့ ခံစားချက် ရှိနေဖို့ သိပ်အရေးကြီးပါတယ်။

အဲဒီခံစားချက်ကလည်း နေရင်းထိုင်ရင်းတော့ ရမလာပါဘူး။ ကိုယ်တိုင်လုပ်ရပါတယ်။ ပတ်ဝန်းကျင်ကောင်း လိုအပ်ပါတယ်။

🔳 ကိုယ့်အတွေး၊ ကိုယ့်လုပ်ရပ်၊ ကိုယ့်ပတ်ဝန်းကျင်၊ ဒီ ၃ ချက်စလုံး အပြုသဘော ပိုဆောင်လာတာနဲ့အမျှ “မျှော်လင့်ချက်” ဆိုတဲ့ အလင်းရောင်ကို ပြန်ရှာတွေ့နိုင်လာမှာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၂၃.၁၁.၂၀၂၅
👍1
အသက်ရှင်ပါ
မနက်မင်္ဂလာလို့နှုတ်ဆက်ဖို့............

အမှောင်ကျလည်း
ဦးနှောက်ထဲမှာလင်းနေပါစေ..,

အဆက်အသွယ်မရလည်း
နှလုံးသားထဲမှာနွေးနေပါစေ..

ပြန်ဆုံမည့်ရက်
အရုဏ်တက်ကို
အသက်ဆွဲဆန့်ကြိုနိုင်ကြပါစေ..........။ ။

မောင်စိန်ဝင်း(ပုတီးကုန်း)
1👍1
"လေယာဉ်သံကို နားစွင့်ရင်း ကုန်ဆုံးခဲ့ရတဲ့ ညပေါင်းများစွာ... 🌌✈️🔊 ပြည်သူတွေ ဘေးကင်းဖို့အတွက် နေ့မနား၊ ညမနား ကြိုးစားခဲ့ရတဲ့ အချိန်တွေဟာ မိမိတို့ #EIO အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ တော်လှန်ရေး မှတ်တိုင်တွေပါပဲ။" 🚩🎖️

မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) အနေဖြင့် လေယာဉ်သံကို နားစွင့်ခြင်း၊ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ထုတ်ပြန်ခြင်းနှင့် အများပြည်သူ ဘေးကင်းစေရန် သတိပေးနှိုးဆော်ခြင်းတို့သည် 🚨📡 ပင်ပန်းသော်ငြားလည်း တော်လှန်ရေးအပေါ်ထားရှိသည့် သစ္စာတရားကြောင့် စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်ခဲ့ပါသည်။

❤️ ယခင်အချိန်က (#NAS) လေကြောင်းရန် ကြိုတင်သတိပေးချန်နယ်တွင် 📢📡 ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားသွန်ခွန်စိုက် ပါဝင်ခဲ့ခြင်းရှိခဲ့သလို မိမိတို့၏ ကြိုးပမ်းမှုများသည် မိဘပြည်သူများနှင့် တိုင်းရင်းသားအားလုံး၏ အသက်အိုးအိမ်စည်းစိမ်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြု အကာအကွယ်ပေးနိုင်ခဲ့လိမ့်မည်ဟု ယုံကြည်ပါသည်။ 🛡️🤝

ယခုအခါတွင် ကျန်းမာရေးအခြေအနေကြောင့် #NAS လေကြောင်းရန်ကြိုတင်သတိပေးချန်နယ် မှ ရပ်နားခဲ့ပြီး အနားယူခဲ့ပြီဖြစ်သော်လည်း ⏸️🛌 မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး) အနေဖြင့် လေကြောင်းနှင့် မြေပြင်သတင်းများအား (မြေပြင်တိုက်ရိုက်) သတင်းပို့စနစ်ဖြင့်လည်းကောင်း 🛰️📡 #EIO Facebook Page နှင့် Telegram ချန်နယ်တွင်သာ စစ်ရေးသတင်းနှင့် အသိပေး၊သတိပေး၊ပညာပေးကဏ္ဍများ ဖြန့်ဝေနေကြခြင်း ဖြစ်ပါသည်။

📲 📖 ပြည်သူလူထုထံသို့ မှန်ကန်သော သတင်းစကားများ ရောက်ရှိစေရန်နှင့် တော်လှန်ရေးအရှိန်အဟုန် မပျက်စေရန်အတွက် ❤️📣 မိမိတို့ နိုင်ရာအခန်းကဏ္ဍမှနေ၍ လုပ်နိုင်စွမ်းရှိသလောက် အင်တိုက်အားတိုက် သတင်း ကျင့်ဝတ် #Ethics ကို စောင့်စည်းထိန်းသိမ်း၍ ဆက်လက် ကြိုးစားအားထုတ်နေဆဲ ဖြစ်ပါသည်။ 🤜⚖️

တော်လှန်ရေးသည် ညီညွတ်မှုနှင့် ခိုင်မာသော သန္နိဋ္ဌာန်ပေါ်တွင် တည်ရှိပါသည်။ 🤝

တော်လှန်ရေးတွင် ပါဝင်ကြသော ရဲဘော်အချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း၊ အသိအမှတ်ပြုမှုနှင့် နွေးထွေးသော လက်ကမ်းမှုများသည် 🤝ရှေ့ဆက်ရန် ခွန်အားများ ဖြစ်စေပါသည်။ 💪

⚜️ မိမိတို့၏ လုပ်ဆောင်ချက်တိုင်းသည် ချစ်သောမိဘပြည်သူများ ဘေးကင်းရန်နှင့် တော်လှန်ရေးအောင်ပွဲ အမြန်ဆုံး ရရှိရန်အတွက်သာ ရည်ရွယ်ပါသည်။

✌️🚩 ကျွန်ုပ်တို့ လိုလားတောင့်တသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ပြည်သူနှင့်အတူ တစ်သားတည်း ဆက်လက် ချီတက်သွားပါမည်။

#EIO_Founder
#Admin_Team
#Eagle_Information_Operator
#EIO ပြည်သူ့အကျိုးပြု (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2👍1
‼️အများပြည်သူသို့ အသိပေးချက် သတင်းမှန်စိစစ်ရေး လမ်းညွှန်‼️

ယနေ့ခေတ်တွင် သတင်းအမှားနှင့် ကောလာဟလများသည် အများပြည်သူကို ထိတ်လန့်မှုဖြစ်စေပြီး ပျံ့နှံ့လျက်ရှိပါသည်။

📌မိမိတို့၏ ဘေးကင်းလုံခြုံရေးအတွက် သတင်းတစ်ခုကို လက်ခံရရှိပါက အောက်ပါအတိုင်း စစ်ဆေးရန် တိုက်တွန်းအပ်ပါသည်။

🔍 စစ်ဆေးကြည့်ပါ - သတင်းပေးပို့သူသည် ခိုင်လုံသော သတင်းရင်းမြစ် ဖြစ်ပါသလား

စောင့်ကြည့်ပါ - သတင်းတစ်ခုသည် မရေရာပါက အချိန်အနည်းငယ်စောင့်ပြီး တရားဝင်ထုတ်ပြန်ချက်များကို စောင့်ကြည့်ပါ။

🛡️ ကာကွယ်ပါ - အတည်မပြုနိုင်သော သတင်းများကို မဖြန့်ဝေခြင်းဖြင့် မိမိပတ်ဝန်းကျင်ကို ထိတ်လန့်မှုမှ ကာကွယ်ပါ။

#Eagle_Information_Operator #EIO #Media_Literacy #Media_Ethics #Stay_Safe
👍42
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
6
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏6
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
👍4🙏2
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
🙏5
This media is not supported in your browser
VIEW IN TELEGRAM
ချဉ်ပေါင်ဟင်းကြိုက်တဲ့ "ဗိုလ်ချုပ်"
အဆောင်အယောင် မမက်တဲ့ "ဗိုလ်ချုပ်"
အာဏာဆိုတာ ခါးပတ်နောက်မှာ ချိတ်ထားဖို့မဟုတ်ဘဲ
ပြည်သူ့အတွက်သာ ထမ်းပိုးဖို့လို့ကြောင်း လက်တွေ့ပြသွားတဲ့ "ဗိုလ်ချုပ်"
.
"ဗိုလ်ချုပ်" ဆိုတဲ့ ဘွဲ့ထူးထက် "ကိုအောင်ဆန်း" ဆိုတဲ့ ရိုးသားမှုကို ပိုမြတ်နိုးခဲ့သူ။
နန်းတွင်းဟင်းလျာတွေထက် အိမ်ချက် "ချဉ်ပေါင်ဟင်း" တစ်ခွက်နဲ့ ထမင်းဝိုင်းကို ပျော်ရွှင်ခဲ့သူ။
ကတ္တီပါဖိနပ်နဲ့ ကော်ဇောနီလမ်းကို ငြင်းပယ်ပြီး၊ အပေါက်အပြဲပါတဲ့ အင်္ကျီကို ဖာထေးဝတ်ဆင်ခဲ့တဲ့သူ။

"ဗိုလ်ချုပ်"ကို ချစ်တယ်ဆိုတာ သူ့ရုပ်ပုံကို ကြည့်ရုံတင်မဟုတ်ဘဲ သူပြသခဲ့တဲ့ "စိတ်ဓာတ်နဲ့ ကျင့်ဝတ်" တွေကို လိုက်နာကျင့်ကြံဖို့လည်း လိုအပ်ပါတယ်။

ရိုးသားပါ - ကိုယ်ကျိုးထက် အများအကျိုးကို ရှေ့တန်းတင်ပါ။
ခြိုးခြံပါ - အပိုအလှတွေကို ဖယ်ပြီး အနှစ်သာရကို ရှာဖွေပါ။
သစ္စာရှိပါ - မိမိလုပ်ငန်းခွင်နဲ့ မိမိတိုင်းပြည်အပေါ် မဖောက်ပြန်ပါနဲ့။

ဂုဏ်ပကာသနနောက်ကို မလိုက်ဘဲ ဗိုလ်ချုပ်ပြသခဲ့တဲ့ လမ်းစဉ်အတိုင်း "မှန်တာကို ရဲရဲလုပ်၊ ရိုးရိုးနေ" ကြဖို့ အချိန်တန်ပါပြီ။

#AdminTeam
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🫡4
Media is too big
VIEW IN TELEGRAM
"နေရာလုတဲ့ ကိစ္စတွေ မလုပ်နဲ့တော့။ နေရာလုတဲ့ ကိစ္စဆိုတာ အင်မတန်မှ ဆိုးတယ်။ အဲ့တော့ တစ်ယောက်နဲ့တစ်ယောက် နေရာပေးချင်တဲ့ စိတ်နဲ့ လုပ်သွားမယ်ဆိုရင် အေးအေးချမ်းချမ်း ဖြစ်သွားမှာပါ။

အဲ့ဒီ နေရာလုတဲ့ ပြဿနာပဲ... ဒီမိုကရေစီစနစ်ဆိုတာဟာ နေရာမလုရအောင်လို့ ထွင်ထားတဲ့ စနစ်ဖြစ်တယ်။ ပြည်သူက ပေးတဲ့နေရာပဲ ယူရတယ်။

ကိုယ်က အာဏာရှိတိုင်း၊ လက်နက်ရှိတိုင်း၊ ပိုက်ဆံရှိတိုင်း နေရာလုလို့ မရတဲ့စနစ် ဖြစ်ပါတယ်လို့ ကျွန်မ ပြောချင်ပါတယ်။"

"ဒေါ်အောင်ဆန်းဆုကြည်"
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)
3👍1