EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်
(၂၃.၃.၂၀၂၆ မှ ၂၉.၃.၂၀၂၆ အထိ)

အလေးပေးတင်ပြချက်များ
••••••••••••••••••••••••
ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့် သာယာနိုင်ပါသည်။

မိုးအခြေအနေမှာ အရှေ့ဘက်နှင့် အနောက်ဘက်မှ လာသည့် လေပွေလှိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းနိုင်ပါသည်။

မြူအခြေအနေမှာ - မြန်မာနိုင်ငံတဝှမ်းလုံးတွင် မြူများကျဆင်းနိုင်ပါသည်။

🗓️ နေ့အလိုက်တပတ်စာ မိုးလေဝသ အခြေအနေ များကို ဆက်လက်တင်ပြသွားပါမည်။

🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️

#မိုးလေဝသသတင်း
#WeatherForecast
#MOHADM
👍5
"သတင်းဦး သတင်းထူးဆိုတာ... နေရာမရွေးဘူး" 😎📱

တံခါးတစ်ချပ်ခြားမှာ ဘာဖြစ်နေလဲဆိုတာထက် 'ငါ အရင်သိဖို့' က ပိုအရေးကြီးနေတဲ့ ဒီနေ့ခေတ် ပြယုဂ်တစ်ခုပဲ။ ကိုယ်ပိုင်အချိန် (Privacy) ထက် 'တင်လိုက်ရရင် ပြီးရော' ဆိုတဲ့ စိတ်ဓာတ်တွေနဲ့...။

သတင်းထောက်မဟုတ်ပေမယ့် သတင်းရဖို့ဆိုရင် အိမ်သာရှေ့အထိ "စုံစမ်းထောက်လှမ်းရေး" ဆင်းနေကြတဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်။ အတင်းအဖျင်းနဲ့ သတင်းကို မခွဲခြားနိုင်တော့တဲ့အခါ...။🙄

"သတင်းထောက်မဟုတ်ပေမယ့်... 'သတင်း' ဆိုရင်တော့ အိမ်သာတံခါးဝအထိတောင် အရောက်လှမ်းနိုင်ပါတယ်။ 🚪📱

လူမှုကွန်ရက်ပေါ်က 'ဦးအောင်တင်' ချင်ကြတဲ့ ဝါသနာရှင်များအတွက်...။"


"သတင်းဦး သတင်းထူးဆိုရင်... ဘယ်နေရာရောက်နေနေ အရေးမကြီးဘူး၊ အဓိကက လက်မြန်ဖို့ပဲ" 🏃‍♂️💨

အိမ်သာထဲက အသံကိုတောင် "Live" လွှင့်ရမလို၊ "သတင်းပို့" ရမလို ဖြစ်နေတဲ့ ဒီခေတ်ကြီးထဲမှာ................

"ခင်ဗျားတို့ရော အဲ့လို သတင်းစုံစမ်းရတာ ဝါသနာပါတဲ့ သူငယ်ချင်းတွေရှိလား"

Mention ခေါ်လိုက်တော့။ 😂



" ကြားလား... ချောင်းဆိုးသံလား၊ နှာချေသံလား... မြန်မြန်ပြောကွာ၊ သတင်းပို့ချင်လို့ " 📱✍️


#Eagle_Information_Operator
#DigitalAge #SocialMediaTrends #Privacy
#Perspective #ModernLife #BreakingNewsCulture #SocialMediaAddicts #RealityCheck #Trend #NewsAddict #SocialObservation #SocialMediaLife #MyanmarCartoon
အိမ်သာထဲက အသံကိုတောင် "Live" လွှင့်ရမလို၊ "သတင်းပို့" ရမလို ဖြစ်နေတဲ့ ဒီခေတ်ကြီးထဲမှာ... ခင်ဗျားတို့ရော အဲ့လို သတင်းစုံစမ်းရတာ ဝါသနာပါတဲ့ သူငယ်ချင်းတွေရှိလား Mention ခေါ်လိုက်တော့။ 😂

" ကြားလား... ချောင်းဆိုးသံလား၊ နှာချေသံလား... မြန်မြန်ပြောကွာ၊ သတင်းပို့ချင်လို့ " 📱✍️

#Eagle_Information_Operator
#DigitalAge #SocialMediaTrends #Privacy
#Perspective #ModernLife #BreakingNewsCulture #SocialMediaAddicts #RealityCheck #Trend #NewsAddict #SocialObservation #SocialMediaLife #MyanmarCartoon
🚨 မိမိနှင့် မိသားစု ဘေးကင်းလုံခြုံစေရန်🚨

"နေ့စဉ်သတိပြုဖွယ်ရာ လမ်းညွှန်ချက်များ"

လက်ရှိ စက်သုံးဆီဈေး/ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့်အတူ ခိုးဆိုးလုနှိုက်မှုများ ပေါများလာသည့်အတွက် မိမိတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အောက်ပါနည်းလမ်းများဖြင့် ဝိုင်းဝန်းကာကွယ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🔥မီးဘေးအန္တရာယ်

မီးဖိုချောင်သုံး ဂတ်စ်အိုးများ၊ လျှပ်စစ်ပလပ်ခေါင်းများကို အသုံးမပြုပါက ပိတ်ထားပါ။ ဖယောင်းတိုင် သို့မဟုတ် ခြင်ဆေးခွေ ထွန်းထားလျှင် လူမရှိဘဲ မထားပါနှင့်။ဆေးဝါးနှင့် ဓာတုပစ္စည်း-ကလေးငယ်များ လက်လှမ်းမမီသောနေရာ၊ သီးသန့်ဗီရိုထဲတွင် သိမ်းဆည်းပါ။

🏠 ၁။ နေအိမ်လုံခြုံရေးအတွက်

တံခါးနှင့် ပြတင်းပေါက်-အပြင်သွားလျှင်ဖြစ်စေ၊ ညအိပ်ရာဝင်လျှင်ဖြစ်စေ အိမ်တံခါးများအားလုံး လုံခြုံစွာ ပိတ်/ဂျက်ထိုးထားကြောင်း အမြဲစစ်ဆေးပါ။

တံခါးအပိုခတ်ပါ-အိမ်ရှေ့တံခါးသာမက အိမ်နောက်ဖေးနှင့် ဝရံတာတံခါးများကို သံပန်း (သို့မဟုတ်) သော့အပိုများ ခတ်ထားပါ။

အလင်းရောင်ရှိပါစေ-ညဘက်တွင် အိမ်ရှေ့နှင့် အိမ်ပတ်ပတ်လည်ကို မှောင်မနေစေဘဲ မီးထွန်းထားပါ။ (လှုပ်ရှားမှုသိစနစ်ပါသော Motion Sensor မီးသီးများ ပိုမိုထိရောက်ပါသည်)။

တန်ဖိုးကြီးပစ္စည်းများ သိမ်းဆည်းပါ-ဆိုင်ကယ်၊ ရေစုပ်စက်နှင့် တန်ဖိုးရှိပစ္စည်းများကို အပြင်တွင် ပစ်မထားပါနှင့်။ မိမိအိမ်တွင်း (သို့မဟုတ်) အကာအကွယ်ရှိသည့်နေရာတွင်သာ ထားပါ။

📱 ၂။ လမ်းခရီးသွားလာလျှင်

ဖုန်းထုတ်မကြည့်ပါနှင့်-လမ်းလျှောက်နေစဉ် သို့မဟုတ် လူစည်ကားရာတွင် ဖုန်းထုတ်ကြည့်ခြင်း၊ ဖုန်းပြောခြင်းကို ရှောင်ပါ။ ဖုန်းလုယက်မှုများ၏ အဓိကပစ်မှတ်မှာ လက်ထဲကဖုန်း ဖြစ်ပါသည်။

ရွှေထည်ပစ္စည်းများ ဆင်ခြင်ပါ-အပြင်သွားလျှင် သိသာထင်ရှားသည့် ရွှေထည်၊ လက်ဝတ်ရတနာများ ဝတ်ဆင်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။

လွယ်အိတ်ကို သတိထားပါ-လွယ်အိတ်ကို ရှေ့ဘက်တွင် လွယ်ပါ။ ဆိုင်ကယ်စီးလျှင် ပခုံး၌ မလွယ်ဘဲ ထိုင်ခုံအောက် သို့မဟုတ် ရှေ့ခြင်းထဲတွင် ထည့်၍ သေချာဖုံးအုပ်ထားပါ။

🏍️ ၃။ ယာဉ်နှင့် ဆိုင်ကယ်လုံခြုံရေး

သော့အပို အမြဲခတ်ပါ-ခေတ္တခဏရပ်သည်ပဲဖြစ်ပါစေ ဆိုင်ကယ်ကို ဘီးသော့ (Disc Lock) သို့မဟုတ် သံကြိုးဖြင့် အပိုခတ်ထားပါ။

လူမပြတ်သောနေရာတွင်ထားပါ-အစောင့်ရှိသော နေရာများ (သို့မဟုတ်) လူမြင်ကွင်းရှိသော နေရာများတွင်သာ ရပ်နားပါ။

🤝 ၄။ အိမ်နီးချင်းချင်း ရိုင်းပင်းပါ

သတင်းပေးပါ-မိမိအိမ်နီးချင်းများနှင့် ဖုန်းနံပါတ်ချင်း လဲလှယ်ထားပါ။ တစ်အိမ်တွင် ထူးခြားမှုရှိပါက အချက်ပေးရန် ညှိနှိုင်းထားပါ။

အရေးပေါ်ဖုန်းများ-နီးစပ်ရာ လူမှုကူညီရေးအသင်းနှင့် ယုံကြည်ရသော အရေးပေါ်ဆက်သွယ်ရန် နံပါတ်များကို ဖုန်းထဲတွင် အဆင်သင့်သိမ်းထားပါ။

⚠️ ၅။ အရေးကြီးဆုံးအချက်

အသက်ကို ပထမထားပါ-အကယ်၍ လုယက်မှုနှင့် ရင်ဆိုင်ရပါက ပစ္စည်းအတွက်နှင့် အသက်ကို ရင်းပြီး မတုံ့ပြန်ပါနှင့်။ မိမိအသက်ဘေးကင်းရေးကိုသာ ပထမဦးစားပေးပါ။

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Myanmar #SecurityTips #StaySafe
🙏2
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Mar 23, 11:40AM

📌 ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

🚨လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

🚨မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

🚨အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Chaung_U #Myanmar #SecurityUpdate
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက် Eagle Information Operator (#EIO) Date - Mar 23, 11:40AM 📌 ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။…
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Mar 23, 11:49AM

📌 ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

🚨လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

🚨မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

🚨အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Chaung_U #Myanmar #SecurityUpdate
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက် Eagle Information Operator (#EIO) Date - Mar 23, 11:49AM 📌 ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်နေကြောင်း သတ…
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Mar 23, 11:55AM

📌 ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ထပ်မံ၍ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

🚨လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

🚨မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

🚨အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Chaung_U #Myanmar #SecurityUpdate
🙏1
⚜️ #EIO_Update_News

မုံရွာနယ် အရှေ့ခြမ်း၊ ကျောက္ကာရွှေဂူနီဘုရားတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ၏‌ ကျေးကျွန်များသည် ယခုရက်ပိုင်းအတွင်း ကျောက်ကာတောင်ရွာ တောင်ဘက်ခြမ်းသို့ ကင်းပုန်းဝပ်ခြင်းနှင့် ကင်းလှည့်လှုပ်ရှားမှုများကို မကြာခဏ ပြုလုပ်နေကြောင်း သိရပါသည်။ထိုနည်းတူ ကျောက်ကာမြောက်ရွာဘက်သို့လည်း ရံဖန်ရံခါ ကင်းပတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သိရှိရပါသည်။

ထိုသို့ လှုပ်ရှားမှုများကြောင့် ဒေသခံပြည်သူများနှင့် ခရီးသွားလာသူများအနေဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံရနိုင်သည့် အန္တရာယ်ရှိသဖြင့် သွားလာရေးတွင် ပုံမှန်ထက် ပိုမိုဂရုစိုက်ကြပါရန် လိုအပ်ပါသည်။ မိဘပြည်သူများအနေဖြင့် အရေးမကြီးပါက စစ်ကောင်စီတပ်စွဲထားသော အထိုင်ချရာ နေရာအနီးနားများကို ရှောင်ရှားကြရန်၊ သတင်းမျက်ခြေမပြတ် စောင့်ကြည့်ကြပါရန်နှင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖမ်းဆီးမှုဘေးမှ ကင်းဝေးစေရန် သွားလာရာတွင် ပေါ့ဆမှုမရှိဘဲ အထူးဂရုစိုက်၍ သွားလာကြပါရန် အနူးအညွတ် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည်။

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo #Monywa #Alert #SafetyFirst
🙏3
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 23, 1:32PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍3
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 23, 1:42PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🚨အထူးသတိပြုရန်🚨

ယခုရက်ပိုင်း၌ စကစသည် မြို့နယ်ပေါင်းစုံ၊နယ်ပေါင်းစုံတွင် နေ့အချိန်၌ Spy Balloon၊UAV Scout drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်း၊ညအချိန်တွင်လည်း UAV Scout Drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။သို့ဖြစ်ပါ၍ တလရရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိကြပါရန် #EIO မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104

#VTOL 370 Scout Drone အကြောင်း‌လေ့လာရန် - https://t.me/eagleinformationoperator/17105

#Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752

#Gyrocopter နှင့် #Paramotor တို့ကိုတန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ - https://t.me/eagleinformationoperator/17807

🚨အထူးသတိပြုရန် နှိုးဆော်ချက် - https://t.me/eagleinformationoperator/19369

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏3
ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးရဲဘော်များအတွက် စစ်ဘက်ဆိုင်ရာကျင့်ဝတ်နှင့် ဥပဒေဆိုင်ရာ နည်းပြသင်တန်း ကျင်းပပြီးစီး
————————
လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေနဲ့ မြေပြင်က တော်လှန်ရေးအဖွဲ့အစည်းတွေအတွင်း စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေနဲ့ ဥပဒေတွေကို ပိုမိုနားလည် လိုက်နာနိုင်ဖို့ ရည်ရွယ်ပြီး စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း၊ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေများနှင့် ပတ်သက်သည့် နည်းပြသင်တန်း (TOT on CoC & IHL ) ကို ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယ အပတ်အတွင်း က (၅) ရက်ကြာ Zoom Platform ကနေတဆင့် ကျင်းပခဲ့ပါတယ်။ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း၊ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေများနှင့် ပတ်သက်တဲ့ အခြေခံသင်တန်းပို့ချပြီးမှ ယခုသင်တန်းကို ဆက်လက် ပို့ချခဲ့ခြင်းဖြစ်ပါတယ်။

ဒီသင်တန်းမှာ ဆွေးနွေးခဲ့တဲ့ အဓိကအချက်တွေကတော့ သင်တန်းသားတွေဟာ မြေပြင်မှာ ပြန်လည်မျှဝေပေးရမယ့်သူတွေ ဖြစ်တာကြောင့် သက်ကြီးပိုင်းသင်တန်းသား(Adult Learners) တွေကို ဘယ်လိုစနစ်တကျ သင်ကြားပေးရမလဲဆိုတဲ့ နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။ အထူးသဖြင့် ကိုယ်တိုင်ကြုံတွေ့ရတဲ့ အတွေ့အကြုံတွေကနေ သင်ခန်းစာယူတတ်စေတဲ့ Adult Learning Cycle ကို အလေးထား လေ့ကျင့်ပေးခဲ့ပါတယ်။
ဒါ့အပြင် သင်တန်းပေးရာမှာ နည်းပြတယောက်လို ဟောပြောရုံတင်မဟုတ်ဘဲ သင်တန်းသားတွေ အချင်းချင်း အမြင်ချင်းဖလှယ်လာအောင် ဘယ်လိုတွန်းအားပေးရမလဲဆိုတဲ့ ပံ့ပိုးကူညီမှု စွမ်းရည် (Facilitation Skill) တွေကို သင်ကြားပေးခဲ့ပါတယ်။ ဒါ့အပြင် သင်တန်းတခုကို စနစ်တကျဖြစ်စေမယ့် သင်ခန်းစာရေးဆွဲနည်းတွေကိုလည်း လက်တွေ့လေ့ကျင့်ခဲ့ကြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်သားတွေ အနေနဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်း (CoC) ကို ဘာကြောင့် လိုက်နာရသလဲဆိုတဲ့ အချက်ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။ တော်လှန်ရေးရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီ၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတွေကို ဖော်ဆောင်ရာမှာ လက်နက်ကိုင်ထားသူတွေအနေနဲ့ လူ့အခွင့်အရေးကို လေးစားဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာကို အပြန်အလှန် နှီးနှောဖလှယ်ခဲ့ကြပါတယ်။

ဒီသင်တန်းကို မြို့နယ်ပေါင်း (၂၅) မြို့နယ်က လူ့အခွင့်အရေးရာတာဝန်ခံတွေ တက်ရောက်ခဲ့တာဖြစ်လို့ အခုရရှိသွားတဲ့ အသိပညာတွေကို မိမိတို့မြို့နယ်က ရဲဘော်တွေနဲ့ ဒေသခံတွေဆီကို ထိထိရောက်ရောက် ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ ထိုသို့ ပြန်လည်မျှဝေဆောင်ရွက်မှုများကိုလည်း သတင်းအဖြစ်ပြန်လည်ထုတ်ပြန်မှုများပြုလုပ်သွားမှာဖြစ်ပါတယ်။

သင်တန်းအပိတ်မှာတော့ ဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်က "ပြည်သူ့ဘဏ္ဍာငွေကို စနစ်တကျအသုံးပြုပြီး မြေပြင်မှာ အမှန်တကယ် ပြောင်းလဲမှုတွေဖြစ်အောင် အသိပညာပေးမှုတွေကို ကြိုးစားလုပ်ဆောင်ပေးကြဖို့" တိုက်တွန်းပြောကြားရင်း သင်တန်းကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။

Completion of Training of Trainers on Military Code of Conduct and Law for People's Defense Forces
-------

The Ministry of Human Rights organized a 5-day Training of Trainers (TOT) on Military Code of Conduct (CoC) and International Humanitarian Law (IHL) via Zoom platform during the second week of February 2026, aimed at enhancing the understanding and adherence to military ethics and laws within ground-level revolutionary organizations. This course was conducted as a follow-up to the basic training on Military Code of Conduct and International Humanitarian Law.

The key points discussed in this training included systematic methods for teaching adult learners, as the participants will be responsible for sharing this knowledge on the ground. Specifically, the training emphasized the Adult Learning Cycle, which enables learning from personal experiences. Furthermore, it covered facilitation skills to encourage peer-to-peer exchange among trainees rather than just lecturing like a traditional instructor. Practical exercises on designing systematic lesson plans for training sessions were also conducted.

The discussion primarily focused on why People's Defense Forces must follow the Military Code of Conduct (CoC). Participants exchanged views on the vital importance of respecting human rights by those bearing arms in implementing the revolution's goals of democracy, equality, and justice. As human rights focal officers from 25 townships attended this training, the knowledge gained will be effectively shared with comrades and local residents in their respective townships. Such knowledge-sharing activities will also be released as news updates.
2