EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
🙏5
⚜️ #EIO_Update_News

ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံနှင့် မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာ၏ တောင်ဘက်သို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။

Mar 23, 6:47AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍5
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏4
⚜️ #EIO_Update_News

မြင်းမူနယ် ဂွေးပင်တောနှင့် ချောင်းဦးနယ် နတ်ရေကန်ကြားတွင် စခများရောက်ရှိနေပြီး လက်နက်ကြီး၊လက်နက်ငယ်များလည်း ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။

Mar 23, 7:15AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍4🙏1
🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်
(၂၃.၃.၂၀၂၆ မှ ၂၉.၃.၂၀၂၆ အထိ)

အလေးပေးတင်ပြချက်များ
••••••••••••••••••••••••
ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် အများအားဖြင့် သာယာနိုင်ပါသည်။

မိုးအခြေအနေမှာ အရှေ့ဘက်နှင့် အနောက်ဘက်မှ လာသည့် လေပွေလှိုင်းအရှိန်ကြောင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းနိုင်ပါသည်။

မြူအခြေအနေမှာ - မြန်မာနိုင်ငံတဝှမ်းလုံးတွင် မြူများကျဆင်းနိုင်ပါသည်။

🗓️ နေ့အလိုက်တပတ်စာ မိုးလေဝသ အခြေအနေ များကို ဆက်လက်တင်ပြသွားပါမည်။

🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️

#မိုးလေဝသသတင်း
#WeatherForecast
#MOHADM
👍5
"သတင်းဦး သတင်းထူးဆိုတာ... နေရာမရွေးဘူး" 😎📱

တံခါးတစ်ချပ်ခြားမှာ ဘာဖြစ်နေလဲဆိုတာထက် 'ငါ အရင်သိဖို့' က ပိုအရေးကြီးနေတဲ့ ဒီနေ့ခေတ် ပြယုဂ်တစ်ခုပဲ။ ကိုယ်ပိုင်အချိန် (Privacy) ထက် 'တင်လိုက်ရရင် ပြီးရော' ဆိုတဲ့ စိတ်ဓာတ်တွေနဲ့...။

သတင်းထောက်မဟုတ်ပေမယ့် သတင်းရဖို့ဆိုရင် အိမ်သာရှေ့အထိ "စုံစမ်းထောက်လှမ်းရေး" ဆင်းနေကြတဲ့ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်။ အတင်းအဖျင်းနဲ့ သတင်းကို မခွဲခြားနိုင်တော့တဲ့အခါ...။🙄

"သတင်းထောက်မဟုတ်ပေမယ့်... 'သတင်း' ဆိုရင်တော့ အိမ်သာတံခါးဝအထိတောင် အရောက်လှမ်းနိုင်ပါတယ်။ 🚪📱

လူမှုကွန်ရက်ပေါ်က 'ဦးအောင်တင်' ချင်ကြတဲ့ ဝါသနာရှင်များအတွက်...။"


"သတင်းဦး သတင်းထူးဆိုရင်... ဘယ်နေရာရောက်နေနေ အရေးမကြီးဘူး၊ အဓိကက လက်မြန်ဖို့ပဲ" 🏃‍♂️💨

အိမ်သာထဲက အသံကိုတောင် "Live" လွှင့်ရမလို၊ "သတင်းပို့" ရမလို ဖြစ်နေတဲ့ ဒီခေတ်ကြီးထဲမှာ................

"ခင်ဗျားတို့ရော အဲ့လို သတင်းစုံစမ်းရတာ ဝါသနာပါတဲ့ သူငယ်ချင်းတွေရှိလား"

Mention ခေါ်လိုက်တော့။ 😂



" ကြားလား... ချောင်းဆိုးသံလား၊ နှာချေသံလား... မြန်မြန်ပြောကွာ၊ သတင်းပို့ချင်လို့ " 📱✍️


#Eagle_Information_Operator
#DigitalAge #SocialMediaTrends #Privacy
#Perspective #ModernLife #BreakingNewsCulture #SocialMediaAddicts #RealityCheck #Trend #NewsAddict #SocialObservation #SocialMediaLife #MyanmarCartoon