EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော စခ သံပြားကာကားယာဉ်တန်းသည် မုံရွာဘက်သို့ ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Mar 21, 8:35AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot 👉
⚜️ #EIO_Update_News

ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော စခအအပါ သံပြားကာကားယာဉ်တန်းသည် မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်ဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Mar 21, 8:42AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍4
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူတွင် ပြည်သူအသွားအလာကားများအားတားဆီးထားကြောင်း သတင်းရရှိထားပါသည်။

Mar 21, 8:45AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏4
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော စခအအပါ သံပြားကာကားယာဉ်တန်းသည် မုံရွာနယ် တောင်ခြမ်း၊ မုံရွေးတိုးဂိတ်ဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Mar 21, 8:42AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်…
⚜️ #EIO_Update_News

ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော စခအအပါ သံပြားကာကားယာဉ်တန်းသည် မုံရွာနယ် တောင်ခြမ်း၊ မြေနဲဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Mar 21, 8:46AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍31🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော စခအအပါ သံပြားကာကားယာဉ်တန်းသည် မုံရွာနယ် တောင်ခြမ်း၊ မြေနဲဖြတ်၍ မုံရွာမြို့ဘက်သို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Mar 21, 8:46AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉
⚜️ #EIO_Update_News

ချောင်းဦးမြို့ ထွေအုပ်ရုံးမှ ထွက်လာသော စခအအပါ သံပြားကာကားယာဉ်တန်းသည် မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ် စဖြတ်၍ မုံရွာမြို့တွင်းသို့ ဆက်လက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Mar 21, 8:52AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍4
This media is not supported in your browser
VIEW IN TELEGRAM
ချဉ်ပေါင်ဟင်းကြိုက်တဲ့ "ဗိုလ်ချုပ်"
အဆောင်အယောင် မမက်တဲ့ "ဗိုလ်ချုပ်"
အာဏာဆိုတာ ခါးပတ်နောက်မှာ ချိတ်ထားဖို့မဟုတ်ဘဲ
ပြည်သူ့အတွက်သာ ထမ်းပိုးဖို့လို့ကြောင်း လက်တွေ့ပြသွားတဲ့ "ဗိုလ်ချုပ်"
.
"ဗိုလ်ချုပ်" ဆိုတဲ့ ဘွဲ့ထူးထက် "ကိုအောင်ဆန်း" ဆိုတဲ့ ရိုးသားမှုကို ပိုမြတ်နိုးခဲ့သူ။
နန်းတွင်းဟင်းလျာတွေထက် အိမ်ချက် "ချဉ်ပေါင်ဟင်း" တစ်ခွက်နဲ့ ထမင်းဝိုင်းကို ပျော်ရွှင်ခဲ့သူ။
ကတ္တီပါဖိနပ်နဲ့ ကော်ဇောနီလမ်းကို ငြင်းပယ်ပြီး၊ အပေါက်အပြဲပါတဲ့ အင်္ကျီကို ဖာထေးဝတ်ဆင်ခဲ့တဲ့သူ။

"ဗိုလ်ချုပ်"ကို ချစ်တယ်ဆိုတာ သူ့ရုပ်ပုံကို ကြည့်ရုံတင်မဟုတ်ဘဲ သူပြသခဲ့တဲ့ "စိတ်ဓာတ်နဲ့ ကျင့်ဝတ်" တွေကို လိုက်နာကျင့်ကြံဖို့လည်း လိုအပ်ပါတယ်။

ရိုးသားပါ - ကိုယ်ကျိုးထက် အများအကျိုးကို ရှေ့တန်းတင်ပါ။
ခြိုးခြံပါ - အပိုအလှတွေကို ဖယ်ပြီး အနှစ်သာရကို ရှာဖွေပါ။
သစ္စာရှိပါ - မိမိလုပ်ငန်းခွင်နဲ့ မိမိတိုင်းပြည်အပေါ် မဖောက်ပြန်ပါနဲ့။

ဂုဏ်ပကာသနနောက်ကို မလိုက်ဘဲ ဗိုလ်ချုပ်ပြသခဲ့တဲ့ လမ်းစဉ်အတိုင်း "မှန်တာကို ရဲရဲလုပ်၊ ရိုးရိုးနေ" ကြဖို့ အချိန်တန်ပါပြီ။

#AdminTeam
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🫡3
Media is too big
VIEW IN TELEGRAM
"နေရာလုတဲ့ ကိစ္စတွေ မလုပ်နဲ့တော့။ နေရာလုတဲ့ ကိစ္စဆိုတာ အင်မတန်မှ ဆိုးတယ်။ အဲ့တော့ တစ်ယောက်နဲ့တစ်ယောက် နေရာပေးချင်တဲ့ စိတ်နဲ့ လုပ်သွားမယ်ဆိုရင် အေးအေးချမ်းချမ်း ဖြစ်သွားမှာပါ။

အဲ့ဒီ နေရာလုတဲ့ ပြဿနာပဲ... ဒီမိုကရေစီစနစ်ဆိုတာဟာ နေရာမလုရအောင်လို့ ထွင်ထားတဲ့ စနစ်ဖြစ်တယ်။ ပြည်သူက ပေးတဲ့နေရာပဲ ယူရတယ်။

ကိုယ်က အာဏာရှိတိုင်း၊ လက်နက်ရှိတိုင်း၊ ပိုက်ဆံရှိတိုင်း နေရာလုလို့ မရတဲ့စနစ် ဖြစ်ပါတယ်လို့ ကျွန်မ ပြောချင်ပါတယ်။"

"ဒေါ်အောင်ဆန်းဆုကြည်"
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)
3
💡 စနစ်သစ်မှာ အရေးကြီးတဲ့ "ဉာဏမူပိုင်ခွင့်" အကြောင်း သိကောင်းစရာ

စနစ်ဆိုးကို မကြိုက်လို့ တော်လှန်နေပြီး စနစ်သစ်တခုကို ဖော်ဆောင်နေတဲ့အချိန်မှာ မသိမဖြစ် သိထားရမယ့် အခြေခံကျင့်ဝတ်ဆိုပြီး (၂) မျိုး ရှိပါတယ်။ ⚖️

၁။ 🚫 Plagiarism (ခိုးကူးမှု) ဆိုတာ ဘာလဲ

သူတစ်ပါးရဲ့ ကိုယ်ပိုင်အာဘော်၊ ကိုယ်ပိုင်ဟန်နဲ့ ကြိုးစားအားထုတ်ထားတဲ့ အရေးအသား၊ အိုင်ဒီယာတွေကို မိမိကိုယ်ပိုင်ဖြစ်သယောင် ခိုးယူအသုံးပြုခြင်းကို ဆိုလိုပါတယ်။ ဒါဟာ ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ရှောင်ကြဉ်ရမယ့်အချက် ဖြစ်ပါတယ်။

၂။ Intellectual Property Right (ဉာဏမူပိုင်ခွင့်) ဆိုတာ ဘာလဲ

လူတစ်ယောက်ရဲ့ ဉာဏ်ပညာနဲ့ ဖန်တီးထားတဲ့အရာ (စာပေ၊ အနုပညာ၊ နည်းပညာ) တွေသည် အဖွဲ့အစည်းများမှ အသိအမှတ်ပြုထားတဲ့ ကိုယ်ပိုင်အခွင့်အရေး ဖြစ်ပါတယ်။ ဒါကို လေးစားခြင်းဟာ ဖန်တီးသူရဲ့ ကြိုးစားအားထုတ်မှုကို တန်ဖိုးထားခြင်းပါပဲ။

🌍 ဘာကြောင့် အရေးကြီးတာလဲ

နောင်လူငယ်တွေအနေနဲ့ တကမ္ဘာလုံးနဲ့ ရင်ဘောင်တန်းနိုင်ဖို့နဲ့ ကိုယ်ပိုင်တီထွင်နိုင်စွမ်းကို မြှင့်တင်နိုင်ဖို့ ဒီအလေ့အထကို အခုကတည်းက ပျိုးထောင်သင့်ပါပြီ။

မှတ်ချက်။။      ။။ မင်းသုတ (ဒီဇင်ဘာ ၇၊ ၂၀၂၃)၏ "ဉာဏမူပိုင်ခွင့်" အကြောင်းကို မှီငြမ်း၍ မိမိတို့ #Eagle_Information_Operator မှ ကိုးကား၍ အသေးစိတ် ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

( EIO_Founder )

#AdminTeam
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး)

🔗 ဆက်သွယ်ရန် -
👉🏻 Telegram : @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook: https://www.facebook.com/eagleinformation
🌐 Telegram: t.me/eagleinformationoperator

#KnowledgeSharing #Education #Ethics #Intellectual_Property_Right #Plagiarism #Eagle_Information_Operator
🤝2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «💡 စနစ်သစ်မှာ အရေးကြီးတဲ့ "ဉာဏမူပိုင်ခွင့်" အကြောင်း သိကောင်းစရာ စနစ်ဆိုးကို မကြိုက်လို့ တော်လှန်နေပြီး စနစ်သစ်တခုကို ဖော်ဆောင်နေတဲ့အချိန်မှာ မသိမဖြစ် သိထားရမယ့် အခြေခံကျင့်ဝတ်ဆိုပြီး (၂) မျိုး ရှိပါတယ်။ ⚖️ ၁။ 🚫 Plagiarism (ခိုးကူးမှု) ဆိုတာ ဘာလဲ သူတစ်ပါးရဲ့…»
⚜️ #EIO_Update_News

ချောင်းဦးမြို့မှ အမြင့်လမ်းခွဲအတိုင်း ထွက်လာသော .5 ပါDC ကား(၁)စီးနှင့် အံစာတုံးကား(၁)စီးသည် ရှမ်းထူးရွာအတွင်းသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 21, 9: 10:24AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2
⚜️ #EIO_Update_News

ချောင်းဦးမြို့မှ အမြင့်လမ်းခွဲအတိုင်း ထွက်လာသော .5 ပါDC ကား(၁)စီးနှင့် အံစာတုံးကား(၁)စီးသည် ရှမ်းထူးရွာအတွင်းမှ အရှေ့အရပ်သို့ ပြန်လည်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Mar 21, 9: 10:45AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2
Forwarded from MPANews
အဝေးပြေးကားခ ဈေးတက်ပြီး ခရီးသွား ကျ

21 Mar 2026 By Ko Myo/MPA

အဝေးပြေးကားလက်မှတ်ဈေးနှုန်းများ မြင့်တက်သွားပြီး ခရီးသွားလည်း ကျဆင်းနေကြောင်း သိရသည်။

စက်သုံးဆီအကျပ်အတည်းနှင့် ဈေးနှုန်းမြင့်တက်နေမှုကြောင့် အဝေးပြေးယာဉ်များ၏ လက်မှတ်ခ နှုန်းထားမှာ ၂ဆကျော် မြင့်တက်ခဲ့ပြီး စက်သုံးဆီဈေး ထပ်မံမြင့်တက်လာသဖြင့် ကားခလည်း ထပ်တိုးဦးမည်ဖြစ်ကြောင်း အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်းရှိ ပွဲစားတစ်ဦးက ဆိုသည်။

“အခုရန်ကုန်-မန္တလေးကားခက ၅သောင်းဖြစ်သွားပြီ။၅သောင်းတက်ပြီးတော့မှပဲ ဒီဇယ်ဈေးက အခု ရန်ကုန်ဈေးတောင် တစ်လီတာကို ၄၈၀၀ကျော်ကုန်ပြီဆိုတော့ ကားခတွေလည်း လိုက်တိုးဦးမယ့်သ ဘောဖြစ်နေတယ်”ဟု ၎င်းက MPAသို့ ပြောသည်။

သတင်းအပြည့်အစုံကြည့်ရန် - https://mpanews.info/headline/7210/
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News ချောင်းဦးမြို့မှ အမြင့်လမ်းခွဲအတိုင်း ထွက်လာသော .5 ပါDC ကား(၁)စီးနှင့် အံစာတုံးကား(၁)စီးသည် ရှမ်းထူးရွာအတွင်းမှ အရှေ့အရပ်သို့ ပြန်လည်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။ Mar 21, 9: 10:45AM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်…
⚜️ #EIO_Update_News

ချောင်းဦးမြို့မှ အမြင့်လမ်းခွဲအတိုင်း ထွက်လာသော .5 ပါDC ကား(၁)စီးနှင့် အံစာတုံးကား(၁)စီးသည် ရှမ်းထူးရွာအတွင်းမှ ချောင်းဦးမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်ကြောင်း သတင်းရရှိထားပါသည်။

Mar 21, 9: 11:05AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍1
"ကောင်းကင်ယံက ကျိန်စာ"

အိုးအိမ်ကိုစွန့်၊ ရွာကိုခွာလို့
ဘေးကင်းရာဆီ၊ ခြေဆန့်မှီလည်း
မိုးယံထက်က၊ ဟိန်းဟောက်သံနဲ့
သေမင်းတမန်၊ ပျံဝဲလာခဲ့ပြီ။

တောအုပ်ကလေးထဲ၊ ခိုနားရုံရှိ
မြေပြင်ထက်မှာ၊ လက်နက်ကြီးကျည်
မီးလျှံတွေကြား၊ ပဲ့တင်ထပ်လို့
ပြည်သူ့ရင်ထဲ၊ ကြေကွဲမျက်ရည်။

အပြစ်မဲ့သူ၊ ရှောင်တိမ်းသူကို
ရန်သူသဖွယ်၊ ပစ်မှတ်ထားကာ
ဗုံးမိုးတွေရွာ၊ ရက်စက်ပြတာ
သမိုင်းရိုင်းတဲ့၊ လုပ်ရပ်ပါပဲ။

ဒဏ်ရာတွေကြား၊ နာကျင်ရလည်း
မတရားမှုကို၊ ခါးခါးသီးလို့
ငြိမ်းချမ်းတဲ့မြေ၊ အမှန်တကယ်ရောက်ဖို့
ပြည်သူအားလုံး၊ ကြံ့ကြံ့ခံစို့။

မောင်လင်းသစ်(အညာမြေ)
#EIO (တော်လှန်ကဗျာကဏ္ဍ)

နှလုံးသားရဲ့ ဘာသာစကားကို စာသားတွေနဲ့ ထုဆစ်ကြည့်ရအောင်...

ကဗျာဆိုတာ ခံစားချက်တွေကို အနုပညာမြောက်စွာ ဖော်ပြခြင်းတစ်မျိုးပါ။ သင်တို့ရဲ့ ရင်တွင်းဖြစ် နှလုံးသားစကားသံတွေကို #EIO က နားထောင်ဖို့ အသင့်စောင့်ကြိုနေပါတယ်။

မိမိတို့ကိုယ်တိုင် ဖန်တီးထားတဲ့ (တော်လှန်ကဗျာ)များကို ပေးပို့ပြီး #EIO ရဲ့ (ကဗျာကဏ္ဍ)မှာ ပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်အပ်ပါသည်။ ရွေးချယ်ခံရတဲ့ ကဗျာများကို #EIO Facebook Page နဲ့ Telegram Channel ၊ Tiktok တို့မှာ အမှတ်တရ ဂုဏ်ပြုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

📩 ကဗျာပေးပို့နိုင်မည့် နေရာများ -

Messenger: m.me/eagleinformation
Telegram Bot: @EIO2021_bot@EagleInformationOperator_bot
Email: eagleinformationoperators@gmail.com

🔗 ချိတ်ဆက်ရန် -
🔵 Facebook: https://www.facebook.com/eagleinformation
🌐 Telegram: t.me/eagleinformationoperator
🎵 TikTok: http://www.tiktok.com/@eagle.information

#EIO #PoetrySection #ArtAndLiterature #ကဗျာဖိတ်ခေါ်ချက် #နှလုံးသားရဲ့ဘာသာစကား #LiteraryCorner
⚜️ #EIO_Update_News

ချောင်းဦးမြို့မှ အမြင့်လမ်းခွဲအတိုင်း ထွက်လာသော .5 ပါDC ကား(၁)စီးနှင့် အံစာတုံးကား(၁)စီးသည် အနောက်ဘက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Mar 21, 12:06PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
"သွေးစွန်းလက်ကို ကွယ်ဝှက်ရန်ကြိုးစားနေသူ"

🔹နွေဦးမြိုင်

ယခုအချိန်သည် ကျွန်တော်တို့အညာတွင် နွေရာသီကို ရောက်ရှိလာပြီဖြစ်၍ ဘယ်ကိုပင်ကြည့်ကြည့် ခြောက်သွေ့မှုကို တွေ့ရ၏။ သစ်တော၊ သစ်ပင်တို့သည် ဟောင်းသော ဝတ်ရုံကို စွန့်ခွာနေကြသည်။

နွေဦးကိုရောက်တိုင်း ရွက်ဟောင်းတို့သည် ကြွေကျမြဲဖြစ်သည်။ မြစ်ရေတို့သည် အမြဲစီးဆင်းနေသကဲ့သို့ ပြောင်းလဲမှုတို့သည် အမြဲဖြစ်တည်နေသော အရာများသာဖြစ်ပါသည်။

သို့သော် အာဏာရှင်တစ်ယောက်က စစ်ဝတ်စုံကို ချွတ်တော့မည်ဟု ကြေညာလိုက်ခြင်းသည် တမာရွက်ရင့်တို့ ပင်စည်ကို စွန့်ခွာတော့မည်ဟု အချက်ပေးသံတို့နှင့် လားလားမျှမတူ။ မြစ်ရေတို့ တိုးတိုက်စီးဆင်း ပြောင်းလဲမှုနှင့်လည်း ဘာမျှမတူ။

အာဏာရှင်သည် စစ်ဝတ်စုံကို ချွတ်၍ သမ္မတဝတ်ရုံကို လဲဝတ်ဖို့ ပြင်ဆင်ခြင်းသည် သဘာဝမဟုတ်သော "လှည့်ကွက်" သက်သက်သာ ဖြစ်သည်။ ထိုလှည့်ကွက်များ၏ နောက်ကွယ်တွင် ရွာလုံးကျွတ် ပြာကျစေခဲ့သော ရက်စက်မှုများရှိသည်။ ဂျက်ဖိုက်တာဖြင့် ကြဲချခံရပြီး သေတဝက်၊ ရှင်တဝက်ဖြစ်လျက် ဆေးကုသမှု ငြင်းပယ်ခံရသော ပြည်သူများ၏ နာကျည်းချက်များပါသည်။

မင်းအောင်လှိုင် ဝတ်ရုံလဲခြင်းသည် ပြည်သူတို့၏ အိပ်မက်ပွင့်များကို လေပြင်းတိုက်ဖျက်သကဲ့သို့ ကြေမွ‌စေပါလိမ့်ဦးမည်။

မင်းအောင်လှိုင်သည် ဘာကိုမဆို လုပ်ရဲသည်ဟု လူသိရှင်ကြား ပြောကြားထားသည်။ ဘာကိုမဆို၊ ဘယ်လိုရာဇဝတ်မှုကိုမဆို ဆက်၍ လုပ်ပါလိမ့်ဦးမည်။
တပ်ချုပ်ရာထူးမှ အနားယူတော့မည်ဟူသော သတင်းများဖြင့် ကမ္ဘာကို လှည့်ဖြားရန် ကြိုးစားနေသည်။

တကယ်တော့ ဒါဟာ စစ်တုရင်ခုံပေါ်က ဘုရင်ကို အကာအကွယ်ပေးဖို့ နယ်ရုပ်တွေကို အကွက်ရွှေ့လိုက်ခြင်းမျှသာ ဖြစ်သည်။
သမ္မတဆိုသော ရာထူးနှင့် သူ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို "ဥပဒေကင်းလွတ်ခွင့်" ဆိုသည့် ဒိုင်းလွှားကို အသုံးပြု၍ ဖုံးကွယ်ဦးမည်ဖြစ်၏။

စစ်မြေပြင်တွင် ရှုံးနိမ့်မှုတွေ များပြားလာချိန်၊ ပြည်သူ့တော်လှန်ရေးက တဟုန်ထိုး အားကောင်းလာချိန်တွင် မင်းအောင်လှိုင်သည် လူမျိုးသုဉ်း သတ်ဖြတ်မှုများကို ကြိုးကိုင်စေခိုင်းသူ (တပ်ချုပ်) အဖြစ်မှ နိုင်ငံရေးသမား (သမ္မတ) အဖြစ်သို့ အ‌ရေခွံလဲရန် ကြံစည်နေသည်။

သို့သော် သူ၏လက်များတွင် စွန်းထင်နေသော တနိုင်ငံလုံးက သွေးနံ့များနှင့် မီးခိုးနံ့များကိုမူ မည်သည့် ရာထူး၊ မည်သည့် ဝတ်ရုံဖြင့် ဖုံးဖုံး၊ ဖုံးကွယ်လိမ်ညာ၍ ရနိုင်မည်မဟုတ်။

လေကြောင်းဖြင့် တိုက်ခိုက်ခံရမှုတွင် မိဘမဲ့သွားပြီး ပညာသင်ကြားခွင့်နှင့် ဘဝလုံခြုံမှုပါ ဆုံးရှုံးသွားရသော ကလေးငယ်လေး၏ စိတ်ဒဏ်ရာကို သမ္မတဆိုသော ရာထူးနှင့် ဖုံးကွယ်၍လည်း ပျောက်ကွယ်မည်မထင်နှင့်။

အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးသွားသော အုတ်ဂူနီနီများကလည်း ရက်စက်မှုများကို သက်သေခံနိုင်ဖို့ နေရာတိုင်းတွင် ရဲရဲတောက်မျှ ရပ်တည်ပြနေ၏။

"စစ်တုရင်ခုံပေါ်မှာ အကွက်တွေရွှေ့ပြီး သမ္မတဆိုတဲ့ ရာထူးနှင့် ရာဇဝတ်မှုတွေကို အကာအကွယ်ပေးလို့ အခိုက်အတန့် ရကောင်းရလိမ့်မည်။ သို့သော် သမိုင်းဆိုသည်မှာ စစ်တုရင်ခုံ မဟုတ်။ သမိုင်းသည် မြေပြင်ဖြစ်၏။

မီးလောင်တိုက်သွင်းခံရ၍ အရှင်လတ်လတ် သေဆုံးရသော ပြည်သူများ၊ အနှစ်နှစ်အလလ စုဆောင်းပြီးမှ ဆောက်ခဲ့ရသော အိမ်ကြီးများ၊ လေကြောင်းဒဏ်ကြောင့် ကြွေလွင့်ခဲ့ရသော ကလေးငယ်များနှင့် ပြည်သူတို့၏ မျက်ရည်များ၊ သူ၏ရက်စက်မှုကြောင့် ဖြစ်ခဲ့ရသော ဖြစ်စဉ်များသည် ဘာနှင့်ဖုံးဖုံး ပြည်ဖုံးကားကျလိမ့်မည် မထင်။

ထိုမြေပြင်ပေါ်တွင် ရွှေ့လိုက်သော မည်သည့်အကွက်ကမျှ သမိုင်း၏ စီရင်ချက်ကို မကျော်လွှားနိုင်။
ပြည်သူတို့၏ နာကြည်ချက်နှင့် ပြည်သူတို့၏ အမုန်းကို ရှောင်လွှဲရန် ဘောင်းဘီအစိမ်းမှ တိုက်ပုံပြောင်း၍ ဝတ်ဆင်လည်း ပြည်သူအပေါင်းသည် အော့နှလုံး နာမြဲဖြစ်သည်။

သူ ဘယ်လောက်ပင် အသွင်ပြောင်းလိုက်သော်လည်း သူ့နားစည်ကို တိုးဝင် ခြောက်လှန့်နေသော ပြည်သူ့အသံနှစ်မျိုးရှိ၏။ တစ်မျိုးသည် မျှော်လင့်ချက်ကို တည်ဆောက်သော ပြည်သူ့လက်ခုပ်သံ ဖြစ်ပြီး၊ နောက်တစ်မျိုးကတော့ မတရားမှုကို တုံ့ပြန်သော ပြည်သူ့ကျိန်စာ ဖြစ်သည်။

ယခုအခါ အာဏာရှင်သည် လူသတ်ဝတ်စုံကို ချွတ်၍ ယဉ်ကျေးနူးညံ့သော တိုက်ပုံကို လဲလှယ်ဝတ်ကာ ထိုအသံများမှ လွတ်မြောက်ရန် ကြိုးစားနေသည်။
ဝတ်ရုံကို သူ့စိတ်ကြိုက် လဲလှယ်ဝတ်ဆင်၍ ရသော်လည်း သမိုင်း၏ ပဲ့တင်သံကိုမူ သူ့အာဏာဖြင့် ပိတ်ဆို့တားဆီးထား၍ မရနိုင်။

ရာထူးသည် ဝတ်ရုံတစ်ခုသာ ဖြစ်သည်။ ဝတ်ရုံဆိုသည်မှာ ဟောင်းနွမ်းလျှင် လဲလှယ်၍ ရသလို၊ အကာအကွယ်အဖြစ်လည်း ခဏတာတော့ အသုံးချ၍ ရနိုင်မည်။

သို့သော် လူတစ်ယောက် ကျူးလွန်ခဲ့သော လုပ်ရပ်များကား ဝတ်ရုံမဟုတ်။
ထိုလုပ်ရပ်များသည် အသွေးအသားထဲအထိ စွဲမြဲနေသော သမိုင်းအမည်းစက်များသာ ဖြစ်သည်။ မည်သည့် ဗျူဟာမြောက် အကွက်ရွှေ့မှုကမျှ ထိုအမည်းစက်များကို ဖြူစင်အောင် မဆေးကြောနိုင်၊ မလျော်ဖွပ်နိုင်။

ပြည်သူ့ကျိန်စာများကနေ သံသရာအဆက်ဆက် သူသည် လွတ်မြောက်နိုင်ရန် မရှိ။
သူဝတ်ဆင်မည့် သမ္မတ ဝတ်ရုံကို ရေမွှေးများဖြင့် ဆွတ်ဖျန်းထားသည်ဟု သူက ထင်နေသော်လည်း တကယ်က သူဆွတ်သော ရေမွှေးသည် ပြည်သူများ၏ သွေး၊ ချွေးနှင့် မျက်ရည်စက်တို့ကို ရောမွှေပေါင်းခံပြီးမှ ရရှိလာသော အရည်အစက်များသာဖြစ်သည်။
ထိုအရည်အစက်တွေကို ရေမွှေးအဖြစ် အသွင်းပြောင်းပြီး ဆွတ်ဖျန်းထားတဲ့ သမ္မတဝတ်ရုံကို သူ ဝတ်ပါစေဦးတော့ ပြည်သူများ၏ အမုန်းတရားနှင့် ကျိန်စာရနံ့သည် ပျောက်မည်မဟုတ်။
နွားနောက်တွင် လှည်းဘီးလိုက်သကဲ့သို့ မင်းအောင်လှိုင်နောက်က တကောက်ကောက်လိုက်ကာ ခြောက်လှန့်နေမည်ဖြစ်၏။

သမ္မတဆိုတဲ့ ဂုဏ်ထူးကြီးနှင့် နန်းတော်ထဲမှာ ဘယ်လောက်ပဲ လုံခြုံအောင်နေပါစေ ပြည်သူ့ကျိန်စာက လေထုထဲမှာ ပျံ့နှံ့နေတဲ့အတွက် သူ ဘယ်လိုမှ ရှောင်လွှဲ၍ မရ။

သဘာဝတရားက ရွက်ဟောင်းကြွေတယ်၊ ရွက်သစ်ဝေတယ် ဆိုတာက ရှင်သန်ခြင်းအတွက် ဖြစ်ပေမဲ့ အာဏာရှင် ဝတ်ရုံလဲတာကတော့ လူသတ်မှုကို ဖုံးကွယ်ဖို့အတွက်သာ။

ပျားရည်တွေ ဆွတ်ဖျန်းထားတဲ့ နှင်းဆီပန်းတွေနှင့် နန်းတော်ထဲတွင် မင်းစည်းစိမ်တွေခံလျက် အစေအပါးတစ်ရာကျော်နှင့် လေအေးပေးစက်တွေကြားမှာ အေးအေးသက်သာနေရပါလည်း သူရှို့ခဲ့တဲ့ မီးခိုးရနံ့တွေက သူ့နှာခေါင်းဝမှာ အမြဲဝဲနေလိမ့်မည်။

သူ့ဝတ်ရုံက ဘယ်လောက်ဖြူပါစေ၊ ကျဆုံးသွားတဲ့ ကလေးငယ်တွေရဲ့ အရိပ်တွေက သူ့ဝတ်ရုံပေါ်မှာ သွေးကွက်တွေအဖြစ် အမြဲထင်ဟပ်နေလိမ့်မည်။

နောက်ဆုံး မင်းအောင်လှိုင်က ဘယ်လို ဝတ်ရုံကိုပဲ ပြောင်းလဲဝတ်ပါစေ ငါတို့ တော်လှန်နေရမည်၊ ငါတို့ ညီညွတ်နေရမည်၊ ပြီးတော့ ငါတို့ချင်း ငါတို့ ဖေးမကြရမည်။
ဤနည်းလမ်းဖြင့် မင်းအောင်လှိုင်၏ အိပ်မက်နှင့် စိတ်ကူးများကို အပိုင်းပိုင်းပြတ်အောင် ရိုက်ချိုးကြရမည်။ စိမ်းရွက်ဝေသော သစ်ရိပ်အောက်တွင် ငါတို့ အောင်ပွဲခံကြမည်။

[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

#People's Goal
⚜️ #EIO_Update_News

ချောင်းဦးမြို့ အနောက်ဘက် အမေကြီး နတ်စင်နားမှ စခများသည် .5 စက်လက်ကြီးများ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။

Mar 21, 1:27PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏1
💥 လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ မိမိတို့နေအိမ်တွင် ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) အကာအကွယ်ရနိုင်မည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။ပစ်ခတ်သံများကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဝပ်နေပါ။

.5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ သို့မဟုတ် မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။

📢 ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် လေကြောင်း/မြေပြင် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။အရေးပေါ် တိမ်းရှောင်ရပါက ယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများကို အထုပ်အပိုး အသင့်ပြင်ထားပါ။အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် ပစ်မှတ်ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီး သုံးခြင်းနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။

ပစ်ခတ်သံများကြားရသည့် အရပ်သို့ စူးစမ်းကြည့်ရှုခြင်း (သို့မဟုတ်) အပြင်ထွက်ခြင်း မပြုပါနှင့်။ ကျည်လွတ်နိုင်သည့် နေရာ၌သာ ငြိမ်သက်စွာ နေပါ။အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် အထူးသတိပြုပါ။

မှတ်ချက်။   ။အထူးသဖြင့် .5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက "ငါတို့ရွာ၊ငါတို့အနား မဟုတ်သေးပါဘူး" ဟုတွေးပြီး ပေါ့ပေါ့တန်တန် မနေဘဲ အကာအကွယ်ယူရန် လိုအပ်ပါသည်။

🚨🚨 စစ်ဘေးရှောင် ပြည်သူလူထုတွေအနေနှင့် မိမိရဲ့ နဂိုမူလရပ်ရွာတွေကို ပြန်ဖို့ စဉ်းစားသည့်အခါ မိမိအိမ်၊မိမိရပ်ရွာကို အလျင်စလို မပြန်မိဖို့ လိုပါတယ်။ မိမိနဂိုမူလရပ်ရွာတွေသည် စခစစ်ကြောင်းများဖြတ်သန်းခြင်းနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသတွေ ဖြစ်ခြင်းကြောင့် သင့် အိမ်အတွင်း (သို့မဟုတ်) သင့် အိမ်အနီးနားပတ်ဝန်းကျင်တွင် (မြေမြှုပ်မိုင်း)နှင့် အခြားသော (ပေါက်ကွဲ)လက်နက် ပစ္စည်းများကျန်ရှိနေနိုင်ပါသည်။

💡 သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီမှ တတ်နိုင်သမျှ ပေါက်ကွဲလက်နက်ပစ္စည်းအန္တရာယ်နှင့် ပတ်သက်လို့ မေးမြန်းစုံစမ်းကြပါ။ ဘေးကင်းလုံခြုံပြီ၊သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဆိုမှသာလျှင် မိမိနေရပ်ကို ပြန်ပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏1
⚜️ #EIO_Update_News

ချောင်းဦးနယ်၊ ရှမ်းထူးရွာသို့ ရောက်ရှိနေသောစခများသည် မြောက်ဘက်ရှိ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိထားပါသည်။

Mar 21, 1:30PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏1