EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
⚜️ #EIO_Update_News

ချောင်းဦးနယ်၊ ကင်းမွန်းတော်ပျူရွာ မှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

Mar 20, 8:54PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2
⚜️ #EIO_Update_News

ချောင်းဦးမြို့ပေါ် မှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်း သတင်းရရှိထားပါသည်။

Mar 20, 9:03PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2
💥လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်

Eagle Information Operator (#EIO)
Date - Mar 20, 9:36PM

📌 ချောင်းဦးမြို့ပေါ်မှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

🚨လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

🚨မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

🚨အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Chaung_U #Myanmar #SecurityUpdate
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
3🥰1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏5
📌အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

https://t.me/eagleinformationoperator/19834

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Myanmar #SecurityTips #StaySafe
🙏5
⚜️"လေကြောင်းသတင်းဆိုင်ရာ တယ်လီဂရမ်ချန်နယ်များ စုစည်းမှု"⚜️

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် ကြိုတင်သတိပြုနိုင်စေရန် မိဘပြည်သူများနှင့် တလရရဲဘော်များအတွက် အသုံးဝင်ပြီး ယုံကြည်စိတ်ချရသော ပြည်သူ့အကျိုးပြု လေကြောင်းသတင်း တယ်လီဂရမ်ချန်နယ်ကြီးများကို #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ စုစည်းတင်ပြလိုက်ပါသည်။

🌐 ယုံကြည်စိတ်ချရသော လေကြောင်းသတင်း #TelegramChannelsLinks များ -

🔹 https://t.me/WaiHin
🔹 https://t.me/earorg
🔹 https://t.me/nasairscoutteam
🔹 https://t.me/witnessenemyairscout

(မှတ်ချက်။။     ။။ မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)သည် လေကြောင်းသတင်းနှင့်သက်ဆိုင်သော အထက်ပါချန်နယ်များအား ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါသည်။)

တလရရဲဘော်များနှင့် မိဘပြည်သူများအားလုံး ကျန်းမာပြီး ဘေးကင်းကြပါစေ🙏🏻

📲 သတင်းပေးပို့ရန် -
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate #AirScout #AviationNews
👍4🫡1
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
🙏4
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

ချောင်းဦးနယ် ခင်မွန်ဘက်စုံခြံနှင့် မြပုလဲဂိတ်မှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိ‌နေကြောင်း သတင်းရရှိထားပါသည်။

မုံရွာနယ် တောင်ခြမ်း၊ မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတော ကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

မုံရွာနယ် တောင်ခြမ်း၊ မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့် တံတားဖြူသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

မုံရွာနယ် တောင်ခြမ်း၊ စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် (မြေနဲ အောင်သာ)လမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 21, 6:54AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏5
🚨မုံရွာ-ချောင်းဦး🚨

(မုံရွာတောင် -‌ ချောင်းဦး) လမ်းမကြီးတလျှောက်တွင် စခများသည် လမ်းပိုင်းအလိုက် ကင်းပုန်းများချကာ နေရာယူထားပြီး ခြေရှုပ်နေကြောင်း သတင်းရရှိထားပါသည်။

ခရီးသွားမိဘပြည်သူများအနေဖြင့် အဆိုပါလမ်းပိုင်းကို အသုံးပြုရာတွင် အထူးဂရုစိုက်ကြပါရန်နှင့် ဘေးကင်းလုံခြုံရေးကို ဦးစားပေးကြပါရန် အနူးအညွတ် မေတ္တာရပ်ခံအပ်ပါသည်။

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Monywa #SecurityTips #StaySafe
🙏5
အသိပေးကြေညာချက်‼️

မိဘပြည်သူများခင်ဗျား........👋🏻

📌လက်ရှိတွင် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) ၏ တင်ဆက်မှုပုံစံများ၊ အမှတ်အသားများနှင့် ဆင်တူယိုးမှား ပြုလုပ်ထားသော သတင်းစာမျက်နှာအချို့ ပေါ်ပေါက်နေသည်ကို စီစစ်တွေ့ရှိရပါသည်။

📌မိဘပြည်သူများ ဘေးကင်းစေဖို့ရန်အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်၊ မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံ၊ခရိုင်ပေါင်းစုံမှ အိုင်အိုများ၊သတင်းပြန်ကြားရေးများ၊အဖွဲ့အစည်းတာဝန်ခံများနှင့် အတူတကွပူးပေါင်း၍ မြေပြင်သတင်း၊လေကြောင်းသတင်းများကို (သတင်းပေးပို့၊သတင်းယူ)ခြင်းဖြင့်သာ #Admin_Team သည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ သတင်း(ကျင့်ဝတ်-စည်းကမ်း)နှင့်အညီ ကိုယ်ထူကိုယ်ထ ပြည်သူ့အကျိုးကိုသာ မျက်နှာမူ၍ ကြိုးစားလုပ်ကိုင်နေကြသူများသာ ဖြစ်ပါသည်။

📌#EIO သည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ မည်သည့်ပုဂ္ဂိုလ်၊မည်သည့်တလရအဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်းမဟုတ်သလို၊မည်သည့်အကြောင်းကိစ္စမှ အလှူခံခြင်းလည်း (လုံးဝ၊လုံးဝ) အလျင်းမရှိပါ။

📌မိမိတို့ #EIO နှင့် တင်ဆက်မှုပုံစံများ၊ အမှတ်အသားများနှင့် ဆင်တူယိုးမှား ပြုလုပ်ပြီး #EIO logo များအသုံးပြု၍သော်လည်းကောင်း၊ #EIO အမည်နာမသုံးစွဲ၍ အလှူငွေကောက်ခံခြင်းများကိုလည်း မိမိတို့ #EIO_Admin_Teamမှ (လုံးဝ၊လုံးဝ) တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါ။

📌သတင်းအချက်အလက် မှန်ကန်မှုနှင့် မိဘပြည်သူများ ဝေဝါးမှုမရှိစေရန်အတွက် ကျွန်ုပ်တို့ Admin Team မှ ရှေ့ဆက်၍ တင်ဆက်မှုပုံစံသစ်များ၊ ပိုမိုဆန်းသစ်သော ဖန်တီးမှုများဖြင့် အဆင့်မြှင့်တင် တင်ဆက်သွားတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

⚜️ #EIO ၏ ပြောင်းလဲမှုများ‼️

၁။သတင်းတင်ဆက်မှုပုံစံသစ်-ရိုးအိုင်နေသော ပုံစံများမှ ခွဲထွက်ပြီး ကြည့်ရှုသူအတွက် ရှင်းလင်းပြတ်သားကာ ဆွဲဆောင်မှုရှိသော Layout အသစ်များဖြင့် တင်ဆက်ပါမည်။

၂။Creative Visuals- သတင်းတစ်ပုဒ်ချင်းစီ၏ အနှစ်သာရကို ဖော်ပြနိုင်မည့် ကိုယ်ပိုင်သီးသန့် Infographics နှင့် ဒီဇိုင်းသစ်များကို အသုံးပြုပါမည်။

၃။စနစ်တကျ စိစစ်မှု-သတင်းစီးဆင်းမှု မြန်ဆန်ရုံသာမက အချက်အလက် တိကျမှန်ကန်မှုကို ပိုမိုဦးစားပေးဆောင်ရွက်သွားပါမည်။

📌မိဘပြည်သူများအနေဖြင့် ကျွန်ုပ်တို့၏ တရားဝင်စာမျက်နှာမှ တင်ဆက်မှုများကို ယုံကြည်စိတ်ချစွာ စောင့်ကြည့်အားပေးကြပါရန်နှင့် အတုအယောင်များကို သတိပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

📌ကျွန်ုပ်တို့၏ ဖန်တီးမှုအသစ်များကို မကြာမီ မြင်တွေ့ရတော့မည်ဖြစ်၍ စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျား။

#EIO_Founder

#AdminTeam
#EIO #Eagle_Information_Operator #Communication_and_Information
#NewPerspective #StayTuned #GroundInfo

📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏51
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «အသိပေးကြေညာချက်‼️ မိဘပြည်သူများခင်ဗျား........👋🏻 📌လက်ရှိတွင် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) ၏ တင်ဆက်မှုပုံစံများ၊ အမှတ်အသားများနှင့် ဆင်တူယိုးမှား ပြုလုပ်ထားသော သတင်းစာမျက်နှာအချို့ ပေါ်ပေါက်နေသည်ကို စီစစ်တွေ့ရှိရပါသည်။ 📌မိဘပြည်သူများ…»
#EIO ရဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါ👋

မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး) Facebook Page လေးကနေ မိတ်ဆွေတို့အတွက် အကျိုးရှိမယ့် သတင်းအချက်အလက်နဲ့ ဝန်ဆောင်မှုတွေကို အမြဲမပြတ် ကြိုးစားတင်ဆက်ပေးနေပါတယ်။

အခုထက်ပိုပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့နဲ့ မိမိတို့ #EIO Facebook Page လေး ပိုမိုခိုင်မာလာစေဖို့အတွက် မိတ်ဆွေတို့ရဲ့ အကူအညီလေးတစ်ခု လိုအပ်နေပါတယ်ခင်ဗျာ။

📌 ဘယ်လိုကူညီပေးရမလဲ

မိမိတို့ #EIO Facebook Page ရဲ့ #Review Section မှာ မိတ်ဆွေတို့ရဲ့ သဘောထားအမြင်လေးတွေကို စာသားလေးနဲ့ဖြစ်စေ၊ #ကြယ် (Rating) လေးတွေပေးပြီးဖြစ်စေ ရေးသားပေးခဲ့ဖို့ မေတ္တာရပ်ခံချင်ပါတယ်။

မိတ်ဆွေတို့ရဲ့ #Review တစ်ခုချင်းစီက #EIO အဖွဲ့သားတွေအတွက် အားဆေးတစ်ခွက်ဖြစ်သလို၊ လိုအပ်ချက်တွေကို ပြုပြင်ဖို့အတွက်လည်း အဖိုးတန်တဲ့ လမ်းပြမြေပုံပါပဲ။ ❤️

မိမိတို့ရဲ့ လုပ်ဆောင်ချက်တွေအပေါ် မိတ်ဆွေတို့ရဲ့ အမြင်ကို သိရှိလိုတာကြောင့် #Review လေးတွေ ရေးပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Review ရေးပေးခြင်းဖြင့် -

၁။ #EIO Admin Team ရဲ့ ဝန်ဆောင်မှုအရည်အသွေးကို မြှင့်တင်နိုင်မယ်။
၂။ အခြားသူတွေအနေဖြင့် Page ကို ယုံကြည်မှုရှိရှိ အသုံးပြုနိုင်မယ်။
၃။ ပိုမိုကောင်းမွန်တဲ့ သတင်းအချက်အလက်တွေကို တင်ဆက်ပေးနိုင်မယ်။

အောက်က #Link လေးကနေ #Review ရေးပြီး ဝန်းရံပေးလိုက်ကြပါစို့။
👇🏻
[https://www.facebook.com/eagleinformation/review]

#Follower တစ်ဦးတစ်ယောက်ချင်းစီကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။ 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်-

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #Communication #Information #Reviews #Feedback
🙏4
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «#EIO ရဲ့ မိတ်ဆွေများအားလုံး မင်္ဂလာပါ👋 မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး) Facebook Page လေးကနေ မိတ်ဆွေတို့အတွက် အကျိုးရှိမယ့် သတင်းအချက်အလက်နဲ့ ဝန်ဆောင်မှုတွေကို အမြဲမပြတ် ကြိုးစားတင်ဆက်ပေးနေပါတယ်။ အခုထက်ပိုပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့နဲ့…»
🔊 ​လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကြောင့် မိဘပြည်သူများအနေဖြင့် အောက်ပါဘေးကင်းလုံခြုံရေး အစီအမံများကို အထူးဂရုပြု လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

🛡️ အကာအကွယ်ယူခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်း။

⚠️ ​ဗုံးခိုကျင်း ပြင်ဆင်ပါ။

လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ (သို့မဟုတ်) စစ်ကြောင်းနှင့် နီးစပ်သည့်အခါ ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) ဘေးကင်းသည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။

⚠️ ဝပ်နေပါ

ပစ်ခတ်သံများ ကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဗိုက်မှောက်လျက် ဝပ်နေပါ။

🙆🏻ခိုင်မာသော အကာအကွယ်ယူပါ။

.5 ပွိုင့်ဖွိုက် ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ (သို့မဟုတ်) မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။

⚠️ ပေါ့ပေါ့တန်တန် မနေပါနှင့်။

.5 ပွိုင့်ဖွိုက် စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက မိမိတို့နှင့် မနီးသေးဟု တွေးကာ ပေါ့ပေါ့တန်တန် မနေသင့်ပါ။

🎒 အရေးပေါ် အခြေအနေအတွက် ဆောင်ရန်/ရှောင်ရန်

🚨Emergency Kit ပြင်ထားပါ

အရေးပေါ် တိမ်းရှောင်ရပါက ချက်ချင်းယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများ ကို အထုပ်အပိုး အသင့်ပြင်ထားပါ။

🚫စုဝေးခြင်း ရှောင်ပါ

အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် လေကြောင်းနှင့် မြေပြင်ပစ်မှတ် ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။

⚠️မီးအမှောင်ချပါ

ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီးနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။

🚫 စူးစမ်းခြင်း မပြုပါနှင့်

ပစ်ခတ်သံကြားရသည့် အရပ်သို့ အပြင်ထွက်ကြည့်ခြင်း၊ စူးစမ်းခြင်း မပြုဘဲ ကျည်လွတ်ရာ၌သာ ငြိမ်သက်စွာ နေပါ။

⚠️ နေရပ်ပြန်ရာတွင် သတိပြုရန် (မြေမြှုပ်မိုင်း အန္တရာယ်)

🚫အလျင်စလို မပြန်ပါနှင့်။

စစ်ကြောင်းများ ဖြတ်သန်းသွားလာထားသည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသများရှိ မိမိတို့အိမ်အတွင်း (သို့မဟုတ်) ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်း နှင့် အခြား မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများ ကျန်ရှိနေနိုင်ပါသည်။

🗣️ ​စုံစမ်းမေးမြန်းပါ။

သက်ဆိုင်ရာ နယ်မြေခံ ကာကွယ်ရေးအဖွဲ့အစည်းများထံမှ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိကို သေချာစွာ စုံစမ်းပါ။

⚠️ခွင့်ပြုချက်ရမှသာပြန်ကြပါ။

သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဟု အတည်ပြုချက်ရမှသာ မိမိနေရပ်သို့ ပြန်ကြပါရန် အထူးသတိပေးလိုပါသည်။

📢 သတင်းနားစွင့်ပါ။

ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။ အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် သတိပြုပါ။

⚜️ မြေပြင်နှင့် လေကြောင်း အခြေအနေများအတွက် အရေးကြီးသတင်းများရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။


"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

#EIO_Update_News #SafetyFirst #EmergencySafety #LandmineAwareness #StaySafe #RejectMilitaryCoup #StopKillingCivilians #WarCrimes #WhatsHappeningInMyanmar
🙏3