EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
သို့သော် နေ့တိုင်းက အလုပ်လိုဖြစ်နေတော့ ပိတ်ရက်ဆိုတာလည်း မရှိဘူး။ Monday blue ကို ခံစားရမှ TGIF ဆိုတာ ပျော်စရာကောင်းတာမို့လား။ Pain ရှိမှ Pleasure ဆိုတာ ရှိတာလေ။ ခုကျ Pain မရှိတော့ Pleasure လည်း ရှိမနေတော့ဘူး။ လစာထုတ်ရက်လည်း မရှိဘူး။ ဘောနပ်စ်လည်း မရှိဘူး။ Retreat သွားရတယ်လည်း မရှိ။ ရုံးမှာ နေ့လယ်ဘက် ကော်ဖီသောက်ရင်း စကားပြောကြတယ်လည်း မရှိ။ ကိုယ်လုပ်နိုင်ရင် ကိုယ်ရမယ်။ မလုပ်နိုင်ရင် မရတော့ဘူး။ ဝန်ထမ်းဘဝလိုတော့ Stable ဖြစ်မနေဘူးပေါ့။

🔳 လူသိများခြင်းကလည်း ကိုယ့်အိမ်တံခါးဝကို အခွင့်အလမ်းပေါင်းများစွာ သယ်လာပေးနိုင်တယ်။ ကိုယ်တိုင်လည်း အတိုင်းအတာတစ်ခုထိ လူသိခြင်းကြောင့် အကျိုးကျေးဇူးတွေ အများကြီး ရခဲ့ဖူးတယ်။

ဒါပေမဲ့လည်း တစ်ခါတလေကျ အဲဒီဘဝကြီးကို စိတ်ကုန်လာတာ အမှန်ပဲ။ လူမသိသူမသိနဲ့ ရိုးရိုးရှင်းရှင်းပဲ ဘဝကို ဖြတ်သန်းချင်တော့တယ်။ လူတွေရဲ့ ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်းတွေ၊ အများရဲ့ မျှော်လင့်ထားမှုတွေ၊ နာမည်ကြီးခြင်းနောက်ကနေ ကပ်ပါလာတဲ့ တာဝန်ဝတ္တရားတွေ အားလုံးကို လွှတ်ချထားလိုက်ချင်ပြီပေါ့။

🔳 တစ်ယောက်တည်းသမား။ အပူအပင်ကင်းတယ်။ အလုပ်ဆိုလည်း Passion – Profession – Purpose ၃ ခုက တထပ်တည်းကျနေတာ။ လူတော်တော်များများ မရနိုင်တဲ့ ကံကောင်းမှု။ လူသိတာလည်း ခံရသေးတယ်။ ဒါနဲ့တောင် သူများဘဝ အားကျနေသေးလားပေါ့။

အားကျမိတဲ့အချိန်တွေ ရှိပါတယ်။ မိသားစုဘဝ ပျော်ပျော်ရွှင်ရွှင်နဲ့။ အများအကျိုးပြု အဖွဲ့အစည်းတစ်ခုခုမှာ ဝန်ထမ်းအဖြစ် အသက်မွေး။ ဘယ်သူကမှလည်း အမှားစောင့်မနေ၊ ကိုယ်မလဲလဲအောင် ခြေထိုးခံမယ့်သူ မရှိတဲ့ ရပ်ဝန်းကလေးမှာ ရှင်သန်။ အားလပ်တဲ့အချိန် ကိုယ်ဝါသနာပါတဲ့ အလုပ်ကလေးလုပ်။ အဲဒီလို ရိုးရိုးရှင်းရှင်း အေးအေးချမ်းချမ်းကလေးပေါ့။

ဒီလို သူများဘဝ အားကျလိုက်။ ကိုယ့်ဘဝကို ကျေနပ်တတ်အောင် ကြိုးစားလိုက်။ ပေးလာတဲ့ အခြေအနေပေါ်မှာ အကောင်းဆုံးဖြစ်အောင် ရှင်သန်လိုက်။ ဒီလိုနဲ့ပဲ လည်ပတ်နေကြရတာကို ‘ဘဝ’ လို့ ခေါ်တာမဟုတ်လား။

🔳 ဘယ်သူ့ဘဝကမှတော့ ပြည့်စုံမနေပါဘူး။ ပြည့်စုံနေတယ် ထင်ရအောင်သာ ပြထားကြလို့ပါ။ ပြည့်စုံတယ်ဆိုတာမျိုးကလည်း ဘယ်အတိုင်းအတာကို သတ်မှတ်မှာလဲ။ တိုက်တစ်လုံးလား။ ကား ၃ စီးလား။ သိန်းတစ်သောင်းလား။ တကိုယ်ရည်စာ လွတ်လပ်မှုလား။ တည်ငြိမ်တဲ့ ဝင်ငွေလား။ နာမည်ကျော်ကြားမှုလား။ လူအများရဲ့ Spotlight အောက်မှာ ရှိမနေရတဲ့ ပေါ့ပါးမှုမျိုးလား။

အဓိကက What is your definition of “enough”?

ကိုယ့်အတွက် လုံလောက်တယ် ဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သိနေဖို့ လို့ပဲ ထင်ပါတယ်။

🔳 လိုအင်ဆန္ဒ ဆိုတာကတော့ ဘယ်တော့မှ အတောသတ်တယ်ရယ်လို့ မရှိပါဘူး။ ဖြည့်နေသရွေ့ လိုနေဦးမှာပဲ။

တကယ်တမ်း ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ဟာ မရှိသေးတာတွေ ရှိအောင် ဖြည့်ရတဲ့နေရာမှာ မရှိပါဘူး။ ရှိနေတာတွေရဲ့ တန်ဖိုးကို မြင်အောင် ကြည့်တတ်တဲ့နေရာမှာသာ ရှိပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၉.၃.၂၀၂၆
This media is not supported in your browser
VIEW IN TELEGRAM
ချဉ်ပေါင်ဟင်းကြိုက်တဲ့ "ဗိုလ်ချုပ်"
အဆောင်အယောင် မမက်တဲ့ "ဗိုလ်ချုပ်"
အာဏာဆိုတာ ခါးပတ်နောက်မှာ ချိတ်ထားဖို့မဟုတ်ဘဲ
ပြည်သူ့အတွက်သာ ထမ်းပိုးဖို့လို့ကြောင်း လက်တွေ့ပြသွားတဲ့ "ဗိုလ်ချုပ်"
.
"ဗိုလ်ချုပ်" ဆိုတဲ့ ဘွဲ့ထူးထက် "ကိုအောင်ဆန်း" ဆိုတဲ့ ရိုးသားမှုကို ပိုမြတ်နိုးခဲ့သူ။
နန်းတွင်းဟင်းလျာတွေထက် အိမ်ချက် "ချဉ်ပေါင်ဟင်း" တစ်ခွက်နဲ့ ထမင်းဝိုင်းကို ပျော်ရွှင်ခဲ့သူ။
ကတ္တီပါဖိနပ်နဲ့ ကော်ဇောနီလမ်းကို ငြင်းပယ်ပြီး၊ အပေါက်အပြဲပါတဲ့ အင်္ကျီကို ဖာထေးဝတ်ဆင်ခဲ့တဲ့သူ။

"ဗိုလ်ချုပ်"ကို ချစ်တယ်ဆိုတာ သူ့ရုပ်ပုံကို ကြည့်ရုံတင်မဟုတ်ဘဲ သူပြသခဲ့တဲ့ "စိတ်ဓာတ်နဲ့ ကျင့်ဝတ်" တွေကို လိုက်နာကျင့်ကြံဖို့လည်း လိုအပ်ပါတယ်။

ရိုးသားပါ - ကိုယ်ကျိုးထက် အများအကျိုးကို ရှေ့တန်းတင်ပါ။
ခြိုးခြံပါ - အပိုအလှတွေကို ဖယ်ပြီး အနှစ်သာရကို ရှာဖွေပါ။
သစ္စာရှိပါ - မိမိလုပ်ငန်းခွင်နဲ့ မိမိတိုင်းပြည်အပေါ် မဖောက်ပြန်ပါနဲ့။

ဂုဏ်ပကာသနနောက်ကို မလိုက်ဘဲ ဗိုလ်ချုပ်ပြသခဲ့တဲ့ လမ်းစဉ်အတိုင်း "မှန်တာကို ရဲရဲလုပ်၊ ရိုးရိုးနေ" ကြဖို့ အချိန်တန်ပါပြီ။

#AdminTeam
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🫡4
အကြမ်းဖက် စစ်ကော်မရှင်ဟာ၊ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြီး အတုအယောင်လွှတ်တော်ကို ဖန်တီးဖို့ လုပ်နေပါတယ်။ အတုအယောင်ရွေးကောက်ပွဲကနေ အတုအယောင်ကိုယ်စားပြုမှုတွေနဲ့ ပြည်သူ့ကို မျက်လှည့်ပြဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ စစ်ကော်မရှင်ဟာ၊ နိုင်ငံတကာမှာ ရေပန်းစားတဲ့ စကားလုံးတွေကို “ထည်,လဲ” သုံးစွဲဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါ့ကြောင့် အာဏာသိမ်းစစ်ကော်မရှင် ဟာ၊ နိုင်ငံတကာအသိအမှတ်ပြုမှုကို တနည်းမဟုတ် တနည်း ရယူဖို့ ကြိုးစားနေတဲ့ လမ်းစတွေ တွေ့လာရပါတယ်။ ဒါတွေကို ကျွန်တော်တို့အနေနဲ့ သမားရိုးကျ ဖြစ်ရပ်လို့ မယူဆဘဲ၊ လေးလေးနက်နက် တွေးဆပြီး တန်ပြန်တုံ့ပြန်နိုင်ဖို့ အထူး လိုပါတယ်။

ဒူဝါလရှီးလ (နိုင်ငံတော်ယာယီသမ္မတ)
အမျိုးသားညီညွတ်ရေးအစိုးရ
ပြည်ထောင်စုလွှတ်တော် နဝမအကြိမ် အစည်းအဝေး မိန့်ခွန်းမှ ကောက်နုတ်ချက်
👍2
သတင်းထုတ်ပြန်ချက်

ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ကွပ်ကဲမှု မတ္တရာမျိုးမှန်တပ်ဖွဲ့ ခံယူ

၂၀၂၆ ခုနှစ်၊ မတ်လ (၁၉) ရက်နေ့

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရာတွင် နိုင်ငံတဝှမ်းရှိ တော်လှန်ပြည်သူများအား စုရုံး၍လည်း‌ကောင်း၊ တော်လှန်ပြည်သူများဖြင့် စုဖွဲ့ထားသည့် ရာ၊ ထောင်ချီ‌သော ကာကွယ်ရေးအဖွဲ့မျိုးစုံကို စုစည်း၍လည်း‌ကောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) များကို ဖွဲ့စည်းထူထောင်လျက် တခုတည်းသော ကွပ်ကဲမှုယန္တရားကို ဖော်ဆောင်၍ တော်လှန်တိုက်ပွဲအား ဆင်နွှဲလျက်ရှိပါသည်။ ကွပ်ကဲမှု‌အောက် မရောက်ရှိသေးသည့် ဒေသကာကွယ်ရေးအဖွဲ့များအားလည်း ကွပ်ကဲမှု‌အောက် ရောက်ရှိရေး ဆက်လက် စည်းရုံး၍လည်း‌ကောင်း၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက်လည်းကောင်း အစဉ်အမြဲ ကြိုဆို စည်းရုံးလျက်ရှိပါသည်။

၂။ မတ္တရာမျိုးမှန်တပ်ဖွဲ့သည် မန္တလေးတိုင်း၊ မတ္တရာအခြေပြု ဒေသကာကွယ်ရေးတပ်တခု ဖြစ်ပြီး ရှမ်းမန်း စစ်ဆင်ရေးတွင်လည်း‌ကောင်း၊ ရှမ်းမန်းစစ်ဆင်ရေးအလွန် ခုခံစစ်တွင်လည်း‌ကောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ ပကဖများ နှင့်အတူ အတူတကွလက်တွဲ တိုက်ပွဲဝင်လျက်ရှိသည့် တော်လှန်ရေးအဖွဲ့အစည်း တခုဖြစ်ပါသည်။

၃။ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က "အထွေထွေထိုးစစ်ကို ဆင်နွှဲရာတွင် တပ်ဖွဲ့များ အကွဲကွဲအပြားပြားဖြင့် ဆောင်ရွက်၍ မဖြစ်နိုင်သောကြောင့် တခုတည်းသော ကွပ်ကဲမှု၊ တခုတည်းသော ဦးတည်ရာနှင့် စုစည်း ညီညွတ်သော အားထုတ်ကြိုးပမ်းမှုတို့ ရှိနေရန်လိုအပ်‌ကြောင်း၊ မတ္တရာမျိုးမှန်တပ်ဖွဲ့ အနေဖြင့်လည်း မတ္တရာကိုအခြေပြု၍ စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တော်လှန်ဆန့်ကျင်နေသော အားကောင်းသည့် တပ်ဖွဲ့တခုအဖြစ် သိရှိထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်က တည်ဆောက်လျက်ရှိသည့် ကွပ်ကဲမှုစနစ်အတွင်းသို့ ဝင်ရောက် လုပ်ဆောင်မည်ဆိုပါက ယခုထက် ပို၍ တော်လှန်ရေးအတွက် အကျိုးပြုနိုင်မည်ဟု ယုံကြည်ကြောင်း" ဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်က တည်ဆောက်လျက်ရှိသည့် ဆင့်ကဲကွပ်ကဲမှုစနစ်အတွင်း ဝင်ရောက်၍ တပ်မတော်၏ အစိတ်အပိုင်းအဖြစ် တော်လှန်တိုက်ပွဲ ဝင်သွားရန် ဖိတ်ခေါ်ခဲ့ရာ တော်လှန်ရေးအကျိုးကျေးဇူးကို ကောင်းစွာ ရှေးရှုနိုင်ကြသည့် မတ္တရာမျိုးမှန်တပ်ဖွဲ့ ခေါင်းဆာင်များကလည်း လက်ခံသဘောတူခဲ့ကြပါသည်။

၄။ သို့ဖြစ်ပါ၍ မတ္တရာမျိုးမှန်တပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဆင့်ကဲကွပ်ကဲမှုတွင် ပါဝင်လျက် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအဖြစ် ကွပ်ကဲမှုခံယူ၍ တော်လှန်တိုက်ပွဲဝင်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
👍1
🚩 "တော်လှန်ရေး၏ အသက်သွေးကြော"

🥇ဆက်သွယ်ရေးနှင့် ပြန်ကြားရေး ရဲဘော်များအား ဂုဏ်ပြုမှတ်တမ်းတင်ခြင်း။

တော်လှန်ရေး၏ အဓိကအသက်သွေးကြောဖြစ်သော ဆက်သွယ်ရေးနှင့် ပြန်ကြားရေး ကဏ္ဍတွင် နေ့/ည အချိန်မရွေး မနားမနေ ကြိုးပမ်းဆောင်ရွက်နေကြသော အနယ်နယ်၊အရပ်ရပ်မှ ရဲဘော်များအားလုံးကို လှိုက်လှိုက်လှဲလှဲ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး) မှ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။🫡

📡 သတင်းအချက်အလက်၏ အရေးပါမှု

သတင်းအချက်အလက် စီးဆင်းမှုသည် တိုက်ပွဲတစ်ခု၏ အောင်နိုင်ရေးအတွက်သာမက မိဘပြည်သူများ၏ အသက်နှင့် လုံခြုံရေးအတွက်ပါ အလွန်အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်ပါသည်။

အခက်အခဲများစွာကြားမှ -

သတင်းများကို စုဆောင်းခြင်း။
အချက်အလက်များကို စိစစ်ခြင်း။
ပြည်သူများထံ အချိန်နှင့်တပြေးညီ ဖြန့်ဝေခြင်း။

တို့ကို ဆောင်ရွက်နေသော ရဲဘော်များ၏ ကြိုးပမ်းမှုသည် တန်ဖိုးမဖြတ်နိုင်သော တာဝန်တစ်ရပ် ဖြစ်ပါသည်။

🛡 “သတင်းသည် လက်နက်ဖြစ်သည်”

ရန်သူ၏ လှုပ်ရှားမှုများကို ကြိုတင်သိရှိစေပြီး ပြည်သူများ၏ အသက်များကို ကယ်တင်ပေးနိုင်သည့် သတင်းပြန်ကြားရေး လုပ်ငန်းသည် ရှေ့တန်းတွင် လက်နက်ကိုင် တိုက်ပွဲဝင်နေသော ရဲဘော်များ၏ တာဝန်နှင့် ထပ်တူအရေးကြီးသော တာဝန် ဖြစ်ပါသည်။

🕯️ "အမှောင်ထဲက အလင်းတိုင်များ"

ဝါဒဖြန့်မှုများ၊ သတင်းအမှားများကြားတွင် အမှန်တရားကို ဖော်ထုတ်ပေးပြီး ပြည်သူလူထု၏ စိတ်ဓာတ်မကျဆင်းအောင် ခွန်အားပေးနေသော ရဲဘော်များအား ဂုဏ်ယူပါသည်။

🔐 "လုံခြုံရေးနှင့် သတိ"

ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး လုပ်ငန်းများသည် နည်းပညာအရသာမက မြေပြင်အခြေအနေအရပါ စိန်ခေါ်မှုများစွာရှိသော အလုပ်ဖြစ်ပါသည်။

ထို့ကြောင့် #Digital Security (အချက်အလက်လုံခြုံရေး) ကို အမြဲဂရုစိုက်ကာ
ဘေးကင်းစွာဖြင့် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြပါစေ။

📜 "သမိုင်းတွင် ကျန်ရစ်မည့် လုပ်ရပ်"

တော်လှန်ရေး၏ အောင်ပွဲလမ်းတွင် ရဲဘော်တို့ တည်ဆောက်ထားသော ဆက်သွယ်ရေးကွန်ရက်များသည် အခိုင်မာဆုံး ကြိုးတပ်တံတားများအဖြစ် သမိုင်းတွင် မှတ်တမ်းတင်ခံရမည် ဖြစ်ပါသည်။🤝

#AdminTeam
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🫡21
⚜️"လေကြောင်းသတင်းဆိုင်ရာ တယ်လီဂရမ်ချန်နယ်များ စုစည်းမှု"⚜️

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် ကြိုတင်သတိပြုနိုင်စေရန် မိဘပြည်သူများနှင့် တလရရဲဘော်များအတွက် အသုံးဝင်ပြီး ယုံကြည်စိတ်ချရသော ပြည်သူ့အကျိုးပြု လေကြောင်းသတင်း တယ်လီဂရမ်ချန်နယ်ကြီးများကို #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ စုစည်းတင်ပြလိုက်ပါသည်။

🌐 ယုံကြည်စိတ်ချရသော လေကြောင်းသတင်း #TelegramChannelsLinks များ -

🔹 https://t.me/WaiHin
🔹 https://t.me/earorg
🔹 https://t.me/nasairscoutteam
🔹 https://t.me/witnessenemyairscout

(မှတ်ချက်။။     ။။ မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)သည် လေကြောင်းသတင်းနှင့်သက်ဆိုင်သော အထက်ပါချန်နယ်များအား ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါသည်။)

တလရရဲဘော်များနှင့် မိဘပြည်သူများအားလုံး ကျန်းမာပြီး ဘေးကင်းကြပါစေ🙏🏻

📲 သတင်းပေးပို့ရန် -
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate #AirScout #AviationNews
🙏32
Media is too big
VIEW IN TELEGRAM
"နေရာလုတဲ့ ကိစ္စတွေ မလုပ်နဲ့တော့။ နေရာလုတဲ့ ကိစ္စဆိုတာ အင်မတန်မှ ဆိုးတယ်။ အဲ့တော့ တစ်ယောက်နဲ့တစ်ယောက် နေရာပေးချင်တဲ့ စိတ်နဲ့ လုပ်သွားမယ်ဆိုရင် အေးအေးချမ်းချမ်း ဖြစ်သွားမှာပါ။

အဲ့ဒီ နေရာလုတဲ့ ပြဿနာပဲ... ဒီမိုကရေစီစနစ်ဆိုတာဟာ နေရာမလုရအောင်လို့ ထွင်ထားတဲ့ စနစ်ဖြစ်တယ်။ ပြည်သူက ပေးတဲ့နေရာပဲ ယူရတယ်။

ကိုယ်က အာဏာရှိတိုင်း၊ လက်နက်ရှိတိုင်း၊ ပိုက်ဆံရှိတိုင်း နေရာလုလို့ မရတဲ့စနစ် ဖြစ်ပါတယ်လို့ ကျွန်မ ပြောချင်ပါတယ်။"

"ဒေါ်အောင်ဆန်းဆုကြည်"
(နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်)
2🥰1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏3
📌အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

https://t.me/eagleinformationoperator/19834

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Myanmar #SecurityTips #StaySafe
🙏3
🚨 မိဘပြည်သူများအတွက် အရေးပေါ် သတိပေးချက် 🚨

လတ်တလော မုံရွာမြို့ပေါ်နှင့် လမ်းကြိုလမ်းကြားများ၊ မြို့အဝင်အထွက်များတွင် စစ်ကောင်စီ (စကစ) မှ အိမ်စီးကားများကို အသုံးပြု၍ အတင်းအဓမ္မ ဖမ်းဆီးခြင်းနှင့် ပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း သတင်းများ ရရှိထားပါသည်။

မိဘပြည်သူများ ဘေးကင်းလုံခြုံစေရန် အောက်ပါအချက်များကို အထူးသတိထား လိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

⚠️ သတိပြုရန် အချက်များ

🔹 ဒေသခံ တော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်များကို စောင့်ကြည့်လိုက်နာပါ။
🔹 မြေပြင်သတင်းချန်နယ်များကို ဖတ်ရှုကြပါ။
🔹 နီးစပ်ရာ အချင်းချင်း သတင်းအချက်အလက်များ မျှဝေကြပါ။

🚫 လုံးဝ မပြုလုပ်ရ

စခ / ရခ ယာဉ်တန်းများအနီးတွင် မနေပါနှင့်။
စခ / ရခ ယာဉ်တန်းနှင့်အတူ လိုက်ပါ မောင်းနှင်ခြင်း မပြုလုပ်ပါနှင့်။
စခ / ရခ အထိုင်ဂိတ်များအနီးတွင် ကြာမြင့်စွာ မနေပါနှင့်။

🚑 ကျန်းမာရေးကိစ္စများနှင့် စားဝတ်နေရေးအတွက် မဖြစ်မနေ ခရီးသွားလာရပါက အထူးသတိဖြင့် သွားလာကြပါရန် တိုက်တွန်းအပ်ပါသည်။

🙏 မိဘပြည်သူများအားလုံး ကျန်းမာ၍ ဘေးကင်းကြပါစေ။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram – @EIO2021_bot | @EagleInformationOperator_bot
📧 Email – eagleinformationoperators@gmail.com
🔵 Facebook Page – facebook.com/eagleinformation
🌐 Telegram Channel – t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Monywa #SecurityUpdate
#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation
🙏2
⚜️"လေကြောင်းသတင်းဆိုင်ရာ တယ်လီဂရမ်ချန်နယ်များ စုစည်းမှု"⚜️

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းအန္တရာယ် ကြိုတင်သတိပြုနိုင်စေရန် မိဘပြည်သူများနှင့် တလရရဲဘော်များအတွက် အသုံးဝင်ပြီး ယုံကြည်စိတ်ချရသော ပြည်သူ့အကျိုးပြု လေကြောင်းသတင်း တယ်လီဂရမ်ချန်နယ်ကြီးများကို #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) မှ စုစည်းတင်ပြလိုက်ပါသည်။

🌐 ယုံကြည်စိတ်ချရသော လေကြောင်းသတင်း #TelegramChannelsLinks များ -

🔹 https://t.me/WaiHin
🔹 https://t.me/earorg
🔹 https://t.me/nasairscoutteam
🔹 https://t.me/witnessenemyairscout

(မှတ်ချက်။။     ။။ မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)သည် လေကြောင်းသတင်းနှင့်သက်ဆိုင်သော အထက်ပါချန်နယ်များအား ပြန်လည်ဝေမျှခြင်းသာ ဖြစ်ပါသည်။)

တလရရဲဘော်များနှင့် မိဘပြည်သူများအားလုံး ကျန်းမာပြီး ဘေးကင်းကြပါစေ🙏🏻

📲 သတင်းပေးပို့ရန် -
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate #AirScout #AviationNews
🤝1🫡1
🚨အထူးသတိပြုရန်🚨

ယခုရက်ပိုင်း၌ စကစသည် မြို့နယ်ပေါင်းစုံ၊နယ်ပေါင်းစုံတွင် နေ့အချိန်၌ Spy Balloon၊UAV Scout drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်း၊ညအချိန်တွင်လည်း UAV Scout Drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။သို့ဖြစ်ပါ၍ တလရရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိကြပါရန် #EIO မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104

#VTOL 370 Scout Drone အကြောင်း‌လေ့လာရန် - https://t.me/eagleinformationoperator/17105

#Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752

#Gyrocopter နှင့် #Paramotor တို့ကိုတန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ - https://t.me/eagleinformationoperator/17807

🚨အထူးသတိပြုရန် နှိုးဆော်ချက် - https://t.me/eagleinformationoperator/19369

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့်တံတားဖြူပေလမ်းသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 20, 6:12AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2
⚜️ #EIO_Update_News

ချောင်းဦးဘက်မှ ထွက်လာသော (၆)ဘီးကား(၁)စီးသည် အမြင့်လမ်းအတိုင်းအနောက်ဦးတည်နေကြောင်း သတင်းရရှိထားပါသည်။

Mar 20, 6:32AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲအောင်သာလမ်းကူးသို့ ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 20, 6:32AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌ တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းနှင့် မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေပြီး မိုင်းရှင်းလင်းရေးလုပ်နေကြောင်း သတင်းရရှိထားပါသည်။

Mar 20, 6:48AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍1🙏1
🚨လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်🚨

Eagle Information Operator (#EIO)
Date - Mar 20, 6:49AM

📌ချောင်းဦးမြို့ ၊ရဲလှေရပ်ကွက် တောင်ပိုင်းမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

🚨လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

🚨မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

🚨အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Chaung_U #Myanmar #SecurityUpdate
🙏2