EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.55K photos
184 videos
25 files
5.94K links
Download Telegram
"ပြည်သူ့စစ်မှုထမ်း(ပစ) သင်တန်းဆင်းအင်အား တသိန်းနီးပါးထိ ရှိလာ"

စစ်ကောင်မရှင်တပ် စုဆောင်းလေ့ကျင့်နေသည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၀) ထိ သင်တန်းဆင်းတပ်သား တသိန်းနီးပါး ရှိလာပါသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်းကို လစဉ် မပျက်မကွက် ဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိပြီး သင်တန်းအမှတ်စဉ်တခုလျင် သင်တန်းသား ပျမ်းမျှ (၄၈၀၀) ဝန်းကျင် စုဆောင်းရရှိခဲ့သည်ကို တွေ့ရှိရသည်။

ထို့အပြင် စစ်မှုထမ်းဥပဒေဖြင့် စုဆောင်းရရှိသူများမှ အချို့ကို အခြေခံတပ်သားသစ်သင်တန်းများသို့ ခွဲဝေ၊ ပို့ဆောင်၍ လေ့ကျင့်‌သင်တန်းပေးခြင်းလည်း ရှိနေပါသည်။

ထို့ကြောင့် စစ်ကောင်မရှင်တပ်သည် စစ်မှုထမ်းဥပဒေကို အသုံးချ၍ လစဉ် (၅၀၀၀) ကျော် ဖမ်းဆီး၊ စုဆောင်းရရှိနေသည်ဟု သုံးသပ်နိုင်ပါသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၀) ကို ယခု မတ်လ ၃ ရက်နေ့က သင်တန်းဆင်းပေးခဲ့သည်။ ၂၀၂၆ ဖေဖေါ်ဝါရီလအထိ အမှတ်စဉ် (၂၂) ကို လက်ခံဖွင့်လှစ် လေ့ကျင့်ပေးလျှက်ရှိပါသည်။

စစ်ကော်မရှင်တပ် ဖော်ဆောင်နေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေ၏ အကျိုးဆက်အဖြစ် လူငယ်ထောင်ပေါင်းများစွာ ဥပဒေမဲ့ ဖမ်းဆီးစုဆောင်းခံရခြင်း၊ ရှေ့တန်းစစ်မြေပြင်များတွင် အများအပြား ထိခိုက်သေဆုံးရခြင်း ကြုံတွေ့နေရသည့်အပြင် နိုင်ငံ၏ နေ့စဉ်လူမှုဘဝ နှင့် လူငယ်ထုအနာဂတ်ကို များစွာထိခိုက်၊ သက်ရောက်စေခဲ့ပါသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ
စစ်မှုထမ်းသင်တန်း
အခြေခံတပ်သားသစ်သင်တန်း
စစ်ကော်မရှင်တပ်
ဥပဒေမဲ့ဖမ်းဆီးမှု
လူ့အခွင့်အရေးချိုးဖောက်မှု

#CivilianMilitaryServiceLaw
#MilitaryServiceTraining
#BasicRecruitTraining
#MilitaryCommission
#UnlawfulArrest
#HumanRightsViolation

🔵 https://www.facebook.com/mdsi001
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊မြေနဲ-မိုးညင်း လမ်းဆုံမှ စခကား(၃)စီးသည် မြေနဲ-ဗောဓိ လမ်းမကြီးအတိုင်း အရှေ့သို့ ထွက်သွားကြောင်းသတင်းရရှိထားပါသည်။

📌မိုးညင်းဘုရားအနီးသို့ ရောက်ရှိနေကြောင်းထပ်မံသိရ။

Mar 15, 3:49PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏1
🚨လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်🚨

Eagle Information Operator (#EIO)
Date - Mar 15, 4:47PM

📌ယင်းမာပင်မြို့ပေါ် မှ အထိုင်ချစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ထားကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

🚨လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

🚨မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

🚨အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊မြေနဲ-မိုးညင်း လမ်းဆုံမှ စခကား(၃)စီးသည် မြေနဲ-ဗောဓိ လမ်းမကြီးအတိုင်း အရှေ့သို့ ထွက်သွားကြောင်းသတင်းရရှိထားပါသည်။ 📌မိုးညင်းဘုရားအနီးသို့ ရောက်ရှိနေကြောင်းထပ်မံသိရ။ Mar 15, 3:49PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)…
⚜️ #EIO_Update_News

နေ့လည်အချိန်က မုံရွာနယ် တောင်ခြမ်း၊မိုးညင်းဘုရားအနီးဝန်းကျင်သို့ (၆)ဘီးကား၊‌ဖောကား၊အိမ်စီးကားများဖြင့် ရောက်ရှိနေသော စခများသည် (မြေနဲ-ဗောဓိ) လမ်းမကြီးအတိုင်း (မြေနဲ-မိုးညင်း) လမ်းဆုံသို့ စတင်ထွက်ခွာနေပြီဖြစ်ကြောင်း သတင်းရရှိထားပါသည်။

Mar 15, 6:48PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏2
⚜️ #EIO_Update_News

မုံရွာနယ်တောင်ခြမ်း၊ မုံရွေးတိုးဂိတ်မှ ထွက်လာသော စက်လက်ပါ စခအိမ်စီးကား(၂)စီးသည် မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။

Mar 15, 6:50PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊မုံ‌ရွေးတိုးဂိတ်မှ ကြေးမုံရွာထိပ်ရောက် စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်းသတင်းရရှိထားပါသည်။

Mar 15, 6:52PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏2
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီး၊(၆)ဘီးကား(၁)စီးသည် မအူဂိတ်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိထားပါသည်။

Mar 15, 6:58PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏1
ခရီးသွားလာကြသော တော်လှန်ရေး ရဲဘော်ရဲဘက်များခင်ဗျား -

ယခုအချိန်ကာလသည် ဒေသမရွေး၊ နယ်မြေတိုင်းတွင် အကြမ်းဖက်စစ်ရှုံးကောင်စီ၏ စစ်ဆေးရေးဂိတ်များ၊ စစ်ကြောင်းများနှင့် ကင်းပုန်းများဖြင့် စစ်ရေးအခြေအနေ အထူးရှုပ်ထွေးနေသော အချိန်ကာလဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ခရီးသွားလာရာတွင် ဘေးအန္တရာယ် ကင်းရှင်းရန်အတွက် ကြိုတင်ချိတ်ဆက်၍ မိမိသွားလာမည့် ခရီးလမ်းကြောင်းကို သက်ဆိုင်ရာ နယ်မြေခံ၊တာဝန်ခံများ ထံသို့ ကြိုတင်ဆက်သွယ်ပါ။လမ်းကြောင်းအခြေအနေကို အတည်ပြုပြီး သတင်းပို့ ချိတ်ဆက်မှု ပြုလုပ်ပြီးမှသာ ခရီးစဉ်ကို စတင်ပါ။ ဒေသခံအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်နှင့် စစ်ရေးသတိကို အမြဲရှိနေစေရန်တိုက်တွန်းအပ်ပါသည်။

မိမိတို့၏ အသက်ဘေးကင်းလုံခြုံရေးသည် တော်လှန်ရေးအတွက် အဓိကကျသဖြင့် စနစ်တကျ ချိတ်ဆက်သွားလာပေးကြပါရန် ဒေသခံအဖွဲ့အစည်းများကိုယ်စား #EIO Admin Team မှ အသိပေး ပန်ကြားအပ်ပါသည်။

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပို့ရန်-
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
📧 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏1
🚁 ရဟတ်ယာဉ်တွေဟာလည်း စစ်အုပ်စုရဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လေယာဉ်တွေလို မြန်နှုန်းမြင့် မပျံသန်းနိုင်ပေမဲ့ ရဟတ်ယာဉ်တွေဟာ နိမ့်နိမ့်ပျံသန်းနိုင်ပြီး နေရာတစ်ခုအပေါ်မှာ အချိန်ကြာကြာ ဝဲကာ ပစ်မှတ်တွေကို တိုက်ရိုက် ပစ်ခတ်တိုက်ခိုက်နိုင်ပါတယ်။

ဒါကြောင့် စစ်အုပ်စုက ရွာတွေ၊ စာသင်ကျောင်းတွေ၊ စစ်ရှောင်စခန်းတွေ၊ တောတောင်ဒေသတွေလို နေရာတွေမှာ အနီးကပ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာမှာ ရဟတ်ယာဉ်တွေကို မကြာခဏ အသုံးပြုတာ တွေ့ရပါတယ်။ ဒါ့အပြင် ရဟတ်ယာဉ်တွေကို စစ်သားအင်အား သယ်ယူပို့ဆောင်ချိန်၊ အမြန်တပ်ပြောင်းရွှေ့ရချိန်၊ လက်နက်နှင့် ပစ္စည်းတွေ ပို့ဆောင်ချိန် စတာတွေမှာလည်း အသုံးပြုကြပါတယ်။

စစ်အုပ်စုမှာ ရဟတ်ယာဉ်တွေ (၉) မျိုးအထိ ရှိပါတယ်။
ဒီထဲမှာ
👉ရုရှားလုပ် Mi-17 (၁၆) စီး၊ Mi-2 (၂၂) စီး၊ Mi-38 (၃) စီး၊ Ka-28 (၂) စီး၊ အရေအတွက် အတိအကျမသိရတဲ့ Mi-35
👉ပြင်သစ်လုပ် EC-120 (၃) စီး၊ အရေအတွက် အတိအကျမသိရတဲ့ H-125
👉ပြင်သစ် နဲ့ ဥရောပလုပ် အရေအတွက် အတိအကျမသိရတဲ့ AS-365
👉အမေရိကန်လုပ် Bell-212 (1) စီး တို့ ပါဝင်ပါတယ်။

စစ်အုပ်စုအသုံးပြုနေတဲ့ ဒီအမျိုးအစားတွေထဲမှာ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဟာ အကြမ်းဖက် လေကြောင်းတိုက်ခိုက်မှုတွေမှာ အဓိက အသုံးများတဲ့ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ ဒီရဟတ်ယာဉ်ကို “flying tank” လို့တောင် ခေါ်ကြပြီး အားကောင်းတဲ့ စက်သေနတ်တွေ၊ ရော့ကက်တွေနဲ့ ဒုံးကျည်တွေ တပ်ဆင်နိုင်တဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ဖြစ်ပါတယ်။ Mi-35 ဟာ တိုက်ခိုက်ရေးအတွက်သာမက စစ်သားများကိုလည်း သယ်ယူနိုင်တဲ့ ပေါင်းစပ်လေယာဉ်အမျိုးအစားတစ်ခုဖြစ်ပါတယ်။

Mi-17 ရဟတ်ယာဉ်တွေကတော့ အဓိကအားဖြင့် သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုကြပြီး စစ်သားတွေ၊ လက်နက်ပစ္စည်းတွေနဲ့ ရိက္ခာတွေကို တောတောင်ဒေသများအထိ သယ်ယူပို့ဆောင်နိုင်ပါတယ်။ Mi-2 ရဟတ်ယာဉ်တွေကတော့ အရွယ်အစားအသေးစားဖြစ်ပြီး လေကြောင်းစောင့်ကြည့်ရေး၊ ဆက်သွယ်ရေး သို့မဟုတ် အသေးစား သယ်ယူပို့ဆောင်ရေးတာဝန်တွေအတွက် အသုံးပြုနိုင်ပါတယ်။

ဒါ့အပြင် Eurocopter H-125 နှင့် AS-365 ရဟတ်ယာဉ်တွေကိုလည်း စစ်အုပ်စုက အသုံးပြုနေပြီး ဒီအမျိုးအစားတွေကို အများအားဖြင့် စစ်အရာရှိကြီးတွေ လေကြောင်းခရီးသွားလာရေးအတွက် အသုံးပြုကြပါတယ်။ EC120 Colibri (H120) ရဟတ်ယာဉ်ကတော့ အသေးစား ဘက်စုံအသုံးပြုနိုင်တဲ့ ရဟတ်ယာဉ်တွေဖြစ်ပြီး လေ့ကျင့်ရေး၊ ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ပါတယ်။

အမေရိကန်ထုတ် Bell 212 ရဟတ်ယာဉ်တွေကိုလည်း သယ်ယူပို့ဆောင်ရေးနှင့် စစ်ရေးထောက်ပံ့ရေးအတွက် အသုံးပြုနိုင်ပြီး တချို့ကို လက်နက်တပ်ဆင်ပြီး စစ်ရေးအသုံးပြုမှုတွေမှာပါ အသုံးပြုနိုင်ပါတယ်။

ရုရှားထုတ် Ka-28 ရဟတ်ယာဉ်ကတော့ အခြားမော်ဒယ်တွေနဲ့ မတူဘဲ အဓိကအားဖြင့် ရေတပ်အသုံးပြုတဲ့ anti-submarine helicopter အမျိုးအစားဖြစ်ပြီး သင်္ဘောတွေပေါ်မှ ပျံသန်းနိုင်အောင် ဒီဇိုင်းလုပ်ထားပါတယ်။

Mi-38 (၃) စီးကတော့ ၂၀၂၅ နှောင်းပိုင်းမှ ရုရှားကနေ ရောက်ရှိလာတဲ့ အမျိုးအစားသစ်တစ်မျိုး ဖြစ်ပါတယ်။

(ပုံစာ - စစ်အုပ်စု အသုံးပြုနေသည့် သယ်ယူပို့ဆောင်ရေးနှင့် ဝေဟင်မှပစ်ခတ်နိုင်သည့် ရဟတ်ယာဉ်များ၊ ထုတ်လုပ်သည့်နိုင်ငံများနှင့် ခန့်မှန်း အရေအတွက်)

မှတ်ချက်။ ။အမှန်တကယ် အရေအတွက်သည် ဖော်ပြထားသည်ထကိ ပိုများနိုင်သည်။

#SanctionAviationFuel #CutTheRoute
#CloseTheSky
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊(မြေနဲ-မိုးညင်း) လမ်းဆုံမှ စခကားတန်းသည် မအူဂိတ်ဖြတ်၍ မုံရွာမြို့ဘက်သို့ ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။

Mar 15, 7:22PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာနယ် တောင်ခြမ်း၊(မြေနဲ-မိုးညင်း) လမ်းဆုံမှ စခကားတန်းသည် မအူဂိတ်ဖြတ်၍ မုံရွာမြို့ဘက်သို့ ထွက်ခွာနေကြောင်း သတင်းရရှိထားပါသည်။ Mar 15, 7:22PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊(မြေနဲ-မိုးညင်း) လမ်းဆုံမှ စခကားတန်းသည် နတ်လူထိပ်ပန်ဖြတ်၍ မုံရွာမြို့တွင်းသို့ ဝင်ရောက်သွားပြီဖြစ်ကြောင်း သတင်းရရှိထားပါသည်။

Mar 15, 7:34PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚁 ရဟတ်ယာဉ်တွေဟာလည်း စစ်အုပ်စုရဲ့ လေကြောင်းစစ်ဆင်ရေးတွေမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ လေယာဉ်တွေလို မြန်နှုန်းမြင့် မပျံသန်းနိုင်ပေမဲ့ ရဟတ်ယာဉ်တွေဟာ နိမ့်နိမ့်ပျံသန်းနိုင်ပြီး နေရာတစ်ခုအပေါ်မှာ အချိန်ကြာကြာ ဝဲကာ ပစ်မှတ်တွေကို တိုက်ရိုက် ပစ်ခတ်…»
🚨 မိမိလုံခြုံရေးကို အမြဲဦးစားပေးပါ 🚨

လတ်တလောအခြေအနေများကြောင့် Facebook အသုံးပြုရာတွင် သတိနှင့် လုံခြုံရေးကို အထူးဂရုစိုက်ရန် လိုအပ်ပါသည်။

သတင်း Page များ၊ တော်လှန်ရေး Page များတွင် React / Comment / Share မလုပ်မီ မိမိ၏ လုံခြုံရေးကို အရင်ဆုံး စဉ်းစားပေးကြပါ။

🔐 Profile လုံခြုံရေး စစ်ဆေးပါ

• မိမိ၏ အချက်အလက်အမှန်များ (နေရပ်၊ အလုပ်၊ ဖုန်းနံပါတ် စသည်) မတင်ထားပါနှင့်
• Profile Lock ဖွင့်ထားခြင်းရှိမရှိ စစ်ဆေးပါ

📍 နေရာလုံခြုံမှုကို သတိပြုပါ

• မိမိရှိနေသည့်နေရာသည် လုံခြုံမှုရှိမရှိ အမြဲစဉ်းစားပါ
• မလုံခြုံသည့်အခြေအနေတွင် Online အသုံးပြုမှုများကို ရှောင်ရှားပါ

⚠️ လုပ်ဆောင်မှုများကို ဆင်ခြင်ပါ

• လုံခြုံစိတ်ချရသော အခြေအနေရှိမှသာ
React 👍 / Comment 💬 / Share 🔁 ပြုလုပ်ပါ

📌 #EIO အဖွဲ့သားများအတွက် မိဘပြည်သူများ၏ ဘေးကင်းလုံခြုံရေးသည်သာ ပထမဦးစားပေး ဖြစ်ပါသည်။

မြေပြင်အခြေအနေ အရေးကြီးသတင်းများကို EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📲 သတင်းပေးပို့ရန်နှင့် ဆက်သွယ်ရန်

🤖 Telegram: @EIO2021_bot | @EagleInformationOperator_bot
🌐 Telegram Channel: t.me/eagleinformationoperator
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: facebook.com/eagleinformation

#EIO #EagleInformationOperator #PublicSafety #DigitalSecurity #Myanmar
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨 မိမိလုံခြုံရေးကို အမြဲဦးစားပေးပါ 🚨 လတ်တလောအခြေအနေများကြောင့် Facebook အသုံးပြုရာတွင် သတိနှင့် လုံခြုံရေးကို အထူးဂရုစိုက်ရန် လိုအပ်ပါသည်။ သတင်း Page များ၊ တော်လှန်ရေး Page များတွင် React / Comment / Share မလုပ်မီ မိမိ၏ လုံခြုံရေးကို အရင်ဆုံး စဉ်းစားပေးကြပါ။…»
“ကိုယ်ချစ်တဲ့သူတွေကို စိတ်ချမ်းသာစေချင်ရင် ကျန်းမာရေး ဂရုစိုက်ပါ”

🔳 The greatest form of self-love is taking care of your health.

ကိုယ့်ကိုယ်ကိုယ်ချစ်တယ် ဆိုတာမှာ အဓိကအကျဆုံးပုံစံက ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ဖို့ပါပဲ။

ဒါ ဒီဘက်နောက်ပိုင်း ကျွန်တော်ကျင့်သုံးဖြစ်‌နေတာပေါ့။ စာတွေ၊ Podcast တွေထဲလည်း မကြာခဏ ထည့်ရေးဖြစ်၊ ပြောဖြစ်တယ်။

🔳 ကိုယ်တိုင်လည်း‌ နေချင်သလို နေခဲ့ဖူးတာမို့ ဘာလို့ ကျန်းမာရေးကို ဂရုမစိုက်ဖြစ်ကြသလဲ ဆိုတာ ကောင်းကောင်းသိတယ်။ ငွေမရှိလို့၊ စားဝတ်နေရေး မပြေလည်လို့ ဆိုတာတွေ ထား။ အတိုင်းအတာတစ်ခုထိ အဆင်ပြေတဲ့သူတွေအနေနဲ့ပေါ့။

တွန်းအားမရှိတာ၊ အခြေအနေမပေးတာ၊ ပတ်ဝန်းကျင်ကောင်း မရှိတာ။ ဒီ ၃ ချက်ကို အဓိက တွေ့ရတယ်။

📌 ၁။ တွန်းအား

ဘာကိုပဲလုပ်လုပ်ပါ။ တွန်းအားလိုပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ရင်က မသိကြတာ နည်းတယ်။ အထူးသဖြင့် ဒီစာကို ဖတ်ကြမယ့်၊ ဖတ်နိုင်လောက်တဲ့ လူတွေရဲ့ အခြေအနေမှာဆိုရင်ပေါ့။ ကျန်းမာရေး အသိပညာ အားနည်းလို့ ဆိုတာထက် သိလျက်နဲ့ မလုပ်ချင်ကြတာ၊ မလုပ်ဖြစ်ကြတာက ပိုများတယ်။

ဘာလို့ဆိုတော့ တွန်းအားမရှိလို့။

ခက်တာက ကောင်းတဲ့အပြုအမူတွေရဲ့ အကျိုးရလဒ်နဲ့၊ မကောင်းတဲ့ အပြုအမူတွေရဲ့ အန္တရာယ်က ရေတိုမှာ မသိသာဘူး။ ဒီနေ့ အစားဆင်ခြင်၊ ဒီနေ့ ကိုယ်လက်လှုပ်ရှားလုပ်၊ ဘာထူးလဲဆို ဘာမှမထူးဘူး။ ဒီနေ့ အရက်သောက်၊ မနက်ဖြန် ဘာဖြစ်မလဲဆိုလည်း ဘာမှမဖြစ်သေးဘူး။ ဒါပေမဲ့ အရက်ကပေးတဲ့ ခံစားမှုကတော့ ချက်ချင်းရတယ်။

ဒီလိုနဲ့ ဆေးရုံ ဆေးခန်း မရောက်မချင်း ပေတေနေကြတော့တာပဲ။ တစ်ခုခုဖြစ်ပြီဆိုမှ အကြောက်တရားကနေ ပေးတဲ့ တွန်းအား ရလာကြတော့တာ။ အဲဒီတော့မှ ပြောင်းလဲဖို့ စကြိုးစားကြတော့တာ။ မတိုင်ခင်ကတော့ ဘယ်သူဘယ်လောက်ပြောပြော နားမဝင်ဘူး။

တွန်းအားက ကြောက်စိတ်တစ်ခုတည်းကနေ လာတာတော့ မဟုတ်ပါဘူး။ ဖြစ်လိုစိတ်ကနေလည်း လာပါတယ်။ ကြည့်ကောင်းချင်လာတယ်။ Fit ဖြစ်ချင်လာတယ်။ ပေါ့ပါးချင်လာတယ်။ ကိုယ့်ကို ကြည့်လိုက်တာနဲ့ ဒီလူက သူ့ကိုယ်သူ စနစ်တကျ ထိန်းသိမ်းထားတယ် ဆိုတဲ့အမြင်မျိုး ရချင်လာတယ်။ ဒါမှမဟုတ်လည်း ကိုယ်ချစ်ရတဲ့သူအတွက်၊ ရည်းစားဖြစ်ဖြစ်၊ သားသမီးဖြစ်ဖြစ်‌ပေါ့။ သူတို့ကို ကိုယ့်ရဲ့ အကောင်းဆုံးပုံစံ ပေးချင်လာလို့ ပိုကျန်းမာချင်လာတာလည်း ရှိတယ်။

📌 ၂။ အခြေအနေ

ဒီကာလဆို စိတ်တွေ အဆင်မပြေကြဘူး။ အဆိုးဆုံးက မျှော်လင့်ချက်တွေ ပါးလျလာကြတာပဲ။ ဒီလိုတွေ ဆင်ခြင်နေလို့၊ ထိန်းသိမ်းနေလို့ရော ဘာထူးမှာလဲ။ ဘာဖြစ်လာမှာလဲ။ မသေသေးတာပဲ တော်လှပြီ ဆိုတဲ့ ဘဝတွေ၊ စိတ်ပင်ပန်းစရာတွေ များလွန်းပြီး ဒုက္ခပင်လယ်ဝေနေတဲ့ လူတွေမှာ ရေစုန်မျှောလိုက်ဖို့ အတွေးတွေပဲ ဝင်နေကြတော့မှာပဲ။ အပေါ်မှာ ရေးခဲ့တဲ့ အကြောက်တရားကလည်း သူတို့အတွက်ကျ တွန်းအားမဖြစ်တော့ဘူး။

ဒါကြောင့် တစ်ခါရေးဖူးတယ်။ ဆေးလိပ်သောက်နေတာကိုပဲ မမြင်နဲ့။ သူ ဒီလိုတွေ သောက်နေရတဲ့ အကြောင်းရင်းကိုလည်း မြင်အောင်ကြည့်ပေးကြဖို့။

တစ်ခါ၊ ငွေကြေးအဆင်ပြေခြင်း၊ အချိန်ပေးနိုင်ခြင်း၊ လုပ်ငန်းခွင်၊ မိသားစုအနေအထား၊ ဒါတွေကလည်း အခြေအနေဆိုတဲ့ ခေါင်းစဉ်အောက်ထဲမှာ အကြုံးဝင်နေပြန်တယ်။

အခြေအနေမပေးလည်း လုပ်နိုင်သူတွေ ရှိပေမဲ့ အဲဒါက အင်မတန် နည်းပါးသော ပမာဏပါ။ ကျွန်တော် ဘာလို့ ခုလိုဂရုစိုက်ဖြစ်လာလဲလို့ မေးရင်လည်း အခြေအနေပေးခြင်းက အကြောင်းအချက်တစ်ခုအနေနဲ့ ပါဝင်နေတယ်။

သို့သော် ဘယ်လိုပဲဖြစ်ဖြစ် ပေးသလောက် အခြေအနေမှာတော့ ရနိုင်သလောက် ဂရုစိုက်ကြစေချင်တယ်။

📌 ၃။ ပတ်ဝန်းကျင်ကောင်း

ကောင်းတဲ့အပြုအမူတစ်ခု စလုပ်ချင်လာအောင်၊ စလုပ်ပြီးတဲ့‌နောက်မှာလည်း စွဲမြဲလာအောင် ပတ်ဝန်းကျင်ကောင်းက သိပ်အရေးကြီးတယ်။

လူမှာ အများနဲ့ အံဝင်လိုတဲ့ဆန္ဒ ရှိတယ်။ ကိုယ်က ကျန်းမာရေး လိုက်စားတဲ့သူတွေနဲ့ များများထိတွေ့ရင် သူတို့လို ကိုယ်လည်း ဖြစ်ချင်လာတယ်။ ဒါကြောင့် စိတ်ပညာရှင် Angela Duckworth ရဲ့ Grit ဆိုတဲ့ စာအုပ်ထဲမှာ ပါတယ်။ “ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲချင်ရင် အလွယ်ဆုံးနည်းက အများနဲ့ အံဝင်ချင်တဲ့ လူသားရဲ့ ပင်ကိုယ်ဗီဇကို အသုံးချလိုက်ပါ” တဲ့။

အပြောင်းအလဲတစ်ခုခု စလုပ်ပြီးရင် လက်လျှော့ချင်လာတဲ့အချိန်၊ ရပ်တန့်လိုက်ချင်တဲ့အချိန်တွေ ဆိုတာ ရှိတတ်တယ်။ ရလဒ်ကလည်း တော်‌တော်နဲ့ မပေါ်တတ်ဘူးကိုး။ အဲဒီအခါ သူတို့က ဆက်အားပေးမယ်၊ တိုက်တွန်းမယ်၊ တွဲခေါ်မယ်ဆို ဆက်လုပ်ဖြစ်သွားတတ်တယ်။

ပတ်ဝန်းကျင်ကောင်း ဆိုတာမှာ ဆိုရှယ်မီဒီယာပေါ် ဘယ်သူတွေကို Follow လုပ်ထားသလဲ၊ ဘယ်သူတွေနဲ့ မိတ်ဆွေဖြစ်နေသလဲ ဆိုတာလည်း ပါပါတယ်။ တစ်ခါတလေ သူတို့ဆီကနေလည်း ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ တွန်းအားတွေ၊ နည်းစနစ်တွေ ရလာတတ်တယ်။

🔳 ဒီ ၃ ခုထဲမှာ အရေးကြီးဆုံးကို ပြောပါဆို တကိုယ်စာအမြင်အရ တွန်းအားကို ရွေးချင်တယ်။ အဲဒါရှိနေရင် အခြေအနေမပေးလည်း ရအောင်လုပ်တယ်။ ပတ်ဝန်းကျင်ကောင်းကိုလည်း ရှာဖြစ်လာမယ်။

ကျွန်တော့်အတွက်ဆို အကြောက်တရားက နည်းတယ်။ ဘာမှ ဆိုးဆိုးရွားရွား မဖြစ်သေးဘူး။ အဓိကက ဖြစ်လိုစိတ်။ ကျန်းမာချင်လာတယ်။ ပေါ့ပါးချင်လာတယ်။ ကျစ်လစ်ချင်လာတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုရှိချင်လာတယ်။

အကြီးဆုံးတွန်းအားကတော့ ကျွန်တော်ချစ်တဲ့သူတွေဆီကနေ လာတာပဲ။
🔳 စဥ်းစားကြည့်။ သူတို့ ကျွန်တော့်ကို မြင်လိုက်တဲ့အခါ မကျန်းမာတဲ့ပုံ၊ စိတ်ထိခိုက်နေတဲ့ပုံ ပေါက်နေမယ်ဆို ဘယ်လိုနေကြမလဲ၊ ဘယ်လိုခံစားကြရမလဲ။ ကျွန်တော်သာဆိုလည်း မြင်ချင်မှာ မဟုတ်ဘူး။ အတူတူလည်း ရှိနေရတာမှ မဟုတ်တာ။ အနီးကပ်လည်း ဂရုစိုက်ခွင့်မှ မရှိတာ။

သူတို့ ကျန်းမာနေရင်၊ ကျန်းမာရေး ဂရုစိုက်နေရင် ကျွန်တော် စိတ်ချမ်းသာတယ်။ အခက်အခဲတွေကြားကနေ ကြိုးစားရှင်သန်နေကြတာ မြင်ရင် ကျွန်တော် ဝမ်းသာတယ်။ ကျွန်တော်နဲ့ ပတ်သက်လို့လည်း သူတို့ကို အဲဒီလိုပဲ ဖြစ်စေချင်တယ်။ အဲဒီလိုပဲ ခံစားရစေချင်တယ်။

ဒါကြောင့် ရုပ်ရော စိတ်ပါ ကျန်းမာနေအောင် အတတ်နိုင်ဆုံး ကြိုးစားတာ။ အလုပ်တွေ ပြီးအောင်၊ မနေ့ကထက် ဒီနေ့ တိုးတက်နေအောင် လုပ်ဖြစ်တာ။ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေခြင်း ဆိုတဲ့ Self-improvement ကလည်း Love language တစ်မျိုးပဲ မဟုတ်လား။

🔳 တစ်ယောက်နဲ့ တစ်ယောက်ရဲ့ တွန်းအားဖြစ်တာတွေ၊ လက်ရှိရှင်သန်နေရတဲ့ အခြေအနေတွေ၊ ပတ်ဝန်းကျင်တွေတော့ တူကြမှာ မဟုတ်ဘူး။ သို့သော် “ဆရာဖြိုးကို အားကျလို့ ကျွန်တော်လည်း ခြေလှမ်း ၇ ထောင် စလျှောက်ဖြစ်တယ်”၊ “ဆရာဖြိုးလို ကျွန်မလည်း တစ်ပတ်တစ်ရက် ဥပုသ်စောင့်ဖြစ်တယ်”၊ “ဆရာပြောလို့ ကျွန်မလည်း Cardio အပြင် ဝိတ်ပါ မကြည့်ဦးမှပဲ” စသဖြင့် စသဖြင့် ပြန်ပြန်ကြားရရင် ဝမ်းသာတယ်။

ကျွန်တော့်စာတွေကတဆင့် ငါတို့လည်း ကျန်းမာရေး ဂရုစိုက်ဦးမှပဲ၊ ငါလည်း သူ့လို ကျန်းမာချင်တယ် ဆိုတဲ့ တွန်းအား နည်းနည်းကလေးဖြစ်ဖြစ် ရသွားစေဖို့ပဲ မျှော်လင့်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၅.၃.၂၀၂၆
1