EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
⚜️ #EIO_Update_News မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် မုံရွာနယ်၊တောင်ခြမ်း မအူဂိတ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။ Mar 14, 5:16PM #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) 📲သတင်းပေးပို့ရန်- 👉 @EIO2021_bot 👉 @EagleInformationOperator_bot…
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊မအူဂိတ်သို့ ရောက်ရှိနေသော စခအိမ်စီးကား(၂)စီးအနက် (၁)စီးသည် မုံရွာမြို့အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သတင်းရရှိထားပါသည်။

Mar 14, 5:22PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍4
“တော်လှန်ရေးနတ်ရုပ်များ အလိုမရှိ”

🔹နွေဦးမြိုင်

တော်လှန်ရေးဆိုတဲ့ ဖြစ်တည်မှုက သစ်ပင်တစ်ပင်ရဲ့ ရှင်သန်မှုနဲ့များ ဆက်စပ်တူညီနေမလားဆိုပြီး တွေးကြည့်မိပါတယ်။ တော်လှန်ရေးလုပ်သူတွေကိုတော့ သစ်ပင်ရဲ့ အစိတ်အပိုင်းတွေလိုပဲ နှိုင်းယှဉ်ပုံဖော်ကြည့်မိတာပေါ့။

သစ်ပင်တစ်ပင်မှာ ပင်စည်၊ ကိုင်းဖျား၊ အကာ၊ အနှစ်၊ အမြစ်၊ အပွ၊ အကျစ်၊ ဆူးမဲ့၊ ဆူးများဆိုပြီး ဖွဲ့စည်းတည်ဆောက်ထားသလို၊ တော်လှန်ရေးမှာလည်း ခံယူချက်အမျိုးမျိုး၊ တုံ့ပြန်မှုအမျိုးမျိုး၊ တည်ဆောက်ပုံစနစ်အမျိုးမျိုးအလိုက် တာဝန်ကိုယ်စီ၊ လုပ်ငန်းကိုယ်စီနဲ့ ဖွဲ့စည်းကြတယ် မဟုတ်လား။

သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားခိုကြသလို၊ တော်လှန်သမားကောင်းတစ်ယောက်ဟာလည်း ပြည်သူများစွာရဲ့ ဘဝကို လုံခြုံအောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ အဲလိုပဲ တော်လှန်ရေးသမားဆိုးတစ်ယောက်ကလည်း ပြည်သူပေါင်းများစွာကို ဒုက္ခရောင်စုံတွေ ပေးနိုင်စွမ်းပါတယ်။

သစ်ပင်တစ်ပင်ဟာ ခုတ်လှဲခံရပြီးရင်တောင် တချို့အစိတ်အပိုင်းတွေဟာ “သစ်”အဖြစ် အသွင်ပြောင်းပြီး လူတွေကို ကောင်းကျိုးပြုနိုင်သလို၊ တချို့အစိတ်အပိုင်းတွေကတော့ ထင်းအဖြစ် အသွင်ပြောင်းပြီး လောင်ကျွမ်းသွားရပါတယ်။ “သစ်”အဖြစ် ပြောင်းလဲပြီးနောက်မှာလည်း တချို့အစိတ်အပိုင်းတွေက လှေကားဖြစ်သွားတဲ့ သစ်၊ တချို့က နတ်ရုပ်တွေ၊ ဘုရားရုပ်တွေ ဖြစ်သွားတဲ့ သစ်ဆိုပြီး တွေ့ရပါတယ်။

ငါတို့ကကော ဘယ်လို တော်လှန်ရေးသမားမျိုး ဖြစ်ချင်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဖို့ လိုပါတယ်။
နတ်ရုပ်လား၊
လှေကားလား၊
ဆူးလား၊
သို့မဟုတ် အမှိုက်သက်သက်လား။
ကိုယ့်ကိုယ်ကိုယ် အများကြီး စဉ်းစားကြည့်ဖို့ လိုပါတယ်။

နတ်ရုပ်ပဲဖြစ်ဖြစ်၊ လှေကားပဲဖြစ်ဖြစ်…
ငါတို့စိုက်တာတွေကိုပဲ ငါတို့ ပြန်ရိတ်သိမ်းရမယ်။
အာလူးစိုက်ပြီး ခရမ်းချဉ်ရိတ်ချင်လို့ မရ။
တော်လှန်ရေးမှာ ငါတို့ဘာတွေ စိုက်မလဲ။
ငါတို့စိုက်တာတွေ ဘယ်လောက် အမြစ်ခိုင်ပြီး အပွင့်ဝေနေပြီလဲ။
ငါတို့ဘာကိုပဲ စိုက်စိုက်၊ ငါတို့စိုက်တာကို ငါတို့ပြန်ရိတ်ရမယ်။
မညီညွတ်ခြင်းကို စိုက်ပြီး ဖက်ဒရယ်ကို ရိတ်သိမ်းချင်လို့ မဖြစ်။

ငါတို့ဘာတွေ စိုက်နေသလဲ—
အင်အားတွေလား၊
ခိုက်ရန်တွေလား။
စိုက်ထားတဲ့ အပင်တွေက အသီးအပွင့်တွေ ဖြစ်ထွန်းလာပြီးနောက် တနေ့သောအခါ ပုံစံစုံလှတဲ့ တော်လှန်ရေးတောအုပ်ကြီးထဲမှာ တော်လှန်ရေးလှေကားနဲ့ တော်လှန်ရေးနတ်ရုပ်တို့ ဆုံတွေ့ကြပါတယ်။

ဘာတွေစိုက်ခဲ့လဲ၊ ဘာတွေရိတ်သိမ်းမလဲ ဆိုပြီး စပ်မိစပ်ရာ ပြောကြရင်းနဲ့ တော်လှန်ရေး မျိုးစေ့တစ်ခုတည်းကနေ မျိုးစိတ်တူတူ ပေါ်ပေါက်လာခဲ့ပေမယ့် မျိုးစိတ်၊ မျိုးကွဲပေါင်းများစွာ ပျံ့နှံ့ပြီး ပုံစံမျိုးစုံနဲ့ ပြန့်ကျဲသွားကြတဲ့ အကြောင်းအရာတွေကို စကားစပ်မိကြပါတယ်။

လှေကားက ပြောလိုက်ပါတယ်—
“ငါတို့တွေကွာ… တော်လှန်ရေးတစ်ခုတည်းကနေ အတူတူ ပေါ်ပေါက်လာကြ၊ အတူတူ တိုက်ကြ၊ အတူတူ သေကြ၊ အတူတူ အောင်ပွဲရကြ၊ အတူတူ ရှုံးနိမ့်ကြတာချင်း အတူတူပဲ။
ဒါပေမဲ့ ဘာလို့ မင်းတို့ကတော့ ကိုးကွယ်ခံနေရာ ရောက်ပြီး၊ ငါတို့ကတော့ တက်နင်းခံနေရာမှာ ရှိနေကြတာလဲ။
ဒါကလည်း ငါတို့စိုက်ခဲ့တဲ့ အသီးအပွင့်ရဲ့ ရလဒ်ပဲလား…”
တော်လှန်ရေးလှေကားရဲ့ စကားကို ကြားတော့ စကားဝိုင်းလေး ခဏငြိမ်သွားပါတယ်။
ဒါက ထိလွယ်ရှလွယ်နဲ့ အတိမ်းအစောင်းမခံတဲ့ ကိစ္စ‌ပေမို့ စဉ်းစားပြီးမှ စကားပြန်စကြပါတယ်။

နတ်ရုပ်က ပြောပါတယ်—
“ငါပြောပြမယ် လှေကားရေ… လှေကားဖြစ်လာဖို့ဆိုတာ သိပ်အားစိုက်စရာ မလိုဘူးကွာ။ လွှဖြတ်ရာဆိုတာကလည်း မင်းသိတဲ့အတိုင်း နည်းနည်းလေးနဲ့ လှေကားဆိုတာ ဖြစ်လာတယ် မဟုတ်လား။
ဒါပေမဲ့ နတ်ရုပ်ဆိုတာ ဖြစ်လာဖို့ကတော့ အဲလောက် မလွယ်ဘူးကွ။ ဒူပေနာပေဘဝကို အခါခါ ဖြတ်ကျော်ရတယ်။ အကြိမ်ကြိမ် ထုနှက်ခံရတယ်၊ ပွတ်တိုက်ခံရတယ်၊ ဖြတ်ထုတ်ပစ်ခံရတယ်။
ဒီလို ပေးဆပ်ခဲ့လို့လည်း နတ်ရုပ်ဆိုတဲ့ အကိုးကွယ်ခံနေရာမှာ ရောက်နေတာပေါ့…”
လှေကားက ငြိမ်ကျသွားပြီး ပြန်စဉ်းစားပါတယ်။
အဲဒီနေ့မှာ အ‌ချေအတင် မငြင်းခုံကြပဲ လှေကားက ထပြန်သွားခဲ့ပါတယ်။

တကယ်တော့ တော်လှန်ရေးအဖွဲ့တွေကြားမှာ လိုတာက နားလည်မှုပဲလို့ လှေကားတို့ရော၊ နတ်ရုပ်တို့ပါ ယုံကြည်ထားကြပါတယ်။
နားလည်မှုရှိရင် ဘာကိုမဆို ဖြတ်ကျော်နိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။
ဒါပေမဲ့ ဒီ “နားလည်မှု” အတွက်ပဲ “နားလည်မှု”တွေ လွဲနေကြပြန်ပါတယ်။

လှေကားက သူ့စခန်းရောက်တော့ တော်လှန်ရေးကိုင်းဖျားတွေ၊ တော်လှန်ရေးကိုင်းနားလေးတွေ၊ တော်လှန်ရေး စဉ်းနှီးတုံးတွေနဲ့ ဒီအကြောင်းကို ပြန်လည် ဆွေးနွေးကြပါတယ်။
သစ်ပင်တစ်ပင် ပြိုလဲကျသွားရင် အထိအနာဆုံး အစိတ်အပိုင်းတွေက ကိုင်းဖျား၊ ကိုင်းနားတွေ ဖြစ်သလို၊ တော်လှန်ရေးတစ်ခုမှာ ဘေးထွက်ဆိုးကျိုးတွေ ကြုံလာရတဲ့အခါ အထိအနာရဆုံး၊ အသက်အပေးရဆုံးဟာ လှေကားလို ရဲဘော်တွေ၊ စဉ်းနှီးတုံးလို ရဲဘော်တွေ ဖြစ်ကြပါတယ်။
ဒီအရာကို သူတို့က ကောင်းကောင်း နားလည်ထားကြပါတယ်။
နောက်တစ်ကြိမ် လမ်းခြင်းတူလို့ လူချင်းပြန်တွေ့ကြတဲ့အခါ လှေကားက အရင်တကြိမ် ပြောခဲ့တဲ့ စကားကို ပြန်စပါတယ်။
“နတ်ရုပ်ရာ… ခင်ဗျားပြောသလို ခင်ဗျားဟာ အထုအထောင်းခံရတယ်၊ အကြိမ်ကြိမ် ပွတ်တိုက်ခံရတယ်၊ အကြိမ်ကြိမ် ဖြတ်တောက်ခံရတယ်။
ဒါဆိုရင်… နေ့တိုင်း အကြိမ်ကြိမ် ဓားနဲ့ ခုတ်ခံနေရတဲ့ ကျုပ်တို့ သူငယ်ချင်း စဉ်းနှီးတုံးကရော ဘယ်လိုလဲဗျ။
သူတို့ဆိုရင် ခင်ဗျားထက်တောင် အထုအထောင်းခံရတယ်။
ဘာကြောင့် အကိုးကွယ်မခံရသလဲ…”

ဟုတ်ပါတယ်။
တော်လှန်ရေး စဉ်းနှီးတုံးလေးတွေဟာ ဘယ်လိုနေရာမှာ အသုံးဝင်ပါသလဲ။
တကယ်တော့ နတ်ရုပ်တွေရှေ့မှာ တည်ခင်းပူဇော်သမျှ “အောင်ပွဲဟင်းလျာ”တိုင်းဟာ စဉ်းနှီးတုံးပေါ်မှာ ဓားချက်ပေါင်းများစွာနဲ့ အကြိမ်ကြိမ် အခုတ်ခံ၊ အပိုင်းပိုင်း အဖြတ်ခံခဲ့ရတဲ့ အနစ်နာခံမှုတွေကနေ ဆင်းသက်လာတဲ့ ချိုမြိန်မှုတွေပါ။

စဉ်းနှီးတုံးဆိုတာသာ မရှိခဲ့ရင် နတ်ရုပ်တွေအတွက် ပူဇော်သက္ကာယ ဟင်းပွဲတွေဆိုတာလည်း ရှိမလာနိုင်ပါ။
တကယ်တော့ စဉ်းနှီးတုံးနဲ့ လှေကားတွေဟာ အထုအထောင်းခံ၊ အနင်းအဖြတ်ခံ အနေအထားကနေ တော်လှန်ရေးရဲ့ ခွန်အားဖြည့်မှုကို တာဝန်ယူထားရတဲ့ “အသံတိတ်သူရဲကောင်းများ” ဖြစ်ကြပါတယ်။

နတ်ရုပ်တွေဟာ အမွှေးနံ့သာတွေနဲ့ ထူးကဲစွာ အပူဇော်ခံနေရချိန်မှာ စဉ်းနှီးတုံးတွေနဲ့ လှေကားတွေကတော့ ဒူပေနာပေဘဝနဲ့ တိုက်ပွဲဝင်နေရဆဲပါ။
စဉ်းနှီးတုံးဆိုတဲ့ ကျောပြင်ပေါ်မှာသာ ဟင်းလျာဆိုတဲ့ “တော်လှန်ရေးဝန်ထုပ်”ကို တင်မထားနိုင်ရင် နတ်ရုပ်တွေရှေ့မှာ “အောင်ပွဲ” ဆိုတဲ့ ဟင်းပွဲတွေ ရောက်လာစရာ မရှိပါ။
တော်လှန်ရေးနတ်ရုပ်တွေ ခန့်ထည်ဖို့နဲ့ အကိုးကွယ်ခံဖြစ်ဖို့အတွက် စဉ်းနှီးတုံးတွေနဲ့ လှေကားတွေဟာ သူတို့ရဲ့ ကိုယ်ခန္ဓာကို အပါးခံပြီး ကျောခင်းပေးခဲ့ကြတာပါ။

ဒါကြောင့်—
စဉ်းနှီးတုံးနဲ့ လှေကားရဲ့ ကျောပြင်ကို နင်းပြီး နတ်ရုပ်ဖြစ်ဖို့ ကြိုးစားနေသူတွေကို တော်လှန်ရေးက အလိုမရှိပါ။

[ဖော်ပြပါ ဆောင်းပါးအား တော်လှန်ရေးအားကောင်းခိုင်မာစေရန်နှင့် ပြည်သူအများကြား အတွေးအမြင် ရှုထောင့်စုံ ထိတွေ့သုံးသပ်နိုင်စေရန် ရည်ရွယ်၍ ကဏ္ဍတစ်ခုအနေဖြင့် ရွေးချယ်၊ တည်းဖြတ်၊ တင်ဆက်ပေးခြင်းဖြစ်ပါသည်။ ဆောင်းပါး၏ အာဘော်သည် စာရေးသူ၏ ကိုယ်ပိုင်ဖြစ်၍ ပြည်သူ့ပန်းတိုင်၏ အာဘော်မဟုတ်ပါ။ ဆောင်းပါးကို ဖတ်ရှုပြီး မှတ်ချက်များ ရေးသား ဆွေးနွေးနိုင်ပါသည်။]

#People's Goal
👍2🥰1
⚜️ #EIO_Update_News

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် မုံရွာ-အမြင့် လမ်းထိပ်သို့ရောက်ရှိနေကြောင်း သတင်းရရှိထားပါသည်။

Mar 14, 6:34PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏5
၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မြန်မာလေတပ် (MAF) ရဲ့ အခမ်းအနား ဗီဒီယိုမှတ်တမ်းများကို Myanmar Witness မှ လေ့လာဆန်းစစ်ခဲ့ပါတယ်။

အဆိုပါအခမ်းအနားကို မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရုရှားနိုင်ငံထုတ် Su-30SME ဘက်စုံသုံးတိုက်လေယာဉ် (၂) စီးနဲ့ တရုတ်နိုင်ငံထုတ် K-8W လေ့ကျင့်ရေး/အပေါ့စား တိုက်ခိုက်ရေးလေယာဉ် (၂) စီးတို့ကို တပ်တော်ဝင်အခမ်းအနားပြုလုပ်ခဲ့သည်ကို တွေ့ရပါတယ်။

အဓိကတွေ့ရှိချက်များ🔎

📍လေယာဉ်အမှတ်စဉ်များ - အသစ်ထပ်မံဖြည့်တင်းလိုက်သည့် Su-30SME လေယာဉ်များ၏ အမှတ်စဉ်များသည် 1901 နှင့် 1902 ဖြစ်ပြီး၊ K-8W လေယာဉ်များကတော့ 3939 နှင့် 3940 တို့ ဖြစ်ကြပါတယ်။

📍လေယာဉ်အင်အား - ယခုဖြည့်တင်းမှုကြောင့် မြန်မာလေတပ်၏ Su-30SME လေယာဉ်စုစုပေါင်းသည် (၆) စီး ရှိလာပြီဖြစ်ပါတယ်။ ၎င်းလေယာဉ်အမျိုးအစားကို ၂၀၂၂ ခုနှစ်မှာ စတင်တပ်တော်ဝင်ခဲ့သည်ကို Myanmar Witness အဖွဲ့က ပထမဆုံးမှတ်တမ်းတင်နိုင်ခဲ့ တာပါ။ K-8 လေယာဉ်များကိုတော့ ၁၉၉၈/၁၉၉၉ ခုနှစ်များတွင် စတင်အသုံးပြုခဲ့ပြီး နောက်ဆုံးတစ်သုတ်ကို ၂၀၂၄ ခုနှစ်မှာ တပ်တော်ဝင်ခဲ့ပါတယ်။

📍ထူးခြားချက်: စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ပေးအပ်ခဲ့သည့် အထိမ်းအမှတ် အမှတ်တရလက်ဆောင်တွင် ပြသထားသည့် လေယာဉ်ပုံစံငယ်များတွင် ချက်နိုင်ငံထုတ် Turbolet Let-140 အမျိုးအစားကိုပါ တွေ့ရှိရပါတယ်။ သို့သော် အဆိုပါလေယာဉ်ကို လေယာဉ်ကွင်းအတွင်း လက်တွေ့ပြသထားခြင်းမျိုး မတွေ့ရပါဘူး။

ယင်းလေယာဉ်အမျိုးအစားကို အသစ်ဝယ်ယူခဲ့သည့်အကြောင်းကို အစီရင်ခံစာ (၂) စောင်မှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

အစီရင်ခံစာများဖတ်ရှုရန် 👉
https://www.info-res.org/myanmar-witness/reports/tracing-flights-has-a-czech-company-supplied-aircraft-to-the-myanmar-air-force/
https://www.info-res.org/myanmar-witness/articles/tracing-flights-ii-myanmar-witness-investigation-tracks-two-additional-aircraft-in-possible-violation-of-eu-sanctions/

သုံးသပ်ချက်📜
ပုံမှန်အားဖြင့် လေယာဉ်အသစ်များ၏ တပ်တော်ဝင်အခမ်းအနားကို နှစ်စဉ်ဒီဇင်ဘာလ ၁၅ ရက်နေ့တွင်ကျရောက်သည့် လေတပ်နှစ်ပတ်လည်နေ့တွင်သာ ပြုလုပ်လေ့ရှိပါတယ်။ အခုလို သီးခြားအခမ်းအနားတစ်ခုအနေဖြင့် မတ်လတွင်ပြုလုပ်ရခြင်းသည် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ဖြစ်နိုင်သည်ဟု Myanmar Witness က ယူဆထားပါတယ်။

ကျွန်ုပ်တို့၏ အစီရင်ခံစာအပြည့်အစုံကို ဝဘ်ဆိုက်တွင် ဆက်လက်စောင့်ကြည့်ဖတ်ရှုနိုင်ပါတယ်။

#WhatsHappeningInMyanmar #MyanmarWitness #Myanmar #MyanmarAirForce
👍31
သယ်ယူပို့ဆောင်ရေးလေယာဉ်တွေဟာ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေပြီးရင် စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ ကျောရိုးပဲဖြစ်ပါတယ်။ Y-8 နဲ့ Y-12 ဟာဆိုရင် တိုက်ခိုက်ရေးဂျက်လေယာဉ်တွေလို ပေါင် ၅၀၀ ဗုံးတွေကိုပါ ကြဲချ တိုက်ခိုက်နိုင်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေမှာ ဗုံးကြဲတဲ့ လေယာဉ်ကိုသာ အဓိက တွေ့ရပေမဲ့ နောက်ကွယ်မှာတော့ ဒီလို သယ်ယူပို့ဆောင်ရေးလေယာဉ်တွေက ကင်းထောက်တာတွေအပြင် စစ်အင်အား၊ လက်နက်ခဲယမ်းတွေ၊ ဗုံးတွေ၊ အပိုပစ္စည်းတွေနှင့် တခါတရံ လေယာဉ်ဆီတွေကိုပါ သယ်ယူပို့ဆောင်ရန် အသုံးပြုကြပါတယ်။ ဆိုလိုတာက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို ဒီလေယာဉ်တွေက ဖန်တီးပေးနေကြတာပါ။ ဒါကြောင့် ဒီလေယာဉ်အုပ်စုဟာ စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုစနစ်အတွက် နောက်ကွယ်ကနေ အဓိက ထောက်ပံ့ရေးအင်အားပဲဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုမှာ သယ်ယူပို့ဆောင်ရေးလေယာဉ်တွေ (၉) မျိုးအထိ ရှိပါတယ်။
ဒီလေယာဉ်တွေထဲမှာ
တရုတ်လုပ် Y-8 (၈) စီး၊ Y-12 (၇) စီး၊
နယ်သာလန်လုပ် Fokker-70 (၂) စီး၊
ပြင်သစ် နဲ့ အီတလီလုပ် ATR-42, ATR-72 (၆) စီး နဲ့ အရေအတွက်မသိရတဲ့ ATR-42(MPA)
အမေရိကန်လုပ် Beechcraft-1900 (၇) စီး၊
ဂျာမနီလုပ် Grob G-120TP (၂၀) စီး၊
ချက်နိုင်ငံထုတ် L-410 Turbolet (၆) စီး တို့ ပါဝင်ပါတယ်။

ဒီအုပ်စုထဲမှာ အကြီးဆုံးနှင့် အရေးကြီးဆုံးလေယာဉ်တစ်မျိုးကတော့ Y-8 သယ်ယူပို့ဆောင်ရေး လေယာဉ်ဖြစ်ပါတယ်။ Y-8 ဟာ ဆိုဗီယက် An-12 လေယာဉ်ကို အခြေခံပြီး တရုတ်နိုင်ငံ Shaanxi Aircraft Corporation က ထုတ်လုပ်ထားတဲ့ အလယ်အလတ်အရွယ် စစ်ရေး သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီး စစ်သားတွေ၊ စစ်ရေးပစ္စည်းတွေနှင့် ကုန်ပစ္စည်းတွေကို နေရာဝေးထိ သယ်ယူနိုင်အောင် ဒီဇိုင်းလုပ်ထားတာဖြစ်ပါတယ်။ ဒီလိုလေယာဉ်မျိုးတွေဟာ လေတပ်စခန်းတွေအကြား (သို့မဟုတ်) ရှေ့တန်းစစ်စခန်းတွေဆီ သယ်ယူပို့ဆောင်ပေးတဲ့ အဓိက လေကြောင်းထောက်ပံ့ရေးစနစ်အဖြစ် အသုံးပြုကြပါတယ်။

အခြားသယ်ယူပို့ဆောင်ရေးလေယာဉ်များမှာ Y-12၊ Beechcraft 1900၊ Fokker 70 နှင့် ဥရောပ ပူးပေါင်းထုတ်လုပ်ထားတဲ့ ATR-42 / ATR-72 / ATR-42(MPA) လေယာဉ်တွေ ပါဝင်ပါတယ်။ ဒီလေယာဉ်အမျိုးအစားများက လူနှင့် ပစ္စည်းများကို တိုတောင်းသော လမ်းကြောင်းများအတွင်း သယ်ယူပို့ဆောင်ရန် သို့မဟုတ် လေတပ်စခန်းများအကြား ထောက်ပံ့ရေးပစ္စည်းများ လှည့်လည်ပို့ဆောင်ရန် အသုံးပြုကြပါတယ်။

ဒါ့အပြင် Grob G-120TP လေယာဉ်များကတော့ အဓိကအားဖြင့် လေယာဉ်မှူးသင်တန်းနှင့် လေ့ကျင့်ရေးအတွက် အသုံးပြုကြသော်လည်း လေတပ်စနစ်တစ်ခုလုံး၏ လည်ပတ်မှုအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်နေပါတယ်။ လေယာဉ်မှူးအသစ်တွေကို လေ့ကျင့်ပေးခြင်းအားဖြင့် နောက်ပိုင်းမှာ တိုက်ခိုက်ရေးနှင့် စစ်ရေးပျံသန်းမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် အရေးကြီးသော အခြေခံဖြစ်ပါတယ်။

L-410 လေယာဉ် (၆) စီးဟာဆိုရင် ၂၀၂၄ နဲ့ ၂၀၂၅ မှာမှ ချက်နိုင်ငံကနေ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ ဒီလေယာဉ်တွေကိုလည်း တပ်စခန်းတွေကို ပစ္စည်းတွေ ပို့ဆောင်ဖို့နဲ့ လေ့ကျင့်ရေးတွေအတွက် အသုံးပြုကြပါတယ်။

(ပုံစာ - စစ်အုပ်စု အသုံးပြုနေသည့် သယ်ယူပို့ဆောင်ရေးလေယာဉ်များ၊ ထုတ်လုပ်သည့်နိုင်ငံများနှင့် ခန့်မှန်း အရေအတွက်)

မှတ်ချက်။ ။အမှန်တကယ် အရေအတွက်သည် ဖော်ပြထားသည်ထကိ ပိုများနိုင်သည်။

#SanctionAviationFuel #CutTheRoute
#CloseTheSky
#WhatsHappeningInMyanmar
#BloodMoneyCampaignMM
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «သယ်ယူပို့ဆောင်ရေးလေယာဉ်တွေဟာ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေပြီးရင် စစ်အုပ်စုရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လုပ်နိုင်အောင် ထောက်ပံ့ပေးနေတဲ့ ကျောရိုးပဲဖြစ်ပါတယ်။ Y-8 နဲ့ Y-12 ဟာဆိုရင် တိုက်ခိုက်ရေးဂျက်လေယာဉ်တွေလို ပေါင် ၅၀၀ ဗုံးတွေကိုပါ ကြဲချ တိုက်ခိုက်နိုင်ပါတယ်။…»
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲမိုးညှင်းပေလမ်းဆုံသို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။

Mar 14, 7:25PM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍3
“ဘယ်တော့မှ မလုပ်မယ့် အရာတွေ သတ်မှတ်ထားဖို့”

🔳 ကိုယ်ပိုင်မူတွေ၊ Principle တွေ၊ တစ်ကိုယ်စာကျင့်ဝတ်တွေက တစ်ယောက်နဲ့တစ်ယောက်တော့ တူမှာ မဟုတ်ပါဘူး။ ဘယ်လိုအရာတွေကို တန်ဖိုးထားတယ်၊ ဘယ်လိုအလုပ်မျိုးနဲ့ အသက်မွေးနေတယ်၊ ဘဝအခြေအနေ ဘယ်လိုရှိတယ် စတဲ့အချက်တွေပေါ် မူတည်ပြီး ကွဲပြားနေကြပါလိမ့်မယ်။ ကိုယ်တစ်ယောက်တည်းမှာတင် အသက်အရွယ်ပေါ် လိုက်ပြီး ပြောင်းနေတတ်ပါသေးတယ်။

အရေးကြီးဆုံးက ကိုယ် ဘာဖြစ်ချင်တယ် ကိုယ်သိဖို့ပါပဲ။

🔳 မတရားသဖြင့် ရလာတဲ့ ပိုက်ဆံတွေနဲ့ ပျော်နိုင်တဲ့သူ ရှိသလို၊ မပျော်နိုင်တဲ့သူတွေလည်း ရှိတယ်။

ဘယ်လိုနာမည်ကြီးကြီး ရတယ်ဆိုတဲ့သူတွေ ရှိသလို၊ နာမည်ဆိုးနဲ့ ကျော်ကြားဖို့ မပြောနဲ့၊ Low profile ပဲ နေချင်တဲ့သူတွေလည်း ရှိတယ်။

လူတစ်ယောက်ကို အပုပ်ချတိုက်ခိုက်ရတာကို ငါအနိုင်ရတယ် ထင်နေသူတွေ ရှိသလို၊ အဲဒါမျိုး လုပ်ရမှာ မစင်ကို ကိုင်ရမှာထက် ပိုရွံရှာတဲ့သူတွေလည်း ရှိတယ်။

ဒါကြောင့် ကိုယ် ဒါကို လုပ်လိုက်ရင် "နောင်တမရရမှာ သေချာသလား" ဆိုတဲ့ မေးခွန်းကိုသာ ပြန်မေးကြဖို့ လိုပါတယ်။

🔳 အသက်ရှင်တုန်းခဏ ငါဘာတွေလုပ်သွားမယ် ဆိုတဲ့ ရည်မှန်းချက်ကြီးငယ်တွေ ဖြစ်မြောက်လာအောင် ကြိုးစားနေတဲ့ တပြိုင်တည်းမှာ၊ ငါ ဘာတွေတော့ မလုပ်ဘူး ဆိုတဲ့ စည်းတွေလည်း ချထားရပါလိမ့်မယ်။

ဒါမှသာ ဆုံးဖြတ်ရခက်တဲ့ လမ်းဆုံလမ်းခွတွေရောက်တိုင်း လွယ်လွယ်ကူကူနဲ့ ရွေးချယ်နိုင်ပြီး ရှေ့ဆက်ရမယ့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်း ဆက်လျှောက်နိုင်ကြမှာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၃.၃.၂၀၂၅
👍3
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
4🥰1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏5
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏4🤝1