EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏5
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-@EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://t.me/eagleinformationoperator
https://www.facebook.com/eagleinformation
🙏3🥰1🤝1
အသိပေးကြေညာချက်‼️

မိဘပြည်သူများခင်ဗျား........👋🏻

📌လက်ရှိတွင် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) ၏ တင်ဆက်မှုပုံစံများ၊ အမှတ်အသားများနှင့် ဆင်တူယိုးမှား ပြုလုပ်ထားသော သတင်းစာမျက်နှာတချို့ ပေါ်ပေါက်နေသည်ကို စီစစ်တွေ့ရှိရပါသည်။

📌မိဘပြည်သူများ ဘေးကင်းစေဖို့ရန်အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်၊ မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံ၊ခရိုင်ပေါင်းစုံမှ အိုင်အိုများ၊သတင်းပြန်ကြားရေးများ၊အဖွဲ့အစည်းတာဝန်ခံများနှင့် အတူတကွပူးပေါင်း၍ မြေပြင်သတင်း၊လေကြောင်းသတင်းများကို (သတင်းပေးပို့၊သတင်းယူ)ခြင်းဖြင့်သာ #Admin_Team သည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ သတင်း(ကျင့်ဝတ်-စည်းကမ်း)နှင့်အညီ ကိုယ်ထူကိုယ်ထ ပြည်သူ့အကျိုးကိုသာ မျက်နှာမူ၍ ကြိုးစားလုပ်ကိုင်နေကြသူများသာ ဖြစ်ပါသည်။

📌#EIO သည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ မည်သည့်ပုဂ္ဂိုလ်၊မည်သည့်တလရအဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်းမဟုတ်သလို၊မည်သည့်အကြောင်းကိစ္စမှ အလှူခံခြင်းလည်း (လုံးဝ၊လုံးဝ) အလျင်းမရှိပါ။

📌မိမိတို့ #EIO နှင့် တင်ဆက်မှုပုံစံများ၊ အမှတ်အသားများနှင့် ဆင်တူယိုးမှား ပြုလုပ်ပြီး #EIO logo များအသုံးပြု၍သော်လည်းကောင်း၊ #EIO အမည်နာမသုံးစွဲ၍ အလှူငွေကောက်ခံခြင်းများကိုလည်း မိမိတို့ #EIO_Admin_Teamမှ (လုံးဝ၊လုံးဝ) တာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ပါ။

📌သတင်းအချက်အလက် မှန်ကန်မှုနှင့် မိဘပြည်သူများ ဝေဝါးမှုမရှိစေရန်အတွက် ကျွန်ုပ်တို့ Admin Team မှ ရှေ့ဆက်၍ တင်ဆက်မှုပုံစံသစ်များ၊ ပိုမိုဆန်းသစ်သော ဖန်တီးမှုများဖြင့် အဆင့်မြှင့်တင် တင်ဆက်သွားတော့မည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

⚜️ #EIO ၏ ပြောင်းလဲမှုများ‼️

၁။သတင်းတင်ဆက်မှုပုံစံသစ်-ရိုးအိုင်နေသော ပုံစံများမှ ခွဲထွက်ပြီး ကြည့်ရှုသူအတွက် ရှင်းလင်းပြတ်သားကာ ဆွဲဆောင်မှုရှိသော Layout အသစ်များဖြင့် တင်ဆက်ပါမည်။

၂။Creative Visuals- သတင်းတစ်ပုဒ်ချင်းစီ၏ အနှစ်သာရကို ဖော်ပြနိုင်မည့် ကိုယ်ပိုင်သီးသန့် Infographics နှင့် ဒီဇိုင်းသစ်များကို အသုံးပြုပါမည်။

၃။စနစ်တကျ စိစစ်မှု-သတင်းစီးဆင်းမှု မြန်ဆန်ရုံသာမက အချက်အလက် တိကျမှန်ကန်မှုကို ပိုမိုဦးစားပေးဆောင်ရွက်သွားပါမည်။

📌မိဘပြည်သူများအနေဖြင့် ကျွန်ုပ်တို့၏ တရားဝင်စာမျက်နှာမှ တင်ဆက်မှုများကို ယုံကြည်စိတ်ချစွာ စောင့်ကြည့်အားပေးကြပါရန်နှင့် အတုအယောင်များကို သတိပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

📌ကျွန်ုပ်တို့၏ ဖန်တီးမှုအသစ်များကို မကြာမီ မြင်တွေ့ရတော့မည်ဖြစ်၍ စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျား။

#EIO_Founder

#AdminTeam
#EIO #Eagle_Information_Operator #Communication_and_Information
#NewPerspective #StayTuned #GroundInfo

📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏3👌3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «အသိပေးကြေညာချက်‼️ မိဘပြည်သူများခင်ဗျား........👋🏻 📌လက်ရှိတွင် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး) ၏ တင်ဆက်မှုပုံစံများ၊ အမှတ်အသားများနှင့် ဆင်တူယိုးမှား ပြုလုပ်ထားသော သတင်းစာမျက်နှာတချို့ ပေါ်ပေါက်နေသည်ကို စီစစ်တွေ့ရှိရပါသည်။ 📌မိဘပြည်သူများ…»
"သွေးမြေကျလည်း အောင်လံမလှဲ"

မီးခိုးတလူလူ... ပြာပုံဘဝ
ရက်စက်ကြမ်းကြုတ်၊ အာဏာရူးတို့
ရွာကိုမီးတိုက်၊ ပြည်ကိုဖျက်ဆီး
ပြည်သူတို့ခမျာ၊ ငိုချင်းရှည်လို့
အိုးအိမ်စွန့်ခွာ၊ တောမှာခိုရ
ဒုက္ခပင်လယ်... ဝေနေဆဲ။

ရင်ဘတ်ကိုဖွင့်... အသက်နဲ့ရင်း
တောတောင်ထဲမှာ၊ အမိန့်တော်ပြန်
ပြည်သူ့ရဲဘော်၊ PDF တို့
လွတ်လပ်ရေးအတွက်၊ အသက်ကိုဖယ်
လက်နက်စွဲကိုင်၊ ရှေ့ကချီတက်
မတရားမှုကို... တွန်းလှန်မြဲ။

ကြွေလွင့်ရသော်... မော်ကွန်းကျန်ရစ်
ကျဆုံးလေပြီး၊ သူရဲကောင်းတို့
သွေးနဲ့ရေးတဲ့၊ သမိုင်းစာမျက်နှာ
နောင်မျိုးဆက်အတွက်၊ အလင်းဆောင်ဖို့
အာဏာရှင်ကို၊ အမြစ်ဖြတ်ပွဲ
တို့တွေနွှဲမည်... အောင်ပွဲဆီသို့။

နိုင်ဝေလွင်(ယင်းမာပင်)

📌မိမိတို့ ဖန်တီးထားသော ကဗျာများကို #EIO Facebook Page Messenger (သို့မဟုတ်) Telegram_bot နှင့် Gmail တို့ထံတွင် တိုက်ရိုက်ပေးပို့နိုင်ပါသည်။

📌ရွေးချယ်ခံရသော ကဗျာများကို #EIO Facebook Page နှင့် Telegram Channel တွင် ဂုဏ်ပြုဖော်ပြပေးသွားမည် ဖြစ်ပါသည်။

"ကဗျာဆိုတာ နှလုံးသားရဲ့ ဘာသာစကားပါ။ သင်တို့ရဲ့ နှလုံးသားစကားသံတွေကို နားထောင်ဖို့ ကျွန်တော်တို့ စောင့်နေပါတယ်။"

#EIO (ကဗျာကဏ္ဏ)
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻EIO2021_bot | @EagleInformationOperator_bot
👉🏻eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐t.me/eagleinformationoperator

#EIO #PoetrySection #ArtAndLiterature #ကဗျာဖိတ်ခေါ်ချက်
4🥰1
⚜️ #EIO_Update_News

မုံရွာမြို့၊ ညောင်ပင်ဇောက် လဝရုံးဟောင်းမှ အထိုင်ချ စခများသည် ပြည်သူအသွားအလာများကို အစစ်ဆေးများပြုလုပ်နေကြောင်းသတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် ဂရုစိုက်သွားလာကြပါရန်🙏🏻

Mar 13, 9:54AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏5
⚜️ #EIO_Update_News

မုံရွာနယ် တောင်ခြမ်း၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိထားပါသည်။

Mar 13, 10:00AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
👍6
⚜️ #EIO_Update_News

မုံရွာမြို့၊ ညောင်ပင်ဇောက်ရပ်ကွက်တွင် စခအိမ်စီးကား(၄)စီးသည် ကင်းပတ်နေကြောင်းသတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် ဂရုစိုက်သွားလာကြပါရန်🙏🏻

Mar 13, 10:05AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏5
⚜️ #EIO_Update_News

မုံရွာမြို့၊ ရေဦးဆန်ဆိုင်ဂိတ်မှ အထိုင်ချ စခများသည် ပြည်သူအသွားအလာများကို အစစ်ဆေး ကြမ်းတမ်းစွာ ပြုလုပ်နေကြောင်းသတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

Mar 13, 10:11AM
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #GroundInfo
🙏5
🚩🚩🚩BWM Mission 51 🚩🚩🚩



သတင်းထုတ်ပြန်ကြေညာချက်

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်

စစ်ကောင်စီ ၏ တောင်ငူ (ကေတုမတီ) လေတပ်စခန်းအား ၁၀၇ မမ ၁၈ လုံးဖြင့် တိုက်ခိုက်ခြင်း

တိုက်ခိုက်မှု အပြီး ထိခိုက်မှု ရှိကြောင်း လေတပ်တွင်းမှ သတင်းပေးပို့သည်။
တိုင်းမှူးအသစ်သူရဇော်လွင်စိုး ယနေ့မနက်အစောလာရောက်စစ်ဆေးပြီး လေတပ်တော်ဝင်နေချိန်မို့ သတင်းအစအန အပြင်မထွက်ဖို့ ပြင်းပြင်းထန်ထန်သတိပေးကြောင်းကြားသိထားရပါသည်။

BWM ၏ page 2 နှင့် Telegram channel တို့တွင်လည်း ဖတ် ရှုနိုင်ပါသည် ။

👉🏻 https://t.me/BraveWarriorsforMyanmar/190
4🫡1
ICRCထံ အခက်အခဲတင်ပြခဲ့သည့် နိုင်ငံရေးအကျဉ်းသားကို သာယာဝတီထောင်အကျဉ်းဦးစီးအရာရှိကိုယ်တိုင် ဝိုင်းဝန်းရိုက်နှက်ခြင်း

ရက်စွဲ။ ။ ၂၀၂၆ခုနှစ်၊ မတ်လ ၁၃ရက်နေ့။

ပဲခူးတိုင်း၊ သာယာဝတီဗဟိုအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများအပေါ် အကျဉ်းဦးစီးဝန်ထမ်းများနှင့် အဆောင်လူကြီး(တန်းစီး)အချို့က ကိုယ်ထိလက်ရောက် ကျူးလွန်စော်ကားမှုများ ပြုလုပ်နေကြောင်းကို PPNM မှ သိရှိရသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် သာယာဝတီထောင်အတွင်းရှိ အဆောင် (၈) နှင့် (၉) တို့မှ နိုင်ငံရေးအကျဉ်းသား (၃) ဦးသည် အကျဉ်းသားများ၏ စားသောက်ရေး၊ ကျန်းမာရေးနှင့် နေထိုင်ရေး အခက်အခဲများကို ထောင်ပိုင်ထံ တင်ပြဆွေးနွေးခဲ့ကြသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်မှ ဖေဖော်ဝါရီ ၅ ရက်အထိ နိုင်ငံတကာကြက်ခြေနီကော်မတီ (ICRC) လာရောက်သည့်ခရီးစဉ်အတွင်းမှာလည်း နိုင်ငံရေးအကျဉ်းသား ကိုမျိုးကျော်ထက် (ခ) သိုးသိုး က အကျဉ်းသားများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို ထပ်မံတင်ပြခဲ့သည်။

ICRC ပြန်သွားပြီးနောက် ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ICRC ထံ အကျဉ်းထောင်အတွင်း အခက်အခဲများတင်ပြခဲ့မှုကို မကျေနပ်သည့်အတွက် အကျဉ်းဦးစီးအရာရှိ ကြည်ဖြိုးအောင် နှင့် အဆောင်လူကြီး (တန်းစီး) များဖြစ်သော ဖိုးသား၊ ကျော်ဇင်ဦး တို့ ဦးဆောင်သောအဖွဲ့သည် ကိုမျိုးကျော်ထက် အား ပင်မအကျဉ်းထောင် (Main Jail) အတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ယင်းကဲ့သို့ ခေါ်ဆောင်သွားခဲ့ပြီးနောက် ထိုနေရာ၌ပင် နိုင်ငံရေးအကျဉ်းသား ကိုမျိုးကျော်ထက်အား အကျဉ်းဦးစီးအရာရှိ ကြည်ဖြိုးအောင်နှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသဖြင့် -
• မျက်နှာတစ်ခြမ်းလုံး ဖူးယောင်ညိုမဲဒဏ်ရာများ ရရှိခြင်း၊
• နားအတွင်းမှ သွေးထွက်သံယိုဖြစ်ခြင်း စသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။

ထောင်ဝန်ထမ်းများ၏ ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် ကိုမျိုးကျော်ထက်သည် ဒဏ်ရာပြင်းထန်သော်လည်း ယနေ့ မတ်လ ၁၃ရက်အထိ ဆေးကုသခွင့် မရရှိကြသေးပါ။ ထို့ပြင် လက်ရှိတွင် အပြင်လူများနှင့်ပါ အဆက်အသွယ်ဖြတ်တောက် (တိုက်ပိတ်) ခံထားရခြင်းများကိုလည်း ကြုံတွေ့နေရသည်။

ယခုကဲ့သို့ မတရားကျူးလွန်မှုများကြောင့် အကျဉ်းသားများက တာဝန်ရှိသူများကို အရေးယူပေးရန် တောင်းဆိုရာတွင် အကျဉ်းဦးစီးအရာရှိ ကြည်ဖြိုးအောင်နှင့် အဖွဲ့က အဆောင် ၈နှင့် အဆောင်၉ အတွင်းသို့ ဝင်ရောက်ကာ လက်နက်များဖြင့် ခြိမ်းခြောက်မှုများပါ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် သာယာဝတီထောင်အတွင်း အကျဉ်းသားများ၏ အခွင့်အရေးများ ဆုံးရှုံးနေရပြီး ICRC ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံတင်ပြမှုအပေါ် လက်တုံ့ပြန် ညှဉ်းပန်းနှိပ်စက်မှုများ ပြုလုပ်နေခြင်းသည် အကျဉ်းသားများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေခြင်းဖြစ်ကြောင်း PPNMမှ သတင်းထုတ်ပြန်လိုက်ရပါသည်။ ။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်
#PPNM
👍3
🚨လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်🚨

Eagle Information Operator (#EIO)
Date - Mar 13, 11:27AM

📌မြင်းမူမြို့နယ်၊ပျော့ရွာအထိုင်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ထားကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

🚨လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

🚨မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

🚨အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏5
🚨အရေးကြီးသတိပေးချက် 🚨

📌တယ်လီဂရမ်အသုံးပြုသူများ လုံခြုံရေး အထူးသတိပြုရန်-

လက်ရှိတွင် စစ်ကောင်စီဘက်မှ အကောင့်တုများ (Spies/Informants) အသုံးပြု၍ တယ်လီဂရမ် Group များ၊ချန်နယ်များအတွင်း ရုပ်ဖျက်ဝင်ရောက်ကာ သတင်းနှိုက်ခြင်းနှင့် ထောက်လှမ်းခြင်းများ ပြုလုပ်နေပါသည်။

"မိမိနှင့်တကွ မြေပြင်ရှိ ရဲဘော်များ၊ ပြည်သူများ ဘေးကင်းစေရန် အထူးဂရုပြုလိုက်နာကြပါ"🙏🏻

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်-

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏4