EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
"ပြည်သူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား"

📌ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ တာဝန်သိစိတ်ဖြင့် ပေးပို့ခဲ့ကြသော တလရဲ‌ဘော်များနှင့် မိဘပြည်သူ တစ်ဦးတစ်ယောက်ချင်းစီကို Eagle Information Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

"မိတ်ဆွေ၏ သတင်း‌ပေးပို့မှုသည်...
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻
ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုပါသည်။
စခတို့၏ နိဂုံးကိုလည် အရှိန်အဟုန်မြှင့်စေသည်။"✊🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-@EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://t.me/eagleinformationoperator
https://www.facebook.com/eagleinformation
👍3🙏3
🚨အထူးသတိပြုရန်🚨

ယခုရက်ပိုင်း၌ စကစသည် မြို့နယ်ပေါင်းစုံ၊နယ်ပေါင်းစုံတွင် နေ့အချိန်၌ Spy Balloon၊UAV Scout drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်း၊ညအချိန်တွင်လည်း UAV Scout Drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။သို့ဖြစ်ပါ၍ တလရရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိကြပါရန် #EIO မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104

#VTOL 370 Scout Drone အကြောင်း‌လေ့လာရန် - https://t.me/eagleinformationoperator/17105

#Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752

#Gyrocopter နှင့် #Paramotor တို့ကိုတန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ - https://t.me/eagleinformationoperator/17807

🚨အထူးသတိပြုရန် နှိုးဆော်ချက် - https://t.me/eagleinformationoperator/19369

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏3👍2
♦️မိဘပြည်သူများအားအသိပေးပန်ကြားချက်♦️

#EIO Admin ကိုယ်တိုင် နည်းပညာပိုင်းနှင့် လုံခြုံရေးပိုင်းအား စနစ်တကျ ပြုလုပ်ပေးထားပြီး သတင်းပိုင်းအားလည်း စနစ်တကျ လေ့ကျင့် သင်ကြားပေးထားသည့် https://t.me/autagbii ချန်နယ်တစ်ခုဖြစ်ပါသည်။

မိဘပြည်သူများအနေဖြင့် ပခုက္ကူခရိုင်အတွင်းရှိ သတင်းများကို ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်ဝေမျှပေးနိုင်သလို သတင်းပို့၊သတင်းယူခြင်းဖြင့် တော်လှန်ရေးအား တစ်ထောင့်တစ်နေရာမှ ပါဝင်ပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

#Admin
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👍3🫡2
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ကားကြုံဖြင့် မြောက်ဘက်သို့ လိုက်ပါလာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့်ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 12, 7:23AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍41🙏1
🚨အရေးကြီးသတိပေးချက် 🚨

📌တယ်လီဂရမ်အသုံးပြုသူများ လုံခြုံရေး အထူးသတိပြုရန်-

လက်ရှိတွင် စစ်ကောင်စီဘက်မှ အကောင့်တုများ (Spies/Informants) အသုံးပြု၍ တယ်လီဂရမ် Group များ၊ချန်နယ်များအတွင်း ရုပ်ဖျက်ဝင်ရောက်ကာ သတင်းနှိုက်ခြင်းနှင့် ထောက်လှမ်းခြင်းများ ပြုလုပ်နေပါသည်။

"မိမိနှင့်တကွ မြေပြင်ရှိ ရဲဘော်များ၊ ပြည်သူများ ဘေးကင်းစေရန် အထူးဂရုပြုလိုက်နာကြပါ"🙏🏻

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်-

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်‌ ပေလမ်းမသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 12, 9:36AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ စခများသည် ပြည်သူပိုင်(၆)ဘီးကား(၁)စီးအားချောဆွဲထားကြောင်းသတင်းရရှိ။

#EIO
Mar 12, 10:16AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏2
🚨ဆားလင်းကြီး🚨

ဝမ်ပေါင်မှ ထွက်လာသော တွဲကားယာဥ်တန်းသည် မြစ်အနောက်ဘက် ညောင်ပင်ကြီးဇက်ဆိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 12, 10:17AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ဆားလင်းကြီး🚨 ဝမ်ပေါင်မှ ထွက်လာသော တွဲကားယာဥ်တန်းသည် မြစ်အနောက်ဘက် ညောင်ပင်ကြီးဇက်ဆိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Mar 12, 10:17AM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

ဝမ်ပေါင်မှ ထွက်လာသော တွဲကားယာဥ်တန်းသည် မြစ်အနောက်ဘက် ညောင်ပင်ကြီးဇက်ဆိပ်မှ မုံရွာမြို့၊အိုးရှင်းဇက်ဆိပ်သို့ ကူးနေကြောင်းသတင်းရရှိ။

#EIO
Mar 12, 10:42AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍2
🚨မုံရွာ🚨

ဝမ်ပေါင်မှ ထွက်လာသော တွဲကားယာဥ်တန်းသည် မြစ်အနောက်ဘက် ညောင်ပင်ကြီးဇက်ဆိပ်မှ မုံရွာအိုးရှင်းဇက်ဆိပ်ကူး၍ မုံရွာမြို့အတွင်းသို့ ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Mar 12, 10:54AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
👍2
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော .5စက်လက်ပါ DC(၁)စီး၊စခအိမ်စီးကား(၂)စီးသည် အမြင့်လမ်းတိုင်း တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Mar 12, 10:55AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍1🙏1
စစ်ကောင်စီလက်ထက် VPN ကို ဘာကြောင့် လုံခြုံစွာ သုံးရမလဲ

📌လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အင်တာနက်ကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ ကန့်သတ်ချုပ်ချယ်နေတဲ့အတွက် VPN (Virtual Private Network) သုံးစွဲခြင်းဟာ ရွေးချယ်စရာမဟုတ်ဘဲ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။

🛡 VPN ကို ဘာကြောင့် သုံးရသလဲ

➡️သတင်းအမှောင်ချမှုကို ကျော်လွှားရန်-ပိတ်ပင်ထားသော Social Media (Facebook, Messenger, IG) နှင့် သတင်းဝဘ်ဆိုက်များကို ကြည့်ရှုနိုင်ရန်။

➡️ခြေရာခံခြင်းမှ ကင်းဝေးရန်-အော်ပရေတာများမှတစ်ဆင့် သင်ကြည့်ရှုနေသော Content များကို စစ်ကောင်စီက ခြေရာခံမရအောင် ဒေတာများကို ဖုံးကွယ် (Encrypt) ရန်။

Whitelist စနစ်ကို ကျော်ဖြတ်ရန်-၎င်းတို့ ခွင့်ပြုထားသည့် ဝဘ်ဆိုက်အနည်းငယ်ကိုပဲ ကြည့်ခိုင်းသည့်စနစ်မှ လွတ်မြောက်ရန်။

ဆောင်ရန် (Dos)‼️

➡️ယုံကြည်စိတ်ချရသော VPN များကိုသာ သုံးပါ။

➡️Kill Switch ကို အမြဲဖွင့်ထားပါ-VPN လိုင်းပြတ်သွားပါက အင်တာနက်ပါ တစ်ခါတည်း ဖြတ်တောက်ပေးသည့် Kill Switch စနစ်ကို သုံးပါ။ (ဒါမှ ကိုယ့် IP အစစ်အမှန် ပေါ်မသွားမှာပါ)။

➡️Incognito Mode သုံးပါ-Browser History နှင့် Cache များကို အမြဲရှင်းလင်းပါ။

ရှောင်ရန် (Don'ts)‼️

➡️Free VPN အညံ့စားများ မသုံးပါနှင့်-နာမည်မရှိသော "Free Unlimited VPN" များသည် သင့်ဒေတာကို ခိုးယူနိုင်သလို၊ ထောက်လှမ်းရေးနှင့် ပတ်သက်နေနိုင်ပါသည်။

➡️မြန်မာ Server ကို မရွေးပါနှင့်-VPN ချိတ်သည့်အခါ စင်ကာပူ၊ ဂျပန် သို့မဟုတ် အမေရိကန် စသည့် တခြားနိုင်ငံများကိုသာ ရွေးချယ်ပါ။

➡️လမ်းပေါ်တွင် စစ်ဆေးခံရပါက သတိပြုပါ-ဖုန်းအစစ်ခံရချိန်တွင် VPN App ကို ရှာမတွေ့နိုင်အောင် ဖျက်ထားပါ။

📡 ထိရောက်သော သတင်းစီးဆင်းမှု ပုံစံ‼️

➡️သတင်းများ ပေးပို့ရာတွင် အောက်ပါအချက်များကို လိုက်နာပါ -

➡️Metadata ဖျက်ပါ-ဓာတ်ပုံ/ဗီဒီယိုများ ပေးပို့လျှင် ရိုက်ကူးသည့် တည်နေရာ (GPS) နှင့် အချိန်များကို ဖျက်ပြီးမှ ပို့ပါ။

➡️လုံခြုံသော App များသုံးပါ-သတင်းပို့ရာတွင် Signal သို့မဟုတ် Telegram (Secret Chat) ကို အသုံးပြုပါ။

➡️အမည်ဝှက်သုံးပါ-အရေးကြီးသူများ (သို့မဟုတ်) နေရာများကို တိုက်ရိုက်အမည်မသုံးဘဲ Code နာမည်များဖြင့်သာ ရေးသားပါ။

➡️"မိမိကိုယ်ရေးလုံခြုံမှုအတွက် VPN ကို နည်းစနစ်တကျ အသုံးပြုကြပါစို့။"

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်-

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
1👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «စစ်ကောင်စီလက်ထက် VPN ကို ဘာကြောင့် လုံခြုံစွာ သုံးရမလဲ 📌လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေအရ အင်တာနက်ကို စစ်ကောင်စီက နည်းမျိုးစုံနဲ့ ကန့်သတ်ချုပ်ချယ်နေတဲ့အတွက် VPN (Virtual Private Network) သုံးစွဲခြင်းဟာ ရွေးချယ်စရာမဟုတ်ဘဲ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာပါတယ်။…»
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့်ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 12, 7:12PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍2
Forwarded from BPLA
နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု(SRA)၊ အခြေခံစစ်ပညာသင်တန်းဆင်းပွဲပြုလုပ် (မတ်လ၊ ၂၀၂၆ခုနှစ်)

ဓာတ်ပုံ - B III (Burma Brother Blood)

နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ခုနှစ်၊ မတ်လ (၁)ရက်နေ့တွင် လွတ်မြောက်နယ်မြေတနေရာ၌ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။

အပတ်စဉ်(၁/၂၀၂၆)သင်တန်းကို အာရက္ခတပ်တော်(AA)မှ သင်တန်းနည်းပြများက လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ပညာ၊ စစ်နည်းဗျူဟာ၊ စစ်သည်တော်ကျင့်ဝတ်နှင့် စစ်စည်းကမ်းများကို လေ့ကျင့်သင်ကြားပေးခဲ့ပါသည်။ ယခုသင်တန်းတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ယောတပ်တော်(YA)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF) နှင့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)တို့မှ သင်တန်းသားများ တက်ရောက်ခဲ့ကြခြင်းဖြစ်ပါသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် SRAတပ်ဖွဲ့ဝင် တပ်မှူးများ၊ မဟာမိတ်တော်လှန်ရေးတပ်များမှ တပ်မှူးများ၊ ဒေသတွင်း ရပ်မိရပ်ဖများ နှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းရဲဘော်များကို ဂုဏ်ပြုအားပေးစကားများ ပြောကြားခဲ့ပါသည်။

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) အနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးနှင့် ပြည်သူလူထုလွတ်မြောက်ရေးအတွက် တပ်ပေါင်းစုအား၊ ညီညွတ်မှုအားဖြင့် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

“တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်”

- ပြန်ကြားရေးဌာန
နွေဦးတော်လှန်ရေးမဟာမိတ်‌တပ်‌ပေါင်းစု(SRA)
3