EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.55K photos
184 videos
25 files
5.92K links
Download Telegram
" ပြညသူအားလုံးဟာ ငါတို့ရဲ့ မျက်စိနဲ့ နား "

ယနေ့အချိန်ထိ မြေပြင်နှင့် လေကြောင်း သတင်းအချက်အလက်များကို တာဝန်သိစိတ်ဖြင့် အချိန်နှင့်တစ်ပြေးညီ ပေးပို့ခဲ့ကြသော တော်လှန်ရေးရဲဘော်များနှင့် မိဘပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို #Eagle_Information_Operator (#EIO) မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ 🫡

​"မိတ်ဆွေ၏ သတင်းပေးပို့မှုသည်
ပြည်သူ့အသက်ကို ကယ်တင်နိုင်ပြီး🙏🏻

ရဲဘော်တို့၏ လုံခြုံရေးကို အထောက်အကူပြုသည့်အပြင်၊
အကြမ်းဖက် စစ်ကောင်စီ၏နိဂုံးကိုလည်း အရှိန်အဟုန်မြှင့်တင်ပေးနိုင်ပါသည်။"✊🏻


#EIO_Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🌐 https://t.me/eagleinformationoperator
🔵 https://www.facebook.com/eagleinformation
🙏21🤝1🫡1
🚨ဆားလင်းကြီး🚨

ယန်စီကုမ္မဏီဝန်းမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Mar 11, 1:14PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏5
🚨လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်🚨

Eagle Information Operator (#EIO)
Date - Mar 11, 3:28PM

📌မုံရွာနယ်၊ကျောက်စစ်ပုံ အမတ(၅၀၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးများဖြင့် မြောက်အရပ်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း သတင်းရရှိထားပါသည်။ သို့ဖြစ်ပါ၍ အနီးနားရှိ ကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက် နေထိုင်ပေးကြပါရန် အသိပေးအပ်ပါသည်။

🚨လက်နက်ကြီးသံ ကြားရသည်နှင့် ဘေးကင်းလုံခြုံသော ဗုံးခိုကျင်း (သို့မဟုတ်) ခိုင်ခံ့သော အဆောက်အအုံများတွင် အကာအကွယ်ယူပါ။အမြန်ဆုံး ခိုလှုံပါ။

🚨မိမိတို့ဒေသတွင်း သတင်းစီးဆင်းမှုများကို မျက်ခြေမပြတ် စောင့်ကြည့်၍ သတင်းနားစွင့်ပါ။

🚨အနီးနားရှိ အိမ်နီးချင်းများအား ရိုင်းပင်းကူညီ၍ သတိပေးစကား လက်ဆင့်ကမ်းပြောကြားပေးပါ။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုရှိနေသဖြင့် အထူးသတိပြုရန် နှိုးဆော်ချက်🚨 Eagle Information Operator (#EIO) Date - Mar 11, 3:28PM 📌မုံရွာနယ်၊ကျောက်စစ်ပုံ အမတ(၅၀၈)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိအချိန်တွင် လက်နက်ကြီးများဖြင့် မြောက်အရပ်သို့ ရမ်းသမ်းပစ်ခတ်နေကြောင်း…»
ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲမေ (၁) ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုနှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက်

၂၀၂၆ ခုနှစ်၊ မတ်လ (၁၁) ရက်နေ့

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ စစ်ကိုင်းတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ယင်းမာပင်ခရိုင် အမှတ် (၂၀) တပ်ရင်း တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ရဲမေ (၁) ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကိုင်တွယ်ဆောင်ရွက်လျက်ရှိပါသည်။

၂။ အွန်လိုင်းပေါ်တွင်ပျံ့နှံခဲ့သည့် အမှုဖြစ်သော်လည်း ယင်းမတိုင်ခင်ကပင် ဖြစ်စဥ်နှင့် ပတ်သက်၍ လိုအပ်သည့်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။

၃။ လက်ရှိတွင် သက်ဆိုင်ရာ တပ်ရင်းမှ တာဝန်ရှိသူ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် သံသယ တရားခံဖြစ်သူတို့အား ထိန်းသိမ်းထားရှိပြီးဖြစ်ကာ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် အတွက် အခင်းဖြစ်ပွားခဲ့သည့် ပလဖ နယ်မြေကင်းစခန်းရှိ သက်သေများကိုလည်း လွှဲပြောင်းမိန့် ထုတ်ပြန် ထားပြီးဖြစ်သည်။

၄။ နစ်နာသူ(တိုင်တန်းသူ)နှင့် ကျူးလွန်သူဟုသံသယရှိသူ (တိုင်တန်းခံရသူ)များသည် စစ်ဘက်ဆိုင်ရာ ဥပဒေများကို လိုက်နာရသူများဖြစ်ကြ၍ စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီဖမ်းဆီးထိန်းသိမ်းခြင်း၊ စုံစမ်းစစ်ဆေးခြင်းတို့ကို ပြုလုပ်လျက် ရှိသည်။ နစ်နာသူနှင့် သက်သေများအနေဖြင့် ပူးပေါင်းပါဝင်၍ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

၅။ နစ်နာသူနှင့်သက်သေများ ဘေးကင်းလုံခြုံရေး နှင့် အဆင်ပြေချောမွေ့စေရေးအတွက် အကောင်းဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အမှုမှန်ပေါ်ပေါက်ရေး အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပူးပေါင်းပါဝင်ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
👍4
🚨မုံရွာ🚨

မုံရွာတောင်၊‌‌ မြေနဲရွာထိပ်သို့ ရောက်ရှိနေသော စခကင်းများသည် စွမ်းရည်ထက်ဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Mar 11, 5:29PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍5
🚨မုံရွာ🚨

မုံရွာတောင်၊‌‌မအူဆီတန်းနှင့်တံတားဖြူသို့ ရောက်ရှိနေသော စခကင်းများသည် မအူဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Mar 11, 5:33PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍5👌1
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် မုံရွာတောင်၊မအူဂိတ်သို့ ဝင်ရောက်ထားကြောင်းသတင်းရရှိ။

#EIO
Mar 11, 7:10PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏3👍2
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထပ်မံ၍ ထွက်လာသော စခအိမ်စီးကား(၁)စီးသည်လည်း မုံရွာတောင်၊မအူဂိတ်သို့ ဝင်ရောက်ထားကြောင်းသတင်းရရှိ။

#EIO
Mar 11, 7:21PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏3👍2
⚠️ လုံခြုံရေး အထူးသတိပြုရန် (#DigitalSecurity)

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီဘက်မှ အကောင့်တုများ (#Spies/#Informants) အသုံးပြု၍ တယ်လီဂရမ် Group များ၊ သတင်းချန်နယ်များ၊တော်လှန်ရေး #Facebook_Page များ၏ မန့်များ၊ မိတ်ဆွေတို့၏ #Facebook_account ရှိ ပို့စ်များ၏ မန့်များအတွင်း ရုပ်ဖျက်ဝင်ရောက်ကာ သတင်းနှိုက်ခြင်းနှင့် ထောက်လှမ်းခြင်းများကို ပြုလုပ်နေကြပါသည်။

"တော်လှန်ရေးတပ်ဖွဲ့များ ဘယ်နေရာမှာ ဘယ်လိုတိုက်ပွဲဝင်နေတယ် လေကြောင်းထောက်ပေးပါ၊ကားတန်းထောက်ပေးပါဆိုမျိုး" ကို သတင်းချန်နယ်များ၏ အများဆိုင် Group များ၊ Facebook Page များ၏ မန့်များတွင် (လုံးဝ-လုံးဝ) ရေးသားခြင်းမပြုရပါ။ စစ်ရေးနှင့်ပတ်သတ်ပြီး သတင်းများကို အထူးဂရုစိုက်ပါ။

"မိမိနှင့်တကွ မြေပြင်ရှိ ရဲဘော်များ၊ ပြည်သူများ ဘေးကင်းစေရန် အထူးဂရုပြုလိုက်နာကြပါ"🙏🏻

📲 #EIO_Admin_Team ထံသို့ သတင်းပေးပို့ရန် -

🌐 @EIO2021_bot | @EagleInformationOperator_bot
📧 Email - eagleinformationoperators@gmail.com

#Eagle_Information_Operator #Revolution_News #DigitalSecurity #EmergencyAlert #StaySafe #SecurityUpdate #WhatsHappeningInMyanmar
🙏5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် မုံရွာတောင်၊မအူဂိတ်သို့ ဝင်ရောက်ထားကြောင်းသတင်းရရှိ။ #EIO Mar 11, 7:10PM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်သို့ ဝင်ရောက်သော စခအိမ်စီးကား(၂)စီးသည် မုံရွာမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်းသတင်းရရှိ။

#EIO
Mar 11, 7:55PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍6
ခရီးသွားလာကြသော တော်လှန်ရေး ရဲဘော်ရဲဘက်များခင်ဗျား -

ယခုအချိန်ကာလသည် ဒေသမရွေး၊ နယ်မြေတိုင်းတွင် အကြမ်းဖက်စစ်ရှုံးကောင်စီ၏ စစ်ဆေးရေးဂိတ်များ၊ စစ်ကြောင်းများနှင့် ကင်းပုန်းများကြောင့် စစ်ရေးအခြေအနေ အထူးရှုပ်ထွေးနေသော အချိန်ကာလဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ခရီးသွားလာရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ကြိုတင်ချိတ်ဆက်၍ မိမိသွားလာမည့် ခရီးလမ်းကြောင်းကို သက်ဆိုင်ရာ နယ်မြေခံ၊တာဝန်ခံများ ထံသို့ ကြိုတင်ဆက်သွယ်ပါ။လမ်းကြောင်းအခြေအနေကို အတည်ပြုပြီး သတင်းပို့ ချိတ်ဆက်မှု ပြုလုပ်ပြီးမှသာ ခရီးစဉ်ကို စတင်ပါ။ ဒေသခံအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်နှင့် စစ်ရေးသတိကို အမြဲရှိနေစေရန် တိုက်တွန်းအပ်ပါသည်။

မိမိတို့၏ အသက်ဘေးကင်းလုံခြုံရေးသည် တော်လှန်ရေးအတွက် အဓိကကျသဖြင့် စနစ်တကျ ချိတ်ဆက်သွားလာပေးကြပါရန် ဒေသခံအဖွဲ့အစည်းများကိုယ်စား #EIO Admin Team မှ အသိပေး ပန်ကြားအပ်ပါသည်။

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
🙏7
မိုးရာသီအတွင်း မိုင်းအန္တရာယ် ပိုများနိုင်ပါတယ်‼️

မိုးများပြီး မြေပြင်ပြောင်းလဲမှုကြောင့် မြေမြှုပ်မိုင်းတွေနဲ့ အခြားသော ပေါက်ကွဲလက်နက်ပစ္စည်း တွေဟာ တခြားနေရာတွေကိုရွှေ့သွားနိုင်ပါတယ်။

အရင်က မိုင်းအန္တရာယ်ရှိတယ်လို့ အမှတ်အသားပြုထားတဲ့ နေရာတွေကို မသွားပါနဲ့။ အမှတ်အသားတွေဟာ ရှိခဲ့ဖူးသည့်တိုင် ပျောက်ပျက်သွားတာ၊ မရှိတာ (သို့မဟုတ်) မိုးရေတွေနဲ့ မျောပါ ပျောက်ဆုံးနေနိုင်တယ် ဆိုတာကို သတိပြုပါ။

တိုက်ပွဲတွေဖြစ်ဖူးတဲ့ နေရာအနီးတဝိုက်က ရေကြီး ရေလျှံဖြစ်ဖူးတဲ့ လမ်းငယ်တွေ၊ လယ်ကွင်းတွေ (သို့မဟုတ်) အဲ့ဒီနေရာအနီးတဝိုက် နေရာတွေကို ရှောင်ရှားပါ။ ပေါက်ကွဲလက်နက်ပစ္စည်းတွေဟာ ရေနဲ့ရွှံ့နွံတွေ၊ အမှိုက်တွေ အောက်မှာ ဖုံးကွယ်နေနိုင်ပါတယ်။

မြေမြှုပ်မိုင်းနဲ့ အခြားသော ပေါက်ကွဲလက်နက်ပစ္စည်းတွေဟာ နေအိမ်၊ အိမ်ခြံဝင်း (သို့မဟုတ်) အများသုံးနေရာတွေထဲကို ရွေ့လျားသွားနိုင်တာကြောင့် အပျက်အစီး/အမှိုက်သရိုက်တွေ ဖယ်ရှားတဲ့အခါ သတိပြုကြရမှာဖြစ်ပါတယ်။

မိသားစု လုံလုံခြုံခြုံနေဖို့ အခုကစပြီး သတိထားကြပါစို့။

#EORE
🚨ပေါက်ကွဲလက်နက်ပစ္စည်းအန္တရာယ်သတိပေးမှု
🚨မိုးရာသီသတိထားစို့

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်-

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏3🥰2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned « မိုးရာသီအတွင်း မိုင်းအန္တရာယ် ပိုများနိုင်ပါတယ်‼️ မိုးများပြီး မြေပြင်ပြောင်းလဲမှုကြောင့် မြေမြှုပ်မိုင်းတွေနဲ့ အခြားသော ပေါက်ကွဲလက်နက်ပစ္စည်း တွေဟာ တခြားနေရာတွေကိုရွှေ့သွားနိုင်ပါတယ်။ အရင်က မိုင်းအန္တရာယ်ရှိတယ်လို့ အမှတ်အသားပြုထားတဲ့ နေရာတွေကို မသွားပါနဲ့။…»
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
5🥰1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏5