EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.56K photos
185 videos
25 files
5.95K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၆)စီးသည် ညောင်ပင်သာဂိတ်သို့ ဝင်ရောက်ထားကြောင်းသတင်းရရှိ။ #EIO Mar 10, 7:29AM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၆)စီးသည် ညောင်ပင်သာဂိတ်မှ မုံရွာမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Mar 10, 7:48AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊ထနောင်းတော မြောက်ရွာမှ စခများသည် .5 စက်လက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ #EIO Mar 10, 12:52AM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot https://t.me/eagleinformationoperator
"မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာတွင် စစ်ကောင်စီတပ်မှ ပွိုင့်ဖိုက်စက်လက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ (၂) ဦး သေဆုံး"

​၂၀၂၆ ခုနှစ်၊ မတ်လ (၁၀) ရက်

ယမန်နေ့ညအချိန်တွင် စစ်ကိုင်းတိုင်း၊​မုံရွာမြို့နယ်၊ ထနောင်းတော (မြောက်) ရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိပြီး ရွာထိပ်မှ အကြောင်းမဲ့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

​စစ်ကောင်စီသည် .5 စက်လက်ကြီးများဖြင့် ရွာထိပ်မှ ကျေးရွာအတွင်းသို့ ဦးတည်ပစ်ခတ်ခဲ့ခြင်းကြောင့် နေအိမ်အတွင်းမှ အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသားတစ်ဦးနှင့်အမျိုးသမီးတစ်ဦး ၊စုစုပေါင်း(၂) ဦး ကျည်ထိမှန်ကာ အသက်ဆုံးရှုံးခဲ့ရပါသည်။ ဒေသခံပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်နေပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်းလည်း သတင်းရရှိထားပါသည်။

​လက်နက်ကြီးနှင့် စက်လက်သံများ ကြားရသည့်အခါ သို့မဟုတ် စစ်ကြောင်းနှင့် နီးစပ်သည့်အခါ မိမိတို့နေအိမ်တွင် ခိုင်ခံ့သော ဗုံးခိုကျင်း (သို့မဟုတ်) အကာအကွယ်ရနိုင်မည့် နေရာများကို ကြိုတင်ပြင်ဆင်ထားပါ။ပစ်ခတ်သံများကြားသည်နှင့် ပြတင်းပေါက်များနှင့် ဝေးရာတွင်နေပြီး ကြမ်းပြင်ပေါ်၌ ဝပ်နေပါ။ .5 ကဲ့သို့သော ကျည်ဆံများသည် သာမန်သစ်သားနံရံများကို ဖောက်ထွက်နိုင်သဖြင့် အုတ်နံရံ သို့မဟုတ် မြေကျင်းထဲတွင် ခိုလှုံခြင်းက ပိုမိုစိတ်ချရပါသည်။

​ဒေသတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ချက်နှင့် လေကြောင်း/မြေပြင် စစ်ကြောင်းသတင်းများကို အမြဲမပြတ် နားစွင့်ထားပါ။အရေးပေါ် တိမ်းရှောင်ရပါက ယူဆောင်သွားနိုင်ရန် ဆေးဝါး၊ ရိက္ခာခြောက်နှင့် အရေးကြီးစာရွက်စာတမ်းများကို အထုပ်အပိုး အသင့်ပြင်ထားပါ။အုပ်စုလိုက် စုဝေးနေထိုင်ခြင်းသည် ပစ်မှတ်ဖြစ်လွယ်သဖြင့် ရှောင်ကြဉ်ပါ။ညဘက် ပစ်ခတ်မှုများ ဖြစ်ပွားနေချိန်တွင် ဖုန်းမီး၊ လက်နှိပ်ဓာတ်မီး သုံးခြင်းနှင့် မီးထွန်းခြင်းများကို လုံးဝ (လုံးဝ) ရှောင်ကြဉ်ပါ။
ပစ်ခတ်သံများကြားရသည့် အရပ်သို့ စူးစမ်းကြည့်ရှုခြင်း သို့မဟုတ် အပြင်ထွက်ခြင်း မပြုပါနှင့်။ ကျည်လွတ်နိုင်သည့် နေရာ၌သာ ငြိမ်သက်စွာ နေပါ။အတည်မပြုနိုင်သော သတင်းများကြောင့် ထိတ်လန့်မှု မဖြစ်စေရန် အထူးသတိပြုပါ။

​မှတ်ချက်။ ။အထူးသဖြင့် .5 စက်လက်ကြီးများသည် အကွာအဝေး အတော်အတန်အထိ ပြင်းအားကောင်းစွာ ရောက်ရှိနိုင်သဖြင့် ပစ်ခတ်သံကြားရပါက "ငါတို့ရွာ၊ငါတို့အနား မဟုတ်သေးပါဘူး" ဟုတွေးပြီး ပေါ့ပေါ့တန်တန် မနေဘဲ အကာအကွယ်ယူရန် လိုအပ်ပါသည်။

​စစ်ဘေးရှောင် ပြည်သူလူထုတွေအနေနှင့် မိမိရဲ့ နဂိုမူလရပ်ရွာတွေကို ပြန်ဖို့ စဉ်းစားသည့်အခါ မိမိအိမ်၊မိမိရပ်ရွာကို အလျင်စလို မပြန်မိဖို့ လိုပါတယ်။ မိမိနဂိုမူလရပ်ရွာတွေသည် စခစစ်ကြောင်းများဖြတ်သန်းခြင်းနှင့်တိုက်ပွဲဖြစ်ပွားခဲ့သည့် အရပ်ဒေသတွေ ဖြစ်ခြင်းကြောင့် သင့် အိမ်အတွင်း (သို့မဟုတ်) သင့် အိမ်အနီးနားပတ်ဝန်းကျင်တွင် (မြေမြှုပ်မိုင်း)နှင့် အခြားသော (ပေါက်ကွဲ)လက်နက် ပစ္စည်းများကျန်ရှိနေနိုင်ပါသည်။
သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီမှ တတ်နိုင်သမျှ ပေါက်ကွဲလက်နက်ပစ္စည်းအန္တရာယ်နှင့် ပတ်သက်လို့ မေးမြန်းစုံစမ်းကြပါ။ ဘေးကင်းလုံခြုံပြီ၊သက်ဆိုင်ရာအဖွဲ့အစည်းများမှ ပြန်ခွင့်ရပြီဆိုမှသာလျှင် မိမိနေရပ်ကို ပြန်ပါ။

ချစ်သောမိဘပြည်သူများ ကျန်းမာပြီး ဘေးကင်းကြပါစေ🙏

#EIO
Mar 10, 9:00AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
😢6
🚨မုံရွာ🚨

မုံရွာမြို့၊ ညောင်ပင်ဇောက်ရပ်ကွက် စာသင်ကျောင်းအနီးဝန်းကျင်တွင် စခများသည် အိမ်စီးကားများဖြင့်ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 10, 11:27PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍4
⚜️ လေ‌ကြောင်းသတင်းဆိုင်ရာ တယ်လီဂရမ်ချန်နယ်များ⚜️

https://t.me/earorg
https://t.me/nasairscoutteam
https://t.me/WaiHin
https://t.me/witnessenemyairscout

အထက်ပါ လေကြောင်းသတင်းနှင့်ပတ်သတ်သည့် တယ်လီဂရမ်သတင်းချန်နယ်များအား စုစည်းတင်ပြလိုက်ပါသည်။ မိမိတို့
#EIO သည် လေကြောင်းသတင်းချန်နယ်မဟုတ်သည့်အတွက် မိဘပြည်သူများနှင့် တလရရဲဘော်များ သိရှိစေရန်အနေဖြင့် #EIO Admin Team မှ ပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်။

#Admin Team
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-
@EIO2021_bot @EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
🙏2
မုံရွာတွင် ကင်းထွက်လာသည့် စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး တစ်ဦးသေဆုံး၊ လက်နက်သိမ်းဆည်းရရှိ

မုံရွာ - မတ်လ ၁၀ ရက်၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကင်းလှည့်ရန် ထွက်ခွာလာသည့် စစ်ကောင်စီတပ်ဖွဲ့အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။

မတ်လ (၉) ရက်နေ့ ညနေ (၄) နာရီ (၃၅) မိနစ်အချိန်ခန့်တွင် မုံရွာမြို့၊ မအူဂိတ်မှ အင်အား (၂၀) ခန့်ဖြင့် ထွက်ခွာလာသော စစ်ကောင်စီစစ်ကြောင်းကို Golden Target Force (G.T.F) နှင့် Brave Heart Army (B.H.A) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦး ထိမှန်ခဲ့ပြီး (၁) ဦး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း၊ သေဆုံးသူထံမှ MA-1 (Mark-1) အမျိုးအစား သေနတ်တစ်လက် နှင့် ကျည်ကာဦးထုပ် တစ်လုံး ကို သိမ်းဆည်းရရှိခဲ့ကြောင်း G.T.F အဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။

"ထိခိုက်တဲ့ကောင်တွေကို 4-Wheel ကား နှစ်စီးနဲ့ မုံရွာ နမခ ဘက်ကို ပြန်သယ်သွားတာ တွေ့ရတယ်လို့ မျက်မြင်ပြည်သူတွေဆီက သိရပါတယ်၊ တစ်ကောင်ကတော့ အောက်ဆီဂျင်ပိုက်တပ်ထားရလောက်အောင် ဒဏ်ရာပြင်းထန်တယ်" ဟု တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် ထိုနေ့ည (၉) နာရီ (၃၇) မိနစ်အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က မုံရွာမြို့နယ်အတွင်းရှိ ထနောင်းတော (မြောက်) ရွာ သို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ အဆိုပါ စီးနင်းပစ်ခတ်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ကျား (၁) ဦး နှင့် မ (၁) ဦး (စုစုပေါင်း ၂ ဦး) ကျဆုံးခဲ့ရသည့်အပြင် ကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်အချို့ကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

လက်ရှိတွင် စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်သဖြင့် ဒေသခံမိဘပြည်သူများအနေဖြင့် စစ်ရေးသတိ၊ စစ်ရေးအသိရှိကြရန်နှင့် တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များကို အထူးဂရုပြုကြရန် တိုက်တွန်းထားပါသည်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေးအတွက် ထောက်ပံ့ကူညီနိုင်ဖို့
https://www.facebook.com/profile.php?id=100090130454181
ကို တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်။

#Golden Target Force (G.T.F)
#Brave Heart Army (B.H.A)
#Eagle Information Operator (EIO)
👍2
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာပြီး ပြည်သူ(၆)ဦးအား ပေါ်တာဆွဲဖမ်းဆီးထားသော စခအိမ်စီးကား(၆)စီး၊(၆)ဘီးကား(၁)စီးသည် နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Mar 10, 4:43Pm
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏4
‼️ အရေးကြီး အသိပေး ပန်ကြားချက် ‼️

ခရီးသွားလာကြသော တော်လှန်ရေး ရဲဘော်ရဲဘက်များခင်ဗျား -

ယခုအချိန်ကာလသည် ဒေသမရွေး၊ နယ်မြေတိုင်းတွင် အကြမ်းဖက်စစ်ရှုံးကောင်စီ၏ စစ်ဆေးရေးဂိတ်များ၊ စစ်ကြောင်းများနှင့် ကင်းပုန်းများကြောင့် စစ်ရေးအခြေအနေ အထူးရှုပ်ထွေးနေသော အချိန်ကာလဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ခရီးသွားလာရာတွင် ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ကြိုတင်ချိတ်ဆက်၍ မိမိသွားလာမည့် ခရီးလမ်းကြောင်းကို သက်ဆိုင်ရာ နယ်မြေခံ၊တာဝန်ခံများ ထံသို့ ကြိုတင်ဆက်သွယ်ပါ။လမ်းကြောင်းအခြေအနေကို အတည်ပြုပြီး သတင်းပို့ ချိတ်ဆက်မှု ပြုလုပ်ပြီးမှသာ ခရီးစဉ်ကို စတင်ပါ။ ဒေသခံအဖွဲ့အစည်းများ၏ လမ်းညွှန်ချက်နှင့် စစ်ရေးသတိကို အမြဲရှိနေစေရန် တိုက်တွန်းအပ်ပါသည်။

မိမိတို့၏ အသက်ဘေးကင်းလုံခြုံရေးသည် တော်လှန်ရေးအတွက် အဓိကကျသဖြင့် စနစ်တကျ ချိတ်ဆက်သွားလာပေးကြပါရန် ဒေသခံအဖွဲ့အစည်းများကိုယ်စား #EIO Admin Team မှ အသိပေး ပန်ကြားအပ်ပါသည်။

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://www.x.com/Eagleeio
🙏2
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
6🥰1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏5
‼️အသိပေး၊သတိပေး ထုတ်ပြန်ချက်‼️

မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံတွင် ရှူံးမဲမဲနေသော စကစ၏ အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းမှ ဘေးအန္တရာယ်ကင်းဝေးစေဖို့ရန်အလိုငှာ ချစ်သောမိဘပြည်သူအ‌ပေါင်းတို့အနေဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်၊သတိပေးထုတ်ပြန်ချက်များကို လိုက်နာ‌ပေးကြပါရန်နှင့် မြေပြင်သတင်းချန်နယ်များဖတ်ရှူခြင်း၊နီးစပ်ရာအချင်းချင်းအပြန်အလှန်သတင်းပေးခြင်းများပြုလုပ်ကြပါရန် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)မှ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

မဖြစ်မနေ ကျန်းမာရေးကိစ္စဖြင့်သော်လည်းကောင်း၊စားဝတ်နေရေးကြောင့်သော်လည်းကောင်း ခရီး၊အနီး၊အဝေး သွားလာရမည်ဆိုပါကလည်း စခ၊ရခ ယာဉ်တန်းများ ဖြတ်သန်းချိိန်တွင် ယာဉ်တန်းများအနီး နေထိုင်ခြင်း၊အတူတကွလိုက်ပါမောင်းနှင်ခြင်း (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့် စခ၊ရခအထိုင်ဂိတ်များနှင့်စခ၊ရခများရှိရာ အနီးနားတွင်လည်း ကြာမြင့်စွာနေထိုင်ပြောဆိုခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန် ဘေးကင်းကြစေဖို့အလိုငှာ အထူးသတိပေး တိုက်တွန်းနှိူးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#Admin Team
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
🙏5
⚜️ လေ‌ကြောင်းသတင်းဆိုင်ရာ တယ်လီဂရမ်ချန်နယ်များ⚜️

https://t.me/earorg
https://t.me/nasairscoutteam
https://t.me/WaiHin
https://t.me/witnessenemyairscout

အထက်ပါ လေကြောင်းသတင်းနှင့်ပတ်သတ်သည့် တယ်လီဂရမ်သတင်းချန်နယ်များအား စုစည်းတင်ပြလိုက်ပါသည်။ မိမိတို့
#EIO သည် လေကြောင်းသတင်းချန်နယ်မဟုတ်သည့်အတွက် မိဘပြည်သူများနှင့် တလရရဲဘော်များ သိရှိစေရန်အနေဖြင့် #EIO Admin Team မှ ပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်။

#Admin Team
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-
@EIO2021_bot @EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
👍5
🚨အထူးသတိပြုရန်🚨

ယခုရက်ပိုင်း၌ စကစသည် မြို့နယ်ပေါင်းစုံ၊နယ်ပေါင်းစုံတွင် နေ့အချိန်၌ Spy Balloon၊UAV Scout drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်း၊ညအချိန်တွင်လည်း UAV Scout Drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။သို့ဖြစ်ပါ၍ တလရရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိကြပါရန် #EIO မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104

#VTOL 370 Scout Drone အကြောင်း‌လေ့လာရန် - https://t.me/eagleinformationoperator/17105

#Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752

#Gyrocopter နှင့် #Paramotor တို့ကိုတန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ - https://t.me/eagleinformationoperator/17807

🚨အထူးသတိပြုရန် နှိုးဆော်ချက် - https://t.me/eagleinformationoperator/19369

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👍5
ပြည်သူအားလုံးဟာ ငါတို့ရဲ့နား၊
ပြည်သူအားလုံးဟာ ငါတို့ရဲ့မျက်စိ၊
ပြည်သူအားလုံးရဲ့သတင်းဟာ ငါတို့ရဲ့အသက်
ပြည်သူ့အားဖြင့် စခ နိဂုံးချုပ်စေရမည် ဆိုသည့်အတိုင်း...........


ပြည်သူမှ ပြည်သူသို့ ၊ပြည်သူမှ သူရဲကောင်းရဲဘော်များ ထံသို့သာ ဖြစ်သည့်အတွက် #EIO Admin Team ထံသို့ မိဘပြည်သူများအနေနှင့် တာဝန်သိစိတ်ဖြင့် (မြေပြင်နှင့်လေကြောင်း)သတင်းများအား ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပြီး တင်ထားသည့်သတင်းများအားလည်း #Source Credit ပေးစရာမလို မည်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်- @EIO2021_bot
@EagleInformationOperator_bot
http://www.eagleinformationoperators@gmail.com
https://t.me/eagleinformationoperator
4👍3
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်းနှင့်တောင်ကုန်းရွာထိပ်သို့ ရောက်ရှိ၍ ပြည်သူအသွားအလာများကိုမိုင်းရှင်းခိုင်းနေကြောင်းသတင်းရရှိ။

#EIO
Mar 11, 8:44AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍5😢1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတောကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 11,9:10AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍6
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲအောင်သာလမ်းကူးသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 11, 9:31AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍7
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့်တံတားဖြူပေလမ်းသို့ရောက်ရှိ၍ လက်နက်ငယ်များ ရမ်းသမ်းပစ်‌ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Mar 11, 12:19PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏5
🚨ဆားလင်းကြီး🚨

ဝမ်ပေါင်မှ ထွက်လာသော ကြေးနီတွဲကားယာဥ်တန်းသည် မြစ်အနောက်ဘက်မှ မုံရွာမြို့၊အိုးရှင်းဇက်ဆိပ်သို့ ကူးနေကြောင်းသတင်းရရှိ။

#EIO
Mar 11, 12:23PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍51