EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.57K photos
186 videos
25 files
5.95K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ချင်းတွင်းတံတား🚨 မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားယာဥ်တန်းသည် ချင်းတွင်းတံတားဖြတ်၍ အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Mar 8, 10:43AM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot https://t.me/eagleinformationoperator
🚨ချင်းတွင်းတံတား🚨

ယင်းမာပင်နယ်၊အကျိုးကန်းကုန်းမှ ပြန်ထွက်လာသော စခသံပြားကာကားယာဥ်တန်းသည် ချင်းတွင်းတံတားဖြတ်၍ မုံရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Mar 8, 11:01AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍1
စစ်ရေးသတင်းပေါက်ကြားမှုက
စစ်ပွဲရှုံးနိမ့်ရခြင်းရဲ့ အဓိကအရေးကြီးတဲ့
အချက်တွေများထဲမှ တစ်ချက်ပါပဲ။

ဒါကြောင့်မို့ စစ်ရေးသတင်းကို (လုံးဝ) မပေါက်ကြားဖို့အတွက် ဘယ်စစ်တပ်မဆို သူ့ရဲ့တပ်သားတွေကို သင်ပေးပြီးသားဖြစ်သလို၊ သတင်းပေါက်ကြားစေတဲ့ တပ်သားကိုလည်း ထိရောက်တဲ့ ပြစ်ဒဏ်တွေ ပေးလေ့ရှိကြပါတယ်။

ဒါပေမဲ့ အခုကျနော်တို့ရဲ့ နွေဦးတော်လှန်ရေးက ပေါက်ဖွားလာတဲ့ PDF အပါအဝင် တခြားတော်လှန်ရေးအဖွဲ့တွေရဲ့ တပ်သား၊ တပ်ဖွဲ့ဝင်တွေဟာ စစ်ရေးစစ်ရာကို လုပ်နေတယ်၊ စစ်သားလုပ်နေရပေမဲ့ သူတို့ဟာ Volunteer စစ်သားတွေဖြစ်ကြတယ်လို့ ခံယူထားကြတဲ့အတွက်၊ စစ်သား စစ်စစ်ကြီးတွေလို စည်းကမ်းတွေ၊ အမိန့်စီးဆင်းမှု၊ လုပ်နိုင်စွမ်းတွေမှာ အားနည်းချက်တွေ အများကြီးပါပဲ။

ဒီမိုကရေစီကို အပြည့်အဝ ခံစားလာရတဲ့ ရပ်ဝန်းက လာခဲ့တဲ့သူတွေများတာမို့၊ ပုံမှန်ထက်ပိုပြီး စစ်သားမဆန်နိုင်ကြသလို၊ စစ်သားပီသဖို့ အတင်းတိုက်တွန်းပြုပြင်ရင်လည်း တော်လှန်/တိုက်ခိုက်မည့်သူ ဘယ်သူမှ ကျန်တော့မှာမဟုတ်ပါဘူး။

ဘာလို့လည်းဆိုတော့ သူတို့ဟာ အမိန့်ဆိုတာကြီးကို သိပ်မုန်းကြလို့ပါပဲ။ အဲ့ဒါကြောင့် ကျနော်တို့မှာ ဒီမိုကရေစီမကျ၊ စစ်တပ်မကျနဲ့ အပေးအယူပုံစံမျိုး၊ မိသားစု၊ညီအကိုလိုမျိုး သွားရပါတယ်။

အဲ့လိုသွားရတဲ့အခါ အားနည်းချက်၊ အားသာချက်ဆိုတာတွေက အများကြီး ပေါ်လာတာပဲ။

ပြောချင်တဲ့အကြောင်း အရင်းရောက်ပါပြီ။

(အဲ့လိုဆိုတော့ကား).. ရဲဘော်တစ်‌ယောက်ဆီတိုင်းက စစ်ရေးသတင်းကို မရေးရ မပြောရဆိုတဲ့ အမိန့်ကို သိပေမဲ့လည်း အပေါ်မှာရေးထားတဲ့ အနေအထားတွေကြောင့် သူတို့ဟာ လုပ်ရဲကြတယ်၊ ပြောရဲကြတယ်။

ပြောရတဲ့ အကြောင်းအရင်းတွေလည်း များစွာရှိပါတယ်။ (တချို့က) ထင်ပေါ်ကျော်ကြားချင်လို့၊ (တချို့က) ဖန်ငွေရှာချင်လို့၊ တချို့ကြတော့လည်း မွေးရာပါ ကြွားဝါချင်တဲ့စိတ်ကြောင့်၊ အဲ့လိုပုံစံတွေ အများကြီးကြောင့်ပါပဲ။

သတင်းတွေ ပေါက်ကြားလာတဲ့ အကြောင်းအရင်းတွေကလည်း အများကြီးပါပဲ။ တချို့က သူတို့ အကောင့်က ရေးတင်တာ၊ ပြောဆိုတာမျိုး၊ တချို့ကြတော့လည်း သူတို့ရဲ့ မိသားစု၊ သူတို့ရဲ့မိတ်ဆွေတွေကို ပြောရင်း အဲ့ကနေ တဆင့် ပေါက်ကြားတာမျိုး၊ ဒါတောင် တခြားသော အကြောင်းအရင်းများစွာ ကျန်သေးတယ်။

ဆိုတော့ကား....
စစ်ရေးသတင်း လုံခြုံမှုက စစ်ပွဲတိုင်းရဲ့ အသက်ပါပဲ။

ဒါကြောင့်မို့ ကိုယ့်ရဲ့ လုပ်ရပ်တခု၊ အပြောအဆိုတခုက ကိုယ့်ရဲဘော်ရဲဘက်တွေနဲ့ ကိုယ့်အစုအဖွဲ့၊ အားလုံးရည်မှန်းထားတဲ့ မျှော်လင့်ချက်တွေကို မရိုက်ချိုးမိစေကြဖို့ ကိုယ့်ကိုကိုယ် ထိန်းသိမ်းကြဖို့ပဲ မျှော်လင့်ပါတယ် ။

တော်လှန်ရေး တပ်စုတိုင်း၊တပ်ဖွဲ့တိုင်းမှာ လူပေါင်းစုံရှိကြပါတယ်။
သူတို့ရဲ့ရှင်သန်ကြီးထွားလာခဲ့တဲ့ ပတ်ဝန်းကျင်၊ နောက်ခံအသိုင်းအဝိုင်း၊ IQ,EQ ၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ အကျင့်စာရိတ္တ၊ သည်းခံနိုင်မှု၊ လုပ်ကိုင်နိုင်စွမ်းနဲ့ လိမ္မာပါးနပ်မှု ဆိုတဲ့ အကြောင်းအရာ၊ အချင်းအရာတွေကြောင့် ပြဿနာမျိုးစုံကလည်း ရှိနေဆဲ၊ ရှိနေမြဲပါပဲ။

အဲ့နေရာကို
မတူကွဲပြားမှုများစွာရှိနေတဲ့ နေရာလို့ခေါ်ပါတယ်။ အဲ့ဒီ့ မတူကွဲပြားမှုမှာ အားနည်းချက်တွေ ရှိကောင်းရှိနေမှာ မှန်သော်လည်းပဲ၊
ရှေ့ဆောင်ဦးရွက်ပြုကြတဲ့ ခေါင်းဆောင်တွေရဲ့ ဘယ်လို Control လုပ်နိုင်မလဲအပေါ် မူတည်ပြီးတော့လည်း အများကြီး ကွဲပြားခြားနားပါတယ်။

ကမ္ဘာပေါ်မှာ အလှပဆုံးသော၊ အအောင်မြင်ဆုံးသော အရာတွေက မတူကွဲပြားမှုဆိုတဲ့ အကြောင်းအရင်းကပဲ မွေးဖွားရှင်သန်လာခဲ့တာပါ။

သူ့အလိုလိုတော့ ရလာလိမ့်မည်မဟုတ်ပါဘူး။

အသုံးချတတ်ခြင်းပေါ်မှာပဲ မူတည်ပါတယ်။

📝CDM ဗက

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန် @EIO2021_bot
https://www.facebook.com/eagleinformation
https://t.me/eagleinformationoperator
http://www.eagleinformationoperators@gmail.com
🙏1
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့

လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန (NUG, MOSLHA) နှင့် ဂျန်ဒါမူဝါဒဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (NUCC, JCC-GP) တို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်

၂၀၂၆ ခုနှစ် မတ်လ (၈)ရက်

#rights, justice and action for all women and girls
#DoSA
#MoSLHA #NUGMYANMAR #Women #Myanmar
🥰1
“ဗလာမျက်လုံး မိသားစု"

မနက်မိုးလင်းတိုင်းမှာပဲ
အဖေဟာ
အင်္ကျီစုတ်လေး ကျောမှာပိုးပြီး
အိမ်တံခါးကို ဆွဲဖွင့်
လူမှုယန္တရားဆီ ဝင်ရောက်
မောင်းနှင်ခံရတယ်...။

အမေငှဲ့ချလိုက်တဲ့
ထမင်းရည်ပူပျစ်ပျစ်ချွဲ
မူပိုင်ဝယ်ထားလို့
တစ်ယောက်သောက
တစ်ယောက်ငုံ့ကြည့်ရင်း
တဖူးဖူး မှုတ်သောက်ခဲ့ကြတယ်
ငါတို့မောင်နှမတွေ
လှောင်ရယ်သံများရိုက်နှက်
နှလုံးသားမှာ အရှိူးရာ
စာသင်ကျောင်းကို
မသွားပါရစေနဲ့ အမေ
အဖေ အိမ်ပြန်လာတဲ့အခါ
လည်ပင်းမှာ သွားရာ ဗရပွ
သူ့ရင်ဘတ်မှာ သီးနေတဲ့
ချွေးစက်တွေကို
အိမ်အပြင်
ခါထုတ်လိုက်တာမြင်တော့
အမေက စာနာခြင်းသက်ပြင်းကို
ဖွဖွလေး ချတယ်
ညနေတိုင်း ညနေတိုင်းမှာ
ရှိုက်သံသဲ့သဲ့ကို
တိုးတိုးလေး ကြားကြားနေရတယ်
မီးပုံဘေး အငွေ့တထောင်းထောင်း
မြေအိုးထဲ
အမေဘာတွေထည့်ချက်နေတာလဲ ဆိုတော့
“ဝေဒနာတွေပေါ့ သားလေးရယ်”တဲ့ ….

မျက်နှာစုံညီ ထမင်းဝိုင်း
ထမင်းပန်းကန်ထဲက အပူ
သူ့ကိုငဲ့ ကိုယ့်ကိုငဲ့လို့
မျက်ရည်လေးတွေ ဖွက်ထားကြတဲ့
ဗလာမျက်လုံး မိသားစု။ ။

လူနော်
(၂၂-၂-၂၀၂၆)

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)

📌တနင်္ဂနွေကဗျာကဏ္ဍ
#myanmarpoliticalprisoners
#PPNM
😢1
🚨ချောင်းဦး🚨

ချောင်းဦးမြို့ပေါ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Mar 8, 1:10PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨ချောင်းဦး🚨 ချောင်းဦးမြို့ပေါ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏 #EIO…»
🚨ချောင်းဦး🚨

ချောင်းဦးနယ်၊အမြင့် စခခြံမှ စခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

#EIO
Mar 8, 2:49PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍1
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Mar 8, 2:59PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊မအူဂိတ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏 #EIO…
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ စခများသည် ဒုတိယအကြိမ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Mar 8, 3:02PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊မအူဂိတ်မှ စခများသည် ဒုတိယအကြိမ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ စခများသည် တတိယအကြိမ် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Mar 8, 3:05PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏1
ယင်းမာပင်နယ် စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုက လူသတ်၊ လုယက်၊ PDF စခန်းနဲ့ နေအိမ်တွေ မီးရှို့ကာ နောက်ပြန်ခေါက်သွား၊

သုထက်/MFP၊ မတ်- ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်နဲ့ ကနီမြို့နယ်အစပ်ကို စစ်ကြောင်းထိုးတဲ့ အာဏာသိမ်း စစ်အုပ်စုဟာ လူသတ်၊ လုယက်၊ တော်လှန်ရေးတပ်စခန်း သုံးခုကို မီးရှို့ဖျက်ဆီးပြီးနောက် လာလမ်းအတိုင်း နောက်ပြန်ခေါက်သွားပြီလို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ်လ ၆ရက် ညနေပိုင်းမှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ထဲကနေ သံပြားကာ ကားတွေ အပါအဝင် စုစုပေါင်း ကား ၁၂စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စု အင်အား ၃၀၀ ခန့်ဟာ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာ ပျူစခန်းမှာ ညအိပ်တပ်စွဲပြီးနောက် မတ်လ ၇ရက် မနက်ပိုင်းက စလို့ ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း ကျေးရွာတွေကို စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့တာ ဖြစ်ပါတယ်။

အဲ့ဒီ စစ်အုပ်စုဟာ မတ်လ ၇ရက်မှာ ဘန့်ဘွေးရွာ ပျူစခန်းအနီးရှိ ထန်းဇင်ကျေးရွာက အသက် ၅၀ အရွယ် ဒေသခံအရပ်သားပြည်သူ အမျိုးသာတစ်ဦးကို သတ်ဖြတ်ခဲ့သလို မယ်စောတောတိုက်ကိုလည်း စီးနင်ဝင်မွှေပြီး နေအိမ်တွေ ဖောက်ထွင်းကာ စားနပ်ရိက္ခာနဲ့ အိမ်မွေးတိရစ္ဆာန်တွေ လုယက်ခဲ့ပါတယ်။ ဒါ့အပြင် ကနီနယ် နတ်လာပို့တောင်ရွာ အလှူပွဲနဲ့ နတ်လာပို့မြောက်ရွာ ဘုန်းတော်ကြီးကျောင်းတွေကို ဒရုန်း သုံးစင်းနဲ့ ဗုံးဖောက်ခွဲတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ကိုရင်ငယ် နှစ်ပါး အပါအဝင် အလှူပွဲမှာ ပရိတ်တရားနာနေတဲ့ ဒေသခံ ကိုးဦး သေဆုံးခဲ့ပါတယ်။

အဲ့ဒီနောက် ဆက်လက်ပြီး စစ်အုပ်စုက ယင်းမာပင်နဲ့ ကနီနယ်အစပ်ရှိ ယင်းမာပင်ခရိုင် PDF ၃၅ အမှတ် တပ်ရင်းရဲ့ စခန်း၊ ULF စခန်းနဲ့ ချိုမိုင်မိုင် PDF စခန်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

ယင်းမာပင်နဲ့ ကနီနယ်အစပ် စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ အဲဒီ စစ်အုပ်စုကို ယင်းမာပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ULF စစ်ကြောင်းနဲ့ 9+ စစ်ကြောင်းတို့ ပူးပေါင်းကာ ပဒေသာမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ULF စစ်ကြောင်းက သတင်း ထုတ်ပြန်ပါတယ်။

“အလှူပရိတ်တရားနာအပြီး သာသနာ့ဘောင်ကို တက်လှမ်းတော့မည့် ရှင်သာမဏေနှစ်ပါး အပါအဝင် ပရိတ်တရား နာကြားနေသည့် ပြည်သူ ငါးဦးအား လက်နက်ကြီးနှင့်ထု၍ သတ်သွားသော စစ်ခွေးမိစ္ဆာ ၃၀၀ ကျော်အား ULF စစ်ကြောင်းမှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့” လို့ ULF က ဖော်ပြပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အထိအခိုက် အသေအပျောက်ရှိတဲ့ စစ်အုပ်စုဟာ နဘူးတောကျေးရွာအနီး တောတိုက်ရှိ နေအိမ် လေးလုံးကို စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စု ရန်ကြောင့် ယင်းမာပင်မြို့နယ်ရှိ နဘူးတော၊ ကြက်လျာ၊ ကျောက်ကုန်း၊ နှောပင်၊ ကျွန်းပေါ်၊ အင်းပတ် စတဲ့ ကျေးရွာတွေနဲ့ ကနီမြို့နယ်ရှိ တွင်းမ၊ လည်ရှည် စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။

စစ်အုပ်စုဟာ ဒီကနေ့ မတ်လ ၈ရက် မွန်းလွဲ ၁နာရီလောက်မှာတော့ နမခ ထဲ ပြန်ဝင်သွားပြီ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲ့ဒီ ယင်းမာပင်နဲ့ ကနီနယ်စပ် စစ်ကြောင်းထိုး၊ လူသတ်၊ လုယက်၊ မီးရှို့တဲ့ စစ်အုပ်စုကို ဗိုလ်နဂါး ဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်အတော် - BNRA က ဖိုက်တာမျက်လုံးခေါ် မျက်လုံး ဆိုသူက လမ်းပြပေးတာ ဖြစ်နိုင်တယ်လို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ထင်မြင်ချက်ပေးကြပြီး MFP အနေနဲ့ သီးခြားအတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

စစ်အုပ်စုဟာ ယင်းမာပင်နဲ့ ကနီနယ်အစပ် ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ဒီဇင်ဘာလအတွင်းကလည်း ယင်းမာပင်နယ် အရှေ့မြောက်ခြမ်း၊ ကနီနယ်အစပ်၊ ချင်းတွင်းမြစ်ရိုးရှိ ကျောက်မှော်၊ ကျောက်ကုန်း၊ ကျွန်းပေါ်၊ နှောပင်၊ အင်းပတ်၊ ကြက်လျာနဲ့ ပန်းတိမ်ပြင် စတဲ့ ကျေးရွာတွေကို အာဏာသိမ်း စစ်အုပ်စုက လေးရက်ကြာ စီးနင်းလုယက် မီးရှို့လို့ အိမ်ခြေ ၂၅၀ ဝန်းကျင် မီးလောင်ပြာကျခဲ့ပါသေးတယ်။

#Mandalay_Free_Press_MFP
😢1
ခေတ်အဆက်ဆက် အမျိုးသမီးများသည် လူ့အဖွဲ့အစည်း၏ ကန့်သတ်မှုများနှင့် ဖိနှိပ်မှုများကို ကျော်ဖြတ်ကာ မိမိတို့၏လမ်းကို ကိုယ်တိုင် ဖောက်ခဲ့ကြသည်။ အာဏာရှင်စနစ်ကို ခုခံတွန်းလှန်ရမည့် အချိန်များတွင်လည်း မကြောက်မရွံ့ ရှေ့တန်းမှရပ်တည်ကာ တော်လှန်ရေးကို ဆက်လက် ဦးဆောင်လာခဲ့ကြသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများအားလုံး၏ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် ကြိုးစားမှုများကို တန်ဖိုးထား လေးစားကြောင်း ဖော်ပြအပ်ပါသည်။ ယနေ့ကျရောက်သော နိုင်ငံတကာ အမျိုးသမီးများနေ့တွင် ညီအမများ၊ အမများနှင့် မိခင်များအား လေးစားဂုဏ်ယူစွာ ဂုဏ်ပြုအပ်ပါသည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
🥰2
🚨ချောင်းဦး🚨

ချောင်းဦးမြို့ပေါ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Mar 8, 6:18PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏2
၁၉ရက်/၂၀ရက်၊ မတ်လ၊ ၂၀၁၉ခုနှစ် စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့နယ် ပြည်သူလူထုတွေ့ဆုံပွဲ ခရီးစဉ်တွင် တွေ့ရသော နိူင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် အမေ ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံ။ ။
🫡1
ယနေ့ မတ်လ ၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women's Day) တွင် မြန်မာနိုင်ငံ၏ အမျိုးသမီးထုခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား လေးစားစွာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

"ကြောက်ရွံ့ခြင်းမှ ကင်းဝေးခြင်း" (Freedom from Fear) ဆိုသည့် သူမ၏ ဟောပြောချက်များသည် အမျိုးသမီးများအား မိမိတို့၏ အခွင့်အရေးအတွက် ရဲဝံ့စွာ တောင်းဆိုတတ်စေရန် လှုံ့ဆော်ပေးခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် သူမ၏ အနစ်နာခံမှု၊ ကိုယ်ကျိုးစွန့်မှုများနှင့် မြန်မာ့ဒီမိုကရေစီရေးအတွက် ကြိုးပမ်းခဲ့မှုများကို လေးစားစွာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

နွေဦးတော်လှန်ရေး အစမှ ယခုအချိန်ထိ စိတ်ဓါတ်ကြံ့ခိုင်စွာဖြင့် ကျရာတာဝန်ကိုထမ်းဆောင်နေသူ အမျိုးသမီးများအားလုံးကိုလည်း လေးစားစွာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

အမေဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အမျိုးသမီးများအားလုံး အမြန်ဆုံး လွတ်မြောက်နိူင်ကြပါစေရန်နှင့် ကျန်းမာပြီးဘေးကင်းကြပါစေ🙏🏻

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator
🥰2🫡2
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ (၆)ဘီးကား(၂)စီးဖြင့် ထွက်လာသော စခများသည် တောင်ပုံရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 8, 9:11PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာထိပိသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 8, 9:20PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏2
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စခအအပါ (၆)ဘီးကား(၁)စီးသည် ကားလေးကွင်းဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Mar 8, 10:00PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍2