EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.54K photos
184 videos
25 files
5.91K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ယင်းမာပင်🚨 ယင်းမာပင်နယ်၊ဘန့်ဘွေးပျူရွာမှ စခများသည် (၇)ကြိမ်မြောက်လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။ အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။ မိဘပြည်သူများအားလုံး ဘေးအန္တ…
🚨ယင်းမာပင်🚨

ယင်းမာပင်နယ်၊ဘန့်ဘွေးပျူရွာမှ စခများသည် ထပ်မံ၍ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေဆဲဖြစ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Mar 7, 10:20AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏2
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကားများနှင့် ယာဉ်တန်းသည် မုံရွာမြို့၊အိုးရှင်းဇက်ဆိပ်မှ မြစ်အနောက်ဘက်သို့ ကူးနေကြောင်းသတင်းရရှိ။

#EIO
Mar 7, 10:49AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍2
CEIR စနစ်​ကြောင့် စစ်တပ်ကပြည်သူ​တွေရဲ့တည်​နေရာ​ခြေရာခံနိုင်တဲ့ အန္တရာယ်ကြီးမားလာ

မတ်-၆၊၂၀၂၆။ဇေအောင်/People's Spring

စစ်ကောင်စီရဲ့ CEIR စနစ်ဟာ အများပြည်သူ​​တွေရဲ့ တည်​နေရာကို ​စောင့်ကြည့် ​ခြေရာခံနိုင်တဲ့ အန္တရာယ်ကြီးမားလာပြီဖြစ်ကြောင်း Myanmar Internet Project (MIP)သတိပေးလိုက်ပြီး ကြိုတင်ကာကွယ်ရန် အချက် (၁၀) ချက် ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၅ ရက်နေ့က စစ်ကောင်စီက ထုတ်ပြန်ခဲ့တဲ့ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်တဲ့စနစ် (CEIR)ဟာ အခွန်ကောက်ခံရန်နဲ့ တရားမဝင်တင်သွင်းမှု တားဆီးရန်လို့ အကြောင်းပြထားပါတယ်။ဒါ​ပေမဲ့ ဒစ်ဂျစ်တယ်လုံခြုံရေးရှုထောင့်ကနေ ကြည့်ပါက စောင့်ကြည့်ရေးယန္တရားတွေကို ဖော်ဆောင်နိုင်တာကို အချက် ၅ ချက်နဲ့ တွေ့ရှိနေတယ်လို့ Myanmar Internet Project က အသိပေးပါတယ်။

Myanmar Internet Project (MIP) ဆိုတာ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်အခွင့်အရေး၊ အင်တာနက်လွတ်လပ်ခွင့်နဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အခြေအနေတွေကို စောင့်ကြည့်လေ့လာပြီး အချက်အလက်ထုတ်ပြန်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

​CEIR စနစ်ဟာ ဖုန်းတစ်လုံးချင်းစီရဲ့မူရင်းအမှတ်
အသား (IMEI)ကိုအခြေခံကာအကောင်အထည်
ဖော်ခြင်းဖြစ်ပါတယ် ။

"စစ်အုပ်စုဟာ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်တွေအတွက် အများပြည်သူ့ဒစ်ဂျစ်တယ်အချက်
အလက်တွေကို ၂၀၂၁ နောက်ပိုင်းမှာ တိုးမြှင့်ပြီး စုဆောင်းလာတယ်။ နည်းပညာတွေကို အဆင့်မြှင့်လာတယ်။ ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးကို ကောင်းမွန်သည်ထက်ကောင်းမွန်အောင် တည်
ဆောက်လာတယ်ဆိုတာ ကျနော်တို့ လေ့လာမှုတွေအရ တွေ့ရှိရပါတယ်။ ဒီအချက်တွေဟာ အများပြည်သူ့ အကျိုးစီးပွားထက် စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရားအတွက် လွယ်ကူအောင်ရည်ရွယ်နေခြင်းဖြစ်ပါတယ်။ ဒီလိုတည်ဆောက်ပြီး ဖိနှိပ်မှုတွေ၊ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ ဒစ်ဂျစ်တယ်ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာ အထင်အ
ရှားလည်း တွေ့နေရပါတယ်။ အခု CEIR စတင် ကျင့်သုံးတယ်ဆိုတာလည်း ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ကို အဆင့်မြှင့်တင်လိုက်တာပါ။ အများပြည်သူ့အကျိုးစီးပွားကနည်းနည်းပါ" လို့
မြန်မာအင်တာနက်ပရောဂျက်(MIP) ၊ဒစ်ဂျစ်တယ်အရေးလေ့လာသူကိုသစ်ဥာဏ်က​ပြောပါတယ်။

ဒစ်ဂျစ်တယ်လုံခြုံ​ရေးရှူ​ထောင့်အရ စစ်တပ်ကပြည်သူ​တွေကို ဘယ်လိုစောင့်ကြည့်ရေးယန္တရား​တွေလုပ်ရနိုင်လဲ ဆိုတာကို MIP ကအခုလိုအချက် ၅ ချက်နဲ့ ရှင်းပြပါတယ် ။

(၁) တည်နေရာ ခြေရာခံနိုင်မှု အန္တရာယ်ကြီးမားလာခြင်း

စစ်ကောင်စီဟာ အီးအိုင်ဒီ(E-ID)လုပ်ငန်းစဉ်အရ နိုင်ငံသားအများစုရဲ့ဇီဝအချက်အလက်များ ရရှိထားပြီးဖြစ်ပါတယ်။ ဆင်း ကဒ်(SIM)မှတ်ပုံတင်ပြုလုပ်ချိန်ကလည်း နိုင်ငံသားများရဲ့ မှတ်ပုံတင်နံပါတ်များနဲ့ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ယခု IMEI မှတ်ပုံ တင်ပြုလုပ်ချိန်မှာ ဆင်းကဒ်(SIM-Card)၊ မှတ်ပုံတင်နံပါတ်နဲ့ IMEI တို့ ပေါင်းစပ်မိသွားပြီး ဘယ်သူဘယ်ဝါသုံးစွဲနေတယ်ဆိုတာကိုအတိအကျ သိရှိသွားပါမယ်။

ဖုန်းဆင်းကဒ်တစ်ခုဟာ အနီးရှိ တာဝါတိုင်(၃)ခုနဲ့ အနည်းဆုံး ချိတ်ဆက်နေလေ့ရှိပါတယ်။ ဒါ့ကြောင့် “Triangulation Method”ကိုအသုံးပြုပြီး သုံးစွဲသူရောက်ရှိနေတဲ့ အနီးစပ်ဆုံးနေရာကို ခြေရာခံနိုင်စွမ်း ပိုမိုမြင့်မားလာစေပါတယ်။

(၂) အစုလိုက်အပြုံလိုက် စောင့်ကြည်ရန် လွယ်ကူလာခြင်း

CEIR အဖြစ်မှ တ်ပုံတင်ထားရတာကြောင့်
Metadata တွေကို AI နဲ့ Big Data Analysis တို့ဖြင့် ပေါင်းစပ်ကာ ဘယ်ဖုန်းတွေက ဘယ်နေရာမှာ စုဝေးနေတယ်၊ ပစ်မှတ်ထားခံရသူနဲ့ ဘယ်သူတွေ
အချိန်မည်မျှကြာအောင် အတူရှိနေခဲ့တယ် စတာတွေကို လွယ်ကူစွာ ထောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

(၃) ပစ်မှတ်ထား ပိတ်ဆို့ရန် လွယ်ကူခြင်း

​ယခင်က SIM ကတ်ကိုသာ ပိတ်နိုင်ပေမဲ့ ဒီစနစ်မှာတော့ IMEI ကို အခြေခံပြီး ပိတ်ပင်မှာဖြစ်တဲ့အတွက် ဖုန်းတစ်လုံးလုံးကို ဆက်သွယ်ရေးကွန်
ရက်အတွင်း အသုံးပြု၍ မရအောင် လုပ်ဆောင်နိုင်လာမှာဖြစ်ကြောင်း၊ မှတ်ပုံမတင်ထားတဲ့ ဖုန်းများကိုလည်း ရက် ၃၀ အတွင်း ပိတ်ပင်သွားမယ်လို့ ဆိုပါတယ်။

(၄) မိုဘိုင်းဖုန်းအား ထိန်းချုပ်ဝင်ရောက်ခံရနိုင်ခြေ မြင့်မားခြင်း

​ဖုန်းရဲ့ မော်ဒယ်နဲ့ ဟာ့ဒ်ဝဲအမျိုးအစားများကို အလိုအလျောက် သိမ်းဆည်းသွားမှာဖြစ်တဲ့အတွက် ဖုန်းအမျိုးအစားလိုက် ထိုးဖောက်ဝင်ရောက်နိုင်တဲ့(Spyware)များရှိနေပါက အသုံးပြုသူအား အဝေးမှ ပစ်မှတ်ထား စောင့်ကြည့်ခံရနိုင်ခြေ ပိုမိုမြင့်မားလာနိုင်ပါတယ်။

(၅) ဟက်ကာများ၏ ပစ်မှတ် ဖြစ်လာနိုင်ခြင်း

IMEI မှတ်ပုံတင်အချက်အလက်တွေဟာ မှတ်ပုံတင်သပ်သပ်မဟုတ်ဘဲ လူတစ်ဦးချင်းစီ ကိုယ်ရေးအချက်အလက်အ စုအဝေးဖြစ်ရာ သိမ်းဆည်းထားတဲ့ ဒေတာဘေစ့်(Data Base)သဖွယ်ဖြစ်သည့်အတွက် ဟက်ကာများ၏ပစ်မှတ်ဖြစ်လာနိုင်ပါတယ်။

လုံခြုံရေးအားနည်းချက်ကြောင့် ဖောက်ထွင်းဝင်ရောက်ခံရပါက ယင်းအချက်အလက်တွေဟာ မှောင်ခိုစျေးကွက်အတွင်း ရောက်ရှိသွားပြီး ငွေကြေးလိမ်လည်မှု(Scams)နဲ့ ကိုယ်ရေးအချက်
အလက်ခိုးယူခံရမှုများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ယခုကဲ့ သို့ ငွေကြေးလိမ်လည်မှု(ကျားဖြန့်)များ များပြားနေတဲ့ကာလမှာ ယင်းအချက်အလက်
ဟာ စိုးရိမ်စရာအလွန်ကောင်းပါတယ်။
ဒါ့ကြောင့် သုံးစွဲသူများအနေနဲ့ အတတ်နိုင်ဆုံး ကာကွယ်မှုများကို ကြိုတင်ပြုလုပ်ဖို့ လိုအပ်နေတယ်လို့MIP ကထပ်မံသတိပေးပါတယ်။

Myanmar Internet Project က အကြံပြုတဲ့ ကာကွယ်ရန် နည်းလမ်းတွေကတော့

(၁) ဆင်းကဒ်နဲ့ တိုက်ရိုက်ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုများကို တတ်နိုင်သမျှ ရှောင်ပါ။ ဝိုင်ဖိုင်(Wifi)မှတစ်ဆင့် Signal ကဲ့သို့ ဝှက်စာစနစ်ပါတဲ့ အပ်ပလီကေးရှင်းများကို အသုံးပြု ဆက်သွယ်ပါ။

(၂) အရေးကြီးတဲ့ အချက်အလက်များ(ဓာတ်ပုံ၊ စာနှင့်အဆက်အသွယ်)ကို မိမိရဲ့ဖုန်းမှာ တိုက်ရိုက်မသိမ်းဘဲ လုံခြုံရေး ကောင်းမွန်တဲ့ Cloud Storage တစ်ခုခုမှာ သိမ်းဆည်းပါ။

(၃) လိုအပ်ချိန်မှာ Airplane Mode အသုံးပြုပြီး တာဝါနဲ့ ယာယီအဆက်သွယ် ဖြတ်တောက်ပါ။ လုံခြုံရေးအရ ပိုမိုစိတ်ချ ရစေဖို့ Aluminium Foil များနဲ့ ထုပ်ပိုး၍သိမ်းပြီး ဖုန်းနှင့်တာဝါတိုင်အကြားအဆက်သွယ် ဖြတ်တောက်ပါ။

(၄) IMEI မှတ်ပုံမတင်ထားတဲ့ မိုဘိုင်းကိရိယာ
(Device)တစ်ခုကို ဆင်းကဒ်(Sim Card)
ထည့်သွင်းအသုံးပြုခြင်းမရှိဘဲ စိတ်ချရသည့် ဝိုင်ဖိုင်(WIFI)ဖြင့် ချိတ်ဆက်ပြီး အသုံးပြုပါ။

(၅) အက်ပ်(App)များရဲ့ တည်နေရာတောင်းခံမှုနဲ့ “Special permission”ကို မလိုအပ်ပါက ခွင့်မပြုပါနှင့်။

(၆) Two Step Verification(2FA)အသုံးပြုရာမှာ ဆင်းကဒ်(SIM SMS)ကိုမသုံးဘဲ Google Authenticator ကဲသို့ စိတ်ချ ရတဲ့ နည်းလမ်းကို အသုံးပြုပါ။

(၇) IMEI မှတ်ပုံမတင်မီ မိမိဖုန်းအတွင်းမှာရှိတဲ့ အရေးကြီးအချက်အလက်တွေကို လုံခြုံတဲ့နေရာမှာ ပြောင်းလဲသိမ်းဆည်းပြီး ဖုန်းအတွင်း အပြီးဖျက်ပစ်ပါ။ (လက်ရှိအသုံးပြုနေတဲ့ ဖုန်းတွေဟာ အလိုလျောက်မှတ်ပုံတင်ပြုလုပ်သွားမှာဖြစ်လို့ အမြန်ဆုံးဆောင်ရွက်ဖို့လိုအပ်ပါတယ်။)

(၈) Android ဖုန်းများတွင် Encrypt ဖုန်းလုပ်ထားမထား စစ်ဆေးပြီး မပြုလုပ်ထားပါ ပြုလုပ်ပါ။ ဖုန်းအား Lock Screen မဖြစ်မနေပြုလုပ်ပါ။

(၉) လုံခြုံစိတ်ချရသည့် ဗီပီအန်(VPN)များကို အမြဲအသုံးပြုပါ။

(၁၀) မိမိအသုံးပြုတဲ့ “Device”များရဲ့ “Operation System-OS”နဲ့ “Application”
များကို အမြဲ“Update”ပြုလုပ်ပါ။ Play Store(Android)/ App Store(iPhone)ကဲ့သို့ စိတ်ချရတဲ့ နေရာများမှသာ “Application”များကို ထည့် သွင်းပါ။

#People's Spring

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Myanmar #SecurityTips #StaySafe
တလရ ၅ နှစ်ကျော် ကြာလာတဲ့ အခါ MOD အောက်က လန ကိုင်ဆောင်ထားတဲ့ တပ်ရင်း တပ်ဖွဲ့ အချို့ ဟာ
COC ၂ ရပ်ကို မလိုက်နာဘဲ ပြစ်မှု ပြစ်ဒဏ် ကျုးလွန်လာကြတာတွေ ထွက်ပေါ်လာကြပါတယ်။ ကျုးလွန်ခံရသူတွေ ကျုးလွန်သူတွေ ကို သိရှိပြီး ဘယ်ကို တိုင်ကြားရမှန်းမသိဘဲ ဖြစ်စဉ်တွေ ကြာရှည် နေခဲ့ကြတာတွေရှိပါတယ်။

MOD အနေ နဲ့ စစ်ရေး ပြစ်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ကြေငြာချက် အမှတ်ကို ၂၀၂၂ မတ်လ ထဲက ပဲ ထုတ်ပြန်ကြေငြာပြီးသား ဖြစ်ပါတယ်။

တပ်ရင်း တပ်ဖွဲ့က ရဲဘော်တွေနဲ့ တော်လှန် ပြည်သူလူထု​တွေဟာ ထိရောက်တဲ့ သိရှိမှု မရရှိတဲ့ အတွက် ပြစ်မှု ဆိုင်ရာ တခုခု ဖြစ်လာရင် ဘယ်တိုင်ကြားရမလည်း မသိဘူး ဖြစ်နေကြပါတယ်။

တလရ အဖွဲ့ အစည်း အတွင်း ကျုးလွန် တဲ့ ပြစ်မှုတွေ
ပြည်သူတွေ အပေါ် ကျုးလွန်တဲ့ ပြစ်မှုတွေကို

စစ်ရေးပြစ်မှုဆိုင်ရာ

စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် အား အောက်ဖော်ပြပါ ဆက်သွယ်ရမယ့် နည်းလမ်းများဖြင့်

တိုင်းကြားနိုင်ပါတယ်။

အရေးယူဆောင်ရွက်ရမယ့် အဖွဲ့အစည်း ကော်မရှင်အနေနဲ့လည်း ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှု မျိုး မရှိပါကလည်း
ကျွန်တော် တို့ တော်လှန်ပြည်သူတွေက ပြတ်ပြတ်သားသား ဖိအား ပေးဖို့ လိုပါတယ်။

#vilanetherebel

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ကြေညာချက်အမှတ်(၀၁/၂၀၂၂)

By Moe Kyi Sin / မတ် 18, 2022
မတ် 18, 2022

၁။ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် လက်ရှိဖြစ်ပွားနေသော စစ်ဘက်ဆိုင်ရာ ရာဇဝတ်မှု များအား စုံစမ်းစစ်ဆေးလျက်ရှိပြီး ပြစ်မှုကျူးလွန်သူများကို ဖော်ထုတ်နိုင်ရေးအတွက် အရေးယူ ဆောင်ရွက်လျက် ရှိသည်။

၂။ စစ်ဘက်ရာဇဝတ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူများကို စစ်ဆေးစီရင်နေစဥ် အချိန်အတွင်း လိုအပ်ပါက ကာကွယ်ရေးဝန်ကြီးဌာနသည် အမိန့်နှင့်ညွှန်ကြားချက်များထုတ်ပြန်၍ စစ်ဘက်တာဝန်များမှ ယာယီရပ်ဆိုင်း ထားမည်။

၃။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်သည်တော်ကျင့်ဝတ် ၊ စစ်ဖက်ဆိုင်ရာကျင့်ဝတ်များနှင့် သစ္စာအဓိဌာန် (၄)ချက်ကို လိုက်နာကြရန်နှင့် ပြည်သူလူထုအား ထိခိုက်စေသည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားကြရမည်။

၄။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးရဲဘော်ရဲဘက် အချင်းချင်း စည်းလုံးညီညွတ်ကြရန်နှင့် အပြန်အလှန် ထိန်းကျောင်းသွားကြရန်လည်း အထူးလိုအပ်သည်။

၅။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ရန်သူ့သတင်းပေးများ၊ စစ်သုံ့ပန်းများကို ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ရာတွင် သက်သေအထောက်အထား စာရွက်စာတမ်းများ ထားရှိရမည်ဖြစ်ပြီး အပြစ်မဲ့ပြည်သူများကို ထိခိုက်မှုမရှိစေရန် အထူးဂရုပြု ဆောင်ရွက်ရမည်။

၆။ စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်သည် အပြစ်မဲ့ပြည်သူများကို ထိခိုက်မှု မရှိစေရန်အလို့ငှာ ပြစ်မှုကျူးလွန်သည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမဆို ဥပဒေအရ ထိ‌ရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်။

၇။ ပြည့်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် အများပြည်သူတို့အနေဖြင့် အဆိုပါ စုံစမ်းစစ်ဆေးမှုများကို ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် ဖြစ်ပွားနေသော စစ်ရာဇဝတ်မှုများအား အောက်ပါလိပ်စာများသို့ သတင်းပေး တိုင်ကြားနိုင်ကြောင်း အသိပေးအပ်ပါသည်။



Email : cicmc@mod.nugfederalgov.com

Signal : +66 626940294

Viber : +66 626940294

Telegram : +66 626940294

စစ်ရေးပြစ်မှုဆိုင်ရာ

စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင်

ကာကွယ်ရေးဝန်ကြီးဌာန
👍1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် သီတာရုံအဆင်း၊တောင်ကုန်းနှင့်မြောက်ကုန်းရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 7, 12:20PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏1
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့်ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 7, 12:20PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍1🙏1
🚨အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ⚠️

🙏🏻ဘာကြောင့် လက်နက်ကြီးသံနဲ့ လေကြောင်းရန်သံတွေကို မကြားရသလဲဆိုတဲ့ အချက်တွေကို နားလည်လွယ်အောင် အောက်မှာ ရှင်းပြပေးထားပါတယ်။

၁။ Masking Effect။ (အသံဖုံးလွှမ်းသွားခြင်း)

ဒါက အဓိကအချက်ပါ။ လူ့နားဟာ အသံနှစ်ခုပြိုင်တူကြားရတဲ့အခါ ပိုကျယ်တဲ့အသံ (သို့) ပိုနီးတဲ့အသံ ကိုပဲ အာရုံစိုက်မိတတ်ပါတယ်။

Speaker ကထွက်တဲ့အသံက သင့်နားနဲ့ အလွန်နီးကပ်နေတဲ့အတွက် အဝေးကလာတဲ့ လက်နက်ကြီးသံ ဒါမှမဟုတ် လေယာဉ်သံထက် ပိုကျယ်သယောင် ခံစားရစေပါတယ်။

ရလဒ်အနေနဲ့ ဦးနှောက်က အရေးကြီးတဲ့ အချက်ပေးသံတွေကို "Background Noise" (နောက်ခံဆူညံသံ) အဖြစ် သတ်မှတ်ပြီး ပယ်ဖျက်လိုက်တာမျိုး ဖြစ်တတ်ပါတယ်။


၂။ Frequency Overlap။ (လှိုင်းနှုန်းချင်း ထပ်တူကျခြင်း)

လက်နက်ကြီးသံနဲ့ ဗုံးသံတွေဟာ Low-frequency (အသံနိမ့်/တုန်ခါမှုပြင်းတဲ့အသံ) တွေဖြစ်ပါတယ်။

Bluetooth Speaker တွေမှာ Bass (ဘေ့စ်) သံ အလေးပေးထားတဲ့ သီချင်းတွေဖွင့်ထားရင် အဲ့ဒီ Bass သံတွေက အပြင်ကလာတဲ့ ပေါက်ကွဲသံတွေကို ဖုံးအုပ်သွားစေပါတယ်။

အသံချင်းလှိုင်းနှုန်းတူနေတဲ့အတွက် ခွဲခြားရခက်သွားတာပါ။


၃။ Psychological Immersion။ (အာရုံနစ်ဝင်သွားခြင်း)

သီချင်းနားထောင်နေတဲ့အခါ ဒါမှမဟုတ် ရုပ်ရှင်ကြည့်နေတဲ့အခါ လူ့ရဲ့အာရုံစိုက်မှုက အဲ့ဒီအရာပေါ်မှာပဲ ရောက်နေတတ်ပါတယ်။

ဒီလို အာရုံစိုက်နေတဲ့အချိန်မှာ ပတ်ဝန်းကျင်က အပြောင်းအလဲတွေကို သတိထားမိဖို့ တုံ့ပြန်မှုနှုန်း (Reaction Time) သိသိသာသာ လျော့နည်းသွားပါတယ်။

၄။ အသံလုံသော ဝန်းကျင်ကို ဖန်တီးမိခြင်း။

အသံချဲ့စက်ကို အခန်းပိတ်ပြီး ဖွင့်ထားတဲ့အခါ အခန်းထဲက အသံကပဲ ပြန်ဟိန်းနေပြီး အပြင်ကလာတဲ့ အသံလှိုင်းတွေကို တားဆီးသလို ဖြစ်သွားစေပါတယ်။

🚨သတိပြုရန် - > လက်နက်ကြီးသံနဲ့ လေယာဉ်သံတွေဟာ အမြဲတမ်း "ဒိုင်း" ခနဲ ကျယ်ကျယ်လောင်လောင် ကြားရတာမျိုးမဟုတ်ဘဲ အဝေးကလာတဲ့ "ဝူးဝူး" သံ ဒါမှမဟုတ် "တုန်ခါမှု" အနေနဲ့ အရင်လာတတ်တာပါ။ Speaker ဖွင့်ထားခြင်းက အဲ့ဒီလို ကြိုတင်သတိပေးတဲ့ အသံအသေးစားလေးတွေကို လုံးဝမကြားရအောင် လုပ်ပစ်လိုက်ပါတယ်။

အကြံပြုချက်။ ။

အခြေအနေ မငြိမ်မသက်ဖြစ်နေချိန်မှာ Speaker တွေ၊ နားကြပ်တွေကို အသံကုန်ဖွင့်ပြီး သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

ပတ်ဝန်းကျင်က ထူးခြားတဲ့ အသံတွေကို အမြဲနားစွင့်ထားနိုင်ဖို့ အသံကို အသင့်အတင့်ပဲ ထားရှိပါ။

အကယ်၍ သင်က လေကြောင်းရန်အတွက် ကြိုတင်သတိပေးတဲ့ App တွေ ဒါမှမဟုတ် Telegram Channel တွေ သုံးနေတယ်ဆိုရင် အဲ့ဒီ Notification သံတွေကို Speaker အသံထက် ပိုကျယ်အောင် ထားပါ။

လေကြောင်းရန် ဒါမှမဟုတ် လက်နက်ကြီးအန္တရာယ်တွေကို ကြိုတင်သတိပြုမိဖို့ အသံတွေကို ခွဲခြားတတ်ဖို့က အရေးကြီးပါတယ်။ အဓိကအားဖြင့် အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ် ။

၁။ လေကြောင်းရန် အချက်ပေးဥဩသံ။ (Siren)

ဒါကတော့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပေးတဲ့အသံပါ။

တက်သံ/ကျသံ (#Wailing Tone) - အသံက နိမ့်လိုက် မြင့်လိုက်နဲ့ လှိုင်းထနေတာမျိုးပါ။ ဒါဟာ "အန္တရာယ်ရှိပြီ၊ အကာအကွယ်ယူပါ" လို့ အဓိပ္ပာယ်ရပါတယ်။

အသံရှည် (#Steady Tone) - အသံတစ်သံတည်းကို တောက်လျှောက် အရှည်ကြီးဆွဲထားတာမျိုးပါ။ ဒါကတော့ "အန္တရာယ်ကင်းသွားပြီ" လို့ အချက်ပေးတာ ဖြစ်တတ်ပါတယ်။


၂။ ဂျက်လေယာဉ်သံ။ (Jet Engine Sound)

ဝူးဝူး (သို့) ဟိန်းသံ-အဝေးကလာရင် "ဝူး" ခနဲ အသံအက်အက်ကြီးကို အရင်ကြားရပါတယ်။ လေယာဉ်က ကိုယ့်အပေါ်တည့်တည့် ရောက်ခါနီးရင် အသံက ပိုကျယ်လာပြီး လေထုကို ဖြတ်သန်းတဲ့ တုန်ခါမှုကိုပါ ခံစားရပါတယ်။

အရေးကြီးချက်-လေယာဉ်သံ ပျောက်သွားတာ (သို့မဟုတ်) အသံက ကိုယ့်အပေါ်ကနေ ကျော်သွားသလိုဖြစ်တာဟာ ဗုံးကြဲဖို့ ပြင်နေတာ ဖြစ်နိုင်ပါတယ်။


၃။ လက်နက်ကြီးသံ။ (Artillery / Mortar)

ထွက်သံ (#The Out-going) - လက်နက်ကြီး ပစ်လိုက်တဲ့အခါ "ဘုန်း" ဆိုတဲ့ အသံအက်အက်ကို အဝေးက ကြားရပါတယ်။

ဝီခနဲသံ (#The Whistle) - ကျည်ဆန်က ကိုယ့်ဆီ လာနေပြီဆိုရင် လေထုကို တိုးထွက်လာတဲ့ "ဝီ... ဝီ..." ဆိုတဲ့ လေတိုးသံ (Whistling sound) ကို ကြားရပါမယ်။

ကျသံ (#The Impact) - ပေါက်ကွဲတဲ့အသံသည် အလွန်ကျယ်ပါတယ်။

🚨အသံကြားရင် ဘာလုပ်မလဲ⁉️

အသံချဲ့စက်/ဖုန်းကို ချက်ချင်းပိတ်ပါ။အပြင်က အသံကို ပိုသဲသဲကွဲကွဲ ကြားနိုင်အောင်ပါ။မြေနိမ့်ရာကို ရှာပါ။ဗုံးခိုကျင်းရှိရင် ဝင်ပါ၊ မရှိရင် ခိုင်ခံ့တဲ့ အဆောက်အအုံရဲ့ အောက်ထပ် (သို့မဟုတ်) နံရံထောင့်တွေမှာ ဝပ်နေပါ။

ပါးစပ်ကို အနည်းငယ်ဟထားပါ - ပေါက်ကွဲမှုကြောင့်ဖြစ်တဲ့ လေဖိအားကြောင့် နားစည်မပေါက်အောင် ကာကွယ်ပေးပါတယ်။ဗုံးခိုကျင်းထဲမှာ ဖုန်းကို တုန်ခါမှု (Vibrate) ပဲ ထားပါ။အရေးပေါ် သတင်းစကားတွေကို နားစွင့်နိုင်ဖို့ပါ။👂🏻

⚠️ယခု နည်းပညာခေတ်မှာ #Telegram_Channel တွေကနေ "လေယာဉ်တက်ပြီ"၊ "လေယာဉ်ဦးတည်ရာ" စသဖြင့် #Real-time သတင်းပေးတာတွေ ရှိပါတယ်။ အဲ့ဒီ #Notification သံတွေကို အခြားသီချင်းသံတွေထက် ပိုကြားရအောင် သီးသန့် Ringtone ပေးထားတာမျိုး လုပ်သင့်ပါတယ်။
👍5
ဒီအသံတွေကြားရရင် ဘေးကင်းလုံခြုံတဲ့ နေရာ (#Safe Zone) တွေမှာ ပုန်းရပါတယ်။

🚨 အကယ်၍ အရေးပေါ်အခြေအနေဖြစ်လာလို့ အပြင်က ဗုံးခိုကျင်းဆီ သွားဖို့အချိန်မရတော့ဘူးဆိုရင် အိမ်ထဲမှာပဲ အသက်ဘေးကင်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတာ အချက်အလက် (၅) ချက်နဲ့ ရှင်းပြပေးပါမယ်။ ⚠️

၁။ "အိမ်ရဲ့ အလယ်ဗဟို" ကို ရွေးချယ်ပါ။

အိမ်ရဲ့ အပြင်ဘက်နံရံတွေနဲ့ အဝေးဆုံးဖြစ်တဲ့ အိမ်အလယ်က အခန်းငယ် (သို့မဟုတ်) လှေကားအောက် နေရာမျိုးဟာ အလုံခြုံဆုံးပါ။

အပြင်က လက်နက်ကြီးကျည် အပိုင်းအစတွေ (#Shrapnel) ဖောက်ဝင်လာရင် နံရံအဆင့်ဆင့်က ကာကွယ်ပေးနိုင်လို့ ဖြစ်ပါတယ်။

၂။ ပြတင်းပေါက်တွေနဲ့ ဝေးဝေးနေပါ။

ဒါဟာ အရေးကြီးဆုံး အချက်ပါ။ ဗုံးပေါက်ကွဲတဲ့အခါ ဖြစ်ပေါ်လာတဲ့ လေဖိအားကြောင့် မှန်တွေဟာ အက်ကွဲပြီး လွင့်စင်လာတတ်ပါတယ်။

မှန်စင်တာကြောင့် ထိခိုက်ဒဏ်ရာရတာဟာ ဗုံးစထိတာထက်တောင် ပိုများတတ်ပါတယ်။

အခန်းထဲမှာရှိနေရင် မှန်နဲ့ဝေးတဲ့ နံရံထောင့်မှာ ဝပ်နေပါ။

၃။ အနိမ့်ဆုံးနေရာမှာ နေပါ။ (Get Low)

လက်နက်ကြီးကျည်နဲ့ ဗုံးစတွေဟာ များသောအားဖြင့် အပေါ်ဘက်ကို စင်ထွက်တတ်ပါတယ်။

အိမ်ရဲ့ အောက်ထပ် (Ground Floor) က အပေါ်ထပ်ထက် ပိုလုံခြုံပါတယ်။

ကြမ်းပြင်ပေါ်မှာ မှောက်ရက်ဝပ်နေတာ ဒါမှမဟုတ် ခိုင်ခံ့တဲ့ စားပွဲအောက်မှာ ပုန်းနေတာက အကောင်းဆုံးပါ။

၄။ နံရံထောင့် (Corners) ကို အားကိုးပါ။

အဆောက်အအုံတစ်ခုမှာ နံရံနှစ်ခုဆုံတဲ့ ထောင့်နေရာ တွေဟာ တိုင်တွေလိုပဲ အခိုင်ခံ့ဆုံး နေရာတွေဖြစ်ပါတယ်။

နံရံအလယ်မှာ ကပ်နေတာထက် ထောင့်မှာ ကပ်နေတာက အမိုးပြိုကျရင်တောင် ရှင်သန်နိုင်ခြေ ပိုများပါတယ်။

၅။ ကိုယ်ဟန်အနေအထား။ (The Drop and Cover)

အသံကြားတာနဲ့ ချက်ချင်း မှောက်ရက်ဝပ်ပါ။ ဗိုက်ကို ကြမ်းပြင်နဲ့ မထိစေဘဲ လက်တောင်ဆစ်နဲ့ ဒူးနဲ့ ထောက်ထားရင် တုန်ခါမှုဒဏ်ကို လျော့ပါးစေပါတယ်။

နားကိုပိတ်ပါ။လက်နှစ်ဖက်နဲ့ နားကို အုပ်ထားပါ။

ပါးစပ်ကို ဟထားပါ။ဒါက ကိုယ်တွင်းနဲ့ ကိုယ်ပြင် လေဖိအား ညီမျှသွားစေပြီး နားစည်မပေါက်အောင် ကာကွယ်ပေးပါတယ်။

🎒 အရေးပေါ်အိတ် (Go Bag) ကို အသင့်ထားပါ။ ⚠️

အသံကြားလို့ ပုန်းနေရတဲ့အချိန်မှာ ကိုယ့်နားမှာ အသင့်ရှိနေသင့်တာတွေကတော့-
ရေဘူးနဲ့ အသင့်စားနိုင်တဲ့ မုန့်အနည်းငယ်။

အားသွင်းထားတဲ့ ဖုန်းနဲ့ Power Bank။

ရှေးဦးသူနာပြု ဆေးသေတ္တာ။

ဓာတ်မီး (သို့မဟုတ်) ဖယောင်းတိုင်။

🚨အရေးကြီးသတိပေးချက်။⚠️

အသံတွေ ငြိမ်သွားရင်တောင် ချက်ချင်း အပြင်မထွက်ပါနဲ့ဦး။ နောက်ဆက်တွဲ ဗုံးကြဲတာ ဒါမှမဟုတ် လက်နက်ကြီး ထပ်ပစ်တာမျိုး ရှိနိုင်လို့ အနည်းဆုံး မိနစ် ၃၀ ခန့် ငြိမ်သက်သွားတဲ့အထိ စောင့်ဆိုင်းဖို့ အကြံပြုပါတယ်။

⚠️ ကျေးရွာတာဝန်ခံ ဒါမှမဟုတ် ရပ်ကျေးအုပ်ချုပ်ရေးပိုင်းမှာ တာဝန်ရှိသူတွေအနေနဲ့ အခုလို စစ်ဘေးအန္တရာယ်ရှိတဲ့ ကာလမျိုးမှာ ရွာသူရွာသားတွေရဲ့ အသက်အန္တရာယ် ကာကွယ်ရေးအတွက် အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။

⚠️ အဓိကထား လုပ်ဆောင်သင့်တဲ့ တာဝန်တွေကို အောက်ပါအတိုင်း (၅) ပိုင်း ခွဲခြားနိုင်ပါတယ်။

၁။ ကြိုတင်သတိပေးစနစ် (Early Warning System) တည်ဆောက်ခြင်း။

ဒါက အရေးကြီးဆုံး တာဝန်ပါ။ ရွာသားတွေ အသံချဲ့စက်ဆောင်ဘောက်တွေ၊ Bluetooth Speaker ဖွင့်ထားလို့ပဲဖြစ်ဖြစ်၊ အိပ်ပျော်နေလို့ပဲဖြစ်ဖြစ် အချက်ပေးသံကို ကြားအောင် လုပ်ပေးရပါမယ်။

အချက်ပေးကိရိယာ - ရွာလယ်မှာ သံချောင်းခေါက်တာ၊ ဥဩဆွဲတာ ဒါမှမဟုတ် လက်ကိုင်အသံချဲ့စက် (Megaphone) သုံးပြီး အချက်ပေးရပါမယ်။

သတင်းစီးဆင်းမှု - လေကြောင်းရန် ပြန်ကြားရေးသတင်းပေးတဲ့ စကားပြောစက်တွေ၊ #Telegram Channel တွေ၊ နီးစပ်ရာ ရွာတွေက သတင်းတွေကို အမြဲနားစွင့်ပြီး ရွာသားတွေကို ချက်ချင်း အသိပေးရပါမယ်။

၂။ ဘေးကင်းရာသို့ ရွှေ့ပြောင်းခြင်းဆိုင်ရာ စီမံခန့်ခွဲမှု။

ဗုံးခိုကျင်းများ စစ်ဆေးခြင်း - အိမ်တိုင်းမှာ ဗုံးခိုကျင်းရှိမရှိ၊ ခိုင်ခံ့မှု ရှိမရှိ လိုက်လံစစ်ဆေးပြီး မရှိသူတွေကို ဝိုင်းဝန်းကူညီ တူးပေးဖို့ စည်းရုံးရပါမယ်။

စုပေါင်းဗုံးခိုကျင်း - အိမ်မှာ ဗုံးခိုကျင်းတူးဖို့ ခက်ခဲတဲ့ သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေအတွက် ရွာထဲက ခိုင်ခံ့တဲ့နေရာတွေမှာ စုပေါင်းဗုံးခိုကျင်း (#Community Shelter) တွေ ပြင်ဆင်ပေးထားရပါမယ်။

၃။ အသိပညာပေးခြင်းနှင့် လမ်းညွှန်ခြင်း။

အလင်းရောင်နှင့် အသံ ထိန်းသိမ်းခြင်း - ညဘက်တွေမှာ အလင်းရောင် အပြင်မထွက်ဖို့ (Blackout) နဲ့ နေ့/ညအသံချဲ့စက်တွေ၊ #Bluetooth Speaker ဖွင့်တာ‌တွေကို ကျယ်ကျယ်မဖွင့်ဖို့ ရွာသားတွေကို အသိပေး၊ပညာပေးလုပ်ဆောင်ပြီး မေတ္တာရပ်ခံ၊ စည်းကမ်းထုတ်ရပါမယ်။

ဇာတ်တိုက်လေ့ကျင့်ခြင်း - အရေးပေါ်အသံကြားတာနဲ့ ဘယ်လိုပြေးရမယ်၊ ဘယ်မှာပုန်းရမယ်ဆိုတာကို ရွာသားတွေ သိအောင် ကြိုတင်ပြောပြထားရပါမယ်။

၄။ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့များ ဖွဲ့စည်းထားခြင်း။

အန္တရာယ်ဖြစ်လာတဲ့အခါ ချက်ချင်းတုံ့ပြန်နိုင်ဖို့ အဖွဲ့ငယ်လေးတွေ ခွဲထားသင့်ပါတယ်။

⚠️ မီးသတ်အဖွဲ့ - ဗုံးကြောင့် မီးလောင်ရင် ငြှိမ်းသတ်ဖို့။

⚠️ ရှေးဦးသူနာပြုအဖွဲ့ - ဒဏ်ရာရသူတွေကို ဆေးကုသပေးဖို့။

⚠️ သတင်းပို့အဖွဲ့ - ထိခိုက်မှုစာရင်းကို အထက်ကိုသတင်းပို့ဖို့နဲ့ ပြင်ပအကူအညီတောင်းဖို့။
👍6
၅။ စိတ်ဓာတ်မြှင့်တင်ရေးနှင့် တည်ငြိမ်မှု။

အန္တရာယ်ဖြစ်နေချိန်မှာ ကောလာဟလတွေကြောင့် ရွာသားတွေ ထိတ်လန့်တုန်လှုပ်မှု (#Panic) မဖြစ်အောင် တည်တည်ငြိမ်ငြိမ်နဲ့ မှန်ကန်တဲ့သတင်းကိုပဲ ထုတ်ပြန်ပေးရပါမယ်။

⚠️အကြံပြုချက်။ ။ ရွာတာဝန်ခံတွေအနေနဲ့ "အသံချဲ့စက် မဖွင့်ရ" ဆိုတဲ့ စည်းကမ်းကို ထုတ်ပြန်တဲ့အခါ အထက်မှာ ဆွေးနွေးခဲ့တဲ့ "လက်နက်ကြီးအသံ၊ လေကြောင်းအသံ မကြားရနိုင်တဲ့ အန္တရာယ်" ကို သေချာရှင်းပြရင် ရွာသားတွေက ပိုပြီး ပူးပေါင်းဆောင်ရွက်လာပါလိမ့်မယ်။

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

📲သတင်းပို့ရန်
👉🏻 @EIO2021_bot
👉🏻 @EagleInformationOperator_bot
👉🏻 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator
🙏6
📌အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

🚨အသေးစိတ်ဖတ်ရှုရန်👇🏻
https://t.me/eagleinformationoperator/19834

#Admin_Team
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြား‌ရေး)
👉🏻 @EIO2021_bot | @EagleInformationOperator_bot
👉🏻 eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 t.me/eagleinformationoperator

#EIO #PublicSafety #Myanmar #SecurityTips #StaySafe
👍5
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🚨အသံချဲ့စက်တွေ ဒါမှမဟုတ် Bluetooth Speaker တွေနဲ့ သီချင်းကျယ်ကျယ်နားထောင်တာ၊ ဆူညံသံတွေလုပ်တာဟာ အခုလိုကာလမျိုးမှာ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ⚠️ 🙏🏻ဘာကြောင့် လက်နက်ကြီးသံနဲ့ လေကြောင်းရန်သံတွေကို မကြားရသလဲဆိုတဲ့ အချက်တွေကို နားလည်လွယ်အောင်…»
ကနီနယ် ရှင်ပြုအလှူပွဲနဲ့ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက ဒရုန်းနဲ့ ဗုံးကြဲသတ်လို့ သာမဏေတွေ အပါအဝင် ပြည်သူ ခုနှစ်ဦး သေဆုံး၊
ဆွမ်းစားချိန်နဲ့ အလှူပွဲ ထမင်းဧည့်ခံ ကျွေးမွေးချိန် ဗုံးကြဲသတ်တာဖြစ်ပြီး ဒဏ်ရာရသူ ဒါဇင်နဲ့ချီရှိ၊

သုထက်/MFP၊ မတ် - ၇

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ နတ်လာပို့ကျေးရွာမှာ ရှင်ပြအလှူပွဲ ကျင်းပနေတဲ့ နေအိမ်အလှူမဏ္ဍပ်နဲ့ ဘုန်းတော်ကြီးကျောင်းတွေကို အဓိက ပစ်မှတ်ထားကာ အာဏာသိမ်း စစ်အုပ်စုက ဆူဆိုက်ဒရုန်းနဲ့ ဗုံးကြဲသတ်ဖြတ်လို့ သာမဏေ ကိုရင်ငယ်တွေ အပါအဝင် အရပ်သားပြည်သူ ခုနှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ အနည်းဆုံး ၁၅ ဦး ရှိတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

မတ်လ ၇ရက် ဒီကနေ့ မနက် ၁၀နာရီဝန်းကျင်မှာ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ကနေ ဆူဆိုက်ဒရုန်း သုံးစီး တက်လာကာ ကနီနယ် ချင်းတွင်းမြစ်ရိုးရှိ နတ်လာပို့တောင်ရွာ၊ မြောက်ရွာနဲ့ သပြောတောကျေးရွာတွေကို စစ်အုပ်စုက ဗုံးကြဲသတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုရဲ့ ပထမဆုံး ဒရုန်းတစ်စီးဟာ ကနီနယ်၊ နတ်လာပို့တောင်ရွာရှိ ရှင်ပြုအလှူပွဲ ကျင်းပနေတဲ့ အိမ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အလှူပွဲမှာ ရှိနေတဲ့ ရွာခံပြည်သူ ငါးဦး ပွဲချင်းပြီး သေဆုံးကာ နောက်ထပ် ၁၅ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

သေဆုံးသူတွေဟာ အမျိုးသားတွေ ဖြစ်ပြီး အသက် ၅၀ ကျော်အရွယ် နှစ်ဦး၊ ၃၀ ကျော်အရွယ် နှစ်ဦးနဲ့ ၂၀ ကျော်အရွယ် တစ်ဦးဖြစ်တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက MFP ကို ပြောပါတယ်။

"တိုက်ပွဲမရှိဘဲ လာချတာ။ အလှူဆိုတော့ အထိအခိုက်ကလည်း ၁၅ ဦးလောက် ရှိတယ်။ ငါးယောက်လည်း သေတယ်" လို့ ဒေသခံအမျိုးသမီးက ပြောပါတယ်။

အလှူပွဲ ထမင်းစားဧည့်ခံပြီးလို့ လူအနည်းငယ် ကျဲပါးနေချိန် ဗုံးကြဲခံရတာ ဖြစ်ပြီး အလှူပွဲ လူစည်ကားနေချိန် ဖြစ်ပါက ထိခိုက်မှု ပိုမို များပြားနိုင်တယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် စစ်အုပ်စုရဲ့ နောက်ထပ် ဒရုန်းတစ်စီးဟာလည်း နတ်လာပို့မြောက်ရွာ ဘုန်းကြီးကျောင်းကို ပစ်မှတ်ထားကာ ဖောက်ခွဲ သတ်ဖြတ်လို့ ကျောင်းတိုက်မှာ သီတင်းသုံးတဲ့ သာမဏေ ကိုရင်နှစ်ပါး ပျံလွန်တော်မူတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်လက်ပြီး စစ်အုပ်စုက နောက်ထပ် ဒရုန်းတစ်စီးနဲ့ သပြောတောကျေးရွာကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ပေမဲ့ သပြေတောရွာမှာတော့ ဒေသခံပြည်သူ ထိခိုက်သေဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

နတ်လာပို့ရွာဟာ ချင်းတွင်းမြစ်ရိုးမှာ တည်ရှိပြီး မုံရွာ နမခ နဲ့ မြစ်ခြားပေမဲ့ မလှမ်းမကမ်း ဖြစ်တာကြောင့် စစ်အုပ်စုရဲ့ မကြာခဏ ရန်ပြု တိုက်ခိုက် သတ်ဖြတ်တာ ခံနေရတဲ့ ကျေးရွာ ဖြစ်ပါတယ်။

ယနေ့ မနက်ပိုင်း အလှူပွဲနဲ့ ဘုန်းတော်ကြီးကျောင်း ဆွမ်းစားချိန်ကို ဒရုန်းနဲ့ တိုက်ခိုက် သတ်ဖြတ် တာဟာလည်း စစ်အုပ်စုက အကြောင်းမဲ့ ရန်ပြုတာ ဖြစ်ပြီး နမခ နဲ့ လက်လမ်းမီလို့ ဒရုန်းတွေနဲ့ စမ်းသပ်ဖောက်ခွဲတာ ဖြစ်မယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲခံရပြီးနောက် စစ်အုပ်စုက ထပ်မံ တိုက်ခိုက်သတ်ဖြတ်မှာကို ကြောက်ရွံ့လို့ နတ်လာပို့တောင်ရွာ၊ မြောက်ရွာနဲ့ သပြေတောရွာ အပါအဝင် နွားခြံကုန်း စတဲ့ ကနီနယ် ကျေးရွာတွေက ပြည်သူတွေ ဘေးလွတ်မယ်ထင်တဲ့နေရာ ထွက်ပြေးနေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်တာအတွင်း စစ်အုပ်စုက နိုင်ငံတဝန်း လေကြောင်း ဗုံးကြဲ တိုက်ခိုက်လို့ အရပ်သားပြည်သူ ၂၃၂၀ ကျော် သေဆုံးကာ ၄၁၄၀ ကျော် ဒဏ်ရာရပြီး နေအိမ် ၃၅၇၀ ကျော်၊ ပညာရေးဆိုင်ရာ အဆောက်အအုံ ၁၀၀ ကျော်၊ ကျန်းမာရေး ဆိုင်ရာ အဆောက်အအုံ ၃၀ ကျော်နဲ့ ဘာသာရေး ဆိုင်ရာ အဆောက်အအုံ ၁၉၀ ပျက်စီးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ - NUG က ထုတ်ပြန်ထားပါတယ်။

စစ်အာဏာသိမ်းတဲ့ ငါးနှစ်အတွင်း နိုင်ငံတဝန်းရှိ အရပ်သားပြည်သူကို ပစ်မှတ်ထားကာ စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှု ၄,၇၅၀ ကြိမ် ကျူးလွန်ခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ ၅,၁၈၈ဦး သေဆုံးကာ ဆေးရုံ၊ ကျောင်းနဲ့ ဘာသာရေး အဆောက်အအုံ (လူနေအိမ် မပါဝင်) ၁,၂၇၂ ခု ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ NUG က ဖေဖေါ်ဝါရီ ၂ရက်မှာ ထုတ်ပြန်ထားပါတယ်။

#Mandalay_Free_Press_MFP
😢3
🚨ရွှေဘို🚨

ရွှေဘို လကရ(၈)မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Mar 7, 3:32PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏3👍1
အညာမြေမှ သရဏဂုံ တင်ခွင့်မရသော ရုပ်လောင်းများ

သတင်းဆောင်းပါး
Newsambassador
မတ် ၃ ၊ ၂၀၂၆

နေအပူရှိန်ထက် ပိုမိုပြင်းထန်နေသော စစ်မီး တောက်လောင်နေသည့် အညာဒေသ ၏ နေ့ရက်များမှာ "အသက်ရှင် သန်ရေး" ဟာ နေ့စဉ် တိုက်ပွဲတစ်ခုဖြစ်နေပါတော့ သည် ။

စစ်မီးတောက်ကြားက အညာသူတို့၏ စစ်ရှောင်ခရီးမှာလည်း ဖုန်တထောင်း ထောင်းနှင့် ပူပြင်းရုံ တင်မကဘဲ နှလုံး သားကို ဓားနှင့်မွှန်းသကဲ့သို့ နာကျင်စရာများဖြင့် ပြည့်နှက်နေသည်။

" စစ်ကြောင်းလာတယ်ဆိုလို့ပြေးကြတာ တကွဲတပြား။ပစ်နေခတ်နေရင်းကြားထဲ ကို ပြေးရတာ ။အဲ့မှာတူလေးကို ကျဉ်ထိပြီး ဦးနှောက်ပွင့်သွားတယ် ။ အလောင်းကိုလည်း ပြန်မကောက်နိုင်ဘူး။သဂြိုလ်လည်း မသဂြိုလ်နိုင်ဘူး ။တောထဲ ဒီတိုင်းထားခဲ့ပြီး မသေအောင် ဆက်ပြေးရတာပဲ။စစ်ရှောင်ရင်း ကျဉ်ထိတာ ရွာကဆို ၈ ယောက်လောက်သေတယ် “ ဟု မင်းကွန်းနယ် ကင်းရွာမှ စစ်ရှောင်အမျိုး သမီးတစ်ဦးက မျက်ရည်များကြားမှ ရင်ဖွင့်သည်။

အညာမြေတခွင်ကို စစ်တပ်က မြေ ပြင်စစ်ကြောင်းများထိုးကာ ရွာစဉ်ပတ် မီးရှို့ဖျက်ဆီးနေသလို၊လေ ကြောင်းမှလည်း ဂျက်ဖိုက်တာများဖြင့် နေ့ညမပြတ် ဗုံးကြဲတိုက်ခိုက်နေသည်။ ယင်းတိုက်ခိုက်မှုများ သည် စစ်ရေးပစ်မှတ်များမဟုတ်ဘဲပြည်သူ များ ခိုလှုံနေသည့် နေရာများသို့ဦး တည် နေခြင်းကြောင့် စစ်ဘေးရှောင် ရသည့်အကြိမ်ပေါင်းလည်း မရေ တွက် နိုင်တော့ပေ။စစ်ရှောင်ရင်းလမ်း ခုလတ် မှာ သေဆုံးခဲ့သည့် မိသား စုဝင်တွေရဲ့ ရုပ်အလောင်းကိုတောင် ပြန်ကောက်နိုင်ဘဲ တောထဲမှာ ထားခဲ့ရတဲ့ ဖြစ်ရပ် တွေဟာလည်း အညာမှာ နေ့စဉ် ဖြစ်ပျက်နေပါသည် ။

" ရွာကို ရေကြောင်းရော ကုန်းကြောင်းရော စစ်ကြောင်းဝင် တော့ ကျွန်မတို့လည်းစျေးရောင်းနေရင်း အကုန်ပစ် ထားခဲ့ပြီးပြေးရတယ်။ ရေကြောင်း ကလည်း လက်နက်ကြီး တွေနဲ့ ရမ်းသမ်းပစ်တော့ ကျွန်မ အမနဲ့ ၃နှစ်အ ရွယ် သမီးလေးက လက်နက် ကြီးထိပြီး သေသွားတယ် ။အလောင်းကို တောထဲ သစ်ရွက်တွေဖုံးထားခဲ့ရတယ် ။ ရက်အတော်ကြာမှ သွားကြည့်တော့ ရုပ်ပျက် ဆင်းပျက်တွေဖြစ် ကုန်တယ် ။” ဟု ချောင်းမကြီးကျေးရွာမှ စစ် ရှောင်လာသူ အမျိုးသမီးက မျက်ရည် များကို သုတ်ရင်း စို့နစ်စွာ ပြောပြသည် ။

စစ်ကောင်စီတပ်များ ကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာချိန်တွင် ဒေသခံများသည် အဝတ်တစ်ထည် ကိုယ်တစ်ခုဖြင့် ဘေးလွတ်ရာ တောတောင်များထဲသို့အပြေး အလွှားတိမ်း ရှောင်ကြရသည်။ ထိုသို့ ထွက်ပြေးနေစဉ်အတွင်း ကျန်း မာရေးမကောင်းသူ များနှင့် အသက် ကြီးရွယ်အိုများမှာ လမ်းခုလပ်တွင် အသက် ပျောက် ကြရသော်လည်း မိသားစုဝင်များမှာ ရုပ်အလောင်းကို ကောင်းမွန်စွာသင်္ဂြိုဟ် ခွင့် မရကြပေ။

"အဖေက ကျန်းမာရေးမကောင်းဘူး။စစ်ရှောင်ဖို့ပြေးရင်းဆက်မပြေးနိုင် ဘဲ အဖေ ဆုံးသွားတယ်။နောက်ကစစ် ကြောင်းက သေနတ်နဲ့ လှမ်းပစ်နေတော့ အလောင်းကို ထမ်းမပြေးနိုင် တော့ဘူး။ ဖျာနဲ့ပတ်ခဲ့ပြီး ဒီအတိုင်း တောထဲ ထားခဲ့ရတာ။ အဖေ့ကို တောထဲမှာ ဒီအတိုင်း ပစ်ထားခဲ့ရတဲ့ ခံစားချက်က ဘယ်လိုမှ ပြောပြလို့ မရနိုင် တဲ့ နာကျင်မှုပါ။သရဏဂုံတောင် တင် ခွင့်မရဘူး " ဟု ဘုတလင်မြို့ နယ် စစ်ရှောင်အမျိုးသမီးက ရှိုက် ကြီး တငင် ငိုရင်း မျက် စီရှေ့တွင် ဖခင်ဆုံးရှုံးခဲ့ရသည်များကို ပြန်ပြောပြ သည် ။

သေဆုံးသွားသူများ၏ ရုပ်အလောင်းကို ပြန်လည်သယ်ယူရန် ကြိုးစားချိန် တွင်ပင် စစ်တပ်က Snipers ဖြင့် ပစ် ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်ခြင်းကြောင့် အလောင်းကောက် သူများပါ ထပ်မံသေဆုံးရသည့် ဖြစ်ရပ်များ ရှိနေသည်။

မြန်မာ့ယဉ်ကျေးမှုအရ ကွယ်လွန်သူကို ကောင်းမွန်စွာ မြေမြှုပ်သင်္ဂြိုဟ် ခြင်း ၊ဆွမ်းသွတ်အမျှဝေပြီး ကောင်းရာသုဂတိလားအောင် ဆောင်ရွက်ပေးခြင်းဖြင့် သေဆုံးသူ၏နောက်ဆုံးခရီးကိုနှုတ်ဆက် ကြပေမယ့် အညာမြေမှာတော့ အမျှဝေသံတွေထက် နာကျည်းမှုနဲ့ ငိုရှိုက်သံတွေကပိုပြီးလွှမ်း မိုးနေပါတော့ သည် ။

အညာဒေသသည် ပြာပုံများ၊အ လောင်း များနှင့် ငိုကြွေးသံများ ဖုံး လွှမ်းနေသည့် နယ်မြေတစ်ခု ဖြစ်နေ သည်။ စစ်ရှောင်ပြည်သူတို့၏ ဘဝသည် မည်သည့်အချိန် တွင် နေရပ်ပြန် ရမည် ၊မည်သည့်အချိန်တွင်အေးချမ်း စွာ အိပ်စက်ရမည်ကို မသိနိုင်ဘဲသေ မင်း နှင့် အပြိုင်ပြေးလွှားနေကြရဆဲဖြစ်သည်။

#Newsambassador
😢2
🚨ချောင်းဦး🚨

ချောင်းဦးနယ်၊ကင်မွန်းတော်ပျူရွာ မှ စခပခ ခမ အအ(၃၀)ခန့်သည် အနောက်မြောက်ဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Mar 7, 3:59PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ချောင်းဦး🚨 ချောင်းဦးနယ်၊ကင်မွန်းတော်ပျူရွာ မှ စခပခ ခမ အအ(၃၀)ခန့်သည် အနောက်မြောက်ဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Mar 7, 3:59PM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot https://t.me/eagleinformationoperator
🚨ချောင်းဦး🚨

ချောင်းဦးနယ်၊ကင်မွန်းတော်ပျူရွာမှ ထွက်လာသော စခပခ ခမ အအ(၃၀)ခန့်သည် အင်းမရွာသို့ ရောက်ရှိ၍ လက်နက်ကြီး၊လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။

#EIO
Mar 7, 4:34PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍2🙏1