EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.56K photos
185 videos
25 files
5.95K links
Download Telegram
မတရားမှုကို မြင်ပါလျက်နဲ့ နှုတ်ဆိတ်နေသူတစ်
ယောက်က...
ကလေးတွေကို တရားမျှတမှုတွေ အကြောင်း ဘယ်လို သင်ပေးကြမှာလဲ...?

ကိုယ်တိုင်က အမှန်တရားအတွက် ရပ်တည်ဖို့ ကြောက်ရွံ့နေရင် ကလေးတွေကို "သတ္တိ" နဲ့ "ကိုယ်ကျင့်တရား" အကြောင်း ဘယ်လို စံနမူနာပြကြမှာလဲ..?

ကိုယ်တိုင်က အခွင့်ထူးခံ လမ်းစဉ်ကို ရွေးချယ်ပြီး ကိုယ်ကျိုးစီးပွားပဲ ကြည့်နေသူတစ်ယောက်ဟာ ...

ကလေးတွေကို ကိုယ်ချင်းစာတရား နဲ့ အများအကျိုးဆောင်ရွက်ခြင်း အကြောင်း ဘယ်လို သင်ပေးကြမှာလဲ...?

ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ မတရားမှုတွေကို မျက်စိမှိတ် အလိုက်သင့်နေပြနေသူတစ်ယောက်က

ကလေးတွေကို အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ အတွေးအခေါ် Critical Thinking အကြောင်း ဘယ်လို လက်တွေ့ပြကြမှာလဲ..?

တိုင်းပြည်နဲ့ လူမျိုးအတွက် တာဝန်ရှိနေချိန်မှာ ရှောင်လွှဲနေနေသူတစ်ယောက်က

ကလေးတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ဆိုတဲ့ Accountability ရှိတဲ့ နိုင်ငံသားကောင်းတွေဖြစ်ဖို့ နိုင်ငံသားကျင့်ဝတ် civic education တွေ ဘယ်လိုမျက်နှာနဲ့ သင်ကြား သွန်သင်ဆုံးမ ကြာမှာလဲ...?

ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ ငြိမ်ခံပြီး အဆင်ပြေအောင် နေထိုင်ပြနေသူတစ်ယောက်က ...

ကလေးတွေကို "လူ့အခွင့်အရေးအကြောင်း နဲ့ လွတ်လပ်မှုဆိုတဲ့ Freedom အကြောင်းကို ဘယ်လို နားလည်အောင် ရှင်းပြကြမှာလဲ?

သမိုင်းကွေ့တစ်ခုမှာ ကိုယ်တိုင်က ဘာမှပါဝင်
လုပ်ဆောင်ခဲ့ခြင်းမရှိ ဘေးထွက်နေထိုင်ခဲ့သူတစ်
ယောက်က...

ကလေးတွေကို သမိုင်းရဲ့ သင်ခန်းစာ တွေနဲ့ နောင်လာနောက်သားတွေအတွက် ကြည့်ရှူလုပ်ဆောင်ဖို့အကြောင်းတွေကို ဘယ်လို မျက်နှာတွေနဲ့ သင်ကြားပေးကြမှာလဲ...?

ဖြေပေးပါ

#Than Maw Aung (Educator)
😢1
🚨မုံရွာ🚨

မုံရွာမြို့၊ ညောင်ပင်ဇောက်ရပ်ကွက် ဆားပေါက်ကုန်းဘက်သို့ ရောက်ရှိနေသော စခများသည် အောက်ကျင်းဘက်တွင် ကင်းပုန်းများဝပ်နေကြောင်းသတင်းရရှိ။

#EIO
Mar 6, 9:25AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏1
🚨မုံရွာ🚨

မုံရွာတောင်၊ရွာထောင်ဂိတ်တွင် စခအအများရောက်ရှိနေပြီး ပြည်သူအသွားအလာများကို စစ်ဆေးရေးပြုလုပ်နေကြောင်းသတင်းရရှိ။

#EIO
Mar 6, 9:36AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊လယ်ဇင်ရွာ၊ကျောက်ဖူးဘုန်းကြီး‌ကျောင်းသို့‌ ရောက်ရှိနေသော စခများသည် အရှေ့သို့ ဦးတည်‌နေကြောင်းသတင်းရရှိ။

#EIO
Mar 6, 9:46AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🚨မုံရွာတောင်🚨

ချောင်းဦးနယ်၊ခင်မွန်ဘက်စုံခြံမှ ထွက်လာသော စခများသည် ရတနာအောင်ဆီဆိုင်အနီးသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 6, 9:50AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🚨အသိပေး၊သတိ‌ပေးပန်ကြားချက်🚨

အရာတော်မြို့ပေါ်ရှိ စခများသည် ပြည်သူအသွားအလာများအား ဖမ်းဆီးပေါ်တာဆွဲခြင်းကို ပြုလုပ်မည်ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။

ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မဖြစ်မနေ ကျန်းမာရေးကိစ္စ‌ရှိ၍သော်လည်းကောင်း ခရီး၊အနီးအဝေး သွားလာရမည်ဆိုပါက မြေပြင်သတင်းချန်နယ်များနှင့်သက်ဆိုင်ရာ တလရ အဖွဲ့အစည်းများ၏ သတိ‌ပေးထုတ်ပြန်ချက်များ၊နယ်မြေခံများနှင့်‌အချိတ်ဆက်လုပ်ပြီးမှသာ အသွားအလာလုပ်ခြင်းများကို ပြုလုပ်ကြပါရန်🙏

မိဘပြည်သူအချင်းချင်းလည်း‌ မြေပြင်သတင်းများအား အပြန်လှန် မျှဝေပေးခြင်းဖြင့် ကူညီရိုင်းပင်းကြပါရန် #EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)မှ အနူးညွတ် မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ ဘေးကင်းကြပါစေ🙏

#EIO
Mar 6, 9:55AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏1
🚨မုံရွာ🚨

မုံရွာမြို့၊ရေဦးဆန်ဆိုင်ဂိတ်တွင် စခများသည် လမ်းများပိတ်၍ လမ်းသွားလမ်းလာပြည်သူများအားဖမ်းဆီးထားကြောင်းသတင်းရရှိ။

မိဘပြည်သူများအနေဖြင့် အထူးဂရုစိုက်၍ သွားလာကြပါရန်🙏🏻

#EIO
Mar 6, 10:02AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊လယ်ဇင်ရွာ၊ကျောက်ဖူးဘုန်းကြီး‌ကျောင်းသို့‌ ရောက်ရှိနေသော စခများသည် အရှေ့သို့ ဦးတည်‌နေကြောင်းသတင်းရရှိ။ #EIO Mar 6, 9:46AM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာတောင်၊လယ်ဇင်ရွာ ကျောက်ဖူးဘုန်းကြီး‌ကျောင်းသို့‌ စခများသည် အိမ်စီးကား(၁၀)စီးဖြင့် ထပ်မံ‌ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 6, 10:05AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍1🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊လယ်ဇင်ရွာ ကျောက်ဖူးဘုန်းကြီး‌ကျောင်းသို့‌ စခများသည် အိမ်စီးကား(၁၀)စီးဖြင့် ထပ်မံ‌ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Mar 6, 10:05AM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာတောင်၊လယ်ဇင်ရွာ ကျောက်ဖူးဘုန်းကြီး‌ကျောင်းသို့‌ရောက်ရှိနေသော စခအိမ်စီးကား(၁၀)စီးသည် မုံရွာမြို့၊စက်မှုဇုန်အတွင်း ကင်းပတ်နေကြောင်းသတင်းရရှိ။

#EIO
Mar 6, 10:08AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍1🙏1
Forwarded from BPLA
BamarRebel_March2026.pdf
2.4 MB
မတ်လထုတ် ဗမာသူပုန်စာစဉ် 📘

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)မှ တပ်ဖွဲ့ဝင် စစ်သည်၊ စစ်မေများပါဝင်ရေးသားထားကြသည့် ❝ဗမာသူပုန် - စာစဥ်❞ အတွဲ(၃)၊ အမှတ်(၃)၊ မတ်လ၊ ၂၀၂၆ ခုနှစ်ထုတ်ကို ဖတ်ရှုနိုင်ပါပြီ။
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာမြို့၊ ညောင်ပင်ဇောက်ရပ်ကွက် ဆားပေါက်ကုန်းဘက်သို့ ရောက်ရှိနေသော စခများသည် အောက်ကျင်းဘက်တွင် ကင်းပုန်းများဝပ်နေကြောင်းသတင်းရရှိ။ #EIO Mar 6, 9:25AM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာမြို့၊ ညောင်ပင်ဇောက်ရပ်ကွက် ဆားပေါက်ကုန်းဘက်သို့ ရောက်ရှိနေသော စခများသည် မြို့တွင်းဘက်ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Mar 6, 10:56AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် လမ်းကြုံကားဖြင့် မုံရွေးဈေးထိပ်နှင့်ကြေးမုံရွာအ‌နောက်ထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 6, 11:59AM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ပုဒ်မ၅၀ (ည) ၊ ပုဒ်မ ၅၂ (က) ဖြင့် ဖမ်းဆီးခံထားရပြီး ပြန် လည် လွတ်မြောက်လာခြင်းမရှိသေးသော နိုင်ငံရေးအကျဉ်းသား ၃၀၀၀ ဦးကျော် ကျန်ရှိ

ရန်ကုန်၊ မတ် ၆

မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးတွင် ပုဒ်မ၅၀ (ည) ၊ ပုဒ်မ ၅၂ (က) ဖြင့် ဖမ်းဆီးခံထားရပြီး ပြန်လည် လွတ်မြောက်ခြင်းမရှိသော နိုင်ငံရေးအကျဉ်းသား ၃၀၀၀ ဦးကျော် ကျန်ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မတ်လ ၂ ရက်နေ့စစ်တပ်က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) ဖြင့် ပြစ်ဒဏ်ကျခံနေသူ ၇၃၃၇ ဦးလွတ်ငြိမ်းသက်သာခွင့်ပေးပြီး တရားစွဲဆိုထားသူ ၁၂၄၈၇ ဦးကို အမှုရုပ်သိမ်းကြောင်း ကြေညာခဲ့သော်လည်း မတ်လ ၄ ရက်နေ့ ည ၈ နာရီအချိန်အထိ စောင့်ကြည့်ချက်အရ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားစုစုပါင်းမှာ ၄၄၀၃ ဦးသာရှိပြီး ပုဒ် ၅၀ (ည)၊ ပုဒ်မ ၅၂ (က)ဖြင့် အကျဉ်းချခံထားရသူ ၃၀၀၀ ကျော် မလွတ်မြာက်သေးကြောင်း သိရှိရသည်။

ထို့ပြင် ဒိုက်ဦးအကျဉ်းထောင်တစ်ခုတည်းတွင် လွတ်ရမည့် လူ ၂၅၀ ဝန်းကျင်ခန့် ရှိသော်လည်း လက်ရှိအချိန်အထိ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၂၀၀ ဦးကျော်မှာ လွတ်မြောက်ခြင်း မရှိဘဲ ဆက်လက် အကျဉ်းချခံထားရဆဲဖြစ်ကြောင်း၊ မြင်းခြံထောင်၊ ပေါင်းတည်ထောင်၊မအူပင်ထောင်၊အိုးဘိုထောင်၊အင်းစိန်ထောင်နှင့် အကျဉ်းထောင်အများစုတို့တွင်လည်း ပုဒ်မ ၅၀(ည)၊၅၂(က) ဖြင့် ဖမ်းဆီးခံထားရသူ‌များလွတ်မြောက်လာခြင်းမရှိကြောင်း သိရှိရသည်။

"လက်ရှိမှာဆိုရင် ဒိုက်ဦးအကျဉ်းထောင် ၊ အင်းစိန်၊ သာယာဝတီ၊ မန္တလေး အိုးဘို၊ မြင်းခြံ မြန်မာနိုင်ငံ အကျဉ်း ထောင်အသီးသီးမှာ ၅၂ က၊ ၅၀ ည နဲ့ ဖမ်းဆီးခံထားရသူတွေ အများအပြားကျန်ရှိနေဆဲဖြစ်ပါတယ်။ ၃၀၀၀ ကျော်လောက်လွတ်ဖို့ ကျန်သေးတယ်ဆိုတာကို ခိုင်ခိုင်မာမာ ပြောနိုင်ပါတယ်။ သူတို့က ၇၀၀၀ ကျော် လွှတ်ပေးမယ်ဆိုပြီးတော့ အခုအချိန်အထိ ၇၀၀၀ မပြည့်သေးဘူးဆိုတာ ပြောလို့ရတယ်။ သူတို့ လွှတ်ပေးမယ်လို့ ပြောတဲ့အထဲက အနည်းဆုံး ၃၀၀၀ ကျော်လောက်က လွတ်မြောက်လာခြင်း မရှိသေးဘဲ ထောင်ထဲမှာ ဆက်လက်အကျဉ်း ချခံထားရဆဲဖြစ်ပါတယ်။ နိုင်ငံတကာအနေနဲ့ စကားလုံးတွေနဲ့ ပြောပြီး လက်တွေ့မှာ လွတ်လာခြင်းမရှိတာကို မေးခွန်းထုတ်ကြဖို့လိုတယ်။ ပြည်သူလူထုအနေနဲ့လည်း ဝိုင်းဝန်းပြီးမှ နိုင်ငံရေးအကျဉ်းသားလွတ်မြောက် ရေးကို ပိုပြီးအားစိုက်တောင်းဆိုရေး တိုက်တွန်းလိုပါတယ်" ဟု ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

PPNM အနေဖြင့် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က) ဖြင့် အကျဉ်းကျခံနေရသည့် နိုင်ကျဉ်းများအား ချက်ချင် ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် အခြားနိုင်ငံရေး ပုဒ်မများဖြင့် ဖမ်းဆီးခံထားရသူ နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်ပေးရန် တောင်းဆိုထားသည်။

#KTM
‼️အသိပေးပန်ကြားချက်‼️

သတင်းနှင့်သက်ဆိုင်သည့် #Facebook Page များ၊ တလရနှင့် သက်ဆိုင်သည် #Facebook Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်ကြပါ။ မိမိ၏အချက်အလက် အမှန်များကို မတင်ထားသူများ၊ #Profile lock ချထားသူများ(သော့ခတ်ထားသူများ)နှင့် မိမိအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် ရောက်ရှိနေမှသာ #React‌ ပေးခြင်း ၊ #Comments ပေးခြင်းနှင့် #Share လုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#EIO Admin Teamသည် #EIO Facebook Page တွင် (RCS) React လုပ်ခြင်း၊ Comment လုပ်ခြင်း၊Share လုပ်ခြင်းထက် မိဘပြည်သူများနှင့် တလရရဲဘော်များ၏ လုံခြုံရေးကိုသာ အဓိကတန်ဖိုးထားပါသည်။

မိဘပြည်သူအပေါင်းနှင့်တလရ ရဲဘော်များ ကျန်းမာပြီးဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Facebook Page - https://www.facebook.com/eagleinformation
🙏3
🚨မုံရွာ-ဆားလင်းကြီး🚨

မုံရွာ၊နမခမှ ထွက်လာသော ဝမ်ပေါင်တွဲကား(၅)စီးသည် မုံရွာမြို့၊အိုးရှင်းဇက်ဆိပ်မှ အနောက်ဘက်ကမ်းသို့ ကူးနေကြောင်းသတင်းရရှိ။

#EIO
Mar 6, 12:48PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍1
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော ဝမ်ပေါင်တွဲကားများသည် မုံရွာမြို့၊အိုးရှင်းဇက်ဆိပ်သို့ ထပ်မံရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Mar 6, 12:54PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍1
🚨ဆားလင်းကြီး🚨

ဆားလင်းကြီးနယ်၊ဝမ်ပေါင်မှ ထွက်လာသော စခများသည် ဝမ်ပေါင် ထန်းလုံးဂိတ်မှ ညောင်ပင်ကြီး ထန်းတောအိုမ(ဇက်ဆိပ်) အထိ ကင်းများနေရာယူထားကြောင်းသတင်းရရှိ။

#EIO
Mar 6, 1:10PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍1
🚨သတိပေးနှိုးဆော်ချက်🚨

အကြမ်းဖက်စစ်ရှုံးကောင်စီမှ မုံရွာမြို့ပေါ် တွင် အမျိုးမျိုးခေါင်းစဉ်တပ်၍ စကစ၏ဘောမအနုပညာရှင်များကို ခေါ်ဆောင်ကာ ပျော်ပွဲရွှင်ပွဲများအား ဘာမှမဖြစ်သယောင် တည်ငြိမ်ပါသည်ဆိုသည့် အခြေအနေကိုဖန်တီးပြီး မကြာခဏ ပြုလုပ်လျက်ရှိပါသည်။

ပျော်ပွဲရွှင်ပွဲများအပြီး ညအချိန် အိမ်ပြန်လမ်းတစ်လျှောက်တွင် မုံရွာမြို့ပေါ်နေရာအတော်တော်များများ၌ အိမ်စီးကားများ၊စခကားကြီးများ အသုံးပြု၍ လူငယ်လူရွယ်များကို အတင်းအဓမ္မ ဖမ်းဆီးပေါ်တာဆွဲခြင်းများလည်း အမြဲပြုလုပ်လျက်ရှိကြောင်းကို ကာယကံရှင်မိဘများထံမှ သိရှိရသလို၊ မြေပြင်သတင်းရင်းမြစ်များမှလည်း သတင်းရရှိထားပါသည်။

မိမိတို့မှာနေ့စဉ် အသိပေးစာ၊သတိပေးစာများ ထုတ်ပြန်ကြေငြာသော်ငြားလည်း သတိပြုလိုက်နာဖို့ရန်မှာ မိဘပြည်သူ၊ညီအစ်ကို‌မောင်နှမများ၏ တာဝန်သာဖြစ်ပါသည်။

ထို့ကြောင့် မိဘပြည်သူ၊ညီအစ်ကို‌မောင်နှမများအနေဖြင့် စစ်ဖြစ်နေသည်ကို မမေ့လျော့ပဲ စစ်ကောင်စီ၏အသုံးချခံ စစ်ကျွန်ဘဝသို့ ရောက်မည်ကို စိုးရိမ်သဖြင့် မိမိတို့ #EIO မှ အနူးညွတ်မေတ္တာရပ်ခံ သတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ ဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
သတင်းပေးပို့၊စုံစမ်း‌မေးမြန်းရန် - @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
🙏1
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၅)စီးသည် တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Mar 6, 3:48PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍1