EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်
(၂၃.၂.၂၀၂၆ မှ ၁.၃၂၀၂၆ အထိ)

အလေးပေးတင်ပြချက်များ
••••••••••••••••••••••••
ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပါသည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

မိုးလေဝသအခြေအနေမှာ အရှေ့ဘက်မှလာသော လေပွေလှိုင်းအရှိန်ကြောင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း ၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။

မြူအခြေအနေမှာ - မြန်မာနိုင်ငံတဝှမ်းလုံးတွင် မြူများကျဆင်းနိုင်ပါသည်။

🗓️ နေ့အလိုက်တပတ်စာ မိုးလေဝသ အခြေအနေ များကို ဆက်လက်တင်ပြသွားပါမည်။

🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️
💯2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် (၂၃.၂.၂၀၂၆ မှ ၁.၃၂၀၂၆ အထိ) အလေးပေးတင်ပြချက်များ •••••••••••••••••••••••• ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပါသည်။ ဘင်္ဂလားပင်လယ်အော်…»
ခေါင်း ပါသော်လည်း
ဦးနှောက် မပါသူတွေ
အများကြီး တွေ့နေရတယ်။

ရင်ဘတ် ပါသော်လည်း
နှလုံးသား မပါသူတွေ
အများကြီး တွေ့နေရတယ်။

အလင်းရောင်ထဲ နေပြီး
အမှောင်ကျ နေသူတွေ
အများကြီး တွေ့နေရတယ်။

မျက်လုံး ပါသော်လည်း
အမှန်ကို မမြင်တဲ့သူတွေ
အများကြီး တွေ့နေရတယ်။

တရားတွေ ကျင့်နေ ပါသော်လည်း
တရားမျှတမှုကို ကျောပေး နေသူတွေ
အများကြီး တွေ့နေရတယ်။

မေးတော့ မေးရမယ် ...
ကိုယ်ချင်းစာတရား ဆိုတာ ဘယ်မှာလဲပေါ့

#Crd - Poem
#Crd - Cartoon
#EIO
😢2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် (၂၃.၂.၂၀၂၆ မှ ၁.၃၂၀၂၆ အထိ) အလေးပေးတင်ပြချက်များ •••••••••••••••••••••••• ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပါသည်။ ဘင်္ဂလားပင်လယ်အော်…
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️

ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။

🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။

၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️

လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။

၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨

ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။

⚠️ အထူးသတိပြုရန်။

ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar
🥰2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️ ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။ 🌪 လေခွင်းသံ…»
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 25, 1:04PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် ကားလေးကွင်းဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 25, 1:07PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊‌GTC‌ကျောင်းမှ ထွက်လာသော စခကင်းများသည်မိုးညင်းဘုရားအရှေ့တွင် ကင်းများထားခဲ့ပြီး အနောက်ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Feb 25, 10:34AM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

ယနေ့မနက်က မုံရွာတောင်၊‌မိုးညင်းဘုရားအရှေ့နှင့်အနောက်ဘက်သို့ ရောက်ရှိနေသော GTC‌ကျောင်းထွက် စခကင်းများသည် GTC‌ ကျောင်းအတွင်း ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်းသတင်းရရှိ။

#EIO
Feb 25, 2:40PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စက်လက်ပါDCကား(၁)စီးသည် နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 25, 5:21PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာမြို့ထဲမှ ထွက်လာသော စက်လက်ပါDCကား(၁)စီးသည် နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Feb 25, 5:21PM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စက်လက်ပါDCကား(၁)စီးသည် မြေနဲဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 25, 5:23PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာမြို့ထဲမှ ထွက်လာသော စက်လက်ပါDCကား(၁)စီးသည် မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်တွင်ရပ်ထားကြောင်းသတင်းရရှိ။ #EIO Feb 25, 5:35PM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စက်လက်ပါDCကား(၁)စီးသည် မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထပ်တိုးအိမ်စီးကား(၁)စီးနှင့်အတူ မုံရွေးဖြတ်၍ ချောင်းဦးဘက်သို့ ဆက်လက်ဦးတည်ကြောင်းသတင်းရရှိ။

#EIO
Feb 25, 5:39PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာမြို့ထဲမှ ထွက်လာသော စက်လက်ပါDCကား(၁)စီးသည် မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထပ်တိုးအိမ်စီးကား(၁)စီးနှင့်အတူ မုံရွေးဖြတ်၍ ချောင်းဦးဘက်သို့ ဆက်လက်ဦးတည်ကြောင်းသတင်းရရှိ။ #EIO Feb 25, 5:39PM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot…
🚨မုံရွာ🚨

ချောင်းဦးဘက်မှလာသော စက်လက်ပါDCကား(၁)စီး၊အိမ်စီးကား(၁)စီးသည် မုံရွေးဖြတ်၍ မုံရွာမြို့ဘက်သို့ ပြန်လည်ဦးတည်ကြောင်းသတင်းရရှိ။

#EIO
Feb 25, 6:10PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 ချောင်းဦးဘက်မှလာသော စက်လက်ပါDCကား(၁)စီး၊အိမ်စီးကား(၁)စီးသည် မုံရွေးဖြတ်၍ မုံရွာမြို့ဘက်သို့ ပြန်လည်ဦးတည်ကြောင်းသတင်းရရှိ။ #EIO Feb 25, 6:10PM 📬သတင်းပို့ရန် @EIO2021_bot @EagleInformationOperator_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

တောင်မှလာသော စက်လက်ပါDCကား(၁)စီး၊အိမ်စီးကား(၁)စီးသည် မြေနဲဖြတ်၍ မုံရွာမြို့ဘက်သို့ ပြန်လည်ဦးတည်ကြောင်းသတင်းရရှိ။

#EIO
Feb 25, 7:19PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍1
📢 မိဘပြည်သူများ အသက်အန္တရာယ်ကင်းဝေးစေဖို့ အထူးသတိပြုရန် နှိုးဆော်ချက် ⚠️

ဖေဖော်ဝါရီ (၂၅)ရက်၊ ၂၀၂၆ ခုနှစ်။

စစ်မီးများပြန့်နှံ့နေတဲ့ ယနေ့ကာလမှာ မိမိတို့ရဲ့ ပတ်ဝန်းကျင်နဲ့ သွားလာရာ လမ်းကြောင်းတလျှောက်မှာ မမျှော်လင့်ဘဲ ကြုံတွေ့ရနိုင်တဲ့ လေကြောင်းအန္တရာယ်၊ လက်နက်ကြီးအန္တရာယ်နှင့် မြေမြှုပ်မိုင်းအန္တရာယ် တွေအတွက် အောက်ပါအတိုင်း အထူးသတိပြု နေထိုင်ကြပါရန် ရန်ကုန်တိုင်းပကဖက မိဘပြည်သူများအား တိုက်တွန်းနှိုးဆော်ထားပါတယ်။

✈️ ၁။ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် သတိပြုရန်။

လေကြောင်းရန်ဆိုတာ ကြိုတင်ခန့်မှန်းရခက်ပြီး ပေါက်ကွဲအားနဲ့ ကျည်စဒဏ်ဟာ ဧရိယာကျယ်ကျယ်ပြန့်ပြန့်ကို ထိခိုက်စေနိုင်ပါတယ်။

သံသယဖြစ်ဖွယ် အခြေအနေများ။

လေယာဉ်အင်ဂျင်သံ (ဝူးဝူးဝါးဝါးသံ) စူးရှစွာ ကြားရခြင်း။

လူမှုကွန်ရက် သို့မဟုတ် မြေပြင်သတင်းများအရ မိမိဒေသသို့ လေယာဉ်များ ဦးတည်လာနေခြင်း။

⚠️ ဆောင်ရန်များ။

လေယာဉ်သံကြားတာနဲ့ အချိန်မဆွဲဘဲ ခိုင်ခံ့တဲ့ ဗုံးခိုကျင်း (သို့မဟုတ်) အဆောက်အအုံအောက်ခြေ အကာအကွယ်ရှိရာသို့ ချက်ချင်းဝင်ပါ။
ဗုံးခိုကျင်းထဲ ရောက်ပါက မှန်ကန်စွာဝပ်ပါ (မှောက်ရက်ဝပ်ပြီး ရင်ဘတ်ကို မြေကြီးနဲ့မထိအောင် ဒူးနဲ့လက်တံတောင်ဆစ်ထောက်ထားပါ၊ ပါးစပ်ကို အနည်းငယ်ဟထားပါ)။
အကယ်၍ ကွင်းပြင်ထဲရောက်နေပါက နီးစပ်ရာ ရေမြောင်း သို့မဟုတ် ချိုင့်ဝှမ်း တစ်ခုခုထဲမှာ မှောက်ရက်ဝပ်ပါ။

ညဘက်ဖြစ်ပါက မိမိနေအိမ်မှ အလင်းရောင်များ အပြင်သို့ မထွက်စေရန် မီးပိတ်ထားခြင်း သို့မဟုတ် အမှောင်ချခြင်း ကို ပြုလုပ်ပါ။

⚠️ ရှောင်ရန်များ။

🚫 စူးစမ်းလိုစိတ်ဖြင့် အပြင်ထွက်မကြည့်ပါနဲ့။

လေယာဉ်လာချိန်တွင် ကောင်းကင်သို့ မော့ကြည့်ခြင်း၊ ဓာတ်ပုံ/ဗီဒီယိုရိုက်ခြင်း လုံးဝမပြုလုပ်ပါနဲ့။ (မျက်နှာ၏ အသားအရေအရောင်သည် အပေါ်မှ မြင်သာစေနိုင်သောကြောင့် ဖြစ်သည်)။

⚠️ မှန်ကန်သော အကာအကွယ်ကို ရွေးချယ်ပါ။

မှန်ပြတင်းပေါက်များ၊ မှန်တံခါးများအနီးတွင် မနေပါနဲ့ (ပေါက်ကွဲမှုဒဏ်ကြောင့် မှန်စများ လွင့်စင်ကာ အသက်အန္တရာယ် ရှိနိုင်သည်)။

🚫 လူစုလူဝေး မလုပ်ပါနဲ့။

လေယာဉ်သံကြားချိန်တွင် လူစုလူဝေးရှိရာနေရာများ (ဈေး၊ ဘုရားကျောင်း၊ စာသင်ကျောင်း) ထဲတွင် စုပြုံမနေဘဲ လူခွဲ၍ အကာအကွယ်ယူပါ။

🚀 ၂။ လက်နက်ကြီးအန္တရာယ် သတိပြုရန်။

လက်နက်ကြီးကျည်ဟာ ပေါက်ကွဲအားပြင်းထန်သလို ကျည်ဆန်အစအနတွေကြောင့် မိုင်အကွာအဝေးအထိ အသက်အန္တရာယ် ရှိနိုင်ပါတယ်။

⚠️ ဆောင်ရန်များ။

လက်နက်ကြီးသံကြားတာနဲ့ အကာအကွယ်ကောင်းတဲ့ ဗုံးခိုကျင်း သို့မဟုတ် ခိုင်ခံ့တဲ့ အဆောက်အအုံအောက်ခြေမှာ ချက်ချင်း ဝပ်နေပါ။

ဗုံးခိုကျင်းထဲ ရောက်တဲ့အခါ အကြားအာရုံ ထိခိုက်မှုနည်းစေဖို့ နားကိုလက်နဲ့ပိတ်ထားပြီး၊ ရင်ဘတ်ကို မြေကြီးနဲ့ မထိအောင် ဒူးနဲ့လက်တောင်ဆစ် ထောက်ထားပါ။

အပြင်မှာ ရောက်နေပါက ကျိုင် (သို့မဟုတ်) ချိုင့်ဝှမ်းတစ်ခုခုထဲ မှောက်ရက်ဝပ်နေပါ။

⚠️ ရှောင်ရန်များ။

အသံကြားရုံနဲ့ ထွက်မကြည့်ပါနဲ့။
မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်ဆံတွေကို တွေ့ရှိပါက လုံးဝ (လုံးဝ) သွားရောက်ကိုင်တွယ်ခြင်း၊ ရွှေ့ပြောင်းခြင်း မပြုပါနဲ့။

💣 ၃။ မြေမြှုပ်မိုင်းနှင့် နင်းမိုင်းအန္တရာယ် သတိပြုရန်။

မိုင်းဆိုတာ မျက်စိနဲ့ မြင်ရခဲပြီး အသံတိတ်လူသတ်သမား ဖြစ်ပါတယ်။

⚠️သံသယဖြစ်ဖွယ်နေရာများ။

တိုက်ပွဲဖြစ်ပွားခဲ့ဖူးသော နေရာများ၊ စစ်ကြောင်းဖြတ်သန်းသွားသော လမ်းများ။

လူသူအရောက်အပေါက်နည်းသော တောလမ်း၊ ခြုံပုတ်များ။

တံတားအနီး၊ ဓာတ်တိုင်အောက်နှင့် အဆောက်အအုံဟောင်းများ။

⚠️ ဆောင်ရန်များ။

သွားလာနေကျ လမ်းဟောင်းအတိုင်းသာ သွားပါ။ လမ်းသစ်ဖောက်ခြင်း၊ တောတိုးခြင်း မလုပ်ပါနဲ့။

ထူးဆန်းတဲ့ ကြိုးစများ၊ ဝိုင်ယာကြိုးများ၊ သံချေးတက်နေသော သံဘူးများ တွေ့ရှိပါက မိုင်းဟု ယူဆပြီး ဝေးဝေးက ရှောင်ပါ။

ဒေသန္တရအမှတ်အသားများ (ဥပမာ - လမ်းပေါ်မှာ သစ်ကိုင်းခွတင်ထားခြင်း၊ ခဲပုံထားခြင်း) ကို သတိထားကြည့်ပါ။

⚠️ ရှောင်ရန်များ။

မြေကြီးထဲက ထွက်နေတဲ့ သံကြိုး၊ နိုင်လွန်ကြိုးတွေကို ဆွဲမကြည့်ပါနဲ့။
သံသယဖြစ်ဖွယ် ပစ္စည်းတွေကို ခဲနဲ့ပစ်တာ၊ တုတ်နဲ့ထိုးတာမျိုး လုံးဝမလုပ်ပါနဲ့။

💡 အရေးပေါ်အခြေအနေ ကြုံလာရလျှင်

၁။ မိုင်းနင်းမိပြီလို့ သံသယရှိပါက (သို့မဟုတ်) မိမိရှေ့မှာ မိုင်းတွေ့ပါက "ဆက်မတိုးပါနဲ့"။ ခြေလှမ်းကို ရပ်လိုက်ပါ။

၂။ နောက်ပြန်လှည့်မပြေးပါနဲ့။ လာခဲ့တဲ့ခြေရာအတိုင်း ဖြည်းဖြည်းချင်း ပြန်ဆုတ်ပါ။

၃။ အနီးနားက လူတွေကို အော်ဟစ်အသိပေးပါ။

"သတိဆိုတာ ပိုသည်မရှိပါ၊ သင်၏ ဂရုစိုက်မှုက သင့်အသက်ကို ကယ်တင်ပါလိမ့်မည်။"

#ပကဖအသ
#ပြည်သူ့ကာကွယ်ရေးအဖွဲ့
#ရန်ကုန်ပကဖ

#AdminTeam
#Eagle_Information_Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပို့ရန် -
👉🏻 @EIO2021_bot @EagleInformationOperator_bot
👉🏻 http://t.me/EagleInformationOperator
📧 http://www.eagleinformationoperators@gmail.com
🔵 https://www.facebook.com/eagleinformation
🌐 http://t.me/eagleinformationoperator
🥰1
🚨မြင်းမူ🚨

မြင်းမူမြို့၊အထက(၁)မှထွက်လာသော စခများသည် မြင်းမူနယ်၊မြစ်‌ပေါက်ရွာသို့ ရောက်ရှိ၍ လက်နက်ငယ်များရမ်းသမ်းပစ်ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Feb 25, 9:25PM
📬သတင်းပို့ရန် @EIO2021_bot
@EagleInformationOperator_bot
https://t.me/eagleinformationoperator
👍2🙏1
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
🥰1💯1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2