EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
🚨မုံရွာ🚨

မုံရွာတောင်၊ မအူဆီတန်းနှင့်တံတားဖြူမှ စခကင်းများသည် မအူဂိတ်သို့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Feb 25, 9:22AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲမိုးညှင်းပေလမ်းဆုံသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 25, 9:22AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «“အများနဲ့ ကွဲပြားသွားစေမယ့် အချက်တစ်ချက်” 🔳 ဒီလူက ပရိုပီသတယ်၊ ပရော်ဖက်ရှင်နယ်ဆန်တယ် ဆိုတဲ့ စကားဟာ တကယ်တော့ သိပ်ဂုဏ်ယူစရာ ကောင်းပါတယ်။ အလုပ်မှာ ကျွမ်းကျင်တယ်။ အလုပ်ကို တန်ဖိုးထားတယ်။ အလုပ်နဲ့ကိုယ်ရေးကိုယ်တာ ခွဲထားနိုင်တယ်။ စိတ်ချယုံကြည်လို့ ရတယ် စတဲ့ အဓိပ္ပါယ်တွေ…»
🚨🚨 ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၀၉း၄၆ မိနစ်အချိန်ခန့်တွင် ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီး၊ မြေအောက်အနက် ၁ကီလိုမီတာခန့်ကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၅.၅ အဆင့်ဖြင့် အင်အားအတော်အသင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသည်။

🚧🚧 ငလျင်အန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးမှုများလျော့နည်းစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အသိပေးအပ်ပါသည်။

မှတ်ချက်။ မြေငလျင်တိုင်းတာစက်များကအသုံးပြုသည့် စကေးနှင့်တိုင်းတာသည့်နည်းလမ်းတို့အပေါ်မူတည်၍လည်း ငလျင်အင်အားပမာဏ အနည်းငယ်ကွာခြားမှုရှိနိုင်ပါသည်။

#2026MyanmarEarthquake
#MyanmarEarthquake
#RebuildMyanmar
#NUGEarthquakeassist
🙏1
🚨လေကြောင်းအန္တရာယ် သတိပေးချက်🚨

ယနေ့အခြေအနေတွင် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များသည် ဆိုရှယ်မီဒီယာပေါ် တင်ထားသည့် အချက်အလက် ဓာတ်ပုံ/ဗီဒီယိုများမှ တဆင့် ခြေရာခံမိခြင်းကြောင့် ဖြစ်ပွားတာ အများစု ဖြစ်ပါသည်။

မိဘပြည်သူများနှင့် တလရအဖွဲ့အစည်စည်းထဲမှ ရဲဘော်များ၊Facebook Pageနှင့်Channel Admin များအားလုံး မိမိတင်လိုက်သော ပုံများနှင့်ပို့စ်တစ်ခုသည် တည်နေရာပေါက်ကြားနိုင်တာကို သိရှိထားပြီး သတိထားအသုံးပြုနိုင်အောင် အောက်ပါအချက်တွေကို မျှဝေပေးလိုက်ပါသည်။

🚨တည်နေရာ ဘယ်လိုပေါက်ကြားသလဲ?

(၁) ဓာတ်ပုံထဲမှာ ဖုန်းအချက်အလက် ပါနေတတ်ပါသည်။

ဖုန်းနဲ့ရိုက်သည့် ဓါတ်ပုံတွေမှာ GPS / ရိုက်ချိန် / ဖုန်းမော်ဒယ် စတဲ့ Metadata ပါနေ တတ်ပါသည်။ Original ဓါတ်ပုံကို တိုက်ရိုက် တင်ရင် တည်နေရာ ထွက်နိုင်ပါသည်။

(၂) နောက်ခံပုံစံကနေမှ တဆင့် မည်သည့်ဒေသ၊မည်သည့်နေရာဆိုတာကို ခန့်မှန်းနိုင်ပါသည်။

တောင်တန်း၊ လမ်းပုံစံ၊ အဆောက်အဦး၊ ဆိုင်းဘုတ်စာလုံး၊နေရောင်အရိပ်၊ မိုးလေဝသအခြေအနေ စသည့် ဓါတ်ပုံတစ်ပုံတည်းဖြင့် ဒေသအနီးစပ်ဆုံးကို ခန့်မှန်းနိုင်ပါသည်။

(၃) Caption / Comment / Profile ဆက်စပ်မှု

Caption မှ စာကြောင်းတစ်ကြောင်းနှင့် Comment တွေမှာ ထပ်ဖြည့်ပေးကြသည့် အချက်အလက်များကိုလည်း ခြေရာခံနိုင်ပါသည်။ အရင်ကတင်ထားသည့် ပုံတွေကို ဆက်စပ်ကြည့်ခြင်းဖြင့်လည်း ပို့စ်တစ်ခု(မဟုတ်ဘဲ) Profile တစ်ခုလုံးကနေ ခြေရာခံနိုင်ပါသည်။

🚨 မတင်ခင် သတိထားရမယ့် အရေးကြီးသည့် အချက်များ🚨

(၁) Metadata ကို ဖျက်ပြီးမှ တင်ပါ။Screenshot လုပ်ပြီးမှ တင်ပါ

Facebook / Telegram / Signal မှာ တင်ပါ (Metadata ကို ဖျက်ပေးတတ်)

ဖုန်းထဲက "Remove location info" ကို သုံးပါ။

(၂) နောက်ခံကို စစ်ဆေးပါ။

မတင်သင့်

တောင်၊ လမ်း၊ တံတား၊ အဆောက်အဦး ထင်ရှားသည့် ဓါတ်ပုံများ၊
ဆိုင်းဘုတ်၊ စာလုံး ပါနေသည့် ဓါတ်ပုံများ၊

လုပ်သင့်

ဓါတ်ပုံများ နောက်ခံကို Blur ထား၍ပြုပြင်ပါ၊ Plain wall / အရောင်တစ်ခုတည်းထားခြင်း၊ AI နည်းပညာဖြင့် Background ပုံစံ အမျိုးမျိုးပြောင်းပါ၊

(၃) Caption ကို သတိထားရေးပါ။

မရေးသင့်

“ဒီနေ့ _ နေရာမှာ” “အခုလက်ရှိ _”

လုပ်သင့်

နေရာ/အချိန် - မဖော်ပြရပါ။
အတိတ် tense သုံးပါ။ ("အရင်က…")

(၄) Live / Real-time မလုပ်ပါနှင့်။

Live ထုတ်လွှင့်ခြင်းသည် တည်နေရာကို ချက်ချင်းပေါက်ကြားစေပါသည်။
စကစ၏ လက်နက်ကြီးပစ်ခတ်မှု၊လေကြောင်းတိုက်ခိုက်မှုပြုလုပ်ပြီး ကျရောက်သည့်နေရာအတိအကျများကို အချိန်နှင့်တပြေးညီ မလိုအပ်ပဲအင်တာဗျူးခြင်း၊ဓါတ်ပုံများဖြန့်ဝေခြင်း မပြုလုပ်ရပါ။ဖြစ်ရပ်တစ်ခုပြီးမှ အချိန်နောက်ကျပြီးမှ တင်ပါ။ဖြန့်ပါ။

🚨 Facebook Page၊ Telegram Channel Admin များအတွက်
အထူးသတိထားဖို့ရန်မှာ Original photo/video ကို မတင်ပါနှင့်။
Re-encode / Screenshot / Compress လုပ်ပြီးမှ တင်ပါ။တစ်နေရာတည်းက ပုံများ ဆက်တိုက်မတင်ပါနှင့်။Admin အားလုံးသည် Location မတူအောင် သုံးကြပါ။

🚨အထူးသတိပြုရန်🚨

“Public မှာ တင်လိုက်သည့် အကြောင်းအရာ အချက်အလက်တိုင်းကို ရန်သူကလည်း စောင့်ကြည့်နေတယ်” ဆိုတာကို ‌မမေ့လျော့ကြပါနှင့်။ မိမိရန်သူကို အထင်လည်းမကြီးရသလို လျော့လည်းမတွက်သင့်ပါ။

တလရ အဖွဲ့အစည်းများအနေနှင့်လည်း လုံခြုံရေးအသိ၊ လုံခြုံရေးသတိရှိကြပြီး
မိမိတို့ ရဲဘော်များကိုကြပ်ကြပ်မတ်မတ် ကိုင်တွယ် ထိန်းသိမ်းကြပါ။


သတင်းသမားအမည်ခံယူထားပြီး သတင်းအလုပ် လုပ်ကိုင်နေကြသည့် မည်သူမဆို
ကိုယ့်တာဝန်ကိုယ်သိပြီး စောင့်ထိန်းရမယ့်ကျင့်ဝတ်နှင့် လိုက်နာရမည့် စည်းကမ်းများကို ရှင်းလင်းပြတ်သားစွာ နားလည်နိုင်ကြဖို့ရန် လိုအပ်ပါသည်။

မိမိရဲ့ ပို့စ်တစ်ခု၊ မိမိရဲ့ ဓါတ်ပုံတစ်ပုံသည် စစ်‌ကောင်စီအား မသိမသာ သတင်းအချက်အလက်ပေးနေသည့် ပုံစံဖြစ်ပေါ်နေပြီး မိမိကိုယ်တိုင်ကိုသော်လည်းကောင်း၊မိမိဘေးနားက ပြည်သူများကိုသော်လည်းကောင်း၊တလရ ရဲဘော်များရဲ့ အသက်နှင့် အဖွဲ့အစည်းများကို အန္တရာယ်ကျရောက်စေနိုင်ပါသည်။


မတင်မီ တစ်စက္ကန့်လောက် စဉ်းစားခြင်းသည် အသက်များကို ကာကွယ်နိုင်ပါသည်။။

#SBO-(24) ၏ အချက်အလက်များကို ကိုးကား၍ လက်ရှိမြေပြင်အခြေနေများနှင့်သုံးသပ်ပြီး မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)မှ ဘေးကင်းကြစေဖို့ရန် တင်ပြလိုက်ပါသည်။

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Telegram Channel - https://t.me/eagleinformationoperator

⚜️#EIO Telegram Chat Group - https://t.me/EagleInformation

⚜️#EIO Facebook Page - https://www.facebook.com/eagleinformation

⚜️#EIO Twitter - https://www.x.com/Eagleeio

⚜️#EIO Gmail - http://www.eagleinformationoperators@gmail.com

⚜️သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန်- @EIO2021_bot
🙏2
⚜️ လေ‌ကြောင်းသတင်းဆိုင်ရာ တယ်လီဂရမ်ချန်နယ်များ⚜️

https://t.me/earorg
https://t.me/nasairscoutteam
https://t.me/WaiHin
https://t.me/witnessenemyairscout

အထက်ပါ လေကြောင်းသတင်းနှင့်ပတ်သတ်သည့် တယ်လီဂရမ်သတင်းချန်နယ်များအား စုစည်းတင်ပြလိုက်ပါသည်။ မိမိတို့
#EIO သည် လေကြောင်းသတင်းချန်နယ်မဟုတ်သည့်အတွက် မိဘပြည်သူများနှင့် တလရရဲဘော်များ သိရှိစေရန်အနေဖြင့် #EIO Admin Team မှ ပြန်လည်ဝေမျှခြင်းသာဖြစ်ပါသည်။

#Admin Team
#Eagle Information Operator
#EIO(ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-
@EIO2021_bot
http://www.eagleinformationoperators@gmail.com
🙏2
🚨အထူးသတိပြုရန်🚨

ယခုရက်ပိုင်း၌ စကစသည် မြို့နယ်ပေါင်းစုံ၊နယ်ပေါင်းစုံတွင် နေ့အချိန်၌ Spy Balloon၊UAV Scout drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်း၊ညအချိန်တွင်လည်း UAV Scout Drone များလွှတ်တင်၍ ကင်းထောက်ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များမှ သတင်းရရှိထားပါသည်။သို့ဖြစ်ပါ၍ တလရ ရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ၊လုံခြုံရေးသတိ ရှိကြပါရန် #EIO မှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104

#VTOL 370 Scout Drone ‌အကြောင်း‌လေ့လာရန် - https://t.me/eagleinformationoperator/17105

#Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752

#Gyrocopter နှင့် #Paramotor တို့ကို တန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ - https://t.me/eagleinformationoperator/17807

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
https://t.me/eagleinformationoperator
📬သတင်းပေးပို့ရန်- @EIO2021_bot
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊‌GTC‌ကျောင်းမှ ထွက်လာသော စခကင်းများသည် အနောက်ဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 25, 10:23AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊‌GTC‌ကျောင်းမှ ထွက်လာသော စခကင်းများသည် မိုးညင်းဘုရားအရှေ့သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Feb 25, 10:29AM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာတောင်၊‌GTC‌ကျောင်းမှ ထွက်လာသော စခကင်းများသည်မိုးညင်းဘုရားအရှေ့တွင် ကင်းများထားခဲ့ပြီး အနောက်ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 25, 10:34AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏2
🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက်
(၂၃.၂.၂၀၂၆ မှ ၁.၃၂၀၂၆ အထိ)

အလေးပေးတင်ပြချက်များ
••••••••••••••••••••••••
ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပါသည်။ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။

မိုးလေဝသအခြေအနေမှာ အရှေ့ဘက်မှလာသော လေပွေလှိုင်းအရှိန်ကြောင့် မကွေးတိုင်း၊ မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း ၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။

မြူအခြေအနေမှာ - မြန်မာနိုင်ငံတဝှမ်းလုံးတွင် မြူများကျဆင်းနိုင်ပါသည်။

🗓️ နေ့အလိုက်တပတ်စာ မိုးလေဝသ အခြေအနေ များကို ဆက်လက်တင်ပြသွားပါမည်။

🌨️📌🌥️📌☁️📌🌩️📌⛈️📌🌤️
💯2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် (၂၃.၂.၂၀၂၆ မှ ၁.၃၂၀၂၆ အထိ) အလေးပေးတင်ပြချက်များ •••••••••••••••••••••••• ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပါသည်။ ဘင်္ဂလားပင်လယ်အော်…»
ခေါင်း ပါသော်လည်း
ဦးနှောက် မပါသူတွေ
အများကြီး တွေ့နေရတယ်။

ရင်ဘတ် ပါသော်လည်း
နှလုံးသား မပါသူတွေ
အများကြီး တွေ့နေရတယ်။

အလင်းရောင်ထဲ နေပြီး
အမှောင်ကျ နေသူတွေ
အများကြီး တွေ့နေရတယ်။

မျက်လုံး ပါသော်လည်း
အမှန်ကို မမြင်တဲ့သူတွေ
အများကြီး တွေ့နေရတယ်။

တရားတွေ ကျင့်နေ ပါသော်လည်း
တရားမျှတမှုကို ကျောပေး နေသူတွေ
အများကြီး တွေ့နေရတယ်။

မေးတော့ မေးရမယ် ...
ကိုယ်ချင်းစာတရား ဆိုတာ ဘယ်မှာလဲပေါ့

#Crd - Poem
#Crd - Cartoon
#EIO
😢2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🌧️ ရက်သတ္တပတ် မိုးလေဝသခန့်မှန်းချက် (၂၃.၂.၂၀၂၆ မှ ၁.၃၂၀၂၆ အထိ) အလေးပေးတင်ပြချက်များ •••••••••••••••••••••••• ယခုတစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပါသည်။ ဘင်္ဂလားပင်လယ်အော်…
✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️

ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။

🌪 လေခွင်းသံ ကြမ်းတမ်းရခြင်း၏ အဓိကအချက်များ။

၁။ #Turbulence (လေထုမငြိမ်မသက်ဖြစ်ခြင်း) ☁️

လေယာဉ်သည် အပူချိန်နှင့် ဖိအားမတူညီသော လေထုအလွှာများကို ဖြတ်သန်းရသည့်အခါ လမ်းကြမ်းပေါ်တွင် မောင်းနှင်နေသည့် ကားတစ်စီးကဲ့သို့ တုန်ခါမှု ဖြစ်ပေါ်တတ်သည်။ ထိုအခါ လေယာဉ်၏ လေခွင်းသံသည် ပုံမှန်ထက် ပိုမိုကျယ်လောင်လာတတ်ပါသည်။

၂။ #Aerodynamic_Noise (လေထုတိုးဝှေ့သံ) 💨

ပြင်းထန်သော လေတိုက်နှုန်းသည် လေယာဉ်၏ ကိုယ်ထည်နှင့် တောင်ပံများကို အရှိန်ပြင်းပြင်း တိုးဝှေ့သွားသည့်အတွက် "ဝူးဝူး" ဟု မြည်သော အသံများ ပိုမိုသိသာစွာ ကြားရခြင်း ဖြစ်သည်။

⚠️ အထူးသတိပြုရန်။

ရာသီဥတုကြောင့် ဖြစ်ပေါ်သော လေယာဉ်သံများသည် အနိမ့်ပျံသန်းတတ်သည့် ဂျက်တိုက်လေယာဉ်များ၏ အင်ဂျင်သံများနှင့် ရောထွေးသွားနိုင်ပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် အသံကို ဂရုတစိုက် ခွဲခြားနားထောင်ကြပါရန်နှင့် "အမြဲနိုးနိုးကြားကြား" ရှိနေကြပါရန် တိုက်တွန်းအပ်ပါသည်။

"မိဘပြည်သူများအားလုံး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ။" 🙏

📌 ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်။

⚜️ မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများ ရှိပါက #EIO_Admin_Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📲သတင်းပေးပို့ရန်-
👉 @EIO2021_bot
👉 @EagleInformationOperator_bot
👉 http://www.eagleinformationoperators@gmail.com
🔵https://www.facebook.com/eagleinformation
🌐https://t.me/eagleinformationoperator

#EIO #PublicSafety #WeatherAlert #AviationAwareness #StaySafe #SafetyAwareness #WhatsHappeningInMyanmar
🥰2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «✈️ "ရာသီဥတုနှင့် လေယာဉ်ဖြတ်သန်းမှုဆိုင်ရာ အသိပေးချက်"⚠️ ရာသီဥတု ဆိုးရွားချိန်တွင် ခရီးသွားလေယာဉ်များ ဖြတ်သန်းစဉ် ထွက်ပေါ်လာသော လေခွင်းသံများမှာ သဘာဝဖြစ်စဉ်သာ ဖြစ်သော်လည်း၊ အခြားသော လေကြောင်းလှုပ်ရှားမှုများနှင့် ရောထွေးမှုမရှိစေရန် သတိပြုနိုင်ရန်။ 🌪 လေခွင်းသံ…»
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် နတ်လူထိပ်ပန်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 25, 1:04PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၂)စီးသည် ကားလေးကွင်းဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 25, 1:07PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊‌GTC‌ကျောင်းမှ ထွက်လာသော စခကင်းများသည်မိုးညင်းဘုရားအရှေ့တွင် ကင်းများထားခဲ့ပြီး အနောက်ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Feb 25, 10:34AM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

ယနေ့မနက်က မုံရွာတောင်၊‌မိုးညင်းဘုရားအရှေ့နှင့်အနောက်ဘက်သို့ ရောက်ရှိနေသော GTC‌ကျောင်းထွက် စခကင်းများသည် GTC‌ ကျောင်းအတွင်း ပြန်လည်ဝင်ရောက်သွားပြီဖြစ်ကြောင်းသတင်းရရှိ။

#EIO
Feb 25, 2:40PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1