EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။

ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။

‼️စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ

၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။
၂။ တရေးတမောအိပ်စက်အနားယူပါ။
၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။
၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။
၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။
၆။ ရေများများသောက်ပေးပါ။
၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
◾️ NUG ကို မကျေနပ်လို့ တော်လှန်ရေး ရပ်ကြမလား

စပိန်ပြည်တွင်းစစ် (1936-1939) တုန်းက ဖက်ဆစ် အာဏာရှင် ဖရန်စစ္စကို ဖရန်ကို ကို ဖြုတ်ချဖို့အတွက် စပိန်ပြည်သူတွေ၊ ဒီမိုကရေစီ လိုလားသူတွေ၊ လက်ဝဲဝါဒီတွေ ပေါင်းပြီး ရီပတ်ဘလီကန် (Republican) တပ်ပေါင်းစုကြီး ဖွဲ့ခဲ့ကြပါတယ်။ တော်လှန်ရေးလုပ်နေရင်းနဲ့ ရီပတ်ဘလီကန် အစိုးရတွင်းမှာ ခြစားမှုတွေ၊ နိုင်ငံရေး အယူအဆ ကွဲလွဲမှုတွေ၊ တာဝန်ခံမှု ကင်းမဲ့တာတွေ ဖြစ်လာပါတယ်။

အဲဒီအခါမှာ ပြည်သူတွေနဲ့ တော်လှန်ရေး အင်အားစုတချို့ဟာ အစိုးရကို စိတ်နာပြီး ပူးပေါင်း ဆောင်ရွက်မှု ရပ်တန့်တာ၊ အချင်းချင်း ပြန်တိုက်ခိုက်တာတွေ လုပ်လာကြပါတယ်။ အချင်းချင်း မကျေနပ်လို့ တော်လှန်ရေးကို ကျောခိုင်း လိုက်တဲ့အတွက် ရှေ့တန်းက ရဲဘော်တွေ လက်နက်နဲ့ ရိက္ခာ ပြတ်လပ်သွားပါတယ်။ နောက်ဆုံးမှာ အာဏာရှင် ဖရန်ကို အနိုင်ရသွားပြီး စပိန်နိုင်ငံကြီးဟာ နောက်ထပ် ၃၆ နှစ်တိုင်တိုင် (၁၉၇၅ ခုနှစ် ဖရန်ကို သေဆုံးသည်အထိ) ဖက်ဆစ် အာဏာရှင် လက်အောက်ကို ပြန်လည် ကျရောက်သွားခဲ့ရပါတယ်။

စိတ်ပျက်အားငယ်မှုနဲ့ ဒေါသထွက်မှုတွေ ရှိပေမယ့် ခံစားချက်ရှေ့တန်းတင်ပြီး တော်လှန်ရေးကို ကျောခိုင်းရင် မိမိတို့ ဖြုတ်ချချင်နေတဲ့ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေဖို့ ကိုယ်တိုင် ကူညီလိုက်သလို ဖြစ်သွားစေတယ် ဆိုတာ ဒီဟာက သမိုင်း ဥပမာ တစ်ခုပါ။ တော်လှန်ရေးဆိုတာ ဘုံရန်သူ (စစ်အာဏာရှင်စနစ်) ကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ကို သွားနေတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ NUG အစိုးရဆိုတာ အဲဒီခရီးကို ပို့ဆောင်ပေးနေတဲ့ ကားနဲ့ ကားသမား သာ ဖြစ်ပါတယ်။

ကားသမားက လမ်းမှားမောင်းနေတယ်၊ ဒါမှမဟုတ် ကားပေါ်မှာ ပြဿနာရှိတယ်ဆိုရင် ကားသမားကို သတိပေးရမယ်၊ လိုအပ်ရင် ကားသမား အသစ်ပြောင်းဖို့ ကြိုးစားရပါမယ်။ ကိုယ်တိုင်လည်း ဝင်မောင်းဖို့ အခြေအနေ ဖြစ်လာရင် ဝင်မောင်းသင့် မောင်းရပါမယ်။ ဒါပေမဲ့ ကားသမားကို စိတ်ဆိုးပြီး တောကြီးမျက်မည်းထဲမှာ ကားပေါ်ကနေ ဆင်းချသွားတာမျိုးဟာ ပန်းတိုင်ကို မရောက်တော့ဘဲ ကိုယ်တိုင် ဒုက္ခရောက်မယ့် လုပ်ရပ်ဖြစ်ပါတယ်။

တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ပြည်သူတွေဟာ စီးပွားရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရလေ့ရှိပါတယ်။ ဒီလိုအချိန်မှာ အချင်းချင်းက အမှားတစ်ခုခု လုပ်လိုက်တဲ့အခါ အဲဒီအမှားကို အကြောင်းပြချက် တစ်ခုအနေနဲ့ သုံးပြီး ငါတော့ နားပြီ ဆိုပြီး ထွက်သွားဖို့ ဝန်မလေး တတ်ကြတော့ပါဘူး။ ဒါဟာ လူ့သဘာဝဖြစ်ပေမယ့်၊ တော်လှန်ရေး သဘောတရားအရတော့ စစ်အာဏာရှင်တွေ အလိုချင်ဆုံး အခြေအနေပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးဟာ ကမ္ဘာမှာ ရှားရှားပါးပါး ပြည်သူက ရာနှုန်းပြည့် ထောက်ပံ့ထားရတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ စစ်ကောင်စီဘက်မှာ နိုင်ငံတော် ဘဏ္ဍာငွေ၊ အခွန်ငွေ၊ သယံဇာတ၊ ဗဟိုဘဏ်၊ လေကြောင်းရန်၊ အတင်းအကျပ် စစ်မှုထမ်းဥပဒေက ရတဲ့ လူအင်အားတွေ ရှိနေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာ ပြည်သူလူထုရဲ့ ထောက်ပို့ငွေ၊ စိတ်ဓာတ်ခွန်အား နဲ့ ယုံကြည်မှုသာ ရှိပါတယ်။

ပြည်သူတွေက တော်လှန်ရေးကို ကျောခိုင်းလိုက်ရင် ကိုယ့်ဘက်က တော်လှန်ရေးသမားတွေရဲ့ အသက်ရှူပေါက်ကို ကိုယ်တိုင် ပိတ်ပင်လိုက်တာနဲ့ တူညီပါတယ်။ စစ်ကောင်စီရဲ့ အဓိက ဗျူဟာက ပြည်သူတွေ မျှော်လင့်ချက်မဲ့ပြီး အချင်းချင်း ကွဲကွာသွားစေဖို့ ဖြစ်ပါတယ်။ NUG ကို စိတ်ပျက်လို့ တော်လှန်ရေးကို စွန့်ခွါမယ်ဆိုရင် အာဏာရှင်တွေ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ သွေးခွဲအုပ်ချုပ်ခြင်း (Divide and Rule) သြဇာခံအဖြစ် သက်ဆင်းသွားခြင်းပဲ ဖြစ်ပါတယ်။

တော်လှန်ရေးကို ကျောခိုင်းတာဟာ NUG ကို သပိတ်မှောက်ရာ မရောက်ဘဲ တောထဲမှာ အသက်ပေးတိုက်နေတဲ့ လူငယ်တွေကို သေတွင်းထဲ တွန်းပို့လိုက်တာ ဖြစ်သလို၊ နောက်လာမယ့် မျိုးဆက်သစ်တွေကိုပါ စစ်ဖိနပ်အောက်မှာ ဆက်လက် နေထိုင်ဖို့ ကိုယ်တိုင် ရွေးချယ်လိုက် သလိုပါပဲ။ အစိုးရတစ်ရပ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားရတာဟာ ခက်ခဲပါတယ်။ ဒါပေမဲ့ တော်လှန်ရေးကြီး ကျရှုံးသွားရင် ခံစားရမယ့် ဆင်းရဲဒုက္ခက အဆပေါင်းများစွာ ပိုမို ကြီးမားပါလိမ့်မယ်။

ဒါကြောင့် NUG အပေါ် မကျေနပ်မှုကို တခြားနည်းလမ်းတွေနဲ့ ပြသဖို့သာ တိုက်တွန်းပါတယ်။ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုကို တောင်းဆိုတာဟာ မဖြစ်မနေ လုပ်ရမယ့် အလုပ်ပါ။ ဒါပေမဲ့ ဒီကိစ္စကို အကြောင်းပြုပြီး ရှေ့တန်းက ရဲဘော်တွေကို ကျောခိုင်းလိုက်တာ၊ တော်လှန်ရေးကို ရပ်တန့်ပစ်ဖို့ စဉ်းစားတာတွေဟာ ကြွက်မနိုင်လို့ ကျီမီးနဲ့ရှို့ သလို အပျက်ဘက် ရောက်ဖို့သာ ဖြစ်သွားနိုင်ပါတယ် ဆိုတာလေး လက်တို့ချင်ပါတယ်။

📝မူရင်းရေးသားသူကို #Credit ပေးပါတယ်။

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2👍1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 21, 9:53PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
👍1🥰1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
‼️အသိပေး၊သတိပေး ထုတ်ပြန်ချက်‼️

မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံတွင် ရှူံးမဲမဲနေသော စကစ၏ အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းမှ ဘေးအန္တာရာယ်ကင်းဝေးစေဖို့ရန်အလိုငှာ ချစ်သောမိဘပြည်သူအ‌ပေါင်းတို့အနေဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်၊သတိပေးထုတ်ပြန်ချက်များကို လိုက်နာ‌ပေးကြပါရန်နှင့် မြေပြင်သတင်းချန်နယ်များဖတ်ရှူခြင်း၊နီးစပ်ရာအချင်းချင်းအပြန်အလှန်သတင်းပေးခြင်းများပြုလုပ်ကြပါရန် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)မှ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

မဖြစ်မနေ ကျန်းမာရေးကိစ္စဖြင့်သော်လည်းကောင်း၊စားဝတ်နေရေးကြောင့်သော်လည်းကောင်း ခရီး၊အနီး၊အဝေး သွားလာရမည်ဆိုပါကလည်း စခ၊ရခ ယာဉ်တန်းများ ဖြတ်သန်းချိိန်တွင် ယာဉ်တန်းများအနီး နေထိုင်ခြင်း၊အတူတကွလိုက်ပါမောင်းနှင်ခြင်း (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့် စခ၊ရခအထိုင်ဂိတ်များနှင့်စခ၊ရခများရှိရာ အနီးနားတွင်လည်း ကြာမြင့်စွာနေထိုင်ပြောဆိုခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန် ဘေးကင်းကြစေဖို့အလိုငှာ အထူးသတိပေး တိုက်တွန်းနှိူးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#Admin Team
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်- @EIO2021_bot
http://www.eagleinformationoperators@gmail.com
👍1🙏1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 22, 6:26AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ပိုင်းသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 22, 6:32AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
🚨ချောင်းဦး🚨

ခင်မွန်၊ဘက်စုံခြံနှင့်မြပုလဲမှ ထွက်လာသော စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 22, 6:34AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတောကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 22, 6:38AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် တောင်ကုန်းရွာထိပ်နှင့်သီတာရုံထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 22, 6:43AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
⚜️ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပါ⚜️

#EIO မှတင်ထားသော သတင်းအချက်အလက်များကို ကူးယူသူများ၊ ဖြန့်ဝေနေသူများ၊သတင်းချန်နယ်များ၊သတင်းFacebook Page များအနေဖြင့်
ပြန်လည်ဖြန့်ဝေသည့်အခါတွင် မြေပြင်တပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများကို ငဲ့ကွက်သောအားဖြင့် ဦးတည်ရာလမ်းကြောင်း (Route Direction) ၊ အချိန် (Time) တို့ကို ပြင်ဆင်၊ လွှဲပြောင်းခြင်းများ၊ ပြင်ဆင်ဖြည့်စွက်ခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။

ပြည်သူအားလုံးဟာ ငါတို့ရဲ့နား၊
ပြည်သူအားလုံးဟာ ငါတို့ရဲ့မျက်စိ၊
ပြည်သူအားလုံးရဲ့သတင်းဟာ ငါတို့ရဲ့အသက်
ပြည်သူ့အားဖြင့် စခ နိဂုံးချုပ်စေရမည် ဆိုသည့်အတိုင်း...........

ပြည်သူမှ ပြည်သူသို့ ၊ပြည်သူမှ သူရဲကောင်းရဲဘော်များ ထံသို့သာ ဖြစ်သည့်အတွက် #EIO Admin Team ထံသို့ မိဘပြည်သူများအနေနှင့် တာဝန်သိစိတ်ဖြင့် (မြေပြင်နှင့်လေကြောင်း)သတင်းများအား ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပြီး တင်ထားသည့်သတင်းများအားလည်း #Source Credit ပေးစရာမလို မည်သူမဆို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «⚜️ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပါ⚜️ #EIO မှတင်ထားသော သတင်းအချက်အလက်များကို ကူးယူသူများ၊ ဖြန့်ဝေနေသူများ၊သတင်းချန်နယ်များ၊သတင်းFacebook Page များအနေဖြင့် ပြန်လည်ဖြန့်ဝေသည့်အခါတွင် မြေပြင်တပ်ဖွဲ့ဝင်များနှင့် မိဘပြည်သူများကို ငဲ့ကွက်သောအားဖြင့် ဦးတည်ရာလမ်းကြောင်း…»
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူဆီတန်းနှင့်တံတားဖြူပေလမ်းသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 22, 6:50AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
🚨မုံရွာ-ချောင်းဦး🚨

(မုံရွာတောင် -‌ ချောင်းဦး) လမ်းမကြီးတလျှောက်တွင် စခများသည် လမ်းပိုင်း-ကင်းများ လုံခြုံရေး နေရာယူထားပြီး စခများခြေရှုပ်နေကြောင်း သတင်းရရှိထားပါသည်။

မိဘပြည်သူများအနေဖြင့် အသွားအလာအထူးဂရုစိုက်ကြပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-@EIO2021_bot
http://www.eagleinformationoperators@gmail.com
🙏2
🚨မြင်းမူ🚨

မြောင်လမ်းခွဲမှ စခများသည် လက်နက်ကြီးဖြင့် အရှေ့အရပ်သို့ ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Feb 22, 6:57AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏2
🚨ချောင်းဦး🚨

ခင်မွန်၊ဘက်စုံခြံမှ မြောက်ဘက်သို့ ထွက်လာသော စခကင်းများသည် ရတနာအောင်ဆီဆိုင်အနီးဝန်းကျင်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 22, 7:19AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
🚨ချောင်းဦး🚨

ချောင်းဦးမြို့မှ ထွက်လာသော စခကင်းများသည် ဟန်သစ်ဆီဆိုင်၊ ငွေကမ္ဘာမင်းဆီဆီုင်၊ သံလွင်မြန်မာဆီဆိုင် အနီးဝန်းကျင်တွင် ဖြန့်ပီးကင်းယူထားကြောင်းသတင်းရရှိ။

#EIO
Feb 22, 7:27AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
🚨မုံရွာ🚨

မုံရွာမြို့မှ ထွက်လာသော (12)ဘီးကား(2)စီး၊(6)ဘီးကား(1)စီး၊စက်လက်ပါ DC(1)စီးသည် မအူဂိတ်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 22, 8:01AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာမြို့မှ ထွက်လာသော (12)ဘီးကား(2)စီး၊(6)ဘီးကား(1)စီး၊စက်လက်ပါ DC(1)စီးသည် မအူဂိတ်ဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Feb 22, 8:01AM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာမြို့မှ ထွက်လာသော (12)ဘီးကား(2)စီး၊(6)ဘီးကား(1)စီး၊စက်လက်ပါ DC(1)စီးသည် မြေနဲရွာဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 22, 8:02AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2