EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ပုလဲ🚨 ပုလဲ၊ဇောင်ချမ်းကုန်းရွာတွင် ရောက်ရှိ‌သော ပုလဲမြို့ထွက် စခ(၁)ဖွဲ့ သည် ရွာအတွင်းသို့ဝင်ရောက်ပြီး ပြည်သူများကိုဖမ်းဆီး ပေါ်တာဆွဲနေကြောင်းသတင်းရရှိ။ #EIO Feb 21, 2:00PM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨ပုလဲ🚨

ပုလဲ၊ဇောင်ချမ်းကုန်းရွာတွင် ရောက်ရှိ‌သော ပုလဲမြို့ထွက် စခ(၁)ဖွဲ့ သည် ကျွန်းဘိုကုန်းရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 21, 2:10PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၅)စီးသည် အလုံဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 21, 3:18PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
အရာရာကို
ဝမ်းနဲ့လေနဲ့ကွဲဖို့လို့ပါတယ်

ဒေါ်ကြည်ပြာနဲ့သူ့အမျိုးသားကို
တိုင်တန်းတာနဲ့ဘဲ

NUGကို တိုက်ခိုက်တယ်တို့
တော်လှန်ရေးကို
နှောင့်နှေးအောင်လုပ်တယ်တို့ဆိုတာတွေဟာ

ဝမ်းနဲ့လေနဲ့မကွဲဘဲ
လေလည်လိုက်တာနဲ့
ဝမ်းကထွက်လာသလိုဖြစ်နေပါတယ်

နိုင်ငံတိုင်းက
တရားဝင်အစိုးရဖြစ်စေ
အာဏာလုထားတဲ့အစိုးရဖြစ်စေ
(သို့မဟုတ်)
အဖွဲ့အစည်းတိုင်းဖြစ်စေ
အဂတိလိုက်စားမှု့၊အာဏာအလွဲသုံးစားမှု့
ဆိုတာတွေဟာဖြစ်လေ့ဖြစ်ထရှိတတ်တဲ့
အကြောင်းတရားတွေမို့
ထူးဆန်းနေတာတော့မဟုတ်လှပါဘူး

ဖြစ်လာတဲ့ပြဿနာကို
တိကျစွာစစ်ဆေးမေးမြန်းမှု့ (အသေအချာ)
လုပ်ပြီးပြီဆိုရင်
သတင်းထုတ်ပြန်တဲ့အခါမှာလည်း
အများရှင်းလင်းလက်ခံနိုင်လောက်အောင်
ရှင်းလင်းဖြေကြားကြတာပါ

ဖြေကြားပြီးတဲ့အချိန်မှာလည်း
(ကိုယ့်ကိုကိုယ်ယုံကြည်မှု့အပြည့်)ရှိခဲ့ရင်
နောက်တကြိမ်ပြန်ပြီးမရှင်းရအောင်
တကြိမ်တည်းနဲ့အပြီးရှင်းလင်းကြတာပါ

နောက်တကြိမ်ဟာ
နောက်ဆက်တွဲကြေငြာချက်မဟုတ်ဘဲ
နဂိုအကြောင်းအရာကိုဘဲပြန်ရှင်းနေရင်

ပထမကြေငြာချက်ဟာ
ကိုယ့်ကိုကိုယ်မသေချာဘဲ(မရဲတရဲ)နဲ့
တုန့်ပြန်လာတဲ့အခြေအနေအရ
နောက်တမျိုးပြန်ဖြေမယ်.ဆိုတဲ့ သဘောမျိုး
သက်ရောက်နေတာကတော့အမှန်တရားပါဘဲ

လက်ရှိဖြစ်နေတဲ့အခြေအနေဟာ
NUG လက်အောက်မှာ
NUGနဲ့သာ.အဆင်ပြေနေမယ်ဆိုရင်
တစုံတရာအမှားမျိုးကိုတောင်မှ
ထောက်ပြလို့မရအောင်
ကာဗာပေးထားသလိုဖြစ်နေပါတယ်

ဘယ်သူမှားတယ်.ဘယ်သူမှန်တယ်
ဆိုတာကတော့
ဆုံးဖြတ်ခွင့်ရှိသူက ဆုံးဖြတ်နိုင်ပေမယ့်
လူအများလက်ခံနိုင်လောက်တဲ့
ဆုံးဖြတ်မှု့မျိုးကတော့ ဖြစ်သင့်ပါတယ်

ဘာလို့ဆို
တော်လှန်ရေးရဲ့ဦးဆောင်အဖွဲ့အစည်းရယ်လို့
ခံယူထားပြီးပြီဆိုရင်
တော်လှန်ပြည်သူတွေကို
ရဲဘော်ရဲဘက်လိုသဘောထားပေးရမှာပါ

တခုခုဆိုတာနဲ့

ငါ့ လိုလုပ်နိုင်လို့လား
ဘယ်လောက်လှုထားလို့လဲ
မြေပြင်အခြေအနေကိုဘယ်လောက်သိလို့လဲ

ဆိုတာတွေနဲ့

ဘာမှမပြောရဲလောက်အောင်လုပ်နေရင်
ဒီမိုကရေစီဆိုတာကိုမရှာသင့်ပါဘူး
အာဏာရှင်မျိုးဆက်သစ်သာဖြစ်လာမှာပါ

အများပြည်သူဆိုတဲ့နောက်
မကျေနပ်မှု့ရှိလာရင်
ဝေဖန်မှု့အမျိုးမျိုးကိုပုံစံအမျိုးမျိုးကနေ
သူ့အမြင် ကိုယ်အမြင်အဖြစ်
ပြောကြတာမျိုးက ရှိနေမှာပါ

ဘယ်လိုဝေဖန်မှု့မျိုးမှလက်မခံနိုင်ရင်တော့
အများနဲ့မပတ်သက်ဘဲ
တကိုယ်ရည်နေထိုင်တာက.ပိုကောင်းပါတယ်

အရာရာမှာ
ငါတို့ရှိမှ
ငါ တို့ဘဲလုပ်တတ်တယ်
ငါ တို့ရပ်လိုက်ရင်
တော်လှန်ရေးလည်းရပ်ပြီလို့တော့
အတွေးမထားစေချင်ပါဘူး

လွတ်လပ်ရေးခေါင်းဆောင်
ဗိုလ်အောင်ဆန်းမရှိတော့ပေမယ့်
နောက်မျိုးဆက်ကနေရာယူပါတယ်

စင်ပေါ်မှာနေရာယူ ကပြပြီး
ပုဆိုးဖင်ပေါက်နေတာကိုမြင်လို့
အောက်ကပရိတ်သတ်က.သတိပေးတာကို
စိတ်ဆိုးနေမယ်ဆိုရင်

ဖင်ပေါက်ကြီးနဲ့သာ ကပြပါတော့ဗျို့လို့
ပြန်ဖြေရုံမှတပါး......

📝စောအယ်မူး
👍1🥰1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ ထွက်လာသော စခသံပြားကာကား(၅)စီးသည် မုံရွာမြို့၊အိုးရှင်းဇက်ဆိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Feb 21, 3:49PM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၅)စီးနှင့် ထပ်တိုး အိမ်စီးကား(၂)စီးသည် မုံရွာမြို့၊အိုးရှင်းဇက်ဆိပ်မှ အနောက်ဘက်ကမ်းသို့ ကူးနေကြောင်းသတင်းရရှိ။

#EIO
Feb 21, 4:10PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1🙏1
စနစ်သစ် တခုကို ဖော်ဆောင်နေတဲ့ အချိန်မှာ..................

🚨သူတစ်ပါးကိုယ်ပိုင် အမှတ်အသား🚨
ကိုယ်ပိုင်အာ‌ဘော်၊ကိုယ်ပိုင်ဟန်ကို #Plagiarism (ခိုးကူးမှု) ရှောင်ကြပြီး သူများ ကြိုးစားထားတဲ့ #Intellectual Property Right (ဉာဏမူပိုင်ခွင့်) လေးစားထားဖို့လည်း ခေတ်သစ်၊ စနစ်သစ်၊ ဒီမိုကရေစီ စနစ်မှာ လိုအပ်ပါ‌တယ်။

နောင်လူငယ်‌တွေကို #Intellectual Property Right (ဉာဏမူပိုင်ခွင့်) အကြောင်း ပိုမိုသိရှိပြီး တကမ္ဘာလုံး နှင့် ရင်ဘောင်တန်းနိုင်စေဖို့ အစပြု ပျိုးထောင်သင့်ပါပြီ။"

မင်းသုတ
(ဒီဇင်ဘာ ၇၊ ၂၀၂၃)

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👍1💯1
🚨ပုလဲ🚨

ယနေ့နေ့လည်ပိုင်း အချိန်ခန့်က ပုလဲမြို့ပေါ်မှ ထွက်လာသော နောက်တွဲ ထွန်စက်ကားကြီး(၁)စီး၊ဆိုင်ကယ်(၁၅)စီးခန့်နှင့် စခ ခမ အအ(၁၀၀)ခန့်ပါ စစ်ကြောင်းသည် (ပုလဲ-ဂန့်ဂေါ)လမ်းမကြီးအတိုင်း လမ်းဘေးဘယ်ညာနှစ်ဖွဲ့ခွဲ၍ အနောက်ဘက်သို့ ထွက်ခွာလာ‌ရာ ပုလဲမြို့နယ် မြကုန်းကျေးရွာအနီးမှ ဖြတ်၍ (ပုလဲ/ဂန့်‌ဂေါ)လမ်းမကြီးအတိုင်း အ‌နောက်အရပ်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိထားပါသည်။

ပုလဲမြို့နယ်၊မြကုန်းကျေးရွာတွင်လည်း စခကင်းများထားရှိ၍ ပုလဲမြို့နယ်၊ကြောင်သန်း(ခ)ကြောင်စင်းရွာနှင့် မင်းတိုင်ပင်ရွာတို့တွင် စခများသည် အထိုင်ဝပ်ကျင်းချမည်ဖြစ်‌ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များမှ ထပ်မံသိရှိရပါသည်။

#EIO
Feb 21, 5:20PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာ၊နမခမှ ထွက်လာသော စခအအပါသံပြားကာကား(၅)စီးနှင့် ထပ်တိုး အိမ်စီးကား(၂)စီးသည် မုံရွာမြို့၊အိုးရှင်းဇက်ဆိပ်မှ အနောက်ဘက်ကမ်းသို့ ကူးနေကြောင်းသတင်းရရှိ။ #EIO Feb 21, 4:10PM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ-ဆားလင်းကြီး🚨

ဝမ်ပေါင်မှ ပြန်၍ထွက်လာသော သံပြားကာကားများသည် ဆားလင်းကြီးနယ်၊ညောင်ပင်ကြီးဇက်ဆိပ်မှ မုံရွာမြို့၊အိုးရှင်းဇက်ဆိပ်သို့ ကူးနေကြောင်းသတင်းရရှိ။

#EIO
Feb 21, 5:25PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် မုံရွာတောင်၊မအူဂိတ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 21, 5:30PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာမြို့ထဲမှ ထွက်လာသော စခသံပြားကာကား(၁)စီးသည် မုံရွာတောင်၊မအူဂိတ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Feb 21, 5:30PM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်တွင် စခ အအများ ချထားခဲ့သော သံပြားကာကားအခွံ(၁)စီးသည် မအူဂိတ်မှ မုံရွာမြို့တွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်းသတင်းရရှိ။

#EIO
Feb 21, 5:54PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
⚜️သစ္စာရှိသူတွေကျောချင်းကပ်⚜️

ဘေးထိုင်ဘုပြော
ငကြောင်ငပေါတွေကတစ်မျိုး။

မျောက်ပြဆန်တောင်း
သန္ဓေမကောင်းတွေကတစ်မျိုး။

ရေသာခိုညာဝါး
အချောင်သမားတွေကတစ်မျိုး။

အတွင်းစည်းကပေါက်
လောက်ကောင်ပုဆိန်ရိုးတွေကတစ်မျိုး။

ပွဲလန့်တုန်းဖျာခင်း
အရှက်ကင်းအတ္တသမားတွေကတစ်မျိုး။

တစ်မျိုးပြီးတစ်မျိုး
အမျိုးမျိုးနဲ့မရိုးရ
ဖုံးမရဖိမရ။

ရေဆန်မှာဇာတိပြလည်း
ဒီတစ်ခါနောက်ဆုံးပွဲမို့
မပြိုမကွဲတစ်စည်းတစ်လုံး
သွေးသောက်ထုံးနှလုံးမူ
သစ္စာရှိသူတွေကျောချင်းကပ်
အဆီးအတားတွေကျော်ဖြတ်မယ်။ ။

ကိုမှူး(ဆေးတက္ကသိုလ်)

#Go-ahead
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
👍3
🚨မုံရွာ🚨

မုံရွာမြို့ထဲမှ ထွက်လာသော စခအိမ်စီးကား(၁)စီးသည် ကားလေးကွင်းဖြတ်၍ တောင်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 21,7:40PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ပုလဲ🚨 ယနေ့နေ့လည်ပိုင်း အချိန်ခန့်က ပုလဲမြို့ပေါ်မှ ထွက်လာသော နောက်တွဲ ထွန်စက်ကားကြီး(၁)စီး၊ဆိုင်ကယ်(၁၅)စီးခန့်နှင့် စခ ခမ အအ(၁၀၀)ခန့်ပါ စစ်ကြောင်းသည် (ပုလဲ-ဂန့်ဂေါ)လမ်းမကြီးအတိုင်း လမ်းဘေးဘယ်ညာနှစ်ဖွဲ့ခွဲ၍ အနောက်ဘက်သို့ ထွက်ခွာလာ‌ရာ ပုလဲမြို့နယ် မြကုန်းကျေးရွာအနီးမှ…
🚨ပုလဲ🚨

ယနေ့နေ့လည်ပိုင်း အချိန်ခန့်က ပုလဲမြို့ပေါ်မှ ထွက်လာသော နောက်တွဲ ထွန်စက်ကားကြီး(၁)စီး၊ဆိုင်ကယ်(၁၅)စီးခန့်နှင့် စခ ခမ အအ(၁၀၀)ခန့်ပါ စစ်ကြောင်းသည် ပုလဲမြို့နယ်၊ကြောင်သန်း(ခ)ကြောင်စင်းရွာသို့ရောက်ရှိနေကြပြီး အထိုင်ချရန်ဝပ်ကျင်းများတူး‌နေကြောင်းသတင်းရရှိ။

#EIO
Feb 21, 7:40PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏2
အာဏာသိမ်းကာလရဲ့တိုက်ပွဲများအတွင်း အပြစ်မဲ့အရပ်သားပြည်သူများနှင့် တော်လှန်ရေးရဲဘော်များသည် စစ်ကောင်စီ၏အကြမ်းဖက်လုပ်ရပ်များ၊ စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များမျိုးစုံကို ရင်ဆိုင်ကျော်လွှားနေကြရခြင်းဖြစ်ပါသည်။

ယခုလိုအခြေအနေမျိုးတွင် မိဘပြည်သူများနှင့် တော်လှန်ရေးရဲဘော်များအနေဖြင့် စိတ်ရော၊လူပါကျန်းမာနေစေဖို့များစွာလိုအပ်ပါသည်။

‼️စိတ်ကျန်းမာစေဖို့အတွက်အချိန်ပေးပါ

၁။ အချင်းချင်းအပြန်အလှန် ချီးကျူးပါ။
၂။ တရေးတမောအိပ်စက်အနားယူပါ။
၃။ သီချင်းနှင့်ဂီတ နားထောင်ပါ။
၄။ တစ်နေ့တာဒိုင်ယာရီထဲ မှတ်စုရေးပါ။
၅။ သတင်းနှင့်မိတ်ဆွေများ အဆက်အသွယ်မပြတ်ပဲ အမြဲရှိနေပေးပါ။
၆။ ရေများများသောက်ပေးပါ။
၇။ ဘာမှမစားပဲမနေပါနဲ့ အားရှိအောင်စားပါ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းပြီး ကျန်းမာကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2
◾️ NUG ကို မကျေနပ်လို့ တော်လှန်ရေး ရပ်ကြမလား

စပိန်ပြည်တွင်းစစ် (1936-1939) တုန်းက ဖက်ဆစ် အာဏာရှင် ဖရန်စစ္စကို ဖရန်ကို ကို ဖြုတ်ချဖို့အတွက် စပိန်ပြည်သူတွေ၊ ဒီမိုကရေစီ လိုလားသူတွေ၊ လက်ဝဲဝါဒီတွေ ပေါင်းပြီး ရီပတ်ဘလီကန် (Republican) တပ်ပေါင်းစုကြီး ဖွဲ့ခဲ့ကြပါတယ်။ တော်လှန်ရေးလုပ်နေရင်းနဲ့ ရီပတ်ဘလီကန် အစိုးရတွင်းမှာ ခြစားမှုတွေ၊ နိုင်ငံရေး အယူအဆ ကွဲလွဲမှုတွေ၊ တာဝန်ခံမှု ကင်းမဲ့တာတွေ ဖြစ်လာပါတယ်။

အဲဒီအခါမှာ ပြည်သူတွေနဲ့ တော်လှန်ရေး အင်အားစုတချို့ဟာ အစိုးရကို စိတ်နာပြီး ပူးပေါင်း ဆောင်ရွက်မှု ရပ်တန့်တာ၊ အချင်းချင်း ပြန်တိုက်ခိုက်တာတွေ လုပ်လာကြပါတယ်။ အချင်းချင်း မကျေနပ်လို့ တော်လှန်ရေးကို ကျောခိုင်း လိုက်တဲ့အတွက် ရှေ့တန်းက ရဲဘော်တွေ လက်နက်နဲ့ ရိက္ခာ ပြတ်လပ်သွားပါတယ်။ နောက်ဆုံးမှာ အာဏာရှင် ဖရန်ကို အနိုင်ရသွားပြီး စပိန်နိုင်ငံကြီးဟာ နောက်ထပ် ၃၆ နှစ်တိုင်တိုင် (၁၉၇၅ ခုနှစ် ဖရန်ကို သေဆုံးသည်အထိ) ဖက်ဆစ် အာဏာရှင် လက်အောက်ကို ပြန်လည် ကျရောက်သွားခဲ့ရပါတယ်။

စိတ်ပျက်အားငယ်မှုနဲ့ ဒေါသထွက်မှုတွေ ရှိပေမယ့် ခံစားချက်ရှေ့တန်းတင်ပြီး တော်လှန်ရေးကို ကျောခိုင်းရင် မိမိတို့ ဖြုတ်ချချင်နေတဲ့ အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေဖို့ ကိုယ်တိုင် ကူညီလိုက်သလို ဖြစ်သွားစေတယ် ဆိုတာ ဒီဟာက သမိုင်း ဥပမာ တစ်ခုပါ။ တော်လှန်ရေးဆိုတာ ဘုံရန်သူ (စစ်အာဏာရှင်စနစ်) ကို ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီ ပန်းတိုင်ကို သွားနေတဲ့ ခရီးစဉ် ဖြစ်ပါတယ်။ NUG အစိုးရဆိုတာ အဲဒီခရီးကို ပို့ဆောင်ပေးနေတဲ့ ကားနဲ့ ကားသမား သာ ဖြစ်ပါတယ်။

ကားသမားက လမ်းမှားမောင်းနေတယ်၊ ဒါမှမဟုတ် ကားပေါ်မှာ ပြဿနာရှိတယ်ဆိုရင် ကားသမားကို သတိပေးရမယ်၊ လိုအပ်ရင် ကားသမား အသစ်ပြောင်းဖို့ ကြိုးစားရပါမယ်။ ကိုယ်တိုင်လည်း ဝင်မောင်းဖို့ အခြေအနေ ဖြစ်လာရင် ဝင်မောင်းသင့် မောင်းရပါမယ်။ ဒါပေမဲ့ ကားသမားကို စိတ်ဆိုးပြီး တောကြီးမျက်မည်းထဲမှာ ကားပေါ်ကနေ ဆင်းချသွားတာမျိုးဟာ ပန်းတိုင်ကို မရောက်တော့ဘဲ ကိုယ်တိုင် ဒုက္ခရောက်မယ့် လုပ်ရပ်ဖြစ်ပါတယ်။

တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ ပြည်သူတွေဟာ စီးပွားရေး၊ လူမှုရေး၊ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုတွေကို ခံစားရလေ့ရှိပါတယ်။ ဒီလိုအချိန်မှာ အချင်းချင်းက အမှားတစ်ခုခု လုပ်လိုက်တဲ့အခါ အဲဒီအမှားကို အကြောင်းပြချက် တစ်ခုအနေနဲ့ သုံးပြီး ငါတော့ နားပြီ ဆိုပြီး ထွက်သွားဖို့ ဝန်မလေး တတ်ကြတော့ပါဘူး။ ဒါဟာ လူ့သဘာဝဖြစ်ပေမယ့်၊ တော်လှန်ရေး သဘောတရားအရတော့ စစ်အာဏာရှင်တွေ အလိုချင်ဆုံး အခြေအနေပဲ ဖြစ်ပါတယ်။

လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးဟာ ကမ္ဘာမှာ ရှားရှားပါးပါး ပြည်သူက ရာနှုန်းပြည့် ထောက်ပံ့ထားရတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ စစ်ကောင်စီဘက်မှာ နိုင်ငံတော် ဘဏ္ဍာငွေ၊ အခွန်ငွေ၊ သယံဇာတ၊ ဗဟိုဘဏ်၊ လေကြောင်းရန်၊ အတင်းအကျပ် စစ်မှုထမ်းဥပဒေက ရတဲ့ လူအင်အားတွေ ရှိနေပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာ ပြည်သူလူထုရဲ့ ထောက်ပို့ငွေ၊ စိတ်ဓာတ်ခွန်အား နဲ့ ယုံကြည်မှုသာ ရှိပါတယ်။

ပြည်သူတွေက တော်လှန်ရေးကို ကျောခိုင်းလိုက်ရင် ကိုယ့်ဘက်က တော်လှန်ရေးသမားတွေရဲ့ အသက်ရှူပေါက်ကို ကိုယ်တိုင် ပိတ်ပင်လိုက်တာနဲ့ တူညီပါတယ်။ စစ်ကောင်စီရဲ့ အဓိက ဗျူဟာက ပြည်သူတွေ မျှော်လင့်ချက်မဲ့ပြီး အချင်းချင်း ကွဲကွာသွားစေဖို့ ဖြစ်ပါတယ်။ NUG ကို စိတ်ပျက်လို့ တော်လှန်ရေးကို စွန့်ခွါမယ်ဆိုရင် အာဏာရှင်တွေ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့ သွေးခွဲအုပ်ချုပ်ခြင်း (Divide and Rule) သြဇာခံအဖြစ် သက်ဆင်းသွားခြင်းပဲ ဖြစ်ပါတယ်။

တော်လှန်ရေးကို ကျောခိုင်းတာဟာ NUG ကို သပိတ်မှောက်ရာ မရောက်ဘဲ တောထဲမှာ အသက်ပေးတိုက်နေတဲ့ လူငယ်တွေကို သေတွင်းထဲ တွန်းပို့လိုက်တာ ဖြစ်သလို၊ နောက်လာမယ့် မျိုးဆက်သစ်တွေကိုပါ စစ်ဖိနပ်အောက်မှာ ဆက်လက် နေထိုင်ဖို့ ကိုယ်တိုင် ရွေးချယ်လိုက် သလိုပါပဲ။ အစိုးရတစ်ရပ် (သို့မဟုတ်) အဖွဲ့အစည်းတစ်ခုကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားရတာဟာ ခက်ခဲပါတယ်။ ဒါပေမဲ့ တော်လှန်ရေးကြီး ကျရှုံးသွားရင် ခံစားရမယ့် ဆင်းရဲဒုက္ခက အဆပေါင်းများစွာ ပိုမို ကြီးမားပါလိမ့်မယ်။

ဒါကြောင့် NUG အပေါ် မကျေနပ်မှုကို တခြားနည်းလမ်းတွေနဲ့ ပြသဖို့သာ တိုက်တွန်းပါတယ်။ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုကို တောင်းဆိုတာဟာ မဖြစ်မနေ လုပ်ရမယ့် အလုပ်ပါ။ ဒါပေမဲ့ ဒီကိစ္စကို အကြောင်းပြုပြီး ရှေ့တန်းက ရဲဘော်တွေကို ကျောခိုင်းလိုက်တာ၊ တော်လှန်ရေးကို ရပ်တန့်ပစ်ဖို့ စဉ်းစားတာတွေဟာ ကြွက်မနိုင်လို့ ကျီမီးနဲ့ရှို့ သလို အပျက်ဘက် ရောက်ဖို့သာ ဖြစ်သွားနိုင်ပါတယ် ဆိုတာလေး လက်တို့ချင်ပါတယ်။

📝မူရင်းရေးသားသူကို #Credit ပေးပါတယ်။

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏2👍1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 21, 9:53PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
👍1🥰1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏2
‼️အသိပေး၊သတိပေး ထုတ်ပြန်ချက်‼️

မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံတွင် ရှူံးမဲမဲနေသော စကစ၏ အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းမှ ဘေးအန္တာရာယ်ကင်းဝေးစေဖို့ရန်အလိုငှာ ချစ်သောမိဘပြည်သူအ‌ပေါင်းတို့အနေဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်၊သတိပေးထုတ်ပြန်ချက်များကို လိုက်နာ‌ပေးကြပါရန်နှင့် မြေပြင်သတင်းချန်နယ်များဖတ်ရှူခြင်း၊နီးစပ်ရာအချင်းချင်းအပြန်အလှန်သတင်းပေးခြင်းများပြုလုပ်ကြပါရန် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)မှ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

မဖြစ်မနေ ကျန်းမာရေးကိစ္စဖြင့်သော်လည်းကောင်း၊စားဝတ်နေရေးကြောင့်သော်လည်းကောင်း ခရီး၊အနီး၊အဝေး သွားလာရမည်ဆိုပါကလည်း စခ၊ရခ ယာဉ်တန်းများ ဖြတ်သန်းချိိန်တွင် ယာဉ်တန်းများအနီး နေထိုင်ခြင်း၊အတူတကွလိုက်ပါမောင်းနှင်ခြင်း (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့် စခ၊ရခအထိုင်ဂိတ်များနှင့်စခ၊ရခများရှိရာ အနီးနားတွင်လည်း ကြာမြင့်စွာနေထိုင်ပြောဆိုခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန် ဘေးကင်းကြစေဖို့အလိုငှာ အထူးသတိပေး တိုက်တွန်းနှိူးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

#Admin Team
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်- @EIO2021_bot
http://www.eagleinformationoperators@gmail.com
👍1🙏1
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 22, 6:26AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်နှင့် ကြေးမုံရွာအ‌နောက်ပိုင်းသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 22, 6:32AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍2