EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
"အများပြည်သူသို့ အသိပေးကြေညာခြင်း"

ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၂၀ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် တယ်လီကျန်းမာကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့တွင် စေတနာရှင်ဝန်ထမ်းများဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နေသည်မှာ လေးနှစ်ခွဲကျော်ကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

အဆိုပါ လေးနှစ်ခွဲကျော်ကာလအတွင်း တော်လှန်ရေးအစိုးရတစ်ရပ်ကို ယုံကြည်အားကိုးသည့်အနေဖြင့် အာဏာရှင်စနစ်ကို လက်မခံသည့် စေတနာရှင်ဝန်ထမ်းများစွာက တယ်လီကျန်းမာတွင် ပါဝင်အားဖြည့် ကူညီလာခဲ့ကြပြီး ယခုအချိန်တွင် CDM ဝန်ထမ်းများအပါအဝင် စေတနာ့ဝန်ထမ်း (၃၆၀) ကျော်အထိ တိုးမြှင့်ပါဝင်ကာ အများပြည်သူအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ပေးအပ်လုပ်ဆောင်လျက် ရှိပါသည်။

သို့သော် လတ်တလောဖြစ်ပေါ်နေသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန်နှင့် ခင်ပွန်းဖြစ်သူတို့ကို တိုင်ကြားချက်များစွာ ရှိသည့်အနက်မှ အချို့ကို ပလှပ်ထားခြင်း (သို့) လျစ်လျူရှုထားခြင်း စသည့်ကိစ္စရပ်များအပြင် စုံစမ်းစစ်ဆေးရေးကော်မတီ၏ ဆုံးဖြတ်ချက်သည်လည်း ပွင့်လင်းမြင်သာမှု မရှိကြောင်း တယ်လီကျန်းမာအနေဖြင့် သုံးသပ်မိ ပါသည်။

ထိုသို့ စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းခြင်းကိစ္စရပ်များသည် အစိုးရတစ်ရပ်၏ ကောင်းမွန်သောပုံရိပ်ကို ကျဆင်းစေသည်သာမက ၎င်းအပေါ် အားပေးထောက်ခံနေသော အများပြည်သူများနှင့် သက်ဆိုင်ရာ နှီးနှောဆက်နွယ် ဝန်ထမ်းများ၊ အဖွဲ့အစည်းများ၏ ယုံကြည်ကိုးစားမှုကိုလည်း ကျဆင်းစေပါသည်။

သို့ဖြစ်ပါ၍ သက်ဆိုင်ရာ တာဝန်ရှိသူများအပေါ် တိုင်ကြားထားသည့် အချက်များဖြစ်သည့် လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားပြုလုပ်ခြင်း၊ ဘဏ္ဍာငွေအလွဲသုံးစားပြုလုပ်ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု ဖြစ်စေခြင်းများအပါအဝင် အခြားသော တိုင်ကြားထားသည့်အချက်များကို ၂၀၂၆ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှစ၍ ရက်သတ္တပတ်တစ်ပတ်အတွင်း အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် အလေးအနက်တိုက်တွန်းပါသည်။

အကယ်၍ အချိန်မီ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက တယ်လီကျန်းမာသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၏ အဖွဲ့အစည်းတစ်ရပ်အနေဖြင့် ဆက်လက် တာဝန်ထမ်းဆောင်ခြင်းမပြုဘဲ သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ်သာ အများပြည်သူ အကျိုးအတွက် ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

တယ်လီကျန်းမာ
👍2
🟥 မြစ်ကြီးနားလေဆိပ်မှ စကစ လူကြီးပိုင်းလိုက်ပါမဲ့ လေယာဥ်တစ်စီး ဒရုန်းမှန်ပြီး အမြီးပိုင်းထိ

BBM-ဖေဖော်ဝါရီ၂၀
သတင်း-မင်းသော်

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှ စစ်ကောင်စီရဲ့ လူကြီးပိုင်းလိုက်ပါမဲ့ လေယာဥ်တစ်စီး ဒရုန်းမှန်ပြီးတဲ့နောက် အမြီးပိုင်းထိခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၀ရက် (ဒီနေ့)ည ၈ နာရီအကျော်မှာ မြစ်ကြီးနားလေဆိပ်မှ ထွက်ခွါရန် ပြင်ဆင်ထားတဲ့ MNA လေကြောင်းလိုင်းမှ ခရီးသည်လေယာဥ်တစ်စီး ဒရုန်းထိမှန်ခြင်းဖြစ်တယ်လို့လည်း ကနဦးသိရှိရပါတယ်။

အဆိုပါလေယာဥ်အတွင်း စစ်ကောင်စီဘက်မှ လူကြီးပိုင်းတစ်ဦး လိုက်ပါမှာသေချာပေမဲ့ မည်သည့်အဆင့်နဲ့ ရာထူးဆိုတာကို အတည်ပြုလို့မရသေးဘူးဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

"မြစ်ကြီးနားမှာ အကောင်ကြီးတစ်ကောင်ပြန်ပါသွားမဲ့ MNA လေယာဥ်ကိုပစ်ချတာ၊ မပျက်ကျပေမဲ့ တော်တော်ထိသွားတယ်ကြားတယ်၊ အကောင်ကြီးက ဘယ်သူလဲတော့ တိတိကျကျမသိပေမဲ့ တော်တော်တော့ ကြီးမယ်၊ လုံခြုံရေးကြပ်ပြီး ကလေးတွေကို တိုင်းရင်းသားဝတ်စုံနဲ့ကြိုခိုင်းတာဆိုတော့"

ဒါ့အပြင် မြစ်ကြီးနားမြို့အတွင်း ပြီးခဲ့တဲ့ ဖေဖော် ဝါရီ ၁၈ ရက်နေ့ကတည်းက လူကြီးလမ်းကြောင်းရှိတာကြောင့် လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် ယနေ့ညပိုင်းမှာ ပြန်ဖို့ရှိတယ်ဆိုတဲ့သတင်းလည်းထွက်ပေါ်နေတာကြောင့် အခုကဲ့သို့ ဒရုန်းနဲ့တိုက်ခိုက်ခံရခြင်းဖြစ်ပုံရတယ်လို့လည်း အဆိုပါ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။

"မြစ်ကြီးနားမှာက နှစ်ရက်ရှိပြီ လူကြီးလာမှာမို့ လုံခြုံရေးကြပ်ထားတာ ဒီနေ့ညပြန်မှာကြားတာ အဲ့ဒါမို့ Drone နဲ့ဆော်ပုံရတယ်"

အဆိုပါဒရုန်းတိုက်ခိုက်မှုနဲ့ပတ်သတ်ပြီး မည်သည့် အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာကို အခုချိန်ထိ မသိရှိရသေးဘဲ မြစ်ကြီးနားလေဆိပ်တစ်ဝိုက် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံတွေကို လက်ရှိအချိန်ထိ ကြားနေရတယ်လို့လည်း ဒေသခံတွေရဲ့အဆိုအရ သိရပါတယ်။

Photo-ဒရုန်းထိမှန်ထားတဲ့ လေယာဥ်အမြီးပိုင်း
လိပ်ပြာလုံတဲ့ ချမ်းသာမှုဟာ...
ဘာနဲ့မှ နှိုင်းယှဥ် လို့ မရဘူး..
အဲ့ဒီတော့ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်နေပါ။
မှန်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့လုပ်ပါ။
မလုပ်သင့်တဲ့ ကိစ္စကို ရဲရဲဝံ့ဝံ့မလုပ်ပါနဲ့။

ဒေါ်အောင်ဆန်းစုကြည်
👍1
၁။ ရာဇတောဝါ - မင်းဘေးမှလည်းကောင်း။
၂။ စောရတောဝါ - ခိုးသူဘေးမှလည်းကောင်း။
၃။ မနုဿတောဝါ - လူဆိုးလူကြမ်း
      ဘေးမှလည်းကောင်း။
၄။ အမနုဿတောဝါ - ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာ.              
      ဘေးမှ လည်းကောင်း။
၅။ အဂ္ဂိတောဝါ - မီးဘေးမှ လည်းကောင်း။
၆။ ဥဒကတောဝါ - ရေဘေးမှ လည်းကောင်း။
၇။ ကဏ္ဍကတောဝါ - လေးမြှား၊ လက်နက်၊ ဆူးငြောင့်
       ဘေးမှ လည်းကောင်း။
၈။ ဇနပဒရောဂတောဝါ - ဇနပုဒ်၌ဖြစ်ကုန်သော   
      အနာရောဂါ ဘေးမှလည်းကောင်း။
၉။ အသဒ္ဓမ္မတောဝါ - သူယုတ်တို့၏ မကောင်းသော
       အကျင့်ဘေးမှလည်းကောင်း။
၁၀။ အသန္ဒိဋ္ဌိတောဝါ - မိစ္ဆာအယူရှိသော သူတို့၏
         ဘေးမှလည်းကောင်း။
၁၁။ အသပ္ပုရိသတောဝါ - သူတော်မဟုတ် သူယုတ်မာ
         တို့၏ ဘေးမှလည်းကောင်း။
ထို ( ၁၁ )ပါးသောဘေးဆိုးတို့မှကင်းဝေးကြပါစေရန်ဆုတောင်းမေတ္တာပို့သပါသည်။ဘေးရန်ကင်းငြိမ်းကြပါစေ။🙏🙏🙏

#AdminTeam
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-http://t.me/EagleInformationOperator
http://www.eagleinformationoperators@gmail.com
🙏1
‼️အသိပေး၊သတိပေး ထုတ်ပြန်ချက်‼️

မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံတွင် ရှူံးမဲမဲနေသော စကစ၏ အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းမှ ဘေးအန္တရာယ်ကင်းဝေးစေဖို့ရန်အလိုငှာ ချစ်သောမိဘပြည်သူအ‌ပေါင်းတို့အနေဖြင့် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဒေသခံတော်လှန်ရေးအဖွဲ့အစည်းများ၏ အသိပေးချက်၊သတိပေးထုတ်ပြန်ချက်များကို လိုက်နာ‌ပေးကြပါရန်နှင့် မြေပြင်သတင်းချန်နယ်များဖတ်ရှူခြင်း၊နီးစပ်ရာအချင်းချင်းအပြန်အလှန်သတင်းပေးခြင်းများပြုလုပ်ကြပါရန် မိမိတို့ #EIO (ဆက်သွယ်ရေးနှင့်ပြန်ကြားရေး)မှ အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

မဖြစ်မနေ ကျန်းမာရေးကိစ္စဖြင့်သော်လည်းကောင်း၊စားဝတ်နေရေးကြောင့်သော်လည်းကောင်း ခရီး၊အနီး၊အဝေး သွားလာရမည်ဆိုပါကလည်း စခ၊ရခ ယာဉ်တန်းများ ဖြတ်သန်းချိိန်တွင် ယာဉ်တန်းများအနီး နေထိုင်ခြင်း၊အတူတကွလိုက်ပါမောင်းနှင်ခြင်း (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန်နှင့် စခ၊ရခအထိုင်ဂိတ်များနှင့်စခ၊ရခများရှိရာ အနီးနားတွင်လည်း ကြာမြင့်စွာနေထိုင်ပြောဆိုခြင်းများ (လုံးဝ၊လုံးဝ)မပြုလုပ်ကြပါရန် ဘေးကင်းကြစေဖို့အလိုငှာ အထူးသတိပေး တိုက်တွန်းနှိူးဆော်လိုက်ပါသည်။

မိဘပြည်သူများ ကျန်းမာ၍ဘေးကင်းကြပါစေ🙏

📌ဆက်သွယ်မေးမြန်းရန်နှင့် သတင်းပေးပို့ရန်

⚜️မြေပြင်အခြေအနေများနှင့် ပတ်သက်၍ အရေးကြီးသတင်းများရှိပါက #EIO Admin Team ထံသို့ အချိန်နှင့်တပြေးညီ ယုံကြည်စိတ်ချစွာ ပေးပို့နိုင်ပါသည်။

🤖 Telegram Bot- @EIO2021_bot | @EagleInformationOperator_bot
📧 Email: eagleinformationoperators@gmail.com
🔵 Facebook Page: https://www.facebook.com/eagleinformation
🌐 Telegram Channel: t.me/eagleinformationoperator

#EIO #EmergencyAlert #StaySafe #Myanmar #SecurityUpdate
🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော ပခ ခမ အအ(၃၀)ခန့်သည် အနောက်ဘက် မင်းဇရပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 21, 7:52AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
🚨မုံရွာ🚨

မုံရွာ၊နမခမှ ထွက်လာသော စခများသည် မုံရွာနယ်မြောက်ခြမ်း၊ ဖန်ခါးကျင်းရွာအနီးဝန်းကျင်တွင် ရောက်ရှိနေပြီး ပြည်သူအသွားအလာများကို စစ်ဆေးရေးပြုလုပ်နေကြောင်းသတင်းရရှိ။

#EIO
Feb 21, 8:09AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
‼️ချစ်သောမိဘပြည်သူများနှင့်တလရ ရဲဘော်များအား သိစေရန်‼️

#EIO တယ်လီဂရမ်ချန်နယ်နှင့် Facebook Page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်၊ မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံ၊ခရိုင်ပေါင်းစုံမှ အိုင်အိုများ၊သတင်းပြန်ကြားရေးများ၊အဖွဲ့အစည်းတာဝန်ခံများနှင့်အတူတကွပူးပေါင်း၍ မြေပြင်သတင်း၊လေကြောင်းသတင်းများကို (သတင်းပေးပို့၊သတင်းယူ)ခြင်းဖြင့်သာ #Admin Teamသည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ သတင်း(ကျင့်ဝတ်-စည်းကမ်း)နှင့်အညီ ကိုယ်ထူကိုယ်ထ ပြည်သူ့အကျိုးကိုသာ မျက်နှာမူ၍ ကြိုးစားလုပ်ကိုင်နေကြသူများသာ ဖြစ်ပါသည်။

#EIO သည် စတည်ထောင်စဉ်အချိန်မှစ၍ ယခုအချိန်ထိ မည်သည့်ပုဂ္ဂိုလ်၊မည်သည့်တလရအဖွဲ့အစည်းများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်နေခြင်းမဟုတ်သလို၊မည်သည့်အကြောင်းကိစ္စမှ အလှူခံခြင်းလည်း(လုံးဝ၊လုံးဝ)အလျင်းမရှိပါ။

#EIO နှင့်ပုံစံတူ၊ဖရိမ်တူ၊သတင်းတင်ပုံ၊စာအရေးအသားတူပြီး #EIO logo များအသုံးပြု၍သော်လည်းကောင်း၊ #EIO အမည်နာမသုံးစွဲ၍ အလှူငွေကောက်ခံခြင်းများကိုလည်း မိမိတို့ #EIO Admin Teamမှ လုံးဝ၊လုံးဝ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

(စစ်အာဏာရှင်အား ပုဂ္ဂိုလ်အစွဲ၊အဖွဲ့အစည်းအစွဲ၊‌ဒေသအစွဲ မထားဘဲနည်းလမ်းမျိုးစုံဖြင့် တွန်းလှန်ပါမည်)ဆောင်ပုဒ်အတိုင်းရပ်တည်နေခြင်းဖြစ်ပါသည်။

#EIO မှတင်ထားသော သတင်းအချက်အလက် အကြောင်းအရာ၊အချိန်များကို ကူးယူ၍ ပြန်လည်ဖြန့်ဝေသည့်အခါတွင်လည်း ပြင်ဆင်ဖြည့်စွက်ခြင်း (လုံးဝ၊လုံးဝ) မပြုလုပ်ပဲ မူရင်းအာဘော်မပျက် ဖြန့်ဝေပေးကြပါရန် အထူးမေတ္တာရပ်ခံအပ်ပါသည်။

ပြည်သူမှ ပြည်သူသို့
ပြည်သူမှ သူရဲကောင်းရဲဘော်များထံသို့ဖြစ်သည့်အတွက် #Source Credit ပေးစရာမလို လွတ်လပ်စွာ ကူးယူဖြန့်ဝေနိုင်ပါသည်။

{ဖတ်ပါ၊စီစစ်ပါ၊ပြန်လည်မျှဝေပေးပါ}

စခလေယာဥ်ဖြတ်ကြောင်းများ၊စခ ကားတန်း၊ယာဥ်တန်းများ၊(စခ+ပခ)များ၏ မြေပြင်လှုပ်ရှားမှုများကို မိဘပြည်သူများ၊တလရ ရဲ‌ဘော်များအနေနှင့် တာဝန်သိစိတ်ဖြင့် ယုံကြည်စိတ်ချစွာ မိမိတို့ #EIO - (Eagle Information Operator) Admin Teamအား သတင်းများပေးပို့နိုင်ပါသည်။ အချိန်နဲ့တပြေးညီ သတင်းပေးပို့နိုင်သည့် Facebook Page မက်ဆင်ဂျာ၊Gmail Accထံတို့တွင်လည်း သတင်းများပေးပို့နိုင်ပါသည်။၊

Be safe, be strong, be of help !

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Telegram Channel - https://t.me/eagleinformationoperator

⚜️#EIO Telegram Chat Group - https://t.me/EagleInformation

⚜️#EIO Facebook Page - https://www.facebook.com/eagleinformation

⚜️#EIO Twitter - https://www.x.com/Eagleeio

⚜️#EIO Gmail - http://www.eagleinformationoperators@gmail.com

⚜️သတင်းပေးပို့ရန်နှင့် သိလိုသည်များ စုံစမ်းမေးမြန်းရန်- @EIO2021_bot
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «‼️ချစ်သောမိဘပြည်သူများနှင့်တလရ ရဲဘော်များအား သိစေရန်‼️ #EIO တယ်လီဂရမ်ချန်နယ်နှင့် Facebook Page သည် တော်လှန်ရေးရဲဘော်များ ဘေးကင်းစွာအလုပ်လုပ်နိုင်ရန်နှင့် မိဘပြည်သူများအားဘေးကင်းစေဖို့အတွက် အချိန်နှင့် တပြေးညီ (၂၄)နာရီ စစ်ရေးအသိ၊စစ်ရေးသတိရှိစေရန်၊ မြို့န…»
အညာမြေမှ အိုင်ကွန်စက်လေးများ

ဆောင်းပါး
Newsambassador
By - ယုဇန

အညာနွေ၏ ပူပြင်းလှသော နေပူရှိန်
အောက်တွင် ဦးဖိုးထောင်တစ်ယောက် လယ်ထဲ၌ မြက်များကို ကုန်းရုန်းရှင်းနေသည်။

ကောင်းကင်ယံ၏ တိမ်တိုက်ကြားမှ ထွက် ပေါ်လာသော ဂျက်ဖိုက်တာ၏ဟိန်းဟောက် သံကြောင့် ဦးဖိုးထောင် မော့ကြည့်လိုက်မိသည်။ ရင်ထဲတွင် ဒိန်းခနဲ တုန်သွားသည်။

သူ့နည်းတူပင် အနီးနားရှိ လယ်ကွင်းများထဲမှ တောင်သူများလည်းလက်ထဲ က တူးရွင်းနှင့် ပေါက်တူးများကို ပစ် ချကာ ထန်းပင် များကို အကာအကွယ် ပြု ပုန်းခိုပါတော့ သည် ။

ကောင်းကင်ထက်ဝဲပျံနေသော လေ ယာဉ်သံငြိမ်သွားသည်နှင့်တပြိုင်တည်း ရွာထဲသို့ ဦးတည် ပြေးကြတော့ သည်။ သူတို့၏ပန်းတိုင် က တစ်ရွာလုံးတွင် တစ်လုံးတည်းသာရှိသော "အိုင်ကွန်" (စကားပြောစက်) ရှိရာ ရွာလူကြီးအိမ် ဖြစ်သည်။

"ဂျက်ဖိုက်တာလား၊ ရဟတ်ယာဉ်လား၊ ဘယ်ကို ဦးတည်နေတာလဲဆိုတာ အိုင်ကွန်ထဲက သတင်းတက်မှ သိရမှာဗျ။ ဖုန်းက သုံးလို့မရတော့ ဒီစက် ကလေးကိုပဲ ဘုရားတပြီး အားကိုးနေရတာ"ဟု ဦးဖိုးထောင်က ပြောပြ သည်။

ရွာလူကြီးအိမ်ရှေ့တွင် ဦးဖိုထောင်တို့စုဝေးနေကြပြီဖြစ်သည်။ လူတိုင်း၏ မျက်လုံးများက စားပွဲပေါ်ရှိအိုင်ကွန်စက် ကလေးဆီမှာ။ တစီစီနှင့်ထွက် ပေါ် လာသော လိုင်းသံများကြားမှာလက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ရေးသတိပေးချက်ကို အာရုံစိုက်ကာ နား ထောင်နေကြသည်။

အိမ်တိုင်းက မဝယ်နိုင်သလို၊ တစ်ရွာလုံးတွင် တစ်လုံးသာရှိသဖြင့် ဤစက်ကလေးသည် ရွာ၏ "မျက်စိနှင့် နား" ဖြစ်နေသည်။

မျက်မှောက်ခေတ်တွင် လူတိုင်းသတင်း ကို လက်တစ်ကမ်း၌ ရယူနိုင်သော်လည်း၊ အညာဒေသခံများမှာမူ သေရေးရှင်ရေးသတင်းကိုပင် လူစုဝေးကာ နားထောင်နေရရှာသည်။

အိုင်ကွန်ထဲမှ "ဂျက်ဖိုက်တာ တစ်စီး တက်လာပြီ၊ တောင်ဘက်ကို ဦးတည် နေတယ်" ဟူသော အသံ ထွက်ပေါ်လာချိန်တွင် စုဝေးနေရာမှ ကလေးငယ် များကိုပွေ့ချီကာ ဗုံးခိုကျင်းထဲသို့ပြေး ဝင်ကြသူများရှိသလိုသစ်ပင် ကြီများ ကို အကာအကွယ်ယူ ပြေးပုန်းကြရသည် ။ဒါဟာနေ့စဉ်ကြုံတွေ့နေသော အညာဒေသ၏ ခါးသီးလှသောစစ် ဘေးဒဏ်နှင့် သတင်းအချက်အလက် ငတ် မွတ်မှုကို ထင်ဟပ်နေသည့်မြင် ကွင်း ဖြစ် သည် ။

"စက်က ဈေးကြီးတော့ အိမ်တိုင်း မရှိဘူး။ ရွာမှာ တစ်လုံးပဲ ရှိတာဆိုတော့ သတင်းသိရဖို့က တစ်ဆင့်စကား တစ်ဆင့်နားနဲ့ပဲ သွားနေရတာ။ တစ်ခါ တလေ သတင်းက နောက် ကျသွားရင် ကျွန်တော်တို့ ဘဝတွေက ဘာမှ အာမခံချက် မရှိတော့ဘူး" ဟု ဦးဖိုးထောင် က ၎င်း၏ နေ့စဉ်ကြုံတွေ့နေရသော ဒုက္ခကို ရင်ဖွင့်သည်။

အိုင်ကွန်စက်ကလေး တစ်လုံးသည်ပင် လျှင် သိန်းဂဏန်းအထိ ဈေးကြီးသဖြင့် သာမန်တောင်သူများအတွက် ဝယ်ယူရန် မလွယ်ကူပေ။

အညာဒေသတွင် ဖုန်းလိုင်း ၊အင်တာနက်လိုင်းများ ပြတ်တောက်နေသည် မှာ ငါးနှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ် သည်။အိုင်ကွန်စက်ကလေးတစ်လုံးကို အား ကိုးပြီး စစ်ဘေးဒဏ်ကို ရင်ဆိုင် နေရသော အညာတောင်သူတို့၏ ဘဝမှာ ရင်နာစရာကောင်းလှသည်။ သတင်းအချက်အလက် သိရှိပိုင်ခွင့် (Right to Information) သည် ၎င်းတို့အတွက် တော့ ဇိမ်ခံပစ္စည်းတစ်ခုကဲ့သို့ အလှမ်း ဝေးနေဆဲပင်ဖြစ်သည်

" ကလေးတွေကတော့ ဘေးထွက်လိုင်း သုံးကြတယ်။လူကြီးပိုင်းတွေက တနေကုန် ကိုယ့်တော ကိုယ့်လယ် ထဲပဲ အ ချိန်ကုန်နေတော့ ဘေးလည်းမထွက် နိုင်ဘူး ။ဖုန်းမရှိကြဘူး။သုံးလည်းမသုံးတက်ဘူး။ရှိလည်း ငယ်တဲ့ကလေးတွေပဲ ကိုင်ကြတာ။သူတို့လိုင်းသုံးပြန်လာမှ လိုင်းပေါ်မှာတက်နေတဲ့သတင်းကို သိရတာပါ ။နေ့တိုင်းတော့ သူတို့လည်းထွက်မသုံးနိုင်ပါဘူး။သွားရလာရ လွယ်တာမှတ်လို့ ။“ သတင်းသိရှိခွင့်ဆုံး ရှုံးနေမှုနှင့် ပတ်သက်ပြီး ပုလဲမြို့နယ် မှ ဒေသခံတစ်ဦးလည်း ပြောပြ သည်။

လက်နက်ကိုင်တပ်ဖွဲ့များက စစ်ရေးဆိုင်ရာ သတင်းထုတ်ပြန်ချက်များကို “အိုင်ကွန်” (walkie-talkie) မှတစ် ဆင့် ထုတ်ပြန်ပေးလျက်ရှိသည်။ ထို့ကြောင့် ကျေးရွာများရှိ ဒေသခံများ သည် အိုင်ကွန်မှ ထုတ်လွှင့်သော လေ ကြောင်းသတိပေးချက်များနှင့်အခြား စစ်ရေးသတင်းများကိုကြားသိ နေရခြင်းသာဖြစ်သည် ။

လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုက မြန်မာ့ကျေးလက်ဒေသများတွင် ရေဒီယိုတစ်လုံးဖြင့် ကမ္ဘာ့သတင်များ ကို နားစွင့်ခဲ့ကြသည်။ နည်းပညာများ ထွန်းကားလာချိန်တွင် ဖုန်းနှင့် အင်တာနက်က ထိုနေရာ၌ အစားထိုးဝင်ရောက်ခဲ့သော်လည်း၊ ယခုအခါ စစ်မီးတောက်နေသော အညာမြေတွင်မူ အတိတ်ဟောင်းကဲ့သို့ အသံလှိုင်းကိုသာ အားကိုးရသည့် ခေတ်ဆိုးကြီးဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့ပါပြီ။

အညာတောင်သူတို့မှာ အိုင်ကွန်စက် ကလေး၏ အသံလှိုင်းပေါ်တွင်သာ မိမိတို့၏ ကံကြမ္မာကို ပုံအပ်ထားရသည်။

အိုင်ကွန်စက်ကလေးများမှ ထွက်ပေါ် လာသော လိုင်းသံတစီစီသည် ၎င်းတို့အတွက်တော့ သတင်းထက်ပိုသော "အသက်ရှင်သန်ခွင့်" ပင် ဖြစ်သည်။

====== End ===========

#Newsambassador
🥰2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး) pinned «အညာမြေမှ အိုင်ကွန်စက်လေးများ ဆောင်းပါး Newsambassador By - ယုဇန အညာနွေ၏ ပူပြင်းလှသော နေပူရှိန် အောက်တွင် ဦးဖိုးထောင်တစ်ယောက် လယ်ထဲ၌ မြက်များကို ကုန်းရုန်းရှင်းနေသည်။ ကောင်းကင်ယံ၏ တိမ်တိုက်ကြားမှ ထွက် ပေါ်လာသော ဂျက်ဖိုက်တာ၏ဟိန်းဟောက် သံကြောင့် ဦးဖိုးထောင်…»
🚨မြင်းမူ🚨

ဂွေးပင်တောမှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Feb 21, 9:42AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIOAdminTeam မှ ရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေး တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏1
🚨ပုလဲ🚨

ပုလဲမြို့ပေါ်မှ ထွက်လာသော စခများသည် ပုလဲ-ဂန့်ဂေါ လမ်းမကြီးအတိုင်း အနောက်ဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 21, 12:32PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ပုလဲ🚨 ပုလဲမြို့ပေါ်မှ ထွက်လာသော စခများသည် ပုလဲ-ဂန့်ဂေါ လမ်းမကြီးအတိုင်း အနောက်ဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Feb 21, 12:32PM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨ပုလဲ🚨

ပုလဲမြို့ပေါ်မှ ထွက်လာသော စခများသည် ပုလဲ-ဂန့်ဂေါ လမ်းမကြီးအတိုင်း အနောက်ဘက်သို့ ထွက်ခွါလာရာ မြကုန်းရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 21, 1:05PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ပုလဲ🚨 ပုလဲမြို့ပေါ်မှ ထွက်လာသော စခများသည် ပုလဲ-ဂန့်ဂေါ လမ်းမကြီးအတိုင်း အနောက်ဘက်သို့ ထွက်ခွါလာရာ မြကုန်းရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Feb 21, 1:05PM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨ပုလဲ🚨

ပုလဲမြို့ပေါ်မှ ထွက်လာသော စခများသည် ပုလဲ-ဂန့်ဂေါ လမ်းမကြီးအတိုင်း အနောက်ဘက်သို့ ထွက်ခွါလာရာ မြကုန်းရွာမှတဆင့် စေတီယုံရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 21, 1:26PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် တောင်ပုံရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 21, 1:48PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ပုလဲ🚨 ပုလဲမြို့ပေါ်မှ ထွက်လာသော စခများသည် ပုလဲ-ဂန့်ဂေါ လမ်းမကြီးအတိုင်း အနောက်ဘက်သို့ ထွက်ခွါလာရာ မြကုန်းရွာမှတဆင့် စေတီယုံရွာဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Feb 21, 1:26PM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨ပုလဲ🚨

ပုလဲမြို့ပေါ်မှ ထွက်လာသော စခများသည် ပုလဲ-ဂန့်ဂေါ လမ်းမကြီးအတိုင်း အနောက်ဘက်သို့ ထွက်ခွါလာရာ မြကုန်းရွာမှတဆင့် စေတီယုံရွာတွင်(၁)ဖွဲ့၊ဇောင်ချမ်းကုန်းရွာတွင်လည်း စခ(၁)ဖွဲ့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 21, 1:50PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ပုလဲ🚨 ပုလဲမြို့ပေါ်မှ ထွက်လာသော စခများသည် ပုလဲ-ဂန့်ဂေါ လမ်းမကြီးအတိုင်း အနောက်ဘက်သို့ ထွက်ခွါလာရာ မြကုန်းရွာမှတဆင့် စေတီယုံရွာတွင်(၁)ဖွဲ့၊ဇောင်ချမ်းကုန်းရွာတွင်လည်း စခ(၁)ဖွဲ့ ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Feb 21, 1:50PM 📬သတင်းပို့ရန် @EIO2021_bot h…
🚨ပုလဲ🚨

ပုလဲ၊ဇောင်ချမ်းကုန်းရွာတွင် ရောက်ရှိ‌သော ပုလဲမြို့ထွက် စခ(၁)ဖွဲ့ သည် ရွာအတွင်းသို့ဝင်ရောက်ပြီး ပြည်သူများကိုဖမ်းဆီး ပေါ်တာဆွဲနေကြောင်းသတင်းရရှိ။

#EIO
Feb 21, 2:00PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator