EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.52K photos
184 videos
24 files
5.88K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ပုလဲ🚨 ပုလဲမြို့ပေါ်မှ ထွက်လာသော စခ ခမ အအ(၁၀၀)ခန့်သည် ပုလဲ-ဂန့်‌ဂေါ ကားလမ်းမအတိုင်း အနောက်အရပ်သို့ ဦးတည်ထွက်ခွာနေကြောင်းသတင်းရရှိ။ #EIO Feb 20, 12:15PM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨ပုလဲ🚨

ပုလဲမြို့ပေါ်မှ ထွက်လာသော စခ ခမ အအ(၁၀၀)ခန့်သည် မြကုန်းရွာအနီးသို့ရောက်ရှိပြီး ပုလဲ-ဂန့်‌ဂေါ ကားလမ်းမအတိုင်း အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 20, 12:30PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏3
Media is too big
VIEW IN TELEGRAM
နဂါး (ခ) တီကောင် အမှောင်ဝင်တာ ဖဲ့လိုက်တဲ့ PDF များ

ဒီတစ်ခါ Reaction မှာလည်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ရဲမှူးသေသွားတာကြောင့် စစ်ကောင်စီက ကြုံရာရဲတစ်ဦးကို အရာရှိအဖြစ်ချက်ချင်းခန့်ကာ အမိန့်ပေးညွှန်ကြားတာတွေ၊ ဗိုလ်နဂါးနဲ့ စစ်ကောင်စီကို ကျွန်တော်တို့သူရဲကောင်း PDF တွေရဲ့ လှောင်ပြောင်ထားတဲ့ ချစ်စရာအမူအယာတွေ၊ ဖြတ်ထိုးဉာဏ်ကောင်းမှုတွေ၊ စစ်ကောင်စီထောက်ခံသူတွေရဲ့စိတ်ထားတွေ အဖြစ်အပျက်တွေအကြောင်းကို BBM မှ ကိုထက်မြတ်က တင်ဆက်ပေးလိုက်ပါတယ်ဗျ။

#bbm #htetmyat #PDF #BoNagar #Earthworm #sneaks #cover #darkness
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ပုလဲ🚨 ပုလဲမြို့ပေါ်မှ ထွက်လာသော စခ ခမ အအ(၁၀၀)ခန့်သည် မြကုန်းရွာအနီးသို့ရောက်ရှိပြီး ပုလဲ-ဂန့်‌ဂေါ ကားလမ်းမအတိုင်း အနောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Feb 20, 12:30PM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨ပုလဲ🚨

ပုလဲမြို့ပေါ်မှ ထွက်လာသော စခ ခမ အအ(၁၀၀)ခန့်သည် သေတ္တရာရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 20, 1:03PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏3
🚨ရွှေဘို🚨

ကျောက်မြောင်း ခမရ(၁၂)မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Feb 20, 1:20PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏2
အမိန့်ကြေညာချက် (၁/၂၀၂၆)

ပုံ/
ယင်းမာပင်ခရိုင် ပကဖ
👍2
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် ကူတောကြာပိုင်ပေလမ်းဆုံသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 20, 1:45PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍1
Forwarded from BBM
နဂါးရဲ့ BNRA အဖွဲ့မှ သုဘရာဇာနဲ့ ဒေါင်းညိုတို့ကို ဖမ်းမိထိန်းသိမ်းထားကြောင်း ဓါးမဆိုင်းတပ်ဖွဲ့မှ ဗိုလ်စွမ်းထုတ်ပြ

BBM - ဖေဖော်ဝါရီ ၂၀
သတင်း - Richard

စစ်ကောင်စီတပ်ဆီ အညံ့ခံ ပူးပေါင်းသွားတဲ့ နဂါးရဲ့ BNRA အဖွဲ့မှ တကိုယ်တော် သုဘရာဇာနဲ့ ဒေါင်းညိုတို့ကို ဖမ်းမိထားပြီး ကောင်းမွန်စွာထိန်းသိမ်းထားကြောင်း ဓါးမဆိုင်းတပ်ဖွဲ့မှ ဗိုလ်စွမ်းက လူမှုကွန်ရက်မှာ Video File နဲ့တကွ ဖော်ပြထားပါတယ်၊၊

ဒီကနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ တကိုယ်တော် သုဘရာဇာနဲ့ ဒေါင်းညိုတို့ကို ဖမ်းဆီးရမိကြောင်း ဓါးမဆိုင်းတပ်ဖွဲ့မှ ဗိုလ်စွမ်းက သူ့ရဲ့ လူမှုကွန်ရက်မှာ Video File နဲ့တကွ ဖော်ပြထားတာပါ၊၊

“သုဘရာဇာ နဲ့ဒေါင်းညို အကောင်းပကတိအတိုင်းပါ၊ အကြောက်တရားနဲ့ သွေးမခွဲပါနဲ့၊
ဖြူစင်တဲ့နှလုံးသားနဲ့ လူလိုဆက်ဆံထားပါတယ်” လို့ ဓါးမဆိုင်းအဖွဲ့မှ ဗိုလ်စွမ်းက ဆိုပါတယ်။

အဆိုပါ တကိုယ်တော် သုဘရာဇာနဲ့ ဒေါင်းညိုတို့ကို မဖမ်းမိခင်က အမျိုးသားညီညွတ်ရေးအစိုးရရဲ့ PDF တပ်ရင်း၊ တပ်ဖွဲ့တွေက ရှင်းလင်းလိုက်ပြီဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်၊၊

အဆိုပါသတင်းထွက်ပေါ်နေတဲ့အ‌ပေါ် ဓါးမဆိုင်းတပ်ဖွဲ့မှ ဗိုလ်စွမ်းနဲ့ ပုလဲသားတို့က သူတို့ သေဆုံးခြင်းမရှိကြောင်း ရုပ်သံမှတ်တမ်းနဲ့ စာများရေးသားပြီး ဖေ့ခ်ဘွတ်ခ် စာမျက်နှာမှတဆင့် အသိ‌ပေးထားကြပါတယ်။

လက်ရှိမှာ BNRA တပ်ဖွဲ့ ခေါင်းဆောင် နဂါးဟာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ မိသားစုတွေ ခေါ်ဆောင်ပြီးတော့ လက်နက် (၆) လက်နဲ့အတူ စစ်ကောင်စီထံ အညံ့ခံ ပူးပေါင်းသွားတာဖြစ်ပြီး သူရဲ့ တပ်ဖွဲ့၀င် ၁၅၀ ကျော်ဟာလည်း PDF နဲ့ ပကဖ တွေဆီကို လာရောက်အဖမ်းခံတာတွေ၊ ပူးပေါင်း ဆောင်ရွက်တာတွေနဲ့ လက်နက်အပ်နှံတာတွေ ပြုလုပ်ခဲ့တာလည်း ရှိပါတယ်။

အလားတူ BNRA နဲ့ စစ်ရေးတာဝန်ခံ ကိုလတ်နဲ့ ကိုဖြိုးဆိုသူတွေဟာလည်း ဗိုလ်နဂါး စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားပြီးနောက်ပိုင်း ထွက်ပြေးလွတ်မြောက်နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

Video - ဗိုလ်စွမ်း
https://www.facebook.com/share/v/1AW95ewbSK/
👍5
This media is not supported in your browser
VIEW IN TELEGRAM
နဂါးရဲ့ BNRA အဖွဲ့မှ သုဘရာဇာနဲ့ ဒေါင်းညိုတို့ကို ဖမ်းမိထိန်းသိမ်းထားကြောင်း ဓါးမဆိုင်းတပ်ဖွဲ့မှ ဗိုလ်စွမ်းထုတ်ပြ

Video - ဗိုလ်စွမ်း
https://www.facebook.com/share/v/1AW95ewbSK/
👍2
ဘယ်သူနဲ့ ရန်ဖြစ်ဖြစ်၊
ဘယ်အဖွဲ့ကို မင်းမုန်းမုန်း၊
၂၀၁၉ တုန်းက သာယာပြည့်စုံနေတဲ့
မင်းအနာဂတ်ကိုဖျက်ခဲ့တာ ဘယ်သူတွေလဲလို့
မင်း ဘယ်တော့မှ မမေ့နဲ့။

ပဇီကြီး၊ အနန့်ပါ၊ လက်ယက်ကုန်း၊
နမ့်ခမ်း၊ မြောက်ခင်ရမ်း ....
လုပ်ရပ်ပေါင်းများစွာ
မင်း ဘယ်တော့မှ မမေ့နဲ့။

လျှပ်စစ်မီးလေး တနာရီလောက်
ပျက်ရင်တောင် ထဖြဲနိုင်တဲ့ဘ၀၊
ဘယ် ဖေ့ဘုတ် ဘယ်လိုင်းမဆို
ဘာ VPN မှ မသုံးပဲ လွယ်လင့်တကူ
ကြည့်လို့ရခဲ့တဲ့ ဘ၀တွေကို ...
မင်း ဘယ်တော့မှ မမေ့နဲ့။

ပြီးတော့ ... အရေးကြီးဆုံးတစ်ခု
ခုထိ လူထုခေါင်းဆောင်ဟာ
သူတို့ ဖမ်းဆီးထားဆဲ ထောင်ထဲမှာဆိုတာ
မင်း ... ဘယ်သူ့ကြောင့်မှ မမေ့လိုက်ပါလေနဲ့။

"သွန်းနေစိုး"
👍3💯1
🚨မုံရွာ🚨

မုံရွာမြို့၊ ရေဦးဆန်ဂိတ်အနီးဝန်းကျင်တွင် စခများသည် အိမ်စီးကားများဖြင့်ရောက်ရှိနေပြီး ပြည်သူအသွားအလာများကို ဖမ်းဆီးပေါ်တာဆွဲနေကြောင်းသတင်းရရှိ။

#EIO
Feb 20,4:45PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🤬1🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨ပုလဲ🚨 ပုလဲမြို့ပေါ်မှ ထွက်လာသော စခ ခမ အအ(၁၀၀)ခန့်သည် ကြောင်သန်းရွာမှ ပုလဲမြို့ဘက်သို့ ပြန်လည်ဦးတည်နေပြီဖြစ်ကြောင်းသတင်းရရှိ။ #EIO Feb 20, 4:15PM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨ပုလဲ🚨

ပုလဲမြို့ပေါ်မှ ထွက်လာသော စခ ခမ အအ(၁၀၀)ခန့်သည် ကြောင်သန်းရွာမှ ပုလဲမြို့သို့ ပြန်လည်ဝင်‌ရောက်သွားပြီဖြစ်ကြောင်းသတင်းရရှိ။

#EIO
Feb 20, 6:50PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
တော်လှန်ပြည်သူတွေနဲ့အလွှာပေါင်းစုံက CDMတွေရဲ့ ယုံကြည်မှုကို မလေးမစားမလုပ်မိပါစေနဲ့။

အမြန်ဆုံးနဲ့ အကောင်းဆုံး အဖြေရှာ ဖြေရှင်းနိုင်ဖို့လိုပါတယ်။

ဒါကိုလည်း လုပ်နိုင်လိမ့်မယ်လို့ထင်ပါတယ်။

#AMN
👍1
ဗိုလ်နဂါးတပ်ထုတ်ပေးထားတဲ့ လက်နက်၊ ခဲယမ်းတွေ ကိုင်ဆောင်ထားတဲ့ရဲဘော်တွေ အမြန်ဆုံး လာရောက်အပ်နှံကြဖို့ မုံရွာခရိုင် ပကဖ ထုတ်ပြန်

ဖေဖော်ဝါရီ-၂၀၊၂၀၂၆။အိမ်သွင်/People's Spring

မုံရွာခရိုင်အတွင်းမှာ ဗိုလ်နဂါးတပ် BNRAအဖွဲ့က ထုတ်ပေးထားတဲ့ လက်နက်၊ ခဲယမ်းတွေ
ကိုင်ဆောင်ထားတဲ့ ရဲဘော်တွေအနေနဲ့ အမြန်ဆုံးလာရောက်အပ်နှံကြဖို့ မုံရွာခရိုင်ပကဖ ဦးစီးအဖွဲ့က ထုတ်ပြန်ပါတယ်။

မုံရွာ၊ အရာတော်၊ ချောင်းဦးနဲ့ ဘုတလင် မြို့နယ် တွေက ဒေသကာကွယ်ရေးအဖွဲ့တချို့ကို BNRA အဖွဲ့က လက်နက်ခဲယမ်းနဲ့ ကျည်တွေထုတ်ပေးထားတာပါ။

အဲဒီ လက်နက်၊ ခဲယမ်း၊ ကျည်နဲ့ဆက်စပ်ပစ္စည်းတွေကို အမြန်ဆုံးလာရောက် အပ်နှံဖို့၊ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ပေါင်နှံခြင်း၊ဖျောက်ဖျက်ခြင်း၊ ဖျက်ဆီးခြင်း၊ ပုံဖျက်ခြင်းတွေ မပြုလုပ်ဖို့နဲ့ ညွန်ကြားချက်ကို မလိုက်နာရင်ပြင်းထန်စွာ အရေးယူခံရမယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၂၀ရက်မှာ ထုတ်ပြန်တာပါ။

မုံရွာ၊ အရာတော်၊ ချောင်းဦးနဲ့ ဘုတလင် မြို့နယ် တွေက ရပ်ကျေး၊တိုက်နယ် ပကဖ၊ပအဖအဖွဲ့တွေအနေနဲ့လည်း ဒေသတွင်းမှာ BNRAအဖွဲ့နဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေရှိရင် မုံရွာခရိုင် ပကဖ ဦးစီးအဖွဲ့နဲ့ မြို့နယ်ပကဖ တာဝန်ခံတွေထံ အကြောင်းကြားဖို့ ညွှန်ကြားထားပါတယ်။

BNRAရဲ့ အင်အားစာရင်း၊ လက်နက်ခဲယမ်း၊ကျည်၊ ဆက်စပ်ပစ္စည်းစာရင်းတွေကို ဖေဖော်ဝါရီ ၂၅ရက် နောက်ဆုံးထားပြီး မုံရွာခရိုင် ပကဖ ဦးစီးအဖွဲ့ထံ ပြုစုတင်ပြဖို့လည်း ညွှန်ကြားထားပါတယ်။

BNRA ရဲဘော်တွေ၊ BNRA လက်အောက်ခံအဖွဲ့အစည်းက ရဲဘော်တွေအနေနဲ့ ပြစ်မှုမရှိရင် တော်လှန်ရေးမှာ ဆက်လက်ပါဝင်ဖို့ ဖိတ်ခေါ် ထားပြီး ပြစ်မှုရှိသူတွေကို စစ်ဆေး၊ ဖော်ထုတ်၊ အပြစ်ပေး၊ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုလဲမြို့နယ်မှာရှိတဲ့ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA တပ်ဖွဲ့စခန်းအချို့ကို ယင်းမာပင်ခရိုင်က PDF တပ်ရင်းတွေက ဖေဖော်ဝါရီ ၁၇ရက်မနက်ပိုင်းမှာ စီးနင်းခဲ့ပြီး တိုက်ပွဲဖြစ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၈ရက်မှာ ဗိုလ်နဂါးက စစ်တပ်ထံအလင်းဝင်ခဲ့လို့ စစ်တပ်က ရဟတ်ယာဉ်နဲ့ ခေါ်ထုတ်သွားပါတယ်။BNRAအဖွဲ့မှာ တပ်ဖွဲ့ဝင် ၄၀၀ နီးပါးရှိနိုင်ပြီး PDFနဲ့ ပကဖတွေထံ အလင်းဝင်သူတွေရှိသလို ထွက်ပြေးနေတာတွေလည်း ရှိပါတယ်။

မုံရွာခရိုင်ဟာ ပုလဲမြို့နယ်ပါဝင်တဲ့
ယင်းမာပင်ခရိုင်နဲ့ ဆက်စပ်နေပါတယ်။ ‌ဗိုလ်နဂါးက ဒေသကာကွယ်ရေးခေါင်းစဉ်နဲ့ ရွာတွေက လူငယ်တွေကို လက်နက်တွေ ထုတ်ပေးထားပါတယ်။

ယင်းမာပင်ခရိုင်ထဲမှာ BNRAက ထုတ်ပေးထားတဲ့ လက်နက်တွေ ကိုင်ဆောင်ထားတဲ့ ရဲဘော် တွေအနေနဲ့ ခရိုင်/မြို့နယ်ပကဖ အဖွဲ့တွေကို ချိတ်ဆက်ပြီး လက်နက်တွေနဲ့ဆက်စပ်ပစ္စည်းတွေအပ်နှံကြဖို့ ယင်းမာပင်ခရိုင်ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ဖျောက်ဖျက်ထားခြင်း၊ ဖျက်ဆီးခြင်းမပြုလုပ်ဖို့နဲ့ စစ်ဆေးပေါ်ပေါက်ရင် ပြင်းထန်စွာအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။

BNRAအဖွဲ့ မှာ ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ တပ်ဖွဲ့ဝင်တွေကို ၎င်းတို့ စိတ်ဆန္ဒရှိပါက ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ဖြစ်စေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များမှာ ဖြစ်စေ ပူးပါင်းပြီး တော်လှန်ရေးမှာ ဆက်လက်ပါဝင်တိုက်ပွဲဝင်နိုင်ဖို့ စီစဉ်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကလည်း ထုတ်ပြန်ထားပါတယ်။
👍3
ပုလဲမြို့ပေါ် စစ်အုပ်စု ရဟတ်ယာဉ် လေးကြိမ်ဆင်း အင်အားဖြည့်၊ မြေပြင် စစ်ကြောင်း ပြန်ထိုး၊
ဘက်ပြောင်းလာတဲ့ BNRA ငါးဦးကို ခေါ်ထုတ်ကာ နမခ ပို့၊

သုထက်/MFP၊ ဖေဖေါ်ဝါရီ - ၂၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့ပေါ်ကို အာဏာသိမ်း စစ်အုပ်စုက ဒီကနေ့ မနက်ပိုင်း ရဟတ်ယာဉ် လေးကြိမ်ဆင်းသက်ကာ အင်အားဖြည့်ခဲ့သလို မွန်းလွဲပိုင်းက စတင်ကာ တကျော့ပြန်စစ်ကြောင်းထိုးတယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။

ဖေဖေါ်ဝါရီ ၂၀ရက် ဒီကနေ့ မနက်ပိုင်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် - နမခ ကတဆင့် ပုလဲမြို့ပေါ် MI-17 သယ်ပို့ရဟတ်ယာဉ် လေးကြိမ် ဆင်းသက်ကာ အင်အားဖြည့်ခဲ့သလို စစ်အုပ်စုထံ လက်နက်ချ ဘက်ပြောင်းတဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် - BNRA အဖွဲ့ဝင် ငါးယောက်ကိုလည်း ရဟတ်ယာဉ်နဲ့ တင်ခေါ်သွားတယ်လို့ ဆိုပါတယ်။

ဒီကနေ့ မနက် ၁၁နာရီမှာ ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်ပြီးနောက် မွန်းတည့် ၁၂နာရီလောက်က စတင်ကာ ပုလဲမြို့ရဲ့ အနောက်အရပ် သေတ္တရာရွာဘက်ဆီ ဦးတည်ကာ အင်အား ရာဂဏန်းနဲ့ စစ်ကြောင်းစထိုးတယ်လို့ ဒေသခံ တော်လှန်ရေး ရဲဘော်တစ်ဦးက MFP ကို ပြောပါတယ်။

"အင်အားက များတယ်၊ သေတ္တရာရွာထဲ ဝင်နေတယ်၊ နိုင်လင်း (ဗိုလ်နဂါး) အရင်က ဝှက်ထားတဲ့ ပစ္စည်းတွေ ဝင်သယ်တာလို့ သိရတယ်"

စစ်အုပ်စု စစ်ကြောင်းထိုးလို့ မြကုန်း၊ ကုက္ကိုကုန်း၊ စေတီရုံ၊ သေတ္တရာ စတဲ့ ကျေးရွာတွေက ပြည်သူတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ပုလဲမြို့ပေါ်ကနေ အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးလိုက်၊ ဝင်လိုက်ထွက်လိုက် လုပ်နေပြီး ဒီကနေ့ စစ်ကြောင်းရဲ့ အခြေအနေကို စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။

စစ်အုပ်စုဟာ ဖေဖေါ်ဝါရီ ၁၉ရက် မနေ့ကလည်း မုံရွာ နမခ ကတဆင့် ပုလဲမြို့ပေါ် MI-17 သယ်ပို့ရဟတ်ယာဉ် နှစ်စီးနဲ့ ခြောက်ကြိမ်၊ ၁၂ ခေါက် ဆင်းသက်ကာ အင်အားဖြည့်တင်းခဲ့သလို ပုလဲမြို့ကနေ မင်းတိုင်ပင်ရွာဆီ စစ်ကြောင်းထိုးပြီးနောက် ဘက်ပြောင်းလာတဲ့ BNRA အဖွဲ့ဝင်တွေကို ပုလဲမြို့ပေါ် ခေါ်ထုတ်ခဲ့ပါသေးတယ်။

ဒီကနေ့ ဖေဖေါ်ဝါရီ ၂၀ရက်မှာ BNRA အဖွဲ့ဝင် ငါးယောက် လက်နက်ခဲယမ်းနဲ့အတူ ဘက်ပြောင်း ခိုဝင်လာတယ်လို့ စစ်လော်ဘီ ချန်နယ်တွေကနေ သတင်းဖြန့်ပါတယ်။

ပုလဲမြို့နဲ့ မင်းတိုင်ပင်ရွာကြားရှိ မြကုန်း၊ ကုက္ကိုကုန်း၊ စေတီရုံ၊ စပါးစေ့၊ နွယ်ရှောက်စတဲ့ ကျေးရွာတွေရှိ ဒေသခံ ပြည်သူတွေထဲက တချို့ဟာ စစ်အုပ်စု စစ်ကြောင်းထွက်လာပြီဆို ထွက်ပြေးလိုက်၊ အန္တရာယ် ကင်းပြီထင်ရင် ရွာထဲပြန်ဝင်လိုက်နဲ့ နေထိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုဟာ ပုလဲနယ်ထဲ စစ်ကြောင်းထိုးတိုင်း ကျေးရွာတွေကို စီးနင်းဝင်မွှေကာ တွေ့သမျှလူ ဖမ်းဆီး၊ သတ်ဖြတ်၊ ဓားစာခံလူသားဒိုင်းအဖြစ် အသုံးချ၊ နေအိမ်တွေ ဖောက်ထွင်းခိုးယူ၊ ရွာမီးရှို့တာတွေ ကျူးလွန်လေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၇ရက်မှာ အမျိုးသား ညီညွတ်ရေးအစိုးရ - NUG က ပုလဲနယ် အခြေပြု BNRA တပ်ဖွဲ့ဝင်တွေ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို အရေးယူဖို့အတွက်လို့ဆိုကာ BNRA ဂိတ်စခန်းတွေကို အင်အားသုံး စီးနင်းတိုက်ခိုက်ခဲ့ြီးနောက် ဖေဖေါ်ဝါရီ ၁၈ရက်မှာ BNRA ခေါင်းဆောင် ဗိုလ်နဂါး ခေါ် ထင်လင်း ဆိုသူ စစ်အုပ်စုဘက် ဘက်ပြောင်းခိုလှုံသွားသလို BNRA အဖွဲ့ဝင်တချိုပလည်း စစ်အုပ်စုထံ ဘက်ပြောင်းခိုလှုံတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ NUG ထံ ပူးပေါင်းလာတဲ့ BNRA အဖွဲ့ဝင် ၁၅၀ ဝန်းကျင် ရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

စစ်အုပ်စုထံ ဘက်ပြောင်းတဲ့ BNRA အဖွဲ့ဝင်တွေကို တွေ့ရစဉ်/Photo – စစ်အုပ်စု
ဖေဖော်ဝါရီ ၂၀၊

ယနေ့ ထပ်မံ၍ စစ်ကောင်စီနှင့် ပူးပေါင်းသည့် BNRA အဖွဲ့ဝင်(၅)ဦး၌ BNRA စစ်ရေးတာဝန်ခံ (ကိုလတ်) (ညာဘက်ထောင့်ဆုံး)နှင့် ကိုဖြိုး(ဘဏ္ဍာရေးမှူး) ပါရှိကြောင်း သတင်းရရှိ။

#EIO
🤬1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 အကြမ်းဖက်စစ်ရှုံးကောင်စီမှ မုံရွာမြို့ပေါ် အနှံ့ တွင်(နေရာအတည်အကျမရှိ) နေရာအတော်တော်များများ၌ အိမ်စီးကားများဖြင့် ပြည်သူများအား ရှောင်တခင်၊မထင်ရင်မထင်သလို၊ပုန်းလျှိုးကွယ်လျှိုးဖြင့် ဖမ်းဆီးခြင်း၊စစ်ဆေးခြင်း၊ပေါ်တာဆွဲခြင်းများကို https://t.me/eag…
မုံရွာမြို့ပေါ်တွင် စစ်တပ်က ကား ၅ စီးဖြင့် ယနေ့ ညနေပိုင်း ပေါ်တာဆွဲ ဖမ်းဆီးမှု လူငယ် ၃၀ ကျော် အဖမ်းခံရ၊ တောင်ကြီးမြို့တွင်လည်း စစ်တပ်က လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က ကား ၅ စီးဖြင့် ယနေ့ ညနေပိုင်း ပေါ်တာဆွဲ ဖမ်းဆီးခြင်းကြောင့် လူငယ် ၃၀ ကျော် အဖမ်းခံရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၃၅ မိနစ်ခန့်တွင် မုံရွာမြို့ထဲမှ အကြမ်းဖက် စစ်တပ်၏ ကား ၅ စီးသည် ပြည်ထောင်စုလမ်း၊ မုံရွာစက်မှုဇုန် ၁ မှ လမ်းသွားလမ်းလာ ပြည်သူ ၃၀ ကျော်ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး မုံရွာမြို့ထဲသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

လက်ရှိချိန်တွင် ဖမ်းဆီးခံရ‌သော လူငယ်များကို အကြမ်းဖက် စစ်တပ်က မည်သည့် နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရသေးဘဲ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း သိရှိရသည်။

"မုံရွာမြို့ထဲကနေ ဒီနေ့ ညနေပိုင်းမှာ ထွက်လာသော ပေါ်တာဆွဲ စစ်ခွေးကား ၅ စီးက ပြည်ထောင်စုလမ်း၊ မုံရွာစက်မူဇုန် ၁ က လမ်းသွားလမ်းလာ ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးသွားပြီး မုံရွာမြို့ထဲ ပြန်ဝင်ရောက်သွားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်တွင် စစ်တပ်နှင့် PNO က ပူးပေါင်းပြီး ၁၀ ရက်တာအတွင်း လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ပြီး ဗထူးစစ်သင်တန်းကျောင်းသို့ ပို့ခံလိုက်ရကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှစတင်ကပြီး တောင်ကြီးမြို့ပေါ်တွင် အကြမ်းဖက်စစ်တပ်နှင့် PNO ပူးပေါင်း အဖွဲ့များက လူငယ် ၅၀ ဦးကျော်ကို ပေါ်တာဆွဲဖမ်းဆီးပြီး ဗထူးစစ်သင်တန်းကျောင်းသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးခံရသူများမှာ တောင်ကြီးမြို့၊ ဝါးပြားလမ်းဆုံတွင် ၈ ဦး၊ မင်္ဂလာရာမကျောင်းတိုက်အနီး တွင် ၅ ဦး၊ စစ်စံထွန်းဈေးအရှေ့ဘက် တာဝါတိုင်အနီးတွင် ၂ ဦး၊ ချမ်းမြေ့ View Point တွင် ၃ ဦး၊ ရွှေ တောင်အနောက်ခြမ်းရှိ ဆောက်လုပ်ရေးတွင် ဆောက်လုပ်ရေးလုပ်သား ၁၀ ဦး၊ ကံသာ နိဗ္ဗာန် လမ်း ဆုံ မီးပွိုင့်အနီးတွင် ၅ ဦး၊ အမှတ် ၂၁၂ စစ်တပ်တောင်ဘက်ပေါက် ဖရဲအတက်အနီးတွင် ၂ ဦး၊ ရတနာ သီရီ အထက်တန်းကျောင်း ၉ အနီးတွင် ၁ ဦး၊ မီးပုံးပျံကွင်းအနီးတွင် ၃ ဦးတို့ပါသွားပြီး စုစု ပေါင်း လူ ဦးရေ ၅၀ ကျော်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ဖမ်းဆီးခံရမှုများထဲတွင် လုပ်ငန်းရှင် အသိုင်းအဝန်းမိသားစုမှ လူငယ် ၂ ဦး ပါဝင်ပြီး တစ်ဦးလျှင် ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်လည်ရွေးယူခဲ့ရကြောင်း၊ Non CDM ဝန်ထမ်းများ၏ သားသမီး များလည်း ဖမ်းဆီးခံခဲ့ရပြီး တချို့ကို လိုက်လံရွေးထုတ်နေရကြောင်း သိရသည်။

“ဒီလထဲ တောင်ကြီးမှာ လူငယ် ၊လူလတ်ပိုင်းတွေကို ပေါ်တာဆွဲလို့ ပါကုန်တာ အယောက်ငါး ဆယ် ကျော်နေပြီ။ တချို့တွေဆို ရပ်စောက်က ဗထူး စခသင်တန်းကျောင်းကိုတောင် ရောက်ကုန်ပြီ။ ပေါ် တာဆွဲတဲ့ပုံစံကလည်း အရင်လိုမဟုတ်တော့သလို စစ်မြေပြင်မှာသုံးတဲ့ ကင်းထောက် Droneတွေ နဲ့ အရင်ဆုံး ရပ်ကွက်ထဲ ကင်းထောက်တယ်။ လမ်းပေါ်မှာ လူပြတ်ပြီး ပတ်ဝန်းကျင်တိတ်ဆိတ်နေတဲ့ နေရာမျိုးမှာ ရှိနေတဲ့သူတွေကို အဓိက ရွေးဖမ်းတာ၊ မဖမ်းခင် ၁၅ မိနစ် ကျော်တဲ့ထိ စောင့်ကြည့်ပြီးမှ probox တွေ wish တွေနဲ့ ဖမ်းသွားတာ။ ဘာမှအော်ခွင့်မရှိဘူး၊ ည ၈ နာရီကနေ ၁၁ နာရီအတွင်းမှာ ဆွဲတယ်။ ရပ်ကွက်ထဲက ပြည်သူအချို့က ပေါ်ဆွဲနေတာတွေကို မြင်ပေမယ့် လာဆွဲတဲ့ စခ ရခ တွေ က ခင်ဗျားတို့နဲ့မဆိုင်ဘူး ဝင်မပါနဲ့ ခင်ဗျားတို့ကိုပါ တခါတည်းခေါ်သွားရမလားဆိုပြီး ခြိမ်းခြောက် လို့ ဘာမှ မပြောရဲကြဘူး။” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

#People's Spring
ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် နှင့် ခင်ပွန်းဖြစ်သူတို့အား တိုင်ကြားမှုကိစ္စ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
*********

ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် နှင့် ခင်ပွန်းဖြစ်သူတို့အား တိုင်ကြားမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်၊ သုံးသပ်ချက်များနှင့် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ ဆောင်ရွက်ချက်များအား ပြည်သူလူထုသို့ အစီရင်ခံတင်ပြနိုင်ရန်အတွက်
သတင်းစာရှင်းလင်းပွဲတခုကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်သွားမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ PVTV(Public Voice Television) နှင့် သတင်းမီဒီယာအချို့​၏ လူမှုကွန်ယက်စာမျက်နှာများမှ တဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်းသတင်းထုတ်ပြန်အပ်ပါသည်။

နေ့စွဲ - ၂၀၂၆ ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၁ ရက် ( စနေနေ့)
အချိန် - နေ့လည် ၁:၀၀ (မြန်မာစံတော်ချိန်)
နေရာ - Zoom Meeting Room
🚨ရွှေဘို🚨

ရွှေဘိုမြို့ တောင်ဘက် မုဒ်ပေါက်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Feb 20, 10:16PM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator