EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.55K photos
184 videos
25 files
5.92K links
Download Telegram
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 ချောင်းဦးဘက်မှလာသော ၁၂ ဘီးကား ၃ စီး စခအင်အားပါ မိုးကာအုပ်သည် မုံရွေးဖြတ်၍ မြောက်ဘက်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Feb 1, 7:19AM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

ချောင်းဦးဘက်မှလာသော ၁၂ ဘီးကား ၃ စီး စခအင်အားပါ မိုးကာအုပ်သည် ဗောဓိလမ်း၊အမှိုက်ကုန်းအနီးသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 1, 8:00AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍4
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 စခအအများသည် ကြေးမုံရွာ၊ဘောလုံးကွင်းမှ သိပ္ပံကွင်းသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။ Update News - ကြေးမုံရွာ၊ဘောလုံးကွင်းမှ ပြည်သူဓားစာခံများလည်း ဖမ်းဆီးထားကြောင်းသိရ။ #EIO Feb 1, 7:59AM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

စခအအများသည် ကြေးမုံရွာ၊သိပ္ပံကွင်း မှ အရှေ့သို့ ဦးတည်နေကြောင်းသတင်းရရှိ။

Update News - ကြေးမုံရွာ၊ဘောလုံးကွင်းတွင်လည်း ပြည်သူဓားစာခံများနှင့်အတူ စခ(၁)ဖွဲ့ကျန်ရှိနေကြောင်းသိရ။

#EIO
Feb 1, 8:09AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏4
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 ချောင်းဦးဘက်မှလာသော ၁၂ ဘီးကား ၃ စီး စခအင်အားပါ မိုးကာအုပ်သည် ဗောဓိလမ်း၊အမှိုက်ကုန်းအနီးသို့ ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Feb 1, 8:00AM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

ချောင်းဦးဘက်မှလာသော ၁၂ ဘီးကား ၃ စီး စခအင်အားပါ မိုးကာအုပ်သည် ဗောဓိလမ်း၊အမှိုက်ကုန်းအနီးမှ မုံရွေးတိုးဂိတ်ဘက်သို့ ပြန်လည်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Feb 1, 8:12AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍4
🚨မုံရွာတောင်၊လမ်းပိုင်းအခြေနေ သတိပြုရန်🚨

မုံရွာတောင်၊(မုံရွေး၊ကြေးမုံနှင့် ဗေဓိလမ်း၊‌ချောင်းဦး)လမ်းမကြီးတလျှောက်တွင် စခအအများသည် ခြေရှုပ်နေသဖြင့် မိဘပြည်သူများအနေဖြင့် အသွားအလာအထူးဂရုစိုက်ကြပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန်-@EIO2021_bot
https://t.me/eagleinformationoperator
http://www.eagleinformationoperators@gmail.com
🙏4
ငရဲပြည်သက်တမ်း ငါးနှစ်အပြည့်မှာ

မစင်တွင်းက လောက်ကောင်တွေကတော့
ပျော်နေကြဆဲ မော်နေကြဆဲ

သဘာဝအတိုင်း ပျံသန်းခဲ့ဘူးတဲ့
ငှက်တွေကတော့ လွတ်လမ်းကိုရှာနေကြဆဲ

ကိုယ်ပိုင်အတွေးအခေါ်တွေ၊
လွတ်လပ်ခြင်းနဲ့
တရားမျှတခြင်းတွေက
ပျောက်ဆုံးနေသော
ကမ္ဘာဟောင်းတခုနဲ့အတူ ကျန်ရစ်နေဆဲ

ရုန်းထလို့တိုးထွက်
အတူခရီးဆက်ကြမယ်ဆိုရင်
ဒီငရဲဘုံရဲ့ သက်တမ်းက
ရှေ့ဆက်လို့မရှည်နိုင်တာမို့

အင်အားတွေစုစည်းလို့
ရှေ့ခရီးက်ိုဆက်ဘို့
အသိတရားတခုသာရယူ
အတူလက်မြဲမြဲနဲ့
တွဲဆက်လို့.ရှေ့တက်ကြမယ်ဆိုရင်

ဤခရီး နီးမယ်လို့ ယုံမိ........

📝စောအယ်မူး
4💯1🫡1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 စခအအများသည် ကြေးမုံရွာ၊သိပ္ပံကွင်း မှ အရှေ့သို့ ဦးတည်နေကြောင်းသတင်းရရှိ။ Update News - ကြေးမုံရွာ၊ဘောလုံးကွင်းတွင်လည်း ပြည်သူဓားစာခံများနှင့်အတူ စခ(၁)ဖွဲ့ကျန်ရှိနေကြောင်းသိရ။ #EIO Feb 1, 8:09AM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinf…
🚨မုံရွာ🚨

မုံရွာတောင်၊ကြေးမုံရွာ၊သိပ္ပံကွင်းနှင့် ဗောဓိအမှိုက်ကုန်းသို့ ရောက်ရှိနေသော စခအအများသည် မုံ‌ရွေးရွာထဲသို့ ပြန်လည်ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 1, 8:33AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏4
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊ကြေးမုံရွာ၊သိပ္ပံကွင်းနှင့် ဗောဓိအမှိုက်ကုန်းသို့ ရောက်ရှိနေသော စခအအများသည် မုံ‌ရွေးရွာထဲသို့ ပြန်လည်ရောက်ရှိနေကြောင်းသတင်းရရှိ။ #EIO Feb 1, 8:33AM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာတောင်၊ကြေးမုံရွာ၊သိပ္ပံကွင်းနှင့် ဗောဓိအမှိုက်ကုန်းသို့ ရောက်ရှိနေသော စခအအများသည် မုံ‌ရွေးရွာထဲသို့ ပြန်လည်ရောက်ရှိနေပြီး စခ(၁)ဖွဲ့သည် သံလမ်းအရှေ့ဘက်သို့ ပြန်လည်ဦးတည်၍ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Feb 1, 8:52AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊တောင်ကုန်းမှ ပေလမ်းမအတိုင်း စခ ခမ အအ(၅၀)ခန့်သည် ထပ်မံ၍ အရှေ့သီု့ ဦးတည်၍တက်နေပြီး စခ ခမ အအ(၁၀၀)ခန့်သည်လည်း သံလမ်းအရှေ့ဘက် ကြက်ခြံအနီးသို့ ရောက်ရှိနေ‌ကြောင်းသတင်းရရှိ။

#EIO
Feb 1, 8:55AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏2👍1
🚨မုံရွာ🚨

မုံရွာတောင်၊မုံရွေးရွာ ပန်းပဲရပ်ထဲသို့ စခများရောက်ရှိနေပြီး လက်နက်ငယ်များရမ်းသမ်းပစ်ဖောက်နေ‌ကြောင်းသတင်းရရှိ။

#EIO
Feb 1, 9:10AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
👍3
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊တောင်ကုန်းမှ ပေလမ်းမအတိုင်း စခ ခမ အအ(၅၀)ခန့်သည် ထပ်မံ၍ အရှေ့သီု့ ဦးတည်၍တက်နေပြီး စခ ခမ အအ(၁၀၀)ခန့်သည်လည်း သံလမ်းအရှေ့ဘက် ကြက်ခြံအနီးသို့ ရောက်ရှိနေ‌ကြောင်းသတင်းရရှိ။ #EIO Feb 1, 8:55AM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eaglei…
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေး သံလမ်းအရှေ့ဘက် ကြက်ခြံအနီးသို့ ရောက်ရှိနေ‌သောစခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်းသတင်းရရှိ။

#EIO
Feb 1, 9:28AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊ကြေးမုံရွာ ဘောလုံးကွင်းမှ စခများသည် တောင်ကုန်းဘက်သို့ ဦးတည်သွားနေ‌ကြောင်းသတင်းရရှိ။

#EIO
Feb 1, 9:40AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မုံရွာတောင်၊မုံ‌ရွေး သံလမ်းအရှေ့ဘက် ကြက်ခြံအနီးသို့ ရောက်ရှိနေ‌သောစခများသည် လက်နက်ငယ်များ ရမ်းသမ်းပစ်ဖောက်နေကြောင်းသတင်းရရှိ။ #EIO Feb 1, 9:28AM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေး သံလမ်းအရှေ့ဘက် ကြက်ခြံအနီးသို့ ရောက်ရှိနေ‌သော စခများသည် လက်နက်ကြီးများလည်း ရမ်းသမ်းပစ်ခတ်နေကြောင်းသတင်းရရှိ။

#EIO
Feb 1, 9:42AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏2
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးရွာနှင့် ကြေးမုံရွာသို့ ရောက်ရှိနေ‌သော စခများသည် အိမ်စီးကားများနှင့်လည်း ကင်းပတ်နေကြောင်းသတင်းရရှိ။

#EIO
Feb 1, 9:44AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏1
🚨မုံရွာ🚨

မြောက်မှလာသော ၁၂ ဘီးကား ၁စီး ဒိုင်နာ၁စီး ဂျန်ပါစက်ပါ စခအအပါ မုံရွာ‌တောင်၊မုံရွေးရွာထိပ်ဖြတ်၍ တောင်သို့ ဆက်လက်ဦးတည်နေ‌ကြောင်းသတင်းရရှိ။

#EIO
Feb 1, 9:48AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏1
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 မြောက်မှလာသော ၁၂ ဘီးကား ၁စီး ဒိုင်နာ၁စီး ဂျန်ပါစက်ပါ စခအအပါ မုံရွာ‌တောင်၊မုံရွေးရွာထိပ်ဖြတ်၍ တောင်သို့ ဆက်လက်ဦးတည်နေ‌ကြောင်းသတင်းရရှိ။ #EIO Feb 1, 9:48AM 📬သတင်းပို့ရန် @EIO2021_bot https://t.me/eagleinformationoperator
🚨မုံရွာ🚨

မြောက်မှလာသော ၁၂ ဘီးကား ၁စီး ဒိုင်နာ၁စီး ဂျန်ပါစက်ပါ စခအအပါ မုံရွာ‌တောင်၊မုံရွေးရွာထိပ်မှ မြောက်ဘက်သို့ ပြန်လည်ဦးတည်နေ‌ကြောင်းသတင်းရရှိ။

#EIO
Feb 1, 9:50AM
📬သတင်းပို့ရန် @EIO2021_bot
https://t.me/eagleinformationoperator
🙏2
စစ်အာဏာသိမ်းမှု ၅ နှစ်ပြည့် ထုတ်ပြန်ကြေညာချက်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁) ရက်နေ့။

ယနေ့သည် စစ်တပ်က ပြည်သူ့အာဏာကို မတရားသိမ်းပိုက်ခဲ့သည့် (၅) နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါသည်။ ဤငါးနှစ်တာကာလအတွင်း ပြည်သူလူထုသည် သတ်ဖြတ်မှု၊ မီးရှို့ဖျက်ဆီးမှု၊ အတင်းအကျပ် ရွှေ့ပြောင်းခိုင်းစေမှုနှင့် ဖမ်းဆီးနှိပ်စက်မှုပေါင်းစုံကို နေ့စဉ်နှင့်အမျှ ခါးသီးစွာ ခံစားခဲ့ကြရပါသည်။ ဤကျူးလွန်မှုများသည် ရည်ရွယ်ချက်ရှိရှိ စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against Humanity) များဖြစ်ကြောင်း ထင်ရှားနေပါသည်။

သို့ရာတွင် ပြည်သူလူထုသည် အခက်အခဲပေါင်းစုံကြားမှ တော်လှန်ရေးစိတ်ဓာတ်ကို မယိမ်းယိုင်ဘဲ ဆက်လက်တိုက်ပွဲဝင်နေကြဆဲ ဖြစ်ပါသည်။ ပြည်သူလူထုနှင့် တော်လှန်ရေးအင်အားစုများ၏ မဆုတ်မနစ်သော ခုခံတွန်းလှန်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီသည် စစ်ရေးနှင့် အုပ်ချုပ်ရေး နယ်ပယ်နှစ်ခုစလုံးတွင် အဘက်ဘက်မှ ဆုတ်ယုတ်ပျက်စီးမှုကို ဆက်တိုက်ကြုံတွေ့နေရပါသည်။ စစ်ကောင်စီသည် ၎င်းတို့၏ စစ်ရေးအရှုံးများကို ဖုံးကွယ်ရန် အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ရွာလုံးကျွတ် မီးရှို့ခြင်းနှင့် ဖက်ဆစ်အတွေးအခေါ်ဖြင့် အမျိုးသမီး၊ ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများကိုပါမကျန် ရက်စက်စွာ သတ်ဖြတ်ခြင်းများကို ဆက်လက်လုပ်ဆောင်လျက်ရှိပါသည်။

ထို့ပြင် စစ်ကောင်စီသည် ယိုင်နဲ့လာသော စစ်အင်အားကို ဖြည့်ဆည်းရန် မတရားသော စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို အတင်းအကျပ် ဖမ်းဆီးစုဆောင်းနေပြီး၊ အသက်အရွယ်နှင့် လိင်အမျိုးအစား မခွဲခြားဘဲ စစ်မှုထမ်းခိုင်းစေခြင်းဖြင့် မျိုးဆက်သစ်များ၏ အနာဂတ်ကို ဖျက်ဆီးနေပါသည်။ ပြည်ပသို့ ထွက်ခွာ၍ ပညာသင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းများကိုပါ ကန့်သတ်ပိတ်ပင်ကာ လူငယ်များ၏ အခွင့်အရေးကို ခြေနင်းချေဖျက်နေပါသည်။ စီးပွားရေးပြိုလဲမှု၊ ငွေကြေးတန်ဖိုး ကျဆင်းမှုနှင့် ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်များကိုလည်း ပြည်သူလူထုကသာ ခါးစည်းခံစားနေရပါသည်။

စစ်တပ်သည် ၎င်းတို့၏ အာဏာကို နိုင်ငံရေးအရ တရားဝင်မှုရရှိစေရန် "အတုအယောင် ရွေးကောက်ပွဲ" ကို ပြုလုပ်ပြီးတရားဝင်မှုရရန် ကြိုးပမ်းနေပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရန်သာ ဖြစ်ပြီး ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုနိုင်သည့်အတွက် စစ်တပ်က ပြုလုပ်သည့် မည်သည့်ရွေးကောက်ပွဲကိုမဆို ကျွန်ုပ်တို့ အရပ်ဘက်အဖွဲ့အစည်းများက ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချပါသည်။

အကြမ်းဖက်မှုအတွက် တာဝန်ရှိသူများ အပြစ်ပေးခြင်းမှ ကင်းလွတ်နေမှုကို ကျွန်ုပ်တို့ အဆုံးသတ်လိုပါသည်။ ထို့ကြောင့် နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC)၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အပါအဝင် နိုင်ငံတကာတရားစီရင်ရေး ယန္တရားများမှတစ်ဆင့် တရားမျှတမှု ဖော်ဆောင်ရေး ကြိုးပမ်းမှုများကို ကျွန်ုပ်တို့ အပြည့်အဝ ထောက်ခံပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ကောင်စီအပေါ် ထိရောက်သော အရေးယူမှုများ တိုးမြှင့်လုပ်ဆောင်ရန်နှင့် ပြည်သူလူထုဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးရန် တောင်းဆိုပါသည်။

အထူးသဖြင့် စစ်အုပ်စု၏ လက်နက်သဖွယ် အသုံးချနေသော လိင်အခြေပြု အကြမ်းဖက်မှုများနှင့် အဓမ္မပြုကျင့်မှုများကို ပြင်းထန်စွာ ရှုတ်ချပါသည်။ အမျိုးသမီးများ၊ LGBTQI+ အသိုင်းအဝိုင်း၊ တိုင်းရင်းသားလူနည်းစုများနှင့် မသန်စွမ်းသူများအပေါ် ကျူးလွန်မှုများအတွက် တရားမျှတမှု ဖော်ဆောင်ရေး၊ ပြန်လည်ကုစားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များသည် ပြည်သူ့တော်လှန်ရေး၏ အဓိကဗဟိုချက် ဖြစ်ရပါမည်။

ကျွန်ုပ်တို့ ပြည်သူအခြေပြုအရပ်ဖက် အဖွဲ့အစည်းများသည် ပြည်သူ့အာဏာကို ပြည်သူ့လက်ဝယ်သို့ ပြန်လည်ရောက်ရှိရေးနှင့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် တိုက်ဖျက်ရေးအတွက် ပြည်သူနှင့်အတူ အဆုံးအထိ တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။ တော်လှန်ရေးအင်အားစုများအကြား ညီညွတ်မှုနှင့် တန်းတူညီမျှ ပါဝင်မှုသည် အောင်ပွဲအတွက် သော့ချက်ပင် ဖြစ်ပါသည်။

အတုအယောင် ရွေးကောက်ပွဲကို အလုံးစုံ ဆန့်ကျင်ကြ။
စစ်အာဏာရှင်စနစ် ကျဆုံးပါစေ။
ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး အောင်မြင်ပါစေ။
🫡2