EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
1.05K subscribers
5.53K photos
184 videos
24 files
5.88K links
Download Telegram
🚨မုံရွာ🚨

မုံရွာတောင်၊စွမ်းရည်ထက်ဂိတ်မှ ထွက်လာသော စခကင်းများသည် မြေနဲ-မိုးညှင်း ပေလမ်းဆုံသို့ရောက်ရှိနေပြီး ပြည်သူအလာကားများအား ငတ်ကြီးကျတောင်းရမ်း‌နေကြောင်းသတင်းရရှိ။

#EIO
Jan 22, 6:53AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🥰2🤬1
🚨မုံရွာ🚨

မုံရွာတောင်၊မုံ‌ရွေးတိုးဂိတ်မှ ထွက်လာသော စခကင်းများသည် မုံရွေးဈေးထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 22, 6:56AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍2🙏1
🚨မုံရွာ🚨

မုံရွာတောင်၊‌တောပုပျူရွာမှ ထွက်လာသော စခပခများသည် အရှေ့ ပေလမ်းမဘက်သို့ ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jan 22, 7:44AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍3
🚨ချောင်းဦး🚨

ခင်မွန်၊ဘက်စုံခြံနှင့် မြပုလဲဂိတ်မှ စခကင်းများသည် ခင်မွန်ရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 22, 8:59AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🙏3
🚨ဆားလင်းကြီး🚨

ဆားလင်းကြီးနယ်၊ဝမ်ပေါင်မှထွက်လာသော စခစစ်ကြောင်းသည် ဖောင်းကားမြောက်ရွာသို့ စတင်ဝင်ရောက်နေကြောင်းသတင်းရရှိ။

#EIO
Jan 22, 9:10AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🙏4
🚨မုံရွာ🚨

မုံရွာမြို့ ၊သာစည်လမ်း၊ ကန်သာဘုန်းကြီးကျောင်း၊ကြက်မှုဇုန်နှင့်အက်‌တောအဝိုင်းပတ် စသည့်‌နေရာများသည် ပုံမှန်နေ့စဉ် စခများမှ အိမ်စီးကားများဖြင့် လှည့်ပတ်ပြီး ကင်းပုန်းယူ၍ ပြည်သူအသွားအလာများကို ရှောင်တခင်၊မထင်ရင်မထင်သလို အစစ်ဆေးများပြုလုပ်၍ဖမ်းဆီးကြောင်း ပေါ်တာဆွဲကြောင်းသတင်းရရှိထားပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ဂရုစိုက်၍သွားလာကြပါရန် #EIO မှ အနူးညွတ်မေတ္တာရပ်ခံအပ်ပါသည်။

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန် @EagleInformationOperator
🙏4
🚨ဆားလင်းကြီး🚨

ဆားလင်းကြီးနယ်၊ဝမ်ပေါင်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်နေကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တာရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 22, 9:41AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🙏3
🚨မုံရွာ🚨

မုံရွာနယ်၊ကျောက်ကာတောင်ရွာ ရွှေဂူနီဘုရားတွင် အထိုင်ဝပ်ကျင်းချ‌ရာမှ ထွက်လာသော စခကင်းများသည် ကျောက်ကာမြောက်ရွာတွင် ကင်းပတ်နေကြောင်းသတင်းရရှိ။

#EIO
Jan 22, 9:45AM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🙏3
‼️အသိပေး၊သတိ‌ပေး နှိုးဆော်ချက်‼️

Telegram Group ထဲတွင်သော်လည်းကောင်း Telegram ချန်နယ်များ၌ စခများ၊ ရခများ၊ ပျူဒလန်များသည်အယောင်ဆောင်၍အသွင်ယူသတင်းနှိုက်နေကြသောကြောင့် မိမိ၏အပြောအဆို၊အရေးအသားများအထူးဂရုစိုက်ကြပါ၊မိမိတယ်လီဂရမ် အကောင့် ဆက်တင်တွင်လည်း(privacy & security)ဝင်ရောက်ပြီး မိမိတို့၏ လုံခြုံရေးအတွက် ဖုန်းနံပါတ်များ၊ ဓါတ်ပုံများ၊ story များကို ဖျောက်ထား၊ ဖျက်ထားပေးကြပါရန် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

စခများ၏ လက်နက်ကြီးပစ်ခတ်နေသည့်အချိန်နှင့်ပစ်ခတ်ပြီးချိန်တွင် ကျရောက်သည့် နေရာအတိအကျများနှင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေသည့် အချိန်နှင့်ပြုလုပ်ပြီးချိန်တွင် နေရာအတိအကျများအား မလိုအပ်ပဲဖြန့်ဝေခြင်း၊မီဒီယာများပေါ်၌သော်လည်းကောင်း၊လိုင်း‌ပေါ်တင်ခြင်းများ (လုံးဝ၊လုံးဝ) မပြုလုပ်ကြပါရန် လုံခြုံရေးအသိ၊လုံခြုံရေးသတိရှိစေရန်အလိုငှာ #EIO Admin ‌Teamမှရဲဘော်များနှင့်မိဘပြည်သူများအား အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

မိမိသတင်းဖြင့် ပြည်သူများကို ထိတ်လန့်မှုမဖြစ်ပါစေနှင့်။
မိမိသတင်းဖြင့် ပြည်သူများ၏ လုံခြုံရေးနဲ့အသက်ကို ကယ်တင်ပါ။🙏

#AdminTeam
#EagleInformationOperator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🙏4
‼️အသိပေးပန်ကြားချက်‼️

သတင်းနှင့်သက်ဆိုင်သည့် #Facebook Page များ၊ တလရနှင့် သက်ဆိုင်သည် #Facebook Page များတွင် #React မပေးခင်၊ #Comments မပေးခင်၊ #Share မလုပ်ခင် အထူးဂရုစိုက်ကြပါ။ မိမိ၏အချက်အလက် အမှန်များကို မတင်ထားသူများ၊ #Profile lock ချထားသူများ(သော့ခတ်ထားသူများ)နှင့် မိမိအနေဖြင့် လုံခြုံစိတ်ချရသောနေရာတွင် ရောက်ရှိနေမှသာ #React‌ ပေးခြင်း ၊ #Comments ပေးခြင်းနှင့် #Share လုပ်ကြပါရန် အထူးသတိပေးတိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#EIO Admin Teamသည် #EIO Facebook Page တွင် (RCS) React လုပ်ခြင်း၊ Comment လုပ်ခြင်း၊Share လုပ်ခြင်းထက် မိဘပြည်သူများနှင့် တလရရဲဘော်များ၏ လုံခြုံရေးကိုသာ အဓိကတန်ဖိုးထားပါသည်။

မိဘပြည်သူအပေါင်းနှင့်တလရ ရဲဘော်များ ကျန်းမာပြီးဘေးကင်းကြပါစေ🙏

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)

⚜️#EIO Facebook Page - https://www.facebook.com/eagleinformationoperator
🙏2
Forwarded from BBM
သားစဥ်မြေးဆက် စစ်ကျွန်ဘဝမရောက်စေဖို့ အချင်းချင်းထိန်းကြောင်းပေးမှရတော့မယ့် တော်လှန်ရေး
(ဆောင်းပါးရုပ်သံ)
ရေးသားသူ - မင်းသော်

ဒီနောက်ပိုင်း ကျွန်တော်တို့ဟာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းဆိုသူတွေရဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပွတ်တိုက်မှုတွေ၊ မကျေလည်မှုတွေ၊ လက်နက်နဲ့ဖြေရှင်းနေတာမဟုတ်တောင် အပေါ်ယံအသေးအဖွဲဖြေရှင်းနည်းနဲ့မဟုတ်တဲ့ ဖြေရှင်းမှုတွေကို ခပ်စိပ်စိပ်မြင်တွေ့နေရတာတွေရှိနေပါတယ်။ ဒါတွေကို မြင်သာအောင်ပြောရမယ်ဆိုရင် ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း တောင်ပိုင်းတိုင်းထဲကNUGလက်အောက်ခံ စစ်ဒေသမှူးနဲ့အဖွဲ့ကို KNLAတပ်ဖွဲ့က ခေတ္တထိန်းသိမ်းတာတွေ၊ အညာဘက်က NUG လက်အောက်ခံတပ်တွေနဲ့ တချို့သော Local တပ်ဖွဲ့တွေကြား ဂိတ်ကိစ္စ၊ အခွန်ကိစ္စနဲ့ပတ်သတ်ပြီး မကြာခဏအငြင်းပွါးနေကြတာတွေအပြင် မြေပြင်တော်လှန်ရေးတပ်ဖွဲ့အချို့နဲ့ ပြည်ပထောက်ပို့အချို့ ပဋိပက္ခဖြစ်နေပြီး သူ့အဖွဲ့၊ ကိုယ့်အဖွဲ့ သဘောထားကွဲနေကြတာတွေကို ကြည့်ပြီး သိနိုင်ပါတယ်။

ရွှေတွင်းနဲ့ စီးပွါးရေးလုပ်ကွက်တွေ ပေါတဲ့မန္တလေး-မတ္တရာ-ဖော့တော-မိုးကုတ်လမ်းပိုင်းတွေကို ခုဆို စစ်တပ်က ပြန်ထိန်းချုပ်သွားပြီ၊ ပြီးတော့ မန္တလေး-သပိတ်ကျင်း-တကောင်း-ကြာညှပ် လမ်းပိုင်းတွေကနေတဆင့် ကသာ၊ ဗန်းမောက်နဲ့ ကချင်ပြည်နယ်အတွင်းထိ လမ်းကြောင်းပွင့်အောင်လည်း စစ်တပ်ရဲ့ထိုးစစ်တွေဟာ အခု သပိတ်ကျင်းကိုပင် ကျော်လာနေပြီ၊ ဒါ့အပြင် ကရင်ပြည်မှာဆိုရင်လည်း စီးပွါးရေးအရ အရေးပါတဲ့ မြဝတီ အာရှလမ်းမကြီးကို တော်လှန်ရေးအင်အားစုတွေက ပြန်ပြီလက်လွှတ်ထားရရုံတင်သာမက မြဝတီမြို့ရဲ့တောင်ဘက်ခြမ်းဘက်ဖြစ်တဲ့ မင်းလက်ပံ၊ ဖလူးလေးဒေသကိုပါ ထိုးစစ်ဆင်ခံနေရတဲ့အနေအထားမျိုးနဲ့ရင်ဆိုင် နေရပါတယ်။မြဝတီမြို့ရဲ့တောင်ဘက်ခြမ်းဘက်ဖြစ်တဲ့ မင်းလက်ပံ၊ ဖလူးလေးဒေသကိုပါ ထိုးစစ်ဆင်ခံနေရတဲ့ အနေအထားမျိုးနဲ့ရင်ဆိုင် နေရပါတယ်။

ဆောင်းပါးရုပ်သံအပြည့်အစုံကို ကြည့်လိုက်ရအောင်။

#bbmtv #ArticleVideo #Revolution #Myanmar #MilitaryCouncil #PDF


https://www.facebook.com/share/p/1Dbg1AHGuq/
👍2
ဆားလင်းကြီးနယ် တရုတ်ကြေးနီစီမံကိန်းအနီး စစ်အုပ်စု ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး၊
ယန်စီဝင်းထဲ မဲရုံဖွင့်ဖို့ ပြင်နေတဲ့ စစ်အုပ်စုက ဝမ်ပေါင်အနီး ရွာတွေကို စစ်ကြောင်းထိုးတာဖြစ်၊

သုထက်/MFP၊ ဇန်နဝါရီ - ၂၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်ပိုင် မြန်မာဝမ်ပေါင် ကြေးနီစီမံကိန်းအနီး ကျေးရွာတွေကို မနေ့က မွန်းလွဲပိုင်းက စတင်ကာ အာဏာသိမ်း စစ်အုပ်စု လက်နက်ကိုင် အင်အား ၈၀ လောက်နဲ့ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးလို့ ရွာခံပြည်သူတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။

တရုတ်ပိုင် ဝမ်ပေါင်ကုမ္မဏီကို လုံခြုံရေးယူပေးနေတဲ့ စစ်အုပ်စုဟာ ဇန်နဝါရီ ၂၁ရက် မနေ့က မွန်းလွဲ ၂နာရီလောက်က စတင်ကာ စက်ရုံထဲက ထွက်လာပြီးနောက် အနီးဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးတာလို့ ဆိုပါတယ်။

တရုတ်ကြေးနီစက်ရုံထဲက ထွက်လာတဲ့ စစ်အုပ်စုဟာ မနေ့က ညပိုင်း ဖောင်းကားတောင်ရွာကို စီးနင်းကာ ဘုန်းကြီးကျောင်းအတွင်း ညအိပ်တပ်စွဲပြီးနောက် ဒီမနက်ပိုင်း ဖောင်းကားမြောက်ရွာနဲ့ မိုးကြိုးပြင်မြောက်ရွာတွေကို စီးနင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က နမခကနေ အင်အားဖြည့်တယ်၊ အဲ့ဒီ အင်အားနဲ့ စစ်ကြောင်းထိုးတာ ဖြစ်နိုင်တယ်။ စစ်ကြောင်း နှစ်ကြောင်းပေါင်းရင် ၁၈၀ခန့် ရှိမှာ" လို့ စစ်အုပ်စု ရန်ကြောင့် အသက်လု ထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ အမျိုးသားတစ်ဦးက MFP ကို ပြောပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ ဆားလင်းကြီးနယ်ထဲ ရွေးကောက်ပွဲ လုပ်မယ်လို့ ကြေညာထားပေမယ့် နယ်မြေစိုးမိုးနိုင်မှု မရှိတာကြောင့် ဆားလင်းကြီးမြို့ပေါ် ရပ်ကွက်တွေ အပါအဝင် တနယ်လုံးရှိ ရပ်ကွက်နဲ့ကျေးရွာအုပ်စု ၄၂ ခုအနက် ၄၁ ခုမှာ မဲပုံးမထောင်နိုင်ဘဲ ဖြစ်နေပါတယ်။ စစ်အုပ်စုအနေနဲ့ ဆားလင်းကြီးတနယ်လုံးမှာ တစ်နေရာတည်းသာ မဲပုံးထောင်နိုင်မှာ ဖြစ်ပြီး အဲ့ဒီ နေရာဟာ တရုတ်ပိုင် မြန်မာယန်စီကြေးနီစီမံကိန်း ဝန်ထမ်းတွေ နေထိုင်တဲ့ ဒုံးတောကျေးရွာအုပ်စုရှိ မိုင်းမြို့မှာ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ အဲ့ဒီ တရုတ်ကုမ္ပဏီပိုင် မိုင်းမြို့ထဲမှာ မဲပုံးထောင်နိုင်ဖို့ ပြင်ဆင်နေပြီး လက်နက်ကိုင် အင်းအား အများအပြား ဖြည့်တင်းနေသလို ယခုလို တရုတ်ကြေးနီစီမံကိန်း အနီးဝန်းကျင် ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ တရုတ်ကြေးနီစီမံကိန်းတွေထဲကနေ အနီးဝန်းကျင် ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့လည်း ရမ်းကား ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အတုအယောင် ရွေးကောက်ပွဲက ယန်စီပိုင် မိုင်းမြို့ စာသင်ကြောင်းထဲမှာ လုပ်မှာမို့ ကုမ္မဏီ ဝန်းကျင် ရွာတွေကို စစ်ကြောင်းထိုးတဲ့ သဘောပဲ၊ ကာကွယ်ရေးတပ်တွေ လက်နက်ကြီးထုမှာလည်း ဒီကောင်တွေ ကြောက်နေကြတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ ဆားလင်းကြီးနယ်၊ တရုတ်ကြေးနီစီမံကိန်းအနီး စစ်အုပ်စုက ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေလို့ ဖောင်းကားတောင်ရွာ၊ အလယ်ရွာနဲ့ မြောက်ရွာ၊ မိုးကြိုးပြင် တောင်ရွာ၊ အလယ်ရွာနဲ့ မြောက်ရွာ၊ ဝါးတန်း၊ တယ်ပင်ကန် စတဲ့ ကျေးရွာတွေက ပြည်သူ ၁၀,၀၀၀ ဝန်းကျင် အရေးပေါ် စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။

ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးနေသလို ဖောင်းကားမြောက်ရွာ စာသင်ကျောင်းနဲ့ ဘုရားကုန်းပေါ်မှာလည်း စစ်အုပ်စု တပ်စွဲနေရာယူထားတာ တွေ့ရတယ် ဒေသခံတွေက ပြောပါတယ်။

#Mandalay_Free_Press_MFP
#အည#စစ်ကိုင်း #မန္တလေး #မကွေး
🙏3
🚨အထူးသတိပြုရန်🚨

ယခုရက်ပိုင်းတွင် စကစသည် မြို့နယ်ပေါင်းစုံ၊ဒေသပေါင်းစုံတွင် နေ့အချိန်၌ Spy Balloon၊Scout drone များလွှတ်တင်၍ပျံသန်းခြင်း၊ညအချိန်တွင်လည်း UAV Scout Drone များလွှတ်တင်၍ ပျံသန်းခြင်းများကို ခပ်စိပ်စိပ်ပြုလုပ်နေကြောင်း သတင်းရင်းမြစ်များမှ သိရှိထားပါသည်။သို့ဖြစ်ပါ၍ တလရ ရဲဘော်များအ‌နေဖြင့် ဆောင်ရန်၊ရှောင်ရန်များနှင့်လုံခြုံရေးအသိ လုံခြုံရေးသတိ ရှိကြပါရန် #EIO Admin Teamမှ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

#SpyBalloon အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/14184?single https://t.me/eagleinformationoperator/17104

#VTOL 370 Scout Drone ‌အကြောင်း‌လေ့လာရန် - https://t.me/eagleinformationoperator/17105

#Kamikaze Suicide Drone အကြောင်းလေ့လာရန် - https://t.me/eagleinformationoperator/17752

#Gyrocopter နှင့် #Paramotor တို့ကို တန်ပြန်ချေမှုန်းရေးနှင့် လုံခြုံရေးနည်းလမ်းများ - https://t.me/eagleinformationoperator/17807

#Admin Team
#Eagle Information Operator
#EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
📬သတင်းပို့ရန် @EagleInformationOperator
🙏1
🚨ချောင်းဦး🚨

နတ်ရေကန်ဂိတ်မှ စခများသည် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ထားကြောင်းသတင်းရရှိထားပါသည်။

အနီးအနားရှိကျေးရွာများမှ မိဘပြည်သူများအနေဖြင့် အစစအရာရာအထူးဂရုစိုက်ပေးကြပါ ရန် အသိပေးအပ်ပါတယ်ခင်ဗျာ။

မိဘပြည်သူများအားလုံး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ🙏

#EIO
Jan 22, 4:39PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍1🙏1
🚨မုံရွာ🚨

မုံရွာတောင်၊မအူဂိတ်မှ ထွက်လာသော စခကင်းများသည် မအူရွာထိပ်သို့ ရောက်ရှိနေကြောင်းသတင်းရရှိ။

#EIO
Jan 22, 5:35PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
🚨မုံရွာ🚨

ချောင်းဦးဘက်မှ ထွက်လာသော စက်လက်တင်ဆောင် 4wd ကားအပါ၊စခအိမ်စီးကား(၃)စီးသည် မုံရွေးဖြတ်၍ မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jan 22, 5:36PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 ချောင်းဦးဘက်မှ ထွက်လာသော စက်လက်တင်ဆောင် 4wd ကားအပါ၊စခအိမ်စီးကား(၃)စီးသည် မုံရွေးဖြတ်၍ မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Jan 22, 5:36PM 📬သတင်းပို့ရန် @EagleInformationOperator https://t.me/eagleinformationoperator
🚨မုံရွာ🚨

ချောင်းဦးဘက်မှ ထွက်လာသော စက်လက်တင်ဆောင် 4wd ကားအပါ၊စခအိမ်စီးကား(၃)စီးသည် မြေနဲဖြတ်၍ မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jan 22, 5:43PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍2
EIO (ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားရေး)
🚨မုံရွာ🚨 ချောင်းဦးဘက်မှ ထွက်လာသော စက်လက်တင်ဆောင် 4wd ကားအပါ၊စခအိမ်စီးကား(၃)စီးသည် မြေနဲဖြတ်၍ မြောက်အရပ်သို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။ #EIO Jan 22, 5:43PM 📬သတင်းပို့ရန် @EagleInformationOperator https://t.me/eagleinformationoperator
🚨မုံရွာ🚨

ချောင်းဦးဘက်မှ ထွက်လာသော စက်လက်တင်ဆောင် 4wd ကားအပါ၊စခအိမ်စီးကား(၃)စီးသည် မအူဂိတ်ဖြတ်၍ မုံရွာမြို့တွင်းသို့ ဆက်လက်ဦးတည်နေကြောင်းသတင်းရရှိ။

#EIO
Jan 22, 5:47PM
📬သတင်းပို့ရန် @EagleInformationOperator
https://t.me/eagleinformationoperator
👍1